လရောင်အောက်က တစ္ဆေသင်္ဘော။ ပင်လယ်မိစ္ဆာနတ်ဆိုး။ (၃)
Vol. 8 Ch. 119
“မိစ္ဆာနတ်ဆိုး… နမိစ္ဆာနတ်ဆိုးများလား”
မျက်နှာဖုံးတပ်ထားသည့် ခပ်ထွားထွားနှင့် ခရီးသည်တင် သင်္ဘောပိုင်ရှင်က ခေါင်းကြိမ်းသွားကာ အော်ပြောလိုက်သည်။
" မိစ္ဆာနတ်ဆိုး..ဘာမိစ္ဆာနတ်ဆိုးလဲ။"
လူအများစုသည် နားမလည်ကြပေ။
"မိစ္ဆာနတ်ဆိုး?"
စူးချန်ခုန်းသည် ထိုစကားလုံးများက သူ့စိတ်ထဲမှ တစ်ခုခုကို နှိုးဆွလိုက်သည့်နှယ် ခံစားရသည်။
ဤကမ္ဘာသို့ သူပထမဆုံးရောက်ရှိချိန်တွင် သံနက်အိမ်တော်မှအဖွဲ့ဝင်များက ပြင်ပကမ္ဘာအကြောင်း ပြောဆိုကြသည်ကို ရံဖန်ရံခါကြားခဲ့ရသည်။ ထိုအကြောင်းက လူသားများ အနိုင်ယူရန်ခက်ခဲသည့် အန္တရာယ်ရှိပြီး လူသားတို့၏နှလုံးသားများကို စားသုံးသော မိစ္ဆာနတ်ဆိုး များနေထိုင်နေသည်ဟူသော ကောလဟာလများပင်။
အစပိုင်းမှာတော့ စူးချန်ခုန်းက ဒါတွေဟာ တစ္ဆေသရဲဇာတ်လမ်းတွေနဲ့ ကောလာဟလတွေအဖြစ် သဘောထားခဲ့သည်။ သို့ရာတွင် ထိုအရာတွေက အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။ နတ်ဆိုးမိစ္ဆာများသည် ဒဏ္ဍာရီလာ သတ္တဝါများမဟုတ်သော်လည်း သူတို့က ဤကမ္ဘာတွင် ရှားပါးလွန်းလှသည်။ လူအများစုက တစ်သက်တွင် တစ်ခါမျှ မတွေ့ဖူးကြပေ။
"တောနက်စီရင်စုမြို့တော်ကို ပထမဆုံးရောက်တုန်းက ထူးဆန်းတဲ့သေဆုံးမှုတွေနဲ့ သိုင်းပညာရှင်ဆယ်ယောက်ကျော်ရဲ့ အလောင်းတွေကို တွေ့ခဲ့ရတယ်... အဲဒါတွေက မိစ္ဆာနတ်ဆိုး လုပ်တာများလား။"
တစ်ချိန်တည်းမှာပင် စူးချန်ခုန်းသည် လွန်ခဲ့သော တစ်နှစ်ခွဲနီးပါးခန့်က တောထဲတွင် ရင်ဘတ်ဟောင်းလောင်းနှင့် ကိုက်ရာများပါသော အလောင်း ၁၀ လောင်းကျော်၏ အဖြစ်အပျက်ကို ပြန်တွေးကြည့်မိသည်။ အဲဒီအတုန်းက ဘယ်လိုလူမျိုးက လုပ်တာလဲဟုတွေးမိခဲ့သည်။
ထို့အတူ တောနက်စီရင်စုမြို့တော်ရှိ တည်းခိုခန်းတွင်လည်း အလားတူ ကောလာဟလများကို ဧည့်သည်များထံမှ ကြားသိခဲ့ရပြီး ၎င်းသည် နတ်ဆိုးမိစ္ဆာ၏လက်ရာဖြစ်နိုင်သည်ဟု ဧည့်သည်များက ထင်ကြေးပေးခဲ့သော်လည်း သူသိပ်မယုံခဲ့ပေ။ သို့တိုင် ရက်စက်ကြမ်းကြုတ်သော ဤအဖြူရောင်အမျိုးသမီးက ထိုဖြစ်နိုင်ချေကို သက်သေပြနေပုံရသည်။
