ကောင်းကင်သက်ရှိ တိုက်ရိုက် ဖြစ်လာခြင်း
Vol. 7 Ch. 679
မိုးကြိုးသစ်သီးသည် ရတနာဆေးဝါး ဖြစ်သည်။
သူတို့သည် သံလိုက်အမတေ မြေတွင်သာ ပေါက်ရောက်၍ နှစ်သုံးရာကြာတိုင်း အသီးသုံးလုံးသာ သီးသည်။ သို့သော်လည်း ချန်းဖန်ကမူ ထိုမျှတန်ဖိုးရှိသော ရတနာကို အသက်ကိုးဆယ် အရွယ် အဘိုးအိုကိုပေးကာ မူလအဆင့်သို့ တိုက်ရိုက် ရောက်ရှိရန် ကူညီ ပေးနေခဲ့ပြီ ဖြစ်သည်။
"ဘုန်း…"
အရှေ့တောင်ထိပ်တွင် မိုးကြိုးများသည် လင်းလက် တောက်ပနေ၏။
တစ်ချိန်တည်းတွင် ချန်းဟွိုက်အန်း၏ အင်္ကျီလက်များသည် လှုပ်ရှား ခါယမ်းနေကာ ကြီးမားသော စွမ်အားများကို ထုတ်လွှတ်နေ၏။
ဘုန်း… ဘုန်း… ဘုန်း…
အလင်းစက်များက နေရာအနှံ့ ပေါက်ကွဲနေပြီး ဝိညာဉ်ချီများသည် သူ၏ တစ်ကိုယ်လုံးတွင် ပျံ့နှံ့နေသည်။ အကယ်၍ ချန်းဖန်၏ ကာကွယ်မှုသာ မရှိလျှင် ဝိညာဉ်ချီများ၏ ဝါးမျိုမှုတွင် ထိုအဘိုးအထု၏ ခန္ဓာသည် ပေါက်ကွဲသွားလောက်ပြီ ဖြစ်သည်။
"ချန်းဖန် အဆင်ပြေရဲ့လား…"
ဖန့်ချုံးက ဘေးနားမှနေ၍ စိတ်ပူစွာ မေးလိုက်သည်။
"သူ အဆင်ပြေပါတယ်…"
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ သေမျိုးခန္ဓာကနေ ကောင်းကင်ခန္ဓာကို ပြောင်းလဲဖို့အတွက် ဆိုရင် သူ့အနေနဲ့ ကြီးမားတဲ့ နာကျင်မှုတွေကို ခံစားရလိမ့်မယ် မူလအဆင့်ကို ဘယ်သူမှ လွယ်လွယ်ကူကူနဲ့ ဝင်နိုင်မှာ မဟုတ်ဘူး"
ထိုအရာသည် ချန်းဖန် ချမ်းဟွိုက်အန်းကို ရွေးချယ်ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်၏။
အသက်ကိုးဆယ် အရွယ် အဘိုးအိုသည် ဘဝ၏ အထုအထောင်း၊ အရိုက်အနှက်များစွာကို ခံခဲ့ရပြီးနောက် ရင့်ကျက် တည်ငြိမ်နေသူ ဖြစ်သည်။
ဖန့်ချုံး၊ အန်ရာနှင့် ဝမ်ရှောက်ယွင်တို့သည် မြေကမ္ဘာ အဆင့်သို့တက်ရန် လိုအပ်သော ခန္ဓာကိုယ်နာကျင်မှုကို ခံစာနိုင်မည် မဟုတ်သေးချေ။
"ဘုန်း…"
ရုတ်တရက် ချန်းဟွိုက်အန်း၏ လက်သည် မိုးကြိုးအလင်းများအဖြစ် ပေါက်ကွဲထွက်သွား၏။ ထို့နောက် အဘိုးအို၏ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများသည်လည်း စတင် ပေါက်ကွဲသည်။
လက်များ၊ ပခုံးများ၊ ရင်ဘတ်…
အဆုံး၌ ချန်းဟွိုက်အန်း၏ ဦးခေါင်းနှင့် ကိုယ်တွင်း အင်္ဂါများသာ ကျန်ရှိတော့၏။ သူ၏ ကြွက်သားများ၊ သွေးကြောများကား ပေါက်ကွဲမှုတွင် ပါသွားခဲ့ပြီ ဖြစ်လေသည်။
ချန်းဟွိုက်အန်းသည် နာကျင်မှုကို တောင့်ခံကာ မျက်လုံးကို တင်းတင်း မှိတ်ထားဆဲ ဖြစ်သည်။
