← Chapters

မိခင်ကြယ်၊ ထာဝရစမ်းချောင်း...

Vol. 29 Ch. 443

မိခင်ကြယ်၊ ထာဝရစမ်းချောင်း...

Vol. 29 Ch. 443

" အခကြေးငွေ မယူတဲ့အတွက် လေဟာနယ်လမ်းကြောင်းတွေကို ထိန်းသိမ်းတဲ့ ကုန်ကျစရိတ်ကို လူသားမျိုးနွယ်က တာဝန်ယူထားတယ်။ " ရှီလန်က ပြောလိုက်သည်။

ပြောင်းရွှေ့ခြင်းဂြိုလ် ဒါဇင်ကျော်ကို ဖြတ်သန်းပြီးနောက် လင်းယွမ်နှင့် ရှီလန်တို့က ပင်မကြယ် သို့မဟုတ် မိခင်ကြယ်သို့ ရောက်သွားကြသည်။

" ဒါက မိခင်ကြယ်လား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ် စစ်ဆေးလိုက်သည်။

မိခင်ကြယ်က အလွန်သေးငယ်ပြီး အလယ်အဆင့် အသက်ဂြိုလ်ထက်ပင် သေးငယ်လေသည်။ သို့သော် လူသားမျိုးနွယ်၏ မူလအစဖြစ်သော​ကြောင့် အထူးနေရာတစ်ခုဖြစ်လာပြီး နိုင်ငံရေးဗဟိုချက်တစ်ခုလည်း ဖြစ်နေသည်။

ကြယ်၁၂လုံးအဆင့် ထာဝရစမ်းချောင်းကဲ့သို့ အလွန်ထူးခြားသော ရတနာများကို မိခင်ကြယ်ပေါ်တွင် သိမ်းဆည်းထားလေသည်။ မိခင်ကြယ်က မကြီးမားသည့်အတွက် ဝင်ရောက်ခွင့်ကို တင်းကျပ်စွာ စစ်ဆေးလေသည်။

မိခင်ကြယ်ပေါ်တွင် သာမန်အတိုင်း သွားလာနေသူများကပင် နဝမအလွှာ သို့မဟုတ် ဒသမအလွှာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်နိုင်လေသည်။ မိခင်ကြယ်ပေါ်တွင် မည်သည့်အဆင့်ဖြစ်စေ သူတို့၏ အော်ရာကို ထုတ်ဖော်ခွင့်မရှိပေ။ ဒသမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် လမ်းလျှောက်သင့် လျှောက်ရလေသည်။

" ထာဝရစမ်းချောင်းရဲ့ တည်နေရာက ဒုတိယတိုက်ကြီးပေါ်က အစိမ်းရောင်တောင်ထိပ်မှာ ရှိတယ်။ ငါ့မှာ ဆက်သွားဖို့ အခွင့်အာဏာမရှိတော့ဘူး။ နဂါးငွေ့တန်းကြယ်သခင် ကိုယ့်ဟာကို ဆက်သွားနိုင်ပါတယ်။ " ရှီလန်​က ရပ်ပြီး လင်းယွမ်ကို ပြောလိုက်သည်။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

လမ်းတွင် ရှီလန်က မိခင်ကြယ်၏ အသေးစိတ်အချက်အလက်များနှင့် တားမြစ်ချက်အချို့ကို လင်းယွမ်အား ပေးပို့ထားပြီးဖြစ်သည်။

မထွက်သွားမီ ရှီလန်က တစ်စုံတစ်ခုကို သတိရသွားပြီး လင်းယွမ်ကို မေးလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ပွင့်တော့မယ်။ ဝင်ဖို့ စိတ်ဝင်စားလား။ "

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ... " လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအကြောင်းကို သူ၏ ဆရာ ချီခွန်ကြယ်သခင်ပြောပြထားသောကြောင့် သိထားခဲ့သည်။

ထို့အပြင် လင်းယွမ် လေ့ကျင့်သော ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကလည်း ရွှမ်ဟွမ်လျို့ဝှက်နယ်မြေနှင့် သက်ဆိုင်နေသည်။

" ဘယ်တော့ပွင့်မှာလဲ။ " လင်းယွမ်က မေးလိုက်သည်။

" နှစ်ဝက်လောက်တော့ လိုသေးတယ်။ " ရှီလန်က ပြန်ဖြေလိုက်သည်။

" အဲ့ဒီအချိန်ကျရင် ငါတို့ လူသားမျိုးနွယ်အပြင် မျိုးနွယ်ခြားတွေကလည်း ဝင်ရောက်ကြလိမ့်မယ်။ " ရှီလန်က ပြောလိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက လူသားမျိုးနွယ်ထိန်းချုပ်ထားခြင်းမဟုတ်ဘဲ မျိုးနွယ်ခြားများလည်း ဝင်ရောက်နိုင်လေသည်။ ထို့ကြောင့် လျို့ဝှက်နယ်မြေကို စူးစမ်းရာတွင် အလွန်အန္တရာယ်များသည်ဆိုသည်မှာ လျို့ဝှက်နယ်မြေကြောင့်မဟုတ်ဘဲ မျိုးနွယ်ခြားများကြောင့် ဖြစ်သည်။

