← Chapters

ရန်မစသင့်သူ

Vol. 7 Ch. 676

ရန်မစသင့်သူ

Vol. 7 Ch. 676

"အဲဒီသတင်းက တကယ်ကြီးလား"

များစွာသော လူများက မယုံကြည်နိုင်စွာ မေးကြ၏။

"ငါကြားတာကတော့ ကောင်းကင်တံခါးက  မြေကမ္ဘာ အဆင့် ငါးယောက်တောင် ထွက်လာတာတဲ့… အဲဒီအထဲက နှစ်ယောက်က ခွန်ရှု့ နယ်မြေမှာတောင် လွှမ်းမိုးနိုင်တဲ့ လူတွေတဲ့… ဒါပေမဲ့ ချန်းပေ့ရွှမ်းက သူတို့ကိုသတ်ပြီး စားပစ်လိုက်တယ်တဲ့"

ခွန်းလွန်မှ အမည် မဖော်ပြထားသော တစ်ယောက်က တိကျခိုင်မာစွာ ပြောသည်။

"မြေကမ္ဘာအဆင့် ငါးယောက်…"

လူတိုင်းမှာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားကြသည်။

ထိုပမာဏကား ကမ္ဘာတွင်ပင် မရှိသော ပမာဏဖြစ်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းက အားလုံးကို သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

"ဒီနေ့ကစလို့ ဂျပန် သိုင်းလောကက ချန်းပေ့ရွှမ်းရဲ့ ဦးဆောင်မှု နောက်ကို လိုက်ကြမယ်… သူ့ကို ဘယ်သူကမှ မဆန့်ကျင်ရဘူး"

ဂျပန် ကင်ဒို မာစတာ အီရီကာက ဂျပန် သိုင်းလောကကို ကြေညာ၏။ သူမ၏ ကြေညာချက်ကို အိုင်းမဟာ ဘုရားကျောင်း၏ ကောင်းကင်သခင်က ထောက်ခံသည်။

အိန္ဒိယ၏ ဘရာမင် ခေါင်းဆောင်များ၊ တောင်အမေရိက၏ ရွှေရောင်ဂိုဏ်း နတ်ဘုရား၊ အရှေ့တောင် အာရှ၏ ဗုဒ္ဓဘာသာ ခေါင်းဆောင်များ၊ အာဖရိက၏ ဘိုဒွန်းတို့ကလည်း တူညီသော အမိန့်ကို ထုတ်ပြန်ကြသည်။

ချန်းပေ့ရွှမ်းကား အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

သူသည် မြေကမ္ဘာအဆင့် ငါးယောက်ကို သတ်ဖြတ်ခဲ့သည်။ ထိုအရာသည် သွေးဘိုးဘေးကို သတ်ဖြတ်ခြင်းထက် ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလှ၏။

***

ခရစ်ယာန် ဘုရားကျောင်း၊ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း တစ်ခုအတွင်း…

"ခွန်ရှု့နယ်မြေလို ဒဏ္ဍာရီလာ နယ်မြေတစ်ခုတောင် ရှုံးနိမ့်ခဲ့ရတယ် ဆိုတော့ ငါတို့ ချန်းပေ့ရွှမ်းကို လျှော့တွက်ခဲ့မိတာပဲ"

ဗီသွာလျှော်ဖြင့် ရက်လုပ်ထားသော ပိတ်အင်္ကျီကို ဝတ်ဆင်ထားသည့် အဘိုးအို တစ်ယောက်က ချောင်းဆိုးရင်း ပြောလိုက်သည်။

လေးလံ ကြီးမားသည့် ဝတ်စုံကို ဝတ်ဆင်ထားသော စီရင်သူ လူဖြူ တစ်ယောက်က မျက်မှောင်ကြုတ်ရင်း…

"ကောင်းကင်တံခါးက အပြည့်အဝ မတည်ငြိမ်သေးဘူး ဆိုတော့ ခွန်ရှု့နယ်မြေက လူတွေ အများကြီး ဝင်လာနိုင်မှာ မဟုတ်ဘူး… ဒါပေမဲ့ ချန်းပေ့ရွှမ်းကလည်း အမှန်တကယ် အစွမ်းထက် ပါတယ် … သူက သွေးဘိုးဘေးကိုတောင် သတ်ပစ်လိုက်နိုင်တယ်"

