← Chapters

လဲ့ရှင်းကို သတ်ဖြတ်ခြင်း

Vol. 7 Ch. 671

လဲ့ရှင်းကို သတ်ဖြတ်ခြင်း

Vol. 7 Ch. 671

ချန်းဖန် လက်သီး ထိုးလိုက်သည်နှင့် တစ်ချိန်တည်းတွင်ပင် အနက်ရောင် လှိုင်းများက ပေါ်ထွက်လာကာ ကြီးမားသော တွင်းပေါက်ကြီး တစ်ခုကို ဖန်တီးသည်။

ဟူး… ဟူး… ဟူး…

အနက်ရောင် တွင်းပေါက်ကြီးသည် တစ်စက္ကန့်လျှင် အကြိမ် တစ်ထောင်နှုန်းဖြင့် လျင်မြန်စွာ လည်ပတ်ရင်း ကြောက်မက်ဖွယ် ဝါးမျိုခြင်း ဆွဲအားကို ထုတ်လွှတ်သည်။

ဟူး… ဟူး… ဟူး…

အနက်ရောင် တွင်းပေါက်၏ စုပ်ယူမှုတွင် ဓားတန်ခိုးရှင် ချန်းဟယ်၏ အရပ်ရှစ်မျက်နှာ ဓားအလုံးစုံကား ချက်ချင်းပင် စုပ်ယူခံရ၏။

"မကောင်းတော့ဘူး…"

ချန်းဟယ်သည် အလွန်အမင်း စိတ်ပူလာမိသည်။ သူသည် ထိုမျှ အစွမ်းထက်သော ဝါးမျိုခြင်း စွမ်းအားမျိုးကို တစ်ကြိမ်မျှ မမြင်ခဲ့ဖူးချေ။

"သူက ဘာကိုပဲ ဖြစ်ဖြစ် တိုက်ရိုက် သန့်စင် နိုင်တာလား… ဒီလို ကျင့်စဉ်မျိုး သူဘယ်က ရလာတာလဲ"

"ဘုန်း…"

ချန်းဟယ် တွေးနေစဉ်မှာပင် ချန်းဖန်၏ လက်သီးက သူ့ထံသို့ တည့်တည့်မတ်မတ် တိုးဝင်လာသည်။ ချန်းဟယ်သည် သူ၏ အဇူရာ ဓားကိုမြှောက်ကာ ချန်းဖန်၏ လက်သီးကို တားဆီး၏။

အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ လက်သီးက ဓားကိုထိ၏။

"ခရက်…"

လက်သီးနှင့် ထိတွေ့ရာတွင် ချန်းဟယ်၏ အဇူရာ ဓားက ကျိုးပဲ့ရ၏။ သို့သော်လည်း ချန်းဖန်၏ လက်သီးကမူ ရပ်တန့်ခြင်း မရှိဘဲ ချန်းဟယ်၏ ရင်ဘတ်သို့ တိုးဝင်သည်။

"ဝေါ့…"

ဓားတန်ခိုးရှင် ချန်းဟယ်သည် သွေးတစ်လုတ် အန်ကာ နောက်သို့ ပေပေါင်းများစွာအထိ လွင့်စဉ်သွား၏ သို့တိုင်အောင် သူသည် အရှိန်မသတ်နိုင်ပဲ တောင်ငယ် တစ်ခုကို တိုက်ကာ အထဲသို့ ချိုင့်ဝင်သွား၏။

လက်သီးတစ်ချက်…

လက်သီးတစ်ချက် အတွင်းမှာပင် အဆင့်မြင့် ဝိညာဉ်လက်နက် ပျက်စီးကာ ဓားတန်ခိုးရှင် ချန်းဟယ် ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်သည်။

မြေကမ္ဘာ နတ်ဘုရား အားလုံးသည် ထိုမြင်ကွင်းကို ကြည့်ရင်း တိတ်ဆိတ် နေကြသည်။ သူတို့သည် စကားတစ်ခွန်းပင် မဆိုနိုင်ကြချေ။

မိုးကြိုးမြင်းပျံ၊ အဖြူရောင်မြွေ၊ ချမ်ရဲ့ရွှယ်တို့မှာမူ ချန်းဖန်ကို ကြည့်ရင်း အကြီးအကျယ် ထိတ်လန့်နေကြပြီ ဖြစ်လေသည်။

