← Chapters

တိုက်ခိုက်ခံရခြင်း...

Vol. 29 Ch. 447

တိုက်ခိုက်ခံရခြင်း...

Vol. 29 Ch. 447

လင်းယွမ်က ခြေတစ်လှမ်းလှမ်းလိုက်ပြီး လေဟာနယ်အလွှာထဲမှ ထွက်လာသည်။ ကမ္ဘာစွမ်းအားက သူ၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေပြီး လေဟာနယ်အလွှာများ၏ စွမ်းအားကို စုစည်းနေသည်။

သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြွေကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

" ဂါး...." မြွေကြီးက ဒေါသတကြီး အော်ဟစ်ပြီး ၎င်း၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွားသည်။

" သေသွားပြီလား။ " လင်းယွမ်က မြွေကြီး၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ဒေသခံသက်ရှိများက သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ နယ်မြေမှ စွန့်ခွာသွား၍ မရပေ။ တစ်စုံတစ်ယောက်က သူတို့ကို သယ်ဆောင်သွားလျှင်တောင် လျို့ဝှက်နယ်မြေထဲမှ ထွက်သည်နှင့် ပြာမှုန့်များအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

" ဒါက ရွှမ်ဟွမ်သလင်းကျောက်ဖြစ်ရမယ်။ " လင်းယွမ်က မြွေကြီး၏ ခန္ဓာကိုယ်ထဲမှ လက်သီးဆုပ်အရွယ် အဝါရောင် သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။

ရွှမ်ဟွမ်သလင်းကျောက်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အဓိကထုတ်ကုန်တစ်ခုဖြစ်ပြီး ဒေသခံသက်ရှိများ၏ အဓိကအနှစ်သာရ ပါဝင်လေသည်။ လက်သီးဆုပ်အရွယ် ရွှမ်ဟွမ်သလင်းကျောက်က ပင်မစကြာဝဠာတွင် စကြာဝဠာသလင်းကျောက် တစ်သိန်းနှင့် လဲလှယ်နိုင်လေသည်။

ရွှမ်ဟွမ်သလင်းကျောက်ထဲတွင် ပါဝင်သော အထူးစွမ်းအားအချို့က အချို့ မျိုးနွယ်ခြားများနှင့် ဆင့်ကဲပြောင်းလဲသူများအပေါ် ထင်ရှားသော သက်ရောက်မှုများ ရှိလေသည်။ ၎င်းက ဒေသခံသက်ရှိများထံမှ ယူသွားနိုင်သော တစ်ခုတည်းသော အရာဖြစ်လေသည်။

" စကြာဝဠာသလင်းကျောက် တစ်သိန်း။ " လင်းယွမ်က ကျေနပ်သွား၏။

" ဆက်သွားမယ်။ " လင်းယွမ်က လျို့ဝှက်နယ်မြေထဲသို့ မဝင်မီ မဟာဗျူဟာတစ်ခု ရေးဆွဲထားလေသည်။ သူက အခွင့်အရေးနှင့် ရတနာများအတွက် တိုက်ခိုက်မည်မဟုတ်သော်လည်း သူ့ဆီသို့ ရောက်လာသော အရာများကိုတော့ လက်လွှတ်ခံမည်မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်း တစ်လကျော် ကြာသွားခဲ့သည်။ ထိုတစ်လနှစ်လအတွင်း လင်းယွမ်က ဒေသခံသက်ရှိငါးကောင်၏ ချုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ၎င်းတို့ထဲမှ အားအကောင်းဆုံးမှာ နဝမအလွှာ အလွှာတစ်သန်းအဆင့်နှင့် ယှည်နိုင်လေသည်။

" နှစ်လမပြည့်ခင် ရွှမ်ဟွမ်သလင်းကျောက် ခြောက်ခုရခဲ့တယ်။ အားလုံးပေါင်းရင် စကြာဝဠာသလင်းကျောက် တစ်သန်းနီးပါးတန်တယ်။ "

စကြာဝဠာသလင်းကျောက်တစ်သန်းက နဝမအလွှာ တစ်ယောက်ပင် ထိုပမာဏကို ရရှိရန် လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။ သို့တိုင် လင်းယွမ်က အန္တရာယ်များကို ရှောင်ရှားနေခဲ့သည်။ သူက အခွင့်အလမ်းများကိုသာ ရှာဖွေခဲ့လျှင် ထိုထက်ပိုမိုရရှိနိုင်ပေလိမ့်မည်။

" မျိုးနွယ်ခြားတွေက ဒီလျို့ဝှက်နယ်မြေထဲကို ဝင်ဖို့ ဒီလောက်စိတ်ဝင်စားနေတာ အံ့ဩစရာမရှိဘူး။ ဆရာတောင် အဋ္ဌမအလွှာ တားဆီးမရသူအဆင့်နဲ့ စွန့်စားပြီးဝင်ခဲ့တယ်။ ဒီအကျိုးအမြတ်က..." လင်းယွမ်က ခေါင်းခါလိုက်သည်။