တစ်ချိန်တည်းတွင် သူ၏ ဦးခေါင်းထက်ရှိ ဓမ္မ ချိပ်တံဆိပ်သည် အဆုံးမဲ့ စွမ်းအားများကို ထုတ်လွှတ်၍ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်အား ကာကွယ်နေ၏။
"ငါက အဇူရာ သက်ရှည်ခန္ဓာကို စပြီးလေ့ကျင့်ကတည်းက ဒီလိုဖြစ်စဉ်ကို ကျော်ဖြတ်ပြီးပြီ… ဒါကြောင့် မူလအဆင့်ကို ရောက်တဲ့အခါမှာ ဘာနာကျင်မှုမှ မခံစားရဘူး ဒါပေမဲ့ အဘိုးက သာမန် လူတစ်ယောက် အဖြစ်ကနေ မူလအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာဆိုတော့ သူ့အတွက် အဲဒီနာကျင်မှုက သက်သာမယ် မထင်ဘူး"
ချန်းဖန်က တွေးရင်း ဓမ္မစွမ်းအားများကို အဘိုးအိုထံ ပို့လွှတ်လိုက်သည်။
"မိုးကြိုးသစ်သီးက မိုးကြိုးအထူးပြု ရတနာသစ်သီးပဲ… ရိုရိုးခန္ဓာ တည်ဆောက်တာထက် စာရင် အဘိုးအတွက် မိုးကြိုးဝိညာဉ် ခန္ဓာကိုယ် ငါတည်ဆောက်ပေးရမယ်"
ချန်းဖန်က ချက်ချင်းပင် နတ်ဘုရား စိတ်အာရုံမှတစ်ဆင့် ကျင့်စဉ် တစ်ခုကို ချန်းဟွိုက်အန်းထံသို့ လွှဲပြောင်းပေးလိုက်၏။ ချန်းဟွိုက်အန်းကလည်း ချက်ချင်းပင် ထိုကျင့်စဉ်ကို လက်ခံရရှိသည်။
မိုးကြိုးဝိညာဉ် ခန္ဓာသည် အဆင့်မြင့် ဝိညာဉ်ခန္ဓာ တစ်ခု ဖြစ်သည်။ ထိုကျင့်စဉ်ကို အောင်မြင်သည်နှင့် ကျင့်ကြံသူသည် မိုးကြိုး မုန်တိုင်းကို ဖန်တီးနိုင်ကာ လျှပ်စီး စွမ်းအားကို ထိန်းချုပ်နိုင်သည်။
ထိုခန္ဓာသည် အဆင့်မြင့် ဝိညာဉ်ခန္ဓာတစ်ခုသာ ဖြစ်သော်လည်း နတ်ဘုရား စွမ်းအား ကိုးခု ရောယှက်နေ၏။ ထိုနတ်ဘုရား စွမ်းအား ကိုးခုလုံး မဆိုထားနှင့် တစ်ခုသာ ရရှိခဲ့လျှင်ပင် ချန်းဟွိုက်အန်းသည် မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းကဲ့သို့ အစွမ်းထက် လာလိမ့်မည် ဖြစ်သည်။
"ဖွဲ့စည်းစမ်း…"
ချန်းဖန်က အော်ဟစ်လိုက်ရာ ချန်းဟွိုက်အန်း၏ အရိုးများထဲမှ မရေမတွက်နိုင်သော ရွှေရောင် သင်္ကေတ အလင်းစက်များ ထွက်ပေါ်လာ၏။
ထိုရွှေရောင် သင်္ကေတများသည် ဖန့်ချုံး၊ ချမ်ရဲ့ရွှယ်တို့၏ အရှေ့တွင်ပင် စုစည်း၍ ချန်းဟွိုက်အန်း၏ ကြွက်သားများအဖြစ် ပြန်လည်ကာ ဖွဲ့စည်း၏။
ဝှစ်… ဝှစ်…
အလင်းစက်များ၏ ပေါင်းစပ်မှုတွင် ချန်းဟွိုက်အန်း၏ သဏ္ဌာန်က ပြန်လည်ပီပြင်လာ၏။ အဆုံး၌ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရွှေရောင် အလင်းနှင့် လျှပ်စီးများ ဝန်ရံနေသည့် ရွှေရောင် လူသားအသွင် ဖြစ်ပေါ်လာသည်။
ဘုန်း….
