← Chapters

ဖျက်ဆီးခြင်းစစ်ပွဲ

Vol. 019 Ch. 1853

ဖျက်ဆီးခြင်းစစ်ပွဲ

Vol. 019 Ch. 1853

ကောင်းကင်ထက်တွင် သူတို့ ရပ်နေရာမှ ငုံ့ကြည့်သည့်အခါ ကောင်းကင်အာဏာစက်ကျောင်းတော်ကိုပင် မမြင်ရတော့ပါချေ။ သူတို့သည် ကောင်းကင်ထက်မှနေ၍ ကြီးမားသော မြေပြင်ကျယ်ကြီးတစ်ခုကိုသာ မြင်တွေ့နိုင်သည်။

ပြင်းထန်သော မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ ယခုတွင် ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များကလည်း လေဟာနယ်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရီဖူရှင်းက အလယ်တွင် ရပ်နေခဲ့၏။ အရှင်ထိုက်ရွှမ်၊ အင်ပါယာနန်၊ နတ်နန်းတော်သခင်နှင့် အခြားသူများက သူ့ကို ဝန်းရံထားသည်။ ယခုတွင် သူတို့သည် အရပ်မျက်နှာအသီးသီးမှ တန်ခိုးရှင်များကို အလွန် တည်ငြိမ်စွာ ကြည့်နေကြသည်။ သူတို့အားလုံးက ထိပ်သီးပုဂ္ဂိုလ်များပင် ဖြစ်လေသည်။

ဤတိုက်ပွဲတွင် ပါဝင်သော လူအများစုသည် မူလဘုံ၏ ဒေသခံတန်ခိုးရှင်များ ဖြစ်ကြသည်။ ကောင်းကင်ဒေသမှ တန်ခိုးရှင်များအပေါ် ကန့်သတ်ချက်ရှိနေသောကြောင့် သူတို့က မပါဝင်ရဲကြပေ။ သူတို့က ဤတိုက်ပွဲတွင် ပါဝင်လိုက်သည်နှင့် မူလဘုံမှ ဆယ်နှစ်တိတိ ထွက်ခွာမသွားဘဲ နေရစ်ရမည် ဖြစ်လေသည်။

ဆယ်နှစ်ဆိုသည်မှာ အချိန်ကာလ သိပ်မကြာမြင့်သော်လည်း သူတို့က ဤနေရာ၌ ဆယ်နှစ်ဟူသော အချိန်ကို မဖြုန်းတီးချင်ကြပေ။ ထို့ပြင် ယနေ့ ရီဖူရှင်းအား သတ်ဖြတ်ရန် လာသော အင်အားမှာ လုံလောက်သည်ထက်ပင် ပိုနေပြီ ဖြစ်၏။ သူတို့ဘက်က ကျရှုံးရန် အခွင့်အရေး မရှိသောကြောင့် ဆန္ဒစောနေရန် မလိုပေ။

သူတို့ဘက်က သေချာမှုမရှိလျှင် သိုင်းနတ်ဘုရားကလန်နှင့် ကောင်းကင်မျှော်စင်ကျောင်းတော်တို့က ပါဝင်လာမည် မဟုတ်ပါချေ။

ထိုအင်အားစုနှစ်ခုက ရီဖူရှင်းနှင့် ပဋိပက္ခအချို့ ရှိခဲ့သော်လည်း အမှန်တကယ်တွင် နက်ရှိုင်းသော ရန်​ငြိုးရန်စများ ရှိမနေပေ။ သူတို့ ရီဖူရှင်းအား သတ်ဖြတ်ရန် ပူးပေါင်းလာရသည့် အကြောင်းရင်းမှာ အဓိကအားဖြင့် အနာဂတ်တွင် ဖြစ်လာမည့် အရှုပ်အထွေးများအား တားဆီးရန် ဖြစ်သည်။  ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် သူတို့၏ မဟာမိတ်များက အလွန် အင်အားတောင့်ပေသည်။ ရီဖူရှင်းသာ တိုးတက်လာခဲ့လျှင် ကောင်းကင်အာဏာစက်ကျောင်းတော် မဟာမိတ်အင်အားစုများနှင့် သူ့ဘေးမှ ပြီးပြည့်စုံသော နတ်ဝင်ရိုးပိုင်ရှင်များက မဟာလမ်းစဥ်ဘုံသုံးထောင်ကို အုပ်စိုးသွားပေလိမ့်မည်။