ထိုလျို့ဝှက်နယ်မြေထဲမှ အသက်ရှင်လျက် ထွက်သွားနိုင်သရွေ့ ချမ်းသာကြွယ်ဝလာပေလိမ့်မည်။

" ဟင် နောက်ထပ် ဒေသခံသက်ရှိတစ်ကောင်လား။ " လင်းယွမ်က အောက်သို့ ငုံ့ကြည့်လိုက်ပြီးနောက် မီတာတစ်ရာကျော်မြင့်သော ဝက်ဝံကြီးတစ်ကောင်က သူ့ကို ဒေါသတကြီးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

" ဒါကအားနည်းတဲ့ကောင်တစ်ကောင်ပဲ။ နဝမအလွှာ ဝ​င်ရောက်ခါစနဲ့ ညီမျှတယ်။ " လင်းယွမ်က တစ်ဖက်မှ ထုတ်လွှတ်သော အော်ရာကို ခံစားလိုက်သည်။ ဒေသခံသက်ရှိ ခြောက်ကောင်းကို သတ်ဖြတ်ပြီးနောက် သူလည်း အတွေ့အကြုံအချို့ ရလာခဲ့သည်။

" လက်ဦးမှုယူရမယ်။ " လင်းယွမ်က ချက်ချင်း လေဟာနယ်အလွှာထဲမှ ထွက်ပြီး အဆင့်ကိုး တိုက်ခိုက်ရေးရတနာဖြင့် ဝက်ဝံကြီးကို တိုက်ခိုက်လိုက်သည်။

လင်းယွမ်နှင့် ဝေးသော တစ်နေရာတွင်။

ခေါင်းသုံးလုံးနှင့် မျိုးနွယ်ခြားတစ်ယောက်က လင်းယွမ် လေဟာနယ်အလွှာထဲမှ ထွက်ပေါ်လာချိန်တွင် တစ်စုံတစ်ခုကို အာရုံခံမိပြီး သူ၏ ဦးတည်ရာသို့ကြည့်လိုက်သည်။

" အဲ့ဒီအဆင့်ကိုး တိုက်ခိုက်ရေးရတနာက ထျန်းယုမျိုးနွယ်ကပဲ။ အဲ့ဒီလူသားဆင့်ကဲပြောင်းလဲသူက နာမည်ကြီး နဂါးငွေ့တန်းကြယ်သခင်လား။ "

ခေါင်းသုံးလုံးနှင့် မျိုးနွယ်ခြားက လေဟာနယ်အလွှာထဲတွင် ပုန်းအောင်းနေပြီး လင်းယွမ်က ဝက်ဝံကြီးအား သတ်ဖြတ်လိုက်သည်ကို ကြည့်နေသည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲမဝင်ခင် အခြားကိစ္စတွေကြောင့် နှောင့်နှေးခဲ့တာက ဒီလိုအံ့ဩစရာနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ " ခေါင်းသုံးလုံးမျိုးနွယ်ခြားက အနည်းငယ် စိတ်လှုပ်ရှားနေသည်။

သူ၏ မျိုးနွယ်က အင်းဆက်မျိုးနွယ်မဟာမိတ်ထဲမှ ဖြစ်ပြီး လူသားမျိုးနွယ်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ အင်းဆက်မျိုးနွယ်မဟာမိတ်တွင် သူတို့က နဂါးငွေ့တန်းကြယ်သခင်အပေါ် ဆုငွေများစွာ ထုတ်ထားပြီး ကိုယ်ပွားတစ်ခုကို သတ်နိုင်လျှင်တောင် ကြီးမားသော ဆုလာဘ်တစ်ခုကို ရရှိမည်ဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင်သတ်လိုက်တဲ့ ဝက်ဝံက နဝမအလွှာ ဝင်ရောက်ခါစ တိုက်ခိုက်ရေးစွမ်းအားပဲ ရှိတယ်။ နဝမအလွှာကို ဝင်ရောက်တာ မကြာသေးတဲ့ နဂါးငွေ့တန်းကြယ်သခင်က ဒီလိုလုပ်နိုင်တယ်ဆိုတော့ သူ့ရဲ့ ခွန်အားက နဝမအလွှာရဲ့ လေဟာနယ်အလွှာ ထောင်ချီဖွင့်ထားသူတွေအောက် မနိမ့်ဘူး။ " ခေါင်းသုံးလုံးမျိုးနွယ်ခြားက စဉ်းစားနေသည်။

