သူက လူသား မဟုတ်ဘူး နတ်ဘုရား တစ်ပါးပဲ
Vol. 7 Ch. 684
"မင်းပြောတာက ရန်ကျင်းကို ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်စေခဲ့တဲ့နေ့ ... တစ်မြို့လုံးက မေပယ် သစ်ရွက်တွေ အနီရောင် ပြောင်းသွားတဲ့ နေ့လား"
ရှု့ဟောက်ရွှမ်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"ငါကြားရသလောက်ဆို အဲဒီနေ့က ဝမ်မိသားစုက လူငယ်တစ်ယောက်နဲ့ မြောက်ပိုင်းချုံး စီအီးအိုတို့ရဲ့ စေ့စပ်ပွဲ လုပ်တဲ့နေ့တဲ့ ... အဲဒီ စေ့စပ်ပွဲကို နိုင်ငံ အများကြီးက ကိုယ်စားလှယ်တွေတောင် တက်ကြတယ်တဲ့ ... အဲဒါက ရှောင်ဖန်နဲ့ ဘယ်လို ပတ်သက်နေလဲ"
"ချန်းဖန်က အဲဒီနေ့မှာ စေ့စပ်ခဲ့တဲ့ သတို့သားလေ"
ဟောင်မိန်က ပြန်ဖြေလိုက်သည်။
"ဘယ်လို ..."
ရှု့ဟောက်ရွှမ်းမှာ လုံးဝ အံ့အားသင့် သွား၏။
"ဟုတ်တယ် ... အဲဒါက အမှန်ပဲ"
ဟောင်မိန်က ခေါင်းညိတ် အတည်ပြုရင်း ဆက်ပြောလိုက်သည်။
"ရှင့် သူငယ်ချင်းက မြောက်ပိုင်းချုံးရဲ့ တည်ထောင်သူပဲ ... သူက ဝမ်မိသားစုက ဆိုပေမဲ့ သခင်ကြီးဝမ်ရဲ့ ရှေ့မှာ ဝမ်ချန်းကို သတ်ပစ်ခဲ့တယ် ... သူ စေ့စပ်တဲ့ နေ့မှာ သာမန် နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေတင် မကဘူး ... အမေရိကန် အင်္ဂလန်စတဲ့ မဟာ အင်အားကြီး နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေပါ တက်ရောက်ခဲ့ကြတာ"
ထိုစကားအား ကြားပြီးနောက် ရှု့ဟောက်ရွှမ်း၏ မျက်နှာကား ဖြူရော်ကာ လူကိုယ်တိုင်မှာလည်း ဆွံ့အသွားခဲ့၏။
အမေရိကန်နှင့် အင်္ဂလန်တို့ကား ကမ္ဘာ၏ အနှိုင်းမဲ့ ဖြစ်တည်မှုများ ဖြစ်သည်။ နိုင်ငံငယ် တစ်ရာ ပေါင်းလျှင်ပင် အမေရိကန်၏ အင်အားကို မီနိုင်မည် မဟုတ်ချေ။
သို့သော်လည်း အမေရိကန်က ချန်းဖန်၏ စေ့စပ်ပွဲကို ဂုဏ်ပြုရန် သူ၏ ကိုယ်စားလှယ်ကို စေလွှတ်ခဲ့သည်။ ကမ္ဘာပေါ်၌ ထို့သော်လည်း ဂုဏ်ပြုမှုကို ရရှိနိုင်သည့် လူမှာ လက်ချိုး ရေတွက်၍ပင် ရသည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ ..."