ထိုအချိန်သို့ ရောက်လာပါက မည်သူက သူ နှင့် ဖက်ပြိုင်နိုင်တော့ပါမည်နည်း။

ရီဖူရှင်းက လက်စားချေသည်ဖြစ်စေ မချေသည်ဖြစ်စေ ယောင်ယွဲ့ကလန်၊ ရှောင်ကလန်အပြင် ရီဖူရှင်းနှင့် ရင်းနှီးသော အခြားအင်အားစုများလည်း ရှိနေသေးသည်။ မည်သူက အောင်မြင်မည် ကျရှုံးမည်မှာ ပြောနေရန်ပင်မလိုဘဲ တစ်ချက်ကြည့်ရုံနှင့်ပင် နားလည်နိုင်ပေသည်။

ထို့​ကြောင့် ရီဖူရှင်းက သေရပေလိမ့်မည်။

ရီဖူရှင်းသာ အသတ်ခံရလျှင် အနည်းဆုံးတော့ သူတို့သည် လက်ရှိအတိုင်း အနေအထားမပျက် နေနိုင်ပေလိမ့်မည်။

ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်တို့ ချဥ်းကပ်လာသည့်အခါ သူတို့သည် အကြာကြီးတွေဝေနေရန် မရှိတော့ဘဲ လှုပ်ရှားကြတော့သည်။ ရီဖူရှင်းပင်လျှင် ဤသို့သော အင်အားမျိုး၏ လက်မှ မလွတ်မြောက်နိုင်ပေ။ အစီအစဥ်က ပြည့်စုံလှပေသည်။

နတ်နန်းတော်နှင့် ရွှေရောင်နတ်ပြည်ထောင်မှ မဟာမိတ်များအတွက်ကတော့ သူတို့က စိတ်မပူပေ။ ထိုသည်မှာ အစကတည်းက ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ရင်ဆိုင်ရန် မဟာမိတ်ပြုထားခြင်း ဖြစ်၏။ ရီဖူရှင်း သေသွားလျှင် အရာအားလုံးက အဆုံးသတ်သွားမည် ဖြစ်သည်။ သူတို့သည် ၎င်းအပေါ်၌ အများကြီး စောင့်ထိန်းရန်မလိုအပ်ခဲ့ပေ။ သူတို့က နောက်ပိုင်း၌ ကောင်းကင်အာဏာစက်ကျောင်းတော် ကြီးထွားလာမည့် အ​ခြေအနေကိုသာ ပူပန်ခဲ့ခြင်း ဖြစ်သည်။ ကျောင်းတော်မှ တန်ခိုးရှင်များက ဤထိပ်သီးတန်ခိုးရှင်များကို ခြိမ်းခြောက်နိုင်စွမ်း မရှိချေ။

သူတို့သည် ကျောင်းတော်မှ တန်ခိုးရှင်များအား အချိန်တိုင်း စစ်ဆေးနေခြင်းဖြင့် သူတို့အား ဖိနှိပ်ထားနိုင်စွမ်း ရှိပေလိမ့်မည်။

ဤနေရာအပြင်ဘက် အဝေးတစ်နေရာမှ တန်ခိုးရှင်များသည်လည်း တိုက်ပွဲကို စောင့်​ကြည့်နေကြသည်။ သူတို့က ကောင်းကင်ဒေသမှ စုန့်အင်ပါယာနန်းတော်ကဲ့သို့ အင်အားစုများနှင့် မှော်နက်စစ်တပ်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။

မင်းသမီးဒွန်ဟောင်၊ လှံအင်ပါယာတုယူနှင့် အခြားသော တန်ခိုးရှင်များလည်း ရောက်နေကြသည်။ သူတို့သည် တိုက်ပွဲကို ကိုယ်တိုင်လာရောက် စူးစမ်းလေ့လာကြပေသည်။

"အဆုံးသတ်က ဆုံးဖြတ်ထားပြီးပြီဆိုရင် ဒီတိုက်ပွဲကို ဘာလို့ တိုက်ဖို့ လိုနေဦးမှာပဲ။" ထျန်းရှင်းကျောင်းအုပ်က ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များကို မေးလိုက်သည်။

