← Chapters

“အစ်ကို၊ ဒီလိပ်ခွံက ကောင်းမယ်ထင်တယ်”

Vol. 8 Ch. 113

“အစ်ကို၊ ဒီလိပ်ခွံက ကောင်းမယ်ထင်တယ်”

Vol. 8 Ch. 113

ယခုတလော ကမ္ဘာကြီးကို ဖျက်စီးသွားပုံရသော ပေါက်ကွဲသံကို ပြန်တွေးကြည့်ရင်း လုချန်း,က စိတ်သက်သာရာရမှုကို မခံစားနိုင်ခဲ့ပေ။

သူ့ကိုယ်သူ ဖောက်ခွဲပြီးနောက် မြောက်ပင်လယ်ဘုရင်၏ စွမ်းအားသည် လူသားတို့၏ အဆုံးစွန်သော လက်နက်ထက်ပင် များစွာ ကြီးမားသည်။

ယခင်က ရန်နိုင်ငံသည် မည်းမှောင်သောတိမ်တိုက်ထဲသို့ S-ဗုံးသုံးလုံးဆက်တိုက် ပစ်လွှတ်ခဲ့သည်။

အဆုံးတွင် မြောက်ပင်လယ်ဘုရင်သည် ထိခိုက်မှုမခံရဘဲ မည်မျှအစွမ်းထက်ကြောင်းပြသရန် လုံလောက်သည်။

သားရဲများသည် ချည်နှောင်ခြင်းနယ်ပယ်သို့ ဖြတ်ကျော်သွားသည်နှင့် တစ်ပြိုင်နက် လူသားနည်းပညာဖြင့် တီထွင်ထားသည့် အဆင့်မြင့်လက်နက်များက ၎င်းတို့၏ လက်ရှိ ပြင်းထန်သော အဟန့်အတား သက်ရောက်မှုများ ဆုံးရှုံးသွားနိုင်ဖွယ်ရှိသည်။

ပြန်လည်မွေးဖွားပြီးနောက်၊ သူသည် နှင်းဝံပုလွေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လုချန်း,၏အမြင်အရ၊ ဤကမ္ဘာပေါ်တွင် သူ့အတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှုမှာ ဤလူသားများဖြစ်သည်။

ယခုမူကား တန်ခိုးကြီးသောလူသားများပင်လျှင် သူ့အား ခြိမ်းခြောက်မှုတစ်စုံတစ်ရာမရှိဟု ထင်ရသည်။

အနာဂတ်တွင် လူတစ်ဦးချင်းစီ အားကောင်းလာသည်နှင့်အမျှ နည်းပညာမြင့် လက်နက်များက ပို၍ အသုံးမဝင်တော့ပေ။

ထိုအချိန်တွင် ဤလက်နက်များကို ထင်းချောင်းများအဖြစ်သာ အမှန်တကယ်အသုံးပြုနိုင်တော့မည်ဖြစ်သည်။

ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာချိန်မှစ၍ သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှုံးနိမ့်ခြင်း မရှိခဲ့ပေ။

အမြဲတမ်း နှိပ်စက်နေတဲ့ အနေအထားလို့တောင် ပြောလို့ရပါတယ်။

ထိုအချိန်တွင် လုချန်းသည် ခေါင်းကိုမော့ကာ အဝေးမှ အဆုံးမဲ့ပင်လယ်ကြီးကို လှမ်းကြည့်သည်။

“အတိတ်ပဲဖြစ်ဖြစ်၊ ပစ္စုပ္ပန်မှာပဲဖြစ်ဖြစ်၊ အနာဂတ်မှာပဲဖြစ်ဖြစ်၊ ကမ္ဘာကြီးက ဘယ်လိုပဲဖြစ်နေပါစေ ငါ့မိသားစုကို ကာကွယ်ဖို့ ငါ့ရဲ့ခွန်အားကို အားကိုးရမယ်”

