← Chapters

တောင်လက်ဖဝါးဖြင့် ဦးခေါင်းခွံကို ရိုက်ခွဲခြင်း။ မဟာဝေလငါးဂိုဏ်း!

Vol. 8 Ch. 120

တောင်လက်ဖဝါးဖြင့် ဦးခေါင်းခွံကို ရိုက်ခွဲခြင်း။ မဟာဝေလငါးဂိုဏ်း!

Vol. 8 Ch. 120

ဝှစ်!

ခဏကြာတော့ အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးက စူးချန်ခုန်းဆီကို အရင်ကထက် နှစ်ဆကျော် အရှိန်နဲ့ ခုန်အုပ်လေ၏။ သတ္တုကို ခွဲထုတ်နိုင်စွမ်းရှိသော လက်သည်းချွန်များက အရိပ်များကြားတွင် ဝှေ့ဝိုက်လျက် စူးချန်ခုန်း၏ ပတ်ပတ်လည်ကို ကုတ်ခြစ်နေသည်။ သူမ၏ သွေးရူးတန်းရူး အမူအရာက သူ့ကို နေရာမှာတင် နုတ်နုတ်စဉ်းရန် ကြံရွယ်နေသည့်နှယ်။

ဝတ်ရုံဖြူမိန်းမ၏ သဲသဲမဲမဲ တိုက်ခိုက်မှုကြားမှာ စူးချန်ခုန်းက တည်ငြိမ်နေဆဲ။ သူ့ခန္ဓာကိုယ်သည် ရှောင်တိမ်းရန် အလွန်နည်းသော လှုပ်ရှားမှုတစ်ခုဖြင့် ယိမ်းနွဲ့နေသည်။

"ဝုန်း ဝုန်း ဝုန်း!"

စူးချန်ခုန်းသည် လေပြင်းထဲတွင် လွင့်နေသော သစ်ရွက်ကြွေတစ်ရွက်အလား။ လက်သည်း၏ အရိပ်များက သူ့အဝတ်အစားကိုပင် မထိနိုင်။

"အံ့ဩစရာပဲ... ဘယ်လောက်တောင် ပြောင်မြောက်တဲ့ အကွက်တွေလဲကွာ"

လှေပေါ်ရှိ အခြားသော သိုင်းပညာရှင်တို့က မတုန်လှုပ်ဘဲမနေနိုင်။ သူတို့အထဲမှ အများစုသည် သိုင်းပညာကို လေ့ကျင့်ခဲ့ကြသော်လည်း စူးချန်ခုန်း၏ အကွက်များက အဆင့်မြင့်လွန်းသောကြောင့် သူတို့ မလုပ်နိုင်ဟု ခံစားရသည်။ စူးချန်ခုန်း၏ ဝူချင်းရှီသည် အဌမနယ်ပယ်သို့ ရောက်ရှိပြီးနောက် ယခင်ကထက် အဆများစွာ ပိုမိုအားကောင်းလာခဲ့သည်။ သူ့ရဲ့ ထိုးစစ်ဆင်နိုင်စွမ်းနဲ့ ခြေလှမ်းကွက် နှစ်ခုစလုံးဟာ အလွန်ရှားပါးလှသည်။

"မိစ္ဆာနတ်ဆိုးနဲ့တူတဲ့ ဒီအမျိုးသမီးက ထူးဆန်းတယ်။ သူက သိုင်းပညာကို တစ်ခါမှ မလေ့ကျင့်ဖူးသလိုပဲ။ သူရဲ့ လှုပ်ရှားမှုတွေက ကြမ်းတမ်းလွန်းတယ်။ ပင်ကိုဗီဇကို အားကိုးတယ်။"

စူးချန်ခုန်း၏ ခန္ဓာကိုယ်သည် လေနှင့်အတူ ရွေ့လျားကာ သမင်တစ်ကောင်လို သွက်လက်ပြီး ငှက်ကဲ့သို့ လျင်မြန်သည်။ ဝတ်စုံဖြူအမျိုးသမီးက သူထင်သလောက် ကြောက်စရာမကောင်းကြောင်းသိလိုက်ရသဖြင့် သူအနည်းငယ် မျက်မှောင်ကြုတ်လိုက်သည် ။