စူးချန်ခုန်းသည် မျက်မှောင်ကြုတ်ပြီး မီတာများစွာကို တိတ်တဆိတ် ပြန်ဆုတ်လိုက်သည်။
သူသည် လူများစွာကို သတ်ခဲ့ဖူးသော်လည်း နတ်ဆိုးမိစ္ဆာဖြစ်နိုင်သည်ဟု သံသယရှိသူနှင့် ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်သည်။ သူက မည်မျှအားကောင်းသည် သို့မဟုတ် မည်သို့သောနည်းလမ်းများ ပိုင်ဆိုင်ထားသည်ကို သူ မသိပါ။ ထို့ကြောင့် သတိထားတာ အကောင်းဆုံးပင်။ မိမိအသက်ကိုစွန့်ခြင်းထက် အခြားသူကိုသေစေခြင်းက သာ၍ကောင်းသည်။
"နတ်... နတ်ဆိုးမိစ္ဆာ? နတ်ဆိုးမိစ္ဆာတွေ တကယ်ရှိလို့လား"
တစ္ဆေဈေးကွက်ကို လာတက်တဲ့ ဧည့်သည်တွေပဲဖြစ်ဖြစ် အစောင့်တွေပဲဖြစ်ဖြစ် သင်္ဘောပေါ်မှာ ရှိတဲ့လူတွေအားလုံးက သူတို့ရဲ့ လက်နက်တွေကို ဆွဲထုတ်ပြီး တိုက်ပွဲအတွက် အဆင်သင့်ပြင်လိုက်ကြသည်။ သူတို့ ရင်တွေတဒိတ်ဒိတ်ခုန်နေကြလေ၏။ အများစုက မိစ္ဆာနတ်ဆိုးများအကြောင်း ကောလာဟလများသာ ကြားခဲ့ရသော်လည်း သူတို့က ဒဏ္ဍာရီများသာဖြစ်သည်ဟု အမြဲယုံကြည်ခဲ့ကြသည်။ အခုတော့ သူတို့တစ်သက်မှာ တစ်ခါမှမမြင်ဖူးတဲ့ သတ္တဝါက သူတို့ရှေ့မှာ ပေါ်လာလေပြီ။
"ဂါဝူး!"
အဖြူရောင် အမျိုးသမီးက လူနှစ်ယောက်ကို သတ်ပြီးဖြစ်သည်။ သူ၏ မျက်နှာထက်တွင် သွေးများ စွန်းထင်းနေ၏။ သူကလူသတ်ရတာ စိတ်လှုပ်ရှားနေပုံရပြီး ပါးစပ်ကို အကျယ်ကြီးဟကာ နီရဲ ချွန်ထက်နေသော သွားများကို ထုတ်ဖော်လျက် စူးရှသော အော်သံကို ထုတ်လွှတ်လိုက်သည်။
အော်သံက စူးရှပြီး နားကျိန်းစရာကောင်းသောကြောင့် ဦးနှောက်ကို တိုက်ရိုက်ထိခိုက်စေပြီး လူများစွာက သူတို့၏ ဦးခေါင်းခွံများကို ထုနှင့််ထုခံရသည့်နှယ်ခံစားနေရသည်။ စူးချန်ခုန်းသည်ပင် သူ၏ နားစည်၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
စူးစူးရှရှ အော်ဟစ်လိုက်ပြီးနောက် ၀တ်စုံဖြူနှင့် အမျိုးသမီးက လူပေါင်းများစွာကို လှမ်းကြည့်လိုက်သည်။ သူ၏ အရှိန်က တစ္ဆေတစ်ကောင်လို မြန်ပြီး လက်များက သတ္တုကိုပင် ဖြတ်နိုင်လေသည်။
"ဒုတ် ဒုတ် ဝုန်း ဒုန်း"
မျက်နှာဖုံးများတပ်ထားသည့် အမျိုးသားလေးငါးဦးသည် ပြန်လည်တိုက်ခိုက်ရန် အခွင့်အလမ်းမရှိသလောက်ဖြစ်ပြီး အသတ်ခံလိုက်ရရာ အသားစများက နေရာတိုင်းတွင် ပြန့်ကျဲနေလျက်။
"မိစ္ဆာ..မိစ္ဆာ!"
