← Chapters

ကျဆုံးခြင်း၏ဂုဏ်ကျက်သရေ

Vol. 019 Ch. 1854

ကျဆုံးခြင်း၏ဂုဏ်ကျက်သရေ

Vol. 019 Ch. 1854

သူတို့သည် တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိကြမည် မဟုတ်ပေ။ အစွမ်းထက် ရန်ဟောင်များက တိုက်ပွဲကို တိတ်တဆိတ် စူးစမ်းလေ့လာရင်း တွေးလိုက်ကြသည်။

ရီဖူရှင်း၏ အနီးမှ လူများက အထွတ်အထိပ်အဆင့်မှ အလွန် အစွမ်းထက်သည့် တန်ခိုးရှင်များ ဖြစ်သော်လည်း ​သူတို့ကို ဝန်းရံထားသော ပြိုင်ဘက်များ၏ အင်အားသည်လည်း ကြီးမားလှသည်။ ပြိုင်ဘက်များက တိုက်ခိုက်နေကာ ရီဖူရှင်း၏ ဘက်မှ ခုခံနေရပြီး သူတို့အား ခံစစ်အနေအထားသို့ ရောက်အောင် တွန်းပို့နေသည်။ သူတို့က ရန်သူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့သည့်ဟန် ရလေသည်။

ရွှေရောင်နတ်ပြည်ထောင်၏ လှံများ၊ ရှန်ကလန်၏ ထျန်းရှင်းခုတ်ချက်နည်းစနစ်၊ နေမင်းနတ်နန်းတော်၏ နေမင်းနတ်ဓား၊ နတ်ဘုရားမာန်ဟုန်ဘုံကျောင်းမှ ဖိနှိပ်နိုင်သော လက်ဝါးရိပ်များနှင့် အင်ပါယာရှင်းကျောင်းတော်မှ မဟာဝင်္ကပါ တို့ အားလုံးက တစ်ချိန်တည်း၌ ကျရောက်လာသည့်အခါ ရီဖူရှင်းရှိနေရာ လေဟာနယ်က ဖျက်ဆီးခြင်း အလင်းရောင်များကြောင့် ပေါက်ကွဲလာတော့မယောင် ထင်မှတ်ရပေသည်။ ရီဖူရှင်းတို့ အဖွဲ့၏ ခုခံမှုစွမ်းအားကလည်း တဖြေးဖြေး မြင့်မားလာပေသည်။

ကောင်းကင်မျှော်စင်ကျောင်းအုပ်က ရှေ့သို့ လှမ်းလိုက်လျှင် မိုးထိမြင့်သော မျှော်စင်တစ်ခု ပေါ်ပေါက်လာ၏။ သူက ရီဖူရှင်းထံသို့ လက်ညှိုးညွှန်လိုက်သည့်အခါ ချက်ချင်းပင် ၈၁ ထပ် မြင့်မားသော မျှော်စင်မှ ပြိုင်ဘက်ကင်းနတ်အလင်းတို့ ဖြာကျလာပြီး အထက်မှ အောက်သို့ တဟုန်ထိုး ဆင်းချလာခဲ့၏။ မျှော်စင် ​ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မဟာလမ်းစဥ်လေဟာနယ်က အမှုန်များဖြစ် ပြောင်းလဲသွားတော့သည်။

နတ်နန်းတော်သခင်၏ ကြီးမားသော ရှေးဟောင်းတောင်ကုန်းမှာ တဖြေးဖြေး ကြေမွပျက်စီးလာသည်။ ကျယ်လောင်သည့် တုန်ခါသံကြီးကို ကြားလိုက်ရပြီး မဟာလမ်းစဥ်စွမ်းအင်များ၌ ပိုမိုများပြားသော အက်ကြောင်းများ ထွက်ပေါ်လာသည်။ ၈၁ ထပ်မြင့်သည့် ကောင်းကင်မျှော်စင်မှာ အောက်သို့ ဆင်းချလာပြီး အောက်ဘက်ရှိ​ လေဟာနယ်ကို ဖျက်ဆီးရန် ကြိုးစားနေသည်။

