ထူးဆန်းသောပိုးချည် ဆင့်ပွားတာဝန် (အပိုင်း ၁)
Vol. 11 Ch. 156
ညခရီးသည်ခွေးပေါက်လေးကတကယ်တမ်း ဘယ်နေရာမှာ ရိုက်ကူးခဲ့လဲဆိုတာက ချန်ကျင်းထင်ရဲ့ ခန့်မှန်းချက်သာဖြစ်ပြီး သူလုံးဝသေချာနေတာမျိုးတော့ မဟုတ်ပါချေ။
ဒါပေမယ့် ဒီခန့်မှန်းချက်က စမ်းသပ်ကြည့်ဖို့တန်ပါတယ်။
ခဏတာစဉ်းစားပြီးနောက် ချန်ကျင်းထင်က ထောင့်တစ်နေရာက ရွှံ့အိုးတန်းဆီလျှောက်သွားပြီး အိုးတစ်လုံးကို ဖွင့်လိုက်တယ်။ ပြီးတော့ အထဲကို လက်နှိုက်ပြီး တစ်ခုခုကို ရောမွှေနေသလိုမျိုး လှည့်ပတ်မွှေနှောက်လိုက်တယ်။
ပြီးမှ အရမ်းကို စေးကပ်နေတဲ့ မည်းနက်နေတဲ့ အရည်အကျိအချွဲအလုံးကြီးကို ခပ်ထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်တယ်။ ဒီအရည်က ဧရာမဘီလူးကြီးတစ်ကောင်ကနေ ထွက်လာတဲ့ ချွဲကျိကျိအရည်လိုမျိုးပဲ။
သူ့နောက်က ရပ်နေတဲ့ ကလေးလေးက အဲဒီအမည်းရောင်အရည်ကို မြင်တော့ တုန်ယင်လာတယ်။ သူ့အတွင်းထဲက ဆန္ဒတစ်ခုက တိုးထွက်လာသလိုမျိုး၊ မျက်လုံးတွေ၊ နှာခေါင်း၊ နှုတ်ခမ်းထောင့်စွန်းတွေကနေ အစိမ်းရောင်အရည်တွေ ပိုပြီး စိမ့်ထွက်လာတယ်။
ချန်ကျင်းထင်က ကောင်လေးရဲ့ ပြောင်းလဲမှုတွေကို လျစ်လျူရှုထားပြီး ထိုင်ချလိုက်တယ်။ ပြီးတော့ သူ့ရဲ့လက်ညှိုးကိုဆန့်ထုတ်ကာ အဲဒီအကျိအချွဲအရည်ကို သေသေချာချာ သမအောင်လုပ်နေသလိုမျိုး မွှေနှောက်လိုက်တယ်။
ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ အထဲမှာ စာလုံးတွေရေးတော့တယ်။
ခဏလေးအတွင်းမှာပဲ “ယန်ကျွင်းဇဲ” ဆိုတဲ့ စာလုံးသုံးလုံးဟာ ထူထဲတဲ့ အရည်ထဲမှာ ရှုပ်ပွပြီး ရေးဆွဲပြီးသွားပါပြီ။
ချန်ကျင်းထင်က သူ့ရဲ့လက်ရာကိုကြည့်ပြီး ကျေနပ်ပုံရတယ်။ ပြီးတော့ ထရပ်လိုက်ပြီး စာလုံးသုံးလုံးကို မော့မကြည့်ဘဲ အခန်းထဲမှာရပ်နေတဲ့ ကောင်လေးကို “စူးကျယ်လေးရေ၊ မင်းတက်ရမယ့် အလှည့်ရောက်ပြီ။ ရှုပ်ပွနေတဲ့ ဗီဒီယိုကင်မရာတွေနဲ့ တခြားပစ္စည်းတွေကို ပြန်ယူလာဖို့ မမေ့နဲ့နော်” လို့ပြောလိုက်တယ်။
စူးကျယ်လို့ခေါ်တဲ့ ကောင်လေးဟာ အသံတိတ်ကာ အဲဒီအမည်းရောင်အချွဲတွေဆီ လျှောက်သွားတယ်။ သူ့ရဲ့တုန်ယင်မှုတွေက ပိုပြီးတော့ ပြင်းထန်လာတယ်။ အနားရောက်တော့ ရုတ်တရက် ကြမ်းပြင်ပေါ် ပြေးအိပ်ချလိုက်ပြီး တစ်ဂလုဂလုနဲ့ အငမ်းမရ စုပ်ယူမျိုချတော့တယ်။
