← Chapters

ခေါ်သံ၏ အဓိပ္ပါယ်...

Vol. 29 Ch. 450

ခေါ်သံ၏ အဓိပ္ပါယ်...

Vol. 29 Ch. 450

" ငါ အလွှာဆယ်သန်းအဆင့်ကို ရောက်ဖို့ အဝေးကြီးလိုပါသေးတယ်။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် နတ်ဆိုးကျောက်စိမ်းနေရာမှ တိုက်ရိုက်ထွက်ခွာသွားသည်။

အနက်ရောင်မျှော်စင်၏ အပြင်ဘက်တွင် ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။

" ခရီးရဲ့ တစ် ရာခိုင်နှုန်းကို ရောက်သွားပြီ။ လေဟာနယ်အလွှာ ကိုးသောင်းနီးပါးရှိတယ်။ "

" သူက နဝမအလွှာကို ရောက်တာ မကြာသေးပေမယ့် လေဟာနယ်အလွှာ ကိုးသောင်းနီးပါးကို သိမ်းပိုက်ထားနိုင်တယ်။ " ကျောက်ရုပ်တုရှန်းကျိက ဘာပြောရမှန်းမသိတော့ပေ။

သူက မွေးဖွားလာကတည်းက လေဟာနယ်အလွှာများစွာကို ထိန်းချုပ်နိုင်သော အထူးသက်ရှိများကို ကြားဖူးလေသည်။ သို့သော် လင်းယွမ်ကဲ့သို့ တစ်ဆင့်ချင်းတက်လာသူက မယုံကြည်နိုင်စရာကောင်းစွာပင် အချိန်တိုအတွင်း လေဟာနာ်အလွှာ ကိုးသောင်းနီးပါးကို သိမ်းပိုက်ထားနိုင်လေသည်။

" ဒါပေမယ့် သူက တတိယအထပ်ကို ဖြတ်ကျော်ဖို့ကတော့ လွယ်မှာမဟုတ်ဘူး။ အဲ့ဒါက သခင် အထူးသတ်မှတ်ထားတဲ့ စမ်းသပ်မှုတစ်ခုပဲ။ သူက ဒသမအလွှာကို ရောက်ရင် ဒါမှမဟုတ် နဝမအလွှာကို နက်နက်ရှိုင်းရှိုင်း ကျင့်ကြံပြီးမှ ကြိုးစားနိုင်လိမ့်မယ်။ " ကျောက်ရုပ်တုရှန်းကျိက တွေးလိုက်သည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။

" အချိန်တိုအတွင်း တတိယအထပ်ကို ဖြတ်ကျော်ဖို့ မျှော်လင့်ချက်မရှိသေးဘူးထင်တယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

လင်းယွမ်က ငါးနှစ်အတွင်း လေဟာနယ်အလွှာ ၄၃၀၀၀မှ ၈၇၀၀၀ထိ တိုးတက်လာခဲ့သည်။ ထိုတိုးတက်မှုက ကြောက်စရာကောင်းသော်လည်း အချိန်တိုအတွင်း လေဟာနယ်အလွှာ သန်းတစ်ရာနီးပါးကို ရရှိရန် မဖြစ်နိုင်ပေ။

" ဒီငါးနှစ်အတွင်းမှာ ငါ အချိန်နိယာမကို နားလည်တော့မယ်လို့ ခံစားရတယ်။ " လင်းယွမ်က တွေးလိုက်သည်။

လွန်ခဲ့သော ငါးနှစ်ကတည်းက လင်းယွမ်က အချိန်နိယာမကို ခံစားမိခဲ့သော်လည်း ဖမ်းဆုပ်နိုင်ခြင်းမရှိသေးပေ။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် လင်းယွမ်အတွက် ခက်ခဲနေသည်။ အခြားနဝမအလွှာများက နှစ်ပေါင်း သိန်းချီ၊ သန်းချီ ကြာခဲ့သော်လည်း အချန်နိယာမ၏ အခြေခံကို နားလည်ရန် ခက်ခဲနေဆဖြစ်သည်။