ပြိုင်ဘက်ကင်း တိုက်ပွဲစွမ်းရည်များက သောမျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ သူ၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးနတ်ဘုရား စွမ်းအားများက တစ်လွှာပြီးတစ်လွှာ ဖြစ်တည်လာ၏။ သူသည် စွမ်းအင်အလွှာကို ရှစ်လွှာထိ အဆက်မပြတ် အသက်သွင်းလိုက်သည်။ ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းအားများက ရန်ဟောင်များကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ နတ်အလင်းတန်းများ ထွက်ပေါ်လာပြီးထိတ်လန့်ဖွယ် စွမ်းအင်လှိုင်းများက အထက်မှ ကျဆင်းလာနေသော ကောင်းကင်မျှော်စင်ဆီ တိုးဝင်သွားသည်။

သူ့ခန္ဓာကိုယ်က စစ်နတ်ဘုရားတစ်ပါးအသွင် ဖြစ်လာခဲ့၏။ သူသည် ကောင်းကင်မှ ဆင်းသက်လာသော ကြီးမားထည်ဝါသော နတ်ဘုရားတစ်ပါး ဖြစ်သည်ဟု ထင်မှတ်ရပေသည်။ သူ၏ ခေါင်းက ကောင်းကင်သို့တိုင် ရောက်နေပြီး သူ၏ ခြေထောက်က မြေပြင်နှင့် ထိစပ်နေသကဲ့သိုပင်။ သူက လက်ကို မြှောက်လိုက်သည့်အခါ ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားများ ပါဝင်နေသည့် ရွှေရောင်လက်သားကြီးက ကောင်းကင်မျှော်စင်ကို တိုက်ခိုက်လိုက်သည်။ ထန်းခနဲ မြည်သံနှင့်အတူ ဝိညာဥ်ရတနာနှစ်ခုက ထိပ်တိုက်ထိတွေ့မိသည်။ ၎င်းတို့၏ ဝန်းကျင်တွင် ဖျက်ဆီးခြင်း အလင်းလှိုင်းများ ဖြာထွက်နေ၏။

တိုက်ပွဲတွင်း ရှိနေသော တန်ခိုးရှင်များမှာ ရီဖူရှင်းအား အလယ်မှာ ထားပြီး သူ့ကို ကာကွယ်ပေးထားကြသည်။

ရီဖူရှင်းသည်တော့ ယခုတွင် သူက လေထုအလယ်၌ တိတ်တဆိတ် မျောလွင့်နေသည်။ ယင်စွမ်းအားများက သူ့ခန္ဓာကိုယ်တွင် စီးဆင်းနေ၏။ သူ့ခန္ဓာကိုယ်တွင် အလွန်တောက်ပ​သော ဧကရာဇိအသိတို့က လွှမ်းခြုံထားသည်။ ထိုသို့ တောက်ပလှသည့် အလင်းတို့က သာမန်အချိန်၌ လူအများ၏ မျက်စိအား ဖမ်းစားနိုင်ပေသည်။

သို့သော်လည်း ယခုတွင် မည်သူကမှ အရေးထား ဂရုစိုက်မနေပေ။ သူ့အနီးမှ တိုက်ပွဲက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ တိုက်ပွဲကြားမှ အထွတ်အထိပ်ပုဂ္ဂိုလ်များက သူ့အနီးတွင် ဝန်းရံထားကြ၏။

