← Chapters

ပြေးလမ်းပိတ်ခြင်း

Vol. 019 Ch. 1850

ပြေးလမ်းပိတ်ခြင်း

Vol. 019 Ch. 1850

ရီဖူရှင်းသည် ပြည်နယ်ကိုးခုသို့ သွားရောက်ကာ ထောင်ကျန်း၊ ကျူးကော့ချန်းဖန်တို့နှင့် သွားရောက်စကားပြောဆိုကာ ပြည်နယ်ကိုးခု၌ သင့်တင့်သော အစီအစဉ်များ ပြုလုပ်ခဲ့သည်။

ထို့နောက် ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်လာခဲ့၏။ သူသည် ရှားရှင်းယွန်ကျင့်ကြံရာ အိမ်ကလေးသို့ ရောက်လာသည်။

ရီဖူရှင်း ရောက်လာသည်ကို မြင်သော ရှားရှင်းယွန်က သူမ၏ကျင့်ကြံခြင်းအရှိန်အဝါအား ရုပ်သိမ်းလိုက်သည်။ သူမ၏ လှပသော မျက်လုံးများက ရီဖူရှင်းကို ကြည့်လိုက်သည်။

“မင်းသမီး... ကျုပ်မင်းနဲ့စကားမပြောဖြစ်တာ ကြာပြီ” ရီဖူရှင်းက ရှားရှင်းယွန်ကို ပြုံးသည်။

ရှားရှင်းယွန်က ထူးဆန်းသလို ခံစားရသည်။ သူမက ရီဖူရှင်းကို ပြောသည် “ကောင်းကင်ဒေသမှာ မင်းသမီးတစ်ပါးတည်းရှိတယ်”

ရီဖူရှင်းက သူမဆိုလိုသည်ကို နားလည်သည်။ သူက ပြုံးလျှက်ပြောသည် “အရင်တုန်းက မင်းသမီးနဲ့ကျုပ်နဲ့ မကြာမကြာ စကားများကြတယ်။ အခုတော့ မင်းသမီးနဲ့ ပိုရင်းနှီးလာပေမဲ့ ကျုပ် မသိစိတ်ထဲမှာတော့ မင်းသမီးလို့ မှတ်ယူထားတုန်းပဲ”

ရှားရှင်းယွန်က အနည်းငယ် အေးစက်စွာ ပြောသည် “ဘာကိစ္စမှ မရှိဘူးဆိုရင် ငါ့ကို မနှောင့်ယှက်နဲ့တော့”

“ကျုပ်ပြောတာ ဒီခံစားချက်ပဲ” ရီဖူရှင်းက ရယ်မောကာ ပြောသည်။ ရှားရှင်းယွန်၏အေးစက်သော အမူအရာများက ရီဖူရှင်းအပေါ် တဖြေးဖြေး နွေးထွေးသော ဆက်ဆံရေးအဖြစ် ပြောင်းလဲလာခဲ့ရာ တစ်ခုခုမှားနေသည်ဟု သူ အမြဲတမ်း ခံစားရသည်။ သို့သော်လည်း သူက ထိုအကြောင်းအရင်းကို သိပေသည်။

ရှားရှင်းယွန်က သူ့အား ကြည့်သည်။ ဒီအကောင်က သူမအား ရန်လာရှာနေသည်လား။

“နှစ်ပေါင်းအများကြီးကြာပြီးနောက်မှာ မင်းသမီးက အခက်အခဲတွေအများကြီးရင်ဆိုင်ပြီး အခု လမ်းစဉ်ကို သက်သေပြနိုင်ခဲ့ပြီးပြီ။ ဒါတောင်မှ မင်းသမီးက အရမ်းအေးစက်တယ်လို့ ခံစားနေရတုန်းပဲ။ ဟုတ်တယ်မလား မင်းသမီး” ရီဖူရှင်းက ရယ်မော၍ ပြောလိုက်သည်။ ရတနာကြာပန်းသည် ရှားရှင်းယွန်၏သက်စောင့်ဝိညာဉ်နှင့်ပေါင်းစပ်သွားပြီး သူမ၏ပင်ကိုယ်အရည်အသွေးပါရမီမှာ အလွန်မြင့်မားလာခဲ့ကာ သဘာဝအားဖြင့် သူမ၏ကျင့်ကြံခြင်းနှုန်းမှာလည်း ပိုမိုမြန်ဆန်လာခဲ့သည်။

