← Chapters

ကြီးမြတ်သူတစ်ယောက်၏ တိုက်ခိုက်မှု...

Vol. 29 Ch. 445

ကြီးမြတ်သူတစ်ယောက်၏ တိုက်ခိုက်မှု...

Vol. 29 Ch. 445

" ဒါနဲ့ အလယ်ပိုင်းကြယ်နယ်မြေမှာ ငါပိုင်ဆိုင်တာ တစ်ခုရှိသေးတာပဲ။ " လင်းယွမ်က တစ်စုံတစ်ခုကို သတိရသွားပြီး ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။

၎င်းက သုတေသနဂြိုလ်ပင်ဖြစ်သည်။ လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းပညာရှင်ဖြစ်လညပြီးနောက် အလယ်ပိုင်ကြယ်နယ်မြေတွင် သုတေသနဂြိုလ်တစ်ခုကို အလိုအလျောက် ပိုင်ဆိုင်ခဲ့လေသည်။

အလယ်ပိုင်ကြယ်နယ်မြေမှ သုတေသနဂြိုလ်က အဆင့်မြင့်ဂြိုလ်တစ်ခုထက် တန်ဖိုးပိုများလေသည်။ ထို့အပြင် သုတေသနဂြိုလ်ပေါ်တွင် တွက်ချက်မှုစွမ်းအားစက်များ တပ်ဆင်ဖားပြီး ပါမောက္ခများနှင့် ကျွမ်းကျင်သူအဖွဲ့များကလည်း အလုပ်လုပ်နေကြသည်။

သုတေသနဂြိုလ်နှင့် ပက်သက်၍ လင်းယွမ်၏ အမိန့်မှာ လူသားမျိုးနွယ်မှ တရားဝင်ထုတ်ပြန်ထားသော တာဝန်အမျိုးမျိုးကို လက်ခံပြီး ဂြိုလ်၏ တွက်ချက်မှုစွမ်းအားဖြင့် တဖြည်းဖြည်း အောင်မြင်အောင် လုပ်ရန်ဖြစ်သည်။၎င်းက ကောင်းမှုအမှတ်များရရှိနိုင်လေသည်။

အမှန်တွင် လင်းယွမ်က သုတေသနဂြိုလ်ကို ဦးဆောင်ပြီး လူသားမျိုးနွယ်၏ တာဝန်များကို ဖြေရှင်းပေးလျှင် ကောင်းမှုအမှတ်များ ပိုမိုရရှိနိုင်လေသည်။ သို့သော် ၎င်းက လင်းယွမ်အတွက် မလိုအပ်ပေ။

ဆယ်လကြာပြီးနောက် လင်းယွမ်က လူသားမျိုးနွယ် နယ်မြေ၏ တစ်ဝက်ကျော်ကို ခရီးသွားခဲ့ပြီး နဂါးငွေ့တန်းကြယ်နယ်မြေသို့ ပြန်ရောက်လာသည်။

" နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ အလယ်ပိုင်းကြယ်နယ်မြေကို သွားတာ နှစ်နှစ်နီးပါး ကြာသွားတာပဲ။ " လင်းယွမ်က ခန်းမထဲတွင် ပေါ်လာပြီး ထိုက်ယင်မူလစိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။ သူက အာကာသယာဉ်နှင့် ခရီးသွားခဲ့လျှင် လေးငါးနှစ်နေမှ ပြန်ရောက်ပေလိမ့်မည်။

" လေဟာနယ်အလွှာတွေ..." လင်းယွမ်က မျက်လုံးများ မှိတ်ပြီး သူ၏ အတွင်းကမ္ဘာထဲမှ လေဟာနယ်အလွှာများကို ခံစားကြည့်လိုက်သည်။

သူက နှစ်နှစ်နီးပါး ခရီးသွားခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်းနှင့် နားလည်မှုများက နှောင့်နှေးခြင်းမရှိခဲ့ပေ။ ထိုအချိန်အတွင်း လင်းယွမ်က လေဟာနယ်အလွှာ ၄၃၀၀၀ကို ရောက်ရှိခဲ့သည်။

လင်းယွမ်က နဝမအလွှာကို ပထမဆုံး ဝင်ရောက်ချိန်တွင် လေဟာနယ်အလွှာက ၃၉၀၀၀ သာရှိ​လေသည်။ နှစ်နှစ်မပြည့်မီ သူက လေဟာနယ်အလွှာ လေးထောင်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ ၎င်းက အသစ်တက်လာသော နဝမအလွှာများကို မနာလိုဖြစ်စေနိုင်လေသည်။