သင်္ဘောပေါ်ရှိလူအချို့သည် သွေးထွက်သံယိုနှင့် ရက်စက်လှသောမြင်ကွင်းကြောင့် အလွန်ထိတ်လန့်သွားကာ ပစ်လှဲကုန်ပြီး သင်္ဘောပေါ်မှ ချက်ချင်းခုန်ချကာ ပင်လယ်ထဲသို့ ထွက်ပြေးလိုကြသည်။
အဖြူရောင်အမျိုးသမီး၏ အဝတ်ဖြူက သွေးများ အကွက်လိုက် စွန်းထင်နေပြီး မျက်လုံးများက ချောက်ချားဖွယ်ကောင်းလှသည်။ သူ၏အကြည့်သည် လူအုပ်၏နောက်က စူးချန်ခုန်းကို ရုတ်တရက် စိုက်ကြည့်လာသည်။
သာမာန်လူများနှင့် မတူဘဲ စူးချန်ခုန်းအတွင်း ပြင်းထန်သော ချီစွမ်းအင်နှင့် သွေးများ စီးကျနေသည်ကို ခံစားမိသည်။ သူ့ပတ်ဝန်းကျင်က တခြားသူတွေနဲ့ ယှဉ်လိုက်ရင် သူဟာ ကြက်တွေကြားမှ ကြိုးကြာငှက်လို ပေါ်လွင်နေ၏။
“နင့်ကို...စားမယ်”
ဝတ်စုံဖြူအမျိုးသမီး၏ ပါးစပ်က ပွင့်ဟလာပြီး တံတွေးများ ထူးထူးခြားခြား အရသာရှိသည့် အရသာတစ်မျိုးကို မြင်လိုက်ရသည့်နှယ် တံတွေးများက အလိုလိုစီးကျလာ၏။
"မင်းငါ့ကို မျက်စိကျနေတာလား"
စူးချန်ခုန်းက လူစုလူဝေး၏ နောက်ကွယ်တွင် ရပ်နေချိန်တွင် ပစ်မှတ်ထားခံရမည်ဟု မမျှော်လင့်ဘဲ တုန်လှုပ်သွားလေ၏။
"ဂါး ဝူး"
အဖြူရောင်၀တ်စုံနှင့် အမျိုးသမီး၏ စူးစူးဝါးဝါး အော်သံ ထွက်လာပြီး စူးချန်ခုန်းဆီသို့ အရူးအမူး ပြေးသွားသည်။ လမ်းတစ်လျှောက်ရှိ အခြားသော သိုင်းပညာရှင်များက အကြိမ်ကြိမ် ရှောင်တိမ်းကြသည်။ အချိန်မီ မရှောင်နိုင်ပါက ပြင်းပြင်းထန်ထန် ထိမှန်ပြီး အရိုးကျိုးကာ အရွတ်များ ပေါက်ပြဲလျက် လွင့်ထွက်သွားလေ၏။
ခဏလေးအတွင်းမှာပဲ အဖြူရောင် ၀တ်ထားတဲ့ အမျိုးသမီးက စူးချန်ခုန်းရှေ့သို့ ရောက်လာပြီး ဖြူဖျော့တဲ့ ညာဖက်လက်က စူးချန်ခုန်းရဲ့ ရင်ဘတ်ဆီ လှမ်းကာ သူ့ရဲ့ ခုန်ပေါက်နေတဲ့ နှလုံးသားကို တူးဖော်ဖို့ ကြံရွယ်လိုက်သည်။ သူမရဲ့ ညာဘက်လက်က လက်သည်းတစ်ချောင်းလို ဖြစ်သွားကာ မြန်ဆန်လှသော အရှိန်ကြောင့် အရိပ်များစွာ ပေါ်လာလေ၏။
ထိုအမျိုးသမီးသည် စူးချန်ခုန်း၏ နှလုံးကို ဖြတ်၍ စီးဆင်းနေသော ရဲရဲတောက်နီသည့် သွေးများထဲမှ စွမ်းအင်ကို မြင်နိုင်သည်။ ၎င်းသည် သူ၏ အသွင်ပြောင်းမှုကို အထောက်အကူ ပြုနိုင်သည်။
“ဖောင်း!”
