← Chapters

အဖိုးတန်ဆေးပြားမှတ်တမ်း။ ချီသွေးဆေး ပြီးမြောက်ခြင်း။(၃)

Vol. 8 Ch. 112

အဖိုးတန်ဆေးပြားမှတ်တမ်း။ ချီသွေးဆေး ပြီးမြောက်ခြင်း။(၃)

Vol. 8 Ch. 112

"နောက်တစ်ခုက ချီအားတိုးဆေးတွေကို လက်တွေ့အသုံးချဖို့ စဉ်ဆက်မပြတ်လေ့ကျင့်နေရမယ်။ ကျွမ်းကျင်မှုနဲ့ အောင်မြင်မှုနှုန်းတွေ တိုးတက်လာတာနဲ့ ချီသွေးဆေးကို ငါစလုပ်မယ်" ဟု စူးချန်ခုန်းက စိတ်အားထက်သန်မှုအပြည့်နဲ့ ဆိုလေ၏။

ချီသွေးဆေးတစ်လုံးအတွက် ပါဝင်ပစ္စည်းများသည် ငွေ ၃၀၀၀ ကုန်ကျသောကြောင့် ချီသွေးဆေးနှင့် လေ့ကျင့်ဖို့က မဖြစ်နိုင်ပေ။ ထိုလောက် များပြားသော ပမာဏကို စူးချန်ခုန်းသာ မတတ်နိုင်သည်မဟုတ်။ တောနက်စီရင်စုရှိ အချမ်းသာဆုံးသော မိသားစုများပင်လျှင် ငွေကို ထိုလောက် မဖြုန်းတီးနိုင်ပါ။

စူးချန်ခုန်း၏ စွမ်းရည်တန်ဖိုး ၁၅ မှတ်သည် အလှပြရန်အတွက်သာ မဟုတ်ကြောင်း သက်သေပြခဲ့သည်။ တစ်ပတ်အတွင်းတွင် သူ၏ အဂ္ဂိရတ်ပညာသည် စတင်သူအဆင့်မှ ပထမနယ်ပယ်၏ စတင်သူလမ်းကြောင်းသို့ တိုးတက်သွားခဲ့သည်။

ထိုအချိန်တွင် စူးချန်ခုန်းသည် ချီအားတိုးဆေးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။

"ငါ လုပ်တာ အောင်မြင်သွားပြီလား"

ဆေးမီးဖိုဘေးနားတွင် ခပ်နွေးနွဆေးပြားအနည်းငယ်ပါသော ခြောက်သွေ့နေသည့် ဆေးမီးဖိုကို ကြည့်ရင်း စူးချန်ခုန်း၏မျက်နှာမှာ ရွှင်လန်းမှုအပြည့်။

စုစုပေါင်း ဆေးပြား ဆယ်ပြားရသည်။ စူးချန်ခုန်းသည် ၎င်းတို့ကို ကျောက်စိမ်းဇွန်းဖြင့် တစ်လုံးပြီးတစ်လုံးထုတ်ကာ အနီးကပ် သေချာစစ်ဆေးကြည့်သည်။

"ချီအားတိုးဆေး ဆယ်ပြားမှာ နှစ်ခုပဲ အောင်မြင်တယ်။ ကျန်တဲ့ ရှစ်ခုက ကျရှုံးတယ်။"

စူးချန်ခုန်းသည် ဤအသုတ်မှ ဆေးလုံး ၁၀ လုံးတွင် နှစ်မျိုးသာ လက်ခံနိုင်သော အရည်အသွေးရှိကြောင်း၊ ကျန် ၈ လုံးမှာ မီးလောင်ပြီး အရည်ပျော်သွားကြောင်း တွေ့လိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ကောင်းမွန်သော အစပြုခြင်းဖြစ်ပြီး စူးချန်ခုန်း၏ စိတ်ဓာတ်ကို လှုံ့ဆော်ပေးခဲ့သည်။

အကယ်၍ စူးချန်ခုန်းသည် အဂ္ဂိရတ်ပညာအကြောင်း ဘာမျှမသိသည့်အဆင့်မှ ချီအားတိုးဆေးများကို ခြောက်ရက်မှ ခုနစ်ရက်အတွင်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း အဖိုးတန်ဆေးအိမ်တော်မှ လူများသိသွားပါက အံ့အားသင့်သွားကြမည်ဖြစ်သည်။

