ဒေသခံသက်ရှိများ....
Vol. 29 Ch. 446
" ပင်မစကြာဝဠာရဲ့ ကျယ်ပြန့်ပြီး အဆုံးမရှိဘူးဆိုတာ အရွယ်အစားတင်မဟုတ်ဘဲ အချိန်နဲ့လေဟာနယ်ကိုလည်း ရည်ညွှန်းတာပဲ။ မရေတွက်နိုင်တဲ့ လေဟာနယ်အလွှာတွေထဲမှာ ကမ္ဘာငယ်တွေ မွေးဖွားလာတယ်။ "
" စကြာဝဠာလျို့ဝှက်နယ်မြေတစ်ခုက တန်ဖိုးကြီးတယ်ဆိုရင် ကြီးမြတ်သူတွေက အချိန်နဲ့လေဟာနယ်အလွှာတွေကို ထိုးဖောက်ပြီး အဲ့ဒီကမ္ဘာငယ်ကို ပင်မစကြာဝဠာရဲ့ အဓိကနေရာထဲကို ဆွဲသွင်းလိမ့်မယ်။ ဒါမှမဟုတ် အဲ့ဒီလျို့ဝှက်နယ်မြေဆီကို တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခုကို ဖန်တီးလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
လျို့ဝှက်နယ်မြေများတွင် ပင်မစကြာဝဠာမှာပင် ရှားပါးသော အရင်းအမြစ်များ ရှိနိုင်လေသည်။ ကြီးမားသော စကြာဝဠာလျို့ဝှက်နယ်မြေများပင် ကြီးမြတ်သူများ၏ ဆွဲယူခြင်းကို မခုခံနိုင်ပေ။ ကြီးမြတ်သူ တစ်ယောက်နှင့် မလုံလောက်လျှင် နှစ်ယောက်၊ သုံးယောက် ပေါင်းပြီး အားထုတ်ကြပေလိမ့်မည်။
သို့သော် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက မည်သည့် အချိန်နှင့်လေဟာနယ်အလွှာတွင် ရှသည်ကို ကြီးမြတ်သူများက မဆုံးဖြတ်နိုင်ခဲ့ကြပေ။ အကယ်၍ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက မထွက်ပေါ်သေးလျှင် ဖြစ်နိုင်သည်။ အကြောင်းမှာ ကြီးမြတ်သူများပင် ပင်မစကြာဝဠာ၏ အချိန်နှင့် လေဟာနယ်အလွှာတိုင်းကို ဖြတ်သန်းသွားလာနိုင်မည်မဟုတ်ပေ။
သို့သော် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ထားသော လမ်းကြောင်းများစွာ ရှိပြီး အကြိမ်များစွာ ဖွင့်လှစ်ခဲ့သော်လည်း ကြီးမြတ်သူများက တိကျသော အချိန်နှင့် လေဟာနယ်အလွှာကို ရှာမတွေ့နိုင်ကြပေ။ ၎င်းက မယုံကြည်နိုင်စရာကောင်းလှသည်။ ၎င်းကို လူသားမျိုးနွယ်၏ ကြီးမြတ်သူများသာမက မျိုးနွယ်ခြားများ၏ ကြီးမြတ်သူများပင် မလုပ်နိုင်ကြပေ။
ထို့ကြောင့် လူသားမျိုးနွယ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို အခြားစကြာဝဠာခေတ်မှ ဖြစ်သည်ဟု ခန့်မှန်းရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ ထိုလျို့ဝှက်နယ်မြေက သာမန်လျို့ဝှက်နယ်မြေမဟုတ်ဘဲ တစ်စုံတစ်ယောက်က ၎င်းကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်နိုင်လေသည်။
ထို့အပြင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့သူများက တစ်ခါတစ်ရံ လက်ရှိ မျိုးနွယ်တစ်သောင်းနှင့် လုံးဝ ကွဲပြားသော လျို့ဝှက်နည်းစနစ်များနှင့် ရတနာများကို ရရှိခဲ့ကြလေသည်။
" ခေါ်သံက တော်တော် အားကောင်းလာတာပဲ။ " လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ဝင်ပေါက်နှင့် နီးကပ်လာသည်နှင့်အမျှ ခေါ်သံက ပိုမိုရှင်းလင်းလာသည်။
" ဒီလျို့ဝှက်နယ်မြေထဲဝင်ဖို့ ငါက အဆင့်ကိုး ရတနာသုံးခုယူလာခဲ့တယ်။ " လင်းယွမ်က တွေးလိုက်သည်။