လုချန်း,၏ ရေခဲပြာမျက်လုံးများသည် သူ့ကလေးဘဝ၏ ကလေးဆန်ခြင်းက ကြာရှည်စွာ ပျောက်ကွယ်သွားခဲ့ပြီး အလွန်တည်ငြိမ်အေးဆေးလာခဲ့သည်။

“ရှောင်ပိုင်၊ ဒီတစ်ခါ ဒီပင်လယ်မြွေရဲ့ အသိုက်ကို ငါတို့တူးပြီး သူ့မိသားစုကိုတောင် သုတ်သင်ပစ်လိုက်တယ်”

“အခြားလုပ်စရာရှိသေးလား”

လုချန်း,၏ စကားလုံးများရဲ့ အဓိပ္ပါယ်က အလွန်ရှင်းသည်၊ သူ့ညီမကို အိမ်ပြန်ခေါ်သွားချင်ရုံပင်။

ရှောင်ပိုင် နှင်းတောင်ပေါ်မှ ထွက်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူမကို မတွေ့ရသည်မှာကြာပြီဖြစ်သော နှင်းဝံပုလွေမိဘများက သူမကို အလွန်လွမ်းနေသည်။

ခဏလောက်စဉ်းစားပြီးနောက် ယိုချင်းယန်,က ခေါင်းညိတ်ပြီး “ဘာမှမရှိတော့ဘူး...”

ထိုစကားကို ပြောပြီးနောက် ယိုချင်းယန် သည် ခေါင်းကို မော့ကာ ပင်လယ်နက်ဆီသို့ လှမ်းကြည့်လိုက်သည်။

၎င်းက ဆာကူရာ ကျွန်း၏ ဦးတည်ရာဖြစ်သည်။

ရှေ့မဝေးသောပင်လယ်တွင် ရမတနိုအိုရိုချီ(ခေါင်းရှစ်လုံးဧရာမနဂါးကြီး)ဟုခေါ်သော အစွမ်းထက်သောပင်လယ်သားရဲတစ်ကောင်ရှိနေကြောင်း ယိုချင်းယန် သိသည်။

ဆာကူရာကျွန်း၏ တိုက်ခိုက်ရေးအင်အားသည် ရန်နိုင်ငံထက် များစွာ အားနည်းသည်။

ထို့ကြောင့် ပင်လယ်သားရဲများသည် ကုန်းမြေပေါ်သို့ မကြာခဏ တက်ရောက်လာနိုင်ပြီး သွေးအစာမျိုးစုံကို ဝါးမျိုသွားနိုင်သည်။

ယင်းကြောင့် ရမတနိုအိုရိုချီ(ခေါင်းရှစ်လုံးဧရာမနဂါးကြီး)သည် မြောက်ပင်လယ် လျှပ်စီးငါးရှဉ့်ဘုရင်ထက် ပိုမိုအားကောင်းလာခဲ့သည်။

သို့သော် ထိုအချိန်မှစ၍ သူသည် နိုးထခြင်းအဆင့်ကိုဖြတ်ကျော်ပြီး ချည်နှောင်ခြင်းအဆင့် သို့တရားဝင်ဝင်ရောက်နိုင်သည့်အဆင့်သို့မရောက်သင့်သေးပေ။

ယိုချင်းယန်,သည် မူလက ရမတနိုအိုရိုချီ ကို ဖယ်ရှားရန် ဤအခွင့်အရေးကို အခွင့်ကောင်းယူချင်ခဲ့သည်။

နောက်ဆုံးတွင်၊ သူ့အစ်ကို၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသောကြောင့် ခြေလှမ်းတစ်ဝက်ချည်နှောင်ခြင်းအဆင့်တွင်ရှိသော မြောက်ပင်လယ် လျှပ်စီးငါးရှဉ့်ဘုရင်,သည် စိတ်ပျက်လက်ပျက်ဖြင့် မိမိကိုယ်ကို ဖောက်ခွဲပစ်ရန် တွန်းအားပေးခဲ့သည်။