ယခုဆိုလျှင် သူမသည် အင်ပါယာရှားထက်ပင် ပိုမိုသန်မာနေပြီဖြစ်သည်။

“နင်က ငါ့ကို ချီးကျူးနေတာလား” ရှားရှင်းယွန်က မေးသည်။

ရီဖူရှင်းက သူမအနားကို လျှောက်လာပြီး ပြောသည် “ကျုပ် ထင်တာပဲ။ မင်းသမီးက လမ်းစဉ်ကိုလည်း သက်သေပြပြီးပြီ။ အင်ပါယာရှားဘုံကို ပြန်သွားဖို့ အစီအစဉ်ရှိပြီလား ကျုပ် သိချင်တယ်”

ရှားရှင်းယွန်၏ခန္ဓာကိုယ်က ဆတ်ခနဲတုန်ခါသွားကာ သူမ၏မျက်လုံးများ အရောင်မှိန်သွားဟန်ရသည်။ သူမ၏မျက်လုံးများက ရီဖူရှင်းကို ရည်ရွယ်ချက်ရှိရှိ ရှောင်ဖယ်နေ၏။

သူမက အင်ပါယာရှားဘုံကို မည်သည့်အချိန်တွင် ပြန်မည်နည်း။

မှန်သည်၊ သူမက သည်နေရာတွင် အဘယ်ကြောင့် ဆက်နေဖြစ်သနည်း။

ရန်ဟောင်အဆင့်ကို ရောက်သည့်တိုင် သူမသည် ပြန်ရန် မဆုံးဖြတ်ရသေး။ သူမသည် ဧကရီတစ်ပါးဖြစ်လာခဲ့ရာ အင်ပါယာရှားဘုံနှင့် အနီးတဝိုက်ကို အုပ်ချုပ်ရန် ကောင်းကောင်းလုံလောက်ပေသည်။

သို့ဆိုလျှင် အဘယ်ကြောင့် သူမ မထွက်ခွာရသေးသနည်း။

“အင်ပါယာရှားက မင်းသမီးကို အရမ်းချစ်တယ်။ သူက မင်းသမီးကို နောက်ဆုံးတွေ့ခဲ့တာ နှစ်တွေအများကြီးရှိပြီ။ မင်းသမီးလည်း တော်ဝင်နန်းတော်ကို လွမ်းနေမှာ သေချာတယ်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှာ သွေးနဂါးဘုံသို့ ချိတ်ဆက်ထားတဲ့ အာကာသခရီးသွားဝင်္ကပါတစ်ခုရှိတယ်။ ဒါက မင်းသမီးရဲ့ခရီးကို မြန်ဆန်စေလိမ့်မယ်။ မင်းသမီးပြန်တော့မယ့်အချိန် ကျုပ်ကို အသိပေးပါ။ ကျုပ်ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ရှားရှင်းယွန်က ရီဖူရှင်းအား မတုန်မလှုပ်ကြည့်သည်။

သည်တစ်ကြိမ်တွင်ကား သူမ၏အကြည့်ကို ရှောင်လွှဲသူက ရီဖူရှင်းဖြစ်နေသည်။ သူမ၏လှပသောမျက်လုံးများထဲမှ ဝမ်းနည်းသော အငွေ့အသက်များကို သူ မခံစားနိုင်သည့်အလား...။