ရှု့ဟောက်ရွှမ်းမှာ တီးတိုး ရေရွတ်နေမိသည်။
"ရှောင်ဖန်က သာမန် လူတစ်ယောက်ပဲဟာ ... သူက စစ်တပ်ကို ဝင်ပြီး အမြင့်ဆုံး ရာထူး ရနေရင်တောင် ဘာလို့ အမေရိကန် ကိုယ်စားလှယ်က လာရတာလဲ ... နောက်ပြီး သူက ဝမ်ချန်းကို သတ်ခဲ့တယ် ဆိုရင် ဘာလို့ ဝမ်မိသားစုက သူ့ကို သွားခွင့် ပေးရတာလဲ"
"ဘာလို့လဲ ဆိုတော့ ... သူက ချန်းပေ့ရွှမ်း မလို့ ... အရှင်ချန်း မလို့ ... နိုင်ငံ တစ်နိုင်ငံလောက် အစွမ်းထက်တဲ့ မဟာ အင်အားကြီးချန်း မလို့ပဲ"
ဟောင်မိန်က သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်၏။
"မဟာ အင်အားကြီး ချန်း အရှင်ချန်း"
ရှု့ဟောက်ရွှမ်းက နားမလည်စွာ လိုက်လံ ရေရွတ်လိုက်သည်။
ဟောင်မိန်က ရှု့ဟောက်ရွှမ်း၏ ဘေးနားသို့ ကပ်ကာ ထိုင်ရင်း လက်အား ညင်သာစွာ ဆုပ်ကိုင်လိုက်၏။
"ဟောင်မိသားစုက ရန်ကျင်းမှာ အလယ်အလတ် မိသားစု ဆိုတော့ ငါ သိထားတာက သိပ်တော့ မများဘူး ... အဖေဆီက ကြားရသလောက်ဆို ချန်းပေ့ရွှမ်းက မဟာအင်အားကြီး နိုင်ငံတွေနဲ့ ရဲ့ချင်စန်းကို အနိုင်ယူခဲ့တာတဲ့ ... ရှင့်မှာ ထရီလျံနဲ့ ချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေရင်တောင် သူ့ အတွက် ရှင်က ပုရွက်ဆိတ် တစ်ကောင်နဲ့ မခြားနားဘူး"
ဖြည်းဖြည်းချင်းပင် ဟောင်မိန်က သူမ သိထားသမျှကို ရှု့ဟောက်ရွှမ်းအား ပြန်လည် ပြောပြလိုက်သည်။ သူမ သိထားသည့် အကြောင်းအရာများက စုံလင်မှု မရှိသည့်တိုင် ထိုအရာက ရှု့ဟောက်ရွှမ်းအား အံ့အားသင့်စေရန် လုံလောက်နေပြီ ဖြစ်သည်။
"ရှောင်ဖန်က ရုရှား ခြေလျင်တပ်မ တစ်ခုကို အနိုင်ယူခဲ့တယ် ... ပြီးတော့ မြေထဲပင်လယ် ရေတပ်ကို ဖျက်ဆီးခဲ့တယ် ... နောက် အမေရိကန်ကိုပါ နောက်ဆုတ်အောင် ဖိအားပေးခဲ့တယ်ပေါ့ ဟုတ်လား"
ရှု့ဟောက်ရွှမ်းက မယုံကြည်နိုင်စွာဖြင့် ခေါင်းအား ခါမိလိုက်၏။
"မဖြစ်နိုင်ဘူး ... သာမန် လူတစ်ယောက်က ဘာလို့ ဒီလောက်တောင် အစွမ်းထက် ရတာလဲ ... ရုပ်ရှင်တွေထဲမှာတောင် အဲဒီလို လုပ်ဖို့ မဖြစ်နိုင်ဘူး"
ချန်းဖန်ကား ငယ်စဉ် ကတည်းက သူနှင့် အတူ ကြီးပြင်းလာသည့် သူငယ်ချင်း ဖြစ်သည်။ သို့သော် ငါးနှစ်ခန့် ကွဲကွာသွားသည့် အတောအတွင်း ချန်းဖန်က အဘယ်ကြောင့် ဤမျှ အင်အားကြီး သွားရသနည်း။