ရုတ်တရက် အလင်းများက ပေါက်ကွဲကာ တဖြည်းဖြည်း လွင့်စဉ် သွားလေသည်။
အလင်းတန်းများ တဖြည်းဖြည်း ပြန့်ကျဲသွားသည်နှင့် ချန်းဟွိုက်အန်းအစား အသက်သုံးဆယ်အရွယ်၊ အနက်ရောင် ဆံပင်ပိုင်ရှင် လူငယ်တစ်ယောက်ကို တွေ့ရသည်။ ထိုလူငယ်သည် ချန်းဖန်၊ ချန်းကောရှင်းတို့နှင့် အနည်းငယ် ဆင်တူမှုရှိသည်။
"သူက နောက်တစ်ကြိမ် ပြန်ပြီးတော့ မွေးဖွားလာပြီ…"
ချမ်ရဲ့ရွှယ်၏ တီးတိုး ရေရွတ်လိုက်၏။
သူမတို့ ခွန်ရှု့နယ်မြေရှိ ကျင့်ကြံသူတိုင်း၏ အိပ်မက် ပန်းတိုင်သည် မြေကမ္ဘာ အဆင့်ပင် ဖြစ်သည်။
သို့သော် ထိပ်တန်း ပါရမီရှင်များတွင်ပင် ဘယ်လောက်များများက မြေကမ္ဘာအဆင့်ကို ဝင်နိုင်ကြသနည်း။
သို့သော်လည်း ယခု၌ ချန်းဖန်သည် မြေကမ္ဘာအဆင့် တစ်ယောက်ကို ခဏအတွင်း ဖန်တီး ပြခဲ့သည်။ ထိုအရာက အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှ၏။
"ရှောင်ဖန်… အဘိုးက မူလအဆင့်ကို ရောက်သွားပြီလား"
ဖန့်ချုံးက မေးလိုက်သည်။
"ခုထိ မရောက်သေးဘူး… သူ့ရဲ့ မူလနတ်ဘုရား စိတ်ဝိညာဉ်က ခုမှ အောင်မြင်ခါစ ရှိသေးတယ်… သူ့အနေနဲ့ အစစ်အမှန် မူလအဆင့်ကို ဝင်ဖို့ဆိုရင် မူလတံခါးကို သူ့ရဲ့ ဝိညာဉ် စွမ်းအားနဲ့ ဖွင့်ဖို့လိုတယ်"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။
တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ယောက် အတွက် မူလအဆင့်ကို တက်လှမ်းရန်မှာ အလွန်ပင် ခက်ခဲသောအရာ ဖြစ်သည်။ သို့သော် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်မှ မူလအဆင့်ကို ခုန်ပျံတက်ရောက်ခြင်းက အဆတစ်ရာ ပို၍ ခက်ခဲ၏။
"ခန္ဓာ အမတေ စိတ်ဝိညာဉ်သုံးခု ပေါင်းစည်းပြီး မူလတံခါးကို ဖွင့်…"
ချန်းဖန်က သူ၏လက်ကို ဆန့်ထုတ်ကာ လေထုအား ရိုက်နှက်လိုက်၏။
"ဘုန်း…"
ရုတ်တရက် ပေါက်ကွဲသံနှင့် အတူ ချန်းဟွိုက်အန်း၏ ခန္ဓာကိုယ်မှ အလင်းစက်များ ထွက်ပေါ်လာသည်။
ချန်းဖန်သည် ထိုအလင်းစက်များကို အစစ်အမှန် အမတေအဖြစ် ပြောင်းလဲကာ ချန်းဟွိုက်အန်း၏ ခန္ဓာနှင့်အင်္ဂါများကို ဖြည့်တင်းပေးသည်။
တစ်ချိန်တည်းတွင် ချန်းဟွိုက်အန်၏ နတ်ဘုရား စိတ်ဝိညာဉ်က မိုးကြိုးသစ်သီးမှ စွမ်းအားများကို စုပ်ယူကာ ရွှေရောင် နတ်ဘုရားဝိညာဉ် အသွင်သို့ ပြောင်းလဲ၏။
ချန်းဖန်၏ ထိန်းချုပ်မှုတွင် ခန္ဓာအမတေနှင့် စိတ်ဝိညာဉ် သုံးခုသည် တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းလာ၏။
