ချည်နှောင်ခြင်းအဆင့်
Vol. 8 Ch. 112
“မင်းဒီနေ့သေရမယ်!”
မြောက်ပင်လယ်၏ဘုရင်သည် ဒေါသတကြီး ရယ်မောကာ သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်နှင့် ရက်စက်မှုများ ပြည့်နှက်နေသည်။
ဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်လာကာ ကောင်းကင်တွင် တိမ်မည်းများ ဖုံးလွှမ်းသွားသည်။
ကြီးမားသော အပြာရောင်သားရဲကြီးသည် လှိုင်းလုံးကြီးများအထက်တွင် ရပ်တန့်ပြီး၊ သူသည် အမှန်တကယ်ပင် နတ်ဆိုးသားရဲတစ်ကောင်နှင့်တူသည်။
ထိုအချိန်တွင် နဂါးဘုရင်၏ တစ်ကိုယ်လုံး လျှပ်စီးအလင်းများ တောက်ပနေပြီး လုချန်း,ဆီသို့ တည့်တည့် ပြေးဝင်သွားလေသည်။
ဤအခိုက်အတန့်တွင် နဂါးဘုရင်၏အမြန်နှုန်းက ကန့်သတ်ချက်သို့ရောက်ရှိသွားပြီး ခုခံတိုက်ခိုက်ရန်ပင် ရည်ရွယ်ချက်မရှိတော့ပေ။
“မကောင်းတော့ဘူး! ရှောင်းပိုင်၊ အမြန်ထွက်သွား!”
“အစ်ကို၊ သတိထား၊ ဒီကနေ အမြန်ထွက်သွား!”
ငါးရှဉ့်ဘုရင်၏ အခြေအနေက အလွန်ထူးဆန်းလှသည်။ မောင်နှမ နှစ်ယောက်စလုံးက တစ်ချိန်တည်းတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိပြီး အချင်းချင်း တပြိုင်တည်း သတိပေးလိုက်သည်။
ဤအခိုက်အတန့်တွင် မြောက်ပင်လယ်ငါးရှဉ့်ဘုရင်၏ အငွေ့အသက်က အလွန်ဖရိုဖရဲဖြစ်နေကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။
လွန်ကဲစွာ ဖိသိပ်ခံထားရပြီး နောက်စက္ကန့်တွင် ပေါက်ကွဲတော့မည့် ဓာတ်ငွေ့တိုင်ကီနှင့် ဆင်တူသည်။
မြောက်ပင်လယ်ငါးရှဉ့်ဘုရင်၏ ပတ်ပတ်လည်နေရာသည်ပင် အနည်းငယ်ကွဲလွဲနေပုံရသည်။
ကြောက်စရာကောင်းသော အရှိန်အဟုန်နှင့် ဖိအားများက လုချန်း,ကို ကျော်လွန်သွားသည်။
ယိုချင်းယန်,က ဤအချိန်တွင် အလွန်အံအားသင့်နေသည်။
မြောက်ပင်လယ်ငါးရှဉ့်ဘုရင်၏ စွမ်းအားက ဤမျှသာလွန်ကောင်းမွန်လိမ့်မည်ဟု သူမ,မမျှော်လင့်ခဲ့ပေ။
နိုးထခြင်း အထွတ်အထိပ်အဆင့်သာရှိသော ဤလျှပ်စီးငါးရှဉ့်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းသည် နိုးထခြင်းနယ်ပယ်ကို ဖြတ်ကျော်သွားသောသူများသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်ကြောင်း သင်သိထားရမည်ဖြစ်သည်။
ယခုတွင် ဤမြောက်ပင်လယ်နဂါးဘုရင်သည် နိုးထခြင်း အထွတ်အထိပ်အဆင့်ရှိ သာမန်သားရဲဘုရင်မဟုတ်ဘဲ ချည်နှောင်ခြင်းအဆင့် ထဲသို့ ခြေလှမ်းတစ်ဝက်ဝင်ပြီးသော သားရဲဘုရင်တစ်ကောင်ဖြစ်ပုံရသည်။