" မူလအဆင့်စကြာဝဠာစွမ်းအား၊ အဆင့်မြင့်စကြာဝဠာစွမ်းအားဆယ်ခုကျော်နဲ့ နဝ်အလွှာကို တက်လှမ်းခဲ့တာ လေဟာနယ်အလွှာတွေဖွင့်ဖို့က ကစားနေရသလိုပဲ။ "

လင်းယွမ်၏ ခန့်မှန်းချက်အရ သူက ဆယ်နှစ်အတွင်း နဝမအလွှာ အလွှာတစ်သိန်းအဆင့်ကို ရောက်ပေလိမ့်မည်။ သာမန်နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက အလွှာတစ်သောင်းအဆင့်က်ု ရောက်ရန် နှစ်ပေါင်းတစ်သောင်း သို့မဟုတ် နှစ်ပေါင်းတစ်သိန်းကြာမြင့်နိုင်လေသည်။

" ဒါပေမယ့် ငါ့အတွက်သာ လွယ်တာ။ နဝမအလွှာကို ဝင်ရောက်လာတဲ့ အခြားသိုင်းတာအိုဆင့်ကဲပြောင်းလဲသူတွေအတွက်တော့ လေဟာနယ်အလွှာတွေက ဖြည်းဖြည်းညင်းပဲ တိုးတက်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်မိသည်။

အနာဂတ် သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများက လင်းယွမ်၏ အဆင့်ကို ရနိုင်ကြမည်မဟုတ်ပေ။ သူတို့က စကြာဝဠာစွမ်းအားများစွာကို နားလည်နိုင်ကြမည်မဟုတ်သောကြောင့်ဖြစ်သည်။ အမှန်တွင် အဋ္ဌမအလွှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများပင် စကြာဝဠာစွမ်းအားတစ်ခုကို နားလည်ရန်ပင် မလွယ်ကူပေ။

စကြာဝဠာစွမ်းအားများ၏ အားဖြည့်မှုမရှိလျှင် သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများ၏ လေဟာနယ်အလွှာ တိုးတက်မှုက အခြား နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများနှင့် ယှဉ်လျှင် အားသာချက် ရှိမည်မဟုတ်ပေ။

နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက အလွန်ကောင်းမွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ပိုင်ဆိုင်ထားကြသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် အခြားအဆင့်တူများကြား သိသာသော ကွာဟချက် ရှိမည်မဟုတ်ပေ။ သို့သော် အလားအလာနှင့်တော့ မသက်ဆိုင်ပေ။

သိုင်းတာအိုအဋ္ဌမအလွှာကို နတ်ဘုရားသုံးပါးက အခြားအဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထက် ပို၍ တန်ဖိုးထားလေသည်။ သိုင်းတာအိုအဋ္ဌမအလွှာက အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထက် စကြာဝဠာစွမ်းအားကို နားလည်နိုင်ခြေ ပိုမြင့်မားလေသည်။

" အချိန်နိယာမလည်း ရှိသေးတယ်။ ဒီနှစ်နှစ်အတွင်းမှာ ငါက အခြေခံကို ဖမ်းဆုပ်လုနီးပါး ဖြစ်နေပြီ။ " လင်းယွမ်က တွေးလိုက်သည်။

အဋ္ဌမအလွှာတွင် အချိန်နိယာမကို နားလည်ခြင်းက နဝမအလွှာနှင့် မတူပေ။ လက်ရှိတွင် လင်းယွမ်က အချိန်နိယာမ၏ အတက်အကျများကို ခံစားနိုင်ပြီး သူ၏ အချိန်နိယာမအပေါ် နားလည်မှုက ပိုမိုနက်ရှိုင်းလာလေသည်။

" အချိန်နိယာမရဲ့ အခြေခံကို နားလည်တာနဲ့ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက သိသိသာသာ မြင့်တက်လာလိမ့်မယ်။ "

အချိန်ကို ပြောင်းပြန်လှန်ခြင်း၊ အချိန်စီးကြောင်းကို ဆန့်ကျင်ခြင်းတို့က ပြည့်စုံသော အချိန်နိယာမကို ကျွမ်းကျင်ပြီးမှ ပိုင်ဆိုင်နိုင်သော စွမ်းရည်များ ဖြစ်သည်။