"သွေးဘိုးဘေးက သေသွားပြီဆိုတော့ ငါတို့မစ်ရှင်က အောင်မြင်သွားပြီလို့ ဆိုနိုင်တယ်… ဒီတော့ ငါတို့…"

"သွေးဘိုးဘေးဆိုတာက လူတစ်ယောက်တည်းကို ရည်ညွှန်းတာ မဟုတ်ဘူး… အဲဒါက သွေးပင်လယ် အနက်ပိုင်းမှာနေတဲ့ နတ်ဆိုးအုပ်စုကို ရည်ညွှန်းတဲ့ နာမည်တစ်ခုပဲ"

တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်၍ လာ၏။

လူဖြူ စီရင်သူက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာ ချောမွတ်သော အသားအရေ နှင့် အပြာရောင် မျက်လုံးများရှိသော ခြေပြောင်လူငယ် တစ်ယောက် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူငယ်သည် အသက် ဆယ့်ခြောက်နှစ်ခန့်ဟုသာ ထင်ရသည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားများက ကောင်းကင်ကဲ့သို့ ကြီးကျယ် ခမ်းနားလှသည်။ သူ၏ ပုံစံက ပြန်လည် ဝင်စားလာသော တမန်တော် အတိုင်းပင်။

"သခင်ကြီး…"

အဘိုးအိုနှင့် လူဖြူ စီရင်သူက မတ်တပ် ရပ်၍ ခြေပြောင် လူငယ်အား ဦးညွှတ်လိုက်သည်။

"သွေးဘိုးဘေး သေသွားပြီဆိုပေမဲ့ စစ်ပွဲက မပြီးသေးဘူး… ဘာကိစ္စပဲရှိရှိ ငါတို့ ချန်းပေ့ရွှမ်းကို ရန်စလို့ မရဘူး… သူက သေခြင်းတရားကို ကိုယ်စားပြုတယ်"

ခြေပြောင်လူငယ်က ပြောလိုက်သည်။

"သခင်ကြီး… ကျုပ်တို့က ဘာဖြစ်လို့ ချန်းပေ့ရွှမ်းကို ကြောက်နေရမှာလဲ"

လူဖြူ စီရင်သူက မေးလိုက်သည်။

ခြေပြောင် လူငယ်က မျက်လုံးကို ဖြည်းညင်းစွာ ပိတ်ရင်း ခပ်တိုးတိုး ရေရွတ် လိုက်သည်။

"ငါ သူ့ခန္ဓာကိုယ်တည်းက ဖာသာကို တွေ့ ပြီးပြီ"

အဘိုးအိုနှင့် လူဖြူ စီရင်သူ နှစ်ယောက်စလုံး ဆွံ့အကာ ဆိတ်ငြိမ် သွားတော့၏။

***

"အစီအစဉ် ပြောင်းမယ်… ချန်းပေ့ရွှမ်းကို ရုရှားနဲ့ တန်းတူ ပထမအဆင့် အန္တရာယ်ထဲကို ထည့်ရမယ်"

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က အမိန့်ထုတ်ပြန်သည်။

ယနေ့မှစ၍ ချန်းဖန်သည် အမေရိကန်၏ အကြီးမားဆုံး ပြိုင်ဘက် တရားဝင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူတို့သည် ချန်းဖန်ကို ဖျက်ဆီးရန်အတွက် နျူကလိယ လက်နက် အပါအဝင် မည်သည့် အရာကိုမဆို ထုတ်သုံးမည် ဖြစ်သည်။

ရုရှားကလည်း အိုလက်ကို စေလွှတ်၍ ချန်းဖန်နှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးစား၏။ တရုတ်အပါအဝင် အခြားအင်အားကြီး နိုင်ငံများကလည်း ကိုယ်ပိုင် အစီအစဉ်များကို ချမှတ်ကြသည်။

***

ထိုအချိန်၌ ချန်းဖန်ကမူ နတ်ဘုရား သင်္ချိုင်းတောင်ကြားမှ ထွက်၍ ဓားနန်းတော်သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်လေသည်။

"ဒီတစ်ကြိမ်မှာ တော်တော်လေး ငါ ရခဲ့တာပဲ…"

