← Chapters

အဖိုးတန်ဆေးပြား အိမ်တော်။ အဂ္ဂိရတ်ပညာ (၃)

Vol. 8 Ch. 109

အဖိုးတန်ဆေးပြား အိမ်တော်။ အဂ္ဂိရတ်ပညာ (၃)

Vol. 8 Ch. 109

ဝမ်ရွှင်းက ခဏကြာ စဉ်းစားပြီးနောက် ပြန်ပြောလေ၏။ "အဂ္ဂိရတ်ပညာရှင်တွေက တကယ်ကိုရှားတယ်။ အထူးသဖြင့် ထူးချွန်တဲ့ သူတွေပေါ့။ သူတို့ကို ငှားဖို့ဆိုရင် သာမန်ကျင့်ကြံသူတွေ စိတ်ကူးတောင်မယဉ်နိုင်လောက်တဲ့ ငွေပမာဏလောက် လိုအပ်တယ်။ ကျွန်တော်ကတော့ စွင်းယိယဲ့နေတဲ့ အဖိုးတန်ဆေးအိမ်တော်သွားဖို့ ညွှန်းချင်ပါတယ်။ သူက အဂ္ဂိရတ်ပညာမှာ အတွေ့ကြုံ နှစ်လေးဆယ်ကနေ ငါးဆယ်အထိ ရှိပြီး ထူးချွန်တဲ့ ကျွမ်းကျင်မှုရှိတယ်။ ပြီးတော့သူက ဆေးဝါးတွေကို ကူညီသန့်စင်ပေးတဲ့ စီးပွားရေးလည်း လုပ်တယ်။"

အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်ခြင်းသည် အမှန်ပင် တန်ဖိုးရှိသော အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်ပြီး အဂ္ဂိရတ်ကျွမ်းကျင်မှုကို မြှင့်တင်ရန် လေ့ကျင့်မှုများစွာ လိုအပ်သည်။ အစပိုင်းတွင် ၎င်းသည် ငွေတွေကိုမီးရှို့နေတာနဲ့တူပြီး အရှုံးချည်းသာ။ မိသားစုတော်တော်များများက အဂ္ဂိရတ်ပညာကို ကျင့်နိုင်စွမ်းမရှိကြပါ။

ဝမ်မိသားစုတွင် အဂ္ဂိရတ်ပညာရှင်ရှိသော်လည်း သူတို့က ဝမ်မိသားစု၏ တပည့်များအတွက်သာ တာဝန်ထမ်းဆောင်သည်။ ဆေးပြာများကို သန့်စင်ရန်အတွက် အပြင်လူများက သူတို့ကို ငှားရမ်းလိုပါက စျေးနှုန်းသည် အလွန်အမင်း မတန်တဆဖြစ်ပြီး သာမန်လူများ မတတ်နိုင်ပေ။ ထို့အပြင် သူတို့ လုပ်ချင်သည့် ဆန္ဒအပေါ်လည်း မူတည်သည်။

ထို့ကြောင့် ဝမ်ရွှင်းသည် အဖိုးတန်ဆေးအိမ်တော်မှ စွင်းယိယဲ့ကို အကြံပြုခဲ့သည်။

"အချက်အလက်အတွက် ကျေးဇူးတင်ပါတယ်။"

အဖိုးတန်ဆေးအိမ်တော်၏ တည်နေရာကို အသေးစိတ်မေးမြန်းပြီးနောက် စူးချန်ခုန်းသည် ဝမ်ရွှင်းအား နှုတ်ဆက်ခဲ့ပြီး အဖိုးတန်ဆေးအိမ်တော်၏ အခြေအနေများကို သွားစစ်ဆေးရန် ပြင်လိုက်သည်။ ချီသွေးဆေးများကိုပြုလုပ်ရာတွင်ကူညီရန်အတွက် အဂ္ဂိရတ်ပညာရှင် စွင်းယိယဲ့ကို ငှားရမ်းဖို့ ဖြစ်နိုင်ခြေရှိမရှိ သွားကြည့်ရမည်။