ခြေလှမ်းတစ်ဝက် ချည်နှောင်ခြင်းအဆင့် ၏ စွမ်းအားသည် အလွန်ကြောက်စရာကောင်းပြီး ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲလိုက်သော စွမ်းအားက အလွန်ပြင်းထန်မည်ဖြစ်သည်။
လုချန်း နှင့် ယိုချင်းယန်,တို့က တစ်စုံတစ်ခု မှားယွင်းနေသည်ကို သိရှိပြီးနောက်တွင် သူတို့၏ လျှို့ဝှက်နည်းစနစ်များကို တစ်ပြိုင်နက်တည်း အသုံးပြု၍ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
သူတို့၏အော်သံတွေက အလွန်အရေးတကြီးဖြစ်ပြီး ကျယ်လောင်လွန်းသောကြောင့် ဂျီယန်ရှိုး နှင့် လျှို့ဝှက်စုံစမ်းစစ်ဆေးနေသောသူများသည်လည်း ကြားလိုက်ရသည်။
လုချန်း နှင့် သူ့ညီမတို့က လေထုထဲမှ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီး၊ နဂါးဘုရင်ထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် အငွေ့အသက်များနှင့်အတူ။
လေယာဉ်ပေါ်ရှိလူတိုင်းသည် နောင်တွင် ကြီးမားသောအန္တရာယ်ရှိနိုင်လာသည်ကို ချက်ချင်းသဘောပေါက်သွားကြသည်။
ကြောက်စရာကောင်းသော အကျပ်အတည်းတစ်ခုမဟုတ်လျှင် သန်မာလှသော ဝံပုလွေဘုရင်နှစ်ကောင်က ချက်ချင်းဆိုသလို မည်ကဲ့သို့ပျောက်ကွယ်သွားနိုင်မည်နည်း။
“မြန်မြန် ပြန်ဆုတ်!”
ဂျီယန်ရှိုး,က မြန်မြန် အမိန့်ပေးလိုက်ပြီး သူ့အသံက အလွန်အရေးတကြီးဖြစ်နေသည်။
သို့သော် ဂျီယန်ရှိုး,၏ ညွှန်ကြားချက်မပါလျှင်ပင် လေယာဉ်မှူးက လေယာဉ်မောင်းတံကို စတင်ဆွဲကာ ရူးသွပ်စွာ ပျံသန်းနေပြီဖြစ်သည်။
နောက်အခိုက်အတန့်တွင် မြောက်ပင်လယ်ပြာနဂါးဘုရင်၏ ကြီးမားသောကိုယ်ထည်က ရုတ်တရက် ကျယ်ပြန့်လာပြန်သည်။
လေထုအလယ်တွင်၊ သူ့၏ကိုယ်ခန္ဓာက မည်းမှောင်နေသောတိမ်တိုက်များတွင် ပုန်းကွယ်နေသည့် နဂါးဘုရင်နှင့်တူသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအားများ လျော့နည်းသွားကာ မူလက လျှပ်စီးအလင်းဖြင့် ဝန်းရံထားသည့် မြောက်ပင်လယ်နဂါးဘုရင်သည် ချက်ချင်းပင် နဂိုအတိုင်း ဖြစ်လာခဲ့သည်။
သို့သော် ဤသည်မှာ မုန်တိုင်းမလာခင် လေပြေငြိမ်းနေခြင်းဖြစ်သည်။ နောက်တစ်စက္ကန့်တွင်၊ မြောက်ပင်လယ်နဂါးဘုရင်၏ ခန္ဓာကိုယ်က ရုတ်တရက်ပေါက်ကွဲသွားသည်။
“ဘုန်း! ဘုန်း! ဘုန်း!”