" အချိန်..." လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်ပြီး သူ၏ လက်ဝါးပေါ်တွင် အချိန်စီးဆင်းမှု ဖြစ်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် လင်းယွမ်က အချိန်နိယာမကို တစ်ဘအတွင်း သို့မဟုတ် လအနည်းငယ်အတွင်း နားလည်တော့မည်ဟု သေချာခံစားနေရသည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက ၇၁မျှင် ရှိနေပြီ။ " လင်းယွမ်က ကျေနပ်စွာ ရေရွတ်လိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ။

ငါးနှစ်ကြာခရီးသွားပြီးနောက် လင်းယွမ်က အတွင်းဘက်ဒေသထဲသို့ ဝင်ရောက်လာသည်။

" ကောင်းကင်နဲ့ မြေကြီးရဲ့ အော်ရာက ပြောင်းလဲသွားတာလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို သတိထားပြီး ခံစားလိုက်သည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အပြင်ဘက်ဒေသက ပင်မစကြာဝဠာနှင့် မကွာခြားသော်လည်း အတွင်းဘက်ဒေသက ရှေးကျပြီး လေထုကို ပို၍ ဖိနှိပ်ထားသည်။

" ခေါ်သံက ပိုပြင်းလာတယ်။ " လင်းယွမ်က ခေါ်သံကို မျက်လုံးမှိတ်၍ နားထောင်နေပြီး အသံက ပို၍ ရှင်းလင်းလာသည်။

" ရွှမ်ဟွမ်..... ရွှမ်ဟွမ်..... ကြီးမြတ်တဲ့ရွှမ်ဟွမ် နောက်ဆုံးတော့ ပြန်လာခဲ့ပြီ။ "

ထိုခေါ်သံက အလွန်ရှေးကျပြီး အချိန်နှင့်လေဟာနယ်ကို ဖြတ်ကာ လင်းယွမ်၏ နားထဲသို့ ဝင်ရောက်လာသည်။

" ရွှမ်ဟွမ်...." လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။

" ရွှမ်ဟွမ်က နာမည်တစ်ခုလား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။ သူက ထိုခေါ်သံ၏ ဘာသာစကားကို တစ်ခါမှမကြားဖူးသော်လည်း အံ့ဩစရာကောင်းစွာပင် အဓိပ္ပါယ်ကို နားလည်နေသည်။

" ရှေ့ဆက်သွားမယ်။ "

လူသားမျိုးနွယ်နှင့် အခြားအထွတ်အထိပ်မျိုးနွယ်များက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအပေါ် နားလည်မှုမှာ အပေါ်ယံသာ ဖြစ်သည်။ ၎င်းက အခြားစကြာဝဠာခေတ်မှဆိုသည်မှာလည်း ထင်ကြေးတစ်ခုသာ ဖြစ်သည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ဒသမအလွှာအထက် အင်အားကြီးသူများကို ဝင်ရောက်ခွင့်မပြုသောကြောင့် သူတို့သိထားသည်မှာလည်း သဘာဝအတိုင်း ကန့်သတ်ထားလေသည်။

အတွင်းဘက်ဒေသကို ရောက်ပြီးနောက် လင်းယွမ်က အနည်းငယ် အရှိန်လျော့လိုက်သည်။

" ဟင် ဟိုဘက်ကလား။ " လင်းယွမ်က တစ်စုံတစ်ခုကို ခံစားမိပြီး ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။

ထိုနေရာတွင် လေထုက မငြိမ်မသက်ဖြစ်နေပြီး မီတာသိန်းချီကြီးမားသော ဒေသခံသက်ရှိတစ်ကောင်နှင့် အမြီးရှည်ရှိသော မျိုးနွယ်ခြားတို့ တိုက်ခိုက်နေကြသည်။