အဖိုးတန်ဆေးအိမ်တော်သည် ဆေးဖက်ဝင်အပင်မျိုးစုံ စိုက်ပျိုးထားသည့် ဆိတ်ငြိမ်သောအိမ်တွင် တည်ရှိပြီး ဆေး၏အမွှေးအကြိုင်ကိုပင် နံရံမှတဆင့် အနံ့ခံနိုင်သည်။

အဖိုးတန်ဆေးအိမ်တော်၏ အဝင်ဝတွင် အဖြူရောင် ၀တ်စုံ၀တ်ထားသော အမျိုးသား နှစ်ယောက် ရပ်နေလေ၏။

စူးချန်ခုန်းရောက်တာနဲ့ ဘယ်ဘက်မှာရှိတဲ့ အဖြူရောင် ၀တ်စုံနှင့် အမျိုးသားတစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်လေ၏။ "ခင်ဗျားက ဆရာကြီးစွင်းကို အလုပ်အပ်ဖို့ လာရှာတာလား။" “အမ်၊ မှန်ပါတယ်။”

စူးချန်ခုန်းက သူ့ရည်ရွယ်ချက်ကို အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးပြုပြီး အထဲကြွပါ။ ဆရာကြီးစွင်းရဲ့ မြေးလေး စွင်းဖုကို တွေ့ဖို့ ခေါ်သွားပါ့မယ်။"

ဝတ်ရုံဖြူနှင့်အမျိုးသားက စူးချန်ခုန်းကို လျစ်လျူမရှုခဲ့ပေ။ အဂ္ဂိရတ်ပညာအတွက် စွင်းယိယဲ့ကို ငှားနိုင်သည့်သူသည် များသောအားဖြင့် သာမန်လူမဟုတ်ကြောင်း သူနားလည်ပါ၏။

အဖြူရောင် ၀တ်စုံနှင့် ထိုလူနောက်မှ စူးချန်ခုန်းသည် အဖိုးတန်ဆေးအိမ်တော်ထဲသို့ ဝင်ရောက်ကာ ဧည့်ခန်းမတစ်ခုတွင် စွင်းဖုနှင့် တွေ့ဆုံခဲ့သည်။ စွင်းဖုသည် အသက်နှစ်ဆယ်ကျော်အရွယ်ရှိ ချောမောသော လူငယ်တစ်ဦးဖြစ်ပြီး အမှန်တကယ်ကို စွင်းယိယဲ့၏မြေး ဖြစ်သည်။

"ကျွန်တော်ရဲ့မျိုးရိုးအမည်က လီဖြစ်ပြီး ကျွန်တော့်ကို အဂ္ဂိရတ်ပညာမှာ ကူညီပေးဖို့ ဆရာကြီးစွင်းကို အလုပ်အပ်ချင်လို့ပါ။" ဟု စူးချန်ခုန်းက သူ့ကိုယ်သူ ဦးစွာ မိတ်ဆက်ခဲ့သည်။

စူးချန်ခုန်းကို ထိုင်ခိုင်းပြီးနောက် စွင်းဖုက "ဆရာလီ၊ ဒါက ဆရာလီ ဒီကို ပထမဆုံးအကြိမ်ရောက်လာတာပဲ။ ဟုတ်တယ်မလား။ ကျွန်တော့်အဖိုးကို အဂ္ဂိရတ်ပညာအပ်တာ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် ဆရာလီကို ကျွန်တော် ရှင်းပြရမယ့် အချက်လေးတွေတော့ ရှိတယ်။"

