← Chapters

မတူညီသော ဘဝများ

Vol. 7 Ch. 683

မတူညီသော ဘဝများ

Vol. 7 Ch. 683

ယုဝမ်ကျင်း၏ စကားက တက်ရောက်လာသူ အားလုံးကို ဆွံ့အစေ၏။

ဝေ့မိသားစုသည် ချန်းဖန် မည်မျှအထိ အစွမ်းထက်ကြောင်း မသိချေ။ သို့သော် ထန်လုံ တပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး ဆိုသော ရာထူးကပင် သူတို့အား အကြီးအကျယ် ရှော့ခ်ရစေရန် လုံလောက်နေပြီ ဖြစ်သည်။

"သူက အသက် နှစ်ဆယ်ပဲ ရှိသေးတယ် ... ဗိုလ်ချုပ်ကြီး ဖြစ်နေပြီလား"

ဝေ့ကျီဖန်းက သူ၏ ခေါင်းကို ငုံ့ရင်း တီးတိုး ရေရွတ်လိုက်သည်။

အသက် ၂၀ အရွယ်ဖြင့် ဗိုလ်ချုပ်ကြီး တစ်ယောက် ဖြစ်လာခြင်း ...

ထိုအရာကား အလွန်အမင်း သရဲသဘက် ဆန်လွန်းသည်။

"ဗိုလ်ချုပ်ကြီး ..."

ရှောင်ရွှမ်က ဖြူရော်စွာ ပြုံးရင်း ခေါင်းအား ခါယမ်းလိုက်သည်။ သူ၏ မျက်လုံးတွင်မူ မနာလိုမှု အချို့က ဖြတ်ပြေးနေ၏။

"သူက သာမန်ရိုးရိုး ဗိုလ်ချုပ်ကြီးတောင် မဟုတ်ဘူး ... ထန်လုံ ဗိုလ်ချုပ်ကြီး ... အခု သူ့ရဲ့ အဆင့်အတန်းက ဗိုလ်ချုပ် ရဲ့ချင်စန်းနဲ့ တန်းတူ ဖြစ်နေပြီ"

ရန်ကျင်း၏ ထိပ်တန်း မိသားစုများသာ "ထန်လုံ ဗိုလ်ချုပ်ကြီး" ဆိုသော အဓိပ္ပာယ်ကို နားလည်ကြသည်။ ထိုအရာသည် အလွန် မြင့်မားသော အဆင့်အတန်းကို ကိုယ်စားပြုသည့် အထူး ဘွဲ့ထူးတစ်ခု ဖြစ်သည်။

ရဲ့ချင်စန်းသည် ထိုဘွဲ့ထူးကို ရရန်အတွက် နှစ်ပေါင်းများစွာ စစ်တပ်အတွက် မြှုပ်နှံကာ ကြိုးစားခဲ့ရသည်။ သို့သော်လည်း ချန်းဖန်ကမူ ဤမျှ ငယ်ရွယ်သော အသက်အရွယ်၌ ထိုဘွဲ့ထူးကို ရယူနိုင်ခဲ့ပြီ ဖြစ်သည်။

မည်သို့သော လူက မနာလိုခြင်း မရှိဘဲ နေနိုင်ပါ မည်နည်း။

"စိတ်မပူပါနဲ့ သခင်ကြီးဝေ့ ... ကျွန်တော် အဘိုးကို ဒီအကြောင်း ပြောပြပြီး ဝေ့မိသားစု အတွက် တရားမျှတမှုကို ပြန်ယူပေးပါ့မယ်"

ရှောင်ရွှမ်က ထိုင်ရာမှ ထရင်း ဆိုလိုက်၏။

ဝေ့ဖူက ဖြူရော်သော မျက်နှာဖြင့် ခေါင်းအား ခါယမ်းလိုက်သည်။

"တတိယသားက ကျုပ် စကားကို နားမထောင်ခဲ့ဘူး ... ဘာပဲဖြစ်ဖြစ် သူက သူနဲ့ ထိုက်တန်တာကို ရခဲ့တာပဲလေ ... မင်းရဲ့ အဘိုးကို ဒုက္ခ မပေးပါနဲ့တော့"

ဝေ့ချန်စုန့်နှင့် အခြားလူများကမူ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း သက်ပြင်းသာ ချနေမိကြ၏။

နိုင်ငံသည် ချန်းဖန်အား ထန်လုံတပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ ထိုအရာက သူတို့သည် ချန်းဖန်နှင့် ကောင်းမွန်သော ဆက်ဆံရေး တစ်ခု တည်ဆောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

