← Chapters

ထူးဆန်းသောပိုးချည် ဆင့်ပွားတာဝန် (အပိုင်း ၂)

Vol. 11 Ch. 157

ထူးဆန်းသောပိုးချည် ဆင့်ပွားတာဝန် (အပိုင်း ၂)

Vol. 11 Ch. 157

ယန်ကျွင်းဇဲက ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

ဒီနေရာက ပစ္စည်းတွေက ရှုပ်ပွနေပြီး သွားလာရခက်ခဲတာကြောင့် ဘေးတိုက်တိုးဝှေ့သွားရတာမျိုး ဒါမှမဟုတ် အပေါ်ကနေ တက်ပြီးမှ ဆင်းလာရတာမျိုးတွေ ဖြစ်နေသည်။

ဒီ “တောင်” ကို ဖြတ်ဖို့ မိနစ်နှစ်ဆယ်နီးပါး အချိန်ယူလိုက်ရတော့ သူ့အသက်ရှူသံက မမှန်မကန်ဖြစ်လာခဲ့သည်။

ယန်ကျွင်းဇဲ ခဏနားပြီး ဓာတ်မီးကို ရှေ့တည့်တည့်ဆီ ထိုးလိုက်သည်။

ဒါပေမယ့် တစ်ချက်ကြည့်လိုက်တာနဲ့ သူအလွန်တုန်လှုပ်သွားမိသည်။

ရှေ့မှာ သွားစရာလမ်း မရှိတော့ပေ။

တောင်ကုန်းပန်းခြံရဲ့ မြေအောက်နေရာက ဒီလောက်ပဲ ကျယ်ဝန်းတာ!

ပစ္စည်းတွေထားတဲ့ ဘက်နောက်မှာတော့ နံရံတစ်ခုရှိပြီး၊ အဲဒီနံရံမှာ ရေတွေစိုပြီး ရေညှိတွေ အများကြီး ကပ်နေသည်။

နောက်ထပ် ဘာနေရာမှ မရှိတော့ဘူး။

ယန်ကျွင်းဇဲက ဒီနံရံနောက်မှာတော့ တောင်ကို မတူးရသေးတဲ့နေရာ ဖြစ်လိမ့်မယ်လို့ ယူဆထားသည်။

“ဘာဖြစ်တာလဲ”

လက်လျှော့ဖို့ မစဉ်းစားသေးဘဲ သူဓာတ်မီးနှစ်ခုစလုံးကို ထုတ်ပြီး နေရာတိုင်းကို လိုက်ရှာကြည့်သည်။

မကြာခင်မှာပဲ စုပုံထားတဲ့ သစ်သားသေတ္တာတွေအောက်မှာ ထူးဆန်းတဲ့တစ်ခုခုကို သူသတိထားမိလိုက်သည်။ ဒါကို ပိုနီးနီးကပ်ကပ်ကြည့်ဖို့ဆိုရင် ဒီသေတ္တာတွေကို အရင်ရွှေ့ရမယ်။

သေတ္တာတွေက တော်တော်မြင့်မြင့် စုပုံထားပြီး ယန်ကျွင်းဇဲထက် ခေါင်းတစ်လုံးလောက် ပိုမြင့်သည်။

သူက ခိုင်ခံ့တဲ့ ခုံတစ်လုံးပေါ် တက်ရပ်လိုက်ပြီး သေတ္တာထဲက ပစ္စည်းတွေကို စစ်ကြည့်တော့ အံ့အားသင့်သွားသည်။ သံချေးတက်နေတဲ့ ဝက်အူလှည့်တွေ အပြည့်!

ဘယ်တတ်နိုင်မလဲ၊ လေးနေပေမယ့်လည်း အောက်ကို ဆွဲချရတော့မှာပေါ့။

ဒါပေမယ့် တစ်ယောက်တည်းဆိုရင် ဘယ်တော့ပြီးမလဲ မသိနိုင်ဘူး။ လက်မောင်းအားနဲ့ ဝက်အူလှည့်တွေအပြည့်ပါတဲ့ သစ်သားသေတ္တာတစ်လုံးကို ချနိုင်မယ်လို့ သူမထင်ဘူး။