စူးချန်ခုန်း ငြိမ်သက်စွာ နားထောင်နေ၏။

"ပထမအချက်၊ ပစ္စည်းတွေကို ဆရာလီကိုယ်တိုင် ပေးဆောင်ရမှာဖြစ်ပြီး ဆေးပြားရဲ့ အခက်အခဲနှင့် တန်ဖိုးပေါ်မူတည်ပြီး ကော်မရှင်ခရဲ့ ရာခိုင်နှုန်းအချို့ကို ထုတ်ယူမှာ ဖြစ်တယ်။ ဒုတိယအချက်၊ အဂ္ဂိရတ်မအောင်မြင်ရင် အခကြေးငွေ ကောက်ခံမှာ မဟုတ်ပေမယ့် အဖိုးတန်ဆေးအိမ်တော်က ပျက်စီးသွားတဲ့ ဆေးဖက်ဝင်ပစ္စည်းများရဲ့ ကုန်ကျစရိတ်ကို တာဝန်ခံမှာ မဟုတ်ပါဘူးခင်ဗျ။"

စွင်းဖုသည် စူးချန်ခုန်းအား ဆေးဝါးများကို သန့်စင်ရန် စွင်းယိယဲ့ကို ခန့်အပ်ရာ၌ လိုအပ်သည်များကို စိတ်အားထက်သန်စွာ ရှင်းပြခဲ့သည်။

အဂ္ဂိရတ်ပညာအောင်မြင်ပါက အခကြေးငွေပေးဆောင်ရပါမည်။ သို့သော် အဂ္ဂိရတ်ပညာ မအောင်မြင်ပါက ဆေးဖက်ဝင်ပစ္စည်းများအားလုံးကို စွန့်ပစ်လိုက်ပြီး အဖိုးတန်ဆေးပြားများကို လျော်ကြေးပေးမည်မဟုတ်ပါ။

ဤအခြေအနေများသည် ရက်စက်သည်ဟု ထင်ရသော်လည်း သူတို့သည်လည်း ကျိုးကြောင်းဆီလျော်မှု ရှိပါသည်။ တကယ်တော့ အဂ္ဂိရတ်ပညာဟာ အောင်မြင်မှု၊ ကျရှုံးမှုတွေရှိပြီး အဂ္ဂိရတ်ပညာမှာ ကျွမ်းကျင်တဲ့ အဂ္ဂိရတ်ဆရာတစ်ယောက်တောင်မှ အောင်မြင်မှုကို အချိန်တိုင်း အာမမခံနိုင်ပါ။

သို့တိုင် စူးချန်ခုန်းသည် သံသယမဖြစ်ဘဲ မနေနနိုင်ပေ။ သူ၏ ချီသွေးဆေး ပါဝင်ပစ္စည်းက ငွေ ၃၀၀၀ တန်ကာ အဂ္ဂိရတ် ရှုံးနိမ့်ခြင်းသည် ထိုငွေအားလုံးဆုံးရှုံးခြင်းကို ဆိုလိုပါည်။

ထို့အပြင် အဂ္ဂိရတ်ပညာ အောင်မြင်ခဲ့လျှင်ပင် အဖိုးတန်ဆေးအိမ်တော်သည် ဆေးလုံးတစ်လုံး သို့မဟုတ် နှစ်လုံးကို ဖယ်ထုတ်ထားနိုင်ပြီး စူးချန်ခုန်းပင် သိလိမ့်မည်မဟုတ်ပေ။ အကြောင်းပြချက်မရှိဘဲ သူမယုံကြည်တာ မဟုတ်ပါ။ သူက အဖိုးတန်ဆေးအိမ်တော်အကြောင်း သိပ်မသိသေးလို့သာဖြစ်သည်။

စူးချန်ခုန်းကို အစိုးရိမ်ဆုံးကတော့ ချီသွေးဆေးတွေကို သန့်စင်တဲ့ စွင်းယိယဲ့ရဲ့ အောင်မြင်မှုနှုန်းပါပဲ။ အကယ်၍ အောင်မြင်မှုနှုန်း မြင့်မားပါက ခိုးယူရာတွင် ဆေးပြားအနည်းငယ် ဆုံးရှုံးသွားတာက အဆင်ပြေပါသေးသည်။ သို့သော် အောင်မြင်မှုနှုန်း နည်းနေပါက စူးချန်ခုန်းသည် လုံးဝဆုံးရှုံးမှုကို ခံစားရမည်ဖြစ်သည်။