ချီအားတိုးဆေးသည် လေ့ကျင့်ရန်အတွက် ရည်ရွယ်ပြီး ပြုလုပ်ရန် သိပ်မခက်ခဲသော်လည်း သာမန်လူများသည် လပေါင်းများစွာ သို့မဟုတ် တစ်နှစ်ခွဲလောက်ပင် ဇွဲလုံ့လဖြင့် ကြိုးစားရန် လိုအပ်သည်။ စူးချန်ခုန်းက ဒါကို တစ်ပတ်အတွင်းမှာပဲ ပြုလုပ်နိုင်ခဲ့ပြီး ဒါဟာ တကယ့်ကို ဉာဏ်ကြီးရှင်တွေရဲ့ လုပ်ရပ်ပင်။

"ဆက်ကြိုးစားရမယ်။"

စူးချန်ခုန်းသည် အဂ္ဂိရတ်ပညာတွင် လုံးလုံးလျားလျား နစ်မြုပ်နေခဲ့ပြီး သိုင်းပညာ သို့မဟုတ် ပန်းပဲပညာကို သင်ယူခဲ့သကဲ့သို့ ပန်းတိုင်နှင့် ဦးတည်ချက်ဖြင့် သူသည် မရပ်မနား ရှေ့ကို ဆက်သွားကာ အိပ်ချိန်နှင့် အစားအစာချိန်ကိုပင် လျစ်လျူရှုထားသည်။

အချိန်တွေ ကုန်လွန်သွားပြီး စူးချန်ခုန်း တောနက်စီရင်စုမြို့ကိုရောက်တာ သုံးလကြာခဲ့လေပြီ။ ဒီသုံးလအတွင်းမှာ သူ့ရဲ့နေ့စဉ်ပုံမှန်လေ့ကျင့်မှုအပြင် သူ့ရဲ့စွမ်းအင်အများစုကို အဂ္ဂိရတ်ပညာအတွက် မြှုပ်နှံထားခဲ့သည်။

အဂ္ဂိရတ်ပညာ (တတိယနယ်ပယ် အပြည့်အစုံ နားလည်မှု ၃%)

သုံးလအကြာတွင် စူးချန်ခုန်း၏ အဂ္ဂိရတ်ပညာသည် သိသိသာသာတိုးတက်လာပြီး စတင်သူ၏အဆင့်မှ တတိယ နယ်ပယ်သို့ တန်းတန်းမတ်မတ်တက်လာကာ သိသာထင်ရှားသော အောင်မြင်မှုကို ပြသနေ၏။

စွမ်းရည်တန်ဖိုး ၁၅မှတ်မှ ယူဆောင်လာသော အံ့သြဖွယ်စွမ်းရည်သည် သာမန်လူတို့စိတ်ကူးနိုင်သည်ထက် ကျော်လွန်လေ၏။ သို့တိုင် လေ့ကျင့်ရာတွင် အသုံးစရိတ်က စူးချန်ခုန်းကို ရင်နာစေသည်။ “အချိန်သုံးလနဲ့ ငွေသုံးသောင်းနီးပါး ကုန်သွားပြီ…”

အဂ္ဂိရတ်ပညာကို မြန်မြန်ဆန်ဆန်နှင့် ကျွမ်းကျင်တတ်မြောက်ဖို့ စူးချန်ခုန်းသည် နေ့တိုင်း ငွေသုံးရာခန့်သုံးကာ သုံးလအတွင်း ငွေသုံးသောင်းနီးပါး သုံးစွဲခဲ့ရသည်။ ဒါဟာ တကယ့်ကို ရင်နာစရာပင်။

ချင်းရွှေမြို့တွင် စူးချန်ခုန်းသည် ကြာနက်ဂိုဏ်း၏ တပည့်များကို အသက်စွန့်ကာ လိုက်လံဖမ်းဆီးခဲ့ပြီး စီရင်စုတရားသူကြီး ဝမ့်ယွင်က သူ့အမှားအတွက် ပြင်ဆင်ရန် အိတ်သွန်ဖာမှောက်၍ စူးချန်ခုန်းအတွက် ငွေငါးသောင်းနီးပါး ပေးခဲ့သည်။