ဓားတန်ခိုးရှင် ချန်းဟယ်ပင် ချန်းဖန်ကို အနိုင်မယူနိုင်ရာ မည်သူက အနိုင်ယူနိုင်တော့ မည်နည်း။

မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းသည် အစွမ်းထက်သည် ဆိုသော်လည်း သူသည် ချန်းဖန်ကဲ့သို့ ချန်းဟယ်ကို လက်သီးတစ်ချက်ဖြင့် အနိုင်ယူနိုင်မည် မဟုတ်ချေ။

"အစ်ကိုချန်းဟယ်… ကျုပ် လျှို့ဝှက် နည်းစနစ်ကိုသုံးပြီး အရှိန်မြှင့်လိုက်ပြီ… မိုကြိုးသစ်သီးကို ခူးဖို့  နောက်ထပ် မိနစ်ဝက်ဆို လုံလောက်ပြီ… ဒီကိစ္စပြီးတာနဲ့ ခင်ဗျားကို ကူညီပြီး အဲဒီသောက်ကလေးကို သတ်ပေးမယ်"

မြေကမ္ဘာ နတ်ဘုရားလဲ့ရှင်းက အော်ဟစ် ပြောလိုက်သည်။

တစ်ချိန်တည်းတွင်ပင် သူ၏လက်မှ ရွှေရောင် လျှပ်စီးနဂါး ကိုးကောင် ထွက်ပေါ်လာကာ ချိန်းကြိုးများအဖြစ် အနက်ရောင် တောင်ငယ်အား ရစ်ပတ်၏။

သူက လျှပ်စီး နဂါးကိုးကောင်ကို ထိန်းချုပ်ရင်း တိုက်ပွဲနေရာအား လှည့်ကြည့်လိုက်သည်။ သို့သော်လည်း ထိုနေရာတွင်မူ မားမားမတ်မတ် ရပ်နေသော ချန်းဖန်ကိုသာ သူ တွေ့လိုက်ရသည်။

"ဟင်… အစ်ကိုချန်းဟယ် ဘယ်ရောက် သွားတာလဲ…"

ချန်းဟယ်က ရှာဖွေလိုက်ရာ မြေပြင်၌ အပိုင်းအစ နှစ်ခုအဖြစ် ကျိုးပဲ့နေသော အဇူရာ ဓားကို တွေ့လိုက်ရသည်။

"ဒါက လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ ထိပ်တန်း ဓားသုံးလက်မှာပါတဲ့ ချန်းဟယ်ရဲ့ ခွန်ဝူဓား မလား… လျှို့ဝှက် အဇူဂိုဏ်းရဲ့ သမိုင်းကိုကြည့်ရင် ဓားကြိုးတာနဲ့ လူရှုံးတယ်… ဒါဆို ချန်းဟယ်က မျက်တောင်တစ်ခတ်စာ အတွင်း ရှုံးသွားတာပေါ့"

လဲ့ရှင်း၏ နှလုံးများကား တဒိန်းဒိန်းမြည်အောင် ခုန်နေခဲ့ပြီ ဖြစ်သည်။

"မင်းက ငါ့ကို တိုက်ခိုက်တဲ့အပြင် ငါ့ရဲ့ ရတနာသစ်ပင်ကိုပါ ယူချင်တယ်… ငါ မင်းကို ဘာလုပ်သင့်တယ်လို့ ထင်လဲ"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း လဲ့ရှင်းကို ကြည့်လိုက်သည်။

"အကိုလဲ့ရှင်းကို မင်းဘယ်လို အနိုင်ယူခဲ့လဲ ဆိုတာတော့ ငါမသိဘူး… ဒါပေမဲ့ ငါ့မှာ ဝှက်ဖဲတွေ အများကြီးရှိတယ်… မင်းသာ ငါနဲ့ ငြိမ်းချမ်းရေးယူမယ် ဆိုရင် မင်းကို မိုးကြိုးသစ်သီး ခွဲပေးမယ်… မဟုတ်ရင်တော့… ငါ မင်းကို သတ်တာ အပြစ်မတင်နဲ့တော့"