သို့သော်လည်း အခြားတစ်ဖက်၌ တတိယ သခင်ကြီးဝေ့သည် အရေးကြီးသူ မဟုတ်ချေ။ အကယ်၍ ဝေ့မိသားစု တစ်ခုလုံး သုတ်သင်ခံရလျှင်ပင် နိုင်ငံက တစ်စုံတစ်ရာ အဖက်လုပ်မည် မဟုတ်ချေ။

***

ချန်းဖန် အခန်းအတွင်း ပြန်ရောက်ပြီး မကြာခင်မှာပင် ဝူကျွင်းကျဲ့နှင့် အခြားလူများ ပြန်လာကြ၏။ သူတို့သည် ချန်းဖန်၏ အစစ်အမှန် အဆင့်အတန်းနှင့် ပတ်သက်၍ ဝေ့မိသားစု ထက်ပင် ပို၍ အံ့အားသင့် နေကြသည်။

အခန်းသည် ခွက်ချင်းတိုက်သံ အလျှင်းမရှိ တိတ်ဆိတ်နေ၏။

"မင်းတို့ကောင်တွေ ဘာလို့ စကား မပြောတာလဲ ..."

ချန်းဖန်က ပြုံးရင်း မေးလိုက်သည်။

"ရှောင်ဖန် အဲ မှားလို့ အစ်ကိုဖန် ... ခုနက မင်း လုပ်သွားတာ တွေက အရမ်းကို မိုက်တာပဲ ... ရုပ်ရှင်ထဲက ဟီးရိုးတွေ ကျနေရောပဲ"

ရန်ရှောင်ပိုင်က အားကျစွာ ဆိုလိုက်၏။

"နောက်ပြီး ယုဝမ်ကျင်းရဲ့ တိုက်ခိုက်မှုက ရောပဲ ... နင်တို့တွေက ရာဇဝင်ထဲက သိုင်းသမား တွေလိုပဲ သိလား"

လင်းဝေ့ဝေ့၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။

လင်းဝေ့ဝေ့သည် စစ်တပ် မိသားစုတွင် မွေးဖွားလာသည့် လူတစ်ယောက် ဖြစ်လေရာ တိုက်ခိုက်မှုများနှင့် အကျွမ်းတဝင် ရှိသည်။

သူမ၏ အမြင်၌ ယုဝမ်ကျင်း၏ လျှပ်တစ်ပြက် တိုက်ခိုက်မှုသည် လျှပ်စီး အလား လျှင်မြန်လွန်း လှသည်။

ထို့အပြင် ယုဝမ်ကျင်းသည် ချူကျိုးတွင် ဆယ်စုနှစ်များစွာ ထင်ရာစိုင်းခဲ့သော တတိယ သခင်ကြီး ဝေ့ကိုပင် တွေဝေခြင်း မရှိ သတ်ဖြတ်ရဲသည် စိတ်ဓာတ် ပြတ်သားမှု ရှိသည်။

ထိုအရာက အမှန်တကယ်ပင် အံ့ဩဖွယ် ကောင်းလှ၏။

"ရှောင်ဖန် ... ယုဝမ်ကျင်း မင်းဆီက ဘာတွေ သင်ထားလဲ ဆိုတာ ငါ နားလည်ပြီ"

ဝူကျွင်းကျဲ့က ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်သည်။

ဟောင်မိန်သည် ထိုင်ခုံတွင် ငြိမ်သက်စွာ ထိုင်နေသော်လည်း သူမ၏ လက်များကမူ တဆတ်ဆတ် တုန်ရီနေ၏။ သူမသည် ချန်းဖန်နှင့် မျက်လုံးချင်း ဆိုင်၍ပင် မကြည့်ရဲချေ။

အခြားလူများမှာ ချန်းဖန်၏ အစစ်အမှန် အဆင့်အတန်းကို မသိသော်လည်း ဟောင်မိန် တစ်ယောက်ကမူ ကောင်းစွာသိ၏။

ချန်းဖန်ကား ရှောင်ရွှမ်၏ ခြေလက်များကို ချိုးကာ မြောက်အရပ် တောင်တန်း ထက်မှ ပစ်ချခဲ့သည့် အရှင်ချန်း ဖြစ်သည်။ သူ့အား ဆန့်ကျင်ရဲသည့် မည်သူကို မဆို သတ်ဖြတ်ခဲ့သည့် နတ်ဆိုး ဖြစ်သည်။ ထန်လုံ တပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး အဖြစ် ခန့်အပ်ခံရသူ ဖြစ်သည်။