ယခု သုံးလအတွင်း သူသည် ငွေထက်ဝက်ကျော်ကို သုံးစွဲခဲ့ရလေပြီ။ အဂ္ဂိရတ်သမားများ အလွန်ရှားပါးသည်မှာ အံ့ဩစရာမဟုတ်တော့။ ပိုက်ဆံကို ရေလိုသုံးဖြုန်းနိုင်သော မိသားစုကြီးများမှသာလျှင် ထိုအရည်အချင်းကို မွေးမြူရန် နည်းလမ်းများရှိသည်။

"ငါရဲ့ အဂ္ဂိရတ်ပညာက တတိယနယ်ပယ်ကို ရောက်သွားပြီဖြစ်လို့ ချီအားတိုးဆေးတွေကို လုပ်ရာမှာ ငါ့ရဲ့အောင်မြင်မှုနှုန်းက တော်တော်လေး တိုးတက်လာပြီဆိုတော့ ချီသွေးဆေးကို ကြိုးစားပြုလုပ်ဖို့ အချိန်တန်ပြီ။"

စူးချန်ခုန်းသည် အသက်ပြင်းပြင်းရှူရင်း စိတ်လှုပ်ရှားကာ စိုးရိမ်နေသည်။

သူ၏အရင်းအနှီးဖြင့် သူ၏လက်ကျန်ငွေအားလုံးသည် ချီသွေးဆေးပါဝင်ပစ္စည်းများ ခြောက်စုံအတွက် လုံလောက်သည်။ ချီသွေးဆေးကို သူလုပ်နိုင်ပါ့မလား။ လုပ်နိုင်ခဲ့ရင် အောင်မြင်တဲ့ ဆေးပြားတွေကို ဘယ်လောက်ထုတ်နိုင်မှာလဲ။

"အတွေးလွန်တာက အသုံးမဝင်ဘူး။ ခုပဲ စလိုက်ရအောင်"

စူးချန်ခုန်းက ဒါကို သိပ်ပြီး တွေးမနေတော့။ လုံး၀ မအောင်မြင်ခဲ့ရင်တောင် သူ့ရဲ့ စိတ်နေစိတ်ထားဖြင့် ဒီလို ထိုးနှက်ချက်နှင့် ကုန်ကျစရိတ်ကို ခံနိုင်ရည်ရှိမှာ ဖြစ်သည်။

“အနှစ်နှစ်ဆယ်ရှိသော ဂျင်ဆင်းသွေးကို အရည်ညစ်ပြီး အမှုန့်ဖြစ်အောင် ထောင်းရမယ်။ အရွက်သုံးပွင့်ပန်းကို သုံးနာရီကြာ ပြုတ်ထားရမယ်။ ဆေးပြားအတွက် အရည်ချန်ပြီး ပေါင်းခံနည်းနဲ့ ပေါင်းခံရမယ်။" ချီအားတိုးဆေးများသည် အဆင့်သုံး ဆေးဝါးများသာဖြစ်ပြီး ချီသွေးဆေးများပြုလုပ်ရာ၌ အဆင့်များနှင့် ခက်ခဲမှုများသည် ချီအားတိုးဆေးများထက် အဆများစွာ ပိုမိုရှုပ်ထွေးပြီး ပိုမိုမြင့်မားလေ၏။ စူးချန်ခုန်းသည် ပြင်ဆင်မှုလုပ်ငန်းများကို စိတ်ရှည်စွာဖြင့် ဆက်လက်လုပ်ဆောင်ခဲ့သည်။

အားလုံးအဆင်သင့်ဖြစ်တော့ စူးချန်ခုန်းသည် အဂ္ဂိရတ်ပညာကို စတင်လိုက်ပြီး ဆေးမီးဖိုထဲသို့ ပြင်ဆင်ထားသော ပါဝင်ပစ္စည်း တစ်ဆယ့်လေးခု သို့မဟုတ် ဆယ့်ငါးခုထည့်လိုက်သည်။

နောက်တစ်ခုကတော့ အပူကိုထိန်းပြီး လိုအပ်တဲ့အခါ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေထည့်ဖို့ပင်။