" ငါက လေဟာနယ်အလွှာ ၂၆၀၀၀ကို ဖွင့်ထားပြီးပြီ။ နဂါးငွေ့တန်းကြယ်သခင်ကို ငါလှုပ်ရှားမယ်ဆိုရင် သေချာပေါက် အောင်မြင်လိမ့်မယ်။ "

အင်းဆက်မျိုးနွယ်မှ ဆုလာဘ်များကလည်း အမှန်တကယ် မက်မောစရာပင်ဖြစ်သည်။

" ငါစမ်းကြည့်သင့်လား။ "

ခေါင်းသုံးလုံးမျိုးနွယ်ခြားက နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်ရန် အကြောင်းရင်းသုံးခုကြောင့် ဆုံးဖြတ်ခဲ့သည်။

ပထမအချက် နဂါးငွေ့တန်းကြယ်သခင်က နဝမအလွှာကို ယခုမှ ရောက်ခြင်းဖြစ်သောကြောင့် များစွာ သန်မာမည်မဟုတ်ပေ။ သူကိုယ်တိုင်လည်း နဝမအလွှာဖြစိသောကြောင့် နဂါးငွေ့တန်းကြယ်သခင်ကို မယှဉ်နိုင်လျှင်တောင် သူက ဘေးကင်စွာ ဆုတ်ခွာနိုင်သည်ဟု ယုံကြည်လေသည်။

အင်းဆက်မျိုးနွယ်နှင့် လူသားမျိုးနွယ်က ရန်သူများဖြစ်ကြသောကြောင့် သူက နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်သည်ဖြစ်စေ မတိုက်ခိုက်သည်ဖြစ်စေ သူတို့ကြား ရန်ငြိုးက ရှိထားပြီးသားဖြစ်သည်။

ဒုတိယအချက် ယခုနေရာက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေဖြစ်ပြီး ဝင်ရောက်လာသူများက ကိုယ်ပွားများဖြစ်ပြီး နဂါးငွေ့တန်းကြယ်သခင်လည်း အတူတူပင်ဖြစ်သည်မှာ သေချာလေသည်။

ကိုယ်ပွားဖြစ်သောကြောင့် တန်ဖိုးကြီးရတနာများကို သယ်ဆောင်လာမည်မဟုတ်ပေ။ နဂါးငွေ့တန်းကြယ်သခင်၏ မူလခန္ဓာကိုယ်နှင့် တွေ့လျှင် ခေါင်းသုံးလုံးမျိုးနွယ်ခြားက တိုက်ခိုက်မည်မဟုတ်ပေ။

တတိယအချက်ကတော့ အင်းဆက်မျိုးနွယ်၏ ဆုလာဘ်များသာ ဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင်၏ တိုးတက်မှု နှောင့်နှေးစေရန်အတွက် အင်းဆက်မျိုးနွယ်က တွန့်တိုနေမည်မဟုတ်ပေ။

တစ်ဖက်တွင် လင်းယွမ်က ဝက်ဝံကြီးကို သတ်ပြီး ရွှမ်ဟွမ်သလင်းကျောက်ကို ယူလိုက်သည်။ ဝက်ဝံကြီးက နဝမအလွှာကို ဝင်ရောက်ခါစခွန်အားသာ ရှိသောကြောင့် ၎င်း၏ ရွှမ်ဟွမ်သလင်းကျောက်ကလည်း လက်မအရွယ်သာရှိပြီး စကြာဝဠာသလင်းကျောက် ထောင်ဂဏန်းသာ တန်ဖိုးရှိလေသည်။

" ဒီခရီးမှာ ငါက ခေါ်သံရဲ့ အရင်းအမြစ်ကို သိသိ မသိသိ အကျိုးအမြတ်တွေ ရနေပြီ။ " လင်းယွမ်က ကျေနပ်နေသည်။

လင်းယွမ်က လေဟာနယ်အလွှာနှင့် ပေါင်းစပ်ပြီး ခရီးဆက်ရန် ပြင်လိုက်သည်။

ဝုန်း....

ထိုအချိန်တွင် အနက်ရောင်မြူခိုးများက ပတ်ဝန်းကျင်တွင် စတင်ပျံ့နှံ့လာသည်။ အနက်ရောင်မြူခိုးများက လေဟာနယ်အလွှာ နှစ်သောင်းကျော်ကို လွှမ်းခြုံပြီး လင်းယွမ်ကို ဗဟိုပြုကာ အနက်ရောင်လှောင်အိမ်တစ်ခုအဖြစ် စုစည်းသွားသည်။

" ဟမ် မျိုးနွယ်ခြားတစ်ယောက်လား။ " လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားပြီး လေဟာနယ်အလွှာထဲ ပေါင်းစပ်ဝင်ရောက်သွားသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ဒေသခံသက်ရှိများက သန်မာသော်လည်း သူတို့၏ တိုက်ခိုက်ပုံများက တိုက်ရိုက်ဆန်လေသည်။