"ဘုန်း…"
ရုတ်တရက် ချန်းဟွိုက်အန်၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ရွှေရောင် တောက်ပကာ ကောင်းကင်သို့ တက်၏။ ထို့နောက် ၎င်း၏ ပတ်ဝန်းကျင် ဆယ်မိုင်အတွင်း စုစည်းနေသော ဝိညာဉ်ချီများကို လောဘတကြီး စုပ်ယူသည်။
"သူက တကယ်ကြီး မြေကမ္ဘာနတ်ဘုရား ဖြစ်သွားပြီလား"
ချမ်ရဲ့ရွှယ်သည် ဆွံ့အ၍သွား၏။
ချန်းဖန်သည် ချက်ချင်းပင် အစီအရင်တစ်ခု ဖန်တီးကာ ကောင်းကင် မြင်ကွင်းကို ပိတ်လှောင်လိုက်သည်။
သူသည် မြောက်ပိုင်းချုံး၌ မြေကမ္ဘာအဆင့် တစ်ယောက် ထွက်ပေါ်လာသည်ကို ကမ္ဘာအား အသိမပေးလိုချေ။ နောင်တွင် ချန်းဟွိုက်အန်းသည် မြောက်ပိုင်းချုံး၏ ဝှက်ဖဲ ဖြစ်လာလိမ့်မည် ဖြစ်သည်။
ဝှစ်…
ချန်းဟွိုက်အန်း မျက်လုံး ပြန်ဖွင့်ချိန်၌ ကောင်းကင်ရှိ တိမ်တိုင်များကား ရှင်းလင်းသွားခဲ့ပြီ ဖြစ်လေသည်။
ကောင်းကင်သက်ရှိ အဖြစ်သို့ တိုက်ရိုက် ရောက်ရှိသွားခြင်း…
အရှေ့တောင်၌ ဖြစ်ပျက်ခဲ့သော ကိစ္စကား ချန်းဖန်၊ ချန်းဟွိုက်အန်း၊ ဖန့်ချုံးနှင့် ချမ်ရဲ့ရွှယ်တို့သာ သိရှိသောအရာ ဖြစ်သည်။ ထိုအရာသည် မြောက်ပိုင်းချုံး၏ အကြီးမားဆုံး လျှို့ဝှက်ချက်လည်း ဖြစ်၏။
ချန်းဟွိုက်အန်းသည် မူလအဆင့်ကို တက်လှမ်းပြီးနောက် မြောက်ပိုင်းချုံး ဂိုဏ်းအား ကာကွယ်ပေလိမ့်မည်။
သူ၏ကာကွယ်မှုတွင် ချမ်းဖန်သည် မိသားစုကို စိတ်ချလက်ချ ထားရစ်၍ ကမ္ဘာမြေမှ ထွက်ခွာကာ ကောင်းကင် လမ်းကြောင်းကို လျှောက်လှမ်း နိုင်ပေလိမ့်မည်။
"အဘိုးနဲ့ ရဲ့ချင်စန်းတို့ရဲ့ ကာကွယ်မှုအောက်မှာ ဆိုရင် မြောက်ပိုင်းချုံး ဂိုဏ်းကို ခွန်ရှု့နယ်မြေလို လျှို့ဝှက် နေရာတွေကလွဲ၍ ဘယ်အဖွဲ့အစည်းကမှ အန္တရာယ် ပြုနိုင်တော့မယ် မထင်ဘူး"
ချန်းဖန်က တွေးလိုက်၏။
ချန်းဟွိုက်အန်း၏ ပါရမီကား ချန်းဖန်ပင် ဩချရသည်။ သူသည် မူလ အဆင့်သို့ ဝင်ပြီးပြီးချင်းမှာပင် နတ်ဘုရား စွမ်းအားသုံးခုကို လက်ခံရရှိခဲ့သည်။ မိုးကြိုးဝိညာဉ် ခန္ဓာကိုယ်၏ အားဖြည့်မှုတွင် သူသည် အတွေ့အကြုံရင့် မြေကမ္ဘာအဆင့် တစ်ယောက်ကိုပင် ယှဉ်နိုင်လိမ့်မည် ဖြစ်သည်။
"ကောင်းကင်သက်ရှိ ဖြစ်လာပြီး နောက်မှာ ရှောင်ဖန် ဘာကြောင့် ကမ္ဘာမြေကို စွန့်ခွာချင်သလဲ ဆိုတာ ငါနားလည်ပြီ… ဒီကမ္ဘာမြေမှာ ကျင့်ကြံရင် တိုးတက်ဖို့က အရမ်းကို ခက်ခဲလိမ့်မယ်… စိတ်မပူနဲ့ ရှောင်ဖန်… အဘိုး မင်းရဲ့မိသားစုကို စောင့်ရှောက်ပေးပါ့မယ်"
