ချီသွေးနယ်ပယ်သို့ အဆင့်တက်ခြင်း။ သက်တမ်းကန့်သတ်ချက်။ (၃)
Vol. 8 Ch. 115
နေရာတွင် ရပ်နေရင်း ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများကို ခံစားရင်း ချီသွေးနယ်ပယ်သို့ လှမ်းဝင်ပြီးနောက် အသွင်ပြောင်းခြင်းကို စူးချန်ခုန်း အံ့ဩသွားခဲ့သည်။
ချီသွေးအသွင်ပြောင်းခြင်းအဆင့်တစ်ကို အောင်မြင်ပြီးနောက် ပြောင်းလဲမှုသည် ပြန်လည်မွေးဖွားခြင်းမျှသာဖြစ်သည်။
ဝူချင်းရှီနှင့် လိပ်အသက်ရှူနည်းပညာသည် မကြာမီ အဆင့်သစ်တစ်ခုသို့ တက်လှမ်းတော့မည်ဖြစ်သည်။
သူ့သက်တမ်းတောင် တိုးလာလေ၏။ စူးချန်ခုန်း၏ သက်တမ်းသည် နဂိုနှစ်များထက် ၁၁၀နှစ် အထိ တိုးလာသည်။
သိုင်းပညာနယ်ပယ်အတွင်း တိုးတက်လာတာက လူတစ်ဦး၏အသက်ကို ရှည်စေနိုင်သည်ဟု ထင်ရသော်လည်း ထိုနယ်ပယ်သို့ရောက်ရန် လိုအပ်သော သိုင်းပညာရှင်တစ်သောင်းကြားတွင် မည်သူတစ်ဦးတစ်ယောက်မျှ ဤအဆင့်ကို မရနိုင်ပေ။
"ချီသွေးနယ်ပယ်ကို ငါအဆင့်တက်သွားပေမယ့် ပိုက်ဆံကုန်သွားပြီ" စူးချန်ခုန်းက သူပျော်နေချိန်မှာပဲ သက်ပြင်းတစ်ချက်ချလိုက်သည်။
ချီသွေးနယ်ပယ်ကို အဆင့်လေးဆင့်နှင့် အသွင်ကူးပြောင်းမှု ဆယ့်နှစ်ခု ခွဲခြားထားပြီး အသွင်ကူးပြောင်းမှု သုံးခုတိုင်းတွင် ချီသွေးအလွှာ၊ ချီသွေးမြေခွေးမြူ၊ ချီသွေးနဂါးရှည်နှင့် ချီသွေးမီးပြင်းဖိုဟူ၍ ရှိလေသည်။
ချီသွေးနယ်ပယ်သို့ အဆင့်တက်ပြီး စူးချန်ခုန်းသည် ချီသွေးအသွင်ပြောင်းခြင်း အဆင့်တစ်တွင်သာရှိပြီး ချီသွေးအလွှာမှဖြစ်သည်။ ဆယ်နှစ်ဆင့် ချီသွေးသန့်စင်မှု ပြီးမြောက်ရန် ရှေ့တွင် ရှည်လျားသော ခရီးတစ်ခု ရှိမည်ကို တွေးကြည့်နိုင်လေသည်။
စူးချန်ခုန်းသည် ဝင်ငွေရှာရန် နည်းလမ်းများကို စဉ်းစားနေ၏။ သူသည် သီအိုရီအရ အဂ္ဂိရတ်ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသော်လည်း လက်တွေ့တွင် ယှဉ်ပြိုင်မှုကြောင့် လွယ်ကူသည်မဟုတ်ပေ။
အဖိုးတန်ဆေးပြားအိမ်မှ စွင်းယိယဲ့သည် တောနက်စီရင်စုမြို့တော်တွင် နှစ်ပေါင်းများစွာကြာအောင် နာမည်ကောင်းရနေခဲ့ရာ စူးချန်ခုန်းတစ်ယောက်တည်းနှင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
စူးချန်ခုန်းက ဆေးများကို အလကား သန့်စင်ပေးမည်ဆိုလျှင်တောင် သဘောတူကြမည်မဟုတ်။ စွင်းယိယဲ့ထံတွင်သာ လူအများ တန်းစီရန် စျေးကြီးပေးကြမည်သာ။