" နဂါးငွေ့တန်းကြယ်သခင်..." အနက်ရောင်မြူခိုးများက လှောင်အိမ်တစ်ခု ဖြစ်ပေါ်လာသည်နှင့် ခေါင်းသုံးလုံးမျိုးနွယ်ခြားတစ်ယောက်က ပေါ်လာပြီး လင်းယွမ်ကို ပြုံးပြလိုက်သည်။ " နာမည်ကြီး နဂါးငွေ့တန်းကြယ်သခင်က ငါနဲ့ တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ "

" မင်းပဲ အိုလီဗင်..."

လင်းယွမ်က အစတွင် အနက်ရောင်လှောင်အိမ်ထဲမှ လွတ်မြောက်ရန် စီစဉ်ခဲ့သည်။ အနက်ရောင်လှောင်အိမ်က လေဟာနယ်အလွှာ နှစ်သောင်းကျော်ကို လွှမ်းခြုံထားသောကြောင့် အလွှာနှစ်သောက်အောက်ရှိသော နဝမအလွှာများအတွက် လွတ်မြောက်ရန် စိန်ခေါ်မှုတစ်ခုဖြစ်သည်။

လင်းယွမ်က လေဟာနယ်အလွှာ လေးသောင်းကျော်ကို ဖွင့်ထားသောကြောင့် အလွှာနှစ်သောင်းထဲမှ လွတ်မြောက်ခြင်းက လွယ်ကူသော အလုပ်တစ်ခုဖြစ်သည်။ သို့သော် သူ့ကို တိုက်ခိုက်သူက ခေါင်းသုံးလုံးမျိုးနွယ်ခြားဖြစ်နေသည်ကို မြင်သောအခါ လင်းယွမ်က အခြားအတွေးတစ်ခု ဝင်လာသည်။

အိုလီဗင်ဟု ခေါ်သော ခေါင်းသုံးလုံးမျိုးနွယ်ခြားက လေဟာနယ်အလွှာ ၂၆၀၀၀ကို ဖွင့်ထားပြီး အင်းဆက်မျိုးနွယ်မဟာမိတ်တွင် နာမည်အနည်းငယ်ရှိသော နဝမအလွှာတစ်ယောက်ဖြစ်သည်။

လေဟာနယ်အလွှာအရေအတွက်အရ လင်းယွမ်က အိုလီဗင်ကို အလွယ်တကူ ကိုင်တွယ်နိုင်လေသည်။

လင်းယွမ်၏ အစစ်အမှန်တိုက်ခိုက်ရေးစွမ်းအားကို ပြောစရာမလိုပေ။ သူ၏ သန်းတစ်ရာကျော် ရှိသော အတွင်းကမ္ဘာကြောင့် လင်းယွမ်၏ အစစ်အမှန်ခွန်အားက လေဟာနယ်အလွှာ သိန်းချီ သန်းချီနှင့် ညီမျှလေသည်။

စစ်မြေပြင်ကြီးတွင် လူသားဆင့်ကဲပြောင်းလဲသူ အများအပြားကို သတ်ဖြတ်ခဲ့သော အင်းဆက်မျိုးနွယ်မဟာမိတ်မှ ကွပ်မျက်သူ အိုလီဗင်နှင့် ရင်ဆိုင်ရချိန်တွင် လင်းယွမ်ကလည်း သတ်ဖြတ်လိုစိတ် ရှိနေခဲ့သည်။

" သေစမ်း " ခေါင်းသုံးလုံးမျိုးနွယ်ခြားက စကားမများတော့ပေ။ သူက ရုတ်ရုတ်သဲသဲ မဖြစ်လိုသောကြောင့် နဂါးငွေ့တန်းကြယ်သခင်က လျင်မြန်စွာ အဆုံးသတ်ရန် စီစဉ်ထားသည်။

ဝုန်း...

ခေါင်းသုံးလုံးမျိုးနွယ်ခြား အိုလီဗင်၏ ခန္ဓာကိုယ်က အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်လှောင်အိမ်နှင့် ပေါင်းစပ်သွားသည်။

၎င်းက သူတို့မျိုးနွယ်၏ အထူးစွမ်းရည်တစ်ခုဖြစ်ပြီး လေဟာနယ်အလွှာထဲသို့ ပေါင်းစပ်ခြင်းဖြစ်သည်။ ၎င်းက လေဟာနယ်အလွှာထဲသို့ ဝင်ရောက်ခြင်းမဟုတ်ဘဲ အပြည့်အဝ ပေါင်းစပ်ခြင်းဖြစ်သည်။

All Chapters