← Chapters

ထူးဆန်းသောပိုးချည် ဆင့်ပွားတာဝန် (အပိုင်း ၃)

Vol. 11 Ch. 158

ထူးဆန်းသောပိုးချည် ဆင့်ပွားတာဝန် (အပိုင်း ၃)

Vol. 11 Ch. 158

ယန်ကျွင်းဇဲက အရှေ့မှာ လဲလျောင်းနေတဲ့ ပုံရိပ်က တကယ်လူတစ်ယောက်လား၊ ဒါမှမဟုတ် မှောင်မိုက်တဲ့ ဥမင်ထဲမှာ တွားသွားနေရင်း သူမြင်ရတဲ့ မြင်ယောင်မှုတစ်ခုလားဆိုတာ သေချာအောင် ဓာတ်မီးကို ပိုနီးကပ်ပြီး စူးစမ်းလိုက်သည်။

ဓာတ်မီးရောင်အောက်မှာ သူရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အရှေ့မှာ တကယ်ပဲ လူတစ်ယောက်ရှိနေသည်။

အဲဒီလူက ပိန်ပိန်ညှောင်ညှောင်နဲ့၊ အဝတ်တွေက ပြဲစုတ်နေပြီး၊ ယန်ကျွင်းဇဲဘက်ကို မျက်နှာမူပြီး မလှုပ်မယှက် လဲလျောင်းနေသည်။

ဓာတ်မီးကို ဥမင်တစ်ဝိုက် လှည့်လိုက်တော့ ယန်ကျွင်းဇဲဟာ သူနဲ့ ထူးဆန်းတဲ့လူကြားထဲမှာ လမ်းခွဲတစ်ခု ရှိနေတာကို သတိထားမိလိုက်သည်။ ဒီလမ်းခွဲက ဘယ်ကို ဦးတည်နေလဲဆိုတာတော့ မသိရသေးပေ။

လူရဲ့နောက်မှာတော့ သေးငယ်တဲ့ “ရေပုပ်အိုင်”တစ်ခုရှိပြီး ထွက်ပေါက်မရှိပေ။ လေထဲမှာလည်း နံစော်နေတဲ့ အနံ့အသက်တစ်ခု ပျံ့နှံ့နေသည်။

အခြေအနေကို ကြည့်ခြင်းအားဖြင့် ဒီလူက အသက်ရှင်နေဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ထင်ရသည်။

အသံတိတ်နေတဲ့ ဥမင်ထဲမှာ၊ ကျဉ်းမြောင်းတဲ့နေရာထဲမှာ၊ သူ့အရှေ့မှာ ပုပ်ပွနေတဲ့ အလောင်းတစ်ခုရှိနေတာကြောင့် ယန်ကျွင်းဇဲရဲ့ နှလုံးသားထဲမှာ မကောင်းတဲ့အအတွေးတွေ ပေါ်လာသည်။

သူတစ်မိနစ်လောက် မလှုပ်မယှက်နေပြီး တိတ်တဆိတ်စောင့်ကြည့်လိုက်သည်။ ဘာမှထူးခြားမှုမရှိဘူးလို့ ခံစားရမှ သူထပ်ပြီး တွားသွားတော့သည်။ လမ်းခွဲထဲကို ချိုးဝင်ဖို့ စီစဉ်လိုက်သည်။

ဒီတစ်ခါတော့ သူအလျင်စလို မသွားရဲတော့‌ပေ။အသံတွေအရမ်းထွက်မှာစိုးလို့ဖြစ်သည်။ အနားမှာရှိနေတဲ့ အလောင်းကလည်း ဘာမှန်းမသိသေးတာကြောင့် သတိထားတာ အကောင်းဆုံးဖြစ်ပေသည်။

ယန်ကျွင်းဇဲ အနည်းငယ်တွားသွားလိုက်ချိန်မှာပဲ အရှေ့ကနေ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

“အား… အား… အား…”

လည်ချောင်းထဲက ထူးဆန်းပြီး တုန်ယင်နေတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။

ယန်ကျွင်းဇဲ ဓာတ်မီးကို အရှေ့တည့်တည့်ဆီ အမြန်ထိုးလိုက်တော့ အရင်က မလှုပ်မယှက်လဲလျောင်းနေတဲ့ အလောင်းက စလှုပ်ရှားနေတာကို မြင်လိုက်ရသည်။

ခန္ဓာကိုယ်က တဖြည်းဖြည်း တံတောင်ဆစ်ထောက်ပြီး ထလာသည်။ ခန္ဓာကိုယ်တစ်ခုလုံးက ထူးဆန်းစွာ ကွေးနေသည်။ ခေါင်းမမော့ဘဲနဲ့ သူက ရှေ့ကို တရွေ့ရွေ့တွားသွားရင်း ပိုပြီးနီးကပ်လာသည်။

“ခွေးမသား!”