"ကျောင်းအုပ်က ဘာလိုချင်တာလဲ။" အင်ပါယာနန်က ကျန့်အော့ကို တုံ့ပြန်လိုက်သည်။

အမှန်တွင် အင်ပါယာနန်သည်လည်း နားလည်ခြင်းမရှိပေ။ ရီဖူရှင်းအား သတ်ရန် ကျန့်အော့က ကိုယ်တိုင်လှုပ်ရှားရန် မည်သည့် အ​ကြောင်းရင်း ရှိသနည်း။ ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်က အစွမ်းထက်လာလျှင်ပင် ထျန်းရှင်းကျောင်းတော်သည် ဗဟိုအင်ပါယာဘုံ၌ မြင့်​မြတ်သော လေ့ကျင့်ရေးကျောင်းတော်တစ်ခု ဖြစ်နေဦးမည် ဖြစ်သည်။ ​ကောင်းကင်အာဏာစက်ကျောင်းတော်က သူတို့အား ကျော်တက်သွားလျှင် သူတို့အတွက် အထိအခိုက်ရှိမည် မဟုတ်ပေ။ အကြောင်းမှာ သူတို့က ဂိုဏ်းတစ်ခု မဟုတ်ဘဲ ကျောင်းတော်သာ ဖြစ်သောကြောင့် ဖြစ်၏။ ထျန်းရှင်းကျောင်းတော်၏ ကျော်ကြားမှုကိုလည်း အနည်းငယ်သာ ထိခိုက်နိုင်ပေသည်။

ကျန့်အော့က ဤအကြောင်းပြချက်ဖြင့် ရီဖူရှင်းအား သတ်ချင်ပါက သူ၏ အကြောင်းပြချက်က မလုံလောက်ပေ။

"အင်ပါယာနန် ခင်ဗျား ဒီတိုက်ပွဲကို ပါဝင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။" ကျန့်အော့က အင်ပါယာနန်ကို ပြန်မေးလိုက်သည်။ သူတို့နှစ်ယောက်လုံးကို မူလဘုံ၏ ထိပ်သီးတန်ခိုးရှင်များအဖြစ် သတ်မှတ်နိုင်သည်။

အင်ပါယာနန်က ကျန့်အော့ကို ကြည့်လိုက်သည်။ သူက ပြန်မဖြေဘဲ သူ ကျန့်အော့ထံမှ ကြားချင်သော အဖြေကိုလည်း မကြားခဲ့ရပေ။

ဖြစ်နိုင်သည်က အဖြေကို ကျန့်အော့တစ်ယောက်သာ သိနိုင်လိမ့်မည်။

အင်ပါယာနန်၏ လက်ထဲမှ ချင်းဟယ်နတ်ဓားက ပျံထွက်လာကာ ကောင်းကင်ထက် မျောလွင့်သွားသည်။ ချက်ချင်းပင် အဆုံးမဲ့ အစိမ်းရောင်နတ်အလင်းတို့က လေဟာနယ်ကို ဖုံးလွှမ်းသွားသည်။ ယင်းတွင် ကြောက်မက်ဖွယ် အလင်းတို့ ပါဝင်နေပြီး ဖျက်ဆီးခြင်း ဓားစွမ်းအားများက အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိပုံရလေသည်။

နတ်နန်းတော်သခင်သည်လည်း ရှေ့သို့ ခြေလှမ်းလိုက်ပြီး မြင့်မားသော နတ်တောင်ကုန်းတစ်ခုက သူတို့ရှေ့တွင် ချက်ချင်း ပေါ်ပေါက်လာသည်။ ၎င်းက ရီဖူရှင်းကို ကာကွယ်လွှမ်းခြုံလိုက်သည်။ နတ်နန်းတော်သခင်သည် နတ်တောင်ကုန်းထိပ်ဖျားတွင် ရပ်နေခဲ့သည်။ ကျောက်စာချပ်တစ်ခုက ပြင်းထန်လှသော အလင်းများကို ထုတ်လွှတ်ရင်း ကြီးမားကျယ်ပြန့်လာသည်။