အမှန်တော့ အဂ္ဂိရတ်ပညာ၏ကုန်ကျစရိတ်က သေးငယ်သည်မဟုတ်ပါ။ တစ်ခုတည်းသော ကျရှုံးမှုသည် လုံးဝဆုံးရှုံးမှုကို ဆိုလိုသည်။
အကယ်၍ စူးချန်ခုန်းကိုယ်တိုင်လည်း အမည်မသိလူသစ်နှင့် ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိသော အဂ္ဂိရတ်ဆရာအိုကြီးကို ရွေးချယ်ရမည်ဆိုပါက အတွေ့အကြုံရင့်သော ဆေးပညာရှင်ကိုသာ သံသယကင်းကင်းနှင့် ရွေးချယ်နိုင်မည်ဖြစ်သည်။
ထို့အပြင် စူးချန်ခုန်း၏ အဂ္ဂိရတ်ပညာသည် တတိယနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီး ချီစွမ်းအားတိုးဆေးနှင့် ချီသွေးဆေးတို့အား မည်သို့ သန့်စင်ရမည်ကို သိသည်။ အမှန်တော့ သူ၏ကျွမ်းကျင်မှုသည် လေးနက်သည်မဟုတ်ပေ။ အခြားသူများကို အဂ္ဂိရတ်ပညာဖြင့် ကူညီရန် ကြိုးစားပြီး အကြိမ်အနည်းငယ် မအောင်မြင်ပါက သူ၏ ဂုဏ်သတင်းမှာ လုံးဝ ပျက်စီးသွားနိုင်သည်။
"ဒီကိစ္စကို လောလောဆယ် မစဉ်းစားနဲ့ဦး။ လိပ်အသက်ရှူနည်းနဲ့ ဝူချင်းရှီ အဆင့်တက်ပြီးတာနဲ့ ပိုက်ဆံအကြောင်း စဉ်းစားမယ်။ ခွန်အားသာရှိရင် ပိုက်ဆံရှာရတာ ကြောက်စရာမရှိပါဘူး။ ဟုတ်တယ်မလား။"
စူးချန်ခုန်းက ထိုအကြောင်း ဆက်ပြီး တွေးမနေတော့ပါ။
မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်းကို ငုံ့ကြည့်ရင်း မကောင်းသော အကြံအစည်များနှင့် သူ့အိမ်သို့ ခိုးဝင်ခဲ့သော ဤလူများသည် အချည်းနှီး သေဆုံးသွားခဲ့ကြသည်။
စူးချန်ခုန်းသည် အဝတ်အိတ်နှစ်လုံးကို ပြင်ဆင်ပြီး အလောင်းများကို အိတ်အထဲသို့ထည့်ကာ ခြံထောင့်တစ်ခုတွင် မြှုပ်ထားလိုက်သည်။ မြို့ပြင်ထွက်ဖို့ အချိန်ရတဲ့အခါ သူတို့ကို တောထဲပစ်ချဖို့ စီစဉ်ခဲ့လေ၏။
စူးချန်ခုန်းအတွက်သည် ဝူချင်းရှီ၊ လိပ်အသက်ရှူနည်းပညာ၊ သံဖြတ်ဓါးနည်းပညာနှင့် ဓားသွားကျင့်ကြံခြင်းအတတ်တို့ကို နေ့စဥ်လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်နေသောကြောင့် ပေါ့ပေါ့ပါးပါးသာဖြစ်သည်။
ချီသွေးနယ်ပယ်သို့ ရောက်ရှိပြီးနောက် စူးချန်ခုန်းသည် အချို့သော ကန့်သတ်ချက်များကို ချိုးဖျက်သွားပုံရသည်။ မူလက သတ်မှတ်ထားသော ကာယခွန်အားအဆင့် လိုအပ်သည့် ဝူချင်းရှီနှင့် လိပ်အသက်ရှူနည်းပညာ နှစ်ခုစလုံးသည် တစ်လအကြာတွင် အဆင့်တက်ခဲ့လေပြီ။
“ရား!”