ရှန်ကလန်မှ ထိပ်သီးတန်ခိုးရှင်သုံးယောက်သည် ထျန်းရှင်းခုတ်ချက် နည်းစနစ်နှင့် လေဟာနယ်ကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။ အဆုံးမဲ့ လေဟာနယ်တွင် အက်ကြောင်းများ ပေါ်ပေါက်လာပြီး အက်ကြောင်းများအတွင်းမှ ကြောက်မက်ဖွယ် လေဟာနယ်မုန်တိုင်းတို့ လိုက်ပါလာတော့သည်။ သူတို့၏ ခန္ဓာကိုယ်များကို ဗဟိုပြုကာ အလွန် တောက်ပသော လေဟာနယ်အလင်းတန်းများ ထွက်ပေါ်လာကာ နေရာတစ်ခွင်ကို ဖုံးလွှမ်းသွားသည်။ ကြည့်ရသည်မှာ ၎င်းတို့က အစိမ်းရောင်အလင်းများကို ယှဥ်ပြိုင်ကာ ဆွဲချပစ်ချင်နေပုံရလေသည်။

ရှန်ကလန်မှ ထိပ်သီးပုဂ္ဂိုလ်သုံးယောက်၏ စွမ်းအားများ ပေါင်းစက်ကာ အင်ပါယာနန်၏ အစိမ်းရောင်အလင်းစက်ကွင်းနယ်မြေကို တဖြေးဖြေး ပျောက်ကွယ်သွားစေသည်။ လေဟာနယ်မုန်တိုင်းက ဒေါသတကြီးနှင့် သူ၏ နယ်မြေကို လွှမ်းမိုးရန် ကြိုးစားနေပြီး မဟာလမ်းစဥ်စွမ်းအားများက ၎င်းကို သီးသန့်နယ်မြေတစ်ခုအဖြစ် ခွဲထုတ်ပစ်လိုက်သည်။

"ကျုပ်တို့ အင်ပါယာနန်ကို မျှားထုတ်သွားလိုက်မယ်။ ကျန်တဲ့လူတွေကို မင်းတို့လက်ထဲ အပ်ခဲ့မယ်။" ရှန်ကောင်းက ပြောလိုက်သည်။ သူနှင့် ရှန်ကလန်ခေါင်းဆောင်က တစ်ချိန်တည်း လှုပ်ရှားလိုက်ပြီး ရှန်ကျဲ့က နောက်သို့ ပြန်ဆုတ်ခွာလိုက်သည်။ ရှန်ကောင်းသည် ရှန်ကလန်၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူက ကောင်းကင်ဒေသသို့ သွားရောက် ကျင့်ကြံကာ ပြန်လာခဲ့သည်။ သူ၏ စွမ်းရည်က အလွန် အစွမ်းထက်လှသည်။ ထို့ပြင် မဟာလမ်းစဥ် ဘုံသုံးထောင်၌ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ရှန်ကလန်၏ ခေါင်းဆောင်လည်း ရှိနေသေးသည်။ သူက အလွန် ကျော်ကြားလှသည်။

သူတို့နှစ်ယောက်က အတူပူးပေါင်း၍ အင်ပါယာနန်ကို ကောင်းစွာ ရင်ဆိုင်နိုင်ပေလိမ့်မည်။ သူတို့သည် အင်ပါယာနန်ကို အဝေးသို့ အန္တရာယ်ကင်းစွာ မျှားထုတ်သွားနိုင်မည်က သေချာပေသည်။ ထိုသည်မှာ အင်ပါယာနန်ကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက် ဤတိုက်ပွဲတွင် ပါဝင်လာမည်ကို ဟန့်တားခြင်းလည်း ​​​ဖြစ်သည်။

ရှန်ကျဲ့သည် ဤနေရာတွင် ကျန်ရစ်ခဲ့ပြီး ရီဖူရှင်းအား သတ်ဖြတ်ရန် ဆက်လက်တိုက်ခိုက်ရပေလိမ့်မည်။