ခဏစဉ်းစားပြီးနောက် ယန်ကျွင်းဇဲက တွားသွားမ‌ ကောင်းဆိုးရွားကို ထုတ်လိုက်သည်။

အပြင်ရောက်လာတော့ ပုံမှန်လိုပဲ ဘာသိဘာသာမျက်နှာထားနဲ့၊ ပိုပြီးရှည်လာတဲ့ ဆံပင်ကြောင့် ပိုထင်ရှားတဲ့ တစ်ဖက်လှန်ဆံပင်နဲ့၊ မျက်နှာကလည်း ပိုဝိုင်းလာပြီး အရေပြားကလည်း အရမ်းမတွဲတော့ပေ။

ပုံထားတဲ့ သေတ္တာတွေကို လက်ညှိုးထိုးပြပြီး ယန်ကျွင်းဇဲက “ဒီသေတ္တာတွေ အကုန်လုံးကို အမြန်ဆုံး ဖယ်လိုက်စမ်း” လို့ ပြောလိုက်သည်။

တွားသွားမကောင်းဆိုးရွားက သေတ္တာတွေအပေါ်ကို မော့ကြည့်ပြီး သူ့ရဲ့ တစ်ဖက်လှန်ဆံပင်ကို ယိမ်းထိုးလိုက်သည်။ ယန်ကျွင်းဇဲက ဒီမြင်ကွင်းကိုကြည့်ပြီး သူ့ကိုရိုက်ချင်တဲ့စိတ်ကို အောင့်အီးထားရင်း တိတ်တဆိတ် အံကြိတ်လိုက်မိသည်။

ပြီးမှ တွားသွားမကောင်းဆိုးရွားရဲ့ ခွနအားတွေက ထွက်လာပြီး အပေါ်ဆုံးက ဝက်အူလှည့်သေတ္တာကို အလွယ်တကူ ရစ်ပတ်ပြီး မြေပြင်ပေါ်ကို ရွှေ့ချလိုက်သည်။

ယန်ကျွင်းဇဲက သူ့ရဲ့ “ချုပ်‌နှောင်ခြင်းခြင်း ထူးဆန်းမှု” နှစ်ခုစလုံးမှာ ထူးခြားတဲ့ စွမ်းရည်တစ်ခုဖြစ်တဲ့ လျှာစွမ်းရည်ရှိနေတယ်လို့ အစကတည်းက သံသယရှိခဲ့သည်။

လျှာရှည်ကျန်းကျန်းကလည်း ဒီလိုပဲ၊ တွားသွားမကောင်းဆိုးရွားလည်း ဒီလိုပဲ။

ဟုတ်ပါတယ်၊ သူတို့ရဲ့ တိုက်ခိုက်မှုတွေကတော့ မတူပါဘူး။ တွားသွားမကောင်းဆိုးရွားရဲ့ လျှာက လိမ္မာပါးနပ်ပြီး ရစ်ပတ်တာ၊ လှိမ့်တာ၊ ပစ်ချတာစတဲ့ ပျော့ပျောင်းတဲ့ တိုက်ခိုက်မှုတွေကို ကြိုက်နှစ်သက်သည်။

တစ်ဖက်မှာတော့ လျှာရှည်ကျန်းကျန်းကတော့ တည့်တိုးတိုက်ခိုက်တတ်သည်။ သူမရဲ့လျှာက တိုက်ခိုက်တာနဲ့ ထိုးဖောက်တာကို အာရုံစိုက်ပြီး ပြောင်းလွယ်ပြင်လွယ်မရှိပေမယ့် ဖျက်ဆီးနိုင်စွမ်းကတော့ အလွန်အမင်း ကြီးမားသည်။

ယန်ကျွင်းဇဲကသာ အခု လျှာရှည်ကျန်းကျန်းကို ထုတ်လိုက်မယ်ဆိုရင် သေတ္တာတွေကို ရွှေ့တာတင်မဟုတ်ဘဲ သူမရဲ့ရှည်လျားတဲ့လျှာနဲ့ ရိုက်ခွဲပစ်လိုက်ပြီး ဝက်အူလှည့်တွေကို ဟိုဒီပြန့်ကျဲစေကာ ပြဿနာကို အင်အားသုံးဖြေရှင်းလိုက်လိမ့်မယ်။