အဆင့်ကိုးရတနာသုံးခုက တိုက်ခိုက်မှုအမျိုးအစား၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ကာကွယ်ရေးရတနာများ ဖြစ်ကြသည်။ နဝမအလွှာများ၏ တိုက်ပွဲများက လေဟာနယ်အလွှာများအတွင်း ယှဉ်ပြိုင်ခြင်းဖြစ်လျှင်တောင် ရတနာများက အသုံးမဝင်ဘူးဟု ပြော၍ မရပေ။
" ဒီလျို့ဝှက်နယ်မြေထဲ ဝင်ရောက်တဲ့ အဓိကရည်ရွယ်ချက်က ဒီခေါ်သံရဲ့မူလအစကို သိနိုင်ဖို့ပဲ။ လျို့ဝှက်နယ်မြေထဲက ရတနာတွေကတော့ ရရင်ယူမယ် မရရင် ထားခဲ့လိုက်မယ်။ "
လင်းယွမ်က အခြားသူများနှင့် ပဋိပက္ခများကို တတ်နိုင်သမျှ ရှောင်ရှားရန် စီစဉ်ထားသည်။ သူ၏ ရည်ရွယ်ချက်က သူတို့နှင့် မတူပေ။ လျို့ဝှက်နယ်မြေ စဖွင့်ကတည်းက မလာဘဲ ယခုမှ လာခြင်းမှာလည်း လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နေသော မျိုးနွယ်ခြားများကို ရှောင်ရှားရန် ဖြစ်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက စတင်ဖွင့်လှစ်ပြီးနောက် နှစ်တစ်ရာသာ ကြာမြင့်လေသည်။ ထို့ကြောင့် လျို့ဝှက်နယ်မြေထဲ စောစောဝင်နိုင်လေ ရတနာများ ပိုရရှိနိုင်လေဖြစ်သည်။ လင်းယွမ်က နှစ်အနည်းငယ် နောက်ကျမှ ရောက်လာခြင်းဖြစ်သောကြောင့် အခြားသူများနှင့် တွေ့နိုင်ခြေ နည်းလေသည်။
ခဏစဉ်းစားပြီးနောက် လင်းယွမ်က အချိန်နှင့်လေဟာနယ်လှိုင်းများထွက်ပေါ်နေသော နေရာသို့ ဝင်ရောက်သွားသည်။
" အချက်အလက်တွေအရ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲ ဝင်ရောက်လာတဲ့ ဘယ်သူမဆို အဲ့ဒီနယ်မြေရဲ့ အပြင်ဘက်ဒေသတွေကို ကျပန်းရောက်သွားမှာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
အခြားသူများက အဖွဲ့လိုက်သွားလျှင်တောင် လျို့ဝှက်နယ်မြေထဲသို့ ရောက်သည်နှင့် တည်နေရာများ ကွဲပြားသွားပေလိမ့်မည်။
အချိန်နှင့်လေဟာနယ်လှိုင်းများ တည်ငြိမ်လာသောအခါ လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ ရောက်နေပြီဖြစ်သည်။
လင်းယွမ်က သူ၏ ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်လိုက်ပြီး ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ကာကွယ်ရေးရတနာနှစ်ခုကလည်း အသက်ဝင်လာသည်။
" ငါ အန္တရာယ်ရှိတဲ့နေရာကို ရောက်မသွားဘူးပဲ။ " လင်းယွမ်က အဝါရောင် ကုန်းမြေကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သောအခါ အပြင်ဘက်ဒေသများသို့ ကျပန်းရောက်ရှိသွားမည်ဖြစ်ပြီး အန္တရာယ်ရှိသော နေရာများကိုလည်း ရောက်သွားနိုင်လေသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက နဝမအလွှာများအတွက် အန္တရာယ်မရှိသော်လည်း တားမြစ်နေရာများ ရှိလေသည်။ ထိုတားမြစ်နေရာများသို့ ရောက်သွားလျှင် နဝမအလွှာများပင် ထိခိုက်မှုရှိနိုင်လေသည်။
" ငါ့ရဲ့ ကံက မဆိုးဘူးပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။ ငါရောက်နေသော နေရာက အနည်းဆုံးတော့ အန္တရာယ်ကင်းလေသည်။
" လေဟာနယ်အလွှာတွေ..."
