← Chapters

ကမ်းရိုးတန်းဒေသ၏ ပြင်းထန်သောစစ်ပွဲ

Vol. 8 Ch. 108

ကမ်းရိုးတန်းဒေသ၏ ပြင်းထန်သောစစ်ပွဲ

Vol. 8 Ch. 108

တိုင်ရှန် တောင်ထိပ်။

“ရှောင်ပိုင်၊ တိုင်ရှန်တောင်မှာ ဒီကိစ္စကို ကိုင်တွယ်ပြီးပြီ မင်းဘာလို့ ငါနဲ့ ဒါဂုန်နှင်းတောင်ကို ပြန်မလိုက်တာလဲ၊ မိဘတွေက မင်းကို အရမ်းလွမ်းနေတယ်”

သို့သော် လုချန်း,စကားကိုရင်ဆိုင်ရင်း ယခုအချိန်တွင် ယိုချင်းယန်,က ခေါင်းခါယမ်းလိုက်ပြီး “အစ်ကို၊ မဖြစ်သေးဘူး၊ ညီမ ဒေါင်ရှန်း ခရိုင်မှာ ခဏနေရမယ်”

လုချန်း,သည် သူ့ညီမ၏ရွေးချယ်မှုနှင့် ပတ်သက်၍ အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားရသည်။

ယိုချင်းယန်,က ချက်ချင်းရှင်းပြသည်- “အစ်ကို၊ မနက်ဖြန် နေ့လည်မှာ ဒီပင်လယ်သတ္တဝါတွေက ဒေါင်ရှန် ခရိုင်ကို တိုက်ခိုက်လိမ့်မယ်!”

ထို့နောက် ယိုချင်းယန်,သည် ဒေါင်ရှန် ခရိုင် ကမ်းရိုးတန်းဒေသရှိ ပင်လယ်သတ္တဝါများအကြောင်း ပြောပြခဲ့သည်။

“အစ်ကို၊ အဲဒီအချိန်ကျရင် ဒေါင်ရှန် ခရိုင်တစ်ခုလုံးရဲ့ ထက်ဝက်ကျော်က ပင်လယ်မျိုးနွယ်စုတွေရဲ့ တိုက်ခိုက်မှုအောက်မှာ ကျဆုံးလိမ့်မယ်...”

သူ့ညီမ၏စကားကြားပြီး လုချန်း ရုတ်တရက် ထိတ်လန့်သွားသည်။

သူသည် ဤကမ္ဘာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သော်လည်း ကမ်းရိုးတန်းဒေသများကို အမှန်တကယ် လျစ်လျူရှုခဲ့သည်။

သို့သော် လုချန်း,၏အမြင်အရ ယနေ့ခေတ်တွင် လူသားနည်းပညာက အလွန်အဆင့်မြင့်လာသောကြောင့် ခေတ်မီလက်နက်အမျိုးမျိုးကို ထုတ်လုပ်နိုင်နေပြီဖြစ်သည်။

ဤမျှ အစွမ်းထက်သော ခေတ်မီလက်နက်များအောက်တွင် ယနေ့လူသားများက ဤမျှလောက် မပျော့ညံ့သင့်ပေ။

ဤမျှကြီးမားသော မြေဧရိယာကြီးကို အချိန်တိုအတွင်း ပင်လယ်သတ္တဝါတစ်စုက သိမ်းပိုက်ရန် ပို၍ပင် မဖြစ်နိုင်ပေ။

သူ့အစ်ကို၏ စိတ်ရှုပ်ထွေးမှုကို သူမ,မြင်နိုင်သကဲ့သို့ ယိုချင်းယန်,က အားကိုးရာမဲ့စွာ သက်ပြင်းချပြီး လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

“အစ်ကို၊ ပင်လယ်သမုဒ္ဒရာက ကျယ်ပြောပြီး အကန့်အသတ်မရှိဘူး၊ ပင်လယ်ထဲမှာရှိတဲ့ အလယ်အလတ်အဆင့် ပင်လယ်သားရဲအများစုက ကုန်းပေါ်မှာရှိတဲ့ သားရဲတွေထက် ပိုသန်မာတယ်”

“အရေးကြီးဆုံးကတော့ ရွှီယွမ်ဟွမ်းကမ္ဘာရဲ့ ပင်လယ်သမုဒ္ဒရာဧရိယာက ကုန်းမြေထက် သုံးဆပိုကြီးနေတာပဲ!”