လဲ့ရှင်းက ခိုင်မာစွာ ဆိုလိုက်၏။

မည်သို့ပင်ဆိုစေ သူသည် ခွန်ရှု့နယ်မြေ၏ ထိပ်တန်း ဆယ်ယောက်၌ ပါဝင်သူဖြစ်သည်။ သူ့တွင် နတ်ဘုရား စွမ်းအား၊ လျှို့ဝှက် ကျင့်စဉ်များစွာ ရှိပြီး ထိုအရာများကို သုံးပါက ချန်းဖန်ကို အသာစီး ယူနိုင်လိမ့်မည်ဟု သူ ယုံကြည်ချက် ရှိသည်။

"ဆုတောင်းနေလိုက်…"

ချန်းဖန်က လဲ့ရှင်း၏ ညှိုနှိုင်းမှုကို အဖတ်ပင် မလုပ်ချေ။ သူက လက်ကိုမြှောက်ကာ တိုက်ခိုက်လိုက်သည်။

"ဘုန်း…"

ဆယ်ပေခန့် ကြီးမားသော အဇူရာ လက်ဝါးကြီး တစ်ခုက တောင်ကြီး တစ်လုံးအလား ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။

"သောက်ကလေး… ခွန်ရှု့နယ်မြေကို လွှမ်းမိုးခဲ့တဲ့ လျှို့ဝှက်နည်းစနစ်က ဘယ်လိုလဲ ဆိုတာ မင်းကိုပြမယ်"

မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းက အော်ဟစ် လိုက်သည်။ ထို့နောက် သူက လက်များကို လှုပ်ယမ်း၍ ရွှေရောင် လျှပ်စီးနဂါး နှစ်ကောင်ကို ဆင့်ခေါ်လိုက်၏။

ကောင်းကင်နတ်ဆိုး မိုးကြိုး…

ထိုအရာကား ကောင်းကင်မိုးကြိုးဂိုဏ်း၏ ထိပ်တန်း နည်းစနစ်တစ်ခု ဖြစ်သည်။ လဲ့ရှင်း ဖန်တီးထားသော ရွှေရောင် လျှပ်စီးနဂါးများသည် အလွန် သန်မာလှရကား ဝိညာဉ် လက်နက်ပင် ထိုအရာကို ပိတ်ဆို့နိုင်မည် မဟုတ်ချေ။

သို့သော်လည်း ချန်းဖန်၏ တိုက်ခိုက်မှုမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသေး၏။

သူသည် မူလအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်၊ အစစ်အမှန် အမတေနှင့် နတ်ဘုရား စိတ်ဝိညာဉ်တို့သည် တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းနေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် သူ၏လက်ဝါး တိုက်ခိုက်မှုတွင် ကောင်းကင်ဝါးမျိုခြင်း အစစ်အမှန် အမတေအပြင် ကောင်းကင် ခန္ဓာ စဦး အောင်မြင်ခြင်း အဆင့်၏ စွမ်းအားများပါ ပါဝင်နေသည်။

"ဟူး…"

အဇူရာ လက်ဝါးကြီးက ရွှေရောင်လျှပ်စီး နဂါးများကို အုပ်မိုး၏။

ရွှေရောင် လျှပ်စီးနဂါးများသည် အဇူရာ လက်ဝါးကို ထိုးဖောက်ရန် ကြိုးစားသော်လည်း အဆုံး၌ သူတို့သာလျှင် အပိုင်းပိုင်း အစစ ကွဲကြေကာ ပျက်ပြယ် ရသည်။

"ဟူး…"

ရွှေရောင် နဂါးများကို ဖျက်ဆီးပြီးနောက် အဇူရာ လက်ဝါးက ရပ်တန့်ခြင်းမရှိဘဲ လဲ့ရှင်း အပေါ်သို့ ဆက်လက်ကျသည်။

"လာစမ်း…"

လဲ့ရှင်းက အော်ဟစ်လိုက်ရာ သူ၏ နောက်ကျော၌ မိုးကြိုးတောင်ပံ နှစ်ခု ဖြစ်တည်လာသည်။ သူက ထိုအတောင်ပံနှစ်ခုကို ခတ်လိုက်ရာ လေဆင်နှာမောင်း နှစ်ခု ဖြစ်ပေါ်လာသာ်။

"ခရက်…"