ပြည့်စုံသော ကမ္ဘာတစ်ခုအနေဖြင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကလည်း လေဟာနယ်အလွှာများစွာ ရှိနေလေသည်။
" ဒီလျို့ဝှက်နယ်မြေမှာ ရှိတဲ့ လေဟာနယ်အလွှာတွေက လေးသောင်းထက် အများကြီး ကျော်လွန်တာပဲ။ " လင်းယွမ်က တွေးလိုက်သည်။ သူက အတွင်းကမ္ဘာ၏ လေဟာနယ်အလွှာ ၄၅၀၀၀ကို ဖွင့်လှစ်ထားသောကြောင့် အပြင်ကမ္ဘာ၏ လေဟာနယ်အလွှာကို ခန့်မှန်းနိုင်လေသည်။
" ငါ တည်နေရာရွှေ့ပြောင်းခြင်း မလုပ်နိုင်ဘူး။ "
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လေဟာနယ်ဖိနှိပ်မှုတစ်ခုရှိလေသည်။ နဝမအလွှာများက လေဟာနယ်အလွှာများနှင့် ပေါင်းစပ်နိုင်သော်လည်း လေဟာနယ်အလွှာများမှတစ်ဆင့် တည်နေရာရွှေ့ပြောင်းခြင်းများ မပြုလုပ်နိုင်ပေ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ခရီးသွားနိုင်သော တစ်ခုတည်းသော နည်းလမ်းက ပျံသန်းခြင်းသာ ဖြစ်သည်။
" ခေါ်နေတဲ့နေရာက ပင်မဒေသထဲမှာလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ကျယ်ပြောသည့်အတွက် အပြင်ဘက်ဒေသ၊ အတွင်းဘက်ဒေသနှင့် ပင်မဒေသဟူ၍ ခွဲခြားထားသည်။ ပင်မဒေသနှင့် ပို၍ နီးလာသည်နှင့် အခွင့်အလမ်းနှင့် ရတနာများ ပိုများလာပြီး ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လာသည်။
မျိုးနွယ်ခြားများနှင့် ယှဉ်ပြိုင်ရသည့်အပြင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ဒေသခံသက်ရှိများလည်း ရှိနေသည်။ ပင်မဒေသမှ သက်ရှိများက အပြင်ဘက်ဒေသများထက် ပို၍ သန်မာကြလေသည်။
" သတိထားရမယ်။ " လင်းယွမ်၏ အမူအရာက လေးနက်နေသည်။
ပင်မဒေသထဲတွင် နေရာတိုင်ကတော့ အန္တရာယ်များခြင်းမဟုတ်ဘဲ အခွင့်အလမ်းနှင့် ရတနာများရှိသော နေရာတွင်သာ ဖြစ်သည်။ လင်းယွမ်က ၎င်းတို့ကို စိတ်ဝင်စားခြင်းမရှိဘဲ ခေါ်သံ၏ မူလရင်းမြစ်ကိုသာ ရှာဖွေလိုလေသည်။
ရက်အနည်းငယ် ကြာပြီးနောက် လင်းယွမ်က လေဟာနယ်အလွှာများကို ဖြတ်သန်းပြီး အရှိန်နှင့် ပျံသန်းနေသည်။
ထိုအချိန်တွင် အောက်ရှိ အဝါရောင်ကုန်းမြေပေါ်မှ တစ်ကီလိုမီတာလောက်ရှည်သော မြွေကြီးတစ်ကောင်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
" အပြင်လူလား။ " ထိုမြွေကြီးက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ဒေသခံသက်ရှိတစ်ကောင်ဖြစ်သည်။ လျို့ဝှက်နယ်မြေ ဖွင့်သည့်အချိန်တိုင်း ဒေသခံသက်ရှိများက ကျူးကျော်ဝင်ရောက်လာသူများကို ရက်စက်စွာ တိုက်ခိုက်လေ့ရှိသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း မွေးဖွားလာသော အားအနည်းဆုံး ဒေသခံသက်ရှိပင် လေဟာနယ်အလွှာများကို ကောင်းစွာခံစားနိုင်ကြလေသည်။
ပင်မစကြာဝဠာမှ နဝမအလွှာများ၏ လေဟာနယ်အလွှာများနှင့် ပေါင်းစပ်သော နည်းလမ်းများက ထိုသက်ရှိများ၏ အာရုံခံမှုမှ မလွတ်မြောက်နိုင်ကြပေ။
ဝုန်း....