"အဲဒါတွေသာ အမှန် မဟုတ်ရင် ဝေ့မိသားစုနဲ့ ရှောင်မိသားစုက ဘာလို့ ချန်းပေ့ရွှမ်းကို ကြောက်ရတာလဲ ... ဘာလို့ အသက် နှစ်ဆယ်နဲ့ ချန်းပေ့ရွှမ်းက ထန်လုံတပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ကြီး ဖြစ်လာရတာလဲ"
ဟောင်မိန်၏ မေးခွန်းက ရှု့ဟောက်ရွှမ်းအား တိတ်ဆိတ် သွားစေ၏။ ရှု့ဟောက်ရွှမ်းသည် အဖြေကို ရှာဖွေရန် ကြိုးစား သော်လည်း အဆုံး၌ ဦးနှောက်ခြောက်ခြင်းသာ အဖတ်တင်ခဲ့သည်။
"ဟောက်ရွှမ်း ... ရှင့် သူငယ်ချင်းက သာမန် လူတစ်ယောက် မဟုတ်ဘူး ... သူက နတ်ဘုရား တစ်ပါးပဲ"
ဟောင်မိန်က သူမ၏ ချစ်သူကို ငေးကြည့်ရင်း ပြောလိုက်၏။ သူမ၏ မျက်လုံးတွင်မူ စိတ်အား ထက်သန်ခြင်းများက တလက်လက် တောက်ပနေ၏။
"ရှင့်မှာ ချန်းပေ့ရွှမ်းလို သူငယ်ချင်း ရှိနေတာ အရမ်းကို ကံကောင်းတယ် ... ရှင်သာ သူ့ သူငယ်ချင်း ဆိုတာသာ သိရင် ရန်ကျင်းရဲ့ သူဌေးကြီးတွေတောင် ရှင့်ကို ဦးညွှတ်ကြမှာ သေချာတယ်"
ရှု့ဟောက်ရွှမ်းကမူ ဟောင်မိန်၏ စကားများကို ကြားဟန် မရချေ။ သူက ပြတင်းပေါက်ကို ကျော်လွန်၍ ငေးငိုင်နေသည်။ သူ၏ စိတ်နှလုံး အလုံးစုံကိုမူ မေးခွန်းတစ်ခုက စိုးမိုး ခြယ်လှယ်နေ၏။
"ရှောင်ဖန်က တကယ်ပဲ နတ်ဘုရား တစ်ပါးလား"
***
ထိုအချိန်၌ ချန်းဖန်နှင့် ယုဝမ်ကျင်းတို့သည် အရှေ့တောင်ရှိ စံအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်လေသည်။
သူငယ်ချင်းဟောင်းများနှင့် တွေ့ဆုံပြီးပြီ ဖြစ်ရာ ချန်းဖန်၏ စိတ်များမှာလည်း ရှင်းလင်း ပေါ့ပါးသွားပြီ ဖြစ်သည်။ သူ့တွင် လုပ်စရာ ဟူ၍ ကောင်းကင်လမ်းကြောင်း ရှာဖွေခြင်း ပေါ်တွင်သာ အာရုံစိုက်ရန်သာ ရှိတော့၏။
"ဆရာ ... ငါ သူတို့ကို တစ်ခုခု ကူညီပေးလိုက်ရ မလား"
ယုဝမ်ကျင်းက မေးလိုက်သည်။
"မလိုတော့ဘူး ... အခုဆို မြောက်ကမ်းနား စားသောက်ဆိုင်မှာ ဖြစ်တဲ့ ကိစ္စကို လူတိုင်း သိသွားလောက်ပြီ ... ချန်းပေ့ရွှမ်းရဲ့ သူငယ်ချင်း ဖြစ်တာကတင် သူတို့အတွက် တရုတ်မှာ ထင်ရာစိုင်းဖို့ လုံလောက်ပြီ"
ချန်းဖန်က ခေါင်းခါရင်း ဆိုလိုက်သည်။