ကြိုဆိုနေသော သူ၏မိဘများ အပါအဝင် မြောက်ပိုင်းချုံး ဂိုဏ်းဝင်များကို နှုတ်ဆက်ပြီးနောက် ချန်းဖန်သည် သူ၏ ပိုင်ဆိုင်မှုများကို ဆန်းစစ်ရန် လျှို့ဝှက်ခန်းအတွင်း ဝင်လာခဲ့သည်။

သူသည် အလယ်ဆင့် မြေကမ္ဘာ နတ်ဘုရား လေးယောက်ကို ဝါးမျိုခဲ့သည်။ ထိုလေးယောက်တွင် ပါဝင်နေသော အစစ်အမှန် အမတေများက အလွန်ပင် များပြားလှရကား သူ ယခုထိ အကုန်အစင် မသန့်စင်နိုင်သေးချေ။

အကယ်၍ သူသာ အစစ်အမှန် ခွန်ပန် သားရဲတစ်ကောင်ဖြစ်ပါက ထိုအရာကို စိတ်ပူစရာ လိုလိမ့်မည် မဟုတ်ချေ။ ခွန်ပန်၏ ခန္ဓာကိုယ်သည် အလွန်ပင် ကျယ်ပြန့်လှရကား ဂလက်စီကြီး တစ်ခုလောက် စွမ်းအားများကိုပင် ဝါးမျိုနိုင်ပေလိမ့်မည်။

သို့သော်လည်း ချန်းဖန်ကမူ ခွန်ပန်ကျင့်စဉ်ကို ကျင့်ကြံသည့် သာမန်လူသား ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။

"ခွန်ပန်ရဲ့ နတ်ဘုရား စွမ်းအားက အရမ်းကို အစွမ်းထက်တယ် ဆိုပေမဲ့ ငါ ခဏခဏ သုံးနေလို့မရဘူး… တကယ်လို့ အဆင့်မြင့် ကျင့်ကြံသူတွေ သတိထားမိသွားရင် ငါ ဒုက္ခ ရောက်လိမ့်မယ်… နောက်တစ်ကြိမ် အနက်ရောင် ကိုင်လင်လို သားရဲတစ်ကောင် တွေ့တာနဲ့ ငါ ချက်ချင်း ဝါးမျိုပစ်ရမယ်… သူတို့ရဲ့ အထူး စွမ်းအားတွေက ငါ့အတွက် အတော်လေး အသုံးဝင်တယ်"

ချန်းဖန်က သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ အနက်ရောင်နှင့် ရွှေရောင် ရောနှောနေသော မီးတောက်သည် သူ၏မျက်လုံးတွင် လင်းလက်နေ၏။

ဝှစ်…

ရုတ်တရက် မျက်လုံးနှစ်ဖက်မှ မီးတောက်နှစ်ခု ထွက်ပေါ်လာကာ အရှေ့ရှိ လေထုအား လောင်ကျွမ်းသည်။

အနက်ရောက် ကိုင်လင် မီးတောက်၏ ပေါင်းစပ်မှုတွင် လီရွှေရောင် မီးတောက်သည် ပို၍ အစွမ်းထက်လာခဲ့သည်။ ယခု အချိန်၌ ထိုမီးတောက်သည် အလယ်ဆင့် ဝိညာဉ်လက်နက် တစ်ခုကို အလွယ်တကူ လောက်ကျွမ်း ပစ်နိုင်နေပြီ ဖြစ်သည်။

"လက်နက်တွေလည်း ငါ ရခဲ့သေးတယ်"

ချန်းဖန်က ဓားသန့်စင်ခြင်း ကျောက်မျက် အတွင်းမှ ရတနာ အချို့ကို ထုတ်ယူ လိုက်သည်။

"အဆင့်မြင့် ရေခဲ ဝိညာဉ် ဝတ်စုံ…"

"မန္တန် စိန်ပုတီးလုံး…"

"အနီရောင် ရှေးဟောင်းဓား…"

"ခရမ်းရောင် မိုးကြိုးဓား…"

ပထမ သုံးခုသည် အဆင့်မြင် ဝိညာဉ်ရတနာများ ဖြစ်ပြီး နောက်ဆုံးတစ်ခုမှာ တစ်ဝက်တစ်ပျက် ဝိညာဉ်ရတနာ ဖြစ်သည်။