“ဒီပင်လယ်သမုဒ္ဒရာထဲမှာ၊ အဏ္ဏဝါသက်ရှိတွေရဲ့ အရေအတွက်က ကုန်းမြေမှာရှိတဲ့သက်ရှိ‌တွေထက် ဆယ်ဆပိုများတယ်!!”

“အခု ကမ္ဘာကြီးက ပြောင်းလဲနေပြီး ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာတာကြောင့် သက်ရှိတွေက ဝိညာဉ်သစ်သီး၊ဝိညာဉ်ဆေးပင်တွေကို စားသုံးပြီး ခွန်အားကို အလျင်အမြန်တိုးမြင့်နိုင်နေပြီ”

“ဒါပေမယ့် သွေးကို သောက်တာက သက်ရှိတွေရဲ့ စွမ်းအားကို မြန်မြန်ဆန်ဆန် တိုးမြင့်ပေးနိုင်သေးတယ် ဆိုတာ မေ့ထားလို့မရဘူး”

“ရေနေသတ္တဝါတွေထဲမှာ အများဆုံးရှိတာက ကြီးမားတဲ့ သတ္တဝါတွေပဲ”

“ဝိညာဉ်စွမ်းအင် မရှင်သန်ခင်မှာ ရွှီယွမ်ဟွမ်းကမ္ဘာမှာရှိတဲ့ အကြီးဆုံးသက်ရှိတွေက ပင်လယ်သမုဒ္ဒရာထဲမှာပဲရှိတယ်”

“ဒါ့အပြင်၊ ရေနေသတ္တဝါတွေက အုပ်စုလိုက် နေရတာကို နှစ်သက်တယ်၊ ငါးအုပ်စုထဲမှာ ငါးတွေထောင်သောင်းမက ရှိနေတာက ပုံမှန်ပဲ”

“ဒါကြောင့် ပင်လယ်သားရဲတွေ အသွေးအသားကို စားသုံးတဲ့ ပမာဏက အရမ်းကြောက်စရာကောင်းလိမ့်မယ်...”

ယိုချင်းယန်,၏ရှင်းပြချက်ကို နားထောင်ပြီးနောက် လုချန်း,က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ဤရှုထောင့်မှကြည့်လျှင် ပင်လယ်မျိုးနွယ်စုများက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ယခုအချိန်တွင် ပင်လယ်သမုဒ္ဒရာသတ္တဝါများကြားတွင် နိုးထခြင်းအဆင့်ကို ကျော်လွန်သော တည်ရှိမှုမျိုး ရှိနေသလား သူ,မသိပေ။

လုချန်း,သည် သူ၏ ရူးသွပ်ခြင်းစွမ်းရည်ကို အသက်သွင်းပြီးနောက် နိုးထခြင်းအဆင့်ကိုမကျော်လွန်သော သားရဲများနှင့် ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိသည်။

“အစ်ကို၊ ညီမရဲ့အကြံအစည်ကတော့ မြောက်ပင်လယ်က ပင်လယ်သားရဲတွေ ကုန်းမြေကို လာတိုက်ခိုက်တဲ့အခါ ညီမတို့နှစ်ယောက် မြောက်ပင်လယ်ထဲကို ခိုးဝင်ပြီး မြောက်ပင်လယ်ရဲ့ ဘုရင်ငါးရှဉ့်ရဲ့ တွင်းကို တိုက်ရိုက်ဖျက်ဆီးပစ်ဖို့ပဲ”

ယိုချင်းယန်,က သူမ၏ အစီအစဉ်များအကြောင်းကို ဆက်ပြောခဲ့သည်။ ယခုအချိန်တွင် သူမ၏အစ်ကိုသည် ပြန်လည်မွေးဖွားလာသူအဖြစ် သူမ၏လက္ခဏာကို သိရှိနေပြီဖြစ်သည်။

နှစ်ဖက်စလုံးက သူတို့၏ကတ်များကို စားပွဲပေါ်တင်ထားပြီးဖြစ်၍ ယိုချင်းယန် က စကားပြောသည့်အခါ ယခင်ကကဲ့သို့ သတိထားနေခြင်းမရှိတော့ပေ။

