← Chapters

မင်းကို သတ်တဲ့လူက မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်း

Vol. 7 Ch. 668

မင်းကို သတ်တဲ့လူက မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်း

Vol. 7 Ch. 668

ရတနာ သစ်ပင် အကြောင်းကို သိရှိပြီးနောက် ချန်းဖန်သည် လောဘများကို မသိမ်းဆည်း နိုင်တော့ချေ။

သူသည် တောင်ကြား၏ ကောင်းကင်၌ ပျံသန်းရင်း လမ်းကို တားဆီးနေသည့် မွန်းစတား၊ အစီအရင်၊ အဆိပ် ကွင်းပြင် မှန်သမျှကို ဘိုဒူဇာတစ်စင်း အလား ဖျက်ဆီးပစ်သည်။

"သခင်… ရှေးနားက မြစ်ထဲမှာ အဆိပ်နဂါး တစ်ကောင် ရှိတယ်… သူက ရာစုနှစ် ရှစ်ခုလောက် ကျင့်ကြံခဲ့ပြီးတော့ ဒီနယ်ပယ်ရဲ့ လွှမ်းမိုးသူလို့ ဆိုနိုင်တယ်… အဲဒီကောင်ကြီးက အဆိပ်မြူမှုန်တွေကို မှုတ်ထုတ် တိုက်ခိုက်နိုင် ပြီးတော့ ကျွန်တော်နဲ့ အဆင့်တူလောက် ရှိပါတယ်"

ရှေးဟောင်း မီးမျောက်ဝံကြီးက ဝိညာဉ် စွမ်းအားနှင့် ဆက်သွယ်၍ ချန်းဖန်အား ရှင်းပြလိုက်သည်။

သို့သော်လည်း သူ၏ စကား မဆုံးခင် မှာပင် ချန်းဖန်သည် သူ၏လက်ကို မြစ်ဘက်သို့ ဆန့်ထုတ်ခဲ့ပြီး ဖြစ်သည်။

"ဘုန်း…"

မြစ်၏ အထက်၌ ဆယ်ပေခန့် ရှည်လျားသော လက်ချောင်း ငါးချောင်းက ဖြစ်ပေါ်လာ၏။ ထိုလက်ငါးချောင်းက လှိုင်းများကို ဖြတ်သန်း၍  ရေပြင်အား ရိုက်နှက်သည်။

"ဂါး…"

ဒေါသတကြီး အော်ဟစ်သံကြီး တစ်ခုနှင့် အတူ မီတာတစ်ရာခန့် ရှည်လျားသော အဆိပ် နဂါးကြီး တစ်ကောင် မြစ်အတွင်းမှ ပေါ်ထွက်လာ၏။

အဆိပ်နဂါးကြီးသည် တစ်ကိုယ်လုံး အနက်ရောင် ရှိပြီး သူ၏ နဖူး၌ ဦးချိုကဲ့သို့ အသားပိုများ ရှိသည်။ ထိုအရာ၏ နံဘေး၌ အစိမ်းရောင် အဆိပ်မြူများက ဝန်းရံနေကာ လေထုများကို တိုက်စားနေသည်။

"ဘုန်း…"

အဆိပ် နဂါး ထွက်ပေါ်လာသည်နှင့် လက်ငါးချောင်းက ရုတ်ခြည်းပင် လှုပ်ရှားကာ နဂါးအား ဖမ်းဆီးသည်။ ချန်းဖန်က လက်ချောင်းများကို ဖျစ်ညှစ်ရာတွင် နဂါးကို ဖမ်းချုပ်ထားသည့် လက်ချောင်းများကလည်း လိုက်လံ၍ ဖျစ်ညှစ်သည်။

"ဘုန်း…"