"အင်ပါယာနန်၊ ခင်ဗျား ဒါကို မတားဆီးနိုင်ဘူး။" ရှန်ကလန်ခေါင်းဆောင်က အင်ပါယာနန်ကို ပြောလိုက်သည်။ သူတို့၏ ဝန်းကျင်တွင် သဏ္ဌာန်မဲ့ လေဟာနယ်စွမ်းအားများ လှည့်ပတ်နေပြီး အဆုံးမဲ့မဟာလမ်းစဥ် လေဟာနယ်နတ်အလင်းတို့က ဖြာကျနေသည်။

နောက်တခဏတွင် သူတို့ရှိနေသည့် လေဟာနယ်က အပြောင်းအလဲဖြစ်သွားကာ ထိပ်သီးတန်ခိုးရှင်သုံးယောက်က တစ်ချိန်တည်း ပျောက်ကွယ်သွားသည်။

ရှန်ကောင်းနှင့် ရှန်ကလန်ခေါင်းဆောင်တို့သည် သူတို့ အကျွမ်းကျင်ဆုံး လေဟာနယ်စွမ်းအားကို အသုံးပြုကာ အင်ပါယာနန်အား တိုက်ပွဲမှ ဝေးရာဆီ အတင်းအကျပ် ခေါ်ဆောင်သွားကြသည်။ သူတို့နှစ်ယောက်က အင်ပါယာနန်ကို ရင်ဆိုင်နေစဥ် အခြားလူများက ရီဖူရှင်းအား ဆက်လက်သတ်ဖြတ်ကြပေလိမ့်မည်။

အင်ပါယာနန်၏ ကာကွယ်ပေးမှုမရှိလျှင် အခြားတန်ခိုးရှင်များ တိုက်ခိုက်မှုက ကျဆင်းသွားသလို အစိမ်းရောင်နတ်အလင်းနယ်​မြေလည်း တည်ရှိတော့မည် မဟုတ်ပေ။

"ကျုပ်တို့ ဘာလို့ ဒီလို အဓိပ္ပါယ်မရှိတဲ့ တိုက်ခိုက်မှုတွေကို လုပ်နေရမှာလဲ။" ထျန်းရှင်းကျောင်းအုပ် ကျန့်အော့က သက်ပြင်းချရင်း ပြောလိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းကာ အောက်ဘက်ရှိ တိုက်ပွဲမြေပြင်သို့ ကြည့်လိုက်သည်။ သူ၏ လက်ဝါးကို ခန္ဓာကိုယ်အရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် မဟာလမ်းစဥ်စွမ်းအားများက သူ့ခန္ဓာကိုယ်ကို ဗဟိုပြုကာ ထွက်ပေါ်လာသည်။

ဤမုန်တိုင်းအတွင်း နတ်အလင်းက တောက်ပနေပြီး နတ်ပန်းချီတစ်ခု ထွက်ပေါ်လာသည်။ ကျန့်အော့က သူ့လက်ကို ဝှေ့ယမ်းလိုက်လျှင် နွေဦးမိုးများ ရွာကျလာသကဲ့သို့ အရာအားလုံးကို ရွဲဲစိုသွားစေသည်။

နတ်ပန်းချီသည် သူတို့အနီးရှိ အားလုံးသော မဟာလမ်းစဥ်အားလုံးကို စုပ်ယူနိုင်သည်။ ၎င်းက အဆက်မပြတ် ကျယ်ပြန့်လာပြီး တဖြေးဖြေး ကြီးမားလာကာ အောက်ဘက်သို့ လိမ့်ဆင်းလာ၏။ မဟာလမ်းစဥ်စွမ်းအားများ​​ဖြင့် တိုက်ခိုက်မှုအားလုံးပ နတ်ပန်းချီအတွင်း ဝင်ရောက်သွားကာ ၎င်း၏ ဝါးမျိုခြင်းကို ခံလိုက်ရပေသည်။

လူအများက သူတို့၏ မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ သူတို့၏ အမူအရာက လေးနက်လာသည်။ မဟာလမ်းစဥ် ဘုံသုံးထောင်မှ ထိပ်တန်းကျောင်းတော်၏ ကျောင်းအုပ်က လှုပ်ရှားမှု ပြုလိုက်ပြီ ဖြစ်၏။