"ရှောင်ဖန် ... ထန်လုံ ဗိုလ်ချုပ်ကြီး ဆိုတာက ဘာလဲကွ ... နောက်ပြီး မင်းက တကယ်ပဲ ရှောင်ရွှမ်ရဲ့ ခြေလက်တွေကို ချိုးပစ်ခဲ့တာလား"

ရှု့ဟောက်ရွှမ်းက မေးလိုက်သည်။

လူတိုင်းကလည်း စိတ်ဝင်တစား နားစွင့်ကြ၏။ ချန်းဖန်က အဘယ်ကြောင့် ထန်လုံ ဗိုလ်ချုပ်ကြီး အဖြစ် ခန့်အပ် ခံရသနည်း။ သူက အဘယ်ကြောင့် ရှောင်ရွှမ်၏ ခြေလက်များကို ချိုးဖဲ့ ပစ်ရသနည်း။ သူ့အား အဘယ်ကြောင့် ဝေ့မိသားစုကပင် ကြောက်ရသနည်း။

"အဟမ်း ..."

ချန်းဖန်က လည်ချောင်းရှင်းရင်း စတင် ရှင်းပြလိုက်သည်။

"ထန်လုံဗိုလ်ချုပ်ကြီး ဆိုတာက ခေါင်းစဉ် တစ်ခုပါပဲ ... ငါက နိုင်ငံအတွက် ကောင်းတာ တချို့ လုပ်ပေးခဲ့လို့ သူတို့က ငါ့ကို အဲဒီ ခေါင်းစဉ်နဲ့ ပြန်ပြီး ဂုဏ်ပြုတယ် ဆိုပါတော့ကွာ"

ယုဝမ်ကျင်းက တိတ်ဆိတ်စွာပင် နားထောင်နေ၏။

ချန်းဖန် ဆိုလိုသည့် "ကောင်းတာ တချို့" ၏ အဓိပ္ပာယ်မှာ ခွန်ရှု့ နယ်မြေ၏ မြေကမ္ဘာ အဆင့် ငါးယောက်ကို အနိုင်ယူ သတ်ဖြတ်ကာ သူသား မျိုးနွယ်ကို ကာကွယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သူမသာ နားလည်သည်။

"နိုင်ငံအတွက် ကောင်းတာတချို့ လုပ်ပေးလို့ ဗိုလ်ချုပ်ကြီး ဖြစ်လာမယ် ဆိုရင် ငါတို့လည်း လုပ်ပေးချင်တယ်"

လူတိုင်းက တွေးလိုက်ကြသည်။

သူတို့သည် ချန်းဖန်ထံမှ ထို အကြောင်းအရာများကို ပို၍ သိချင်သော်လည်း ချန်းဖန်၏ ပုံစံက ပြောပြလိုဟန် မရတော့ချေ။

ချန်းဖန်သည် သူ၏ သူငယ်ချင်းများကို သူ၏ ကမ္ဘာအတွင်း ဆွဲမခေါ်လိုချေ။ သူတို့ကို ရိုးရှင်းပြီး အေးချမ်းသော ဘဝများတွင်သာ နေထိုင် စေလို၏။

"သောက်ကြရအောင်ဟေ့ ... ငါတို့ မတွေ့တာ အရမ်းကို ကြာနေပြီ ... အခြား ကိစ္စတွေ မပြောဘဲနေရအောင်"

ဝူကျွင်းကျဲ့က ခွက်ကို မြှောက်ရင်း အော်ဟစ်လိုက်သည်။

အခြားလူများကလည်း သဘောတူစွာ ထောက်ခံရင်း ချန်းဖန်၏ ပုဂ္ဂိုလ်ရေး ကိစ္စများကို မေ့ဖျောက်လိုက်ကြသည်။ သူတို့၏ ခင်မင်မှုတွင် အဆင့်အတန်းများ မလိုရာ အခြားအရာများက အရေးမပါချေ။

ယခု အချိန်၌ ဟောင်မိန်၏ အပြုအမူများက ပို၍ ယဉ်ကျေးလာနေခဲ့သည်။ သူမသည် ကိုယ်တိုင် ဝိုင်ကို ခပ်များများ သောက်ပြီး အခြားလူများ၏ ခွက်များကိုလည်း လိုက်၍ငှဲ့ပေး နေခဲ့၏။

ရှု့ဟောက်ရွှမ်း တစ်ယောက်မှာမူ သူ၏ မောက်မာသော ချစ်သူက အဘယ်ကြောင့် ရုတ်တရက်ကြီး ဖော်ရွေလာ နေသည်ကို နားမလည်နိုင်ချေ။