လက်ချောင်းများ၏ ဖျစ်ညှစ်မှုတွင် အဆိပ်နဂါး၏ ခန္ဓာကိုယ်ကား သွေးစများ အဖြစ် ပြောင်းလဲ၍ ပေါက်ကွဲသွားတော့၏။ ထို အဆိပ်သွေးများက မြစ်ပြင်သို့ ကျရာ မရေမတွက်နိုင်သော ရေနေ သတ္တဝါများမှာ သေဆုံးသွားကြသည်။

"မင်း ဘယ်လိုထင်လဲ…"

ချန်းဖန်က ရှေးဟောင်း မီးမျောက်ဝံဘက်သို့ လှည့်ရင်း မေးငေါ့ပြလိုက်သည်။

"ဝူး… ဝူး…"

မီးမျောက်ဝံက သူ၏ မျက်လုံးများကို အစွမ်းကုန် ပြူးကျယ်၍ ချန်းဖန်အား ခေါင်းခါ ပြလိုက်သည်။ သူကား အလွန် ထိတ်လန့်နေရာ ဝိညာဉ်စွမ်းအင်ကို သုံး၍ စကားပင် မပြောနိုင်တော့ချေ။

တစ်ချိန်တည်း၌ ရဲ့ချင်စန်းသည်လည်း ဆွံ့အနေခဲ့သည်။

"ဒီလို စွမ်းအားမျိုးက…"

သူသည် ယခင်က သူ့ကိုယ်သူ ချန်းဖန်၏ တစ်ဝက်လောက် အစွမ်းထက်လိမ့်မည်ဟု ယုံကြည်ချက် ရှိခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ထိုယုံကြည်ချက်မှာ စိတ်ကြီးဝင်နေခြင်းသာ ဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့၏။

"သွားကြစို့…"

ချန်းဖန်က သူ၏ အင်္ကျီလက်များကို ခါယမ်း၍ အချက်ပြရင်း ဆက်လက် ပျံသန်းလိုက်၏။ ရှေးဟောင်း မီးမျောက်ဝံနှင့် ရဲ့ချင်စန်းတို့က သက်ပြင်းရှိုက်ရင်း ချန်းဖန် နောက်မှ ပျံသန်းလိုက်ကြသည်။

သူတို့၏ လမ်းကြောင်း တစ်ခုလုံးကား ချန်းဖန်၏ ဦးဆောင်မှု အောက်၌ အလွန်ပင် ချောမွေ့နေ၏။ မည်သည့် မွန်းစတား၊ အတားအဆီး မဆို ချန်းဖန်၏ တိုက်ခိုက်မှု တစ်ကြိမ်ကိုပင် ခုခံနိုင်ခြင်း မရှိခဲ့ချေ။

တစ်နာရီခန့် ကြာပြီးနောက်…

သေးငယ်သော တောင်တစ်လုံးက သူတို့၏ အရှေ့၌ ပေါ်လာခဲ့၏။

"သခင်… ရတနာ သစ်ပင်က အဲဒီနေရာမှာ ရှိနေတာပါ"

ရှေးဟောင်း မီးမျောက်ဝံက ဝိညာဉ်စွမ်းအားဖြင့် ချန်းဖန်အား ဆက်သွယ်လာသည်။

"အင်း…"

ချန်းဖန်က ခေါင်းညိတ်ရင်း သေချာစွာ အကဲခတ် လိုက်သည်။

တောင်ငယ်သည် မီတာ တစ်ရာချန့် မြင့်မားပြီး ကျောက်မီးသွေးကဲ့သို့ မည်းနက်နေသည်။ တောင်ငယ် တစ်ခုလုံးသည် ဝိညာဉ်ချီများနှင့် ပြည့်နှက်နေပြီး တောင်ထိပ်တွင်မူ တစ်မီတာခန့် အမြင့်ရှိသည့် သစ်ပင်တစ်ပင် ရှိနေ၏။