မကြာခင်မှာပဲ အဲဒီအချွဲအရည်တွေအားလုံးကို သူ သန့်စင်အောင် လျှက်စားလိုက်ပြီး “ယန်ကျွင်းဇဲ” ဆိုတဲ့ စာလုံးသုံးလုံးဟာ သူ့ဗိုက်ထဲကို ရောက်သွားပါပြီ။
ချန်ကျင်းထင်က စူးကျယ်လေး ထရပ်တာကို အသံတိတ် စောင့်ကြည့်နေတယ်။ ပြီးတော့ ကလေးလေးဟာ ပြတင်းပေါက်ဘေးက နံရံပေါ်ကို အသံတိတ် ခုန်တက်ပြီး ပင့်ကူကြီးတစ်ကောင်လို တွယ်ကပ်လိုက်တယ်။ ပွင့်နေတဲ့ ပြတင်းပေါက်ကနေ အပြင်ကို အလျင်အမြန်တွားသွားပါတော့တယ်။
ဒုန်း ဒုန်း ဒုန်း...
အဲဒီအချိန်မှာပဲ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာတယ်။
ချန်ကျင်းထင် အနည်းငယ်လန့်သွားတယ်။ တံခါးဆီလျှောက်သွားပြီး တံခါးပေါက်ကနေ ချောင်းကြည့်လိုက်တယ်။ ပြီးတော့ မျက်မှောင်ကြုတ်ပြီး တံခါးဖွင့်လိုက်တယ်။
အပြင်မှာတော့ အသက်သုံးဆယ်ကျော်လောက်ရှိမယ့်၊ စိတ်ပျက်အားငယ်နေတဲ့ မျက်လုံးတွေနဲ့၊ မြေကြီးရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ရပ်နေပါတယ်။
ချန်ကျင်းထင် တံခါးဖွင့်ပြီးနောက်မှာတော့ သူမက စက်ရုပ်လိုမျိုး “ကျွန်မရဲ့ ကလေး၊ ကျွန်မရဲ့ ကလေး ပျောက်နေတယ်။ ခင်များ… ကျွန်မကလေးကို မြင်မိသေးလား” လို့ ပြောလိုက်တယ်။
“အာ၊ ဆောရီး၊ ကျွန်တော်မမြင်ပါဘူး” ချန်ကျင်းထင်က တံခါးကို ပိတ်တော့မလိုလုပ်နေတာကို ပြန်စဉ်းစားပြီး တံခါးကို အနည်းငယ်ပြန်ဖွင့်လိုက်ပြီး “ဒါက ခင်များ ကျွန်တော့်ကို လာမေးတာ ၃၇ ကြိမ်မြောက်ပါ။ နောက်တစ်ခါ ထပ်မဖြစ်စေချင်ပါဘူး။ မဟုတ်ရင် အိမ်နီးချင်းကို အနှောင့်အယှက်ပေးမှုနဲ့ ကျွန်တော် တိုင်ကြားပါမယ်။ ကျေးဇူးတင်ပါတယ်” လို့ ပြောလိုက်တယ်။
အမျိုးသမီးဟာ စိတ်ဓာတ်တွေ ပျောက်ဆုံးနေသလိုပဲ မျက်နှာသေနဲ့ အသံတိတ်လှည့်ထွက်သွားတယ်။ ဒါပေမယ့် သူမက ထွက်သွားတာမဟုတ်ဘဲ ချန်ကျင်းထင်ရဲ့ အခန်းရှေ့က တံခါးဆီသွားပြီး အိမ်နီးချင်းအိမ်ကို ခေါက်ပါတော့တယ်။
ချန်ကျင်းထင်က တံခါးကိုပိတ်ပြီး “ကလေးတစ်ယောက်ပဲ ရှိတာကို၊ ဒီအရွယ်နဲ့ နောက်တစ်ယောက်မယူနိုင်ဘူးလား။ တကယ် အရူးမပဲ” လို့ တိုးတိုးလေးရေရွတ်လိုက်တယ်။
...