အားလုံးထဲ၌ ယုဝမ်ကျင်းသာလျှင် ဟောင်မိန်၏ ရည်ရွယ်ချက်ကို သဘောပေါက်၏။

"ဆရာက အခုဆိုရင် နိုင်ငံကြီး တစ်နိုင်ငံလောက် လွှမ်းမိုးမှုရှိတဲ့သူ တစ်ယောက် ဖြစ်နေပြီ ... သူ့ တပည့်ဖြစ်တဲ့ ငါတောင်မှ မိသားစုကြီးတွေရဲ့ ခေါင်းဆောင် တွေနဲ့ ပခုံးချင်း ယှဉ်နိုင်နေပြီ ... ရန်ရှောင်ပိုင်တို့က ဆရာ့ရဲ့ သူငယ်ချင်း ဆိုတော့ သူတို့နဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်တာကတင် အခွင့်အရေးတွေ အကျိုးအမြတ်တွေ ရလာနိုင်တယ်"

ရန်ကျင်း အဓိက မိသားစုများ၌ မွေးဖွား လာသူတိုင်းမှာ ဟောင်မိန်ကဲ့သို့ လူများပင် ဖြစ်သည်။

သူတို့သည် လူတိုင်းကို နှစ်မျိုးနှစ်စား ခွဲ၍ ရှုမြင်ကြ၏။ ပထမ တစ်မျိုးက သူတို့ ဆက်ဆံရန် သင့်တော်သော လူမျိုး ဖြစ်ပြီး အခြား တစ်မျိုးမှာ ဆက်ဆံရန် မသင့်တော်သော လူများဟူ၍ ဖြစ်၏။

ပထမ၌ ရှောင်မိန်သည် ချန်းဖန် အပါအဝင် ရှု့ဟောက်ရွှမ်း၏ သူငယ်ချင်းများကို ဆက်ဆံရန် မသင့်တော်ဟု ယူဆကာ အရောတဝင် မနေခဲ့ချေ။

သို့သော်လည်း ချန်းဖန်၏ ပုံရိပ် အစစ်အမှန်ကို သိရှိပြီး နောက်တွင် သူမသည် လေးစားသော အပြုအမူများကို ပြသကာ ဝူကျွင်းကျဲ့၊ လင်းဝေ့ဝေ့တို့နှင့် ရင်းနှီးရန် ကြိုးစားလာသည်။

သို့သော်လည်း ဟောင်မိန်သည် သူမ၏ အဆင့်အတန်းကို နားလည်ရာ ချန်းဖန်နှင့် ရင်းနှီးရန် အတွက်မူ မကြိုးစားခဲ့ချေ။

ညနေစောင်း အချိန်သို့ ရောက်လာသည့် အချိန်၌ သူတို့သည် တွေ့ဆုံပွဲကို ရပ်နားရန် ဆုံးဖြတ်လိုက်၏။

လင်းဝေ့ဝေ့၊ ရှု့ဟောက်ရွှမ်းတို့ကို လိုက်လံ ပို့ဆောင်ပြီးနောက် ချန်းဖန်နှင့် ယုဝမ်ကျင်း တို့သည် ဝူကျွင်းကျဲ့ကို နှုတ်ဆက်ကာ သူတို့၏ ငွေရောင် လန်ဘော်ဂီနီ ကားလေးအတွင်း ဝင်ရောက် လိုက်ကြသည်။

သူတို့ ထွက်ခွာသွားပြီးနောက် ဝူကျွင်းကျဲ့၏ အပြုံးများ စတင် ခန်းခြောက်လာ၏။ တစ်ခဏ အကြာ၌ ဝူကျွင်းကျဲ့က ဖြူရော်စွာ ဆိုလိုက်သည်။

"ငါတို့တွေက ခြားနားတဲ့ ကမ္ဘာမှာ နေနေကြတာပဲ ... အရင်တုန်းက ငါသာ သေချာ အလုပ် ကြိုးစားရင် သူတို့ကို မီနိုင်မယ်လို့ ထင်ခဲ့တယ် ... ဒါပေမဲ့ အခု ငါနဲ့ သူတို့က တဖြည်းဖြည်း ပိုပြီး ဝေးကွာ လာတာပဲ"

လီယဉ်ကမူ ဝူကျွင်းကျဲ့၏ စကားအား နားလည်ပုံ မရချေ။ သူမက မျက်လုံး အဝိုင်းသား ဖြင့်သာ ဝူကျွင်းကျဲ့အား ကြည့်နေခဲ့သည်။

ဝူကျွင်းကျဲ့က တစ်ချက် ပြုံးရင်း သက်ပြင်း ချလိုက်၏။ သူက ထိုအကြောင်းကို ဆက်လက် မတွေးတောရန် ဆုံးဖြတ်လိုက်သည်။

