← Chapters

လရောင်အောက်က တစ္ဆေသင်္ဘော။ ပင်လယ်မိစ္ဆာနတ်ဆိုး။ (၂)

Vol. 8 Ch. 118

လရောင်အောက်က တစ္ဆေသင်္ဘော။ ပင်လယ်မိစ္ဆာနတ်ဆိုး။ (၂)

Vol. 8 Ch. 118

“အာ!”

ညနက်လာသည်နှင့် ပင်လယ်ရေက ငြိမ်သက်နေပြီး အပေါ်က ကြယ်များနှင့် လတို့၏ အရိပ်များက အေးချမ်းစွာ ရောင်ပြန်ဟပ်နေ၏။ စူးချန်ခုန်းသည် သူ့အခန်းထဲတွင် ရုတ်တရက် မျက်လုံးပွင့်လာ၏။ အလွန်တိုပြီး တိုးညင်းတဲ့ အော်သံကို ကြားလိုက်ရတော့ သူနားရွက်တွေ လှုပ်ခတ်ပြီး အခန်းအပြင်ဘက်တွင် တစ်စုံတစ်ရာ ရေထဲကျသွားတဲ့ အသံတစ်သံကို ကြားလိုက်ရလေ၏။

"တစ်ခုခုဖြစ်လို့လား။"

စူးချန်ခုန်း ချက်ချင်း ထရပ်လိုက်ပြီး သူ့အမူအရာ ပြောင်းသွားလေ၏။ သူ အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။

အခန်းအပြင်ဘက်ရှိ ကုန်းပတ်ပေါ်တွင် တစ္ဆေဈေးကွက်အရောင်းအ၀ယ်ပြုလုပ်သည့် ဧည့်သည်တစ်ဦးတိုင်းက တစ်ခုခုလွဲချော်နေသည်ကိုလည်း သတိပြုမိကြပြီး အားလုံး နိုးနိုးကြားကြားရှိနေကြသည်။

"ဘာဖြစ်တာလဲ။ ငါအော်သံကြားလိုက်ရတာလား။"

"တစ်ယောက်ယောက် သင်္ဘောပေါ်ကနေ ပြုတ်ကျသွားသလိုပဲ!"

ကုန်းပတ်ပေါ်မှ ဧည့်သည်များသည် တိုးတောင်းသော အော်သံကြောင့် လန့်သွားကြသည်။ အချို့က ဖြစ်ပျက်နေသည်ကို သိပုံရပြီး တုံ့ပြန်လိုက်ကြသည်။

"အား! ကယ်ကြပါ။ ရေမကူးတတ်ဘူး!"

ရေထဲတွင် အမျိုးသမီးတစ်ဦး၏ ထိတ်လန့်တကြား အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ရသည်။

စူးချန်ခုန်းသည် ရေပြင်ပေါ်တွင် ယက်ကန်ယက်ကန်နှင့် ဖရိုဖရဲဖြစ်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရပြီး သူမ၏မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ဤတစ္ဆေဈေးကွက်၏ စီစဉ်သူဖြစ်‌သော သစ်သားမျက်နှာဖုံး ဝတ်ဆင်ထားသည့် သင်္ဘောပိုင်ရှင် လူထွားကြီးသည် "သူ့ကို ဆွဲတင်ဖို့ ကြိုးကိုသုံးလိုက်" ဟု အမိန့်ပေးလိုက်လေ၏။

“ဟုတ်!”

သင်္ဘောပေါ်ရှိ အစောင့်များသည် လှေပေါ်တွင် မရှိမဖြစ် ပါနေကျဖြစ်သော အသက်ကယ်ကြိုးတစ်ချောင်းကို ချက်ချင်းပြင်ဆင်ပြီး ထိုအမျိုးသမီးကို ဖမ်းယူနိုင်ရန် လှေပေါ်မှ ပစ်ချလိုက်ကြသည်။

"သူ့ကို ဆွဲတင်လိုက်!"

ထိုအမျိုးသမီးသည် ကြိုးကိုဆွဲကိုင်လိုက်သောအခါ အစောင့်အကြပ်များစွာက သူမအား ဆွဲတင်ကာ သင်္ဘောပေါ်သို့တက်ရန် သူမ၏ပခုံးများကို ထိန်းကိုင်ပေးရင်း အစောင့်များစွာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

အစက တစ္ဆေဈေးကွက်မှ ဧည့်သည်တစ်ဦး သင်္ဘောပေါ်မှ မတော်တဆ ပြုတ်ကျခဲ့သည့် အဖြစ်အပျက်လေးတစ်ခုမျှသာ ဖြစ်သည်။

သို့သော် ရုတ်တရက် လူတိုင်းသည် တစ်စုံတစ်ခု မှားနေမှန်းတစ်ပြိုင်နက် ခံစားလိုက်ရသည်။

“မဟုတ်သေးဘူး… ဒီည သင်္ဘောပေါ်မှာ အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက် ရှိလို့လား။”