အရှင်ထိုက်ရွှမ်သည်လည်း နတ်တောင်ကုန်းထိပ်တွင် မတ်တပ်ရပ်နေသည်။ မဟာလမ်းစဥ်ကု့ချင်းကြိုးများက သူတို့ အနီး၌ ပေါ်ပေါက်လာ၏။ သူသည် လက်ကို ဆန့်ထုတ်ကာ အနီးဝန်းကျင်ရှိ မဟာလမ်းစဥ်များကို အသုံးပြု၍ ကု့ချင်းကြိုးများအား တီးခတ်လိုက်သည်။ ထိုသည်မှာ နတ်ဘုရားပျောက်ဆုံးခြင်းတေးသွားသံစဥ်ပင် ဖြစ်သည်။

ကု့ချင်း၏ အသံများမှ လူအများသည် ပြင်းထန်သော ဒေါသနှင့် ဝမ်းနည်းမှုများကို ခံစားနိုင်သည်။

ဤသည်မှာ အရှင်ထိုက်ရွှမ်၏ လက်ရှိခံစားချက်ကို ရောင်ပြန်ဟပ်နေခြင်း ဖြစ်သည်။

သောမျိုးနွယ်စုခေါင်းဆောင်နှင့် ဝရိန်ခုနစ်ပါးကလန် ခေါင်းဆောင်သည်လည်း ဘယ်ညာတစ်ဖက်တစ်ချက်၌ ရပ်နေကြ၏။ သူတို့ထဲမှ တစ်ယောက်က လွှမ်းမိုးနိုင်သော ဝိညာဥ်စွမ်းအားကို သူ့ခန္ဓာမှ ထုတ်လွှတ်နေကာ အခြားတစ်ယောက်က ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်တို့အား ​ဖြန့်ကျက်၍ လေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ရှောင်တိန့်ထျန်းနှင့် ယောင်ယွဲ့ကလန်ခေါင်းဆောင်တို့ကလည်း သူတို့၏ အရှိန်အဝါများအား ထုတ်လွှတ်လိုက်၏။ နဂါးဘုရင်၊ ခြေသုံးချောင်းရွှေကျီးနတ်ဆိုးအရှင်၊ နတ်ဆင်အင်ပါယာနှင့် ကောင်းကင်အာဏာစက်ဘုံမှ အခြားသော ထိပ်သီးပုဂ္ဂိုလ်များက ရီဖူရှင်းကို ဝန်းရံကာ သူ့အား အကာအကွယ်ပြုထားသည်။ ကောင်းကင်ထက်တွင် ​ကြောက်မက်ဖွယ် မဟာလမ်းစဥ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။

အခြားတစ်ဖက်မှ တန်ခိုးရှင်များသည်လည်း အရပ်မျက်နှာအသီးသီး၌ နေရာယူထားကြကာ သူတို့အား ထိုးနှက်လာသည့် မုန်တိုင်းကို ခွင့်ပြုထားသည်။ သူတို့၏ ခန္ဓာကိုယ်များမှ အံ့သြစရာကောင်းလှသည့် အရှိန်အဝါများကို ထုတ်လွှတ်ထားသည်။

ရှန်ကလန်မှ ထိပ်သီးတန်ခိုးရှင် သုံးယောက်သည်လည်း ထိုနေရာ၌ အတူတကွ ရပ်နေကြသည်။ နတ်ရောင်ဝါများက သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေ၏။ တောက်ပသော ရောင်ဝါများက မဟာလမ်းစဥ်စွမ်းအားများ အားလုံးကို ဖျက်​ဆီးပစ်နေသည်။ ပြိုင်ဘက်ကင်း လေဟာနယ်မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး လေဟာနယ်ကို စုတ်ဖြဲပစ်နေသည်။

ရှန်ကလန်၏ တန်ခိုးရှင်သုံးယောက်လုံး၌ နတ်ဘုရားမျက်လုံးရှိကြသည်။ သူတို့သည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ လေဟာနယ်ကို ဖျက်ဆီးနိုင်သည့် ထက်ရှသော ဓားသွားများက နေရာအနှံ့မှ ပေါ်ပေါက်လာကာ ကောင်းကင်အာဏာစက်ကျောင်းတော်၏ တန်ခိုးရှင်များထံ တိုးဝင်သွားသည်။