ယိုချင်းယန်,၏ မှတ်ဉာဏ်အရ ဤရမတနိုအိုရိုချီ,က သာမန်ပင်လယ်သားရဲများနှင့် မတူပေ။

သူ့၏ခန္ဓာကိုယ်ထဲတွင် ဝှက်ထားသော အစွမ်းထက် ဓားတစ်လက်ရှိပြီး ၎င်းက ထိပ်တန်းမှော်လက်နက်တစ်ခုဖြစ်သည်။

သို့သော် ၎င်းကို သေချာစဉ်းစားပြီးနောက် ယိုချင်းယန်,သည် ဤဖြစ်ရပ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဝင်ရောက်မစွက်ဖက်ရန် ဆုံးဖြတ်ခဲ့သည်။

သူမသည် အခြားသူများ၏ကံကြမ္မာကို လိုက်နာရမည်ဖြစ်ပြီး ဆာကူရာကျွန်းရှိ စက်ဆုပ်ရွံရှာဖွယ်လူများကို ရမတနိုအိုရိုချီ မှ ဦးစွာဖျက်ဆီးပစ်ရန် လိုအပ်သည်။

ဆာကူရာကျွန်း ပျောက်ကွယ်သွားပြီးနောက် ရမတနိုအိုရိုချီ,ကို ကိုင်တွယ်ရန် အချိန်မနှောင်းသေးပေ။

ဤသို့မှမဟုတ်လျှင် ဆာကူရာကျွန်းမှ လူများက ရှင်သန်နေမည်ဆိုလျှင် သူတို့က အနာဂတ်တွင် ဒုက္ခများစွာကို ဖြစ်စေနိုင်သည်။

“ကောင်းပြီ၊ နှင်းတောင်ဆီ ပြန်သွားရအောင်!”

သူ့ညီမ ခေါင်းညိတ်ပြသည်ကို မြင်ပြီး လုချန်း,၏ မျက်နှာက အပြုံးများဖြင့် ပြည့်သွားပြီး သူအလွန်ပျော်သွားခဲ့သည်။

သူတို့နှစ်ယောက်၏ ခွန်အားများက ပိုသန်မာလာသော်လည်း ယခုအချိန်တွင် အိမ်နှင့် အဝေးကို ရောက်နေသည် ကြာလှပြီဖြစ်သည်။

သို့သော် လုချန်း,သည် ထိုအချိန်က နှင်းဖုံးနေသော တောင်တန်းများပေါ်တွင် အတူနေထိုင်ခဲ့သည့်ဘဝကို လွမ်းဆွတ်နေဆဲဖြစ်သည်။

ဒါဂုန်နှင်းတောင်သို့ အပြန်လမ်းတွင် လုချန်း နှင့် ယိုချင်းယန်,တို့သည် ပင်လယ်အထက် ခံတပ်ကြီးကဲ့သို့ ကြီးမားသော လိပ်ကြီးကို တွေ့ရှိခဲ့သည်။

ယခင်က ဤလိပ်ကြီးသည် ရန်နိုင်ငံ၏ S-အဆင့်မြင့်ဗုံးကြဲခြင်းမှ ရှောင်ရှားနိုင်လောက်အောင်ပင် ကံကောင်းခဲ့သည်။

ထိုအချိန်တွင် ဧရာမလိပ်ကြီးက မြောက်ပင်လယ်ဆီသို့ အသည်းအသန် ကူးခတ်နေသည်။

“အစ်ကို၊ ဒီလိပ်ခွံက ကောင်းမယ်ထင်တယ်၊ အိမ်ကိုယူသွားပြီး ဟင်းချိုချက်ဖို့အသုံးပြုမယ်ဆိုရင် အရမ်းကောင်းလိမ့်မယ်”

အောက်ကလိပ်ကြီးကို ကြည့်လိုက်ပြီး ယိုချင်းယန်,က ရုတ်တရက် အကြံတစ်ခုရသွားသည်။

“ကောင်းပြီ” လုချန်း,က ခေါင်းညိတ်ပြပြီး အောက်ဖက်မှ လိပ်ကြီးဆီ တိုက်ရိုက် ပျံသန်းသွားသည်။

