တိုက်ခိုက်မည့်သူများ ရောက်လာခြင်း
Vol. 019 Ch. 1851
ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဗဟိုပြု၍ အင်အားစုများစွာက ရောက်လာနေကြသည်။
သည်တစ်ကြိမ်တွင် မေ့ထန်လည်း ရောက်လာသည်။ သူသည် ယခင်တစ်ကြိမ်ထိုင်ခဲ့သော သေရည်ဆိုင်တွင်ပင် ထိုင်နေသည်။
မေ့ထန်ကား ရီဖူရှင်း၏နောက်ကြောင်းနှင့်ပတ်သက်၍ အမြဲတမ်း သံသယဝင်ခဲ့သည်။ သူက အင်ပါယာရီချင်နှင့် ဆက်စပ်နေသူလား။ အကယ်၍ အင်ပါယာရီချင်သည်သာ သည်ကိစ္စများ၏နောက်ကွယ်တွင်ရှိလျှင် နောက်ဆုံးတစ်ကြိမ်က သူရင်ဆိုင်ခဲ့ရသော တန်ခိုးရှင်သုံးဦး လာရောက်ကယ်တင်မည်လော။
အကယ်၍ သူတို့ပေါ်လာ၍ ဒွနဟောင်နန်းတော်မှ တန်ခိုးရှင်များ သတိပြုမိသွားလျှင် အရှင်ဒွန်ဟောင်က ထိုလူများကို ဖမ်းဆီးရန် လူများ သေချာပေါက် စေလွှတ်ပေလိမ့်မည်။
သည်တစ်ကြိမ်တွင် ဒွန်ဟောင်နန်းတော်မှ တန်ခိုးရှင်များ သေချာပေါက် ရောက်လာပေလိမ့်မည်။ သူတို့ပေါ်လာလျှင်ပင် သည်အခြေအနေတွင် အကူအညီမဖြစ်ပေ။
အကယ်၍ ရီဖူရှင်းသာ သေဆုံးသွားလျှင် ယူချင်းအား နတ်ဆိုးဘုံသို့ ခေါ်ဆောင်သွားနိုင်မည်လား။
မေ့ထန်သည် တိတ်ဆိတ်စွာ သေရည်သောက်နေကာ မည်သူမှ သူ့ကို မနှောင့်ယှက်ကြပေ။ လက်ရှိတွင် လူအများအပြားက မေ့ထန်ကို မှတ်မိနေပြီဖြစ်သည်။
ကောင်းကင်ဒေသ ၊ မှော်နက်အဖွဲ့နှင့် နတ်ဆိုးဘုံမှ တန်ခိုးရှင်များ အားလုံး ရောက်လာခဲ့သည်။ အားလုံးသာ နတ်ဘုရားအဆင့်များ သည်နေရာတွင် လာရောက်စုစည်း၏။ ဤအဖြစ်အပျက်က မည်မျဤရေးပါသည်ကို ခန့်မှန်းနိုင်သည်။
ထိုအခိုက်တွင် လူတစ်စု ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ ဦးဆောင်လာသူကား အလွန်ချောမောကာ မကောင်းဆိုးဝါးအငွေ့အသက်များ ယှက်သန်းနေသော လူငယ်တစ်ဦးဖြစ်သည်။
“ဆရာမေ့...” လူငယ်က ကျယ်လောင်စွာ နှုတ်ဆက်သည်။ သူ၏လေသံကား လေးစားဟန်ကင်းမဲ့သည်။
မေ့ထန်က သူ့ကို ကြည့်သည်။ သူက လူငယ်အားသိသည်။ သူသည် မကောင်းဆိုးဝါးဘုံမှ ရှစ်ရှဲဖြစ်သည်။
သို့သော်လည်း တစ်ဘက်လူက မည်မျှပါရမီမြင့်စေ၊ နောက်ခံအင်အားမည်မျှမြင့်မားပါစေ၊ သူသည်ကား နတ်ဆိုးဘုံ၏စစ်သူကြီးတစ်ဦးဖြစ်သည်။ သူ့အနေဖြင့် တစ်ဘက်လူအား ဂရုစိုက်စရာပင်မလို။ သူက ပြန်လည်၍ပင် နှုတ်မဆက်ပေ။
ရှစ်ရှဲက ဂရုမစိုက်ပေ။ သူက မေ့ထန်ဘေးမှ စားပွဲဝိုင်းတွင်ထိုင်ကာ သေရည်တစ်ခွက်ထည့်သည်။ သူက ခွက်ကိုမြှောက်ကာ မေ့ထန်ကို ပြောသည် “ကျုပ်က ဆရာမေ့ကို ကြားဖူးတာ ကြာပါပြီ။ ကျုပ်ကို ဆရာမေ့နဲ့ တစ်ခွက်သောက်ခွင့်ပြုပါ”