သစ်ပင်တစ်ခုလုံးသည် ရွှေရောင် တောက်ပနေပြီး အကိုင်းအခက်များတွင် အသီးသုံးလုံး သီးနေ၏။ တောင်ထိပ် တစ်ခုလုံးသည် မိုးကြိုးတိမ်တိုက်များဖြင့် ပြည့်နှက်နေပြီး လျှပ်စီးများက တဖျပ်ဖျပ် လက်နေကြသည်။

သစ်သီးများသည် မိုးကြိုး တိမ်တိုက်များနှင့် လျှပ်စီးများကို စုပ်ယူကာ ကြီးထွားပုံပေါ်သည်။

"ဒီရတနာ သစ်ပင်က ရာစုနှစ် သုံးခုတိုင်းမှာ တစ်ကြိမ်ဖူးပွင့်ပြီး အသီးသုံးလုံးပဲ သီးပါတယ်… အဲဒီအချိန်ရောက်ရင် မွန်းစတားတွေနဲ့ နတ်ဘုရား သင်္ချိုင်း တောင်ကြားရဲ့ လွှမ်းမိုးသူတွေက တောင်ခြေမှာ စုစည်းပြီး အသီးတွေ အတွက် တိုက်ခိုက်ကြပါတယ်"

ရှေးဟောင်း မီးမျောက်ဝံက ချန်းဖန်အား ရှင်းပြသည်။

"ဒါက မိုးကြိုးသစ်သီးပင်ပဲ …"

ချန်းဖန်က တောင်ထိပ်ရှိ သစ်ပင်ကို သေချာစွာ အကဲခတ်ရင်း ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးများက တဖျပ်ဖျပ် လင်းလက်နေ၏။

"မိုးကြိုးသစ်သီးပင်တွေက သံလိုက်အမတေ တောင်တွေမှာပဲ ပေါက်ရောက်နိုင်တဲ့ ရှားပါး ဆေးဝါးတစ်မျိုးလို့ ဆိုနိုင်တယ်… အဲဒီသစ်ပင်က သီးတဲ့ သစ်သီးတွေက မိုးကြိုး နတ်ဘုရား စွမ်းအား လေ့ကျင့်တဲ့နေရာမှာ အသုံးဝင်တယ်"

"မိုးကြိုး နတ်ဘုရား စွမ်းအား…"

ရဲ့ချင်စန်းက မိုးကြိုးသစ်သီးပင်ကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း မေးလိုက်၏။

"အဲဒါက ထျန်းမင်ကျီရဲ့ လေမိုးကြိုး တောင်ပံတွေလိုမျိုးလား"

"ထျန်းမင်ကျီ ပိုင်ဆိုင်ထားတဲ့ လေမိုးကြိုး တောင်ပံတွေက အရမ်းကို အားနည်းတဲ့ နတ်ဘုရား စွမ်းအားလေးပါပဲ… မိုးကြိုးသစ်သီးကို စားပြီး ရလာမဲ့ နတ်ဘုရား စွမ်းအားက လေမိုးကြိုး တောင်ပံထက် အများကြီး ပိုပြီး အစွမ်းထက်တယ်"

ချန်းဖန်က အေးဆေးစွာ ရယ်မောရင်း ရှင်းပြလိုက်သည်။

"သခင်… ဒီနေရာက နတ်ဘုရား သင်္ချိုင်း တောင်ကြားရဲ့ တားမြစ်ထားတဲ့ နေရာတွေထဲမှာ ပါတယ်… မိုးကြိုး သစ်သီးပင်ကိုလည်း တောင်ကြား လွှမ်းမိုးသူတွေက အစီအရင် တစ်ခုနဲ့ ကာကွယ်ထားတယ်… ခွင့်ပြုချက် မရှိဘဲ သစ်သီးကို ယူဖို့ ကြိုးစားရင် အစီအရင်ကြောင့် သေသွားမှာ သေချာတယ်"

