အန္တရာယ်များကို ရှောင်ရှားခြင်း...
Vol. 29 Ch. 448
" နဂါးငွေ့တန်းကြယ်သခင်ရေ ကိုယ့်ကိုကိုယ်သာ အပြစ်တင်ပေတော့။ " အိုလီဗင်က စိတ်လှုပ်ရှားနေသည်။
ပြိုင်ဘက်ကင်း လူသားပါရမီရှင်တစ်ယောက်ကို သတ်ဖြတ်ခြင်းက ကိုယ်ပွားတစ်ခုဖြစ်နေလျှင်တောင် သူ့အတွက် စိတ်ကျေနပ်စရာကောင်းလှသည်။
သို့သော် ထိုခဏတွင် လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး ရှေ့သို့ ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ထိုဆုပ်ကိုင်မှုက ပင်မလေဟာနယ်တွင်သာမဟုတ်ဘဲ လေဟာနယ်အလွှာများစွာက်ု လွှမ်းခြုံထားသောကြောင့် အနက်ရောင်မြူခိုးများက လင်းယွမ်၏ လက်ဝါးထဲသို့ အပြည့်အဝ စုစည်းသွားသည်။
အစတွင် အနိုင်ရရှိမည်ဟု ထင်ထားသော ခေါင်းသုံးလုံးမျိုးနွယ်ခြား အိုလီဗင်က သူကိုယ်တိုင် လင်းယွမ်၏ လက်ဝါးထဲသို့ရောက်ရှိသွားခဲ့သည်။
" ဒါက " ခေါင်းသုံးလုံးမျိုးနွယ်ခြား၏ အမူအရာက ကြီးစွာ ပြောင်းလဲသွားသည်။
လင်းယွမ်၏ ဆုပ်ကိုင်မှုကို ရင်ဆိုင်ရချိန်တွင် သူက ပိုမိုနက်ရှိုင်းသော လေဟာနယ်အလွှာများထဲသို့ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း သူက မည်သည့်အလွှာထဲသို့ ထွက်ပြေးသည်ဖြစ်စေ ထိုဆုပ်ကိုင်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
" မင်းက အခုမှ နဝမအလွှာကို ရောက်တာမဟုတ်ဘူးလား။ "
ကြောက်ရွံ့မှုကြားတွင် အိုလီဗင်က ထိုစကားကိုသာ ပြောနိုင်ပြီး လင်းယွမ်က သူလက်ကို အပြည့်အဝ ဆုပ်လိုက်ချိန်တွင် အနက်ရောင်မြူခိုးများနှင့် ခေါင်းသုံးလုံးမျိုးနွယ်ခြားတို့က တစ်ခါတည်း ပျက်ဆီးသွားခဲ့သည်။
" ဒီလောက်ခွန်အားလေးနဲ့ ငါ့ကို သတ်ဖို့ ကြိုးစားရဲတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
" သိုလှောင်လက်ပတ်ကို ကြည့်ရအောင်။ " လင်းယွမ်က သိုလှောင်လက်ပတ်ကို ထုတ်ယူလိုက်သည်။
သူက ခေါင်းသုံးလုံးမျိုးနွယ်ခြားကို သတ်ပစ်ချိန်တွင် သိုလှောင်လက်ပတ်ကို မပျက်စီးအောင် သူ၏ ခွန်အားအချို့ကို ထိန်းချုပ်ထားခဲ့သည်။ သိုလှောင်လက်ပတ်ကွဲသွားလျှင် အတွင်းမှ ရတနာများက လေဟာနယ်အလွှာများထဲတွင် ပြန့်ကျဲသွားမည်ဖြစ်ပြီး လင်းယွမ်က ပြန်ရှာနိုင်လျှင်တောင် အချိန်ကုန်ပေလိမ့်မည်။
" တော်တော်ဆင်းရဲတာပဲ။ နဝမအလွှာ အလွှာတစ်သောင်းအဆင့်ဖြစ်ပြီး အဆင့်ကိုးရတနာနှစ်ခုတည်းလား။ ပြီးတော့ စကြာဝဠာသလင်းကျောက် နှစ်သိန်းကျော်တန်ဖိုးရှိတဲ့ ရွှမ်ဟွမ်သလင်းကျောက် နည်းနည်း။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခြင်းက အန္တရာယ်များနှင့် ပြည့်နှက်နေပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရန် မသေချာသောကြောင့် ရတနာများစွာကို ယူဆောင်လာမည်မဟုတ်ပေ။
လင်းယွမ်ပင် အဆင့်ကိုးရတနာသုံးခုအပြင် အခြားရတနာများကို ယူမလာခဲ့ပေ။ ယွမ်ရှန်းကျင်းကဲ့သို့ တန်ဖိုးကြီးသော ရတနာများက မူလခန္ဓာကိုယ်တွင်သာ သိမ်းဆည်းထားလေသည်။
" ဆက်သွားမယ်။ " လင်းယွမ်က လေဟာနယ်အလွှာထဲသို့ တဖန်ဝင်ရောက်သွားပြီး ခေါ်သံထွက်ပေါ်လာရာ ပင်မဒေသသို့ ဦးတည်ပျံသန်းသွားသည်။