အစောင့်တစ်ယောက်က ရုတ်တရက် စကားစလိုက်သည်။

စောစောက ဧည့်သည်တွေဆီကနေ တည်းခိုခတွေကို ကောက်ခံရင်း ဧည့်သည် ဒါဇင်ပေါင်းများစွာ ရှိပေမယ့် အများစုက အနက်ရောင် ဒါမှမဟုတ် အပြာရောင်လို မထင်းတဲ့ အရောင်တွေ ၀တ်ထားကြတာကို သတိထားမိကြသည်။

အဖြူရောင်၀တ်စုံနဲ့ အမျိုးသမီးတစ်ဦးလို ပေါ်လွင်ထင်ရှားသည့် အသွင်အပြင်ရှိရာ ခရီးသည်တွေကြားမှာ ဒီလိုလူရှိနိုင််လို့လား။

"သတိထား!"

ထိုအစောင့်က ဇဝေဇဝါဖြစ်နေစဉ်တွင် ရဲဘော်ရဲဘက်တစ်ဦး၏ ထိတ်လန့်တကြားအော်သံက သူ့နားထဲတွင် ထွက်ပေါ်လာသည်။

ပင်လယ်ထဲက ဆွဲတင်ခံရပြီး ရေတွေရွှဲနေလို့ တုန်တုန်ယင်ယင် ဖြစ်နေပုံပေါ်တဲ့ အဖြူဝတ်နဲ့ အမျိုးသမီးက အခုတော့ သူမရဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်အောက်ကနေ နတ်ဆိုးအပြုံး ပြုံးလိုက်လေ၏။

"မကောင်းတော့ဘူး။"

ဝတ်ရုံဖြူအမျိုးသမီးအနီးရှိ အစောင့်တစ်ဦးသည် သူ့စိတ်ထဲ၌ အချက်ပေးသံတစ်ခု ထွက်ပေါ်လာပြီး ထွက်ခွာရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့လေပြီ။

"အွတ်!"

ဖြူဖျော့ဖျော့နှင့် သွေးရောင်မဲ့နေသည့် လက်တို့က ရုတ်တရက် ထွက်လာပြီး အသားများ စုတ်ပြဲသွားသည့်အသံကြားတွင် ထိုအစောင့်၏ရင်ဘတ်ကို ရက်ရက်စက်စက် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ နောက်ပြန်ယိုင်သွားရင်း သူ့ရင်ဘတ်မှာ ဖောက်မြင်နေရသည့်သွေးသံရဲရဲအပေါက်ကြီးတစ်ခု ပေါ်လာလေ၏။

ထိုအမျိုးသမီး၏လက်ထဲရှိ သွေးနီရောင် နှလုံးက တဒုတ်ဒုတ်ခုန်နေဆဲဖြစ်သည်။

"လော့ချီ!"

ကျန်တဲ့ အစောင့်တွေက ဒေါသတကြီးနဲ့ အော်ဟစ်ပြီး ထိုအစောင့်က ကုန်းပတ်ပေါ် လဲကျသွားခဲ့။

မည်သည့်နေရာမှမသိ ထွက်ပေါ်လာသော ဤဝတ်စုံဖြူနှင့်အမျိုးသမီးသည် သူတို့၏အဖော်တစ်ဦးအား သတိပေးခြင်းမရှိဘဲ သတ်ပစ်ခဲ့သည်။

ပိုလို့တောင် ကြောက်စရာကောင်းတာက ထိုဝတ်ရုံဖြူနှင့်အမျိုးသမီးက နှလုံးကို ကိုင်ကာ အနံ့ခံပြီး ပါးစပ်ထဲ ထည့်ပြီး လောဘတကြီး ကိုက်စားလိုက်တာပင်။ ထိုမြင်ကွင်းက လူတိုင်းကို ခေါင်းကြိမ်းသွားစေသည်။

"သူ... ရူးသွားပြီလား" တစ်စုံတစ်ယောက်သည် မသိစိတ်အရ နောက်ပြန်ဆုတ်သွားလေ၏။ တစ္ဆေဈေးကွက်ကို ရောက်လာသူအများစုဟာ ရက်စက်ကြမ်းကြုတ်သည့် စရိုက်များစွာကို မြင်တွေ့ခဲ့ရပြီး နယ်နယ်ရရတွေ မဟုတ်ပါ။ သို့တိုင် အားလုံး၏ရှေ့တွင် လူ့နှလုံးကို စားသုံးသည့် လုပ်ရပ်ကတော့ သူတို့ မကြုံဖူးသည့်အရာ ဖြစ်သည်။

“ဒီမိန်းမက… သိပ်ထူးဆန်းတာပဲ!”