ရှေးဟောင်း မီးမျောက်ဝံက စိုးရိမ်စွာ သတိပေးသည်။

သို့သော်လည်း ချန်းဖန်သည် သူ၏ လက်များကို တောင်ငယ်ဆီသို့ ဆန့်ထုတ်ခဲ့ပြီး ဖြစ်သည်။ သူ့အနေဖြင့် အလကားရသည့် ရတနာကို လက်လျှော့မည် မဟုတ်ချေ။

"ဘုန်း…"

ရုတ်တရက် ရွှေရောင်သစ်ပင်မှ ရွှေရောင် အလင်းများ လင်းလက်လာ၏။

ထိုအလင်းများက မရေမတွက်နိုင်သော ကျောက်တိုင်များ အသွင်သို့ ပြောင်းလဲကာ တောင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။ ကျောက်တိုင်များသည် ဒိုင်းများအလား စုစည်း၍ ချန်းဖန်၏ လက်များကို တားဆီးသည်။

"ဒီအစီအရင်လေးက ငါ့ကို တားနိုင်မယ် ထင်နေလား…"

ချန်းဖန်၏ မျက်လုံးများမှ ရွှေရောင်တန်းနှစ်ခု ထွက်ပေါ်လာ၏။

"ဘုန်း…"

တစ်ချိန်တည်းတွင်ပင် ရူးသွပ်ဖွယ် ကောင်းအောင် များပြားသော ချီပမာဏက သူ၏ ခန္ဓာကိုယ်မှ စီးထွက်လာသည်။ ကောင်းကင် ဝါးမျိုခြင်း ပန်းချီကို အောင်မြင်၍ မူလအဆင့်သို့ ရောက်ရှိပြီးနောက် ချန်းဖန်၏ ခန္ဓာကိုယ်သည် မူလအဆင့် အထွတ်အထိပ် တစ်ယောက်အလား အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။

"ဘုန်း…"

ရွှေရောင်အလင်းတန်းနှင့် အစစ်အမှန် အမတေတို့၏ ပေါင်းစည်းမှုတွင် ကောင်းကင်၌ ဘလက်ဟိုးကဲ့သို့ အနက်ရောင် တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာသည်။

အနက်ရောင် တွင်းပေါက်သည် မီတာတစ်ရာခန့် ကြီးမားပြီး တောင်ထိပ်၌ အဆက်မပြတ် လည်ပတ်၏။

ကောင်းကင် ဝါးမျိုခြင်း နတ်ဘုရား စွမ်းအား…

ထိုအရာကား ခွန်ပန်မှ ဆင်းသက်လာသည့် နတ်ဘုရားစွမ်းအား ဖြစ်သည်။ စကြဝဠာ၌ ခွန်ပန်၏ ဝါးမျိုမှုကို မည်သည့် အရာမှ တားဆီးနိုင်စွမ်း မရှိချေ။

ဟူး… ဟူး…

အနက်ရောင် တွင်းပေါက် ဖြစ်ပေါ်လာသည်နှင့် ရွှေရောင်ကျောက်တိုင် အားလုံးကား စုပ်ယူ ဝါးမျိုမှုကို ခံလိုက်ကြရသည်။

ဟူး… ဟူး…

ရွှေရောင်သစ်ပင်သည် အလင်းတန်းများကို ထုတ်လွှတ်ကာ တွင်းပေါက်၏ စုပ်ယူမှုကို တားဆီးရန် ကြိုးစားသည်။ ဆန့်ကျင်ဘက် အင်အား နှစ်ခု၏ ရုန်းကန်မှုတွင် တောင်တစ်ခုလုံးကား ငလျင်လှုပ်သည့် အလား တုန်ယင်လာတော့သည်။

"ရပ်စမ်း…"

ရုတ်တရက် စိုးရိမ်တကြီး တားဆီးသည့် နတ်ဘုရား စိတ်အာရုံ တစ်ခု အဝေးမှ ထွက်ပေါ်လာသည်။ ရဲ့ချင်စန်းက မျက်မှောင်ကြုတ်ရင်း ထိုအရပ်သို့ လှမ်းကြည့်လိုက်သည်။