ဆေးမီးဖိုအောက်တွင် မီးတက်လာရာ စူးချန်ခုန်းသည် သတိမမူဝံ့ဘဲ မီးဖိုအတွင်း လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပြီး အပူချိန်၏ပြင်းထန်မှုကို ဖားဖိုဖြင့် ဂရုတစိုက်လုပ်ဆောင်ကာ အပူချိန်ပြင်းထန်မှုကို စေ့စေ့စပ်စပ် အာရုံစိုက်နေသည်။

“ဟမ်း… မအောင်မြင်သေးဘူး”

အချိန်တွေ ကုန်ဆုံးသွားပြီး ညဘက် နီးကပ်လာသည်နှင့် စူးချန်ခုန်းသည် မီးဖိုထဲရှိ အရည်ပျော်နေသော ‌ဆေးပုံကြီးကို မြင်လိုက်ရတော့ သူ ရင်တွေတထိတ်ထိတ်ဖြစ်ခဲ့ရသည်။

ဒီတစ်ခါတော့ ငွေသုံးထောင် အလဟဿဖြစ်သွားလေပြီ။

စူးချန်ခုန်း၏ လက်ကျန်ငွေအားလုံးကို ဝမ်လင်အဆောက်အဦး၌ ချီသွေးဆေးအတွက် ပါဝင်ပစ္စည်းများဝယ်ရန် သုံးစွဲခဲ့သည်။

စူးချန်ခုန်းသည် ချက်ချင်းဆက်မလုပ်ဘဲ အရင်ဆုံး ကောင်းကောင်းအနားယူခဲ့သည်။ အဂ္ဂိရတ်ပညာတွင် ဒုတိယအကြိမ် ကြိုးပမ်းမှု မစတင်မီ သူ၏ စိတ်နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အထွတ်အထိပ်သို့ ချိန်ညှိခဲ့သည်။ သူ့မှာ အခွင့်အရေး ခြောက်ကြိမ်ရှိသည်။

ဒုတိယမီးဖိုသည်လည်း မအောင်မြင်သေးပါ။

"ထပ်ပြီး မအောင်မြင်ဘူးလား။ အပူကို ထိန်းချုပ်တာက ဒီတစ်ခါ ကွက်တိပါပဲ။ ပါဝင်ပစ္စည်းတွေကို ပြင်တော့ တစ်ခုခုများ မှားလို့လား" စူးချန်ခုန်း၏ စိတ်နေစိတ်ထားနှင့်ပင် ရင်ထိတ်သွားရလေသည်။ ရှုံးနိမ့်မှု နှစ်ခုကြောင့် ငွေခြောက်ထောင် မြောင်းထဲရောက်သွား‌လေပြီ။

သို့သော် စူးချန်ခုန်းသည် သူ့စိတ်အခြေအနေကို ပြန်ညှိပြီး မစတင်မီ ချီသွေးဆေးဖော်နည်းကို ပါဝင်ပစ္စည်းများနှင့် အဂ္ဂိရတ်ပညာ၏ အဆင့်များ အပါအဝင် စကားလုံးတိုင်းကို စေ့စေ့စပ်စပ် ပုံဖော်ကာ ဂရုတစိုက် ဖတ်ရှုခဲ့သည်။ ထို့နောက်တတိယအကြိမ် အဂ္ဂိရတ်ကြိုးစားမှု စတင်ခဲ့သည်။

အချိန်သည် ညနေသို့ ရောက်လာသည်နှင့် စူးချန်ခုန်းက မီးသွေးထည့်ခြင်းကို ရပ်လိုက်သည်။ ဆေးမီးဖိုအောက်ရှိ မီးတောက်များသည် တဖြည်းဖြည်း မှေးမှိန်သွားကာ စူးချန်ခုန်းက ရင်တဒိတ်ဒိတ်ဖြစ်နေလေ၏။

ဝှစ်!

အချိန်ကြာလာသည်နှင့်အမျှ ဆေးမီးဖိုမှ ပိုးချည်မျှင်များနှင့်တူသော အနီဖျော့ဖျော့အရောင်တို့ ရောစပ်နေသည့် အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သွေးကိုလှုံ့ဆော်သည့် မွှေးရနံ့သည် အခန်းထဲပျံ့လွင့်လာကာ သွားရည်ယိုလာစေ၏..

All Chapters