လရောင်မရှိပေမယ့်လည်း ယန်ကျွင်းဇဲက ထီးတစ်ချောင်းယူပြီး အိမ်ကနေထွက်လာခဲ့တယ်။
ဒီတာဝန်ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ တောင်ဥယျာဉ်ထဲက မြေအောက်နေရာကို ရှာဖွေဖို့နဲ့၊ အဓိကတာဝန်ရဲ့ ဘော့စ် ဖြစ်တဲ့ ထူးဆန်းသောပိုးချည်ရဲ့ ဖန်တီးရှင်ကို မထိတွေ့ဘဲ၊ မိသားစုလေးခုကို ဆက်သွယ်ထားတဲ့ ထူးဆန်းသောပိုးချည်တွေကို ရှင်းလင်းပြီး ဆင့်ပွားတာဝန်ကို ပြီးမြောက်အောင် လုပ်ဖို့ပါ။
လောလောဆယ်တော့ သူက အဆင့်မြင့် ကြောက်လန့်ဖွယ်တာဝန်ဖြစ်တဲ့ ထူးဆန်းသောပိုးချည်ကို ပြီးမြောက်ဖို့ မစဉ်းစားသေးပါဘူး။
ဒါကို နောက်မှလုပ်ရမှာဖြစ်ပြီး၊ အနည်းဆုံးတော့ ကြယ်လေးပွင့် ဒါမှမဟုတ် ငါးပွင့် နတ်ဆိုးနှိမ်နင်းသူတွေက ထူးဆန်းသောပိုးချည်ရဲ့ နောက်ကွယ်က တရားခံကို ရှာဖွေပြီး မရှင်းလင်းမချင်းတော့ မလုပ်သေးပါဘူး။
ဒါမှမဟုတ်ရင် သူ့အလှည့်လည်း ရောက်မှာမဟုတ်ဘူးလေ။
အံ့ဖွယ်ခြံဝင်းရဲ့ လုံခြုံရေးခန်းမှာ လည်ပတ်ခွင့်စာရင်းသွင်းပြီးတဲ့နောက်၊ ပေါယွင်ကျင့်ရဲ့ မိသားစုဆီသွားရောက်ဖို့၊ ယန်ကျွင်းဇဲက အဲဒီညမှာ သူတို့ရဲ့ပြဿနာကို ဖြေရှင်းပေးမယ်လို့ ပြောဖို့ ပေါင်ယွင်ကျင့်တို့အိမ်ကို ပြေးသွားလေသည်
ည ၁၀ နာရီလောက်မှာ သူအိမ်ကနေထွက်ပြီး တောင်ကုန်းပန်းခြံအမှတ် ၂ ဆီကို ဦးတည်သွားတယ်။
အံ့ဖွယ်ခြံဝင်းလူနေရပ်ကွက်မှာ ညဘက်လှုပ်ရှားသွားလာနေတဲ့ လူတွေရှိနေသေးပေမယ့် အရေအတွက်က နည်းပါးပါတယ်။ တောင်ကုန်းပန်းခြံထဲ လှည့်လည်သွားလာရင်း လူတွေအမြင်ကနေ ရှောင်ရှားနိုင်ဖို့အတွက် ယန်ကျွင်းဇဲက အဲဒီနေ့မှာ အမည်းရောင်အားကစားဝတ်စုံကို ဝတ်ဆင်ထားခဲ့တယ်။
သူအရင်က ရှာဖွေထားတဲ့နေရာတွေကို လိုက်ပြီး ပန်းခြံရဲ့နောက်ဘက် ပိတ်ထားတဲ့ သံတံခါးဆီကို ကျွမ်းကျင်စွာနဲ့ ရောက်ရှိလာတယ်။