" အဲ့ဒီမျိုးနွယ်ခြားက လေဟာနယ်အလွှာ တစ်သန်းနဲ့ အထက်မှာ ရှိတာပဲ။ " လင်းယွမ်က အဝေးမှ လေ့လာနေသည်။ " အဲ့ဒီ ဒေသခံသက်ရှိကလည်း အရမ်းစွမ်းအားကြီးတယ်။ မျိုးနွယ်ခြားအောက်မနိမ့်ဘူး။ "

" ငါ တခြားဘက်ကသွားမယ်။ " လင်းယွမ်က ခဏကြည့်ပြီးနောက် တခြားဦးတည်ရာသို့ ပြောင်းလိုက်သည်။

ထိုမျိုးနွယ်ခြားက မိုလျိုဟုခေါ်ပြီး ကြယ်စကြာဝဠာမဟာမိတ်မှ အထူးသက်ရှိတစ်မျိုးဖြစ်သည်။ လုသားမျိုးနွယ်မဟာမိတ်နှင့် ကြယ်စကြာဝဠာမဟာမိတ်တို့ကြား ဆက်ဆံရေး သိပ်မကောင်းပေ။ လူသားမျိုးနွယ်က အထူးသက်ရှိများကို အသုံးပြုပြီး ဆင့်ကဲပြောင်းလဲခြင်းဆေးရည်များ ဖန်တီးသောကြောင့် ဖြစ်သည်။

လေဟာနယ်အလွှာ တစ်သန်းဖန်တီးထားသော မိုလျိုကို လင်းယွမ်က မကြောက်ပေ။ လွန်ခဲ့သော ငါးနှစ်ကပင် သူ၏ တိုက်ခိုက်ရေးစွမ်းအားကလည်း နဝမအလွှာ တစ်သန်းအဆင့်နှင့် ညီမျှနေပြီဖြစ်သည်။ သူက ပြဿနာမရှာလိုသောကြောင့်သာ ဖြစ်သည်။

ရက်အနည်းငယ် ကြာပြီးနောက် လင်းယွမ်၏ မျက်ခုံးများက တွန့်သွားသည်။

" ဒီနားမှ လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက် ရှိနေတာလား။ " လင်းယွမ်က ညာဘက်ကို မြှောက်လိုက်ရာ သူ၏ လက်ထဲတွင် အနက်ရောင်အပြားတစ်ခု ပေါ်လာသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သော ဆင့်ကဲပြောင်းလဲသူများကို လူသားမျိုးနွယ်က သတ်မှတ်ထားသော ဧရိယာအတွင်း လူသားဆင့်ကဲပြောင်းလဲသူများကို အာရုံခံနိုင်သော အနက်ရောင်ပြားကို ထုတ်ပေးခဲ့လေသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို အခြားအထွတ်အထိပ်မျိုးနွယ်များလည်း ဝင်ရောက်ကြသောကြောင့် ရတနာများကို ရယူနိုင်ရန်အတွက် အချင်းချင်း ပူးပေါင်းကူညီနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

" ရှီလန်လား။ " လင်းယွမ်က ထိုလူသားဆင့်ကဲပြောင်းလဲသူကို သိလေသည်။

မကြာသေးမီက လင်းယွမ် အလယ်ပိုင်းကြယ်နယ်မြေသို့ သွားချိန်တွင် ရှီလန်က လာရောက်ကြိုဆိုခဲ့ခြင်းဖြစ်သည်။

" ရှီလန်က လိုက်ခံနေရတဲ့ပုံပဲ။ " အနက်ရောင်ပြား၏ အာရုံခံမှုအရ လင်းယွမ်က ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။

လေဟာနယ်အလွှာများအတွင်း၌ ရှီလန်က အသည်းအသန် ထွက်ပြေးနေသည်။

" လူသား အဲ့ဒီရတနာကို လွှဲပေးရင် မင်းရဲ့ ကိုယ်ပွားကို လွှတ်ပေးမယ်။ " သူ၏ နောက်မှ လိုက်လာသော ကြီးမားသည့်သက်ရှိက ပြောလိုက်သည်။

" မဟုတ်ရင် မင်းရဲ့ ကိုယ်ပွားလည်း သေးရမယ်။ ရတနာကိုလည်း ဆုံးရှုံးရမယ်။ "

