← Chapters

လရောင်အောက်က တစ္ဆေသင်္ဘော။ ပင်လယ်မိစ္ဆာနတ်ဆိုး။

Vol. 8 Ch. 117

လရောင်အောက်က တစ္ဆေသင်္ဘော။ ပင်လယ်မိစ္ဆာနတ်ဆိုး။

Vol. 8 Ch. 117

အမှန်ပင် ဝမ်ရွှင်းက စူးချန်ခုန်းစကားရဲ့ အဓိပ္ပါယ်ကို နားလည်လေသည်။ သူက "မိုးပြာပင်လယ်နက်ရဲ့ ကျောက်နက်တုံးပင်လယ်အော်အနီးမှာ လစဉ် သတ်မှတ်ရက်တိုင်း သင်္ဘောတွေ ဆိုက်ကပ်ပြီး ဧည့်သည်တွေကို ကုန်သွယ်ရေးအစည်းအဝေးကျင်းပဖို့ ဖိတ်ခေါ်တာကို ကြားဖူးတယ်" ဟုဆိုလေ၏။

ဝမ်လင်အဆောက်အဦး၏တာဝန်ခံအနေဖြင့် ဝမ်ရွှင်းသည် နေ့စဉ်နေ့တိုင်း ဖောက်သည်များနှင့် ထိတွေဆက်ဆံရပြီး သာမန်လူများနှင့် နှိုင်းယှဉ်ပါက ဝောာ်တော်လေး အသိဉာဏ်ကြွယ်လေသည်။

“ဒါဆို သတင်းအချက်အလက်အတွက် တာဝန်ခံဝမ်ကို ကျေးဇူးတင်ပါတယ်။” တောနက်စီရင်စုက တစ္ဆေဈေးအနီးရှိ တည်နေရာကို သိရပြီးနောက် စူးချန်ခုန်းသည် ဆက်မနေတော့ဘဲ ဝမ်ရွှင်းတို့ထံမှ ထွက်လာခဲ့သည်။

အိမ်ပြန်ရောက်သောအခါ စူးချန်ခုန်း ခေတ္တစောင့်ဆိုင်းခဲ့သည်။ မနက်ဖြန်က လလယ်ရက်ဖြစ်ရာ တစ္ဆေဈေး ဖွင့်သည့်နေ့ဖြစ်သည်။

နောက်တစ်နေ့ နေဝင်ရီတရောအချိန်တွင် စူးချန်ခုန်းသည် တောနက်စီရင်စုမြို့တော်မှ ကျောက်တုံးနက်ပင်လယ်အော်သို့ ဦးတည်မထွက်ခွာမီ ထုပ်ပိုးပြင်ဆင်ခဲ့သည်။

မိုးပြာပင်လယ်၏ ကမ်းစပ်တစ်လျှောက်ရှိ ကျောက်တုံးနက်ပင်လယ်အော်သည် များသောအားဖြင့် လူသူကင်းမဲ့သည်။

တောနက်စီရင်စုမြို့တော်နှင့် အနီးဆုံးပင်လယ်ဧရိယာဖြစ်သည့် မိုးပြာပင်လယ်သည် တာ့ဖုန်းပြည်နယ်၏ စီရင်စုသုံးခုကို ချိတ်ဆက်ထားသည်။ တောနက်စီရင်စုမြို့အနီးတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော အင်အားအကြီးဆုံးဖြစ်သည့် မဟာဝေလဂိုဏ်းရှိရာ မိုးပြာပင်လယ်ကို ဖြတ်ကျော်ကာ စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ကိုင်ရလေသည်။

ဤပင်လယ်ဒေသကိုဖြတ်သွားသော ကုန်သည်သင်္ဘောများအားလုံးသည် မဟာဝေလဂိုဏ်းကို ဘဏ္ဍာဆက်သရမည်ဖြစ်သည်။

ညနေပိုင်းတွင် စူးချန်ခုန်းသည် ခါးပေါ်တွင် ဓားရှည်ကိုတပ်လျက် အနက်ရောင် ၀တ်ဆင်ပြီး မျောက်မျက်နှာဖုံးကို တပ်ဆင်ကာ ကျောက်တုံးနက်ပင်လယ်အော်သို့ ရောက်ရှိလာခဲ့သည်။

