အဆုံးစွန်သောလက်နက်ကို အသုံးပြုခြင်း
Vol. 8 Ch. 109
ထိုအချိန်တွင် မူလက အပြာရောင်ပင်လယ်ကြီးသည် ယခုအချိန်တွင် သွေးပင်လယ်အဖြစ်ပြောင်းလဲသွားခဲ့သည်။
သာမန်မျက်စိဖြင့်ကြည့်လျှင်ပင်၊ ပင်လယ်သားရဲအလောင်းအမြောက်အမြားနှင့် မရေမတွက်နိုင်သော အသွေးအသားအပိုင်းအစများက ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မျောပါနေသည်ကို တွေ့ရမည်ဖြစ်သည်။
အချို့မှာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရပြီး၊ အချို့မှာ သဘာဝလွန် စွမ်းအားများဖြင့် သေဆုံးခဲ့ကြပြီး၊ အချို့မှာ ဒဏ်ရာရပြီးနောက် သူတို့ ပင်လယ်သားရဲများ၏ ပြန်စားခြင်းကိုခံခဲ့ရသည်။
ပင်လယ်ရေ၏ ကြီးမားကျယ်ပြန့်သော ဧရိယာများက သွေးများဖြင့် နီရဲသွားပြီး မည်းနက်သွားကာ အလွန်ကြောက်စရာကောင်းလှသည်။
တစ်ချိန်က ငြိမ်သက်နေသော ပင်လယ်ပြင်သည် ယခုအခါတွင် အနက်ရောင် မီးခိုးများဖြင့် ပြည့်နှက်နေသည်။
ပြင်းထန်သော သွေးညှီနံ့နှင့် ငါးညှီနဲ့က ပင်လယ်လေပြင်းများနှင့်အတူ လိုက်ပါလာသည်။
ပြင်းထန်သောသွေးညှီနံ့နှင့် ငါးညှီနံ့များရောစပ်နေသောကြောင့် လူများကို အော့အန်လုနီးပါးဖြစ်စေခဲ့သည်။
ယခုအချိန်အထိ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသော်လည်း မြင့်မားသော တံတိုင်းများဖြင့် ကာကွယ်ထားသောကြောင့် နယ်စပ်စောင့်တပ်သားများ ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။
သို့သော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော သားရဲနှင့်လူသားစစ်ပွဲက လူများစွာကို ထိတ်လန့်နေဆဲဖြစ်သည်။
မရေမတွက်နိုင်သော ထူးဆန်းသောပုံစံရှိသည့် ပင်လယ်သားရဲများက မြို့ရိုးကို ရူးသွပ်စွာတိုက်ခိုက်နေကြသည်။
ယခုအချိန်တွင် ကမ်းရိုးတန်းရှိ မြင်ကွင်းများက ကမ္ဘာအဆုံးသတ်စစ်ပွဲနှင့်တူညီလှသည်။
ရန်နိုင်ငံမှ စစ်သတင်းထောက်များက မြို့ရိုးရှိ သံလက်ရန်းများပေါ်တွင်နေ၍ ကင်မရာများကို ကိုင်ဆောင်ကာ ယင်းကဲ့သို့ ကမ္ဘာပျက်နေသကဲ့သို့စစ်ပွဲကို မှတ်တမ်းတင်ပြီး တိုက်ရိုက်ထုတ်လွှင့်နေကြသည်။
သူတို့သည် ပင်လယ်ကမ်းစပ်တွင် ရှိနေသောကြောင့် အင်တာနက်လိုင်းများက မကြာခဏ ပြတ်တောက်နေသည်။
သို့ပေမယ့် ဤကဲ့သို့ ပြတ်တောက်နေသော ပုံရိပ်မြင်ကွင်းများ ပြန့်နှံ့သွားပြီးနောက် ရန်နိုင်ငံမှ မရေမတွက်နိုင်သော လူများစွာကို စိုးရိမ်ထိန့်လန့်စေခဲ့သည်။
“ဒါက ငါတို့နဲ့ ရင်းနှီးတဲ့ ပင်လယ်မဟုတ်လား၊ ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ?”