ချန်းဖန်က မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်း ကျန်ရစ်သော ခရမ်းရောင် မိုးကြိုးဓားကို ကိုင်ရင်း သေချာစွာ စစ်ဆေး ကြည့်လိုက်၏။

"ဒါက တကယ်ကြီး တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာပဲ… ဒီလက်နက်ကို ရတဲ့ သာမန်လူ တစ်ယောက်က မြေကမ္ဘာ အဆင့်လောက် အစွမ်းထက်လာမှာ သေချာတယ်"

သူ၏ လက်ရှိ အဆင့်ဖြင့်ပင် ခရမ်းရောင် မိုးကြိုးဓားသည် အလွန် အဖိုးထိုက်တန်၏။

သူ့သာ ထိုဓားကိုသုံးပါက လေယာဉ်တင် သင်္ဘောကြီးများ မဆိုထားနှင့်  တောင်များ၊  မြစ်များကိုပင် လွယ်ကူစွာ ထက်ဝက် ပိုင်းပစ်နိုင်သည်။

"တစ်ဝက်တစ်ပျက် ရတနာတွေက အရမ်းကို ရှားပါးတယ်… ကောင်းကင်မိုးကြိုး ဂိုဏ်းမှာတောင် မျာများစားစား ရှိမယ်မထင်ဘူး… အခု ဒီဓားက ငါ့အပိုင်ဖြစ်သွားပြီ ဆိုတော့ ကောင်းကင်မိုးကြိုးဂိုဏ်းက အတော်လေး အားနည်းသွားမှာ သေချာတယ်"

ချန်းဖန်က တစ်ချက် ပြုံးလိုက်၏။

ယခု အချိန်၌ သူ့တွင် တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာသုံးခု ရှိနေပြီ ဖြစ်သည်။

"မာကျူရီ ဝတ်စုံ…"

"နတ်ဘုရားသတ် ဆူးချွန်…"

"ခရမ်းရောင် မိုးကြိုးဓား…"

ချန်းဖန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"မာကျီရီ ဝတ်စုံက ငါ့ခန္ဓာကိုယ်ကို ကာကွယ် ပေးနိုင်တယ်… နတ်ဘုရားသတ် ဆူးချွန်ကတော့ အဝေးရောက် တိုက်ခိုက်မှုတွေ လုပ်နိုင်တယ်… ခရမ်းရောင် မိုးကြိုးဓားက အနီးကပ် တိုက်ပွဲမှာ အသုံးဝင်တယ်"

"မိုးကြိုး ငါးခု ချိပ်တံဆိပ်ကို ဝိညာဉ် ရတနာအဖြစ် ပြောင်းပြီးတာနဲ့ ငါ ခွန်ရှု့နယ်မြေ တစ်ခုလုံးကို တစ်ကိုယ်တည်း ရင်ဆိုင်နိုင်ပြီ"

ချန်းဖန်သည် သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်အဝရှိသည်။ သို့သော်လည်း ကောင်းကင် တံခါးမှာ လောလောဆယ် မတည်ငြိမ်သေးရာ ခွန်ရှု့နယ်မြေကို ဝင်နိုင်ဦးမည် မဟုတ်ချေ။

"ခု ငါ့အဆင့်နဲ့ ကောင်းကင်တံခါးကို ဖြတ်မယ်ဆိုရင် အရမ်းကို အန္တရာယ် ရှိတယ်…"

"ရွှေအမြုတေ အဆင့် တစ်ယောက်ကပဲ ဟင်းလင်းပြင် စွမ်းအားကို ထိန်းချုပ်နိုင်တယ်… သွေးဘိုးဘေး စကား အရဆို သူ့ရဲ့ ဘိုးဘေးတွေက အခြားလမ်းကြောင်းတွေကနေ ထွက်သွားတာ ဆိုတော့… ကောင်းကင်လမ်းကြောင်းက ကမ္ဘာရဲ့ တစ်ခုတည်းသော စကြဝဠာ ထွက်ပေါက်တော့ မဖြစ်နိုင်ဘူး"