ကျောက်တုံးနက်ပင်လယ်အော်သည် ရံဖန်ရံခါ ကျောက်တန်းလေးများ ပေါ်လာပြီး ငြိမ်သက်နေလေ၏။ ဤနေရာကို မရင်းနှီးဘဲ သင်္ဘောကို ခုတ်မောင်းရဲသည့်မည်သူမဆို သင်္ဘောပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးခြင်းများနှင့် ကြုံတွေ့ရမည်သာ။

"တခြားသူတွေရှိတာလား။ တစ္ဆေဈေးကွက်ရဲ့ ဧည့်သည်တွေများလား"

စူးချန်ခုန်းသည် သူကဲ့သို့ပင် ကျောက်တုံးနက်ပင်လယ်အော်အနီးအနားတွင် စောင့်ဆိုင်းနေသူများရှိပြီး အများအားဖြင့် မျက်နှာဖုံးစွပ်ကာ သူတို့၏ အထောက်အထားများကို ဖုံးကွယ်ကြရာ တစ္ဆေဈေးကွက် အရောင်းအ၀ယ်တွင် ပါဝင်သူများလည်း ဖြစ်နိုင်သည်ကို သတိပြုမိခဲ့သည်။

စူးချန်ခုန်းသည် ငြိမ်သက်စွာ စောင့်ဆိုင်းနေပြီး ကောင်းကင်ယံတွင် ကြယ်များပွင့်လန်းလာသောအခါ အဝေးမှ သင်္ဘောကြီးတစ်စင်းသည် တဖြည်းဖြည်း ချဉ်းကပ်လာလေ၏။

ဤသင်္ဘောသည် မီတာဒါဇင်များစွာရှည်လျားပြီး ရှေးဟောင်းပုံစံနှင့် အချိန်ကာလများစွာကို ကြုံတွေ့ဖြတ်သန်းခဲ့ရသည့်နှယ်။

ထိုသင်္ဘောကြီးသည် ပင်လယ်အော်အစွန်းတွင် ဆိုက်ကပ်လေ၏။

စောင့်ဆိုင်းနေသော အခြားဧည့်သည်များအားလုံး မတ်တပ်ရပ်ကာ ဆိုက်ကပ်ထားသော သင်္ဘောဆီသို့ ဦးတည်သွားကြသည်။

ဒါကိုမြင်တော့ စူးချန်ခုန်းလည်း သင်္ဘောပေါ်သို့ လူအုပ်ကြီးနောက်ကနေ လိုက်သွားသည် ။ အဝင်လမ်းတွင် သရဲမျက်နှာဖုံးဝတ်ဆင်ထားသည့် သင်္ဘောသားတစ်ဦးသည် ဓားများ တပ်ဆင်ထားသည့် သင်္ဘောမှ အခြားလူများကို အမိန့်ပေးနေပြီး အရှိန်အဝါမှာ သာမန်မဟုတ်ပေ။

“လူတစ်ယောက်စီက သင်္ဘောတက်ဖို့ ငွေ ၅၀ ပေးရမယ်” ဟု လှေသမားက အသံဩဩဖြင့် ဆိုလေ၏။

တောနက်စီရင်စုမြို့၏ သရဲစျေးကွက်သည် အခမဲ့ စီးနင်းတက်ရောက်နိုင်သည့် အရာမဟုတ်ပေ။ ဝင်ကြေးမှာ ငွေ ၅၀ ဖြစ်သည်။

ဤအဆင့်သတ်မှတ်ချက်သည် သေချာပေါက် မြင့်မားသော်လည်း တစ္ဆေဈေးကွက်စီစဉ်သူများက သင်္ဘောတစ်စီးကို ထုတ်ပေးရသောအခါတွင် ကုန်ကျစရိတ်များလေသည်။ တစ္ဆေဈေးကွက်ကို လာလည်တဲ့သူတွေက သာမညများ မဟုတ်ကြရာ သူတို့က စည်းမျဥ်းတွေကို နားလည်ပြီး အားလုံးက ဝင်ကြေး ပေးဆောင်ကြသည်။

စူးချန်ခုန်းသည်လည်း ငွေငါးဆယ်ကို ပေးဆောင်ခဲ့သည်။

"ဒါက တောနက်စီရင်စုမြို့ဖြစ်တာ မစမ်းတော့ပါဘူးလေ။ တစ္ဆေဈေးကွက်ကတောင် အဆင့်အတန်းမြင့်တယ်။"