“အို ဘုရား၊ ဆူနာမီလှိုင်းက မီတာတစ်ရာနီးပါး မြင့်တယ်၊ ဒါက ကမ္ဘာကြီးရဲ့ အဆုံးသတ်လား”
“ဒီမိုက်မဲတဲ့ ပင်လယ်သားရဲတွေက ငါတို့လူသားတွေကို မျိုးတုန်းစေချင်နေတာ၊ ငါတို့ ဒီသားရဲတွေကိုချေမှုန်းပစ်ရမယ်!”
ကုန်းတွင်းပိုင်းပင်ဖြစ်စေ၊ ကမ်းရိုးတန်းဒေသများပင်ဖြစ်စေ၊ စစ်ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေသော လူများစွာက ယခုအချိန်တွင် အရမ်းစိုးရိမ်နေကြသည်။
အချို့က ကျယ်လောင်စွာ အော်ဟစ်ကြနေပြီး၊ အချို့မှာ နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းနေကြသည်။
သို့သော် ခြွင်းချက်မရှိ၊ သူတို့အားလုံးက သူတို့၏ သူရဲကောင်းများကို အားပေးကြသည်။
ဧရာမတံတိုင်းကြီး၏ နောက်ကွယ်တွင် လူသားများ၏ နယ်မြေရှိသည်။ စစ်ရှုံးသွားခဲ့ပါက နောက်ဆက်တွဲအကျိုးဆက်များက မှန်းဆ၍ပင်မရပေ။
ဤသည်မှာ ကမ်းရိုးတန်းဒေသများမှ တိုက်ပွဲတစ်ခုမျှမဟုတ်တော့ဘဲ အဓိကမျိုးနွယ်နှစ်ခုဖြစ်သည့် လူသားများနှင့် ပင်လယ်သားရဲများကြားမှ စစ်ပွဲဖြစ်သည်ကို လူတိုင်းသိသည်။
“ဘုန်း! !”
ထိုအချိန်တွင် ကမ်းရိုးတန်းတွင် အဆုံးမဲ့ အမြောက်ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။ လူသားများက ပင်လယ်သားရဲများစွာကို ခုခံကာကွယ်ရန် မြင့်မားပြီး ထူထပ်သော တံတိုင်းကြီးပေါ်တွင်သာ မှီခိုအားထားနေရသည်။
အချိန်တိုအတွင်း ပြင်းထန်လက်နက်ကြီးများနှင့် အမျိုးမျိုးသော သဘာဝလွန်စွမ်းအားများ၏ သက်ရောက်မှုအောက်တွင် ပင်လယ်သားရဲများသည် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရပြီး အလောင်းအများအပြားက ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မျောပါနေကြသည်။
သို့သော်လည်း ဤဆုံးရှုံးမှုများက ပင်လယ်သားရဲ အရေအတွက် အများအပြားအတွက် မဟုတ်ပေ။
အမှန်တွင်၊ ပင်လယ်ထဲမှာ အနည်းဆုံးက ထိုအမြောက်စာများပင်ဖြစ်သည်။
“လိပ်ဘုရင်၊ အရှေ့ကမြို့ရိုးက မင်းလက်ထဲမှာပဲ!”