ပင်မစကြာဝဠာ၏ ကြယ်တစ်လုံးအတွင်း ခေါင်းသုံးလုံးမျိုးနွယ်ခြား၏ မူလခန္ဓာကိုယ်က နိုးထလာသည်။
" အဲ့ဒီနဂါးငွေ့တန်းကြယ်သခင် သူက နဝမအလွှာကို ရောက်တာမကြာသေးဘူးမဟုတ်လား။ " ခေါင်းသုံးလုံးမျိုးနွယ်ခြားင ဒေါသတကြီး ပြောလိုက်သည်။ " အဲ့ဒါက နဝမအလွှာကို အခုမှ ရောက်တာလို့ ဘယ်လိုပြောနိုင်မှာလဲ။ "
အဖြစ်အပျက်က အလွန်လျင်မြန်သောကြောင့် သူဘယ်လိုသေဆုံးသွားလဲပင် မသိလိုက်ပေ။ သို့သော် သူထွက်ပြေးရန် ကြိုးစားခဲ့သော လေဟာနယ်အလွှာများကို နဂါးငွေ့တန်းကြယ်သခင်က အလွယ်တကူ ပိတ်ဆို့ခဲ့သောကြောင့် နဂါးငွေ့တန်းကြယ်သခင် ဖွင့်ထားသော လေဟာနယ်အလွှာအရေအတွက်က သူ့ထက် ပိုများသည်မှာ ထင်ရှားလေသည်။
" နဂါးငွေ့တန်းကြယ်သခင်က တကယ် မွန်းစတားကောင်ပဲ။ " ခေါင်းသုံးလုံးမျိုးနွယ်ခြားက တုန်လှုပ်နေသည်။
နဂါးငွေ့တန်းကြယ်သခင်က ထိုကဲ့သို့ မြင့်မားသော ခွန်အား ပိုင်ဆိုင်ထားသည်ကို ကြိုသိခဲ့လျှင် သူ့ကိုသူ သေမင်းဆီသို့ ပိုမိမည်မဟုတ်ပေ။
" ဒါ ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ "
ခေါင်းသုံးလုံးမျိုးနွယ်ခြားက အသက်ပြင်းပြင်းရှုလိုက်သည်။ ကိုယ်ပွားတစ်ခု ဆုံးရှုံးခြင်းက သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုမဟုတ်သလို အဆင့်ကိုးရတနာနှစ်ခုကလည်း လက်ခံနိုင်စရာပင် ဖြစ်သည်။ ခေါင်းသုံးလုံးမျိုးနွယ်ခြား အိုလီဗင်အတွက် ထိုကဲ့သို့ ကိုယ်ပွားတစ်ခု ဖန်တီးရန် ဆယ်စုနှစ်အချို့သာ ကြာပေလိမ့်မည်။ အားလုံးပေါင်းလျှင်တောင် နှစ်တစ်ရာသာ ကြာမြင့်ပေလိမ့်မည်။
နှစ်တစ်ရာဆိုသည်မှာ နဝမအလွှာတစ်ယောက်အတွက် ခဏအိပ်စက်နေရုံလောက်သာ ဖြစ်လေသည်။ သို့သော် ယခုက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ဖွင့်သောအချိန်ဖြစ်လေသည်။ လျို့ဝှက်နယ်မြေ၏ ဖွင့်ချိန်က နှစ်တစ်ရာသာ ကြာမြင့်လေသည်။
ထို့ကြောင့် ကိုယ်ပွားတစ်ခု ဖန်တီးချိန် နှစ်တစ်ရာနှင့်ဆိုလျှင် အိုလီဗင်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို မူလခန္ဓာကိုယ်နှင့်သာ ဝင်ရောက်နိုင်ပေလိမ့်မည်။
သို့သော် သူက ထိုသို့လုပ်ရန် သတ္တိမရှိပေ။ ကိုယ်ပွားတစ်ခုက လျို့ဝှက်နယ်မြေထဲတွင် သေဆုံးသွားလျှင်တောင် ပြန်လည်ဖွဲ့စည်းနိုင်လေသည်။ သို့သော် မူလခန္ဓာကိုယ် သေဆုံးလျှင် လုံးဝ သေဆုံးသွားမည်ဖြစ်သည်။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ... " ခေါင်းသုံးလုံးမျိုးနွယ်ခြား အိုလီဗင်က ဒေါသထွက်နေသည်။
အစတွင် သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ဝင်ပြီး အကျိုးအမြတ်များရယူရန် စီစဉ်ထားသည်။ သူ၏ ခွန်အားနှင့် ပင်မဒေသထဲမဝင်လျှင်တောင် ရရှိမည့်အကျိုးအမြတ်များက နည်းမည်မဟုတ်ပေ။ သူက အသက်မသေဘဲ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲမှ ထွက်လာနိုင်သရွေ့ စကြာဝဠာသလင်းကျောက်များစွာ ပိုင်ဆိုင်ပေလိမ့်မည်။
အချိန်များကုန်လွန်လာပြီး ငါးနှစ်ကြာသွားခဲ့သည်။