စူးချန်ခုန်းက ဤမြင်ကွင်းကို ကြည့်ရင်း သူ့မျက်နှာက လေးနက်လာလေ၏။ ၀တ်စုံဖြူနှင့်အမျိုးသမီးက သင်္ဘောအနီးရှိ ရေထဲတွင် အကူအညီတောင်းခဲ့စဉ်က သူမကို သင်္ဘောပေါ်မှ ပြုတ်ကျသွားခဲ့သည့် ဧည့်သည်တစ်ဦးဖြစ်သည်ဟု လူအများက ယုံကြည်ခဲ့ကြသည်။ သို့သော် သူ့ကို ဆွဲတင်လိုက်သည်နှင့် သိုင်းပညာအခြေခံရှိသော သိုင်းပညာရှင် အစောင့်တစ်ဦး၏ နှလုံးသားကို အားစိုက်ထုတ်စရာမလိုဘဲ ရုတ်ချည်း တိုက်ခိုက်ခဲ့သည်။

ငါတို့က အန္တရာယ်ရှိတဲ့အရာနဲ့ ရင်ဆိုင်နေရပြီ။

"သေစမ်း၊ မင်းသေလမ်း ရှာနေတာပဲ!"

မြင်းမျက်နှာဖုံးတပ်ထားသည့် အစောင့်တစ်ဦးသည် သူ၏ အဖော် ပွဲချင်းပြီးသေဆုံးသွားသည်ကို တွေ့ခဲ့ရပြီး ထိုအမျိုးသမီးက သူ့မိတ်ဆွေ၏နှလုံးအား ဝါးစားနေသည်ကို မြင်ရတော့ ဒေါသတကြီး အော်ဟစ်လိုက်လေ၏။ သူက ထိတ်လန့်မှုနှင့် ဒေါသတို့ ရောထွေးကာ ခါးမှ ဓားခုတ်ဓားကို ဆွဲထုတ်ပြီး အမျိုးသမီး၏ လည်ပင်းကို ခုတ်ရန် ချိန်ရွယ်လိုက်သည်။

"ဒုတ်!"

လူတိုင်း၏ အံ့ဩမှုများအောက်တွင် လုံးပတ်ကြီးသစ်ပင်အား ပိုင်းဖြတ်နိုင်သော စွမ်းအားကြီးသည့် ခုတ်ချက်က ဝတ်စုံဖြူနှင့် အမျိုးသမီး၏ လည်ပင်းကို ထိမှန်သွားရာ ဓားတုံးတုံးဖြင့် ကြမ်းတမ်းသော သားရေကို ထိမိသွားသကဲ့သို့ မြည်သံအနည်းငယ်ထွက်ပေါ်လာလေ၏။ သူမ၏လည်ပင်းမှာ ဒဏ်ရာက လုံးဝဗလာနတ္ထိ။

“ဒီ..ဒီလိုမာကျောခြင်းကျင့်စဉ်က ဘာလဲဟ”

မြင်းမျက်နှာဖုံးတပ်ထားသော အစောင့်က အံ့အားသင့်သွားလေ၏။

ပုံမှန်မာကျောခြင်းကျင့်စဉ်များသည် လက်သီးများ၊ ကန်ကျောက်မှုများ၊ တင်းပုတ်ကဲ့သို့သော တိုက်ခိုက်မှုများကို ခုခံရည်ရှိနိုင်သော်လည်း ဓါးသွားကို ခန္ဓာကိုယ်နှင့် ခံနိုင်ရည်ရှိရန်အတွက် တောနက်စီရင်စု မြို့တော်တစ်ခုလုံးတွင်ပင် ထိုသို့သောစွမ်းရည်ကို ကျွမ်းကျင်သည့် ပညာရှင်အနည်းငယ်မျှသာ ရှိသေးသည်။

၀တ်စုံဖြူနှင့်အမျိုးသမီးက သူ့လည်ပင်းအား ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ခုခံသည့် အနေအထားမျိုးမရှိရာ မြင်းမျက်နှာဖုံးနှင့်လူကို အံ့အားသင့်စေခဲ့သည်။

ထိုအချိန်တွင် ၀တ်စုံဖြူနှင့် အမျိုးသမီးသည် သူမဆုပ်ကိုင်ထားသော နှလုံးကို မျိုချလိုက်ပြီး ရုတ်တရက် ခေါင်းကို မော့လိုက်ရာ သွေးလုံးဝမရှိသည့် ဖြူဖျော့ဖျော့ မျက်နှာပေါ်လာသည်။ တုန်လှုပ်ချောက်ချားစရာအကောင်းဆုံးမှာ လူသားမျက်လုံးများနှင့်မတူဘဲ ထူးထူးခြားခြား တောက်ပနေသည့် အဝါရောင်ရှိသော ဒေါင်လိုက် မျက်ဆန်များပါသည့် သားရဲမျက်လုံးများဖြစ်သည်။

"ဝှစ်"

ဖျတ်ကနဲဖြင့် သွယ်လျပြီး နူးညံ့သိမ်မွေ့သော ဓါးနှင့်တူသော လက်ဖဝါးသည် မြင်းမျက်နှာဖုံးနှင့်အစောင့်၏လည်ပင်းကို တိကနဲ ဖြတ်တောက်လိုက်သည်..သူ၏ဦးခေါင်းသည် ပျံထွက်သွားပြီး ကုန်းပတ်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာလေ၏။

All Chapters