ထို့ကြောင့် စူးချန်ခုန်းက အစမ်းသဘောမေးကြည့်လိုက်သည်။ " ဆရာကြီးစွင်းရဲ့အဂ္ဂိရတ်ပညာအောင်မြင်မှုနှုန်းက ဘယ်လောက်လဲဆိုတာ မေးလို့ရမလား။"

စူးချန်ခုန်း၏ တည့်မေးခွန်းကို ရင်ဆိုင်ရသော် စွင်းဖုက စိတ်ဆိုးခြင်းမရှိပဲ ရိုးသားစွာ ပြန်ဖြေခဲ့သည်။ " အဲ့တာက ဆေးနည်းပေါ်မူတည်ပါတယ်။ ကျွန်တော့်အဖိုးက အဲ့ဒီဆေးနည်းကို ကျွမ်းတယ်ဆိုရင် အောင်မြင်မှုနှုန်းက မြင့်လိမ့်မယ်။ ဒါပေမယ့် အဖိုးက အဲ့ဒီဆေးကို မသန့်စင်ဖူးဘူးဆိုရင် ဆေးချက်နည်းကို ပြပြီး သူ့ကို စစ်ဆေး စီစစ်ခိုင်းသင့်တယ်။ များသောအားဖြင့် ပစ္စည်းအသုတ်များစွာကို ပြင်ဆင်ခဲ့ဖို့လိုပြီး လုံးဝကျရှုံးတာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။”

စွင်းဖုသည် အမှန်တရားကို မရှက်မကြောက် ပြတ်ပြတ်သားသား ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အဖိုးတန်ဆေးအိမ်တော်သည် အဂ္ဂိရတ်ပညာ မအောင်မြင်ခဲ့ပါက သိသိသာသာ ဆုံးရှုံးမှုအတွက် ဖောက်သည်များက ပြဿနာကို အပြစ်တင်ရန် မလိုလားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အဖိုးတန်ဆေးအိမ်တော်က ထိုကိစ္စများကို အမြဲပြတ်ပြတ်သားသားလုပ်သည်။ မအောင်မြင်သော အဂ္ဂိရတ်ပညာကြောင့် ဆုံးရှုံးမှုများအတွက် သူတို့ တာဝန်ယူမည်မဟုတ်ပါ။ သဘောတူရင် စာချုပ်မှာ လက်မှတ်ထိုးရမည်။ မဟုတ်ရင် ထွက်သွားခိုင်းရုံသာ။

အဂ္ဂိရတ်ပညာရှင်တစ်ဦးအနေဖြင့် စွင်းယိယဲ့သည် ဂုဏ်သိက္ခာရှိသောရာထူးကို ပိုင်ဆိုင်ထားပြီး သူ၏ အကူအညီကို ရယူလိုသော တရားရုံးအရာရှိများနှင့် မှူးမတ်များမရှားရာ ဖောက်သည်အနည်းငယ် ဆုံးရှုံးရမည်ကို စိုးရိမ်စရာမလိုပါ။

စူးချန်ခုန်းက နားထောင်နေစဉ် မျက်မှောင်ကြုတ်လိုက်လေ၏။ သူသည် သူ၏ ချီသွေးဆေးချက်နည်းကို စွင်းယိယဲ့အား အလကား ပေးဆောင်ရမည်။ သူ့ကိုယ်ပိုင် ဆေးဖက်ဝင်ပစ္စည်းများကို ထောက်ပံ့ပေးရမည်ဖြစ်ပြီး အဂ္ဂိရတ်ထိုးရန် ကြိုးစားရာတွင် မအောင်မြင်ပါက ဆုံးရှုံးမှုများကို ခံနိုင်ရည်ရှိရဦးမည်ဖြစ်သည်။