" အတွင်းပိုင်းဒေသကို ရောက်တော့မယ်။ " လင်းယွမ်က လေဟာနယ်အလွှာများကို ဖြတ်သန်းရင်း ရေရွတ်လိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ကျယ်ပြောလှပြီး အပြင်ဘက်ဒေသက အသေးဆုံး ဖြစ်လေသည်။ အတွင်းဘက်ဒေသက အပြင်ဘက်ဒေသထက် များစွာပို၍ ကြီးမားလေသည်။ ပင်မဒေသ၏ တိကျသော အတိုင်းအတာကိုတော့ ဘယ်သူမှ မဖော်ထုတ်နိုင်ကြသေးပေ။
" ဆရာက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အတွင်းဘက်ဒေသထဲက ရရှိခဲ့တာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို အဋ္ဌမအလွှာ တားဆီးမရသူများ ဝင်ရောက်နိုင်သော်လည်း သူတို့အတွက် ခက်ခဲလှသည်။ နယ်မြေအတွင်းရှိ ဒေသခံသက်ရှိများထဲမှ အားအနည်းဆုံးပင် နဝမအလွှာကို ဝင်ရောက်ခါစလူနှင့် ယှဉ်နိုင်လေသည်။ ထို့ကြောင့် အဋ္ဌမအလွှာ တားဆီးမရသူများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲတွင် အားအနည်းဆုံးဟုပင် ပြောနိုင်လေသည်။
ထို့အပြင် မျိုးနွယ်ခြားသန်မာသူများလည်း ရှိနေသည်။ သူတို့က ပင်မစကြာဝဠာတွင် အထွတ်အထိပ်မျိုးနွယ်များ၏ ကန့်သတ်ချက်များရှိသော်လည်း ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲတွင် နဝမအလွှာ မျိုးနွယ်ခြားတစ်ယောက်က အဋ္ဌမအလွှာ လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို တွေ့လျှင် ချက်ချင်း ဖယ်ရှားပစ်ပေလိမ့်မည်။
ထိုသို့ဖြစ်လျှင်တောင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ အဋ္ဌမအလွှာများစွာ ဝင်ရောက်ကြလေသည်။ အဆိုးဆုံးရလဒ်က သူတို့၏ ကိုယ်ပွားတစ်ခု ဆုံးရှုံးသွားရုံသာ ဖြစ်သည်။ သို့သော် သူတို့က တစ်စုံတစ်ခု ရလာခဲ့လျှင် သူတို့၏ အခြေခံက ခုန်ပျံတိုးတက်သွားပေလိမ့်မည်။
လင်းယွမ်က သူ၏ ဆရာ ချီခွန်ကြယ်သခင် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အား ရရှိခဲ့သည့် နေရာသို့ ကြည့်လိုက်သည်။ သို့သော် လင်းယွမ်က ခေါ်သံ၏ အရင်းအမြစ်ကို သိလိုသောကြောင့် ရှေ့သို့ ခရီးဆက်ခဲ့သည်။
ထိုအချိန်တွင် အနီးရှိ တောင်တန်းများမှ ကြီးမားသော အော်ရာတစ်ခု ပေါက်ကွဲလာသည်။ ထိုအော်ရာက အလွန်ပြင်းထန်သောကြောင့် မိုင်ဘီလီယံပေါင်းများစွာအထိ ပျံ့နှံ့သွားခဲ့သည်။
" ရတနာတစ်ခု ထွက်ပေါ်လာတာလား။ " လင်းယွမ်က အခြေအနေကို ခန့်မှန်းလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲတွင် ရတနာများနှင့် အဖိုးတန်အရာများ ဖုံးကွယ်နေကြပြီး ထိုနေရာကို အခွင့်အလမ်းရှိရာနေရာဟု ခေါ်ကြလေသည်။ ထိုရတနာများ ထွက်ပေါ်လာသည်နှင့် အံ့ဖွယ်မြင်ကွင်းများ ဖြစ်ပေါ်လာတတ်လေသည်။ ၎င်းကို သတိထားမိသူများက ရတနာရှိရာသို့ အပြေး လာကြပေလိမ့်မည်။
" ဝေးဝေး နေရမယ်။ " လင်းယွမ်က သူ၏ ရည်ရွယ်ချက်ကို ကောင်းကောင်းသိလေသည်။
ခွန်အားအရဆိုလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းအားက နဝမအလွှာ၏ အလွှာတစ်သန်းအဆင့်နှင့် နီးစပ်လေသည်။ သို့သော် သူက အလွှာတစ်သန်းအဆင့်နှင့် အမှန်တကယ် ရင်ဆိုင်ရလျှင် ရှုံးနိမ့်ရန် များလေသည်။ အလွှာဆယ်သန်းအဆင့်ဆိုလျှင် ပြောစရာပင် မလိုပေ။