လူသားများ၏ အကာအကွယ်ကို မချိုးဖောက်နိုင်သည်ကို တွေ့လိုက်ရပြီး ဧရာမပုဇွန်ကြီးက ပင်လယ်ထဲတွင် ခံတပ်တစ်ခုလိုဖြစ်နေသော ဧရာမလိပ်ကြီး ချန်ရှင်း ကို အမိန့်ပေးလိုက်သည်။
လိပ်ကြီးက ခေါင်းညိတ်ပြပြီးနောက် မြို့ရိုးဆီသို့ လျှောက်သွားသည်။
သူ၏ အလွန်ကြီးမားသော ခန္ဓာကိုယ်ဖြင့် ခြေလှမ်းတိုင်းတွင် လှိုင်းလုံးကြီးများ ဖန်တီးခဲ့သည်။
ထိုကဲ့သို့ ပြင်းထန်သော အရှိန်အဟုန်ကြောင့် နယ်စပ်ရှိ စစ်သားများက ကြီးမားသောဖိအားအောက်ကို ရောက်ရှိခဲ့သည်။
“မဖြစ်ဘူး! ဒီလိပ်ကြီးက မြို့ရိုးကို တိုက်ခိုက်ဖို့ ကြိုးစားနေတာ၊ မြန်မြန်ရပ်တန့်ကြ!!”
ဗိုလ်ချုပ်မိုးကြိုးနတ်ဘုရား ဂျီကျဲန်ရှန်း သည် လိပ်ကြီးက မြို့ရိုးကို တိုက်ခိုက်တော့မည်ကို မြင်လိုက်ရပြီး သူ့မျက်လုံးများက ချက်ချင်းပင် အေးစက်သွားသည်။
ဤလိပ်ကြီးက ကြီးမားလွန်းသောကြောင့် တစ်ချက်တည်းဖြင့် မြို့နံရံတွင် အက်ကြောင်းတစ်ခုကို ဖန်တီးနိုင်မည်မှာ သေချာသည်။
ပင်လယ်သားရဲများကို အချိန်အတော်ကြာအောင် ထိန်းထားနိုင်ရခြင်း၏ အကြောင်းရင်းမှာ သူတို့တွင် ကာကွယ်ရေးအတွက် မြင့်မားသော မြို့ရိုးများ ရှိနေသောကြောင့် ဖြစ်သည်။
အဆုံးမရှိသော ပင်လယ်ရေက မြို့ရိုးများအတွင်းသို့ စီးဝင်လာပါက၊ ပုံမှန်အားဖြင့် ရေထဲတွင် မတိုက်နိုင်သော လူသားများ၏ အကျိုးဆက်ကဆိုးရွားပေလိမ့်မည်။
“ဝှရ်! ဝုန်း! ဝှစ်! ဂှရှ်!”
ထိုအချိန်တွင် မရေမတွက်နိုင်သော တိုက်လေယာဉ်များကလည်း စစ်မြေပြင်သို့ လျင်မြန်စွာ ရောက်လာခဲ့သည်။
အသံထက်မြန်သော တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ စသည်တို့က ပြင်းထန်သော ဗုံးများကို ပင်လယ်ထဲသို့ ပစ်ချခဲ့သည်။
တစ်ခဏမျှပင် ပင်လယ်ပြင်ထက်တွင် မီးလုံးကြီးများ တက်လာ၏။
သို့သော် မည်သူမျှ မမျှော်လင့်ထားသည့်အရာမှာ ဧရာမလိပ်ကြီး၏ ခုခံမှုမှာ အလွန်ကြောက်စရာကောင်းလှသည်။
ဤကဲ့သို့ အပြင်းအထန် ဗုံးကြဲခံခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရခြင်းမရှိပေ။
“ဟမ့်! ဘယ်လောက် ပျော့ညံ့လိုက်တဲ့ တိုက်ခိုက်မှုလဲ၊ ဒါက မင်းတို့လုပ်နိုင်တဲ့ တစ်ခုတည်းသော တိုက်ခိုက်မှုလား”