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံက ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားသည်။
ကီလိုမီတာရာနှင့်ချီဝေးသော ကုန်းမြေပေါ်တွင်ပင် ရေလယ်ပိုင်းမှ ထွက်လာသော ပေါက်ကွဲသံကို ကြားလိုက်ရသည်။
ကောင်းကင်တွင် တိမ်မည်းများ လွင့်စင်သွားခဲ့သည်။
တစ်စုံတစ်ယောက်က သမုဒ္ဒရာတစ်ခုလုံးကို နှိုးဆော်နေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
ဤပေါက်ကွဲမှု၏ စွမ်းအားသည် ရန်နိုင်ငံမှ ပစ်လွှတ်သော S-အဆင့်မြင့်လက်နက်များထက် ပို၍ ကြောက်စရာကောင်းသည်။
S-အဆင့်မြင့်လက်နက်နှင့်မတူဘဲ မြောက်ပင်လယ်နဂါးဘုရင်၏ ကိုယ်တိုင် ပေါက်ကွဲခြင်းသည် နေ့ကဲ့သို့ မီးတောက်များ မထွက်လာသလို လေထဲတွင် မီးခိုးနှင့် ဖုန်မှုန့်များ မဖြစ်ပေါ်စေခဲ့ပေ။
သို့သော် ဤကြောက်စရာကောင်းသော ဝိညာဉ်စွမ်းအားလှိုင်းလုံးက အဖျက်စွမ်းအားအကြီးဆုံးသော ထိုးနှက်ချက်ဖြစ်သည်။
ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ပင်လယ်ပြင်သည်ပင် တုန်ခါသွားရပြီး ကြီးမားသော လေဟာနယ်ဇုန်ကို ဖန်တီးခဲ့သည်။ ထို့နောက် လှိုင်းလုံးကြီးများက တဟုန်ထိုးတက်လာပြီး ဆူနာမီဖြစ်လာခဲ့သည်။
ဂျီယန်ရှိုး နှင့် တခြားသူများက လေယာဉ်ဖြင့် အလျင်အမြန် ထွက်ပြေးခဲ့ကြသည်။
လူတိုင်းသည် နဂါးဘုရင်၏တည်နေရာနှင့် အလွန်ဝေးကွာသောကြောင့် ကြို၍ပင် လွတ်မြောက်နိုင်ခဲ့ကြသည်။
သို့သော်လည်း စွမ်းအင်လှိုင်းလုံးကြီး၏ လွှမ်းမိုးမှုဒဏ်ကို ခံရဆဲဖြစ်ပြီး ရဟတ်ယာဉ်၏ ပန်ကာက ချက်ချင်း ကျိုးသွားခဲ့သည်။
ရဟတ်ယာဉ်တစ်ခုလုံးက အနက်ရောင်မီးခိုးများနှင့်အတူ ပင်လယ်ထဲသို့ လျင်မြန်စွာ ပြုတ်ကျလာသည်။
၎င်းကိုမြင်ပြီး ဂျီယန်ရှိုး နှင့် သူ့လူများလေယာဉ်ပေါ်မှ အမြန်ထွက်ခွာလိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့်၊ အဖွဲ့ထဲတွင် ပျံသန်းနိုင်သော စွမ်းရည်ရှိသည့် လူသုံးဦးရှိကာ အခြားနှစ်ဦးကိုသယ်၍ ပင်လယ်ပြင်အထက်တွင် လွှင့်မျှောနိုင်ခဲ့သည်။
ပင်လယ်ထဲတွင် ပေါက်ကွဲသွားသော ရဟတ်ယာဉ်နှင့် အဝေးက လှိုင်းလုံးကြီးများကို ကြည့်လိုက်ပြီး လူတိုင်းက အသက်အန္တရာယ်ကနေ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လူငါးဦးက ထိတ်လန့်တုန်လှုပ်နေကြဆဲဖြစ်ပြီး အဝေးမှ လှုပ်ခတ်နေသော ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရကာ သူတို့၏မျက်နှာများက ဖြူဖျော့သွားခဲ့သည်။
နှောင့်နှေးမနေဝံ့တော့ဘဲ သူတို့က ကုန်းတွင်းပိုင်းသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။
“ကံကောင်းတာက ငါ ဗီဒီယိုဖိုင်ကို ကြိုပြီး သိမ်းဆည်းထားခဲ့တယ်၊ ငါ့ဖုန်းထဲမှာ တိုက်ပွဲ ဗီဒီယိုဖိုင်တွေ ရှိနေသေးတယ်...”