ယိုချင်းယန်၏ ရည်ရွယ်ချက်က အလွန်ရိုးရှင်းပြီး “ဝေ,အား တိုက်ဖျက်ခြင်းဖြင့် ကျောက်,ကိုကယ်တင်င်ရန်” ဟူသော နည်းဗျူဟာမျှသာဖြစ်သည်။

ပင်လယ်မျိုးနွယ်စု ဘုရင်၏ တွင်းသို့ သွားပြီး ဓားပြတိုက်လိုက်ရုံဖြင့် ကုန်မြေကိုတိုက်ခိုက်နေသော ပင်လယ်သားရဲများက ပင်လယ်သို့ ဧကန်မုချ ပြန်လာမည်ဖြစ်သည်။

လုချန်း,က ခေါင်းညိတ်ပြီး “ကောင်းပြီ ရှောင်ပိုင်၊ အစ်ကို မင်းပြောတာကို နားထောင်မယ်”

လုချန်း,က ရှောင်ပိုင် တွေးနေသည့်အရာကို မြင်နိုင်ပြီး၊ သူမက လူသားများကို ကူညီလိုခြင်းသာဖြစ်သည်။

သို့သော် ဤမြေပေါ်တွင် လူသားများသာမက သားရဲများပါ နေထိုင်လျှက်ရှိသည်။

ပင်လယ်မျိုးနွယ်စုများ ကျူးကျော်လာလျှင် သားရဲမျိုးနွယ်စုက သဘာဝအတိုင်း ပြန်လည်တိုက်ခိုက်လိမ့်မည်ဖြစ်သည်။ အဆုံးတွင် နှစ်ဖက်စလုံးက တူညီသော မြေတွင် နေထိုင်ကြခြင်းဖြစ်သည်။

များမကြာမီ တစ်ညတာ ကုန်လွန်သွားပြီး မောင်နှမနှစ်ယောက်က တိုင်ရှန်တောင်ပေါ်တွင် တစ်ညတာ အနားယူခဲ့ကြသည်။

နိုးထခြင်းအဆင့် (၈) တွင်ရှိသော မျောက်ဝံဘုရင်သည် လုချန်း,၏ လုံးလုံးလျားလျား ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး ယခုအခါ အလွန်အမင်း ရိုကျိုးလာခဲ့သည်။

လုချန်း နှင့် သူ့ညီမအတွက် ဝိညာဉ်သစ်သီးများစွာကိုပေးရန် သူ့လက်အောက်ငယ်သားများကို အမိန့်ပေးခဲ့သည်။

သားရဲများ၏ အသားအချို့ကို ပေါင်းထည့်လိုက်ခြင်းဖြင့် လုချန်း,သည် ထိုညတွင် ဆင့်ကဲပြောင်းလဲခြင်း အမှတ်များစွာကို ရရှိခဲ့သော်လည်း နိုးထခြင်းအဆင့် (၉) သို့ ဖြတ်ကျော်ရန် အနည်းငယ် ဝေးနေသေးသည်။

“အစ်ကို၊ စားကြရအောင်၊ ဗိုက်ပြည့်ရင် ပင်လယ်ကိုသွားကြမယ်”

ယိုချင်းယန်,သည် ယခုအချိန်တွင် ပိုမိုတည်ငြိမ်လာနေပြီဖြစ်သည်။

သူ့အစ်ကို အနားတွင်ရှိနေသရွေ့ သူမ အလွန်လုံခြုံသည်ဟု ခံစားရသည်။

ကျင့်ကြံနေချိန်တွင် အမြဲသတိရှိနေရန်လည်း မလိုအပ်တော့ပေ။

ယိုချင်းယန်,၏ ခန့်မှန်းချက်အရ မြောက်ပင်လယ်၏ ဘုရင်သည် ယခုအချိန် ကုန်းမြေကို ကျူးကျော်ဝင်ရောက်လာလျှင်ပင် သူ့အစ်ကိုက ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။

မြောက်ပင်လယ်၏ ကျယ်ပြောလှသော ရေပြင်တွင် အလွန်အစွမ်းထက်သော ပင်လယ်သားရဲ အများအပြားရှိသည်။