ထိုအမျိုးသမီး၏ အရှိန်နှင့် ခွန်အားသည် ခန္ဓာကိုယ် သန့်စင်ခြင်း မဟာ အောင်မြင်မှု သိုင်းပညာရှင် အဆင့်ထက် ကျော်လွန်ကာ တစ်ချိန်က သွေးသန့်စင်သည့် စူးချန်ခုန်းထက် အနည်းငယ် သာလွန်သွားနိုင်သည်။ သို့သော် သူ၏ လှုပ်ရှားမှုများသည် ခွန်အားသာရှိသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ထပ်ခါတလဲလဲ ဖြစ်နေသည်။

ခန္ဓာကိုယ်သန့်စင်ခြင်း မဟာအောင်မြင်မှု အဆင့်တွင် ရှိသော သာမန်သိုင်းပညာရှင်များနှင့် ယှဉ်ပါက သူက အစွမ်းထက်သည်။ သို့သော် စူးချန်ခုန်းကဲ့သို့သော ဆရာသခင်နှင့် ရင်ဆိုင်ရသောအခါတွင် သူသည် အနည်းငယ် ကို့ယို့ကားရားနှင့် အားနည်းချက် ရှိလေ၏။

"သူ့ကို သတ်လိုက်တော့မယ်" စူးချန်ခုန်းက ဝတ်ရုံဖြူအမျိုးသမီးနှင့် ထပ်ပြီး မရှုပ်ထွေးလိုတော့ပေ။ သူ့ကို အရင်သတ်ပြီး နောက်မှပြောဖို့ ဆုံးဖြတ်လိုက်သည်။

ဝူချင်းရှီ။ ဝက်ဝံ တောင်ပေါ်မှ ဆင်းသက်ခြင်း။

ထိုအမျိုးသမီး တိုက်ခိုက်တာကို အခွင့်ကောင်းယူပြီး စူးချန်ခုန်း၏ ခန္ဓာကိုယ်က ပရမ်းပတာဖြစ်နေပုံရသော်လည်း အမှန်တကယ်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ခွန်အားကို အာရုံစူးစိုက်နေတာဖြစ်သည်။ သူသည် သစ်ပင်များနှင့် တောင်များကို ဖြိုဖျက်နေသော ဧရာမဝက်ဝံကြီးကဲ့သို့ သူ၏ပခုံးကို ရှေ့သို့ တွန်းရာ ကြမ်းတမ်းပြီး အစွမ်းထက်လှသည်။

“ဝုန်း!”

စူးချန်ခုန်း ဝင်တိုက်တာရဲ့ သက်ရောက်မှုက ဝတ်ရုံဖြူ အမျိုးသမီး၏ တိုက်ခိုက်မှုကို ချက်ချင်း ပျက်ပြားသွားစေခဲ့သည်။ သူက ခြေထောက် မတည်မငြိမ်ဖြစ်ပြီး နောက်သို့ ယိုင်ကျသွားလေ၏။ လျိုပိုင်ရန်ကဲ့သို့သော ချီသွေးနယ်ပယ် ကိုယ်ခံပညာရှင်တစ်ဦးပင်လျှင် ထိုကဲ့သို့ ထိမှန်ပြီးနောက် အရိုးကျိုးသွားမည်ဖြစ်သည်။ သို့သော် ထိုအမျိုးသမီးက ဟန်ချက်ပျက်သွားရုံသာ။ သူမ၏ခန္ဓာကိုယ်မှာ သံကဲ့သို့ မာကျောပုံပေါ်သည်။

"သေလိုက်တော့!"

ထိုအချိန်တွင် စူးချန်ခုန်း၏ ချီစွမ်းအားကို သူ့လက်မောင်းများအတွင်း၌ အာရုံစူးစိုက်ထား၏။ သူ၏ ကြွက်သားများ ဖောင်းကားလာသည်နှင့်အမျှ လက်မောင်းများမှာ မညီမညာ ဖြစ်လာ၏။ လက်နှစ်ဖက်ကို ဖြန့်ကျက်ထားပြီး ထိုအမျိုးသမီးဆီသို့ လက်နှစ်ဖက်စလုံးနှင့် ရက်စက်ကြမ်းတမ်းလှသော တောင်နှစ်လုံး နားရိုက်ချက်ကို လုပ်ဆောင်လိုက်သည်။

ဧရာမတူကြီးနှစ်ချောင်းနှင့်တူသော သူ၏ လက်ဖဝါးကျယ်ကြီးများသည် အဖြူရောင်အမျိုးသမီး၏ ဦးခေါင်းခွံတစ်ဖက်တစ်ချက်စီပေါ်သို့ ကျရောက်သွားလေ၏။ ချီစွမ်းအားနှင့် တင်တိုက်လာသော စူးချန်ခုန်း၏ လက်ဖဝါးများအောက်တွင် ကြီးမားသော အင်အားသည် ပေါက်ကွဲသွားပြီး ဤကဲ့သို့ ရိုက်ချက်အောက်တွင် သံမဏိပင်သည် လိမ်၍ ပုံပျက်သွားပေလိမ့်မည်။

"ဝုန်း!"