ဂျီယန်ရှိုး,က သက်ပြင်းတစ်ချက်ချလိုက်သည်။
တစ်ဖက်တွင်၊ လုချန်း,သည် ငါးရှဉ့်ဘုရင်ပေါက်ကွဲမှု၏ဗဟိုချက်နှင့် ကီလိုမီတာများစွာကွာဝေးသောနေရာတွင် တိုက်ရိုက်ပေါ်လာသည်။
အကွာအဝေး အလွန်မဝေးသော်လည်း မြောက်ပင်လယ်ဘုရင် ဖန်တီးသော ပေါက်ကွဲမှုလှိုင်းများက သူ့ကို မထိခိုက်စေနိုင်တော့ပေ။
မီတာထောင်ပေါင်းများစွာ အကွာအဝေးအတွင်းသာ တယ်လီပို့နိုင်သော ယိုချင်းယန် သည်လည်း အလားတူပင်ဖြစ်သည်။
သူ့အစ်ကိုအတွက် စိတ်ပူနေပြီး သူမ၏ တည်နေရာကို သေချာသိနိုင်ရန်အတွက် အဝေးကြီးကို မသွားခဲ့ပေ။
လုချန်း နှင့် ယိုချင်းယန်,တို့သည် တစ်ယောက်နှင့်တစ်ယောက် အမှတ်အသားကို သတိပြုမိလိုက်ကြပြီး အမြန်ပြေးသွားကြသည်။
သူတို့နှစ်ယောက်လုံး ဒဏ်ရာမရရှိခဲ့သည်ကို တွေ့ရပြီးနောက် ချက်ချင်းပင် ဝမ်းသာသွားကြသည်။
“အစ်ကို ညီမကိုအပြစ်တင်ပါ၊ ညီမ သတိလက်လွတ်ဖြစ်သွားခဲ့တယ်”
“ဒီမြောက်ပင်လယ်ဘုရင်ရဲ့ ခွန်အားက သာမန်နိုးထခြင်း အထွတ်အထိပ်အဆင့်မှာ မဟုတ်တော့ဘူးလို့ ညီမ မမျှော်လင့်ထားဘူး”
ယိုချင်းယန်,က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
သူမ၏စကားကိုကြားပြီး လုချန်း ရုတ်တရက် သိချင်လာသည်။
“ဒါဆို သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လိုလဲ”
“ညီမ မမှားဘူးဆိုရင် ဒီကောင်က ချည်နှောင်ခြင်းအဆင့်ကိုခြေလှမ်းတစ်ဝက် ရောက်နေလောက်ပြီ”
“မဟုတ်ရင် သူဒီလို ကြောက်စရာကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး”
’ကံကောင်းထောက်မစွာနဲ့ ငါ့အစ်ကိုက အရမ်းသန်မာပြီး ဒဏ်ရာမရရှိခဲ့ဘူး၊ မဟုတ်ရင် ဒီပေါက်ကွဲမှုကို မရှောင်နိုင်ဘူးဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေက ဆိုးရွားလိမ့်မယ်’
“ချည်နှောင်ခြင်းအဆင့်? အဲဒါက နိုးထခြင်းအထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်ပြီးရင် ရောက်တဲ့အဆင့်လား”
ယိုချင်းယန်,က ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ နိုးထခြင်းအဆင့်ရဲ့ အထက်မှာ ချည်နှောင်ခြင်းအဆင့်ရှိတယ်”
“ညီမတို့လို သားရဲတွေအတွက်တော့ ဒီအဆင့်ကို ရောက်ရင် ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးအမြုတေ မွေးဖွားလာလိမ့်မယ်”
“မြောက်ပင်လယ်ဘုရင်လိုဘဲ၊ သူရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမျိုးကိုလုပ်နိုင်တာက သူ့ကိုယ်အတွင်းမှာရှိတဲ့ နတ်ဆိုးအမြုတေကို ထိန်းချုပ်တာ အောင်မြင်သွားလို့ဘဲ”
ယိုချင်းယန်,က ဘာမှ မဖုံးကွယ်ဘဲ စိတ်ရှည်ရှည်ဖြင့် ရှင်းပြသည်။