နတ်နန်းတော်သခင်သည် တောက်ပနေသော နတ်ပန်းချီကို လှမ်းကြည့်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်လျှင် ချက်ချင်းပင် ကောင်းကင်၌ အော်မြည်လာကာ ဖျက်ဆီး၍မရနိုင်သော အဆုံးမဲ့ ဓားစွမ်းရည်အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ သူက လက်ကို မြှောက်လိုက်ပြီး အပေါ်သို့ ညွှန်လိုက်၏။ အဆုံးမဲ့ နတ်ဓားများက နတ်ပန်းချီထံ ဦးတည်သွား၏။

နတ်ပန်းချီသည် ကောင်းကင်ကို ဆက်လက်လွှမ်းမိုးကာ ဖုံးကွယ်သွားသည်။ စွမ်းအင်အားလုံးက ထိုပန်းချီထဲသို့ စုပ်ယူခံလိုက်ရကာ နောက်ပိုင်းအသုံးပြုရန် စွမ်းအင်အဖြစ် သိုလှောင်ထားလေသည်။

ဘုန်း

ကျယ်လောင်လှသည့် တုန်ခါသံကြီး ထွက်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီးက အပိုင်းပိုင်းကွဲထွက်မလို ဖြစ်သွား၏။ နတ်ပန်းချီသည် ကျိုထျန်းနတ်မိုးကြိုးမှ ဖြစ်တည်လာပုံရလေသည်။ ချက်ချင်းပင် ကမ္ဘာကို အဆုံးသတ်မည့် မိုးကြိုးများ ဖြစ်ပေါ်လာကာ သန်းပေါင်းများစွာသော မိုးကြိုးလျှပ်စီးများ ထွက်လာပြီး အရာအားလုံးကို ရိုက်ခတ်သွားလေသည်။ နတ်နန်းတော်သခင်၏ ရှေးဟောင်းတောင်ကုန်းသည် ချက်ချင်း ကွဲထွက်သွားကာ မည်သည်မှ မကြွင်းကျန်ခဲ့အောင် ​ဖြစ်သွားလေသည်။

ကြည့်ရသည်မှာ နတ်ပန်းချီတစ်ခုလျှင် တိုက်ခိုက်မှုတစ်ခုသာ ပြုလုပ်နိုင်ပုံရလေသည်။

ကျန့်အော့က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်ထပ် နတ်ပန်းချီတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းက ထျန်းရှင်းစာလိပ်ဖြစ်ပုံရသည်။ ယင်းက စာရွက်တစ်ရွက်နှင့် တူသော်လည်း ဤအဆင့် တန်ခိုးရှင်များလက်ထဲတွင် စာရွက်တစ်ရွက်သည်ပင် အစွမ်းထက်လှမည်မှာ အသေအချာပင် ဖြစ်၏။

ဤစာရွက်အပိုင်းလေးက ပျံသန်းထွက်လာပြီး ချက်ချင်းပင် အစပေါင်းများစွာအဖြစ် ကွဲထွက်သွားကာ သန်းချီသည့် ဓားစွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာသည်။ ယင်းတို့သည် ရီဖူရှင်းဘက်မှ တန်ခိုးရှင်များပေါ်သို့ ဆင်းသက်လာလေရာ သူတို့သည် ထိတ်ထိတ်ပျာပျာနှင့် ခုခံလိုက်ကြရပေသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ကျန့်အော့က သူ၏ လက်ကို ဆက်လက်ဝှေ့ယမ်းနေခြင်း ဖြစ်သည်။ သူသည် တခဏအတွင်း ဆယ်ကြိမ်ထက်မက လက်များကို ဝှေ့ယမ်းခဲ့လေသည်။ ပျံသန်းထွက်လာသော စက္ကူအပိုင်းအစတစ်ခုချင်းစီ​တွင် ပြင်းထန်လှသော တိုက်ခိုက်ရေးစွမ်းအားများ ပါဝင်ပေသည်။