စွင်းယိယဲ့သာ ဆက်တိုက် မအောင်မြင်ပါက သို့မဟုတ် ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် ကျရှုံးပြီးနောက် ဖိုသုံးခုမှ ငါးခုမှ တစ်လုံး သို့မဟုတ် နှစ်လုံးသာ ထုတ်နိုင်ခဲ့ပါက သူ အရှုံးကြီး ရှုံးရမှာ သေချာပါသည်။

သူ့မှာ ရှိတဲ့ ငွေလေးသောင်းကနေ ငါးသောင်းကြားက တော်တော်များပုံပေါက်ပေမယ့် ဒီလောက်ဖြုန်းတီးရမယ့် အသုံးစရိတ်ကို မခံနိုင်ပါ။

"အပြင်လူတွေက ငါ့ပိုက်ဆံ၊ ငါ့ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ အဂ္ဂိရတ်ပညာကို လေ့ကျင့်ခွင့်ပေးမယ့်အစား ဘာလို့ ကိုယ်တိုင်မလုပ်ကြည့်ရမှာလဲ။"

ထိုအချိန်တွင် စူးချန်ခုန်းသည် အခြားသူများထက် သူ့ကိုယ်သူ ယုံကြည်မှုပိုရှိမှန်း တွေးလိုက်မိသည် ။

အကယ်၍ သူသည် အဂ္ဂိရတ်ပညာကို သင်ယူနိုင်ခဲ့ပါက ရေရှည်ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမည်။ လူငှားစရာလည်းမလိုတော့။ ကိုယ့်ကိုယ့်ကိုယ်လည်း ဖူလုံစေမည်။ အတတ်ပညာ များများတတ်ထားတာက ကောင်းသည့်အရာပင်။

ဤအတွေးတွေဖြင့် စူးချန်ခုန်းက သူ့လည်ချောင်းကို ရှင်းပြီး အကြောင်းအရာပြောင်းလိုက်သည်။ "သခင်လေးစွင်း၊ ကျွန်တော် အရဲစွန့်ပြီး ပြောပါရစေ။ ကျွန်တော်က အဂ္ဂိရတ်ပညာကို တကယ်စိတ်ဝင်စားပြီး အဖိုးတန်ဆေးအိမ်တော်မှာ သင်ယူချင်ပါတယ်... အလုပ်သင်အခကြေးငွေကိုလည်း ပေးဆောင်လိုပါတယ်။"

ဤစကားကိုကြားသောအခါ စွင်းဖုသည် စူးချန်ခုန်း၏ မြန်ဆန်လှသော အကြောင်းအရာပြောင်းလဲမှုအတွက် အံ့အားသင့်သွားသော်လည်း သူပြုံးကာ ခေါင်းခါလိုက်သည်။

"ဆရာလီ၊ ကျွန်တော်ရဲ့ ပွင့်လင်းမှုအတွက် ခွင့်လွှတ်ပါ။ အဂ္ဂိရတ်ပညာရှင်တိုင်းက အတွေ့အကြုံလိုပါတယ်။ အကျဉ်းချုပ် ပြောရရင် ဆရာတပည့်အခမ်းအနားပြီးမြောက်တဲ့လူ ဒါမှမဟုတ် ကိုယ်ပိုင် သားစဉ်မြေးဆက်ကလူ ဖြစ်ဖို့လိုပါတယ်။ အဲ့တာအပြင် အဂ္ဂိရတ်ပညာက တော်တော်လေး လေးနက်တယ်။ ဘယ်သူမဆို သင်ယူနိုင်ပြီး နေ့ချင်းညချင်း အောင်မြင်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ကျွန်တော့်အဖိုးက သူ့ပညာကို လက်ဆင့်ကမ်းပေးဖို့ တပည့် သုံးလေးယောက်ကို လက်ခံထားပြီပါပြီ။ ထပ်မံလက်ခံဖို့ အစီစဉ်မရှိတော့ပါဘူး။"