နံနက်ခင်းတွင် စူးချန်ခုန်းသည် ဝူချင်းရှီအား လေ့ကျင့်စဉ်တွင် သူ၏ လှုပ်ရှားမှုများသည် တက်ကြွမှုနှင့် ငြိမ်သက်ခြင်း ပေါင်းစပ်ထားပြီး တစ်ခါတစ်ရံ တောအုပ်များအတွင်း ဖြတ်သွားသော ကျားတစ်ကောင်ကဲ့သို့ အခြားအချိန်များတွင် ကောင်းကင်သို့ ပျံတက်နေသည့် ငှက်တစ်ကောင်အလား။
ကျား၊ သမင်၊ ဝက်ဝံ၊ မျောက်၊ ငှက်တို့၏ လှုပ်ရှားမှုများ ပါဝင်သော ဝူချင်းရှီသည် စူးချန်ခုန်း အကြိမ်ပေါင်း မရေမတွက်နိုင်သော ကျင့်စဉ်များ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူသည် ဝူချင်းရှီကို အဆုံးစွန်သောအဆင့်သို့ ကျင့်လာကာ အမျိုးအစားတစ်ခုစီတွင် ပုံစံ ၅၄ မျိုးဖြင့် ပုံစံတစ်မျိုးစီကို သူ့စိတ်တိုင်းကျ ပြောင်းလဲစေသည်။ သူ ငြိမ်သက်နေသောအခါ တောထဲ၌ တိတ်တဆိတ် လှုပ်ရှားနေသော သမင်တစ်ကောင်နှင့်တူ၏။ ခက်ထန်လာချိန်တွင် သူသည် တောတောင်တွေကို ခြိမ်းခြောက်နိုင်တဲ့ ဟိန်းဟောင်နေသည့် ကျားတစ်ကောင်နှယ်။
စူးချန်ခုန်း၏ ဝူချင်းရှီကျင့်စဉ်ကို မြင်တွေ့သူတိုင်းသည် မသိစိတ်အရ နှစ်မျောသွားပြီး ၎င်းသည် အပြစ်ကင်းစင်ပြီး ခက်ခဲနက်နဲလှသည်ဟု အံ့အားသင့်ကြပေမည်။ ထိုအရာသည် အားထုတ်ရုံမျှဖြင့် လူသားများ မအောင်မြင်နိုင်ဟု ထင်ရသော နယ်ပယ်တစ်ခုဖြစ်သည်။
အစွမ်းကုန် လေ့ကျင့်ပြီးနောက် စူးချန်ခုန်း၏ ချီနှင့်သွေးတို့သည် သဘာဝအတိုင်း ဆူပွက်လာပြီး စီးဆင်းမှုကို အရှိန်မြှင့်လာကာ အနီရောင် အမှုန်အမွှားများ စိမ့်ထွက်လာပြီး အလွှာပါးကဲ့သို့ ဖုံးလွှမ်းသွားလေ၏။
“ငါ အဆင့်တက်သွားပြီ…”
စူးချန်ခုန်း၏ နဖူးပေါ်မှ ချွေးတသီးသီးကျလာတော့ သူ၏ လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး မကြုံစဖူးကြုံရသည့် ကြည်နူးမှုကို ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းထက်တွင် အပြုံးရေးရေးလေး ပေါ်လာ၏။ ဝူချင်းရှီသည် နောက်ဆုံးတွင် တစ်ဖန် အဆင့်တက်ကာ နယ်ပယ်အသစ်သို့ မြင့်တက်သွားခဲ့လေပြီ။
ဝူချင်းရှီ (အဌမအဆင့် သဘာဝလွန်နယ်ပယ် ၁ %)
စူးချန်ခုန်း၏ ဝူချင်းရှီသည် အဌမနယ်မြေ၏ သာမန်လူတို့ ဉာဏ်မမီနိုင်သော သဘာဝလွန် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