သူ၏လက်သည်းက စူးချန်ခုန်း၏ ခန္ဓာကိုယ်ကို ဖြတ်သွားခဲ့သည်။ သို့သော် ဖမ်းမမိဘဲ အရိပ်များသာ ကျန်ရစ်ခဲ့လေ၏။
ဝူချင်းရှီမှ ပျံသန်းကြိုးကြာ၏ ကျွမ်းကျင်သော ခြေလှမ်းကိုအသုံးပြု၍ စူးချန်ခုန်းသည် လှည့်ပတ်ကာ အဖြူရောင်မိန်းမပျို၏ သေစေနိုင်လောက်သည့် ခုန်အုပ်ချက်ကို ရှောင်တိမ်းလျက် သူမ၏နောက်တွင် ပြန်ပေါ်လာ၏။
"မင်းက လူဖြစ်ဖြစ် သရဲပဲဖြစ်ဖြစ် သေလိုက်တော့!"
မျောက်ဝံမျက်နှာဖုံးအောက်ရှိ စူးချန်ခုန်း၏ မျက်လုံးများက အေးစက်သော အလင်းရောင်ဖြင့် လက်ကနဲ။ အစပိုင်းတွင်တော့ အဖြူရောင် အမျိုးသမီး၏ အစွမ်းသတ္တိကို မသိသောကြောင့် ကမန်းကတန်း မပြုမူခဲ့ပေ။သို့ပေမယ့် အခု သူ့ကို တိုက်ခိုက်ဖို့ အစပျိုးလိုက်တာနဲ့ စူးချန်ခုန်း လုပ်နိုင်တာက သူကိုယ်တိုင် သူ့ကို သတ်ပစ်ဖို့ပင်။
စူးချန်ခုန်းသည် သူ၏ ညာလက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး မလိုအပ်တဲ့ ပြကွက်တွေ လုပ်မနေဘဲ သူ့ခွန်အားကို စုစည်းလိုက်သည်။ သူသည် အဖြူရောင်၀တ်စုံနှင့် အမျိုးသမီး၏ နောက်ကျောဆီသို့ အလွန်တရာ ပြင်းထန်သော လက်သီးကို ထိုးချလိုက်လေ၏။
“ဒုန်း!”
စူးစူးဝါးဝါး ရိုက်ခတ်သံများကြားတွင် စူးချန်ခုန်း၏ ပြင်းထန်သော လက်သီးသည် အဖြူရောင် အမျိုးသမီး၏ နောက်ကျောကို ထိမှန်သွားသည်။ ဧရာမအင်အားကြီးတစ်ခု ထွက်ပေါ်လာပြီး သူရောက်လာသည့် နေရာထက် ရှေ့သို့ လျင်မြန်စွာ တွန်းထုတ်လိုက်ရာ အခန်းတံခါးကို ချိုးဖောက်လျက် အခန်းထဲသို့ လွင့်ထွက်သွားလေ၏။
"... ငါ သူ့ကို အလဲထိုးလိုက်တာလား"
"သင်္ဘောပေါ်မှာ ဆရာကြီးတစ်ယောက် ရှိတယ်ဟ!"