သူ့ညီမလေး၏တောင်းဆိုချက်များကို အမြဲတုံ့ပြန်သည်။

လုချန်း,၏ ပြင်းထန်သောဖိအားကို ခံစားလိုက်ရသောလိပ်ကြီးက ရုတ်တရက် ထိတ်လန့်သွားသည်။

“မင်းက ဘယ်သူလဲ၊ မင်းက ကုန်းပေါ်က သားရဲလား”

“ဒါက မြောက်ပင်လယ်နဂါးဘုရင်ရဲ့ နယ်မြေဆိုတာ မင်းသိလား?! ငါက မြောက်ပင်လယ်နဂါးဘုရင်ရဲ့ လက်အောက်ခံတစ်ယောက်ပဲ”

လုချန်း,သည် ယခုအချိန်တွင် နိုးထခြင်းအဆင့် (၉) သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။ ပြင်းထန်သောဖိအားကြောင့် ဧရာမလိပ်ကြီးကို ခုခံရန် သတ္တိမရှိခဲ့ပေ။

မြောက်ပင်လယ်တွင်ရှိစဉ်၊ ဧရာမလိပ်ကြီးက သူ့ကိုယ်သူ ကာကွယ်ရန်အတွက် လျှပ်စီးငါးရှဉ့်ဘုရင်ကို အသုံးပြုလိုသည်။

သူပြောနေသော နဂါးဘုရင်က လုချန်း ကြောင့် မိမိကိုယ်ကို ဖျက်ဆီးရန် အတင်းအကြပ် တွန်းအားပေး ခံခဲ့ရပြီး ကြာမြင့်စွာကတည်းက သေသွားခဲ့ပြီကို သူ မသိခဲ့ပေ။

“ဂါးး!”

လုချန်း,က ဒေါသတကြီးဟိန်းဟောက်ကာ ဧကရာဇ်ရဲ့ဒိုမိန်းကို ထုတ်လွှတ်လိုက်ပြီး လိပ်ကြီး၏အရှိန်မှာ တခဏချင်း နှေးကွေးသွားသည်။

“မဖြစ်ဘူး!”

မိုးကြိုးလျှပ်စီးကြောင်းများက လုချန်း ကို ဝိုင်းရံထားသည်။

ကောင်းကင်မှကျလာသော လျှပ်စီးကြောင်းများကြောင့် လိပ်ဘုရင်က ချက်ချင်းပင် တုန်လှုပ်သွားကာ လှုပ်ရှား၍မရတော့ပေ။

သူ့၏ ပင်ကိုယ်စွမ်ရည်ကို အသက်မသွင်းရသေးခင်မှာပင် လုချန်း,၏ ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများအောက်တွင် သေဆုံးသွားခဲ့သည်။

နိုးထခြင်းနှောင်းပိုင်း အဆင့်မှ အစွမ်းထက်သော သားရဲဘုရင်က လုချန်း,၏ လှုပ်ရှားမှုအနည်းငယ်ကိုပင် မခံနိုင်ခဲ့ပေ။

ဧရာမလိပ်ကြီးကိုသတ်ပြီးနောက် လုချန်း သည် ဧရာမလိပ်ကြီး၏အခွံကြီးကို သူ့နောက်ကျောတွင် တိုက်ရိုက်သယ်ဆောင်သွားသည်။

သူသည် ဤလိပ်ခွံကို နှင်းတောင်န်းဆီသို့ တောက်လျှောက် သယ်ဆောင်သွားရန် စီစဉ်ခဲ့သည်။ သူသည် နိုးထခြင်းအဆင့်(၉) ကိုဖြတ်ကျော်သွားပြီးနောက် လုချန်း,၏ ခန္ဓာကိုယ်က တောင်ငယ်တစ်ခုကဲ့သို့ ကြီးမားလာသည်။