သိပ်မကြာခင်မှာပင် ကောင်းကင်တစ်ခုလုံး ပျက်စီးခြင်းစွမ်းအင်လှိုင်းများနှင့်  ရှုပ်ထွေးသွားလေသည်။

လူအများသည် ထျန်းရှင်းကျောင်းအုပ်က အလွန် အစွမ်းထက်သည်ဟု တွေးရင်း တုန်ယင်သွားကြသည်။

တိုက်ပွဲအား စောင့်ကြည့်နေသည့် မင်းသမီးဒွန်ဟောင်သည် ထိုမြင်ကွင်းကို မြင်ရသည့်အခါ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ ကျန့်အော့သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ကျန့်ကလန်ခေါင်းဆောင်အ​ဖြစ် ကျော်ကြားခဲ့သည်။ နောက်ပိုင်းတွင် မူလဘုံသို့ ပို့ဆောင်ခံခဲ့သည်။

ကျန့်အော့သည် ကောင်းကင်ဒေသ၏ ထိပ်တန်းကလန်များထဲမှ ခေါင်းဆောင်တစ်ယောက်ဖြစ်ရာ သူ၏ စွမ်းရည်က မည်မျှ အစွမ်းထက်သည်ကို သိနိုင်ပေသည်။ သူက မဟာလမ်းစဥ်ဘုံသုံးထောင်၏ အထွတ်အထိပ်၌ ရပ်တည်နေသူတစ်ဦး ဖြစ်သည်။ သူသည် ယခင်က မည်သည့် လှုပ်ရှားမှုမှ မပြုသော်လည်း မည်သူကမှ သူ၏ စစ်မှန်သော စွမ်းရည်ကို သံသယဖြစ်လိမ့်မည် မဟုတ်ပေ။

ဤသို့ ဆက်ဖြစ်နေလျှင် ရီဖူရှင်းတို့အဖွဲ့၏ ခုခံကာကွယ်ခြင်းမှာ အလျင်အမြန် ထိုးဖောက်ခံရပေလိမ့်မည်။ မင်းသမီးဒွန်ဟောင်က အတော်လေး အံ့အားသင့်နေခဲ့သည်။ သူမသည် သည်လူတွေက ထိုမျှ အစွမ်းထက်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်မိခဲ့ပေ။ ဤသည်ကို ကြည့်လျှင် ထိုသူတို့က ရီဖူရှင်းကို အခွင့်အရေး နည်းနည်းလေးပင် ပေးချင်ပုံမရေပေ။

အောက်ဘက်တွင် တိုက်ပွဲကို စောင့်ကြည့်နေသော ရန်ဟောင်များက ထိုမြင်ကွင်းကို မြင်သည့်အခါ လက်သီးများ ကျစ်ကျစ်ဆုပ်ကာ ကြိတ်၍ သက်ပြင်းချလိုက်ကြသည်။

ရီဖူရှင်းသည် ဆိုးဝါးသော ရလဒ်ကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ရီဖူရှင်းအတွက် ဤတိုက်ပွဲမှ လွတ်မြောက်ရန် ​မဖြစ်နိုင်ချေ။ သည်တိုက်ပွဲ၌ သူသေဆုံးရမည်မှာ ရှောင်လွှဲ၍ မရနိုင်သော သူ၏ ကံကြမ္မာပင် ဖြစ်၏။

ဘုန်း

နောက်ထပ် ထိတ်လန့်ဖွယ် အသံတစ်ခုက ပဲ့တင်ထပ်လာသည်။ လူတိုင်းသည် အကာအကွယ်နယ်​မြေက နောက်ဆုံး၌ ကျိုးပြတ်လာပြီး ခုခံကာကွယ်မှုက ပျက်စီးသွားသည်ကို မြင်လိုက်ကြရပေသည်။ တန်ခိုးရှင်အားလုံးက စုစည်းကာ ရီဖူရှင်းရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။