မေ့ထန် ပြန်ပြောသည်ကိုပင် မစောင့်ဘဲ သူက ခွက်ကိုမြှောက်ကာ သောက်ချလိုက်သည်။
မေ့ထန်ကား တစ်ဘက်လူကို ဂရုပင်မစိုက်ဘဲ သေရည်ကိုသာ ပုံမှန်သောက်နေသည်။ သူက ပတ်ဝန်းကျင်တွင် မည်သူမှ မရှိသည့်အလား...။ ထိုအဖြစ်က မကောင်းဆိုးဝါးဘုံမှ တန်ခိုးရှင်များကို မကြေမနပ်ဖြစ်စေသည်။ သူတို့သည် တူညီသော အဆင့်အတန်းရှိသူများဖြစ်သည်။ ယခု မေ့ထန်က သူတို့အား လျစ်လျူရှုထားရာ မျက်နှာများ တင်းမာနေကြ၏။
သို့သော်လည်း ရှစ်ရှဲက ဂရုမစိုက်ပေ။ သူက ပြောသည် “ဆရာမေ့က မူလဘုံကို အရင်ကတည်းက ရောက်လာတာ ကျုပ်ကြားဖူးတယ်။ ဒါပေမဲ့ ဆရာမေ့က နတ်ဆိုးဘုံကပဲ။ ဘာလို့ ဆရာမေ့က ဒီကို လာနေရတာလဲ။ ဆရာမေ့က ဒီမှာ ဘာများ စိတ်ဝင်စားစရာရှိလို့လဲ”
ရှစ်ရှဲ၏စကားကိုကြားလျှင် တစ်ဘက်လူ၏သံသယကို နားလည်လိုက်သည်။ အမှန်လည်း သူ့အနေဖြင့် မူလဘုံကို လာရန် အကြောင်ပြချက်လိုပေသည်။ သို့သော်လည်း သူ့အနေဖြင့် ရှစ်ရှဲကို ပြန်ဖြေရန် မလိုပေ။ နတ်ဆိုးဘုံမှ စစ်သူကြီးက သူ၏အပြုအမူအတွက် မည်သူ့ကိုမှ သံတော်ဦးတင်ရန် မလို။
“အဲဒါ ရီဖူရှင်းကြောင့်လား” ရှစ်ရှဲက တီးတိုးဆိုသည်။
သို့သော်လည်း မေ့ထန်၏မျက်နှာတွင် မည်သည့်အမူအရာမှ မရှိပေ။
ရီဖူရှင်း၏နာမည်ကို ထုတ်ဖော်ပြောဆိုသည်တွင် မကောင်းဆိုးဝါးဘုံမှ တန်ခိုးရှင်များ၏မျက်နှာတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။
စစ်မြေပြင်တွင် ရီဖူရှင်းသည် သူတို့၏လူအများအပြားကို သတ်ဖြတ်ခဲ့သည်။ ဗလာတောင်ကုန်းမှ တန်ခိုးရှင်အများအပြားလည်း ထိုအထဲတွင် ပါဝင်၏။
သည်တစ်ကြိမ် သူတို့က ရီဖူရှင်း အသတ်ခံရမည်ကို လာရောက်ကြည့်ရှုကြ၏။
မေ့ထန်က သူ့အား လျစ်လျူရှုထားဆဲဖြစ်သည်။
“ဒီနေ့ ကောင်းကင်ဒေသက လူတွေက ရီဖူရှင်းကို သတ်ဖို့လာကြတယ်။ သူ သေချာပေါက် သေရမှာပဲ။ ဆရာမေ့က ဝင်မစွက်ဖက်ဖို့ မျှော်လင့်တယ်” ရှစ်ရှဲက ပြုံးလျှက်ပြောသည်။ မဟုတ်လျှင် သူက မေ့ထန်ကို တိုက်ခိုက်မည်ဖြစ်သည်။ သူတို့က နတ်ဆိုးဘုံမှ တန်ခိုးရှင်တစ်ဦးကို တိုက်ခိုက်ခြင်းက ကောင်းကင်ဒေသမှ ကိစ္စရပ်များကို ဝင်စွက်ဖက်ခြင်းမဟုတ်ပေ။