ထိုအခိုက်တွင် ရှားရှင်းယွန်၏မျက်လုံးများက အလင်းကင်းမဲ့သည်။ သူမသည် ဧကရီတစ်ပါး၏ရှိအပ်သော ရောင်ဝါများ ပျောက်ဆုံးသွားသည့်အလား။ သူမက တစ်စုံတစ်ခုကို ဆုံးရှုံးသွားသည့်အလား...။

မှန်သည်၊ သူမသည် ယခင်ကတည်းက ထွက်သွားခဲ့သင့်သည်။ အဘယ်ကြောင့် ယနေ့အထိ စောင့်ဆိုင်းနေရသနည်း။

သို့သော်လည်း သည်တစ်ကြိမ်တွင် သူက သူမအား လိုက်ပို့လိုသည်တဲ့လား။

သူသည် ဟွာဂျီယူကို မည်သည့်နည်းနှင့်မှ ထိုသို့ လက်လွှတ်မည် မဟုတ်ပေ။

“နောက်ရက်ပိုင်းမှာ ငါထွက်သွားတော့မယ်” ရှားရှင်းယွန်က ပြောသည် “အနာဂတ်မှာ ငါက အင်ပါယာရှားဘုံမှာပဲ ကျင့်ကြံတော့မယ်”

အင်ပါယာရှားဘုံ၏ဧကရီတစ်ပါးအနေဖြင့် သူမသည် သူမ၏အဖေအား အနားယူစေသင့်ပြီဖြစ်သည်။

“ဒါလည်း ကောင်းတာပဲ။ မင်းသမီးက အချိန်အတိအကျသိရင် ကျုပ်ကို ပြောပေးပါ” သူက ဆက်ပြောသည် “နောက်ပိုင်း အခွင့်အရေးရရင် ကျုပ် လာလည်ပါ့မယ်”

“မလိုဘူး။ ငါ အင်ပါယာရှားဘုံကို ပြန်သွားပြီးရင် နင့်ကို ဘယ်တော့မှ မတွေ့ချင်တော့ဘူး” ရှားရှင်းယွန်က အေးစက်စွာ ပြောသည်။

“အာ... မင်းသမီးက ဒီလောက် စိတ်သဘောထားကျဉ်းမြောင်းလို့ မရဘူးလေ” ရီဖူရှင်းက ရယ်မော၍ ပြောသည်။ ထို့နောက် သူက ပြောသည် “ကောင်းပြီ၊ ဒါဆိုလည်း မင်း လေ့ကျင့်တာကို မနှောင့်ယှက်တော့ဘူး”

သူက ပြောပြီးသည်တွင် ထရပ်ကာ နောက်လှည့်ထွက်ခွာလာသည်။ နောက်လှည့်ပြီးသည်နှင့် သူ့မျက်နှာမှ အပြုံးက ပျောက်ကွယ်သွား၏။ ထို့နောက်တွင် စိတ်တွင်းမှသာ သက်ပြင်းချလိုက်မိတော့သည်။

တချို့သော ကိစ္စရပ်များမှာ ပြောစရာမလိုပေ။ သို့သော်လည်း အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို သူမသိပေ။ ရှားရှင်းယွန်အား အင်ပါယာရှားဘုံသို့ ပြန်လွှတ်ခြင်းသည်သာ အကောင်းဆုံးသော ဆုံးဖြတ်ချက်ဖြစ်၏။ သူမက အမြန်ဆုံး ထွက်ခွာသွားရန်သာ သူမျှော်လင့်သည်။

သူ၏စကားများက နာကျင်စေသည်ကို သူသိသည်။ ရှားရှင်းယွန်က တကယ်စိတ်ထဲ မထားရန်သာ သူမျှော်လင့်မိတော့သည်။