ရှီလန်က ဘာမှမပြောဘဲ ဆက်လက်ပြေးလွှားနေသည်။

" အဲ့ဒီအခွင့်အလမ်းနေရာကို ငါအရင်တွေ့ခဲ့တာပဲ။ မင်းတို့လူသားတွေ အရှက်မရှိကြဘူးလား။ " ကြီးမားသော သက်ရှိက အလွန်ဒေါသထွက်နေသည်။ " အခုချိန်ရတနာကို လွှဲပေးရင် ငါမင်းကို လွှတ်ပေးမယ်လို့ အာမခံတယ်။ "

သူက လေဟာနယ်အလွှာ ကိုးသိန်းကို ဖန်တီးထားပြီး အလွှာတစ်သန်းအဆင့်သို့ ရောက်ရန် အနည်းငယ်သာ လိုတော့လေသည်။ သူက ရတနာထွက်ပေါ်လာမည့်နေရာကို တွေ့ရှိထားပြီး အနီးတွင် စောင့်ကြည့်နေခဲ့သည်။ သို့သော် ရတနာထွက်ပေါ်လာချိန်တွင် ရှီလန်က ရတနာကို လုယူပြီး ထွက်ပြေးသွားခဲ့သည်။

" မင်းလုပ်နိုင်ရင် ငါ့ကို မီအောင်လိုက်လေ။ " ရှီလန်က ပြောလိုက်သည်။

ရတနာ၏ အသုံးဝင်ပုံကို သူမသိသော်လဘ်း အခွင့်အလမ်းနေရာပွင့်လာစဉ် ဖြစ်ပေါ်ခဲ့သော အံ့ဖွယ်ဖြစ်ရပ်က ရိုးရှင်းခြင်းမရှိပေ။ ထို့ကြောင့် ရှီလန်က သူဘာပြောပြော ဂရုစိုက်မည်မဟုတ်ပေ။ လက်ထဲရောက်လာပြီးသား ရတနာကို ပြန်ပေးရန် မဖြစ်နိုင်ပေ။

" ဒါပေမယ့် ဒါက ပြဿနာပဲ။ သူက ဒီလိုသာ ဆက်လိုက်နေရင် အခြေအနေတွေ ရှုပ်ထွေးသွားလိမ့်မယ်။ " ရှီလန်က အနည်းငယ် စိုးရိမ်နေသည်။

သူ၏ အရှိန်နှင့် သူက ဖမ်းမိမည်မဟုတ်သော်လည်း အနီးရှိ အခြားအင်အားကြီးသတ္တဝါများက သူတို့ကို သတိထားမိသွားနိုင်လေသည်။ သူတို့က မျိုးနွယ်ခြားများဖြစ်လျှင် ရှီလန်က ဒုက္ခရောက်သွားနိုင်လေသည်။

သူက အခြေအနေကို စဉ်းစားနေချိန်တွင် သူ၏ အတွင်းကမ္ဘာထဲရှိ အနက်ရောင်ပြားက အသံတစ်သံ ထွက်ပေါ်လာသည်။

" ရှီလန် အကူအညီလိုလား။ "

" နဂါးငွေ့တန်းကြယ်သခင်က ဒီနားမှာလား။ " ရှီလန်က အနည်းငယ် ကြောင်သွားပြီး အနက်ရောင်ပြားမှ အမည်ကို ကြည့်လိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင် မင်း အမြန်ပြေးတာကောင်းလိမ့်မယ်။ ရန်သူက မင်းကိုင်တွယ်နိုင်တဲ့သူမဟုတ်ဘူး။ " ရှီလန်က အနည်းငယ် စိုးရိမ်နေသော အသံနှင့် ပြောလိုက်သည်။

" ငါကိုယ်တွယ်နိုင်တဲ့သူ မဟုတ်ဘူးလား။ " လင်းယွမ်က ခဏတိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

" မင်းဘယ်မှာလဲ။ "

All Chapters