ခဏလေးအတွင်းမှာပဲ တွားသွားမကောင်းဆိုးရွားက သူ့ရဲ့လျှာနဲ့ သစ်သားသေတ္တာငါးလုံးလုံးကို ဖယ်ရှားပေးလိုက်ပြီး ထိရောက်မှုကလည်း အံ့မခန်းပဲ။ ဘာအခကြေးငွေမှလည်း မတောင်းဘူး၊ တကယ်ကို သင်တန်းသား အရည်အချင်းပဲ။

ယန်ကျွင်းဇဲက အရမ်းကို ကျေနပ်နေသည်။

ဒါပေမယ့် လက်ခံရခက်တဲ့အရာတစ်ခုရှိတယ်၊ သတ္တဝါက သူ့လျှာနဲ့ သေတ္တာတစ်လုံးကို ရွှေ့လိုက်တိုင်း သူ့ရဲ့တစ်ဖက်လှန်ဆံပင်ကို အလိုလို ယိမ်းလိုက်တတ်တာပဲ။ ဒါက ယန်ကျွင်းဇဲကို သူ့တူကိုင်ပြီး ရိုက်ချင်စိတ် ပေါက်အောင် လုပ်နေသလိုပဲ။

နောက်ဆုံး သစ်သားသေတ္တာကို ရွှေ့ပြီးနောက် တွားသွားမကောင်းဆိုးရွားက ချီးကျူးခံရမလိုလိုနဲ့ ချက်ချင်း ယန်ကျွင်းဇဲကို ကြည့်လိုက်သည်။

ဒါပေမယ့် နောက်တစ်စက္ကန့်မှာတော့ သူ့အကြည့်က ပြောင်းသွားပြီး သေတ္တာကို ရွှေ့လိုက်တဲ့ ထောင့်နားက အမည်းရောင် အပေါက်တစ်ခုဆီကို အာရုံစိုက်လိုက်သည်။

အပေါက်က ကားတာယာတစ်လုံးရဲ့ အရွယ်အစားလောက်ရှိပြီး သစ်သားသေတ္တာနဲ့ ကွယ်နေပေမယ့် သူ့ရဲ့ပုံသဏ္ဌာန်ကို ခန့်မှန်းလို့ရသေးသည်။ ဒါက ယန်ကျွင်းဇဲ အခုနက သတိထားမိခဲ့တဲ့ ထူးဆန်းတဲ့အရာပဲ။

တွားသွားမကောင်းဆိုးရွားက ဒီအပေါက်ကို ကြည့်ပြီးတာနဲ့ ချက်ချင်းပဲ ကြောက်လန့်တကြားဖြစ်သွားပြီး တစ်ခုခုဆီက ထွက်ပြေးနေသလိုမျိုး လန့်ဖြန့်စွာ ယန်ကျွင်းဇဲဆီကို တွားသွားတော့သည်။

ဟုတ်ပေသည်၊ တွားသွားမကောင်းဆိုးရွားက တုံ့ပြန်မှုနှေးတာကြောင့် အပေါက်တစ်ခုလုံး ပေါ်လာမှ အန္တရာယ်ကို သတိထားမိတာပဲဆိုတာ ယန်ကျွင်းဇဲ မသိလိုက်ပါပေ။

တစ်ချိန်တည်းမှာပဲ မြေအောက်နေရာရဲ့ တံခါးဝအပြင်ဘက်မှာ စောင့်နေတဲ့ သတ္တဝါကတော့ တံခါးနားရောက်တာနဲ့ ချက်ချင်းအာရုံခံမိလိုက်သည်။ဒီအချက်ကကြည့်ရင် သူ့ရဲ့ အာရုံခံနိုင်စွမ်းက “တွားသွားမကောင်းဆိုးရွား”ထက် အများကြီး သာလွန်နေတာကို ပြသနေသည်။

ဒါပေမယ့် နောက်ကျသွားပါပြီ။

တွားသွားမကောင်းဆိုးရွားက ယန်ကျွင်းဇဲနဲ့ သုံးမီတာအကွာမှာ ရှိနေချိန်မှာပဲ၊ သူ့နောက်ကနေ တစ်စုံတစ်ခုက ဆွဲလိုက်သလိုမျိုး ရုတ်တရက် တုန်ယင်သွားတယ်။ ပြီးတော့ သူ့ပါးစပ်က အသံမထွက်ဘဲ အော်ဟစ်လိုက်ပြီး အပေါက်ထဲကို ဝုန်းခနဲ ဆွဲခေါ်သွားခံလိုက်ရသည်။