ယိုချင်းယန်,သည် သူ့အစ်ကိုက အလွန်အစွမ်းထက်သော်လည်း လက်နှစ်ဖက်က လက်လေးဖက် (အများနှင့်တစ်ယောက်) ကို မယှဉ်နိုင်သည့်အတွက် သူမ,အလွန်စိုးရိမ်နေခဲ့သည်။

မွန်းတည့်အချိန်တွင်။

ထိုအချိန်တွင်၊ ဒေါင်ရှန်း ခရိုင်၏အစွန်းက အလွန်တိတ်ဆိတ်နေပြီး ဆူညံသံများမရှိသော်လည်း မုန်တိုင်းမလာခင် လေပြေငြိမ်းနေသကဲ့သို့ပင်။

ဤကမ်းရိုးတန်းဒေသ၏ ကမ်းရိုးတန်းတစ်လျှောက်တွင် မြင့်မားပြီး ထူထပ်သော မြို့ရိုးများရှိသည်။

ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာခြင်းဖြင့် မြို့တိုင်းသည် ဧရာမမြို့ရိုးများကို စတင်တည်ဆောက်ခဲ့ကြပြီး အကန့်အသတ်မဲ့ပင်လယ်သမုဒ္ဒရာကို မျက်နှာမူထားသည့် ကမ်းရိုးတန်းဒေသသည်ပင် ခြွင်းချက်မဟုတ်ပေ။

ထိုအချိန်တွင်၊ ထူထပ်ပြီး ကြီးမားသော မြို့ရိုးက နဂါးကြီးတစ်ကောင် ကမ်းရိုးတန်းပေါ်တွင် တွားသွားနေသကဲ့သို့ ဖြစ်နေသည်။

၎င်းသည် လူသားကမ္ဘာကို အရှေ့ဘက်ရှိ အပြာရောင်ပင်လယ်ပြင်နှင့် ပိုင်းခြားထားသော မျဉ်းတစ်ခုနှင့်တူသည်။

ဤအခိုက်အတန့်တွင် မြို့ရိုးသည် လူများဖြင့် ပြည့်ကျပ်နေပြီး လူသားစစ်သည်တော်များစွာက တိုက်ပွဲဖြစ်လာမည့်နေရာသို့ ရောက်ရှိနေကြပြီဖြစ်သည်။

ထိုအချိန်တွင် လူအားလုံးက စိတ်ပူနေပြီး မျက်လုံးများက အလွန်လေးနက်နေသည်။

“မင်းထင်လား... အဲဒီပင်လယ်သားရဲတွေ တကယ်ရောက်လာနိုင်လား”

“ဒါ...မဖြစ်နိုင်ဘူး၊ ပင်လယ်သားရဲတွေက ကုန်းပေါ်မှာ အသက်ရှင်နိုင်ပါ့မလား”

“ပြောရခက်တယ် ငါလဲမသိဘူး”

“အခုက ဝံပုလွေတောင် ပျံသန်းနိုင်ပြီမို့လို့ ပင်လယ်သားရဲတွေ ကုန်းပေါ်မှာ အသက်ရှင်နိုင်တယ်ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

“အားး...မြန်မြန်ကြည့်!!”

အရှေ့ဘက် ပင်လယ်ရေမျက်နှာပြင်က ဆက်တိုက်ဆိုသလို မြင့်တက်လာသည်ကို အသံနိမ့်ဖြင့် ပြောဆိုဆွေးနွေးနေသည့် စစ်သားများက တွေ့ရှိခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် အဆုံးမရှိသော ပင်လယ်သမုဒ္ဒရာထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများ ရုတ်တရက် ထွက်ပေါ်လာသည်။

“ဝုန်း! ဘုန်း! အုန်းး!!”