ဒီမြင်ကွင်းကိုမြင်တော့ စူးချန်ခုန်းက သက်ပြင်းမချဘဲ မနေနိုင်။ ချင်းရွှေမြို့၏ တစ္ဆေဈေးကွက်ကို လူဆိတ်ညံသောတောင်ပေါ်ကျေးရွာများတွင် အကာအကွယ်မရှိရောင်းဝယ် ဖောက်ကားပြီး တောနက်စီရင်စုမြို့၏ တစ္ဆေဈေးကွက်သည် တူညီသော အသင်းအဖွဲ့မဟုတ်ဘဲ အထက်တန်း လူ့အဖွဲ့အစည်းများစုဝေးနေသည့် ဤသင်္ဘောကြီးပေါ်တွင် ခင်းကျင်းပြသသည်။

စူးချန်ခုန်း သင်္ဘောပေါ်တက်ပြီးနောက် လူအများစု မစားကြသော်လည်း စားစရာ၊ သောက်စရာများ ရှိနေသည်ကို တွေ့ခဲ့ရသည်။

သင်္ဘောပေါ်တွင် လူများစွာသည် သူတို့၏ကိုယ်ပိုင်ပစ္စည်းများကို ရောင်းချရန် ထုတ်ယူကာ အခြားသူများ လာရောက်မေးမြန်းရန် စောင့်ဆိုင်းနေကြသည်။

စူးချန်ခုန်းသည် ထိုကဲ့သို့သော တစ္ဆေစျေးကွက်များအတွက် အသစ်အဆန်းမဟုတ်ပေ။ သူလည်း သူ့ရင်ဘတ်ထဲက ဆေးပြားငါးပုလင်းကို ထုတ်ပြီး သူ့ဆိုင်ရှေ့က သစ်သားဆိုင်းဘုတ်မှာ "ချီအားတိုးဆေးပြား ရောင်းရန်"ဟု ရေးထားသည်။

ချီအားတိုးဆေးသည် ကုန်ဆုံးသွားသော ချီစွမ်းအင်ကို လျင်မြန်စွာ ပြန်လည်ရရှိစေသော အကျိုးသက်ရောက်မှုရှိရာ သိုင်းပညာရှင်များအတွက် အလွန်အသုံးဝင်သည်။

မကြာခင်မှာပဲ သိုးမျက်နှာဖုံးဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ရောက်လာပြီး “ဒါက ချီအားတိုးဆေးလား။ ဘယ်လောက်နဲ့ ရောင်းတာလဲ”

“ဆေးတစ်လုံးအတွက် ငွေ ၅၀။ ဆယ်ပြားပါတစ်ဘူးကို ငါးရာ။ ခွဲမရောင်းဘူး” ဟု စူးချန်ခုန်းက ပြန်ပြောလိုက်သည်။

စျေးကွက်တွင် ချီအားတိုးဆေးပြား၏စျေးနှုန်းမှာ တစ်လုံးလျှင် ၇၀ ဝန်းကျင်ရှိသော်လည်း သူ လေ့ကျင့်ရင်း ထုတ်ထားသည်ဖြစ်ရာ အရည်အသွေးအနည်းငယ်ညံ့သည်ဟု ယူဆသောကြောင့် စူးချန်ခုန်းက တစ်လုံးလျှင် ငွေ ၅၀ဖြင့် ရောင်းခဲ့သည်။

တစ်ချိန်တည်းမှာပင် စူးချန်ခုန်းသည် "ထုတ်လုပ်ဖို့ ငွေ၃၀၀၀၀ ကုန်ကျတဲ့ ဆေးပြားတွေကို ပြန်ရောင်းတော့ ငွေ ၃၀၀တောင် မကာမိဘူး။ တော်တော်လေး စျေးနှိမ်လိုက်ရတာပဲ။"

သို့ပေမယ့် စူးချန်ခုန်းကတော့ သိပ်ပြီး မတွေးနေတော့ပေ။ ကနဦးအဆင့်တွင် အဂ္ဂိရတ်ပညာသည် ငွေကုန်ကြေးကျခံ ကြိုးပမ်းမှုဖြစ်ပြီး သူ၏ အဂ္ဂိရတ်ကျွမ်းကျင်မှု တိုးတက်လာသည်နှင့် တစ်ပြိုင်နက် သူသည် အဂ္ဂိရတ်ပညာမှ အမြတ်အစွန်းတစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။