အဲဒီနောက် အပေါက်ထဲကနေ ဒုန်းခနဲ ဒုန်းခနဲဆိုတဲ့ အသံတွေဟာ အောက်ကို အဆုံးအထိ လှိမ့်ကျသွားသလိုမျိုး ထွက်ပေါ်လာပြီး အသံတွေ တိတ်ဆိတ်သွားတယ်။

ဖြစ်ပျက်သွားတာတွေက ရုတ်တရက်နဲ့ အရမ်းမြန်လွန်းတာကြောင့် ယန်ကျွင်းဇဲက ဘာမှတုံ့ပြန်ချိန်မရလိုက်ဘဲ ကြောင်တောင်တောင် ဖြစ်သွားသည်။

ဒါ့အပြင် တွားသွားမကောင်းဆိုးရွားကို အပေါက်ထဲ မဆွဲသွင်းခံရခင် သူ့နောက်မှာ ဘာမှမရှိဘူးဆိုတာကို သူသတိထားမိလိုက်သည်။ ရုတ်တရက် ဆွဲငင်အားတစ်ခု ပေါ်လာပြီး သူ့ကို အတွင်းထဲ ဆွဲခေါ်သွားသလိုမျိုးပဲ။

အဲဒီတစ်စက္ကန့်မှာ ယန်ကျွင်းဇဲက အပေါက်ထဲဝင်သွားတဲ့ သတ္တဝါရဲ့ ကံကြမ္မာဟာ ကံကောင်းတာထက် ကံဆိုးတာက ပိုများတယ်ဆိုတာကို သံသယမရှိတော့ဘူး။

မဟုတ်ဘူး၊ ခဏစဉ်းစားပြီးနောက် တစ်ဖက်လှန်ဆံပင်ကို ကြိုက်တဲ့ ဒီသတ္တဝါကို ဒီမှာ သေဆုံးခွင့်မပြုနိုင်ဘူး။

ယန်ကျွင်းဇဲက “အချိန်နောက်ပြန်ရစ်ခြင်း”ကို အသက်ဝင်စေလိုက်သည်။

အချိန်နောက်ပြန်ရစ်ချိန်ကို တွားသွားမကောင်းဆိုးရွားက ဒုတိယမြောက်သေတ္တာကို ရွှေ့နေတဲ့အချိန်ကို သတ်မှတ်လိုက်သည်။

“ဒီလောက်ဆို ရပြီ။”

တွားသွားမကောင်းဆိုးရွားက သူ့ရဲ့လျှာနဲ့ နောက်ဆုံးသစ်သားသေတ္တာကို ရွှေ့တော့မယ့်အချိန်မှာ ယန်ကျွင်းဇဲက ချက်ချင်းရပ်တန့်လိုက်သည်။

“မင်း တစ်ခုခုကြောက်စရာကောင်းတာကို ကြိုသိတာမျိုး မရှိဘူးလား” ယန်ကျွင်းဇဲက သူ့ကို စိုက်ကြည့်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။

တွားသွားမကောင်းဆိုးရွားကတော့ ဘာမှန်းမသိသေးသလိုပဲ ခေါင်းကိုလှည့်ပတ်ကြည့်ပြီး ခေါင်းခါပြလိုက်သည်။

“ထားလိုက်ပါတော့၊ တုံးအတာက မင်းရဲ့ဆောင်ပုဒ်ဖြစ်ရမယ်၊ တစ်ဖက်လှန်ဆံပင်က မင်းရဲ့ထူးခြားတဲ့ သင်္ကေတပဲ။ အထဲအရင်ဝင်လာ” ယန်ကျွင်းဇဲက စိတ်ပျက်အားလျှော့စွာနဲ့ “တွားသွားမကောင်းဆိုးရွား”ကို စောစီးစွာ “ဆုံမှတ်”ထဲကို ထည့်လိုက်သည်။