ယန်ကျွင်းဇဲက လမ်းခွဲကို တစ်ချက်ကြည့်လိုက်သည်။ သူက လမ်းခွဲနဲ့ပိုနီးနေတာကြောင့် အရင်ဦးဆုံး တွားဝင်ဖို့ အခွင့်အရေး ပိုများသည်။

အဲဒီအချိန်မှာတော့ အသံတိတ်သွားဖို့ကို ဂရုမစိုက်နိုင်တော့ဘူး။ သူလက်နဲ့ဒူးနဲ့ လေးဖက်ထောက်ပြီး အဲဒီလမ်းခွဲဆီကို တတ်နိုင်သမျှ အမြန်ဆုံး တွားသွားတော့သည်။

တွားသွားနေတဲ့အချိန်တစ်လျှောက်လုံး အလောင်းက ခေါင်းမမော့ဘူး။ “အား… အား…” ဆိုတဲ့ ခေါင်းမွေး ထောင်စေနိုင်တဲ့အသံက ကျယ်ဝန်းတဲ့ဥမင်တစ်လျှောက် ပဲ့တင်ထပ်နေတာကြောင့် ယန်ကျွင်းဇဲ ကြောက်ရွံ့တုန်လှုပ်နေသည်။

သတ္တဝါက စလှုပ်ရှားလာတဲ့အချိန်မှာ ယန်ကျွင်းဇဲက အနည်းငယ် ပိုမြန်နေတာကို ရှင်းရှင်းလင်းလင်းသိရပြီး အသာစီးရနေသည်။

အလောင်းရဲ့ ကနဦးလှုပ်ရှားမှုတွေက နှေးကွေးနေပုံရပေမယ့် သူ့ခန္ဓာကိုယ်က အင်နဲ့အားနဲ့ လိမ်နေပြီး တဖြည်းဖြည်း အရှိန်ရလာသည်။

ယန်ကျွင်းဇဲက သူ့မျက်စိသူငယ်အိမ်တွေ အနည်းငယ်ကျဉ်းသွားချိန်မှာ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ပြီးတော့ သူက အဲဒီအရာရဲ့ ဒူးခေါင်းတွေဟာ ဘေးနှစ်ဖက်က ဥမင်နံရံတွေကို ဖြန့်ပြီး တွန်းကန်လိုက်တာကို တွေ့လိုက်ရတယ်။ ခဏလေးအတွင်းမှာပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး လေထဲကို မြောက်တက်သွားတယ်။

လေထဲရောက်တာနဲ့ သူက ပင့်ကူတစ်ကောင်လို ပြေးလွှားသွားနေပြီး သူ့ရဲ့အရှိန်က ရုတ်တရက် မြန်လာသည်။

ယန်ကျွင်းဇဲ လန့်သွားပြီး သူ့လက်တွေနဲ့ခြေထောက်တွေ နာကျင်နေတာကို ဂရုမစိုက်တော့ပေ။ သူလမ်းခွဲဆီ အလျင်စလိုသွားရင်းလဲကျပြီး သူ့လက်မောင်းက အရေပြားတစ်ခြမ်း ပွန်းပဲ့သွားသည်။ တခြားနေရာတွေမှာလည်း ဒဏ်ရာတွေ ရကုန်သည်။

သူက လမ်းခွဲထဲကို အရင်ဦးဆုံး ရောက်သွားပြီး အရှိန်မလျှော့ဘဲ ဆက်တွားသွားသည်။

အလောင်းက နှစ်စက္ကန့် သုံးစက္ကန့်လောက် နောက်ကျမှ လမ်းခွဲကိုရောက်လာပြီး “အား… အား…” ဆိုတဲ့ မနှစ်မြို့ဖွယ် လည်ချောင်းသံတွေနဲ့ ယန်ကျွင်းဇဲကို လိုက်လာသည်။

ယန်ကျွင်းဇဲရဲ့ စိုးရိမ်စိတ်တွေက မြင့်တက်လာပြီး သူစိတ်ပျက်လက်ပျက်နဲ့ ရှေ့ကိုတိုးသွားသည်။ သူ့ရဲ့ စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်က မသိစိတ်ကနေ မြောက်တက်သွားပြီး သူ့ခေါင်းကို ကျောက်နံရံနဲ့ အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ရိုက်မိတော့ ကြယ်တွေ မြင်သွားသည်။ ဒါပေမယ့် သူ့နောက်က အလောင်းရဲ့ အံ့အားသင့်စရာကောင်းတဲ့ အရှိန်ကိုတော့ သူရှောင်မပြေးနိုင်သေးပေ။