မြွေကြီးက ၎င်း၏ ကြီးမားသော ပါးစပ်ကြီးကို ဖွင့်ပြီး မြေဝါရောင် အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။ အလင်းတန်းက လေဟာနယ်အလွှာများကို ဖြတ်ပြီး လင်းယွမ်ရှိနေသော လေဟာနယ်အလွှာသို့ တိုက်ရိုက်ထိမှန်သွားသည်။
နဝမအလွှာများကြား တိုက်ပွဲများတွင် အရေးကြီးဆုံးမှာ ပြိုင်ဘက်ရှိသော လေဟာနယ်အလွှာကို သိနိုင်ရန်ဖြစ်သည်။ သို့မှသာ ရန်သူကို ထိအောင် တိုက်ခိုက်နိုင်ပေလိမ့်မည်။
၎င်းက အခက်ခဲဆုံးအပိုင်းဖြစ်သည်။ နဝမအလွှာတိုင်းက သူတို့၏ ခန္ဓာကိုယ်ကို ဂရုတစိုက် ဖုံးကွယ်ထားကြသည်။ သူတို့က လေဟာနယ်အလွှာထဲတွင် သူတို့၏ အနေအထားကို အဆက်မပြတ် ပြောင်းလဲနေကြသည်။ သို့သော် ထိုနည်းလမ်းများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ သက်ရှိများကို လှည့်စားနိုင်ခြင်းမရှိပေ။
" ဟင် " ပျံသန်းနေသော လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်သည်နှင့် သူ၏ ရှေ့တွင် အစိမ်းရောင်ဒိုင်းတစ်ခု ပေါ်လာပြီး အလင်းတန်းကို တားဆီးသွားသည်။
" ဒေသခံသက်ရှိလား။ " လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ဒေသခံသက်ရှိများ၏ စွမ်းရည်များကို သိထားလေသည်။
" ခုနက တိုက်ခိုက်မှုက လေဟာနယ်အလွှာ ရာချီဖွင့်ထားတဲ့ နဝမအလွှာတစ်ယောက်ရဲ့ တိုက်ခိုက်မှုနဲ့ ညီမျှတယ်။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။
" ဒါဆို ငါ့ကို အပြစ်မတင်နဲ့။ " လင်းယွမ်က တစ်ကီလိုမီတာရှည်သော မြွေကြီးကို ငုံ့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ လင်းလက်လာသည်။
လင်းယွမ်၏ အတွင်းကမ္ဘာက လက်ရှိတွင် လေဟာနယ်အလွှာ ၄၅၀၀၀ ဖွင့်ထားသော်လည်း သူ၏ ခွန်အားက ထိုအဆင့်တွင် ရှိသည်ဟု မဆိုလိုပေ။
အခြားနဝမအလွှာများက လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ပြီးနောက် သူတို့၏ အတွင်းကမ္ဘာများက အရွယ်အစား ကန့်သတ်ချက် ရှိသွားကြသည်။ ထို့ကြောင့် နဝမအလွှာများ၏ ခွန်အားကို သူတို့၏ အတွင်းကမ္ဘာမှ လေဟာနယ်အလွှာများနှင့် တိုင်းတာခြင်းဖြစ်သည်။
သို့သော် လင်းယွမ်က မတူပေ။ သူ၏ အတွင်းကမ္ဘာက မိုင်သန်းတစ်ရာကျော်လေသည်။ အလွှာ ၄၅၀၀၀၏ ခွန်အားကလည်း လေဟာနယ်အလွှာ သိန်းချီဖွင့်ထားသော နဝမအလွှာများနှင့် ယှဉ်နိုင်လေသည်။
လင်းယွမ်က ဒေသခံသက်ရှိများနှင့် ရင်ဆိုင်ရလျှင် အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်ထားခဲ့သည်။ ဒေသခံသက်ရှိတစ်ကောင်၏ ပစ်မှတ်ထားခြင်းခံရလျှင် ထွက်ပြေးလျှင်တောင် သူတို့က အမြဲတမ်း လိုက်နေပေလိမ့်မည်။