ချန်းဟွိုက်အန်းက တိကျခိုင်မာစွာဖြင့် ဆိုလိုက်၏။
"ကောင်းပါပြီ…"
ချန်းဖန်က အသာအယာပင် ခေါင်းညိတ်လိုက်သည်။
ထိုအချိန်မှာပင် အရှေ့တောင်ထိပ်သို့ ယုဝမ်ကျင်း ရောက်ချလာ၏။
"ဆရာ… လင်းဝေ့ဝေ့ ငါ့ကို ဆက်သွယ်လာတယ်… ငါတို့ အထက်တန်း ကျောင်းတုန်းက အတန်းဖော်တွေက တွေ့ဆုံပွဲတစ်ခုလုပ်ဖို့ ရှိတယ်တဲ့… အဲဒါ နင်သွားဦးမလား"
***
အပိုင်း(၆၈၀)
မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံခြင်း
"လင်းဝေ့ဝေ့…"
ချန်းဖန်သည် အနည်းငယ် အံ့ဩသွားမိသည်။ ထိုနာမည်အား မကြားရသည်မှာ ရာစုနှစ်ချီ၍ ကြာခဲ့ပြီဖြစ်သည်။
သူမသည် အတိတ်ဘဝ၌ ယုဝမ်ကျင်း၊ ချန်းဖန်တို့နှင့် အတူ စီကျွေး၌ ပညာသင်ကြားခဲ့သည့် သူငယ်ချင်း တစ်ဦးဖြစ်သည်။
"နင်ဘယ်လို သူနဲ့ ဆက်သွယ်မိတာလဲ"
ချန်းဖန်က ယုဝမ်ကျင်းအား မေးလိုက်၏။
"ဝေ့ဝေ့နဲ့ ငါက ရင်းနှီးတယ်လေ… ငါ မြန်မာက ပြန်ရောက်ရောက်ချင်းပဲ သူက ငါ့ကို ဆက်သွယ်ခဲ့တာ… နောက်ပြီး သူတို့တွေက နင့်ကို တွေ့ချင်နေကြတယ်"
ယုဝမ်ကျင်းက ချန်းဖန်၏အနားသို့ လျှောက်လာရင်း ညင်သာစွာ ပြောလိုက်၏။
သူမသည် ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းသည့် မိန်းမပျိုလေးဖြစ်ရာ မူလကထက် ပို၍ လှပနေခဲ့သည်။ သူမ၏ ရုပ်ရည်သွင်ပြင်က ဆယ့်ခုနစ်နှစ်အရွယ် ကောင်မလေးနှင့် ခြားနားခြင်း မရှိချေ။
"ကောင်းပြီလေ… ငါ သူတို့ကို တွေ့သင့်တယ်… မတွေ့ရတာ အရမ်းကိုကြာနေပြီ"
ချန်းဖန်က ထိုင်ရာမှ ထလိုက်၏။
***
တွေ့ဆုံပွဲသို့ တက်ရောက်လာသူများမှာ လင်းဝေ့ဝေ့၊ ရန်ရှောင်ပိုင်တို့ အပါအဝင် ချန်းဖန်၏ သူငယ်ချင်းဟောင်းများ ဖြစ်သည်။ သူတို့သည် ကျင်းမြို့တော်၏ အဆင့်မြင့် စားသောက်ဆိုင် တစ်ခု ဖြစ်သော "မြောက်ကမ်းနား" စားသောက်ဆိုင်တွင် တွေ့ဆုံကြ၏။
"မြောက်ကမ်းနား" စားသောက်ဆိုင်သည် မြစ်ပြင် တစ်ခုလုံးကို မြင်နိုင်သည့် အဆင့်မြင့် စားသောက်ဆိုင် တစ်ခုဖြစ်သည်။ ထိုစားသောက်ဆိုင်တွင် လေညင်းခံရင်း မြစ်ပြင်အတွင်းရှိ လှေများအား အေးဆေးစွာ ကြည့်ရှု၍ရ၏။
"ဟေး… မင်း ငါတို့ကိုလာတွေ့ပြီ"
ချန်းဖန်အား တွေ့သည်နှင့် သူ၏ သူငယ်ချင်းဟောင်းများက တစ်ယောက်ပြီး တစ်ယောက် ပွေ့ဖက် နှုတ်ဆက်ကြသည်။