ထျန်းရှင်းခုတ်ချက်က တည်ရှိမှုအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

ထျန်းရှင်းခုတ်ချက်၏ ကြောက်မက်ဖွယ် မုန်တိုင်းအောက်တွင် လေဟာနယ်က အက်ကြောင်းများ ဖြစ်ပေါ်လာသကဲ့သို့ ထင်မှတ်ရ၏။ ရှန်ကလန်၏ ထိပ်သီးတန်ခိုးရှင် သုံးယောက် ရောက်ရှိနေသော အဆင့်နှင့်ဆိုလျှင် သူတို့သည် မူလဘုံတစ်ခုလုံး၏ လေဟာနယ်ကို အပိုင်းပိုင်း ဖျက်ဆီးပစ်လိုက်နိုင်ပေသည်။ ယခင် သဏ္ဌာန်မဲ့ဘုံတိုက်ပွဲတွင် လှံအင်ပါယာတုယူ၏ မြေအောက်အရှင်တို့ တိုက်ခိုက်ကြသည့်အခါ လှံအင်ပါယာတုယူသည် မူလဘုံ၏ လေဟာနယ်ကို အင်အားအပြည့်နှင့် ထိုးဖောက်လိုက်ကာ နတ်ဆိုးအရှင်အား အဝေးသို့ လွင့်ထွက်သွားစေခဲ့သည်။

ရွှစ်! နှိုင်းယှဥ်၍မရနိုင်သော ကြောက်မက်ဖွယ် အစိမ်းရောင်နတ်အလင်းတို့ ပျံ့နှံ့လာသည်။ ချင်းဟယ်နတ်ဓားသည် အင်ပါယာနန်၏ လက်ထဲမှ ပျံထွက်လာပြီး လေဟာနယ်ကို တိုက်ရိုက် ထိုးဖောက်ပစ်လိုက်သည်။ ၎င်းသည် ကောင်းကင်ထက်သို့ ထိုးစိုက်လိုက်ကာ အဆုံးမဲ့ အစိမ်းရောင်နတ်အလင်းတို့ ဖြာထွက်လာ၏။ ထျန်းရှင်းခုတ်ချက်၏ မုန်တိုင်းက အစိမ်းရောင်နတ်အလင်းတို့ အနီးကို ရောက်ရှိလာသောအခါ တဖြေးဖြေးနှင့် အလင်းအောက်မှ ဖုန်မှုန့်များသဖွယ် ကွဲထွက်သွားသည်။ ၎င်းသည် အစိမ်းရောင်နတ်အလင်းတို့၏ နယ်မြေအတွင်း ချဥ်းကပ်တိုက်ခိုက်ရန် မဖြစ်နိုင်ပုံရပေသည်။

တန်ခိုးရှင်များသည် အင်ပါယာနန်ကို စိုက်ကြည့်လိုက်ကြသည်။ ​ကောင်းကင်ဒေသ၏ တည်ရှိမှုများထဲမှ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးမှာ ထင်ထားသည့်အတိုင်းပင် ဖြစ်၏။ သူက ရီဖူရှင်းအား သူ၏ ကန့်သတ်နယ်​မြေကို သုံးကာ ကာကွယ်ပေးထားသည်။ သူတို့က ယနေ့တွင် လုံလောက်သည့် အင်အားသာ မရှိခဲ့လျှင် ရီဖူရှင်းအား သတ်ဖြတ်ရန် အလွန် ခက်ခဲပေလိမ့်မည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏ အင်အားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှပေသည်။

သို့သော် ဤတစ်ကြိမ်တွင် အင်ပါယာနန်က ရီဖူရှင်းအား ကာကွယ်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့၏ အနီးတွင် လေနှင့် တိမ်တိုက်များက ဝန်းရံထားသည်။ ထျန်းရှင်းခုတ်ချက်၏ ဖျက်ဆီးမှုက ဤနေရာကို ၎င်းစွမ်းအားများအတွင်း ပိတ်လှောင်ထားပေသည်။ သူတို့သည် ရီဖူရှင်း၏ ဘက်မှ လူများက ရီဖူရှင်းအား ကာကွယ်ရန်အတွက် တိုက်ခိုက်မှုများအား ခံစစ်အကာအကွယ်အဖြစ် အသုံးပြုနေရကြောင်း ပြောနိုင်ပေသည်။