ဒီအချိန်မှာတော့ တံခါးရှေ့က မြေကွက်လပ်ဟာ လူသူကင်းမဲ့နေတယ်။ အဲဒီမှာ အဖိုးအိုတွေ၊ အဖွားအိုတွေဟာ အချိန်ကြာကြာကတည်းက လူစုကွဲသွားကြပြီဖြစ်ပေမယ့် မြေပြင်ပေါ်မှာ ကျန်နေတဲ့ အမှတ်အသားတွေကတော့ အရမ်းကို ရှင်းလင်းနေတုန်းပဲ။
တံခါးရှေ့မှာရပ်ပြီး ယန်ကျွင်းဇဲက အချိန်ကိုပြန်လှည့်နိုင်တဲ့ အစွမ်းကို အသက်ဝင်စေပြီး အဲဒါကို အဆက်မပြတ်လည်ပတ်နေစေတယ်။ ပြီးတော့ ကျောပိုးအိတ်ထဲက ကင်မရာကို ထုတ်ယူပြီး သူ့ရင်ဘတ်ပေါ်မှာ ချိတ်လိုက်တယ်။ ပြီးတော့ ဗီဒီယိုကင်မရာကို တံခါးကို မျက်နှာမူပြီး ကျောက်ပြားတစ်ခုပေါ် တင်လိုက်တယ်။
နောက်ပိုင်းမှာတော့ သယ်ဆောင်ရလွယ်တဲ့ သံဖြတ်ကတ်ကြေးတစ်စုံကို ထုတ်ယူပြီး တံခါးဆီကို ဖြည်းဖြည်းချင်းချဉ်းကပ်သွားတယ်။
တံခါးနားကိုရောက်လာချိန်၊ သံသော့ကို မဖြတ်ရသေးခင်မှာပဲ သူ့စိတ်ထဲကို တာဝန်သတင်းအချက်အလက်တစ်ခု ရုတ်တရက် ပေါ်လာတယ်။
[ထူးဆန်းသောပိုးချည်]
တာဝန်ရဲ့အကြောင်းအရာက သူအရင်တုန်းက ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တာနဲ့ အတိအကျတူညီနေပါတယ်။ ဒီနေရာက တာဝန်ထဲမှာ ဖော်ပြထားတဲ့ မြေအောက်နေရာ ဖြစ်ပုံရပါတယ်။
ဒါပေမယ့် ဒီအချိန်မှာ ယန်ကျွင်းဇဲက နည်းနည်းလေး တုံ့ဆိုင်းသွားတယ်။ သူ တံခါးကိုဖွင့်လိုက်ရင် အဓိကတာဝန်ကို တစ်ပြိုင်နက်တည်း အစပျိုးမိသွားမလားဆိုတာ စဉ်းစားနေတယ်။
ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ တာဝန်သတိပေးချက်ထဲမှာ ဆင့်ပွားတာဝန်လေးခု ပါဝင်နေတာမို့ သတိထားမယ်ဆိုရင် ဆင့်ပွားတာဝန်တွေကို သီးခြားစီ ပြီးမြောက်နိုင်တယ်ဆိုတာကို ပြသနေတယ်။
အရမ်းအန္တရာယ်များလာရင် အချိန်ကို နောက်ပြန်လှည့်ပြီး နောက်ထပ်နည်းဗျူဟာတစ်ခုကို ပြန်စဉ်းစားလို့ရတယ်။
သံဖြတ်ကတ်ကြေးကို မြှောက်ပြီး သံသော့ကို ညှပ်လိုက်တယ်။ တစ်ဖျပ်ဖျပ်ဆိုတဲ့ အသံနဲ့အတူ သော့က အလွယ်တကူ ဖြတ်တောက်သွားတယ်။