မကြာခင်မှာပင် သူတို့ ရှိရာဆီသို့ အလင်းတန်းတစ်ခု အလွန် လျင်မြန်သော ရွေ့လျားလာသည်။ ထိုအလင်းတန်း၏ အလယ်တွင်မူ ဆယ်မီတာခန့် ရှည်လျားသော မိုးကြိုးသားရဲ တစ်ကောင် လိုက်ပါလာ၏။

"အရှင်ချန်း… ရတနာ သစ်ပင်ကို မြန်မြန်ယူလိုက်… ဒီကောင်ကြီးကို ကျုပ် ရင်ဆိုင်ထားမယ်"

ရဲ့ချင်စန်းက မားမားမတ်မတ် ရပ်ရင်း အော်ဟစ်လိုက်သည်။

သို့သော်လည်း ရှေးဟောင်း မီးမျောက်ဝံက ခေါင်းကို ခါယမ်းလိုက်သည်။

"နောက်ကျသွားပြီ…"

သူ၏ စကားအဆုံးမှာပင် များစွာသော အလင်းတန်းများက အရပ်မျက်နှာ ပေါင်းစုံမှ သူတို့ ရှိရာဆီသို့ ချဉ်းကပ်လာ၏။

ဘုန်း… ဘုန်း… ဘုန်း…

အလင်းတန်းများက မြေပြင်သို့ ဆင်းသက်ရာ ဝိညာဉ်သားရဲ ခြောက်ကောင် ပေါ်ထွက်လာသည်။

"မိုးကြိုးမင်းပျံ…"

"အနီရောင် ကျား…"

"အဖြူရောင် မြွေ…"

" ... "

ထိုသားရဲ တစ်ကောင်ချင်းစီကား အလွန်ပင် အစွမ်းထက်ပုံပေါ်ကာ ရှေးဟောင်း မီးမျောက်ဝံ၊ အဆိပ်နဂါးတို့နှင့် ယှဉ်နိုင်ပုံ ပေါ်သည်။

"ဝိညာဉ်သားရဲ ခြောက်ကောင်…"

ရဲ့ချင်စန်းမှာ ယောင်ယမ်း၍ နောက်သို့ပင် ဆုတ်လိုက်မိသည်။

နတ်ဘုရားသင်္ချိုင်း တောင်ကြား၌ အဘယ်ကြောင့် ဤမျှများပြားသော မြေကမ္ဘာ အဆင့် ဝိညာဉ်သားရဲများ ရှိနေရသနည်း။

အကယ်၍ သူတို့သာ အပြင်လောကသို့ ထွက်လာပါက ကမ္ဘာကြီး ကပြောင်းကပြန် ဖြစ်သွားမည်မှာ သေချာသည်။

သို့သော်လည်း ထိုသားရဲ ခြောက်ကောင်မှာ အကုန်အစင် မဟုတ်လောက်သေးချေ။ ရဲ့ချင်စန်းသည် အဝေးမှ လေ့လာနေသည့် သားရဲ အငွေ့အသက်များကို အာရုံခံမိနေဆဲ ဖြစ်သည်။

"ကျူးကျော်သူတွေ… သင်တို့ရပ်မလား သေမလား…"

မိုးကြိုးမြင်းပျံက မိုးကြိုး တစ်ထောင် ပစ်ခတ်လိုက်သည့် အသံဖြင့် အော်ဟစ်လိုက်သည်။

"စကားပြော မနေနဲ့… အဲဒီလူသား နှစ်ယောက်ကိုရော ဟိုမျောက်စုတ်ကိုပါ အပိုင်းပိုင်း စုတ်ပြီး သတ်ပစ်ရအောင်"