ပင်လယ်ရေလှိုင်းရိုက်ခတ်သံက မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်စွာထွက်ပေါ်လာသည်။

ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ရိုးပေါ်တွင် ရပ်နေသော စစ်သားများက သူတို့ဆီသို့တိုးဝင်လာသော ငါးညှီနံ့ကိုပင် ခံစားနိုင်ခဲ့သည်။

ထို့နောက် လူတိုင်း၏အကြည့်အောက်တွင် ကြီးမားသောပုဇွန်တစ်ကောင်က လှိုင်းလုံးကြီးတစ်ခုအတွင်းမှ ထွက်ပေါ်လာသည်။

ဤပုဇွန်ကြီးက ယခုအချိန်တွင် ပင်လယ်ထဲတွင် မတ်တတ်ရပ်နေသည်။

၎င်း၏ခန္ဓာကိုယ်က မီတာလေးဆယ်ကျော်မြင့်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထူထဲသောချပ်ဝတ်တန်ဆာကဲ့သို့ နက်ပြာရောင်အခွံများက ဖုံးအုပ်ထားသည်။

“ခြေနှစ်ချောင်း၊ ငါတို့တောင်းတဲ့လက်ဆောင်က ဘယ်မှာလဲ”

ပုဇွန်ကြီးက ပင်လယ်ထဲတွင် ရပ်နေပြီး လူသားဘာသာစကားဖြင့် တိုက်ရိုက်မေးလိုက်သည်။

ဤထူးဆန်းသောဧရာမပုဇွန်ကြီးကိုတွေ့လိုက်ရသောအခါ မြို့ရိုးတစ်လျှောက်ရှိ စစ်သားများစွာ၏ စိတ်ကအလွန်လေးလံသွားသည်။

နောက်တစ်စက္ကန့်တွင် လူတိုင်းက ငွေဖြူလျှပ်စီးတစ်ချက်လက်သွားသည်ကို မြင်လိုက်ရသည်။

ကမ်းရိုးတန်းအထက်တွင် အားကောင်းသည့် အသွင်အပြင်တစ်ခုထွက်ပေါ်လာသည်၊ ၎င်းမှာ ဗိုလ်ချုပ်မိုးကြိုးနတ်ဘုရား ဂျီကျဲန်ရှန်း ဖြစ်သည်။

“ဟမ့်! ငါတို့လူသားတွေကို မင်းတို့ပင်လယ်သတ္တဝါတွေက ဂုဏ်ပြုတဲ့အနေနဲ့ ယဇ်ပူဇော်စေချင်နေတာလား၊ ဒါက ရိုးရိုးရှင်းရှင်း စိတ်ကူးယဉ်နေတာပဲ!”

ဂျီကျဲန်ရှန်း,က အေးစက်စွာ‌ပြောလိုက်ပြီး ပင်လယ်မျိုးနွယ်စုကို တိုက်ရိုက် ငြင်းပယ်လိုက်သည်။

“ဟမ့်! မင်းတို့ကိုယ်တိုင် သွေးပေးဖို့ဆန္ဒမရှိမှတော့ ငါတို့ပင်လယ်မျိုးနွယ်စုတွေကိုယ်တိုင် လာယူမယ်!”

ဂျီကျဲန်ရှန်း,၏ ပြတ်ပြတ်သားသား ငြင်းဆိုသံကို ကြားလိုက်ရသည်နှင့် ဧရာမပုဇွန်ကြီးက ရုတ်တရက် ဒေါသထွက်သွားသည်။

နောက်တစက္ကန့်တွင် ရှေ့မှ ရေလှိုင်းများက ရုတ်တရက် ဆူနာမီအဖြစ်ပြောင်းလဲသွားသည်ကို လူတိုင်းခံစားလိုက်ရသည်။

မူလက ဤတံတိုင်းကြီးသည် မီတာတစ်ရာကျော်မြင့်သည်။ ပင်လယ်မျိုးနွယ်စုများ၏ ခြိမ်းခြောက်မှုကိုခံရပြီးနောက်၊ ၎င်းကို ယာယီအမြန်အားဖြည့်ခဲ့ပြီး ယခုအခါ မီတာနှစ်ရာနီးပါးမြင့်နေပြီဖြစ်သည်။

သို့သော် ယခုအခိုက်အတန့်တွင်၊ ဤကြီးမားသောဆူနာမီအောက်တွင်၊ လှိုင်းလုံးများက တဟုန်ထိုး အရှိန်ဖြင့်တက်လာပြီး မြို့ရိုးကို အမှန်တကယ် လာရောက်ရိုက်ခတ်ခဲ့သည်။