“ဝူချင်းရှီ… သဘာဝလွန်အဆင့်တဲ့လား။ ဝူချင်းရှီကို ကျင့်သောသူတိုင်း သမိုင်းတစ်လျှောက်မှာ ဖြစ်နိုင်တာက ဒီအဆင့်ကို ရောက်နိုင်သူ အလွန်နည်းပါးလောက်မည်ပင်။ စူးချန်ခုန်းသည် အနည်းငယ် မာန်ဝင့်သွားပြီး အောင်မြင်မှုကို ခံစားလိုက်ရသည်။
မည်သည့်အတတ်ပညာမဆို စတင်ရန် လွယ်ကူသော်လည်း ကျွမ်းကျင်ရန် ခက်ခဲလှသည်။ အတတ်ပညာ သို့မဟုတ် ကိုယ်ခံပညာကို သဘာဝလွန်အဆင့်သို့ ရောက်နိုင်ရန် ခက်ခဲသော လေ့ကျင့်မှုများသာမက သဘာဝစွမ်းရည်ပါ လိုအပ်ပါသည်။ မဟုတ်ရင် ဆယ်စုနှစ်တွေ ဒါမှမဟုတ် ရာစုနှစ်များစွာကြာအောင် လေ့ကျင့်ပြီးရင်တောင် ဒီအဆင့်ကို ရောက်ဖို့ ခက်ခဲပါလိမ့်မည်။
အဋ္ဌမအဆင့်မှ ဝူချင်းရှီ၏ ကွဲပြားမှုများနှင့် လှုပ်ရှားမှုများသည် ယခင်ကထက် များစွာရှုပ်ထွေးလွန်းလှသည်။ "တကယ်လို့ ငါသာ ကြာနက်ဂိုဏ်းက ချီသွေးနယ်ပယ်ပညာရှင်ကို နောက်တစ်ကြိမ်ရင်ဆိုင်ရရင် ငါ့သိုင်းပညာနယ်ပယ်က အရင်အတိုင်းပဲရှိနေသေးရင်တောင် ဒီသဘာဝလွန်အဆင့် ဝူချင်းရှီနဲ့သာဆိုရင် အားကြီးတဲ့သူတွေကို အနိုင်ယူပြီး သတ်ပစ်နိုင်မယ့် အခွင့်အရေးရှိသေးတယ်!"
စူးချန်ခုန်းက ပိုလို့တောင် ယုံကြည်ချက် ကှိလာသည်။ သဘာဝလွန်အဆင့် ဝူချင်းရှီနှင့် သာဆိုပါက ချီသွေးနယ်ပယ်မှ လျိုပိုင်ရန်လို တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရလျှင် အသေအကြေတိုက်ပြီး ယခင်လို လျှို့ဝှက်လက်နက်နှင့် အဆိပ်များကို အားကိုးစရာမလိုဘဲ အနိုင်ရနိုင်လေသည်။
"နောက်တစ်ခုကတော့ လိပ်အသက်ရှူနည်းပညာ!"
စူးချန်ခုန်း၏ လိပ်အသက်ရှူနည်းပညာသည်လည်း ပိတ်ဆို့မှုကို ရောက်ရှိလာခဲ့သည်။
သုံးညကြာပြီးနောက် လိပ်အသက်ရှူနည်းပညာသည် ဝူချင်းရှီနောက်မှ လိုက်လာပြီး အောင်မြင်မှုတစ်ခုကို ရရှိခဲ့သည်။
ကုတင်ပေါ်တွင် စူးချန်ခုန်းသည် အသက်ပြင်းပြင်းရှူရှိုက်ရင်း ကျောခင်းကာ လှဲလျောင်းနေရင်း သူ၏ခန္ဓာကိုယ်အတွင်းမှ လိပ်အသက်ရှူနည်း ချီစွမ်းအင်သည် နက်မှောင်လာလေ၏။ ၎င်းက နက်ရှိုင်းသော ပင်လယ်ပြာကြီးကို သတိရစေကာ အသက်ရှူသွင်းလိုက်တိုင်း ချီစွမ်းအင်သည် ချီနှင့် သွေးအချို့ ပေါင်းစပ်ကာ လိပ်အသက်ရှူနှုန်းကို မြန်ဆန်စေသည်။
"ဝုန်း!"
အထွတ်အထိပ်သို့ ရောက်သောအခါတွင် လိပ်ကြီးသည် ပင်လယ်ပြင်မှ ထွက်လာသကဲ့သို့ လှိုင်းလုံးကြီးများက ကမ်းစပ်ဆီသို့ မနားတမ်း ဆက်လက် တိုက်ခတ်လာလေ၏။