တစ်စက္ကန့်လောက်မှာတော့ သူ “အချိန်နောက်ပြန်ရစ်ခြင်း”ကို အသုံးပြုဖို့တောင် ပြင်ဆင်ပြီးသွားပြီ။

ဒါပေမယ့် သူ “အချိန်နောက်ပြန်ရစ်ခြင်း”ကို အသုံးပြုခဲ့ရင်တောင် ဒီနေရာကို ပြန်ဖြတ်သွားရမှာပဲ။ ယန်ကျွင်းဇဲရဲ့ ခန့်မှန်းချက်အရ “ရေပုပ်အိုင်”ရဲ့ အရှေ့မှာ လဲလျောင်းနေတဲ့ အလောင်းဟာ အသက်ပြန်ရှင်လာပြီး သူ့လမ်းကို ပိတ်ဆို့ဖို့ အလောင်းကံပါလာခဲ့တာဖြစ်ပုံရသည်။

မကြာခင်မှာပဲ ရှေ့က လမ်းက အောက်ကို စောင်းနေတော့သည်။ အောက်ကိုဆင်းလာတာနဲ့ ယန်ကျွင်းဇဲရဲ့အရှိန်က ပိုမြန်လာသည်။ လေးဖက်ထောက်ပြီး တွားသွားနေရာကနေ နောက်ဆုံးမှာတော့ သူအလျင်စလို ရှေ့ကို ဆွဲလျှောသွားလိုက်သည်။

ဓာတ်မီးရောင်အောက်မှာ အလင်းက မဝေးတော့တဲ့ မှောင်မိုက်တဲ့နေရာထဲ ရုတ်တရက် ကျသွားသည်။

ဒါက ထွက်ပေါက်က အရှေ့မှာပဲ ရှိတော့တာကို ဆိုလိုသည်။ မှောင်နေပေမယ့် ဥမင်ရဲ့အဆုံးကို ရောက်နေပြီလို့ ပြသနေသည်။

ယန်ကျွင်းဇဲ ချက်ချင်းဆိုသလို မြေပြင်ပေါ်ကို ပြုတ်ကျဖို့ ပြင်ဆင်လိုက်သည်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ “အား… အား…” ဆိုတဲ့ အသံက သူ့အနားကို ရောက်လာတော့သည်။ တစ်ခုခုက သူ့ခြေကျင်းဝတ်ကို ဆွဲကိုင်လိုက်သည်။

သူ့အရေပြားပေါ်မှာ စိုစွတ်နေတဲ့ ခံစားမှုတစ်ခု ပေါ်လာသည်။ အဲဒါက “ရေပုပ်အိုင်”ထဲမှာ စိမ်ထားတဲ့ လက်ဖဝါးရဲ့ အထိအတွေ့ဖြစ်ပြီး သူ့အသားတွေကို ကပ်ပါလာတဲ့ အသားလွှာတွေရဲ့ ရုပ်ဆိုးဆိုးပုံရိပ်တွေနဲ့အတူ သူ့ကိုယ်ပေါ်က အသားတွေကို ကပ်နေသလိုမျိုး ခံစားရသည်။

ယန်ကျွင်းဇဲက သတိထားနေဖို့ကို ဂရုမစိုက်တော့ပေ။ ဒီလိုအရေးကြီးတဲ့အချိန်တွေမှာ ဘယ်သူက ဂရုစိုက်နိုင်မှာလဲ။ သူကျန်တဲ့ခြေထောက်ကို ရုန်းပြီး ဘာကိုမှန်းမသိဘဲ သူ့နောက်ကို ပြင်းပြင်းထန်ထန် ကန်လိုက်သည်။

ဒါပေမယ့် သူ့ခြေထောက်ကို ပိုပြီးတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ စိတ်ပျက်လက်ပျက်နဲ့ ယန်ကျွင်းဇဲက ပြင်းပြင်းထန်ထန် ထပ်ကန်လိုက်သည်။

အခုဆိုရင် သူက ဥမင်ရဲ့အစွန်းဆီကို ဆွဲလျှောသွားနေပြီ၊ သူ့ခန္ဓာကိုယ်ရဲ့ တစ်ဝက်နီးပါးက အပြင်ဘက်မှာ တွဲလောင်းကျနေပြီ။ ဒါပေမယ့် သူ့ခြေကျင်းဝတ်ကိုတော့ လက်တစ်ဖက်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတုန်းပဲ။