လင်းဝေ့ဝေ့ကလည်း ချန်းဖန်အား လာရောက် နှုတ်ဆက်သည်။ သူမသည် အသားကပ် ဂျင်းဝတ်စုံကို ဆင်မြန်းထားပြ ထူးခြားစွာ လှပနေ၏။
"နင် ဘယ်တွေ ရောက်နေတာလဲ… ငါတို့က နင့်ကိုပျောက်သွားပြီလို့ ထင်နေတာ"
လင်းဝေ့ဝေ့က ချန်းဖန်အား လက်သီးဖြင့်ထိုးရင်း စနောက်လိုက်သည်။ ရန်ရှောင်ပိုင်ကမူ ဘာမှဝင်မပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။
ရှု့ဟောက်ရွှမ်း၏ ပုံစံက ခန့်ညားနေကာ သူ၏ နံဘေး၌ လှပသော ကောင်မလေး တစ်ယောက်ကို တွေ့ရသည်။ ထိုကောင်မလေးသည် ပြုံးနေသော်လည်း သူ၏ မျက်လုံးများ၌ ရင်းနှီးဖော်ရွေမှုကို မတွေ့ရချေ။
ဝူကျွင်းကျဲ၏ အမူအရာက ပျော်ရွှင်နေဟန် ရသော်လည်း စိတ်ညစ်စရာများ ရှိနေပုံပင်။
"ငါလည်း အလုပ်တွေများနေတာနဲ့ မင်းတို့ကိုလာပြီး မတွေ့နိုင်ခဲ့တာ… ငါ့အမှားတွေပါပဲ… ကဲ အရင်ဆုံး သောက်လိုက်ကြရအောင်"
ချန်းဖန်က ပြုံးရင်း ပြောလိုက်၏။
အမှန်တကယ်တွင်မူ လွန်ခဲ့သည့်နှစ်များ အတွင်း၌ သူသည် ရည်ရွယ်ချက် တစ်ခုဖြင့် ထိုသူငယ်ချင်းများအား သွားရောက် မတွေ့ခဲ့ခြင်း ဖြစ်သည်။ သူ့တွင် ရန်သူများစွာ ရှိနေခဲ့ရာ သူ့သူငယ်ချင်းများကို ထိုပြဿနာများ အတွင်း ဆွဲမသွင်းလိုခဲ့ချေ။
"ဟောက်ရွှမ်း… ဒါ နင်အမြဲပြောတဲ့ တစ်ယောက်လား"
ရှု့ဟောက်ရွှမ်း၏ ကောင်မလေးက ချန်းဖန်အား ကြည့်လိုက်၏။
"ရှောင်ဖန်… ဒါက ဟောင်မိန်တဲ့… ငါတို့က စေ့စပ်ထားပြီးပြီ"
ရှု့ဟောက်ရွှမ်းက မိတ်ဆက်ပေးသည်။
"အင်း…"
ချန်းဖန်က ခေါင်းညိတ်ရုံသာ တုံ့ပြန်လိုက်၏။
သူသည် ရန်ကျင်း ဟောင်မိသားစုကို တစ်ကြိမ်မျှ မကြားဖူးချေ။ ထို့အပြင် သူသည် အမေရိကန် သမ္မတကိုပင် အရေးမစိုက်ရာ ထိုမထင်မရှား မိန်းကလေးကိုမူ ပြောနေစရာပင် မလိုတော့ချေ။
ဝူကျွင်းကျဲ့၏ မိန်းကလေးမှာမူ လှပ၍ ချောမောသော ကောင်မလေးဖြစ်သည်။ သူမ၏ အမည်က လီယဉ်ဟုခေါ်၏။
ဝိုင်အချို့သောက်ပြီး နောက်တွင် သူတို့၏စကားဝိုင်းက ပို၍ သက်ဝင်လှုပ်ရှားလာသည်။
ချန်းဖန်က သူငယ်ချင်းဟောင်းများ၏ အခြေအနေများကို မေးမြန်းသည်။ သူတို့၏ အဖြေအရဆိုလျှင် အတိတ်ဘဝမှ အဖြစ်အပျက်များနှင့် များစွာ ကွာခြားခြင်း မရှိခဲ့ချေ။
"ဒါနဲ့ စကားမစပ်… မင်းတို့နှစ်ယောက် ပျောက်နေတာ တော်တော်လေးကြာပြီ… နောက် ငါတို့ ယုဝမ်ကျင်းနဲ့ မထင်မှတ်ပဲ ပြန်ပြီး အဆက်အသွယ်ရခဲ့တယ်… အဲဒီတော့မှ မင်းနဲ့ သူက အတူရှိနေတာ ငါတို့သိရတယ်… မင်းတို့နှစ်ယောက်က…"