"ပစ္စည်းကို စမ်းကြည့်လို့ရမလား" ဈေးကို ကြားသောအခါ သိုးမျက်နှာဖုံးနှင့်လူက မေးလိုက်သည်။

“ရပါတယ်။”

စူးချန်ခုန်းသည် ထုံးစံအတိုင်း မငြင်းဘဲ ချီအားတိုးဆေးပြားတစ်ပုလင်းကို ပေးလိုက်သည်။ သိုးမျက်နှာဖုံးနှင့်ယောက်ျားက ၎င်းကိုယူကာ အဖုံးဖွင့်ပြီး အနံ့ခံလိုက်လေ၏။

ခဏလောက်စဉ်းစားပြီးနောက် သိုးမျက်နှာဖုံးနှင့်လူက ငွေစက္ကူတစ်ရွက်ကို ထုတ်ကာ “ဒါဆို ပုလင်းတစ်လုံးဝယ်မယ်” ဟုပြောလိုက်သည်။

စူးချန်ခုန်း၏ ချီအားတိုးဆေးရနံ့သည် စျေးကွက်ရှိ ဆေးလုံးများလောက် မပြင်းကြောင်း သိုးမျက်နှာဖုံးနှင့်လူက သတိပြုမိပြီး အရည်အသွေးမှာ အနည်းငယ်သာ အရည်အချင်းပြည့်မီသော်လည်း လျှော့စျေးပေးထားသောကြောင့် ပုလင်းတစ်လုံးအတွက် ငွေနှစ်ရာကို ခြွေတာရာကျသည်။

“ကောင်းပြီ။”

စူးချန်ခုန်းသည် စိတ်ထဲမှ ကျေနပ်သွားလေ၏။ တစ်ပုလင်း ရောင်းထွက်သွားပြီ။

ဆေးပြားများသည် ရှားပါးပြီး အဖိုးတန်သည့်အချက်မှာ အမှန်ဖြစ်ကြောင်း သက်သေပြခဲ့သည်။ စူးချန်ခုန်း၏ ဆေးငါးပုလင်းသည် တစ်နာရီအတွင်း ရောင်းထွက်သွားပြီး ငွေ ၂၅၀၀ တန်ကို ယူဆောင်လာခဲ့သည်။

"အသုတ်တစ်သုတ်မှာ ချီအားတိုးဆေးနှစ်ပြားကို ပျမ်းမျှထုတ်နိုင်ရင် အသုံးစရိတ်နဲ့ ၀င်ငွေမျှတမှုကို ထိန်းထားနိုင်မှာပဲ။ နှစ်ခုထက် ပိုရင်တော့ အမြတ်ပဲ" စူးချန်ခုန်းက သူ့စိတ်ထဲတွင် တွက်ချက်နေ၏။ သူ့ရဲ့ အဂ္ဂိရတ်ပညာမှာ တိုးတက်မှုတချို့ရခဲ့ပြီဖြစ်ရာ သူ ဒါကို အောင်မြင်နိုင်မည်ဖြစ်သည်။

သင်္ဘောကြီးသည် ပင်လယ်ထဲ ဖြည်းညှင်းစွာ လွင့်မျောနေကာ ဧည့်သည်အချို့က သူတို့၏ ကုန်ပစ္စည်းများကို ရောင်းချနေကြဆဲဖြစ်ပြီး အချို့သော ဧည့်သည်များသည် ကုန်းပတ်တွင်စောင့်ဆိုင်းကာ သင်္ဘောဆိုက်ကပ်ရန် စောင့်မျှော်နေကြလေ၏။ တစ္ဆေဈေးကွက် ပိတ်ချိန်ရောက်ရန် မျှော်နေကြသည်။

သင်္ဘောကို ခဏလောက် လျှောက်ပတ်သွားပြီးနောက် စူးချန်ခုန်းလည်း သင်္ဘောရဲ့ သီးသန့်အခန်းထဲမှာ ကမ်းကပ်ရန် စောင့်ဆိုင်းရင်း အနားယူခဲ့လေသည်...

All Chapters