ရွှေရောင် လင်းယုန်ကြီး တစ်ကောင်ကလည်း နတ်ဘုရား စိတ်အာရုံဖြင့် အော်ဟစ်သည်။

ထိုအချိန်၌ ရဲ့ချင်စန်း၏ မျက်နှာကား သွေးဆုတ်ကာ ဖြူရော်နေခဲ့ချေပြီ ဖြစ်သည်။ သူကား ထိုသားရဲ ခြောက်ကောင်နှင့် တစ်ပြိုင်နက် ရင်ဆိုင်ရန် သတ္တိမရှိချေ။

"ငါသူ သူတို့နဲ့ အတူမဟုတ်ဘူးကွ… သူတို့ကို လမ်းပြတာပဲ ရှိတာ"

မီးမျောက်ဝံက မြေပြင်ကို ခြေထောက်ဖြင့် ဆောင့်နင်းရင်း ပြောလိုက်သည်။

ထိုအချိန် ချန်းဖန်ကမူ သားရဲများကို  မတွေ့မမြင်သည့် အလား လျစ်လျူရှုထားခဲ့သည်။

သူသည် အမတေချီများကို ပို့လွှတ်ရာ၌သာ အာရုံစိုက် နေခဲ့ပြီး တစ်ချိန်တည်းတွင် အနက်ရောင် တွင်းပေါက်မှာလည်း ပိုမို ကြီးထွားလာနေခဲ့၏။

"သင်…"

မိုးကြိုး မြင်းပျံက ဒေါသတကြီးဖြင့် ရွှေရောင် အလင်းတန်းတစ်ခုကို မှုတ်ထုတ်ကာ ချန်းဖန်အား စတင် တိုက်ခိုက်လိုက်သည်။

ရဲ့ချင်စန်းက ချက်ချင်းပင် အမတေချီကို ပစ်လွှတ်၍ ထိုအလင်းတန်းကို တားဆီးလိုက်သည်။ ထိုဝိညာဉ်သားရဲကား အလွန်ပင် သန်မာလှရာ ရဲ့ချင်စန်းသည် ခန္ဓာကိုယ် သက်သက်ဖြင့် ထိုတိုက်ခိုက်မှုကို ခုခံရန် မဝံ့ရဲချေ။

"သူ့ကိုသတ်ကြ…"

မိုးကြိုးမြင်းပျံ သားရဲ၏ တိုက်ခိုက်မှု အသုံးမဝင်ကြောင်း တွေ့သည်နှင့် အခြားသားရဲများက တစ်ပြိုင်နက်တည်း ဝင်လာကြသည်။

ထိုအချိန်၌ မီးမျောက်ဝံ သားရဲမှာမူ ထွက်ပြေးသွားခဲ့ချေပြီ ဖြစ်သည်။ မျောက်ဝံများသည် ဉာဏ်နီဉာဏ်နက်များပြီး သစ္စာမရှိသော သားရဲများဖြစ်သည်။

"အရှင်ချန်း…"

ရဲ့ချင်စန်းက စိုးရိမ်တကြီး လေသံဖြင့် အော်ဟစ်လိုက်၏။

"ဘုန်း…"

ထိုအချိန်မှာပင် အလင်းတန်း ငါးခုက အနက်ရောင် တောင်ငယ်ဆီသို့ ရောက်ရှိ၍ လာသည်။ ထိုအလင်းတန်း ငါးခုမှာ လဲ့ရှင်း၊ အရှင် ဒေါသနှင့် ခွန်ရှု့နယ်မြေမှ လာသည့် အခြားမြေကမ္ဘာ အဆင့်များ ဖြစ်ကြ၏။

"ဒီမှာ မိုးကြိုးသစ်သီးပင်ပါလား… နတ်ဘုရား သင်္ချိုင်းမှာ မိုးကြိုးသစ်သီးပင် ရှိနေမယ်လို့ ငါလုံးဝ မတွေးဖူးဘူး… ကောင်းကင်တံခါးကို ဖွင့်ဖို့ ငါတို့ဂိုဏ်းရဲ့ ရတနာလက်နက် ရင်းရတာ တန်သွားပြီ"

မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းက ရောက်ရောက်ချင်းပင် ရွှေရောင် သစ်ပင်ကို ကြည့်၍ စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်သည်။

"သားရဲတွေကို ကျုပ်အတွက် တားပေးကြပါ… မိုကြိုး သစ်သီးကိုရရင် မိုးကြိုး သခင်ဂိုဏ်းက ခင်ဗျားတို့ကို ဝိညာဉ် ကျောက်တုံး တစ်သိန်း ပေးမယ်"

"သေချာတာပေါ့…"

အရှင်ဒေါသနှင့် အခြားလူများက ချက်ချင်း ခေါင်းညိတ် လိုက်ကြသည်။

မိုးကြိုးသစ်သီးများသည် ရတနာ ဆေးများ ဖြစ်သော်လည်း မိုးကြိုးစွမ်းအား ကျင့်ကြံသူများ အတွက်သာ အသုံးဝင်သည်။ သူတို့အတွက် မိုးကြိုးသစ်သီးများထက် ဝိညာဉ် ကျောက်တုံး တစ်သိန်းက ပို၍ ဆွဲဆောင်မှု ရှိသည်။

သူတို့သည် ရဲ့ချင်စန်းနှင့် ချန်းဖန်ကိုမူ လုံးဝ ဂရုမစိုက်ကြချေ။ လူသား ကမ္ဘာ၏ မြေကမ္ဘာ အဆင့်လေးများက သူတို့၏ ပြိုင်ဘက် ဖြစ်လာလိမ့်မည် မဟုတ်ချေ။

"မင်းက ချန်းပေ့ရွှမ်း ဆိုတဲ့ တစ်ယောက် ဖြစ်ရမယ်… မှတ်ထားပါ မင်းကို သတ်တဲ့လူက ခွန်ရှု့နယ်မြေရဲ့ ငါ လဲ့ရှင်းပဲ"

လဲ့ရှင်းက ချန်းဖန်ကို ကြည့်ကာ ဆိုရင်း သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းလိုက်သည်။

"ဂါး…"

ဟိန်းဟောင်သံနှင့် အတူ ရွှေရောင် လျှပ်စီးနဂါး တစ်ကောင် ထွက်ပေါ်လာကာ ချန်းဖန်ဆီသို့ တိုးဝင်သည်။

ထိုအရာသည် လျှပ်စီး အမတေများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း အစစ်အမှန် နဂါး တစ်ကောင်နှင့် ခြားနားခြင်း မရှိချေ။

ထိုနဂါးသည် မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်း၏ နတ်ဘုရား စွမ်းအားလည်း ဖြစ်၏။

"ကောင်းကင်နတ်ဆိုး မိုးကြိုး…"

"အရှင်ချန်း…"

ရဲ့ချင်စန်းက စိတ်ပူစွာ အော်ဟစ် သတိပေး လိုက်သည်။

အခြား မြေကမ္ဘာ အဆင့်များ၏ မျက်ဝန်းတွင်မူ သေချာခြင်း တစ်ခုက ရှိနေသည်။ ထို လူသား ကမ္ဘာ၏ ကျင့်ကြံသူလေးသည် လဲ့ရှင်း၏ တိုက်ခိုက်မှု တစ်ခု အတွင်းမှာပင် သေဆုံး သွားပေလိမ့်မည်။

ထိုအချိန်မှာပင် ချန်းဖန်က မျက်လုံးများက ကျဉ်းမြောင်းသွားကာ စိတ်ရှုပ်သော အရိပ်အယောင်များ ပေါ်လာသည်။

"ငါ့ကို နှောင့်ယှက်တာ မင်းလား…"

***

All Chapters