ရွှေရောင်နတ်ပြည်ထောင်မှ အသန်မာဆုံး တန်ခိုးရှင်နှစ်ယောက်သည် ကောင်းကင်ထက်၌ မတ်တပ်ရပ်နေသည်။ သူတို့သည် နတ်ဘုရားများ ဖြစ်လာသကဲ့သို့ ထင်မှတ်ရလောက်အောင် ခမ်းနားထည်ဝါကာ သြဇာအာဏာပြည့်ဝနေဟန် ရှိသည်။ သူတို့သည် လက်ထဲ၌ ရွှေရောင်နတ်လှံများကို ကိုင်ထားကြ၏။ နတ်ဘုရားပူဆွေးခြင်းက ထွက်ပေါ်လာပြီး ၎င်းအသံအတွင်း မဟာလမ်းစဥ်စွမ်းအားတို့ ပေါင်းစပ်ပါဝင်နေကာ ကု့ချင်းတေးသွားကို တားဆီးလိုက်သည်။ တစ်ချိန်တည်းမှာပင် သဏ္ဌာန်မဲ့ဖျက်ဆီးခြင်းမုန်တိုင်းက အောက်ဘက်သို့ ဖြာကျလာပေသည်။

ဘုန်း

ကြောက်မက်ဖွယ် ရွှေရောင်လျှပ်စီးများက ကောင်းကင်မှ အောက်ဘက်သို့ ရိုက်ခတ်လာသည်။ နတ်ဘုရားနှစ်ပါးသည် နတ်လှံနှစ်လက်ရို တစ်ချိန်တည်းမှာ ဆန့်ထုတ်ထိုးစိုက်လိုက်သည်။ ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ကျဆင်းလာ၏။ နတ်ဘုရားသတ်အလင်းတန်းက ချက်ချင်းပင် အစိမ်းရောင်အလင်းနယ်မြေကို ဖြတ်သန်းကာ အလယ်တွင် ရှိနေသည် ရီဖူရှင်းထံ တိုးဝင်သွားသည်။

နောက်ထပ် ကျယ်လောင်သော အသံကို ကြားလိုက်ကြရကာ ကြီးမားသော ကျောက်စာချပ်ကြီး ပေါ်ပေါက်လာသည်။ ယင်းသည် ကောင်းကင်ကိုပင် ပိတ်ဆို့ထားနိုင်လောက်အောင် ကြီးမားသော လက်ဝါးရိပ်ကြီး ဖြစ်လာသည်။ ၎င်းက နတ်လှံများထံ ပြေးဝင်သွားသည်။ မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် မုန်တိုင်းက သူတို့အနီးတွင် အော်မြည်လှည့်ပတ်နေသည်။ တုန်ခါပေါက်ကွဲနေသည့် အသံများက ဆက်လက်ထွက်ပေါ်နေသည်။ ကျောက်စာချပ်သည် ပြိုင်ဘက်ကင်း နတ်အလင်းတို့အား ထုတ်လွှတ်ပြီး ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ထန်နှင့် ကိုက်ချိန် ညီနောင်အား တိုက်ခိုက်လိုက်သည်။

နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များ၊ နတ်ဘုရားမာန်ဟုန်ဘုံကျောင်း၊ ထိုက်ချူတော်ဝင်မြေနှင့် အခြားအင်အားစုများသည်လည်း တစ်ယောက်ပြီးတစ်ယောက် မဟာလမ်းစဥ် စွမ်းအားများကို ထုတ်လွှတ်လိုက်ကာ ကောင်းကင်တွင် သူတို့၏ စွမ်းအားများနှင့် ပြည့်နှက်သွားသည်။ အမှန်တွင် ဤအင်အားစုများတွင် ထိပ်သီးပုဂ္ဂိုလ်တစ်ဦးထက် ပို၍ ရှိပေသည်။ နေမင်းနတ်နန်းတော်နှင့် နတ်ဘုရားမာန်ဟုန်ဘုံကျောင်း တို့သည် ကောင်းကင်ဒေသ၏ အင်အားစုမှ အခွဲများ ဖြစ်ကြသည်။ သို့သော်လည်း ဤထိပ်သီးပုဂ္ဂိုလ်များက မလှုပ်ရှားကြပေ။ သူတို့က လူအများကြီး မလိုအပ်ဟု ယူဆကြပေသည်။ လက်ရှိအင်အားနှင့်ပင် ရီဖူရှင်းအား သတ်ဖြတ်ရန် လိုအပ်သည်ထက်ပင် ပိုနေပြီ ဖြစ်၏။ သူတို့မလာခင် သူတို့က တိုက်ပွဲတွင် မည်သူတို့ ပါဝင်မည်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ​ဖြစ်သည်။