ဧရာမ လိပ်ကြီး က ရယ်မောလိုက်ပြီး ပင်လယ်ရေပြင်ကို ခြေများဖြင့် ပုတ်ထုတ်လိုက်ကာ ချက်ချင်းဆိုသလိုပင် ပြင်းထန်သော လှိုင်းလုံးကြီး အများအပြားကို ဖန်တီးလိုက်သည်။
လှိုင်းလုံးကြီးများက ချက်ချင်းဆိုသလိုပင် အရှေ့မှမြို့ရိုးကြီးကို ရိုက်ခတ်သွားသည်။
လူသားကာကွယ်သူအများအပြားက ပင်လယ်ထဲမျောပါသွားကာ အချို့မှာမြို့ရိုးနောက်သို့ လွှင့်ထွက်သွားကြသည်။
ဤကမ်းရိုးတန်းတစ်လျှောက်ရှိ တံတိုင်းများကို ယာယီမြှင့်ထားသောကြောင့် နေရာတိုင်းက မီတာ ၁၀၀ ထက်မပိုပေ။
လိပ်ကြီးရွေးချယ်ခဲ့သော မြို့ရိုး၏ အစိတ်အပိုင်းမှာ မီတာဆယ်ဂဏန်းမျှသာ မြင့်သည်။
လိပ်ကြီးသည် ရေလှိုင်းကိုပြင်းထန်စွာ တွန်းထုတ်လိုက်ပြီး မြို့ရိုးကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။
ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာ အထူရှိပြီး မီတာဒါဇင်များစွာမြင့်သော အားဖြည့်ကွန်ကရစ်နံရံက ရုတ်တရက် အက်ကွဲသွားသည်။
အက်ကွဲကြောင်းတစ်ခုပေါ်လာပြီးနောက်၊ မြို့ရိုးကြီးက ရုတ်တရက် လှုပ်ခါစပြုလာသည်။
ပင်လယ်၏ရေဖိအားက အလွန်ကြောက်စရာကောင်းသည်၊ အက်ကြောင်းများ တဖြည်းဖြည်းတိုးများလာပြီး မကြာမီ မြို့ရိုးအပိုင်းတစ်ခုလုံး ပြိုကျသွားသည်။
မီတာငါးဆယ်ကျော် ကွာဟချက်တစ်ခု ပေါ်လာပြီး ပင်လယ်ရေက နယ်နိမိတ် ကာကွယ်ရေးစည်းထဲသို့ အရူးအမူး ပြေးဝင်သွားသည်။
“မဖြစ်ဘူး၊ မြို့ရိုးကျိုးပေါက်သွားပြီ!” မြို့တံတိုင်းအခြေအနေကို မြင်လိုက်သောအခါ ဂျီယန်ရှိုး,၏သိမ်မွေ့သောမျက်နှာလေးက ချက်ချင်းပင် ဖြူဖျော့သွားသည်။
သူမ,သည် မြို့ရိုးဆီသို့ အလျင်အမြန်သွားပြီး သူ့အနားရှိ ရေခဲစွမ်းရည်ရှိသူများကို သူတို့၏ စွမ်းရည်များ အသုံးပြုရန် တောင်းဆိုလိုက်သည်။
သို့သော်လည်း ဤစီးဆင်းနေသော ပင်လယ်ရေများက အလွယ်တကူ အေးခဲသွားလိမ့်မည်မဟုတ်ပေ။
နောက်ဆုံးတွင် လူတိုင်း၏ အစီအစဉ်က မအောင်မြင်ခဲ့ပေ။
ဗိုလ်ချုပ်မိုးကြိုးနတ်ဘုရား ဂျီကျဲန်ရှန်း က ကောင်းကင်တွင် ပျံသန်းလျှက်ရှိသည်။ ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အရပ်ရပ်မှ ကာကွယ်ရေးတပ်များကို ဖြန့်ကျက်ထားခဲ့သည်။
ယခု စစ်ပွဲသည် ပိုမိုပြင်းထန်လာသောကြောင့် ဂျီကျဲန်ရှန်း,က မထိုင်နိုင်တော့ပေ။
“ကွန်းဒဲ၊ မင်း အခုကစပြီး ငါ့အစားအမိန့်ပေးနိုင်တယ်!”