ရီဖူရှင်းက ထိုနေရာမှ ထွက်လာကာ တခြားတစ်နေရာသို့ ဦးတည်လိုက်သည်။ ကော့တေးတွင် တပည့်အတော်များများရှိကာ အစ်ကိုကြီးဓားသခင်၊ ဒုတိယအစ်မ ကျူးကော့မင်းယွီ၊ တတိယအစ်ကို ဂူတုံးလျှို တို့အပါအဝင်လည်းဖြစ်သည်။ ယူချင်း၊ရီဝူချင်းနှင့် တခြားလူများလည်း ရှိနေသည်။ သူတို့အားလုံး စုဝေးကာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြဟန်ရသည်။

ရီဖူရှင်း ရောက်လာသည်ကိုမြင်လျှင် ကျူးကော့မင်းယွီက မေးသည် “တစ်ပတ်ပတ်ပြီးပြီလား”

“အင်း...” ရီဖူရှင်းက ခေါင်းညိတ်သည် “အခုပဲ ရှင်းယွန်ဆီက ပြန်လာတာ”

“နင် ဘာပြောခဲ့လဲ” ကျူးကော့မင်းယွီက စိတ်ဝင်စားစွာ မေးသည်။

ရီဖူရှင်းက အစ်မ၂၏မခိုးမခန့်အပြံးကိုကြည့်ကာ ပြန်ပြောသည် “သူမကို အင်ပါယာရှားဘုံကို ပြန်သွားဖို့ ပြောခဲ့တယ်”

“ဘာလို့လဲ” ကျူးကော့မင်းယွီက နားမလည်စွာ မေးသည်။ ရီဖူရှင်းက တစ်စုံတစ်ခုကို စီစဉ်နေသည်ကိုတော့ သူမ သိထားသည်။

“ယူချင်း...” ရီဖူရှင်းက ရုတ်တရက် ခေါ်လိုက်သည်။ ယူချင်းက ခေါင်းမော့ကာ သူ့အား ကြည့်သည်။

“တကယ်လို့ မေ့ထန် မင်းကို လာခေါ်ရင် သူနဲ့လိုက်သွားသင့်တယ်” ရီဖူရှင်းက ပြောသည်။

ယူချင်းက ချက်ချင်း အဖြေမပေးဘဲ တစ်ခုခုကို တွေးတောနေဟန်ရသည်။

အကယ်၍ သူသာ မေ့ထန်နှင့် ထွက်သွားပါက မည်သို့ ဖြစ်လာမည်နည်း။ သူ မသေချာပေ။

ထိုအချိန်တွင် ဘေးမှ ဂူတုံးလျှိုက မေးသည် “ညီလေး... တစ်ခုခုအထိအခိုက်မရှိတာ သေချာတယ်မလား...”

“ပြဿနာမရှိလောက်ဘူး” ရီဖူရှင်းက ဖြေသည်။

“မရှိလောက်ဘူးဆိုတာ ဘာလဲ...” ဂူတုံးလျှိုက ထိုစကားမှာပါဝင်သော ယုံကြည်မှုအတိုင်းအတာအား သဘောမကျဟန်ရသည်။ သူက ရီဖူရှင်းအား မစွန့်စားစေလိုပေ။

“သေချာပေါက် ပြဿနာမရှိဘူး” ရီဖူရှင်းက ချက်ချင်း အာမခံလိုက်ရသည်။ ကြည့်ရသည်မှာ အစ်ကို၃ကား အမြဲတမ်း ညီအစ်ကိုများအကြားတွင် သြဇာအကြီးဆုံးပင်။ သူ့စကားတစ်ခွန်းမျှဖြင့် မည်သူမှ ပြန်မပြောရဲတော့။

ဒါပေမဲ့လည်း အစ်မ၂ကတော့ အစ်ကို၃ကို နိုင်လောက်တယ်။ ဟုတ်တယ်မလား။

“ကောင်းပြီ” ဂူတုံးလျှိုက စိတ်ကြေနပ်သွားဟန်ဖြင့် ခေါင်းညိတ်သည်။ ရီဖူရှင်းက သေချာမှတော့ သူလည်း ယုံကြည်ပေသည်။