အချိန်ကို လျင်မြန်စေခြင်း စသည့်နည်းလမ်းများက အချိန်နိယာမအပေါ် နားလည်မှုရှိနေသရွေ့ အသုံးပြုနိုင်လေသည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကလည်း ၆၀ မျှင်ရှိသွားပြီ။ " လင်းယွမ်၏ စိတ်အသိက စိတ်ထဲသို့ ဝင်ရောက်သွားပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ကြည့်လိုက်သည်။

စစ်မြေပြင် B0001ရှိ မီတာသုံးသောင်းရှည်သော ထာဝရလေဟာနယ်အက်ကြောင်းက လင်းယွမ်၏ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုဆောင်းနှုန်းက ရက်ပေါင်း ၁၅၀ထိ လျှော့ချပေးခဲ့သည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် ၆၀ဆို ရုပ်ခန္ဓာဆင်းသက်မှုတောင် လုပ်နိုင်တယ်။ " လင်းယွမ်က ပြုံးလိုက်သည်။

ရုပ်ခန္ဓာဆင်းသက်ခြင်းက စိတ်အသိဆင်းသက်ခြင်းနှင့် မတူဘဲ အန္တရာယ်ကို လွတ်မြောက်နိုင်သော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ပင်မစကြာဝဠာတွင် ကြီးမြတ်သူတစ်ယောက်၏ တိုက်ခိုက်ခြင်း ခံရလျှင်တောင် ကမ္ဘာများကို ဖြတ်ပြီး လိုက်လံ ဖမ်းဆီးနိုင်မည်မဟုတ်ပေ။

" မင်းက စစ်မြေပြင် B0001 ကိုသွားပြီး ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ပြန်လွှတ်လိုက်။ " လင်းယွမ်က ထိုက်ယင်မူလစိတ်ဝိညာဉ်ကို ကြည့်ပြီး ပြောလိုက်သည်။

ယခုအချိန်တွင် ထိုက်ယင်မူလစိတ်ဝိညာဉ်က ဘူးသီးခြောက်ထဲမှ အရည်ကို စုပ်ယူရာတွင် မူလခန္ဓာကိုယ်ကို မှီသွားပြီဖြစ်သည်။ နောက်တစ်ကြိမ် ထိုက်ယန်မူလစိတ်ဝိညာဉ်၏ အလှည့်ဖြစ်သည်။

စစ်မြေပြင် B0001 တွင် ထိုက်ယန်မူလစိတ်ဝိညာဉ်က တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။ ထိုက်ယင်မူလစိတ်ဝိညာဉ်က သူ၏ နေရာကို ယူပြီး မီတာသုံးသောင်းရှည်သော လေဟာနက်အက်ကြောင်းကို ကြည့်လိုက်သည်။

" မယုံနိုင်စရာပဲ။ ဒါက ကြီးမြတ်သူတစ်ယောက်ရဲ့တိုက်ခိုက်မှုလား။ " လင်းယွမ်က ထာဝရလေဟာနယ်အက်ကြောင်းကို အံ့ဩစွာ ကြည့်နေသည်။

နဝမအလွှာကို မရောက်မီ ထိုထာဝရလေဟာနယ်အက်ကြောင်းအပေါ် လင်းယွမ်၏ အမြင်က အပေါ်ယံသာဖြစ်သည်။ ယခု သူက နဝမအလွှာတစ်ယောက်အနေဖြင့် လေဟာနယ်အလွှာများကို မြင်နိုင်ပြီဖြစ်သည်။

ထိုထာဝရလေဟာနယ်အက်ကြောင်းက ပင်မစကြာဝဠာ၏ လေဟာနယ်ကိုသာမက အပြင်ဘက်မှ လေဟာနယ်များကိုပင် ဆုတ်ဖြဲသွားခဲ့သည်ကို လင်းယွမ်က တွေ့ခဲ့ရသည်။

လင်းယွမ်၏ တွေ့ရှိချက်အရ လေဟာနယ်အလွှာ လေးသောင်းကျော်က ထိုကဲ့သို့ ဖြစ်နေသည်။ မည်သည့်လေဟာနယ်အလွှာပင် ပုန်းနေသည်ဖြစ်စေ လွတ်မြောက်နိုင်စွမ်းမရှိပေ။ ၎င်းက ကြီးမြတ်သူတစ်ယောက်၏ တိုက်ခိုက်မှုဖြစ်လေသည်။