ယန်ကျွင်းဇဲက သံဖြတ်ကတ်ကြေးကို သူ့နောက်က မြေပြင်ပေါ် ချလိုက်တယ်။ ကျိုးနေတဲ့ သော့ကို ညင်သာစွာ ဖယ်လိုက်ပြီး ဂရုတစိုက် ကိုင်တွယ်လိုက်တယ်။ ပြီးတော့ တံခါးရဲ့ ညာဘက်ခြမ်းကို ဆွဲပြီး ဖြည်းဖြည်းချင်း အပြင်ဘက်ကို ဖွင့်လိုက်တယ်။
သူ့အတွက် အံ့သြစရာကောင်းတာကတော့ သံတံခါးဖွင့်တဲ့အခါ အသံမထွက်ဘဲ အရမ်းကို တိတ်ဆိတ်နေတာပါပဲ။
သံတံခါးကို ဖွင့်လိုက်တော့ ဘာမှမမြင်ရတဲ့ မည်းမည်းမှောင်မှောင် နေရာတစ်ခု ပေါ်လာတယ်။
ဟုတ်ပေသည်၊ ဒီအရာကတော့ ထက်မြက်တဲ့ ယန်ကျွင်းဇဲကို စိတ်မလှုပ်ရှားစေနိုင်ပါဘူး။ သူက ဓာတ်မီးနှစ်ခုကို ထုတ်ယူပြီး နှစ်ခုလုံးကို ဖွင့်လိုက်တယ်။ တစ်ခုကို သူ့ခါးမှာ ချိတ်ထားပြီး ကျန်တစ်ခုကို သူ့ရဲ့ဘယ်ဘက်လက်နဲ့ ကိုင်ထားတယ်။
ပြီးတော့ ညာဘက်လက်နဲ့ တူကို ကိုင်လိုက်သည်။
သူက လျှာရှည်ကျန်းကျန်း နဲ့ တွားသွားသတ္တဝါကို ထပ်မထုတ်တော့ဖို့ စဉ်းစားထားတယ်။ ဒါက ရှောင်လွှဲလို့မရပေ။ ထူးဆန်းသောပိုးချည်ရဲ့ နောက်ကွယ်က လူကို ရင်ဆိုင်ပြီးနောက်မှာ သူတို့ရဲ့အဆင့်က အရမ်းနိမ့်နေပြီး အကူအညီဖြစ်မယ့်အစား ဒုက္ခပိုပေးတာကို ဖော်ပြနေတာကလွဲလို့ သူတို့က အသုံးမဝင်သလောက်ကို ဖြစ်နေတာပဲ။
လောလောဆယ်တော့ ယန်ကျွင်းဇဲက ဒီကိစ္စအတွက် နောက်ပြန်လှည့်နိုင်တဲ့ စွမ်းအင်တွေကို မဖြုန်းတီးချင်ပါဘူး။ ဘာလို့လဲဆိုတော့ တာဝန်သတိပေးချက်က ရှင်းနေလို့ပါ။ “အဲဒါကို” မနှိုးဆွခင်မှာ နောက်ပြန်လှည့်နိုင်တဲ့စွမ်းအင် အလုံအလောက်ရှိရမယ်လို့ ပြောထားလေသည်။
တံခါးနားက မှောင်နေတဲ့ နေရာမှာ ရှုပ်ပွနေတဲ့ စားပွဲတွေ၊ ကုလားထိုင်တွေ အများကြီးထားထားသည်။ ဒီစားပွဲတွေ၊ ကုလားထိုင်တွေရဲ့ အများစုက ပျက်စီးနေပါပြီ။ စွန့်ပစ်ထားတဲ့ သစ်သားသေတ္တာတွေ၊ တောင်ဥယျာဉ်ဆောက်လုပ်ချိန်က ကျန်ရှိခဲ့တဲ့ ဆောက်လုပ်ရေး အမှိုက်တွေ၊ သံချေးတက်နေတဲ့ ပိုက်တွေနဲ့ စွန့်ပစ်ထားတဲ့ အလှဆင်ပစ္စည်းတွေ အပါအဝင် အခြားပစ္စည်းတွေလည်း ရှိနေသည်။