ချန်းဖန်က သူ၏မေးစေ့ကို ပွတ်သပ်ရင်း တွေးနေမိ၏။

"ငါ မူလအဆင့်ကို ဝင်ရောက်ပြီးတည်းက ငါ့ရဲ့ မိဘတွေ အစ်မအန် ရှောင်ချုံးတို့အတွက် သိပ်ပြီး အချိန် မပေးရသေးဘူး… နောက်ပြီး ဒီကမ္ဘာမှာ ငါ လုပ်စရာတွေ ရှိနေသေးတယ်… ဒီတော့ စကြဝဠာ ထွက်ပေါက်တစ်ခု တွေ့ရင်တောင် ချက်ချင်း ထွက်သွားလို့ မရသေးဘူး"

သူ ကမ္ဘာမှ ထွက်ခွာပါက ဆယ်စုနှစ်များစွာ ကြာသည်အထိ ကမ္ဘာကို ပြန်လာရန် မသေချာတော့ချေ။ ဤကမ္ဘာဂြိုဟ်၌ သူ ဖန်တီးခဲ့သော ရန်စများကား အလွန်ပင် များပြားလွန်းသည်။

သူမရှိသည်နှင့် မိဘများ၏ လုံခြုံရေးက စိတ်ချ၍ မရတော့ချေ။ ထို့ကြောင့် ကမ္ဘာမှ မထွက်ခွာခင် မြောက်ပိုင်းချုံး၏ အင်အားကို  တိုးတက်အောင် လုပ်ရန်လို၏။

"ကောင်းပြီလေ… အခု လတ်တလော လုပ်ရမှာကိုပဲ ငါ အာရုံစိုက်ရမယ်"

ချန်းဖန်က ဆုံးဖြတ်ချက် ချလိုက်သည်။

"မိုးကြိုးသစ်သီး သုံးလုံးကို ဘာလုပ်ရမလဲ"

ချန်းဖန်က ရွှေရောက်သစ်ပင်ပေါ်တွင် သီးနေသော မိုးကြိုးသစ်သီး သုံးလုံးအား မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်၏။

မိုးကြိုးသစ်သီး တစ်လုံးချင်းစီတိုင်းမှာ အဖိုးတန်ရတနာ ဆေးဝါးများဖြစ်ရာ သာမန် ကျင့်ကြံသူ တစ်ယောက်ကို မြေကမ္ဘာအဆင့် ဝင်ရောက်ရန် ထောက်ပံ့ပေးနိုင်၏။

"ပထမ တစ်လုံးကို ရဲ့ချင်စန်းကိုပေးပြီး သူနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ရမယ်… အဲဒါမှ ငါ ကမ္ဘာဂြိုဟ်ကနေ ထွက်သွားတဲ့ အချိန်မှာ သူက ငါ့မိသားစုကို ကာကွယ်ပေးမှာ"

"ဒုတိယ တစ်လုံးကိုတော့ ငါ့ဘာသာပဲ သိမ်းထားလိုက်မယ်… ဒုတိယပန်းချီရဲ့ သားရဲက မိုးကြိုး နတ်ဘုရားသားရဲ ဆိုတော့ မိုးကြိုးသစ်သီးက အသုံးဝင်လာမှာ"

"တတိယ တစ်လုံးကိုရော ဘယ်သူ့ကိုပေးရမလဲ"

ချန်းဖန်က မေးစေ့ကို ပွတ်ရင်း အနည်းငယ် စဉ်းစားလိုက်၏။

"အဖေ အမေနဲ့ ဖန့်ချုံးတို့ထဲက တစ်ယောက်ယောက်ကို ပေးမယ် ဆိုရင်လည်း သူတို့က သွေးဘိုးဘေးတို့လို အတွေ့အကြုံ ရင့်ကျက်တဲ့ မြေကမ္ဘာအဆင့်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး… ဟွာရန်ဖန်းနဲ့ ရှဲ့ရန်တို့ကို ပေးဖို့ကျတော့လည်း သူတို့က ငါနဲ့ သိပ်ပြီး နီးကပ်မှုမရှိဘူး"

ချန်းဖန် ဝေခွဲမရ ဖြစ်နေချိန်မှာပင် ရဲ့ချင်စန်းသည် အံ့ဩဖွယ် သတင်းနှင့်အတူ သူ့ထံသို့ ရောက်ရှိ လာခဲ့၏။

***

All Chapters