"ဒါနဲ့ ဝေ့မိသားစုနဲ့ ရှောင်မိသားစု ကိစ္စကရော ဘယ်လို လုပ်မလဲ ... ကြည့်ရတာ ရှောင်ရွှမ်က နောက်ဆုတ်မယ့်ပုံ မရဘူးနော်"
ယုဝမ်ကျင်းက စိုးရိမ်စွာ မေးလိုက်သည်။
"ဝေ့မိသားစုကိုတော့ ဒီအတိုင်းပဲ ထားလိုက်ပါ ... အဘိုးကြီးဝေ့က အခြေအနေကို သိတတ်တဲ့ လူပဲ ... သူက ဘယ်အချိန် နောက်ဆုတ်ရမလဲ သိတယ် ... ရှောင်ရွှမ် အတွက်တော့ ... သူ ငါ့ကို နောက်တစ်ကြိမ် လာစရဲရင် သတ်ပစ်လိုက် ရုံပေါ့"
***
နောက်ရက်များ အတွင်း၌ ချန်းဖန်သည် ကျင်းမြို့တော်တွင်သာ နေထိုင်ရင်း မိသားစုနှင့် အတူ အချိန်ဖြုန်း နေခဲ့သည်။ ထိုနေ့ရက်များသည် ကမ္ဘာမှ မထွက်ခွာခင် မိသားစုနှင့် အတူ အေးအေးဆေးဆေး နေရသည့် နောက်ဆုံး နေ့ရက်များပင် ဖြစ်နေနိုင်သည်။
"စိတ်မပူပါနဲ့ ရှောင်ချုံး ... ကောင်းကင် လမ်းကြောင်းကို ရှာတွေ့ရင်တောင် ငါ ချက်ချင်းကြီး ထွက်မသွားပါဘူး ... ခွန်ရှု့ နယ်မြေရဲ့ အန္တရာယ်ကို ဖြေရှင်းပြီးမှ သွားမှာပါ"
ချန်းဖန်က စိတ်ပူနေသော ဖန့်ချုံးကို ပြုံးရင်း နှစ်သိမ့်လိုက်သည်။
မိသားစု ကိစ္စ အလုံးစုံကို ချန်းဟွိုက်အန်း၏ လက်သို့ လွှဲအပ်ပေးပြီးသည့်နောက် ချန်းဖန်သည် သူ၏ ကောင်းကင်လမ်းကြောင်း ရှာဖွေရေး ခရီးစဉ်ကို စတင် ခဲ့တော့၏။
"သွေးဘိုးဘေး ပြောတဲ့ စကားအရ ဆိုရင် နတ်ဘုရား စစ်ပွဲ အပြီးမှာ ... အရှေ့တိုင်းက ကျင့်ကြံသူတွေလိုပဲ အနောက်တိုင်းက ကျင့်ကြံသူတွေဟာ ကမ္ဘာကနေ ထွက်ခွာ သွားခဲ့ကြတယ် တဲ့ ... ကြည့်ရတာ အနောက်တိုင်းမှာလည်း နေရာ ကူးပြောင်းရေး အစီအရင်လိုမျိုး တစ်ခုခု ရှိနေပုံ ရတယ်"
ချန်းဖန်၏ ပထမ အစီအစဉ်မှာ ခွန်ရှု့ နယ်မြေသို့ ဝင်ရောက်ပြီး ကောင်းကင်လမ်းကြောင်း ဆိုသည့် အရာကို ရှာဖွေရန် ဖြစ်သည်။ သို့သော်လည်း လတ်တလော၌ ကောင်းကင်တံခါးက မတည်မငြိမ် ဖြစ်နေရာ ခွန်ရှု့ နယ်မြေကို ဝင်၍ ရဦးမည် မဟုတ်ချေ။
"အရှေ့တိုင်း ကျင့်ကြံသူတွေက စွန့်ပစ်ခံ နယ်မြေ တစ်ခု ဖြစ်တဲ့ နတ်ဘုရား သင်္ချိုင်း တောင်ကြားမှာ ကောင်းကင်တံခါးကို ချန်ရစ်ခဲ့တယ် ဆိုတော့ ... အခြား စွန့်ပစ်ခံ နယ်မြေတွေမှာလည်း နေရာ ကူးပြောင်းရေး အစီအရင်တွေ ရှိနေမလား"
ချန်းဖန်က မေးစေ့အား ပွတ်သပ်ကာ စဉ်းစားလိုက်၏။