အပြင်ကနေကြည့်ရင် အထဲမှာ ဘာတွေရှိလဲဆိုတာ မပြောနိုင်ပေမယ့် ယန်ကျွင်းဇဲက ဒီမြေအောက်နေရာဟာ မြင်ရတာထက် ပိုကျယ်ပြီး ပိုနက်ရှိုင်းတယ်လို့ အတွင်းစိတ်ကနေ သိနေလေသည်။
ပစ္စည်းအများအပြားကို ထူထဲတဲ့ ဖုန်အလွှာတွေ ဖုံးအုပ်ထားပြီး ပင့်ကူအိမ်တွေလည်း အပြည့်ရှိနေသည်။
ယန်ကျွင်းဇဲက ကြိုတင်ပြင်ဆင်ထားတဲ့ မျက်နှာဖုံးကို ဝတ်ဆင်လိုက်ပြီး စားပွဲတွေ၊ ကုလားထိုင်တွေကို ရှောင်ကွင်းပြီး စွန့်ပစ်ထားတဲ့ ဆောက်လုပ်ရေးအပျက်အစီးတွေပေါ် ခြေချပြီး အတွင်းဘက်ကို လျှောက်သွားတယ်။
သူ့လက်နဲ့ ခါးက ဓာတ်မီးတွေကနေ ထွက်လာတဲ့ အလင်းရောင်ဟာ တံခါးနားကနေ လေးငါးလှမ်းလောက် ဝင်ပြီးတဲ့နောက်မှာတော့ အပြင်ဘက်ကနေ မမြင်ရတော့ပါဘူး။
သူဟာ ချက်ချင်းဆိုသလို မှောင်မိုက်မှုက ဝါးမြိုသွားသလိုမျိုးပါပဲ။
တစ်ချိန်တည်းမှာပဲ ပင့်ကူတစ်ကောင်လို တွားသွားနေတဲ့ သေးငယ်ပြီး ညှိုးခြောက်နေတဲ့ ခန္ဓာကိုယ်လေးဟာ ဒီမြေအောက်နေရာရဲ့ ပွင့်နေတဲ့ တံခါးပေါက်နားကို ချဉ်းကပ်လာတယ်။
ဒါပေမယ့် သံတံခါးနားကို ချဉ်းကပ်ခါနီးမှာပဲ ဒီခရမ်းစိမ်းရောင် ခန္ဓာကိုယ်လေး ရုတ်တရက် တုန်ယင်သွားပြီး အလွန်အမင်း ကြောက်လန့်တကြားနဲ့ ဆယ်လှမ်းကျော်လောက် နောက်ဆုတ်သွားတယ်။ ပြီးတော့ ကြီးမားတဲ့ ကျောက်ပြားကြီးရဲ့နောက်မှာ ကြောက်ရွံ့စွာ ပုန်းကွယ်နေတယ်။
အဲဒီနောက်တော့ တိတ်ဆိတ်စွာနဲ့ပဲ ထပ်ပြီးမလှုပ်ရှားတော့ပါဘူး။
ဒီကြီးမားတဲ့ ကျောက်ပြားကြီးပေါ်မှာတော့ ဖွင့်ထားတဲ့အိတ်ဆောင် ဗီဒီယိုကင်မရာတစ်ခုရှိပြီး အဲဒီကင်မရာရဲ့ မှန်ဘီလူးက တံခါးကို တည့်တည့်ချိန်ရွယ်ထားလေသည်။