ဤကဲ့သို့ကြီးမားသော ဆူနာမီကြီးကို ပိတ်ဆို့ရန် မြင့်မားထူထပ်သောတံတိုင်းကြီး မရှိခဲ့ပါက၊ ဆယ်မီတာထက်ပိုသော အချင်းဝက်အတွင်းရှိ ဧရိယာက တခဏချင်း ကျုံ့ဝင်သွားပေလိမ့်မည်။

လှိုင်းလုံးများနောက်မှ ရေထဲတွင် မရေမတွက်နိုင်သော ပင်လယ်သားရဲများ။

ကျူးကျော်ဝင်ရောက်လာသော ပင်လယ်သားရဲများက အလွန်ကြီးမားလှသည်။

သူတို့က ရေထဲတွင် နေထိုင်သောကြောင့် သွေးနှင့်အသားများ ပေါများသည်ဟု ထင်ရသည်။

ထို့ကြောင့် ဤပင်လယ်သားရဲများ၏ အရွယ်အစားက ကုန်းပေါ်ရှိ ဧရာမသားရဲများထက်ပင် ကြီးမားနေသည်။

ကြည့်လိုက်လျှင် ဤပင်လယ်သားရဲများထဲတွင် အသေးငယ်ဆုံးက ဆယ်မီတာထက် ပိုမြင့်သည်ကို တွေ့မြင်နိုင်သည်။

မူလက အရွယ်အစား ၂၀ မှ ၃၀ စင်တီမီတာသာရှိခဲ့သော ပင်လယ်ငါးများသည် ယခုအခါ အဆတစ်ရာတိုးလာခဲ့သည်။

သူတို့အထဲတွင် အာရုံဖမ်းစားနိုင်ဆုံးမှာ ငွေပြာကိုယ်ထည်ရှိသော ကျားငါးမန်းဖြစ်သည်။

ဦးခေါင်းမှ အမြီးအထိ မီတာတစ်ရာ ရှည်လျားပြီး ပုဇွန်ထက် များစွာ ကြီးမားသည်။

ဤသားရဲ၏ရက်စက်ကြမ်းကြုတ်သောအကြည့်က လူများကို အလွန်ထိတ်လန့်သွားစေသည်။

နိုးထခြင်းအဆင့် (၈) တွင်ရှိသော လုချန်း ပင်လျှင် ဤသားရဲကြီး၏ရှေ့တွင် သေးငယ်ပြီး အလွန်ချစ်စရာကောင်းနေမည်မှာ သေချာသည်။

ပင်လယ်လိပ်၏အခွံကြီးက ရေမျက်နှာပြင်တွင် ပေါ်လာသည်။

ယခင်က လူတိုင်းသည် ၎င်းကိုကျွန်းဟုထင်ခဲ့ကြသော်လည်း ပင်လယ်ရေမျက်နှာပြင်ပေါ်ကိုတက်လာသည့်အခါ၊ အမှန်တကယ် ၎င်းက မီတာနှစ်ရာရှိသော ပင်လယ်လိပ်ကြီးမှန်း သိလိုက်ရသည်။

ကမ်းရိုးတန်းကို စောင့်ကြည့်နေသော စစ်သားများ၏ အမူအရာတွေက သိသိသာသာ ပြောင်းလဲသွားသည်။

ဤမျှအချိန်တိုလေးအတွင်း၊ ဤမျှလောက်ကြောက်စရာကောင်းသော သားရဲများစွာက မူလရင်းနှီးသောပင်လယ်ဧရိယာတွင် ထွက်ပေါ်လာသည်!

ထိုအကောင်ကြီးများ ချဉ်းကပ်လာသည်ကိုမြင်ပြီး ဂျီကျဲန်ရှန်း,၏မျက်နှာက အလွန်မည်းမှောင်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ပစ်!!!!”