ရှု့ဟောက်ရွှမ်းနှင့် ဟောင်မိန်တို့သည် အနီရောင် BMW Z4 ကားလေးကို မောင်းရင်း သူတို့ တည်းခိုရာ ကြယ်လေးပွင့် ဟိုတယ်သို့ ပြန်လာကြသည်။

"ဟန်နီ ... နောက် သုံးနှစ်လောက် နေရင် ငါ လန်ဘော်ဂီနီ တစ်စီးတော့ ဝယ်နိုင်မှာပါ ... အဲဒီကျရင် ငါ ကိုယ်တိုင် ကားမောင်းပြီး မင်းနဲ့ အတူ ရန်ကျင်းမြို့ထဲ လျှောက်လည်ကြမယ်"

ရှု့ဟောက်ရွှမ်းက ချန်းဖန်၏ လန်ဘော်ဂီနီကို အမှတ်ရလာသည်နှင့် ရုတ်တရက် ပြောလိုက်၏။

သူသည် စတားဝါး ကော်ပရေးရှင်းတွင် အလုပ် ဝင်နေပြီ ဖြစ်ပြီး လတ်တလော၌ သူ၏ ယောက္ခမလောင်းကြီး အကူအညီဖြင့် ဌာန ခေါင်းဆောင် အဖြစ် ရာထူး တိုးမြှင့်ခံထား ရသည်။

"ရှင်က လန်ဘော်ဂီနီကို ဝယ်ချင် ဝယ်နိုင်လိမ့်မယ် ... ဒါပေမဲ့ ရှင့်သူငယ်ချင်းကိုတော့ ဘယ်တော့မှ မီမှာ မဟုတ်ဘူး"

ဟောင်မိန်က ဟိုတယ် အခန်းအတွင်း တံခါးဖွင့်၍ ဝင်ကာ ခုတင်ပေါ် ခြေပစ်လက်ပစ် လှဲချရင်း ပြောလိုက်၏။

"ငါတော့ အဲဒီလို မထင်ဘူး ..."

ရှု့ဟောက်ရွှမ်းက ခေါင်းခါလိုက်သည်။

သူကား ခေါင်းမာသော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ရာ ဘယ်တော့မှ အရှုံးမပေးတတ်သူ ဖြစ်သည်။ သူသည် ငယ်ရွယ်စဉ်ကပင် အတန်းထဲ၌ အမြဲတမ်း အဆင့်တစ် ရခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် ဟောင်မိန်၏ ဖခင်က သူ့အား သဘောကျကာ သမက်အဖြစ် ရွေးခဲ့ခြင်း ဖြစ်သည်။

"ဒီလောက် အသက်အရွယ်နဲ့ ရှောင်ဖန် ဘယ်လို ဗိုလ်ချုပ်ကြီး ဖြစ်လာတယ် ဆိုတာ ငါမသိပေမဲ့ ငါလည်း ခုမှ ငယ်ငယ်လေးပဲ ရှိသေးတယ် ... ငါသာ ကြိုးစားရင် တစ်နေ့မှာ ဘီလျံနာ ဖြစ်လာမှာ သေချာတယ်"

ရှု့ဟောက်ရွှမ်းက ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။

"ကမ္ဘာပေါ်မှာ ဗိုလ်ချုပ်ကြီးတွေ ရာချီပြီး ရှိတယ် ... ဒါပေမဲ့ ဘီဂိတ်တို့ စတားဝါးရဲ့ စီအီးအို တို့လို ထိပ်တန်း ဘီလျံနာတွေက ဘယ်လောက် များလို့လဲ ... ငါသာ ဘီလျံနာ ဖြစ်လာရင် ရှောင်ဖန်ထက် သာသွားမှာ သေချာတယ်"

ရှု့ဟောက်ရွှမ်း၏ စကားကို ကြားသည်နှင့် ဟောင်မိန်က ဖြူရော်စွာ ပြုံးရင်း ခေါင်းခါ လိုက်၏။

"ချန်းပေ့ရွှမ်းက သာမန် ဗိုလ်ချုပ်ကြီး မဟုတ်ဘူး ... ထန်လုံ အထူး တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ကြီးရှင့် ... ဟောက်ရွှမ်း ... လွန်ခဲ့တဲ့ လပိုင်း မြောက်အရပ် တောင်တန်းမှာ လုပ်တဲ့ စေ့စပ်ပွဲကို ရှင်မှတ်မိမှာပေါ့"

***

All Chapters