လူသားမျိုးနွယ်က မျိုးနွယ်ခြားများနှင့် နှစ်ပေါင်းများစွာ စစ်ပွဲများ ဆင်နွှဲခဲ့ပြီး နက်ရှိုင်းတဲ့ ရန်ငြိုးများ ရှိနေသည်။ သူတို့က လျို့ဝှက်နယ်မြေတွင် တွေ့ဆုံလျှင် ပို၍ ကြီးမားသော အန္တရာယ်မရှိသရွေ့ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နိုင်လေသည်။

" ကောင်းပြီ။ အဲ့အချိန်ကျမှ အခြေအနေကြည့်ရမှာပေါ့။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို စိတ်ဝင်စားလေသည်။ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာထိ တစ်ဝက်သာ ရှိသော်လည်း ထိုလမ်းစဉ်က ကြီးမားသော အလားအလာများရှိသည်ကို သိနိုင်လေသည်။

၎င်းက စိတ်ဝိညာဉ်ကမ္ဘာမှ အင်မော်တယ်ကျင့်ကြံခြင်းစနစ်အောက် နိမ့်ကျခြင်းမရှိပေ။ မူလကမ္ဘာတွင်ဖြစ်လျှင် ၎င်းက ကြီးမြတ်သူတစ်ယောက်၏ အမြင့်ဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ဖြစ်ပေလိမ့်မည်။

မကြာမီ လင်းယွမ်က လမ်းအတိုင်းသွားပြီး အစိမ်းရောင်တောင်သို့ ရောက်သွားခဲ့သည်။

" အစိမ်းရောင်တောင်ထိပ်..." လင်းယွမ်က တောက်တက်လမ်းအတိုင်း တက်သွားဏင်း တစ်စုံတစ်ခုကို တွေးမိလိုက်သည်။ " အစိမ်းရောင်တောင်ကလည်း ရတနာတစ်ခုပဲလား။ "

အစိမ်းရောင်တောင်ထိပ်တွင် လင်းယွမ်က အဆင့်ဆင့်အတည်ပြုပြီးနောက် ထာဝရစမ်းချောင်းသို့ ရောက်လာခဲ့သည်။

ကြယ်၁၂လုံးအဆင့် စကြာဝဠာရတနာက မီတာတစ်ဆယ်ကျော်ရှိသော အဖြူရောင် ရေကန်တစ်ခု ဖြစ်လေသည်။ ရေကန်၏ အလယ်တွင် နို့နှစ်ရောင်စမ်းရေများက အဆက်မပြတ် ပန်းထွက်နေသည်။ တစ်ချက်ကြည့်ရုံနှင့် လင်းယွမ်က သန့်စင်သော စွမ်းအားတစ်ခုကို ခံစားမိလေသည်။

" ထာဝရစမ်းချောင်းက ထာဝရတည်မြဲခြင်းရဲ့ အနှစ်သာရကို ပိုင်ဆိုင်ထားတယ်။ ထာဝရစမ်းချောင်းထဲမှာ စိမ်တဲ့ ဘယ်သက်ရှိမဆို သူတို့ရဲ့ သက်တမ်းကို အနည်းဆုံး နှစ်ငါးသန်း တိုးမြှင့်နိုင်လိမ့်မယ်။ "

ထာဝရစမ်းချောင်းနှင့် ပက်သက်သော အချက်အလက်များက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။

ကြီးမြတ်သူအဆင့်အောက်တွင် ဆင့်ကဲပြောင်းလဲသူတိုင်းက သက်တမ်းအကန့်အသတ် ရှိလေသည်။ အချိန်နိယာမကို ကျွမ်းကျင်သူများက ပြင်ပတွင်နှစ်တစ်ထောင် သူတို့အတွက် တစ်ရက်သာ ကုန်လွန်အောင် လုပ်နိုင်သော်လည်း ကန့်သတ်ချက်များ ရှိလေသည်။