သူတို့ပတ်ဝန်းကျင်က လေထုက ခဏတာ တုန်ခါသွားလေ၏။ ဓားရှည်များကို ခံနိုင်ရည်ရှိသော အဖြူရောင်အမျိုးသမီး၏ သံမဏိကဲ့သို့ ဦးခေါင်းကို ပြင်းထန်စွာ ထိုးနှက်မှုကြောင့် အရိုးများ ကွဲအက်ကာ ဦးခေါင်းက ချိုင့်ဝင်လျက် သူ၏ မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စိမ့်ထွက်လာ၏။

မတည်မငြိမ် ခြေလှမ်းများဖြင့် အဖြူရောင်၀တ်စုံနှင့် အမျိုးသမီးသည် ယိုင်နဲ့ကာ နောက်သို့ ဆုတ်သွားသည်။ သူ၏မျက်နှာပေါ်တွင် သွေးဆာနေသည့် အကြည့်သည် ထိတ်လန့်တကြား အရိပ်အယောင် အစားထိုးသွားလေ၏။ အနက်ရောင် လူဝံမျက်နှာဖုံးစွပ်ထားသည့် အမျိုးသားသည် သူဒီပုံစံဖြစ်လာပြီးကတည်းက သူကြုံတွေ့ရခဲသော ခွန်အားကို ပြသခဲ့သည်။

"မသေသေးဘူးလား"

စူးချန်ခုန်းပင်လျှင် နှိုးကြားမှုများ တဟုန်ထိုးတက်လာသလို ခံစားရသည်။ ထိုကဲ့သို့ ပြင်းထန်သော ဦးခေါင်းဒဏ်ရာရပြီးနောက် သူ မည်သို့ လှုပ်ရှားနိုင်မည်နည်း။

"ဂါး!"

ဦးခေါင်း တွန့်လိမ်ကာ ပုံပျက်နေသော ထို အမျိုးသမီးက အသိပြန်ဝင်လာပုံရပြီး ထူးဆန်းသည့် မြည်ကြွေးသံ ထွက်လာပုံပေါ်သည်။ သူက ဆက်တိုက် ဆုတ်သွားပြီး တစ်ချက်တည်းခုန်၍ ကုန်းပတ်လက်ရန်းကို ရှင်းထုတ်ကာ ပင်လယ်ထဲသို့ ထိုးဆင်းသွားရာ ပတ်ပတ်လည်တွင် ရေများက ဖွာကနဲ။

"ထွက်ပြေးသွားပြီလား"

စူးချန်ခုန်းသည် ချက်ချင်းပင် လက်ရန်းသို့ ရောက်ရှိလာပြီး အဖြူရောင်၀တ်စုံနှင့် အမျိုးသမီးက ရေထဲသို့ နစ်မြုပ်သွားပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

ဤအရာက စူးချန်ခုန်း၏ နဖူးကို မျက်မှောင်ကျုံ့စေ၏။ ပြင်းထန်သော ဦးခေါင်းဒဏ်ရာကို ရရှိပြီးနောက် ထွက်ပြေးနိုင်ဆဲဖြစ်သည့် အဖြူရောင် အမျိုးသမီးသည် ဤမျှ ထူးဆန်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အဓိကပြဿနာက ပင်လယ်ဖြစ်သည်။ သူ ရေထဲခုန်ချလိုက်တာနဲ့ စူးချန်ခုန်းက သူ့ကို လိုက်မမှီနိုင်တော့ဘဲ ကြိုတွေးလို့မရနိုင်တဲ့ အန္တရာယ်တွေရှိလာနိုင်သည်။

"ဒီသတ္တဝါက တကယ်ပဲ နတ်ဆိုးကောင်လား"

အားပြင်းပြင်းနှင့်ခုတ်သည့် ဓားနှင့်ပုဆိန်ကိုတောင် ခံနိုင်ရည်ရှိပြီ ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားသည့်တိုင် ထွက်ပြေးနိုင်သေးရာ စူးချန်ခုန်း စိတ်လေးနေမိသည်။