ရှု့ဟောက်ရွှမ်းက စနောက်လိုက်၏။
ဝူကျွင်းကျဲ့၏ လက်ကတစ်ချက် တုန်ယင်၍ သွားသည်။ သို့သော်လည်း သူက ခဏအတွင်းမှာပင် တည်ငြိမ်မှုကို ပြန်လည် ထိန်းလိုက်နိုင်သည်။
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။
သူသည် ဝူကျွင်းကျဲ့၏ ခံစားချက်ကို နားလည်သော်လည်း ထိုအရာက ယုဝမ်ကျင်းနှင့်သာ တိုက်ရိုက် သက်ဆိုင်သောအရာ ဖြစ်သည်။ သူ ကြားဝင်၍ လုပ်ပေးနိုင်သောကိစ္စ မဟုတ်ချေ။
"ယုဝမ်ကျင်းက နောက်ပိုင်း ငါ့ဆီမှာ သင်ကြားနေတာပါ"
ချန်းဖန်က တည်ငြိမ်စွာပင် ပြန်လည် ဖြေလိုက်သည်။
အခြားလူများက ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း ဝူကျွင်းကျဲ့ကမူ နားလည်၏။ သူသည် ကျင်းမြို့တော် လူမှုအသိုင်းအဝိုင်း၌ လည်လည်ပတ်ပတ်ရှိရာ ကျန်းပေ့၏ ဆရာချန်း၊ ထန်လုံတပ်ဖွဲ့၏ ဗိုလ်ချုပ် စသည့် ချန်းဖန်၏ ဂုဏ်ပုဒ်များကို သိရှိထားသည်။
"ယုဝမ်ကျင်းကို မင်းနဲ့ အတူတွေ့ရတာ ဝမ်းသာပါတယ်… ရှောင်ဖန် ကမ်းပေ့"
ဝူကျွင်းကျဲ့က သူ၏လက်ကိုမြှောက်၍ ချန်းဖန်နှင့် ခွက်ချင်း တိုက်လိုက်သည်။
ထိုတစ်ခွက် သောက်အပြီး၌ အခန်းအတွင်းရှိ လေထုမှာ ပို၍ နွေးထွေးလာသည်။ ချန်းဖန်နှင့် ဝူကျွင်းကျဲ့မှာလည်း မျက်နှာပူခြင်း လျော့နည်းကာ စိတ်သက်သာရာ ရသလို ခံစားလိုက်ရသည်။
ထို့နောက် မကြာခင်မှာပင် ဟောင်မိန်သည် ကိုယ်လက် သန့်စင်ရန် ထွက်သွားပြီး တစ်ခဏ အကြာ၌ ပြန်လည် ရောက်ရှိလာ၏။ သူမ၏ပုံစံက အနည်းငယ် ထူးဆန်းနေသည်။
"ဘာဖြစ်လို့လဲ…"
လင်းဝေ့ဝေ့က မေးလိုက်သည်။
ဟောင်မိန်က အနည်းငယ် တွန့်ဆုတ်သော ပုံစံဖြင့် ရှု့ဟောက်ရွှမ်းဘက်သို့ လှည့်လိုက်သည်။
"ဟောက်ရွှမ်း… ငါ ခုနက ငါ့အစ်ကို တစ်ယောက်ကို တွေ့ခဲ့တယ်… နင် သူနဲ့ လိုက်ပြီး တွေ့နိုင်မလား"
"သူက နင့်အစ်ကိုဆိုရင် ငါတို့အားလုံး သူ့ကိုလိုက်ပြီး တွေ့မယ်လေ… ဒါက ပျော်စရာ ကိစ္စပဲကိုး"
ရှု့ဟောက်ရွှမ်က ပြုံးရင်း ပြန်လည် ပြောလိုက်သည်။
ရန်ရှောင်ပိုင်က ထိုင်ရာမှထရန် ဟန်ပြင်လိုက်စဉ်မှာပင် ဟောင်မိန်က ပြောလိုက်သည်။
"ငါ့အကိုက ရန်ကျင်းမှာ မြင့်မားတဲ့ အဆင့်အတန်းတစ်ခု ရှိတယ်… ငါ သူ့ကို အကြိမ် အနည်းငယ်ပဲ တွေ့ဖူးပြီးတော့ သူ ငါ့ကို မှတ်မိပါ့မလားတောင် ငါ မသိဘူး… ငါတို့ သူ့ကို ကျင်းမြို့မှာ တွေ့ရတာ ကံကောင်းတာပဲ … သူ့ရဲ့ အကူအညီနဲ့ဆိုရင် နင့်ရဲ့ အနာဂတ်က စိတ်ပူစရာ မရှိတော့ဘူး"