ကမ္ဘာပေါ်၌ ခွန်းလွန် နတ်ဘုရား သင်္ချိုင်း တောင်ကြား၊ နဂါးရေကန်၊ မာယာ ဘုရားကျောင်းများ၊ ဘေဘီလုံ နတ်ဆိုး လိုဏ်ဂူ၊ ရိုမေးနီးယား သွေးပင်လယ် ... စသည်ဖြင့် စွန့်ပစ်ခံ နယ်မြေ ခုနစ်ခု ရှိသည်။
ထိုစွန့်ပစ်ခံ နယ်မြေများသည် ဒဏ္ဍာရီများနှင့် ဆက်စပ်နေကာ ရှေးဟောင်း နတ်ဘုရားများ၊ မျိုးနွယ်စုများ၏ နောက်ဆုံး အခြေစိုက်ရာ နေရာများ ဖြစ်နေနိုင်သည်။
"ခွန်းလွန် နတ်ဘုရား သင်္ချိုင်းက ... ငါ သွားခဲ့ပြီးပြီ"
"မာယာ ဘုရားကျောင်း တွေကလည်း အမေရိကန် စစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတယ်တဲ့"
"နောက် ခွန်းလွန်ရဲ့ စကား အရဆို နဂါး ရေကန်မှာ အရမ်းကို အန္တရာယ်များတဲ့ နှစ်ထောင်ချီ နဂါးကြီး ရှိနေတယ်တဲ့ ... ငါ့ အနေနဲ့ မစွန့်စားသင့်ဘူး"
"ဒီတော့ကာ ... ငါ့အတွက် အသင့်တော်ဆုံးက ရိုမေးနီးယား သွေးပင်လယ်ပဲ"
သွေးပင်လယ်သည် သွေးဘိုးဘေး အနားယူခဲ့သော နေရာ ဖြစ်သည်။ ယခု သွေးဘိုးဘေး သေသွားပြီ ဖြစ်ရာ ထိုနေရာ၌ စောင့်ရှောက်သူ ရှိတော့မည် မဟုတ်ချေ။
ထို့အပြင် သွေးဘိုးဘေး၏ စကားအရ ကမ္ဘာမြေမှ ထွက်ခွာသွားခဲ့သည့် ကျင့်ကြံသူ များတွင် ရှေးဟောင်း သွေးမျိုးဆက်များ ပါဝင်နေရာ သွေးပင်လယ်၌ နေရာ ကူးပြောင်းခြင်း အစီအရင်တစ်ခု ကျန်ရစ်ခဲ့နိုင်သည်။
"ရိုမေးနီးယား သွေးပင်လယ် ... ငါ လာပြီ"
ယခု တစ်ကြိမ်၌ ချန်းဖန်သည် တစ်ကိုယ်တော် ခရီးနှင် လာခဲ့ခြင်း ဖြစ်သည်။ သူသည် ဓားသန့်စင်ခြင်း ကျောက်မျက်မှ လွဲ၍ မည်သည့် အရာကိုမျှ ယူမလာခဲ့ချေ။
"ဟူး ... ဟူး ..."
လေယာဉ်သည် ကောင်းကင်ကို ဖြတ်သန်း၍ ပျံသန်းနေ၏။
ချန်းဖန်သည် ထိုင်ခုံကို နောက်မှီကာ ထိုင်ရင်း လှပသော လေယာဉ်မယ်လေးများကို ငေးမော အရသာခံနေခဲ့သည်။ သူသည် တန်ခိုးရှင် ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း နေရာတိုင်း၌ ကျောက်တုံးကဲ့သို့ တည်ငြိမ်စွာ နေရန်ဆန္ဒ မရှိချေ။
"ချန်းဖန် ..."
ရုတ်တရက် နေကာမျက်မှန် တက်ထားသော ကောင်မလေး တစ်ယောက်က တအံ့တဩဖြင့် ချန်းဖန်အား လာရောက်ကာ နှုတ်ဆက် လိုက်၏။
ချန်းဖန်က အသံလာရာသို့ မော့ကြည့်လိုက်ရာ ရင်းနှီးဖူးသော မျက်နှာလေးအား မြင်လိုက်ရသည်။
"ကျန်းချူရန် ..."
***