တခြားသူတွေလည်း မြင်လိုက်ကြတော့ အံ့သြပြီး ဝမ်းသာနေကြသည်။ စူးချန်ခုန်း မည်မျှ လျင်မြန်စွာ လှုပ်ရှားသွားသည်ကို မြင်ပြီး သူတို့ အံ့အားသင့်နေကြသည်။ သူ၏ လှုပ်ရှားမှုများသည် အလွန်လျင်မြန်လွန်းသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်လုနီးပါး ဖြစ်နေကြပြီး တစ်ချိန်တည်းတွင် အဖြူရောင် အမျိုးသမီး ခုန်အုပ်တာကို ရှောင်တိမ်းကာ နောက်ကျောကို လက်သီးချက်ပြင်းပြင်းဖြင့် ထိုးလိုက်သည်။
င်္ဘောပေါ်တွင် နတ်ဆိုးမိစ္ဆာဟု သံသယရှိသော အဖြူရောင်အမျိုးသမီးနှင့် ယှဉ်နိုင်သည့် ဆရာသခင်တစ်ဦး ရှိနေသည့်အတွက် သူတို့ ပီတိဖြစ်နေကြသည်။
"သူမ မထိခိုက်သွားဘူးလား"
စူးချန်ခုန်း အနည်းငယ် အံ့သြသွားသည်။
ယခု ချီသွေးနယ်ပယ်တွင် စူးချန်ခုန်း၏ ကိုယ်ခန္ဓာသည် ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှုသို့ ရောက်ရှိပြီးသည်နှင့် နှစ်ဆထက်ပို၍ ကြံ့ခိုင်နေပြီဖြစ်သည်။ သူ့လက်သီးက အချင်းတစ်မီတာ သို့မဟုတ် နှစ်မီတာရှိသော ဧရာမကျောက်တုံးကြီးကို အလွယ်တကူ ဖြိုခွဲနိုင်သည်။ ထိုအမျိုးသမီးသည် ပြင်းထန်စွာ ထိမှန်သွားသော်လည်း အရိုးများပင် မကျိုးဘဲ သူ့မှာ အသွေးအသားရှိတဲ့ ခန္ဓာကိုယ်ရှိပုံမပေါ်ပါ။
“ရှူးးး!”
အမှန်တကယ်ပင် ပြိုကျနေသော အခန်းတံခါးဝမှ အဖြူရောင် အမျိုးသမီး၏ အော်သံ ထွက်ပေါ်လာသည်။ သူက ရှူးရှူးရှဲရှဲနှင့် ဒေါသဖြစ်ပုံရပြီး အရေပြားအောက်ရှိ သွေးပြန်ကြောများသည် ငါးရှဉ့်နက်များနှယ် ကြွက်သားများ ဖောင်းကားလာလေ၏။ သူမ၏ပါးစပ်တွင် ချွန်ထက်သောသွားများနှင့် အစွယ်များ ပြည့်နေသည်ကို မြင်ရပြီး နတ်ဆိုးတစ်ကောင်လို ရက်စက်ကြမ်းကြုတ်လှသည်။ ထိုအငွေ့အသက်များက သူတို့ဆီသို့ ရောက်လာကာ အရိုးခိုက်အောင် ချမ်းစိမ့်သွားသည်။
"ဒုန်း ဒုန်း ဒုန်း"
စူးချန်ခုန်းသည် သူ့နားထဲတွင် ဗုံတီးသံကို ကြားလိုက်ရသည်။ ထိုအသံက အဖြူရောင်အမျိုးသမီး၏ နှလုံးခုန်သံပငင်.. သာမန်လူတစ်ယောက်ရဲ့ နှလုံးခုန်သံက ပြင်းထန်စွာ ခုန်နေပါက ကွဲကြေသွားမှာ ဖြစ်ပေမယ့် သူရဲ့ နှလုံးခုန်သံဟာ ဗုံသံလို ခုန်ပေါက်နေတာကြောင့် ခန္ဓာကိုယ်ထဲကို အရှိန်ပြင်းပြင်းနဲ့ သွေးတွေ စီးဆင်းလာပြီး သူမရဲ့ ဖြူဖျော့တဲ့ အသားအရေဟာ နီညိုရောင်ပြောင်းသွားလေတော့သည်..