နောက်ဆုံးသေတ္တာက သူ့အတွက် အတားအဆီး မဟုတ်တော့ပေ။

ဝက်အူလှည့်တွေနဲ့ သံအစရှိတဲ့ ပစ္စည်းတွေ အပြည့်ပါတဲ့ အဲဒီသစ်သားသေတ္တာက အရမ်းလေးလွန်းလို့ မ,ဖို့မလွယ်ဘဲ ဆွဲယူရမယ်။

အားစိုက်ထုတ်ပြီးနောက် ယန်ကျွင်းဇဲက သေတ္တာကို ဘေးကိုဆွဲဖယ်လိုက်တော့ နံရံထောင့်မှာရှိတဲ့ အပေါက်တစ်ခုလုံး ပေါ်လာသည်။

တွားသွားမကောင်းဆိုးရွားနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကို ထည့်စဉ်းစားပြီး သူချက်ချင်း မချဉ်းကပ်သေးဘဲ အကွာအဝေးတစ်ခုကနေ ပတ်ဝန်းကျင်ကို သေချာခံစားကြည့်တော့ ထူးခြားမှုမရှိဘူးလို့ တွေ့ရသည်။

ဒီအပေါက်က “ထူးဆန်းမှုတွေ”ကိုသာ အန္တရာယ်ပြုတာ ဖြစ်နိုင်သညိ။ လုံခြုံတယ်လို့ သေချာပြီးနောက် ယန်ကျွင်းဇဲက ဖြည်းဖြည်းချင်း အပေါက်နားကို ချဉ်းကပ်သွားပြီး အောက်ကိုလှဲချကာ ဓာတ်မီးနဲ့ အတွင်းကို ထိုးကြည့်လိုက်သည်။

အတွင်းက အရမ်းနက်ရှိုင်းနေပြီး နည်းနည်းလေး စောင်းနေသည်။ ငါးမီတာမပြည့်ခင်မှာပဲ ကွေးသွားတာကြောင့် အဆုံးကို မမြင်ရတော့ပေ။

ငါးစက္ကန့်မပြည့်တပြည့် တုံ့ဆိုင်းပြီးနောက် ယန်ကျွင်းဇဲက သူ့ရဲ့ ကျောပိုးအိတ်ကို ချထားပြီး၊ ဓာတ်မီး၊ မီးခြစ်၊ ဂေါ်ပြားတစ်ချောင်းကို ယူကာ အပေါက်ထဲ တွားဝင်သွားတော့သည်။

အပေါက်ရဲ့အချင်းက ကားတာယာတစ်ခုလောက်ရှိပြီး ယန်ကျွင်းဇဲ တွားသွားဖို့ လုံလောက်စွာကျယ်တယ်။ ဒါပေမယ့် ကျောပိုးအိတ်ကိုယူသွားဖို့တော့ ခက်ခဲလိမ့်မယ်။

ပတ်ဝန်းကျင်က စိုစွတ်နေတာကြောင့် ယန်ကျွင်းဇဲရဲ့ အဝတ်တွေက မကြာခင်မှာပဲ စိုစွတ်ကုန်တယ်။ ဒါပေမယ့် သူရပ်မနေဘဲ ဥမင်ထဲ တွားသွားရင်း အရှိန်မြှင့်လိုက်သည်။ အကွေ့ပေါင်းများစွာကို ဖြတ်ကျော်ပြီးပေမယ့် ဓာတ်မီးရောင်ထဲမှာ အဆုံးကို မမြင်ရသေးပေ။

ထပ်တွားသွားတော့ နေရာက နည်းနည်းလေး ကျဉ်းလာသလို ခံစားရပြီး ဖော်ပြမရတဲ့ ဖိအားတစ်ခုကို ခံစားရတယ်။

အဲဒီအချိန်မှာပဲ ယန်ကျွင်းဇဲ ရုတ်တရက် ရပ်လိုက်ပြီး ခေါင်းကိုမော့ကာ ရှေ့ကို ဓာတ်မီးထိုးလိုက်သည်။

အဲဒီမှာတော့ ဥမင်ရဲ့ရှေ့မှာ တစ်စုံတစ်ယောက်က သူ့ဘက်ကို မျက်နှာမူပြီး ခေါင်းငုံ့ကာ လုံးဝမလှုပ်မယှက်လဲလျောင်းနေတာကို တွေ့လိုက်ရလေသည်။

All Chapters