တစ်ချိန်တည်းတွင်ပင် သူ၏ နဖူး၌ အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ထိုအက်ကြောင်းမှ ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ချန်းဖန်ထံသို့ တိုးဝင်သည်။ ထိုအလင်းတန်း၏ အရှိန်ကား အသံ၏ အဆနှစ်ဆယ် အထိပင် မြန်ဆန်သည်။

"အဲဒါက ကောင်းကင်မိုးကြိုးဂိုဏ်းရဲ့ နတ်ဘုရား စွမ်းအား… ကောင်းကင် မိုးကြိုး မျက်လုံးပဲ"

လနတ်သမီးက ထိတ်လန့်တကြား ရေရွတ်လိုက်မိ၏။

ကောင်းကင်နတ်ဆိုး မိုးကြိုး…

လေမိုးကြိုး အတောင်ပံ…

ကောင်းကင်မိုးကြိုး မျက်လုံး…

ပုံမှန်ဆိုလျှင် ကျင့်ကြံသူ တစ်ယောက်သည် နတ်ဘုရားစွမ်းအား တစ်ခုကိုသာ ပိုင်ဆိုင်သည်။ သို့သော်လည်း လဲ့ရှင်းကမူ တစ်ချိန်တည်းတွင် နတ်ဘုရားစွမ်းအား သုံးခုအထိ ပိုင်ဆိုင်နေ၏။

သူကား အမှန်တကယ်ပင် ခွန်ရှု့နယ်မြေ၏ ထိပ်တန်း ကျင့်ကြံသူ ဆယ်ယောက်၌ ဝင်သူ ပီသပေသည်။

သို့သော်လည်း ချန်းဖန်ကမူ ကြောက်လန့်ခြင်း မရှိဘဲ အဇူရာ လက်ဝါးကို ဆက်လက် ထိန်းချုပ်၏။ လဲ့ရှင်း၏ နတ်ဘုရား စွမ်းအား တိုက်ခိုက်မှုများကား သူ့အတွက် ဂရုစိုက်စရာ မလိုပုံပင်။

"ဘုန်း…"

အဇူရာ လက်ဝါး၏ တိုးဝင်မှုတွင် လဲ့ရှင်း၏ ကောင်းကင်မိုးကြိုး မျက်လုံး အလင်းတန်းမှာ ပထမ ပျက်စီးရ၏။

"ဘုန်း…"

လဲ့ရှင်းက အတောင်ပံ နှစ်ဖက်ကို မြှောက်၍  လက်ဝါးကို ခုခံသော်လည်း ထိုအတောင်ပံ နှစ်ဖက်ပါ ကျိုးကြေ၍ အရောင် မှေးမှိန်သွားလေသည်။

အဇူရာ လက်ဝါးက အရာ အားလုံးကို ဖျက်ဆီးပြီးသည်နှင့် လဲ့ရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ တန်းတန်းမတ်မတ်ပင် ကျသည်။

"ဘုန်း…"

လက်ဝါး၏ ရိုက်ခတ်မှုတွင် လဲ့ရှင်း၏ ခန္ဓာကိုယ်သည် မြေပြင်သို့ တန်းတန်းမတ်မတ် ကျ၏။

"ဘုန်း…"

အဇူရာ လက်ဝါးက သူကျရောက်သော နေရာကိုပါ ဆက်လက် ရိုက်နှက်ရာ မြေထု၌ ဆယ်ပေခန့် ကြီးမားသော လက်ဝါးရာကြီး တစ်ခု ဖြစ်ပေါ်လာသည်။

"ဘုန်း…"

အဇူရာ လက်ဝါး၏ ကျဆင်းမှုတွင် မြေပြင် တစ်ခုလုံးမှာ တဆတ်ဆတ် တုန်ယင်သွားကာ မြေပြင်တစ်ခွင်လုံး ဖုံများဖြင့် ဖုံးအုပ်သွားတော့သည်။

လူတိုင်းသည် တုန်လှုပ်နေသော မြေပြင်၏ အထက်၌ ဟန်ချက်ကို ထိန်းကာ ရပ်ရင်း ဖုန်များအတွင်းမှ လက်ဝါးရာကြီး ရှိရာဆီသို့ မှန်းဆ၍ ကြည့်လိုက်ကြသည်။

"လဲ့ရှင်း ရှုံးသွားတာလား…"

***

All Chapters