ဤခေတ်တွင် ဆရာ-တပည့် ဆက်ဆံရေးသည် သားအဖကဲ့သို့ပင် အလွန်ရင်းနှီးပြီး တပည့်များက ဆရာကို သစ္စာရှိရှိနှင့် တပည့်ဝတ္တရားကျေပွန်ရန် မျှော်လင့်ကြသည်။

စွင်းယိယဲ့ကဲ့သို့သော အဂ္ဂိရတ်ပညာရှင်၏ တပည့်များ ဖြစ်ချင်ကြသူများ မရေမတွက်နိုင်အောင်ရှိသော်လည်း စွင်းယိယဲ့ကိုယ်တိုင်က ဆယ်စုနှစ်များအတွင်း တပည့်သုံးလေးယောက်သာ လက်ခံခဲ့ပြီး အများစုမှာ သူ့သွေးသားများဖြစ်ကြသည်။

မိသားစုနောက်ခံကို မသိသော စူးချန်ခုန်းလို တစ်စုံတစ်ယောက်အတွက် အဖိုးတန်ဆေးအိမ်တော်တွင် အဂ္ဂိရတ်ပညာကို သင်ယူဖို့က သေချာပေါက် မဖြစ်နိုင်ပေ။

"သိပါပြီ... အင်း..ပြန်စဉ်းစားခွင့်ပြုပါ" စူးချန်ခုန်းသည် ချက်ချင်းလက်ငင်း တုံ့ပြန်မှုကို အမှန်တကယ် မမျှော်လင့်ဘဲ ပေါ့ပေါ့ဆဆ မေးမြန်းခဲ့တာဖြစ်သည်။

စူးချန်ခုန်းသည် စွင်းယိယဲ့အား သူ့အတွက် ချက်ချင်း ဆေးပေးရန် ရည်ရွယ်ချက်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ရင်းနှီးမြုပ်နှံမှုက အကျိုးမရှိခဲ့ပါက သို့မဟုတ် လုံးဝဆုံးရှုံးသွားခဲ့ပါက သူစိတ်ပျက်သွားရလိမ့်မည်ဖြစ်သည်။ သူ သေသေချာချာ စဉ်းစားဖို့လိုသည်။

"အလျင်မလိုပါနဲ့။ ကျွန်တော့်အဖိုးရဲ့ အဂ္ဂိရတ်အချိန်ဇယားက နောက်လအထိ ရှိပါတယ်။ ဆရာလီ တစ်ခုခုလိုရင် ပြန်လာဖို့ အမြဲကြိုဆိုပါတယ်" ဟု စွင်းဖုက ကျိုးနွံပြီး ယဉ်ကျေးပုံပေါက်သည့် အပြုံးဖြင့် ပြောသော်လည်း သူ့လေသံတွင် မောက်မာမှု အရိပ်အမြွက်တို့က တစ်စွန်းတစ်စ။

စူးချန်ခုန်းက စွင်းယိယဲ့ကို မယုံသော်လည်း စွင်းယိယဲ့ကို အဂ္ဂိရတ်ပညာဖြင့်ကူညီရန် တောင်းဆိုနေသူ များစွာရှိဆဲပင်။

စူးချန်ခုန်း မတ်တပ်ထရပ်ပြီး အဖိုးတန်ဆေးအိမ်တော်မှ ထွက်လာခဲ့သည်။

"ထင်ထားသလိုပဲ... ချီသွေးဆေးလိုမျိုး ဆေးပြားရဖို့ မလွယ်ပါလားနော်။ အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းတွေ သာမကဘဲ ကျွမ်းကျင်တဲ့ အဂ္ဂိရတ်သမားလည်း လိုသေးတယ်! တကယ်ဖြစ်လာရင် ဒီချီစွမ်းအင်နဲ့ သွေးအားဖြည့်ပစ္စည်းတွေကို တိုက်ရိုက် သောက်သုံးရပါလိမ့်မယ်။ ငွေလေးငါးသောင်းလောက်က ချီသွေးပြောင်းလဲမှုဖြစ်စဉ်ကို ရနိုင်ပါ့မလားလို့ သိချင်မိသား။"