နဂါးငွေ့တန်းပင်မကြယ်။

ထိုက်ယန်မူလစိတ်ဝိညာဉ်က လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။ နဝမအလွှာသို့ ရောက်ပြီးနောက် လင်းယွမ်၏ အမြန်နှုန်းက သိသိသာသာ တိုးတက်လာခဲ့သည်။​ကမ္ဘာသစ်ပင်၏ အားဖြည့်မှုမရှိလျှင်တောင် အခြားသူများထက် သာလွန်လေသည်။

လင်းယွမ်က ဆန်းကြယ်သော ဘူးသီးခြောက်ကို ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ပေးပြီး သူကိုယ်တိုင်လည်း စတင်ကျင့်ကြံလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း တစ်လခွဲကြာသွားခဲ့သည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်၏ ဘူးသီးခြောက်ထဲမှ အရည်များအား စုပ်ယူမှုက မူလခန္ဓာကိုယ်ကို မှီသွားခဲ့သည်။

ဝုန်း ဝုန်း....

ထိုက်ယန်မူလစိတ်ဝိညာဉ်၏ မီးလျှံကမ္ဘာက လှိုင်းထန်စွာ အော်ဟစ်နေသည်။ လေဟာနယ်အလွှာများကို ဖွင့်လှစ်ထားခဲ့ပြီး မီးလျှံကမ္ဘာ၏ အရွယ်အစားက မိုင်သန်းတစ်ရာကို ကျော်လွန်သွားခဲ့သည်။

" မဆိုးဘူး။ " လင်းယွမ်က ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။

ပြည့်စုံသော လေဟာနယ်နိယာမကို နားလည်မှုနှင့်အတူ နိယာမများ၏ ပြည့်စုံမှုအရ အတွင်းကမ္ဘာက မိုင်ဆယ်သန်းကို ကန့်သတ်ထားခြင်းမရှိတော့ပေ။

ထိုက်ယန်မူလစိတ်ဝိညာဉ်၏ အတွင်းကမ္ဘာက မီးလျှံကမ္ဘာဖြစ်ပြီး ထိုက်ယင်မူလစိတ်ဝိညာဉ်၏ အတွင်းကမ္ဘာက အအေးကမ္ဘာဖြစ်သည်။ လင်းယွမ် မူလခန္ဓာကိုယ်၏ အတွင်းကမ္ဘာက သာမန်ကမ္ဘာတစ်ခုနှင့် မခြားတော့ပေ။

" ထိုက်ယင်မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်မရှိဘဲ မူလစိတ်ဝိညာဉ်ပြန်ဖြစ်သွားရင် အတွင်းကမ္ဘာရဲ့ အရွယ်အစားက ဒီအတိုင်း ရှိနေဦးမလား မသိဘူး။ " လင်းယွမ်က တွေးလိုက်မိသည်။

" နောက်မှပဲ စမ်းသပ်ကြည့်တာပေါ့။ အခုတော့ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ​သွားရမယ်။ " လင်းယွမ်ကသယ၏ အတွေးများကိုစုစည်းပြီး ဆုံးဖြတ်လိုက်သည်။

ထိုက်ယန်မူလစိတ်ဝိညာဉ်က လင်းယွမ်ကဲ့သို့ အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကျင့်ကြံထားပြီး ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လည်း အပါအဝင်ဖြစ်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ခေါ်သံကို လင်းယွမ်၏ မူလခန္ဓာကိုယ်အပြင် မူလစိတ်ဝိညာဉ်နှစ်ခုကလည်း ခံစားမိခဲ့သည်။

ဝှစ်...

ထိုက်ယန်မူလစိတ်ဝိညာဉ်က ထရပ်လိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။

လင်းယွမ်က သူ၏ ရှေ့မှ အချိန်နှင့် လေဟာနယ်လှိုင်းများ ထွက်ပေါ်နေသော နေရာကို စိုက်ကြည့်နေသည်။

" ဒါက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေရဲ့ ဝင်ပေါက် ၃၃၃ခုထဲက တစ်ခုလား။ " လင်းယွမ်က ရေရွတ်လိုက်သည်။

လူသားမျိုးနွယ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို တစ်ဦးတည်း မပိုင်ဆိုင်ရခြင်းမှာ ထိုလျို့ဝှက်နယ်မြေ၏ ဝင်ပေါက်များက အလွန်များပြားနေသောကြောင့် ဖြစ်သည်။ ထို့အပြင် အားလုံးက စကြာဝဠာအနှံ့ ပျံ့နှံ့နေခဲ့သည်။ ဥပမာ လူသားမျိုးနွယ်၏ နယ်မြေအတွင်း၌ပင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ဝင်ပေါက် ၁၉ခု ရှိလေသည်။

All Chapters