ဒေါင်ရှန်း ခရိုင် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ထံ စစ်အမိန့်အား ပေးအပ်ပြီးနောက် ဂျီကျဲန်ရှန်း ကိုယ်တိုင် စစ်မြေပြင်သို့ ဝင်ရောက်ခဲ့သည်။ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက သူ့တစ်ကိုယ်လုံးတွင် ရှိနေသည်။
ဂျီကျဲရှန်း,၏ခန္ဓာကိုယ်ပတ်ပတ်လည်မှ လျှပ်စီးကြောင်းများက အောက်သို့ကျဆင်းသွားသည်။ ဤကြောက်စရာကောင်းသော လျှပ်စီးကြောင်းများအောက်တွင် ပင်လယ်သားရဲအများအပြား ချက်ချင်းပင် သေဆုံးသွားကြသည်။
ပင်လယ်ရေသည် လျှပ်ကူးနိုင်ပြီး ဂျီကျဲရှန်း,က တစ်ချက်လှုပ်ရုံဖြင့် ပင်လယ်သားရဲများကို အသေအပျောက် ကြီးမားစေခဲ့သည်။
“ဘာလဲ၊ ဒါက မိုးကြိုးစွမ်းရည်လား!”
အဝေးရှိ လှိုင်းလုံးများထက်တွင် ဧရာမပုစွန်ပုဇွန်ကြီးသည် ဂျီကျဲန်ရှန်း,က လေထဲတွင် လွှင့်မျောနေကာ လျှပ်စီးကြောင်းများဖြင့် အောက်သို့ပစ်ချနေသည်ကိုမြင်လိုက်ရပြီး ချက်ချင်းပင် အံ့သြသွားသည်။
ဧရာမပုဇွန်မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားသည်။
မိုးကြိုးစွမ်းရည်က အလွန်ရှားပါးသည်။ မြောက်ပင်လယ်တွင်၊ မြောက်ပင်လယ်၏အုပ်စိုးသူသည် မိုးကြိုးစွမ်းရည်ကို နိုးထခဲ့ပြီး အလွန်အစွမ်းထက်သော လျှပ်စီးငါးရှဉ့်ဖြစ်သည်။
‘သူက မြောက်ပင်လယ်ဘုရင်လို စွမ်းရည်မျိုး ပိုင်ဆိုင်ထားမယ်လို့ မမျှော်လင့်ထားဘူး’ ပုစွန်ပုစွန်ကြီးက တွေးလိုက်သည်။
“အစ်ကို ကျားငါးမန်း၊ ဒီခြေနှစ်ချောင်းကောင်ကို အတူတူ တိုက်ခိုက်ရအောင်”
ဧရာမပုဇွန်ကြီးက အေးစက်စွာ အော်ဟစ်လိုက်ပြီး ဂျီကျဲန်ရှန်း,ကို တိုက်ခိုက်ရန် အစွမ်းထက်သော ကျားငါးမန်းကိုခေါ်လိုက်သည်။
ဂျီကျဲန်ရှန်း,သည် လေထဲတွင် လျှပ်တစ်ပြက် လျှပ်စီးကြောင်းများဖြင့် အောက်သို့ပစ်ချနေချိန်တွင် ရုတ်တရက် သူ့နှလုံးသားက တင်းကြပ်လာသည်ကို ခံစားလိုက်ရပြီး အန္တရာယ်ကို သိရှိလိုက်သည်။
နောက်အခိုက်အတန့်တွင် ရေမြှားတစ်စင်း တိုးဝင်လာသည်။ အမြန်နှုန်းက အလွန်မြန်သောကြောင့် ၎င်းကိုရေမြှားဟုခေါ်ခြင်းဖြစ်သည်။ အမှန်တွင်၊ ၎င်းက ဧရာမရေတိုင်တန်းကြီးဖြစ်သည်။
ဂျီကျဲန်ရှန်း,သည် မျက်မှောင်ကြုတ်ကာ တိုက်ခိုက်မှုကို အမြန်ရှောင်တိမ်းလိုက်သည်။