နောက်ထပ် သူတို့က ပွဲကြည့်ရန်သာ လိုတော့သည်။

…

ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားကာ တချို့ကိစ္စများကို ဖြေရှင်းသည်မှလွဲ၍ ရီဖူရှင်းသည်လည်း လေ့ကျင့်နေခဲ့သည်။

ကောင်ကင်အာဏာစက်ကျောင်းတော်ကား အလွန်ငြိမ်သက်တိတ်ဆိတ်နေ၏။ သို့သော်လည်း အပြင်ဘက်တွင်ကြီး တစ်စုံတစ်ခု ကြီးကြီးမားမားဖြစ်ပျက်နေပြီဖြစ်သည်။

ကောင်းကင်အာဏာစက်မြို့တွင် တန်ခိုးရှင်အများအပြား စုဝေးလာနေကြသည်။ မည်မျှစွမ်းသော ပုဂ္ဂိုလ်များရောက်လာနေသည်ကိုတော့ မည်သူမှ မသိပေ။

ထိပ်သီးအင်အားစုသုံးခုအကြား တိုက်ပွဲသတင်းမှာ နေရာတိုင်းကို ပျံ့နှံ့နေပြီဖြစ်သည်။ တစ်ဘက်တွင် ရီဖူရှင်း၏နာမည်ကို မသိသူမရှိတော့။

ထိုသို့ မယုံကြည်နိုင်ဖွယ်ရာ ပါရမီမြင့်သော လူငယ်တစ်ဦး၊ မူလဘုံတိုက်ပွဲတွင် အနိုင်ရလာဒ်ကို စွမ်းဆောင်ပေးနိုင်ခဲ့သူတစ်ဦးက သူနှင့်ထိုက်တန်သော ဂုဏ်ပြုမှုကို မရရှိခဲ့သလို တစ်ဘက်တွင် သေရေးရှင်ရေးအခိုက်အတန့်နှင့် ကြုံတွေ့နေရသေးသည်။

ထိုအဖြစ်အား များစွာသော လူများက ဝမ်းနည်းစိတ်ပျက်ကြရသည်။ မူလဘုံမှ ထိပ်သီးအင်အားစုများသည် ရီဖူရှင်း၏အလားအလာကို မနာလိုဝန်တိုဖြစ်နေသည်မှာ ထင်ရှား၏။

သူတို့အားလုံးက ရီဖူရှင်းကို သတ်ဖြတ်လိုကြသည်။

ယခု ကောင်းကင်အာဏာစက်မြို့၌ အင်အားစုတစ်ခုစီမှ လူများ ရောက်ရှိလာနေကြသည်။ သူတို့အားလုံးက ကောင်းကင်အာဏာစက်ကျောင်းတော်၏လှုပ်ရှားမှုများကို စောင့်ကြည့်ကြ၏။

ရီဖူရှင်းက သည်မုန်တိုင်းတွင် လွတ်မြောက်ရန် မရှိပေ။

ဤသို့ဖြင့် တဖြေးဖြေး သတ်မှတ်ထားသောရက်သို့ ရောက်ရှိလာပြီဖြစ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် ယခင်ကဲ့သို့ တိတ်ဆိတ်နေသည်။ ကျောင်းတော်အပြင်ဘက်တွင်ကား အင်အားစုအများအပြားက အလျှိုလျှို စခန်းကျနေကြသည်။ တချို့က ကောင်းကင်တွင်ဖြစ်ကာ တချို့က မြေပြင်တွင်ဖြစ်သည်။ တိုက်ပွဲမှာ မင်းသမီး၏စည်းမျဉ်းအောက်တွင်ဖြစ်ရာ မသက်ဆိုင်သူများမှာ မတော်တဆပင် ထိခိုက်မည်ကို စိတ်ပူစရာမလို။

ယနေ့သည် နှစ်ဘက် ထိပ်တိုက်တွေ့မည့်နေ့ဖြစ်သည်။

***

All Chapters