ထာဝရစမ်းချောင်းက သက်တမ်းတိုးမြှင့်ခြင်းအပြင် အံ့ဩဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများစွာရှိပြီး လူတစ်ယောက်၏ ခန္ဓာကိုယ် အလားအလာနှင့် အခြေခံကို မြှင့်တင်ပေးနိုင်လေသည်။ လူသားမျိုးနွယ်၏ နဝမအလွှာနှင့် အထက် ဆင့်ကဲပြောင်းလဲသူများက အလွန်သက်တမ်းရှည်ပြီး အဆင့်တူမျိုးနွယ်ခြားများထက် နှစ်ငါးသန်း ပိုများလေသည်။

ထာဝရစမ်းချောင်းအတွက် ကုန်ကျစရိတ်က များပြားလွန်လှသည်။ လူသားမျိုးနွယ်ဝင်တစ်ယောက်က ထာဝရစမ်းချောင်းမှာ စိမ်ရန် နည်းလမ်းနှစ်ခု ရှိလေသည်။

ပထမတစ်ခုမှာ နဝမအလွှာသို့ ရောက်ရှိရန် ဖြစ်သည်။ နောက်တစ်ခုမှာ ကောင်းမှုအမှတ် ငါးသန်းကို သုံးစွဲရန် ဖြစ်သည်။ ၎င်းတို့အပြင် ခြွင်းချက်မရှိပေ။

တစ်ချိန်က မျိုးနွယ်ခြားကြီးမြတ်သူတစ်ယောက်က ပါရမီရှင်တစ်ယောက်၏ အခြေခံကို မြှင့်တင်ရန် ထာဝရစမ်းချောင်းကို အသုံးပြုချင်ခဲ့သည်။ ထိုအတွက် ထိုကြီးမြတ်သူတစ်ယောက်က ကြယ် ၁၁ လုံး စကြာဝဠာရတနာတစ်ခုကို ပေးရန် ဆန္ဒရှိခဲ့လေသည်။

ကြယ် ၁၁လုံး ရတနာက ကမ္ဘာသစ်ပင်နှင့် အဆင့်တူလေသည်။ တစ်ခုချင်းစီက တန်ဖိုးမဖြတ်နိုင်လောက်အောင် ရှိပြီး မျိုးနွယ်တစ်ခုအတွင်းမှာပင် အမွေအနှစ်ရတနာ တစ်ခုအဖြစ် ထားနိုင်လေသည်။

သို့သော် နောက်ဆုံးတွင် လူသားမျိုးနွယ်က ငြင်းပယ်ခဲ့သည်။ သူတို့က ကြယ် ၁၁လုံး စကြာဝဠာရတနာကို တန်ဖိုးမထားခြင်းကြောင့် မဟုတ်ဘဲ ရန်သူကို မကူညီပေးချင်သောကြောင့်သာ ဖြစ်သည်။

ထိုပါရမီရှင်က ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် အလားအလာရှိပြီး အထူးသဖြင့် နှစ်ငါးသန်း သက်တမ်းတိုးလာလျှင် ပို၍ ဖြစ်နိုင်သွားပေလိမ့်မည်။ ကြယ် ၁၁လုံး ရတနာတစ်ခုအတွက် မျိုးနွယ်ခြားများတွင် နောက်ထပ်ကြီးမြတ်သူတစ်ယောက် ထွက်ပေါ်လာနိုင်သည့် အမှားမျိုးကို လူသားမျိုးနွယ်က ပြုလုပ်မည်မဟုတ်ပေ။

" စမယ်။ " လင်းယွမ်က အဋ္ဌမအလွှာ ချပ်ဝတ်ကို သိမ်းဆည်းပြီး ရေကန်ထဲသို့ ဆင်းသွားသည်။

သူက နို့နှစ်ရောင်စမ်းရေထဲသို့ စိမ်လိုက်ချိန်တွင် အေးမြသော စွမ်းအားတစ်ခုက သူ၏အရေပြားမှ တစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားပြီး သူ၏ ခြေလက်များသို့ ပျံ့နှံ့သွားသည်။

" ဒီခံစားချက်က..." လင်းယွမ်က သူ၏ ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို ဂရုတစိုက်လေ့လာကြည့်သောအခါ ဆဲလ်တစ်ခုချင်းစီက စမ်းရေများကို ပြင်းထန်စွာ စုပ်ယူနေသည်ကို တွေ့လိုက်ရသည်။

ခဏအတွင်း သူ၏ ခန္ဓာကိုယ်မှ အလားအလာက တိုးတက်လာသည်ကို သိလိုက်ရသည်။ အဋ္ဌမအလွှာ သို့မဟုတ် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူ မည်သူဖြစ်စေ ခန္ဓာကိုယ်တွင် ကန့်သတ်ချက်များရှိပြီး အဆုံးမရှိ ခွန်အားများ တိုးလာမည်မဟုတ်ပေ။