အောက်ကိုငုံ့ကြည့်လိုက်သောအခါ ကျားငါးမန်းကြီးက သူ့ကို တိုက်ခိုက်နေကြောင်း တွေ့လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ဧရာမရေတိုင်အများအပြားက ပင်လယ်ပြင်မှ တက်လာခဲ့သည်။ ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ဂျီကျဲန်ရှန်း လုံးဝ လျှော့မတွက်ဝံ့ပေ။
ခဏအကြာတွင်၊ ဂျီကျဲန်ရှန်း,က လေထဲတွင်တိုက်ခိုက်မှုများကို ရှောင်တိမ်းနေပြီး အောက်ဘက်မှတိုက်ပွဲသည်လည်း ဆက်လက်ဖြစ်ပွားလျှက်ရှိသည်။
ပင်လယ်ရေ၏ အဆက်မပြတ်ရိုက်ခတ်မှုနှင့် ဧရာမလိပ်ကြီး၏ ဝင်တိုက်ကြောင့် မြင့်မားသောမြို့ရိုးများက ပြိုကျလာသည်။
ပင်လယ်ရေ အများအပြားက ကာကွယ်ရေးစည်းထဲသို့ ရူးသွပ်စွာစီးဝင်နေသည်။
ဤတိုက်ပွဲတွင် မူလက အင်အားကြီးမားသော စစ်သင်္ဘောများနှင့် ဒုံးပျံတင်သင်္ဘောများပင် အသုံးမဝင်ပေ။
လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည်ကို မပြောဘဲ၊ ၎င်းကို ကြီးမားသော သားရဲကြီးများက ဝင်တိုက်ရန်သာ လိုအပ်ပြီး အဆိုပါ စစ်သင်္ဘောများသည် ပင်လယ်ရေအောင်ထဲသို့ နစ်မြုပ်သွားလိမ့်မည်ဖြစ်သည်။
တစ်ဟုန်ထိုးတက်လာသော ပင်လယ်ရေက ကာကွယ်ရေးစည်းထဲသို့ စိမ့်ဝင်လာသောကြောင့် မြို့ရိုးကာကွယ်ရေးစည်းအတွင်းမှ အားပြင်းသောပစ်ခတ်မှုကို ထုတ်လွှတ်သော မြေပြင်တပ်များက ပစ်ခတ်မှုများကို မလုပ်နိုင်တော့ပေ။
ပြင်းထန်သောလက်နက်ကြီး အများအပြားကို ပစ်ခတ်ရန် ပျက်ကွက်ခဲ့ရသည်။ ပြင်းထန်သောလက်နက်ကြီးများ၏ ပစ်ခတ်မှုနည်းပါးသွားသောကြောင့် ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုက ပို၍ပင် ပြင်းထန်လာခဲ့သည်။
မကြာမီတွင်၊ ဆယ်မိုင်နီးပါးရှည်သော မြို့ရိုးသည် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ပြိုကျသွားပြီး ပင်လယ်ရေ၏သက်ရောက်မှုအောက်တွင် ပင်လယ်သားရဲအများအပြားက ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာကြသည်။
ယခုတစ်ကြိမ်တွင် ပင်လယ်မျိုးနွယ်စုများ၏ ကျူးကျော်မှုကို လူသားများ၏ ကာကွယ်ရေး ပျက်ကွက်ရခြင်းကြောင့် အဆုံးသတ်ခဲ့ရပြီး ဤနေရာကို လက်လျော့လိုက်ရသည်။