“သူ့ကို မောင်းထုတ်ကူပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်”

ထိုအချိန်တွင် စူးချန်ခုန်းတွေးနေရင်းနှင့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက သစ်သားမျက်နှာဖုံး ဝတ်ထားသော ခပ်ထွားထွား သင်္ဘောပိုင်ရှင်၏ အသံဖြစ်သည်။ သူက စူးချန်ခုန်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး တစ်ချိန်တည်းမှာပင် သင်္ဘောပေါ်၌ အလွန်ကြောက်စရာကောင်းသော ကျွမ်းကျင်သူတစ်ဦး ရှိနေခြင်းကြောင့် စိတ်ထဲတွင် အံ့အားသင့်နေ၏။

"ဟမ်၊ ကိစ္စမရှိပါဘူး၊ သင်္ဘောကို အမြန်မောင်းပြီး ကမ်းကိုသာ ပြန်ကပ်ပါတော့။"

အသက်ငယ်ပုံ မပေါက်အောင် ကြိုးစားရင်း စူးချန်ခုန်း၏ ဩရှရှအသံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။ သူက လူထွားကြီးကို သင်္ဘောကမ်းသို့ ပြန်ထိန်းရန် ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

နတ်ဆိုးနဲ့တူတဲ့ အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးကို တွေ့လိုက်ရတော့ ထိုလူက ထုံးစံအတိုင်း မနေရဲတော့ပေ။ သူသည် သင်္ဘောပေါ်ရှိ အခြားသူများကို ကမ်းသို့ ရွက်လွှင့်ရန် အမြန်ညွှန်ကြားခဲ့သည်။

"ခုနက တကယ် နတ်ဆိုးတစ်‌ကောင်လား"

"မသိပါဘူးကွာ... ကံကောင်းလို့ ငါတို့ သင်္ဘောပေါ်မှာ သူရှိတာ။ မဟုတ်ရင် ငါတို့ သွေးတွေ ကုန်းပတ်ကို ပြည့်လျှံသွားလိမ့်မယ်!"

တစ္ဆေဈေးကွက်ကို ရောက်လာသော တခြားဖောက်သည်တွေအားလုံးက စူးချန်ခုန်းကို လေးစားကြောက်ရွံ့မှုတွေ ရောထွေးပြီး ကြည့်နေကြသည်။

ဤတစ္ဆေဈေးကွက်သည် အချိန်မီ စတင်ကာ ပုံမှန်အတိုင်း လည်ပတ်နေမည်ဖြစ်သော်လည်း ယနေ့ည၏ အပျက်အစီးကို မည်သူမျှ ကြိုမမြင်နိုင်ခဲ့ပေ။ မိစ္ဆာနတ်ဆိုးဟု သံသယရှိသော ကြောက်မက်ဖွယ်ရာ သတ္တဝါက သင်္ဘောပေါ်တွင် ပေါ်လာကာ လူတိုင်းကို တိုက်ခိုက်ခဲ့သည်။

မျောက်ဝံမျက်နှာဖုံးကို ၀တ်ဆင်ထားသည့် အမျိုးသားသည် အသက်အရွယ်ကြီးရင့်သည်ဟု ထင်ရသော်လည်း သူ့အား ပြင်းထန်စွာ ဒဏ်ရာများရစေကာ လှုပ်ရှားမှုအနည်းငယ်ဖြင့် အချိန်တိုအတွင်း ထွက်ပြေးရန် တွန်းအားပေးခဲ့ရာ ကြည့်ရှုသူများ အံ့ဩပနန်း ဖြစ်ခဲ့ရသည်။

လူအများ၏ အာရုံစူးစိုက်မှုကို ခံရခြင်းက စူးချန်ခုန်း လိုချင်သည့်အရာ မဟုတ်သော်လည်း အဖြူရောင် ၀တ်စုံနှင့် အမျိုးသမီးက သူ့ကို တိုက်ခိုက်ခဲ့ပြီး သူ ပြန်လည်တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။ ကံကောင်းထောက်မစွာ ရောက်ရှိလာသူတိုင်းသည် သူတို့၏ အထောက်အထားများနှင့် မျက်နှာများကို ဖုံးကွယ်ထားသည်ဖြစ်ရာ သူ မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှ မသိခဲ့ကြပေ။

All Chapters