သူမ၏စကားက လူတိုင်းအား တိတ်ဆိတ် သွားစေသည်။ မတ်တတ်ရပ်နေသော ရန်ရှောင်ပိုင်မှာမူ ရှက်ပြုံးပြုံး၍ ပြန်လည် ထိုင်လိုက်၏။
ရှု့ဟောက်ရွှမ်မှာမူ ဝေခွဲမရ ဖြစ်နေဟန်ရသည်။ သူသည် ဟောင်မိန်၏အစ်ကို ဆိုသူကို တွေ့ချင်သော်လည်း သူ၏ သူငယ်ချင်းများကိုလည်း ထားမသွားရက်ပေ။
"သွားလိုက် ဟောက်ရွှမ်း… ဒါက နင့်အတွက် အခွင့်အရေးပဲလေ"
လင်းဝေ့ဝေ့က အလိုက်တသိ တိုက်တွန်းပေးလိုက်သည်။ ဝူကျွင်းကျဲ့နှင့် ရန်ရှောင်ပိုင်တို့ကလည်း လိုက်သွားရန် ပြောဆိုကြသည်။
အဆုံး၌ ရှု့ဟောက်ရွှမ်းသည် နေရာမှထ၍ ရှောင်မိန်နှင့် အတူ လိုက်ပါသွားတော့၏။
"သူ့ကိုလက်ထပ်တာက ဟောက်ရွှမ်းအတွက် အကောင်းလား အဆိုးလားဆိုတာ ငါလည်း ဝေခွဲမရတော့ဘူး"
ဝူကျွင်းကျဲ့က ရှု့ဟောက်ရွှမ်း၏ နောက်ကျောကို ငေးမောရင်း ရေရွတ်လိုက်သည်။
"အထောက်အပံ့ ကောင်းကောင်းမရှိရင် မအောင်မြင်နိုင်ဘူးလေ… သဘောတရားကို မင်းသိတယ်မလား"
ရန်ရှောင်ပိုင်က ဝိုင်တစ်ခွက်ကို ငှဲ့ရင်း ဆိုလိုက်၏။
"ဟုတ်တယ်…"
လင်းဝေ့ဝေ့က ခေါင်းညိတ်လိုက်သည်။
"ငါ စစ်ကျောင်း ဝင်ခွင့်ရတုန်းက တက်တော့မဲ့ ဆဲဆဲမှာပဲ ငါ့နေရာကို လူတစ်ယောက်က ရုတ်တရက် ဝင်ယူသွားတယ်လေ… ငါ့အဖေဆို ဒေါသထွက်လို့ သုံးရက် တိတိ အိပ်မပျော်ဘူး"
လင်းဝေ့ဝေ့သည် စစ်တပ် မိသားစုတစ်ခုမှ လာသူဖြစ်ပြီး စစ်တပ်သို့ဝင်ရန်မှာ သူမ၏ ငယ်ငယ်ကတည်းက ဆန္ဒဖြစ်သည်။
သို့သော်လည်း ရည်မှန်းချက် အောင်မြင်ရန် လက်တစ်ကမ်း အလိုတွင် နောက်ခံ အသိုင်းအဝိုင်း ကောင်းသူ တစ်ယောက်၏ လုယူခြင်းအား ခံခဲ့ရသည်။
သို့သော်လည်း ထိုအရာက သာမန်မိသားစုမှ လာသော လူတိုင်းလိုလို ကြုံခဲ့ဖူးသည့် အတွေ့အကြုံတစ်ခုသာ ဖြစ်သည်။
တစ်ခဏအကြာ၌ ရှု့ဟောက်ရွှမ်းနှင့် ဟောင်မိန်တို့ ပြန်လည် ရောက်ရှိလာသည်။
"သူက ငါတို့ကို မမှတ်မိရုံတင် မဟုတ်ဘူး… အထဲကိုတောင် ပေးမဝင်ခဲ့တာ"
ဟောက်ရွှမ်းက ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်၏။ ဟောင်မိန်မှာမူ တိတ်ဆိတ်၍သာ နေသည်။
"ဘယ်သူတွေမို့လို့လဲ…"
ချန်းဖန်က မေးလိုက်၏။
"ရှောင်ရွှမ်…"
ရှု့ဟောက်ရွှမ်းက ချန်းဖန်အာကြည့်ပြီး ပြန်ဖြေလိုက်သည်။
"ရှောင်ရွှမ်…"
ချန်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဟုတ်တယ်… သူက ရန်ကျင်း ရှောင်မိသားစုက သခင်လေးပဲ"
***