ပင်လယ်ထဲ နစ်မြုပ်နေသော ကုန်းမြေကြီးကို ကြည့်ရင်း ဂျီကျဲန်ရှန်း,က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ဒါက တစ်ခုတည်းသော နည်းလမ်းလို့ ထင်တယ်” ဂျီကျဲန်ရှန်း,က ဖုန်းချပြီး ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် အင်ပါယာမြို့တော်၊ ရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များ၏ အစည်းအဝေးခန်း။
ရဲရင့်သောအမူအရာနှင့် အဘိုးအိုတစ်ဦးက ရန်နိုင်ငံ အကြီးတန်းအရာရှိများစွာ၏ အကြည့်အောက်တွင် ရှိနေသည်။
ထိုအဘိုးအိုက လေးလံသောမျက်နှာဖြင့် သူ့ရှေ့မှ အနီရောင်ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
ထို့နောက် ဒေါင်ရှန်း ခရိုင်၏ ကုန်းတွင်းပိုင်း ဝေးကွာသော တောင်တန်းများအတွင်းမှ ကျယ်လောင်သော အသံများ ရုတ်တရက်ထွက်ပေါ်လာသည်။
ဤဧရိယာတွင် ရန်နိုင်ငံမှထားရှိခဲ့သော S-အတန်းအစားလက်နက်ပစ်လွှတ်သည့် နေရာတစ်ခုဖြစ်သည်။
တခဏအတွင်းမှာပင် ဧရာမ ဒုံးကျည်တစ်စင်းက တောင်တန်းမှ ထွက်ပေါ်လာပြီး မီးတောက်များနှင့်အတူ ကမ်းရိုးတန်းဒေသဆီသို့ ပျံသန်းသွားခဲ့သည်။
ဒုံးကျည်သည် ကောင်းကင်ကိုဖြတ်ကာပျံသန်းသွားပြီး ဥက္ကာပျံကဲ့သို့ အလွန်မြန်သည်။
တိုင်ရှန်တောင်၏ တောင်စောင်းတစ်ခုတွင် လုချန်း,သည် အလွန်ကြောက်စရာကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
သူ ရုတ်တရက် အဝေးကို မျှော်ကြည့်လိုက်ပြီး အပြာရောင် ကောင်းကင်ပြင်ကြီးကို ဖြတ်သွားသော မီးခိုးငွေ့တန်းတစ်ခုကိုတွေ့လိုက်ရသည်။
မိနစ်အနည်းငယ်ခန့်အကြာတွင် လုချန်း သည် အလွန်ဝေးသောအရပ်မှ ကျယ်လောင်သောအသံကိုကြားလိုက်ရသည်။
သူနှင့် ဝေးကွာနေသော်လည်း လုချန်း သည် သူ့ခြေဖဝါးအောက်ရှိ မြေပြင် အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
“ကမ်းရိုးတန်းကို ကာကွယ်မှု မအောင်မြင်ခဲ့တဲ့ပုံပဲ၊ အဲဒီပင်လယ်သားရဲတွေက လူသားတွေကို အဆုံးစွန်လက်နက်သုံးဖို့ တွန်းအားပေးနိုင်ခဲ့တယ်”
“မြောက်ပင်လယ်မှာ ရှိနေတဲ့ လျှပ်စစ်ငါးရှဉ့်က လှုပ်ရှားမှာကို ငါကြောက်တယ် အစ်ကို၊ သွားကြရအောင်”
ယိုချင်းယန်,က သက်ပြင်းချလိုက်ပြီး လုချန်း ကို ပြောလိုက်သည်။
“ကောင်းပြီ!”
လုချန်း,က ခေါင်းညိတ်လိုက်ပြီး လေထဲသို့ ပျံတက်သွားသည်။
ယိုချင်းယန်,သည်လည်း သူ့ရှေ့တွင် ကိုယ်ပျောက်နိုင်သော ပုတီးစေ့ကို အသုံးပြုခဲ့သည်။
သို့သော် အမှတ်အသားကြောင့် လုချန်း သည် သူ့ညီမ၏တည်နေရာကို အာရုံခံနိုင်သေးသည်။