နေမင်းနတ်နန်းတော်သခင်က ကောင်းကင်ထက်တွင် ရပ်နေသည်။ ကျယ်ပြောသော အဆုံးမဲ့ နယ်မြေကို နေတစ်စင်းဖြင့် ဖုံးလွှမ်းထားသည်။ ကြောက်မက်ဖွယ် မီးလျှံမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းက အလွန် ပူပြင်းလှသည်။ မဟာလမ်းစဥ် စွမ်းအားသည်ပင် အငွေ့ပျံတော့မတတ်ဖြစ်လာကာ ပူပြင်းသော လေပွေအတွင်းမှ အရာအားလုံးကို အပူနှင့် အရည်ဖျော်ပစ်မလိုပင် ဖြစ်၏။

သူသည် ကောင်းကင်ထက်မှ ကောင်းကင်အာဏာစက်ကျောင်းတော် တန်ခိုးရှင်များထံ တစ်လှမ်းချင်း လျှောက်လာနေသည်။ ဖျက်ဆီးခြင်းနေမုန်တိုင်းက ဆက်လက်တောင်လောင်နေသည်။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး နေမင်း၏ အဆုံးမဲ့စွမ်းအားများက သူ့လက်ထဲ​တွင် စုစည်းလာသည်။ နေမင်းနတ်ဓားတစ်လက်က ချက်ချင်း ထွက်ပေါ်လာသည်။

ဤနေမင်းနတ်ဓားကို နေမင်းနတ်မီးလျှံမှ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အရာအားလုံးကို လောင်ကျွမ်းပြာချနိုင်သော မီးလျှံမုန်တိုင်းက နတ်ဓားအနီးတွင် ဝန်းရံထားသည်။ သူက ခေါင်းကို ငုံ့ကာ အောက်ဘက်သို့ ကြည့်လိုက်သည်။ လက်ဝါးရိုက်ချက်တစ်ချက်နှင့် နေမင်းနတ်ဓားသည် ချက်ချင်းပင် မဟာလမ်းစဥ်စွမ်းအားများကို ထိုးဖောက်ကာ အောက်ဘက်သို့ ဆက်လက် ထိုးဆင်းသွားသည်။

ချင်းဟယ်နတ်ဓားက ကောင်းကင်ထက်သို့ တစ်ဟုန်ထိုး ထိုးဆင်းသွားသည်။ အစိမ်းရောင်အလင်းများသည် ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ နေမင်းနတ်ဓားထံ တိုးဝင်သွားလေ၏။ ဤသည်မှာ နေမင်းနတ်ဓားက အောက်သို့ ဆင်းသက်လာခြင်းကို ရပ်တန့်လိုက်နိုင်သည်။ ဆန့်ကျင်ဘက်စွမ်းအား နှစ်ခုက ဆုံစည်းသွားကြပြီး ပြင်းထန်လှသည့်  လေဟာနယ်ဖျက်ဆီးခြင်း မဟာလမ်းစဥ်စွမ်းအားများ ဖြစ်တည်လာသည်။လေဟာနယ်အတွင်း ထိုဖျက်ဆီးခြင်း မုန်တိုင်းနှစ်ခုက လေပွေသဖွယ် လှည့်ပတ်နေသည်။ ထိုမြင်ကွင်းက ထိတ်လန့်အံ့သြဖွယ်ပင် ဖြစ်သည်။