သို့ပေမယ့် ဤလိပ်ခွံကြီးနှင့် နှိုင်းယှဥ်ကြည့်လျှင် သေးငယ်လွန်းနေသေးသည်။

ဒယ်အိုးဖုန်းကြီးတစ်ခုကို ဆောင်းထားရသကဲ့သို့ပင်။ ဤရယ်စရာကောင်းသော မြင်ကွင်းတစ်ခုကို ယိုချင်းယန် မရယ်မိအောင် မနည်းထိန်းယူနေရသည်။

တစ်ချိန်တည်းမှာပင် ယိုချင်းယန်,၏ နှလုံးသားထဲတွင် နွေးထွေးသောခံစားချက်တစ်ခု ထွက်ပေါ်လာသည်။

……………………

ဒေါင်ရှန်း ခရိုင်ရှိ စစ်စခန်းတစ်ခုတွင်

“ရှောင်ရှိုး ပြန်လာပြီလား၊ အခြေအနေဘယ်လိုရှိလဲ”

ဂျီယန်ရှိုး နှင့် အခြားလေးယောက် ဘေးကင်းစွာ ပြန်ရောက်လာသည်ကိုမြင်ပြီး ဂျီကျဲန်ရှန်း သည် နောက်ဆုံးတွင် သက်ပြင်းချကာ မြောက်ပင်လယ်၏ အခြေအနေအကြောင်း အလျင်အမြန်မေးလိုက်သည်။

“ဒီဗီဒီယိုကိုကြည့်ပြီးရင် အဖေနားလည်လိမ့်မယ်”

ဂျီယန်ရှိုး,သည် သူမ၏ လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး ယခင်က ရိုက်ကူးထားသည့် တိုက်ပွဲဗီဒီယိုကို အစည်းအဝေးခန်းရှိ စခရင်သို့ လွှဲပြောင်းပေးလိုက်သည်။

စခရင်ပေါ်ရှိ မြင်ကွင်းများကို မြင်လိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

ပင်လယ်ပြင်တွင် ရာစုနှစ်၏ ကြီးမားသောစစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်ကို မည်သူမျှ မမျှော်လင့်ထားပေ။

လုချန်း,သည် မြောက်ပင်လယ်နဂါးဘုရင်ကို လွယ်လွယ်ကူကူ အနိုင်ယူပြီး သူ့ကိုယ်သူ ဖောက်ခွဲရန် အတင်းအကြပ် တွန်းအားပေးနေသည်ကို တွေ့လိုက်ရသဖြင့် လူတိုင်းသည် သူတို့၏ နှလုံးသားများ ခုန်ပေါက်သွားသလို ခံစားလိုက်ရသည်။

မိုးကြိုးနတ်ဘုရား ဂျီကျဲန်ရှန်း,သည် သူ့မျက်နှာတွင် ပို၍ပင် လေးနက်သော အမူအရာများ ရှိနေသည်။

နှင်းဝံပုလွေဘုရင်,သည် နဂါးဘုရင်ထက် သိသာထင်ရှားစွာ အားကောင်းနေကြောင်း ဤဗီဒီယိုကို ကြည့်ရှုပြီး သိရှိရန် မခက်ခဲပေ။

ဆိုလိုသည်မှာ ရန်နိုင်ငံ၏ အဆုံးစွန်လက်နက်ပင်လျှင် ဤဝံပုလွေဘုရင်ကို ခြိမ်းခြောက်၍မရပေ။

ထို့ကြောင့် ယခု ဘာပဲပြောပြော ဝံပုလွေဘုရင်ကို သုတ်သင်မည်ဆိုပါက အလွန်နောက်ကျသွားပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤဝံပုလွေဘုရင်သည် လုံးလုံးကြီးပြင်းလာပြီဖြစ်ပြီး သူတို့ကို အကူအညီမဲ့ဖြစ်စေသည့်တိုင်အောင်ပင်။

ထို့အပြင်၊ ယခုတစ်ကြိမ် မြောက်ပင်လယ်နဂါးဘုရင်ကို အနိုင်ယူပြီး ဒေါင်ရှန်း ခရိုင် ကမ်းရိုးတန်းဒေသ၏ အကျပ်အတည်းမှ ကယ်တင်ခဲ့သည်မှာ ဤနှင်းဝံပုလွေဘုရင်ဖြစ်သည်။