ရွေးစရာမရှိတော့တာကြောင့် ယန်ကျွင်းဇဲက သူ့ခါးမှာ ချိတ်ထားတဲ့ ဂေါ်ပြားကို ဆွဲယူလိုက်သည်။ ဂေါ်ပြားက ချိတ်ပုံစံအစွန်းတစ်ဖက်ရှိပြီး အလွန်ထက်တယ်။ သူက ဂေါ်ပြားကို ပြောင်းပြန်လှည့်ပြီး ချိတ်အစွန်းနဲ့ သူ့နောက်က အလောင်းရဲ့ ဘယ်နေရာကိုမှန်းမသိဘဲ ရက်ရက်စက်စက် ထိုးသွင်းလိုက်သည်။

အားက အရမ်းပြင်းတာကြောင့် ထိလိုက်တာနဲ့ သူ့ခြေထောက်ကို ဆုပ်ကိုင်ထားတဲ့အရှိန်က လျော့သွားတာကို ခံစားရပြီး နောက်ဆုံးတော့ သူလွတ်မြောက်သွားသည်။

သူအလျင်စလို ရှေ့ကို ခုန်လိုက်ပြီး ဥမင်ထဲကနေ ပြုတ်ကျကာ မြေပြင်ပြန့်ပြန့်ပေါ် လဲကျသွားသည်။

ကံကောင်းစွာနဲ့ ဥမင်ရဲ့ထွက်ပေါက်က မြေပြင်ထက် တစ်မီတာကျော်ကျော်ပဲ မြင့်တာကြောင့် သူလဲကျတဲ့အခါမှာ သူ့မျက်နှာမှာ ဖုန်တွေပေသွားတာကလွဲလို့ ဘာဒဏ်ရာမှ မရခဲ့ဘူး။

မြေပြင်ပေါ်ရောက်တာနဲ့ ယန်ကျွင်းဇဲက ထရပ်ဖို့ အချိန်မရသေးဘဲ ဥမင်ဝင်ပေါက်ရဲ့အောက်ခြေမှာ ချက်ချင်းကုန်းပြီး သူ့ကိုယ်သူ ကျောက်နံရံနဲ့ ကပ်ထားလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့လက်ထဲက ဓာတ်မီးနှစ်ခုစလုံးကို ပိတ်လိုက်သည်။

နေရာတစ်ခုလုံး မှောင်မိုက်သွားပြီး သူဘာမှမမြင်ရတော့ပေ။

အပေါ်ကနေ လျှောက်သွားနေတဲ့ အသံတစ်ခု ထွက်လာတယ်။ သတ္တဝါက ကျောက်တုံးနဲ့ သတ္တု ပွတ်တိုက်နေတဲ့အသံနဲ့အတူ လျှောက်သွားနေတာပဲ။

သံဂေါ်ပြားဟာ အလောင်းရဲ့ တစ်နေရာရာကို ချိတ်မိပြီး နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတာကို စိတ်ကူးကြည့်နိုင်တယ်။

အလောင်းက လှုပ်ရှားလိုက်တာနဲ့ ဂေါ်ပြားက ကျောက်နံရံကို ပွတ်တိုက်မိပြီး ရှင်းလင်းတဲ့ ပွတ်တိုက်သံတစ်ခု ထွက်လာသည်။

ယန်ကျွင်းဇဲက သေချာပြန်တွေးလိုက်တော့ ဂေါ်ပြားဟာ အလောင်းရဲ့ လည်ပင်း ဒါမှမဟုတ် ခေါင်းကို ထိုးသွင်းမိတာ ဖြစ်ရမယ်လို့ ခံစားရပေမယ့် သူအတည်မပြုရဲသေးပေ။

သူမောပန်းနေပေမယ့် ယန်ကျွင်းဇဲက အသက်ကိုပြင်းပြင်းမရှူဘဲ အဲဒီမှာ ကုန်းနေရင်း ဥမင်ဝင်ပေါက်အောက်က ကျောက်နံရံနဲ့ ကပ်နေသည်။ အပေါ်က မှောင်မိုက်နေတဲ့နေရာကနေ တစ်ခုခုက သူ့ခေါင်းကို ထုတ်ကြည့်သလိုမျိုး မြေကြီးအမှုန်တွေ သူ့ဆံပင်ပေါ်ကို ပြုတ်ကျလာသည်။