နတ်ဘုရားမာန်ဟုန်ဘုံကျောင်း၏ အရှင်က သူ့လက်ဝါးကို အောက်ဘက်သို့ ဖိချလိုက်သည်။ ကျယ်လောင်လှသည့် အသံကို ကြားလိုက်ရပြီး တောင်ကဲ့သို့ ကြီးမားသော လက်ဝါးရိပ်ကြီးက အထက်မှ အောက်သို့ ဖိချလာသည်။

အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်သည် ပြိုင်ဘက်ကင်း စီဝေ့မဟာဝင်္ကပါကို တည်ဆောက်လိုက်သည်။ မရေတွက်နိုင်သော ကြယ်များက မဟာဝင်္ကပါကို လှည့်ပတ်နေသည်။ အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်က ရှည်လျားသော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့ ဆံပင်ရှည်များက လေထဲတွင် တဖျတ်ဖျတ် လွင့်နေ၏။ ခရမ်းရောင်နတ်အလင်းက သူ့မျက်လုံးများထဲမှ ထိုးထွက်လာသည်။

ချက်ချင်းပင် မဟာကြယ်ဝင်္ကပါက ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များကို ဖိနှိပ်လာ၏။ မဟာဝင်္ကပါအလယ်တွင် တည်ရှိမှုအားလုံးကို ရှင်းလင်းသုတ်သင်ပစ်နိုင်သည့် ဖျက်ဆီးခြင်းအလင်းတိုင်များ ရှိနေသည်။

ထိပ်သီးတန်ခိုးရှင်များက ဆက်လက်တိုက်ခိုက်နေကြသည်။ သူတို့၏ တိုက်ခိုက်မှုတစ်ခုချင်းစီက လောကကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားများ ပါဝင်နေသည်။ တစ်ယောက်ချင်းစီသည် သူတို့၏ ပြိုင်ဘက်များကို လွှမ်းမိုးနိုင်သော ထိပ်သီးပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ သူတို့နောက်တွင် ယခုထိ တိုက်ခိုက်ခြင်း မပြုရသေးသည့် တန်ခိုးရှင်များ ရှိနေသေးသည်။ သူတို့က ယခု စူးစမ်းလေ့လာနေရုံသာ ဖြစ်သည်။

မင်းသမီးဒွန်ဟောင်နှင့် မှော်နက်စစ်တပ်မှ တန်ခိုးရှင်များသည်လည်း ဤတိုက်ပွဲကို ကြည့်ရှုနေကြသည်။ စားသောက်ဆိုင်မှ မေ့ထန်၏ စွမ်းအားများသည် ထိုအဝေးသို့ပင် ရောက်ရှိလောက်အောင် အားကောင်းသဖြင့် သူသည်လည်း တိုက်ပွဲကို စောင့်ကြည့်နေနိုင်သည်။

သို့သော်လည်း အောက်ဘက် မြေပြင်မှ ကောင်းကင်အာဏာစက်ဘုံရှိ မရေတွက်နိုင်သော လူများမှာလည်း ကောင်းကင်သို့ မော့ကြည့်နေကြသည်။ သူတို့သည် တိုက်ပွဲကို ကြည့်ရုံသာ ကြည့်နေပြီး မမြင်ကြရပေ။ ကောင်းကင်ထက်တွင် မဟာလမ်းစဥ် ဖျက်ဆီးခြင်းမုန်တိုင်းများက ကောင်းကင်ကို ဖုံးလွှမ်းကာ နေကို ပိတ်ကွယ်ထားကြသည်။ ကြောက်မက်ဖွယ် နတ်အလင်းများကလည်း ဖြာထွက်နေ၏။ သူတို့က အဝေးကြီး၌ ရှိနေလျှင်ပင် မြေပြင်မှ လူများက ကောင်းကင်ထက်မှ ထုတ်လွှတ်နေသော စွမ်းအားများကို ခံစားမိနေသေးပေသည်။

သာမန်ရန်ဟောင်များက ဤတိုက်ပွဲကို မျက်မြင်တွေ့ရရန် အရည်အချင်း မပြည့်မီပေ။ အကယ်၍ သူတို့သာ အနီးကပ်စူးစမ်းကြည့်လျှင် အဝေးသို့ပင် ပြေးနိုင်မည် မဟုတ်ဘဲ ချက်ချင်း ​ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပေသည်။

***

All Chapters