ဤနှင်းဝံပုလွေက ဒေါင်ရှန်း ခရိုင်ကို သွယ်ဝိုက်ပြီး ကယ်တင်ခဲ့သည်ဟု ဆိုနိုင်သည်။

“အမိန့်ထုတ်လိုက်၊ အခုအချိန်ကစပြီး၊ အထူးစွမ်းရည် ဒါမှမဟုတ် စွမ်းအားတစ်ခုခုရှိတဲ့ သူတစ်ယောက်က နှင်းဝံပုလွေဘုရင်,ကို နှိုးဆော်ခြင်းမပြုရ!”

ခဏလောက်စဉ်းစားပြီးနောက် ဂျီကျဲန်ရှန်း,က အမိန့်ထုတ်လိုက်သည်။

သူသည် ဝံပုလွေဘုရင် နှင့် သူ့ညီမတို့ကို အမှန်တကယ် သတိထားနေသည်။

အဘယ်ကြောင့်ဆိုသော် လုချန်း,သည် အမြဲလိုလို တွေ့ရခဲပြီး အခြားသားရဲဘုရင်များကဲ့သို့ တစ်နေရာတည်းတွင် အချိန်အကြာကြီး မရှိနိုင်သောကြောင့်ဖြစ်သည်။

ယခုတစ်ခါတွင် မြောက်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာကို တိုက်ရိုက်ပြေးသွားပြီး နဂါးဘုရင်ပင်လျှင် သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

ဤလှုပ်ရှားမှုက အမှန်တကယ်ကို အားကောင်းလှသည်။

ရန်နိုင်ငံ၏ လက်ရှိအင်အားဖြင့် ဤနှင်းဝံပုလွေကို ဝန်းရံပြီး သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။

ဂျီကျဲန်ရှန်း,သည် ဤမျှလောက် အစွမ်းထက်သော သားရဲဘုရင်ကြီးက လူသားများကို အလွန်အကျွံမသတ်ဖြတ်သေးသည့်အတွက် သက်ပြင်းချနိုင်ခဲ့သည်။

နှစ်ဘက်ကြား ဆက်ဆံရေးက တင်းမာမှု မရှိသေး၌ အသေအကြေ တိုက်ခိုက်ရမည့် အဆင့်သို့ မရောက်သေးပေ။

“မဟာမိတ်ခေါင်းဆောင်၊ ဝံပုလွေဘုရင်ကို ကျွန်တော်တို့တွေ့ပြီ”

များမကြာမီ စခရင်ပေါ်ရှိ ဗီဒီယိုက တိုက်ရိုက်ထုတ်လွင့်မှုအဖြစ် ပြောင်းလဲသွားသည်။

ဖန်သားပြင်ပေါ်တွင်၊ တန်ခိုးကြီးသော နှင်းဝံပုလွေဘုရင်သည် ဒေါင်ရှန်း ခရိုင်၌ ကြီးမားပြီး လေးလံသော လိပ်ခွံကို သယ်ဆောင်လျက် လေထဲတွင် ပျံသန်းနေသည်ကို မြင်တွေ့လိုက်ရသည်။

ဤအရာက အလွန်ရယ်စရာကောင်းနေပုံရသော်လည်း ကြည့်ရှူသူ မည်သူမျှ မရယ်နိုင်ပေ။

“ဒါ... ဒါက ကမ်းရိုးတန်းကာကွယ်ရေးစည်းထဲကို ဖောက်ဝင်ခဲ့တဲ့ ဧရာမလိပ်ကြီးလား”

ဂျီကျဲန်ရှန်း,က ဧရာမ လိပ်ခွံကြီးကို တစ်ချက်ကြည့်လိုက်သည်။

သို့ပေမယ့် သူအလွန်သိချင်နေသည်၊ ဝံပုလွေဘုရင်နှင့် သူ့ညီမက ဤလိပ်ခွံကို ဘာကြောင့် ပြန်ယူလာရသနည်း။