ဤတစ်ကြိမ်၌ ကောင်းကင်မှ နေမင်းနတ်ဓားက နေမင်း၏ ရောင်ဝါများကို စုပ်ယူကာ နေမင်းမီးလျှံများက ထွက်ပေါ်လာစေပြီး ရီဖူရှင်းဆီသို့ ထိုးထွက်သွားသည်။

သို့သော် ဓားသည် အရှင်ထိုက်ရွှမ်၏ ပိတ်ဆို့တားဆီးမှုကို ခံလိုက်ရသည်။ သူ၏ မဟာလမ်းစဥ်က ကြိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး မဟာလမ်းစဥ်စွမ်းအားများက ကြိုးများမှတဆင့်ဖြတ်ကာ ရန်သူကို တိုက်ရိုက်တိုက်ခိုက်လိုက်၏။

ရီဖူရှင်းသည် ထိုနေရာ၌ ရပ်ကာ ပြင်းထန်လှသည့် ဖျက်ဆီးခြင်းမုန်တိုင်းကို ခံစားမိသော်လည်း သူ၏ အကြည့်များက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် ဤတိုက်ပွဲအတွက် သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီး ဖြစ်သည်။ ဤတိုက်ပွဲမှာ သူတို့ဘက်မှ ရှုံးနိမ့်ရန် သေချာနေသော တိုက်ပွဲဖြစ်ကြောင်း သံသယရှိရန်မလိုပေ။

တန်ခိုးရှင်များက သူ့အတွက် တိုက်ခိုက်ပေးရန် ဆန္ဒရှိသော်လည်း သူသည် တိုက်ပွဲမစခင်ကပင် ထိုသူတို့၏ အသက်အန္တရာယ်လုံခြုံရေးက ဦးစားပေးဖြစ်ကြောင်း အကြံပြုခဲ့သည်။

သူသည် သူ့ကြောင့်နှင့် အခြားသူများ တစ်ခုခု ဖြစ်သွားမည်ကို မလိုချင်ပေ။

ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းများနှင့် ကြောက်မက်ဖွယ် မုန်တိုင်းက သူ့ဆီသို့ ပြေးဝင်လာသည်။ မုန်တိုင်းက ကောင်းကင်နေရာအနှံ့ကို ဖုံးလွှမ်းထားပြီး မည်သူ့ကိုမှ အလွတ်ပေးမည့်ဟန် မရပေ။

ထိုထိပ်သီးပုဂ္ဂိုလ်များက အနီးကပ်တိုက်ပွဲဆင်နွှဲရန် စတင်လိုက်ကြသည်။ သူတို့သည် အဝေးမှ တိုက်ခိုက်ခြင်းအား အမှန်တကယ် လက်လျှော့လိုက်ကြကာ ရီဖူရှင်းထံသို့ တဟုန်ထိုး ပြေးဝင်လာကြ၏။ သူတို့၏ အဝေးမှ တိုက်ခိုက်မှုများက တားဆီးခံရလေရာ ရွေးစရာမရှိဘဲ ရီဖူရှင်းအား အနီးကပ်သတ်ဖြတ်ရန် ရည်ရွယ်လိုက်ကြသည်။

တန်ခိုးရှင်များက ရီဖူရှင်းအား ကာကွယ်ရန် တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြပြီး အရပ်မျက်နှာအသီးသီးမှ ရန်သူများကို ရင်ဆိုင်တိုက်ခိုက်ရန် ပြင်လိုက်သည်။