လေထုတစ်ခုလုံး ရပ်တန့်သွားသလိုပဲ။ ယန်ကျွင်းဇဲက သူ့အသက်ရှူသံကို တတ်နိုင်သမျှ ထိန်းထားပြီး သူ့ရဲ့အာရုံစိုက်မှုကို အပေါ်ဘက်ကိုသာ အပြည့်အဝထားရှိလိုက်သည်။

တောက်။

“ရေအိုင်ပုပ်”ထဲက အညစ်အကြေးရေတစ်စက်ဟာ ယန်ကျွင်းဇဲရဲ့ ညာဘက်ပါးပေါ်ကို ပြုတ်ကျလာသည်။

တောက်၊ နောက်တစ်စက်ကလည်း သူ့ပါးပေါ်က အဲဒီနေရာကိုပဲ ထပ်ကျလာသည်။

အနံ့ဆိုးရွားတဲ့ရေက သူ့မျက်နှာပေါ်ကနေ သူ့လည်ပင်းထဲကို ဖြည်းဖြည်းချင်း စီးဆင်းသွားသည်။

ယန်ကျွင်းဇဲက ဒါကို သည်းခံပြီး ဖယ်ရှားချင်တဲ့စိတ်ကို ထိန်းချုပ်လိုက်သည်။

ဆယ်စက္ကန့်လောက်ကြာတော့ အပေါ်ကအရာက ဥမင်ထဲကနေ ထွက်မလာဘဲ ဖြည်းဖြည်းချင်း သူ့ခေါင်းကို ပြန်ရုပ်လိုက်သည်။ ပြီးတော့ ဂေါ်ပြားက ကျောက်နံရံကို ပွတ်တိုက်နေတဲ့အသံ ထပ်ထွက်လာပြီး ဥမင်ရဲ့အဝေးဆီ ဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။

ယန်ကျွင်းဇဲက အသက်ကို ပေါ့ပေါ့လေး ရှူလိုက်တယ်။ ဒါပေမယ့် သူတုံးမလှုပ်သေးပေ။

သူ့ကျောကို ကျောက်နံရံတစ်ဖက်နဲ့ ကပ်ထားပြီး မှောင်မိုက်နေတဲ့နေရာမှာ နောက်ထပ် နှစ်မိနစ်လောက် စောင့်နေလိုက်သည်။ ဂေါ်ပြားရဲ့ ပွတ်တိုက်သံကို မကြားရတော့မှ သူလှုပ်ရှားလာပြီး သူ့အာရုံတွေက သူ့အရှေ့က အမှောင်ထုထဲကို စုစည်းလာသည်။

သူ့ကျောက နံရံကနေ မခွာသေးဘူး၊ မဆင်မခြင်ရွေ့ဖို့ မရဲသေးဘဲ အဲဒီမှာပဲ ကုန်းနေတုန်းပဲ။

ဘာလို့လဲဆိုတော့ ဥမင်ထဲကနေ သူပြုတ်ကျလာပြီး ချက်ချင်း ဓာတ်မီးတွေပိတ်ကာ ပုန်းအောင်းလိုက်တဲ့အချိန်ကစလို့ သူ့ပတ်ဝန်းကျင်ကို သေချာကြည့်ဖို့ အချိန်မရခဲ့ပေ။ ဒါပေမယ့် နေရာက ပိုကျယ်ပုံရတယ်။ လေကတော့ မယုံနိုင်လောက်အောင် နံ့စော်ပြီး နောက်ကျိနေသည်။

ဒီနေရာမှာ သူအများဆုံး နာရီဝက်လောက်ပဲ နေနိုင်လိမ့်မယ်လို့ ယန်ကျွင်းဇဲက ယုံကြည်ထားသည်။ ကြာကြာနေရင် သတိလစ်သွားမှာကို သူကြောက်သည်။ အခုဆိုရင်တောင် ခေါင်းမူးပြီး ထုံနေသလို ခံစားရပြီ။

စဉ်းစားပြီးနောက် သူဓာတ်မီးဖွင့်ဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ်ရင် ဒီမှာ အမှောင်ထဲမှာ ထိုင်နေတာက ဘာအကျိုးမှ မရှိပေ။

ဓာတ်မီးနှစ်ခု ဖွင့်လိုက်တဲ့အချိန်မှာပဲ ယန်ကျွင်းဇဲရဲ့ ရှေ့ကမြင်ကွင်းက သူ့ခေါင်းကို ဝုန်းခနဲဖြစ်သွားစေပြီး နေရာမှာတင် အေးခဲသွားသည်။ မထိန်းချုပ်နိုင်တဲ့ ကြောက်လန့်မှုတွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

All Chapters