စူးချန်ခုန်းသည် လမ်းလျှောက်လာရင်း သူ့စိတ်ထဲတွင် တွေးနေမိသည်။

ချီသွေးဆေးသည် ချီစွမ်းအင်နှင့် သွေးကို အကျိုးပြုသည့် ဆေးပြားများကို တိုက်ရိုက် စားသုံးသော ဆေးများနှင့် တူညီသော အာနိသင်မရှိသည်မှာ သေချာသည်။ သို့သော် အခြားသူ၏လက်ထဲတွင် မျှော်လင့်ချက်မထားတာက ပိုကောင်းပါသည်။

သို့သော် စူးချန်ခုန်းတွင်ရှိသော ငွေငါးသောင်းနီးပါးဖြင့် သွေးဂျင်ဆင်းကဲ့သို့သော ဆေးဖက်ဝင်ပစ္စည်းများကို ဝယ်ယူ၍ နေ့တိုင်း စားသုံးပါက သူ၏ ချီစွမ်းအင်နှင့် သွေး၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ချီသွေးပြောင်းလဲခြင်းဖြစ်စဉ်ကို ရရှိရန် ကူညီပေးနိုင်မည်လားဟုပင် မသေချာပါ။

စူးချန်ခုန်း လမ်းလျှောက်လာရင်း သူ့အနောက်ကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီး လမ်းကြားလေးတစ်ခုထဲသို့ အမြန်၀င်လိုက်သည် ။

မကြာမီပင် လမ်းကြားထဲသို့ လူတစ်ဦး လိုက်လာပြီး မောဟိုက်လျက် စိတ်ရှုပ်ထွေးနေလေ၏။ "သူ ဘယ်မှာလဲ၊ သူဘယ်လို ပျောက်သွားတာလဲ"

"မင်း ငါ့နောက်ကို လမ်းတစ်လျှောက်လုံး လိုက်နေတာ၊ တစ်ခုခုပြောချင်တာများရှိလို့လား" သူ့နောက်က အသံကို ရုတ်တရက်ကြားလိုက်ရတော့ ထိုလူက ထိတ်လန့်တုန်လှုပ်သွားလေ၏။

စူးချန်ခုန်းသည် ထိုလူကို မျက်နှာသေနှင့် စိုက်ကြည့်နေ၏။

ထိုလူက အသက်နှစ်ဆယ့်ငါးနှစ်မှ နှစ်ဆယ့်ခြောက်ဝန်းကျင်ရှိပြီး ငယ်ရွယ်နုပျိုကာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် ပိန်ပိန်ပါးပါး မျက်နှာနှင့် မျက်ကွင်းကလည်း ညိုနေ၏။ သူက မောပန်းနွမ်းနယ်နေကာ အသောက်လွန်ပြီး မူးနေပုံရသည်။

အဖိုးတန်ဆေးအိမ်တော်မှ ထွက်ခွာပြီးကတည်းက စူးချန်ခုန်းသည် သူ့နောက်ကို လိုက်နေသူတစ်ယောက်ရှိကြောင်း သတိပြုမိသောကြောင့် ဘာကြောင့် လိုက်လာရကြောင်း သိရှိရန် ဤလူကို လမ်းကြားထဲသို့ ခေါ်လာခဲ့တာ ဖြစ်သည်။

"ကျွန်...ကျွန်တော်က ဘာအန္တရာယ်မှ ပေးဖို့မဟုတ်ပါဘူး" ထိုယောက်ျားက သူ့လက်တွေကို ခါယမ်းလျက် ‌ထစ်ထစ်ငေါ့ငေါ့ ဆိုလေ၏။ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရုံနှင့်ပင် မောပန်းနေပုံကိုကြည့်ရင်း သူက စူးချန်ခုန်းကို အန္တရာယ်ပေးဖို့မဟုတ်ကြောင်း သိသာလေသည်။

All Chapters