ကန့်သတ်ချက်သို့ နီးကပ်လာသောအခါ တိုးတက်နှုန်းက နှေးကွေးခြင်း သို့မဟုတ် ရပ်တန့်ခြင်း ဖြစ်နိုင်လေသည်။ ၎င်းကို ခန္ဓာကိုယ်၏ အလားအလာဟု သိကြလေသည်။

လင်းယွမ်၏ ရုပ်ခွန်အားက သာမန်လူထက် များစွာ သာလွန်နေပြီး ဘူးသီးခြောက်မှ အရည်များ၏ မြှင့်တင်မှုကိုလည်း ခံထားရသည်။ ကန့်သတ်ချက်က အလွန်မြင့်နေသောကြောင့် တိုးတက်ရန် ခက်ခဲနေသော်လည်း ထာဝရစမ်းချောင်းထဲတွင် စိမ်လိုက်သောအခါ ၎င်းက ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။

" ပြီးတော့ သက်တမ်းကလည်း..." လင်းယွမ်က သူ၏ သက်တမ်းမှာ စတင်တိုးတက်လာသည်ကို ခံစားလိုက်ရသည်။

ထာဝရစမ်းချောင်းထဲတွင် စိမ်သော ဆင့်ကဲပြောင်းလဲသူများ စမ်းရည်များအား စုပ်ယူနိုင်မှုအပေါ် မူတည်ပြီး မတူညီသော သက်တမ်းများကို ရရှိကြလေသည်။ သို့သော် အနိမ့်ဆုံး သက်တမ်းမှာ နှစ်ငါးသိန်းဖြစ်လေသည်။

ဆင့်ကဲပြောင်းလဲသူတိုင်း၏ အခြေခံနှင့် သက်တမ်းကို တိုးမြှင့်ပေးနိုင်သော စကြာဝဠာရတနာက ကြယ် ၁၂လုံး ရတနာဖြစ်ထိုက်လေသည်။ လူသားမျိုးနွယ်က နှစ်ပေါင်းနှစ်သန်းကျော်အတွင်း ထိုမျှစွမ်းအားကြီးလာသည်မှာ အံ့ဩစရာမရှိပေ။

ကမ္ဘာသစ်ပင်က အသုံးဝင်မှုများစွာရှိပြီး ၎င်း၏ အသီးများက ဆင့်ကဲပြောင်းလဲသူများ၏ အတွင်းကမ္ဘာကို အချိန်မတိုင်မီ ဖွင့်ပေးနိုင်သော်လည်း ထာဝရစမ်းချောင်းလောက် တန်ဖိုးမရှိပေ။

မည်သို့ပင်ဖြစ်စေ ကမ္ဘာသစ်ပင်က တစ်ယောက်တည်းသာ အသုံးပြုနိုင်ပြီး ၎င်း၏ အသီးမိားကလည်း ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာများအတွက်သာ အထူးအသုံးဝင်လေသည်။ သို့သော် ထာဝရစမ်းချောင်းက နဝမအလွှာနှင့် ဒသမအလွှာ ဆင့်ကဲပြောင်းလဲသူများကို သိသိသာသာ အထောက်အကူ ပြုလေသည်။

" ဒီထာဝရစမ်းချောင်းနဲ့ ငါ့ရဲ့ ဘူးသီးခြောက်တို့ယှဉ်ရင် ဘယ်ဟာက ပိုတန်ဖိုးကြီးမလဲမသိဘူး။ " လင်းယွမ်က ထာဝရစမ်းချောင်းထဲတွင် စိမ်ရင်း တွေးလိုက်မိသည်။

လင်းယွမ်က ဆန်းကြယ်သော ဘူးသီးခြောက်ကို အပြည့်အဝ နားမလည်သေးဘဲ လူသားမျိုးနွယ်၏ မှတ်တမ်းများတွင်လည်း ထိုရတနာမျိုး မရှိခဲ့ပေ။

" ယှဉ်လို့တောင်မရဘူး။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

ထာဝရစမ်းချောင်းက ဆန်းကြယ်သော ဘူးသီးခြောက်နှင့် ယှဉ်လျှင် မှေးမှိန်သွားလေသည်။ ထာဝရစမ်းချောင်းက ခန္ဓာကိုယ်၏ အလားအလာနှင့် အခြေခံကို မြှင့်တင်ပေးပြီး သက်တမ်းကို နှစ်ငါးသန်း တိုးစေလေသည်။

သို့သော် ထိုအရာများက ဆန်းကြယ်သော ဘူးသီးခြောက်၏ ကောင်းကင်ကိုဆန့်ကျင်သော သက်ရောက်မှုများနှင့်ယှဉ်လျှင် တကယ်ကို အရေးမပါလှပေ။

All Chapters