ရှစ်ရှဲက အဝေးမှ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ကြည့်သည် “ဆရာမေ့က ဒီနေရာမှာ ထိုင်ရတာ ဘာလို့ သဘောကျလဲ နားလည်ပြီ။ ဒီနေရာက တော်တော်မြင်ကွင်းကောင်းတာပဲ။ မူလဘုံရဲ့နံပါတ်၁ ပါရမီရှင် ကျဆုံးမှာကို ကြည့်ရတာ အရမ်းအရသာရှိမှာပဲ”
ထိုအခိုက်တွင် အဝေးမှ အရှိန်အဝါတစ်ခု ဆင်းသက်လာ၏။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များ ထိုအရာကို လှမ်းကြည့်ကြသည်။
ကျောင်းတော်မှ တန်ခိုးရှင်များ၏မျက်နှာများ သိပ်မကောင်းကြပေ။ သို့သော်လည်း ရီဖူရှင်းကား အမြဲတမ်း ပြုံးနေကာ လူတိုင်းနှင့် ဖော်ရွေစွာ ပြုမူဆက်ဆံနေသည်။ သူသည် အခြေအနေကို လက်ခံကာ တစ်စုံတစ်ခုအတွက် ဆုံးဖြတ်ချက်ချထားပြီးသော ပုံစံဖြစ်သည်။
“ရန်ဟောင်ရီက ကောင်းကင်ဒေသကို အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့တယ်။ အခု အင်အားစုတွေက သူ့ကို သတ်ဖြတ်လိုကြတယ်။ အဓိပ္ပာယ်မရှိလိုက်တာ” တစ်ယောက်က မကြေမနပ်ဆိုသည်။
“မင်းသမီးဒွန်ဟောင်တောင်မှ ဒါကို တိတ်တဆိတ် သဘောတူပေးတာပဲမလား။ ဒါက ရယ်စရာပဲ’
ကျောင်းတော်မှ တပည့်များက ဒေါသထွက်နေကြသည်။
သို့သော်လည်း သူတို့က မည်သို့ မကြေမနပ်ဖြစ်ပါစေ၊ ရလာဒ်ကို မပြောင်းလဲနိုင်ပေ။
အဝေးတွင် ကြီးမားသောစစ်တပ်ကြီးတစ်ခုသည် တဖြေးဖြေး နီးကပ်လာနေသည်။ အဝေးမှပင် ကြီးမားသောဖိအားကို လူတိုင်းက ခံစားရ၏။
ထိုစစ်တပ်မှာ ကွဲပြားသော အုပ်စုငယ်များရှိနေသည်။ သူတို့မှာ အရေအတွက်အားဖြင့် သိပ်မများသော်လည်း သူတို့၏အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းသည်။ ထိုလူများအားလုံးမှာ အဆင့်မြင့်ရန်ဟောင်များဖြစ်သည်။ အဆင့်မြင့်ရန်ဟောင်များသည်သာ ဤသို့သောအဆင့်တိုက်ပွဲကို ပါဝင်နိုင်စွမ်းရှိပေသည်။
ထိုကြီးမားသောဖိအားကို ခံစားမိသည်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များအားလုံး မျက်နှာပျက်သွားသည်။ တစ်ဘက်မှ အင်အားကား အလွန်ကြီးမားလွန်းသည်။ သည်တစ်ကြိမ်တွင် ရှန်ကလန်မှ ထိပ်သီးတန်ခိုးရှင်သုံးဦးလုံး ရောက်ရှိလာသည်။ ရွှေရောင်နတ်ပြည်ထောင်မှ နှစ်ဦးဖြစ်သည်။ ထို့အတူ တခြားသော ထိပ်သီးအင်အားစုများမှလည်း အတော်များများပါဝင်သည်။ ဤသို့သော အင်အားဖြင့်ဆိုပါက သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို အမှုန့်ခြေပစ်နိုင်သည်။
ဘုံကိုးခုတွင် ဤအင်အားကို မည်သူတို့ ယှဉ်နိုင်မည်နည်း။
ထျန်ရှင်းကျောင်းတော်မှကား ကျောင်းအုပ်ကျန့်အော့ကိုယ်တိုင်ရောက်လာသည်။
***