ပြင်းထန်လှသည့် မဟာလမ်းစဥ်မုန်တိုင်းက ချဥ်းကပ်လာပြီး ရီဖူရှင်းအနီးသို့ ဒေါသတကြီးပြေးဝင်လာသည်။ သူ့အနီးတွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ အစွမ်းထက် တန်ခိုးရှင်များက ကာကွယ်ပေးနေဆဲပင် ဖြစ်သည်။ ရီဖူရှင်း အနီးသို့ တိုက်ခိုက်မှုတို့ ရောက်ရှိလာသည့်အခါ တန်ခိုးရှင်တို့က တိုက်ခိုက်မှုများအား ဖျက်ဆီးပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူတို့အနီး၌ စက္ကူအပိုင်းအစများကြောင့် ဖြစ်လာသည့် လေဟာနယ်ပျက်စီးမှုက ပိုများလာခဲ့သည်။ အပျက်အစီးများက တဖြေးဖြေး ပိုမိုများပြားလာကာ သူတို့၏ တိုက်ခိုက်မှုက ပိုမို ပြင်းထန်လာသည်။

"သူတို့ရဲ့ ဗဟိုကို ထိုးဖောက်ကြမယ်။" ထျန်းရှင်းကျောင်းအုပ် ကျန့်အော့က အော်ဟစ်လိုက်သည်။ သူ စကားပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ စာရွက်စများက ပျံသန်းထွက်လာပြီး လေထဲတွင် မျောလွင့်နေတော့သည်။

နောက်တခဏတွင် ထိုမျောလွင့်နေသော စက္ကူစများက လေထဲတွင် လှည့်ပတ်နေကာ ပန်းချီကားလိပ်များအဖြစ် ပြောင်းလဲသွားသည်။ ပန်းချီတိုင်းတွင် ပြိုင်ဘက်ကင်း မဟာလမ်းစဥ်တိုက်ခိုက်မှုများ ပါဝင်လေသည်။

"သွား" ကျန့်အော့က အမိန့်ပေးလိုက်လျှင် မရေတွက်နိုင်သော တိုက်ခိုက်မှုများက အဆက်မပြတ် ကျဆင်းလာတော့၏။ တစ်ချိန်တည်းမှာပင် ပုံသဏ္ဌာန်များက လေဟာနယ်ကို ဖြတ်သန်းကာ အောက်ဘက်သို့ ပြေးဆင်းလာပေသည်။

ကောင်းကင်က ဟက်တက်ခွဲခံလိုက်ရကာ အားလုံးသော တန်ခိုးရှင်များက အောက်သို့ ပြေးဝင်လာပြီး ရီဖူရှင်းအနီးရှိ တန်ခိုးရှင်များက သူတို့၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုများကို ထုတ်ဖော်၍ ရန်သူ၏ တိုက်ခိုက်မှုအား ခုခံကာကွယ်လိုက်သည်။ သို့သော်လည်း ထိုလူအုပ်ကြီး ဒေါသတကြီး ဆင်းသက်လာသည့်အခါ သူတို့၏ ဝင်္ကပါက ဖျက်ဆီးခြင်း ခံလိုက်ရကာ ခံစစ်အနေအထားက ယခင်ကလောက် သန်မာခြင်း မရှိတော့ပေ။

ထို့ပြင် ဆန့်ကျင်ဘက်မှ အနည်းငယ်သော တန်ခိုးရှင်များက သူတို့၏ ဝင်္ကပါအတွင်း တိုးဝင်လာသည်။ သူတို့၏ ခေါင်းထက်တွင် မရေတွက်နိုင်သော ထိပ်သီးပုဂ္ဂိုလ်များ ရှိနေသည်။ ထိုပုဂ္ဂိုလ်များက ရီဖူရှင်းအား သေလူကဲ့သို့ စိုက်ကြည့်နေကြသည်။

"မင်းတော့ အခု ဂြိုဟ်ဆိုးဝင်ပြီပဲ" ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ထန်က ပြောလိုက်သာ်။ ယနေ့သည် ကိုက်ရှီနှင့် ကျန်သည့်လူများအတွက် လက်စားချေပေးနိုင်သော နေ့ဖြစ်လေသည်။

***

All Chapters