ရတနာတစ်မျိုး ဖြစ်နိုင်သလား။

သို့မှမဟုတ် လူသားများကို ခြိမ်းခြောက်ရန်အတွက် ကြိုးစားမှုတစ်ခုလော။

လုချန်း လိပ်ခွံကို ပြန်သယ်လာရသည့် အကြောင်းရင်းက သူ့ညီမ အိုးကြီးတစ်လုံးလိုချင်၍ဖြစ်ကြောင်းကို သူ,မသိပေ။

“မြန်မြန်! ဝံပုလွေဘုရင်ကို မတိုက်ခိုက်ဖို့ လူတိုင်းကို ပြောလိုက်!”

“ဝံပုလွေဘုရင် ဖြတ်သန်းသွားတဲ့ ဧရိယာအားလုံးနဲ့ သက်ဆိုင်တယ်၊ အလိုအလျောက်စနစ် လက်နက်တွေအားလုံးကို ပိတ်ထားရမယ်၊ဝံပုလွေဘုရင်နဲ့ သူ့ညီမကို မနှောင့်ယှက်မိစေနဲ့!”

လုချန်း နှင့် သူ့ညီမတို့က ရန်နိုင်ငံမှ သားရဲများဖြစ်သောကြောင့် အတိအကျပြောရလျှင် သူတို့က အိမ်ပြန်လာခြင်းဖြစ်သည်။

……………………

မြောက်ပင်လယ်၏အရှေ့ဘက်တွင် ကျယ်ပြောလှသောကျွန်းတစ်ကျွန်းရှိပြီး၊ ဤကျွန်းက ဆာကူရာကျွန်းဖြစ်သည်။

ထိုအချိန်တွင်၊ ဆာကူရာကျွန်းမှလူများသည် အင်တာနက်မှ သတင်းအချက်အလက်များမှတဆင့် ရန်နိုင်ငံ ဒေါင်ရှန်း ခရိုင်မှ စစ်ပွဲအကြောင်းကို သိရှိပြီးဖြစ်သည်။

ယခင်က သူတို့ကို ထိတ်လန့်စေခဲ့သော ရန်သူနိုင်ငံ၏ ကံမကောင်းအကြောင်းမလှမှုကို အစပိုင်းတွင် အောင်ပွဲခံနေကြသည်။

သို့ပေမယ့် ဗီဒီယိုကို အဆုံးထိ ကြည့်ပြီးနောက် ဆာကူရာကျွန်းမှ လူအားလုံး အံသြသွားကြတယ်။

ရန်နိုင်ငံသည် ထိုကြောက်မက်ဖွယ်ကောင်းသော ပင်လယ်သားရဲများကို အမှန်တကယ် နှိမ်နင်းနိုင်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

သူတို့အမြင်တွင် ၎င်းက လုံးဝမဖြစ်နိုင်သောအရာတစ်ခု ဖြစ်သည်။

ထိုအချိန်၊ ဆာကူရာကျွန်းပေါ်က တောင်ရွာလေးတွင်။

“နှင်းဝံပုလွေဘုရင်က ကုန်းနေသားရဲတစ်ကောင်ပဲ၊ ဒီလောက်သန်မာတဲ့ပင်လယ်အုပ်စိုးရှင်ကို ဘယ်လိုလုပ်အနိုင်ယူနိုင်တာလဲ”

တောင်ရွာတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဧကရာဇ်အဝတ်အစားကို ဝတ်ဆင်ထားပြီး စိတ်ဓာတ်ကျကာ ပြောလိုက်သည်။

ထိုအချိန်တွင် သူ၏မျက်ခုံးများက “川” ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလုနီးပါးဖြစ်နေပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဆာကူရာကျွန်းသည် နေ့စဉ် လူအများအပြား ဆုံးရှုံးနေရပြီး ပင်လယ်သမုဒ္ဒရာမှ ရမတနိုအိုရိုချီ,၏ အရူးအမူးစားသောက်ခြင်းကိုခံနေရသောကြောင့် ဖြစ်သည်။

All Chapters