ဂျီကျဲန်ရှန်း၏ အမိန့်ကြောင့် ကမ်းရိုးတန်းမှ မရေမတွက်နိုင်သော မီးတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

လေယာဉ်ပစ်အမြောက်များ၊ အလိုအလျောက်စနစ်ဖြင့် ပစ်ခတ်နိုင်သော အမြောက်များ၊ လေးလံသော စက်သေနတ်ကြီးများ၊ ယာဉ်ပေါ်တပ်ဆင်ထားသော စက်သေနတ်များ၊ အချင်းဝက်ကြီးသော ဟော့ဝှတ်ဇာအမြောက်များ၊ အလိုအလျောက်ပစ်လွှတ်နိုင်သည့် ဒုံးကျည်များ၊ သံချပ်ကာယာဉ်များ...စသဖြင့်။

ကမ်းရိုးတန်းတွင် တပ်ဆင်ထားသည့် စစ်သေနတ်များနှင့် အမြောက်များ အားလုံးသည် ယခုအခါတွင် ၎င်းတို့၏ စွမ်းအားကို ရူးသွပ်စွာ လွှတ်ထုတ်နေကြပြီး မရေမတွက်နိုင်သော မီးတန်းများက ပင်လယ်ထဲသို့ ကျဆင်းနေသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်မှုအောက်တွင် ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများဖြင့် ဆက်တိုက်ပေါက်ကွဲနေသည်။

ကောင်းကင်တွင် အငွေ့ပျံနေသော ရေမှုန်များနှင့် ပြည့်နှက်နေပြီး ကမ်းရိုးတန်းပေါ်တွင် တစ်ခုတည်းသော အသံက လက်နက်ကြီးများ၏ပေါက်ကွဲသံပင် ဖြစ်သည်။

သို့သော် လူတိုင်းမမျှော်လင့်ထားသည့်အရာမှာ လက်နက်ကြီးများ၏ပစ်ခတ်မှုအောက်တွင် ပင်လယ်သားရဲများစွာ သေဆုံးခဲ့ကြသော်လည်း၊ သို့ပေမယ့် ပင်လယ်သားရဲ ၃၀% ကျော်က ၎င်းတို့၏ ပစ်ခတ်မှုများကိုမကြောက်ကြပေ။

ပြင်းထန်လှသော လက်နက်ကြီးများ၏ကျည်များက သူတို့၏ အခွံများနှင့် အကြေးခွံများကို ထိမှန်ကာ ခန္ဓာကိုယ်များကို အနည်းငယ်လှုပ်ခါရုံသာဖြစ်ပြီး သူတို့ကို ဒဏ်ရာရအောင် မလုပ်ဆောင်နိုင်ပေ။

ထို့အပြင် လှိုင်းလုံးကြီးများအောက်တွင် ပင်လယ်သတ္တဝါ အများအပြား ကူးခတ်လာနေဆဲဖြစ်သည်။

ပင်လယ်ရေ လျော့ကျသွားပြီးနောက် လက်နက်ကြီးများ၏ စွမ်းအားက အလွန်အားနည်းသွားခဲ့သည်။

ပင်လယ်သားရဲများ ချဉ်းကပ်လာသည်နှင့်တပြိုင်နက် လူသားတို့၏ အထူးစွမ်းရည်ရှိသူများက စတင်လှုပ်ရှားလိုက်ကြသည်။

ယခုအချိန်တွင် ကောင်းကင်ယံ၌ စွမ်းအင်မျိုးစုံက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။

မီးလျှံများက တောက်လောင်လျှက်၊ လေပြင်းများက တဟုန်ထိုးတိုက်ကာ၊ ကျောက်တုံးကြီးများက ကောင်းကင်မှ ကျဆင်းလာပြီး၊ ရေခဲတုံးများနှင့်ရေခဲချွန်များ စသဖြင့် မရေမတွက်နိုင်သော စွမ်းအင်မျိုးစုံက ပင်လယ်ထဲသို့ အဆက်မပြတ်ကျဆင်းလာသည်။

တခဏချင်းပင် ဤကမ်းရိုးတန်းဒေသက ဒဏ္ဍာရီထဲမှ စစ်မြေပြင်တစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။

ထို့အပြင် အချို့သောလူများက ဓားပညာ၊ ဓားသိုင်းနှင့် အခြားရှေးဟောင်းကိုယ်ခံပညာများတွင် အထူးပြုထားပြီး အချို့ကမူ ဒြပ်စင်စွမ်းရည်တို့ကို နိုးထလာခဲ့ကြသည်။

ဓားများကို လွှဲယမ်းလိုက်သည်နှင့် မရေမတွက်နိုင်သော အေးစက်သော အလင်းတန်းများက လျှပ်တပြက် လင်းလက်သွားသည်။

All Chapters