← Chapters

ခရစ်ယာန် ဘုရားကျောင်းကို တစ်ကိုယ်တည်း သွားခြင်း

Vol. 7 Ch. 685

ခရစ်ယာန် ဘုရားကျောင်းကို တစ်ကိုယ်တည်း သွားခြင်း

Vol. 7 Ch. 685

မတွေ့ရသည့် ကာလများ အတွင်း၌ ကျန်းချူရန်သည် ပိုမို၍ ရင့်ကျက် တည်ငြိမ်လာ၏။

သူမသည် ဆံပင်များကို ဖြန့်ကာ ချထားပြီး နေကာမျက်မှန်ကို တပ်ဆင်ထားသည်။ ထို့အပြင် အသားကပ် ဂျင်းဘောင်းဘီနှင့် ခပ်ပွပွ ဆွယ်တာကို တွဲဖက် ဆင်မြန်းထားသော သူမ၏ ဖက်ရှင်က ကလေးဆန်ကာ ချစ်စရာ ကောင်းနေ၏။

"မတွေ့ရတာ ကြာပြီ ... နင်လည်း ဥရောပကို သွားမလို့လား"

ချန်းဖန်က ပြုံးရင်း မေးလိုက်သည်။ သူတို့ နှစ်ယောက်တွင် အတိတ်၌ မပြေလည်မှု အချို့ ရှိခဲ့သော်လည်း ချန်းဖန်သည် ထိုအရာများကို လွှတ်ချခဲ့ပြီး ဖြစ်သည်။

"ဟုတ်တယ် ... တိုက်ဆိုင်လိုက်တာနော်"

ကျန်းချူရန်က ပြုံးရင်း သူ၏ ရှေ့မှ ထူးခြားပုံ မရသော လူငယ်လေးကို ပြန်လည် ငေးကြည့် လိုက်သည်။

ထိုလူငယ်လေးမှာ ကမ္ဘာ၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်ဟု မည်သူက ထင်မည်နည်း။

ထိုလူငယ်လေးမှာ မြောက်ပိုင်းချုံး၏ ဂိုဏ်းချုပ်ဟု မည်သူက ယုံကြည်မည်နည်း။

ထိုလူငယ်လေးမှာ အလွန် ကျော်ကြားသည့် မြန်မာ သူတော်စင်ဟု မည်သူက တွေးမိမည်နည်း။

"သူ ဒီလောက်အထိ ထူးချွန်မယ်လို့ အတိတ်မှာတုန်းက ဖေးဖေးလို ငါ ဘာလို့ မတွေးမိတာလဲ ..."

ကျန်းချူရန်က တွေးရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။

ထို့နောက် သူတို့ နှစ်ယောက်သည် အထက်တန်း ကျောင်းမှ အတန်းဖော် ဟောင်းများ အကြောင်း စကားစပ်မိကာ ပြောဆိုမိကြသည်။

"နင် ရေကန်ပေါ်မှာ လမ်းလျှောက် လာတုန်းက သူတို့တွေ အရမ်းကို ကြောက်သွားကြတာ ... လီရီဖန်းနဲ့ စီယင်းရှတို့က ချက်ချင်းပဲ သူတို့ကျောင်းကို ပြန်သွားကြတယ် ... ငါ ကြားရ သလောက်ဆို စီယင်းရှက ဟားဗက် တက္ကသိုလ် စီးပွားရေး ကျောင်းကို ဝင်ခွင့် ရတယ်တဲ့ ... ရန်ချိုးကလည်း ဘက်စကက်ဘော နိုင်ငံ လက်ရွေးစင် အဖြစ် ရွေးချယ်ခံရတယ်တဲ့"

ကျန်းချူရန်က စိတ်လှုပ်ရှားစွာ ပြောပြ၏။

ချန်းဖန်ကမူ ဘာမှ ပြန်မပြောဘဲ ပြုံးရင်း ခေါင်းညိတ်ရုံသာ ညိတ်နေခဲ့သည်။

"နောက်ပြီး လင်းလုလုလို့ ခေါ်တဲ့ ကောင်မလေးလေ ... သူက နင့်ကို အရမ်းကို လေးစားနေတာ ... ငါ့ဆီမှာ နင့်အကြောင်းတို့ နင်စိတ်ဝင်စားတဲ့ ပုံစံတို့ ဖုန်းနံပါတ်တို့ လာမေးသေးတယ် ... သူက နင့်ကို လက်တောင် ထပ်ချင်နေတာ"

ကျန်းချူရန်က ပါးစပ်ကို ပိတ်၍ ရယ်မောလိုက်၏။ ထို့နောက် သူမက ချန်းဖန်အား ကြည့်လိုက်သည်။

"နင် သူ့ကို စဉ်းစားပေး သင့်တယ်နော် ... နင့် အနေနဲ့ တကယ်ဆို မိန်းမ လေးငါး ဆယ်ယောက်လောက် ယူသင့်တာ"

"ငါလည်း စဉ်းစားမိပါတယ် ... ဒါပေမဲ့ ငါသာ မိန်းမ အများကြီး ယူလိုက်ရင် သူတို့ကို တာဝန်ယူရမယ် ဂရုစိုက်ရမယ် ... နောက်ပြီး နောက်နှစ်တစ်ရာလောက် အကြာ သူတို့တွေ တစ်ယောက်ပြီး တစ်ယောက် သေသွားရင် နောက်ဆုံးတော့ ငါပဲ ကျန်ခဲ့မှာပဲလေ"

ချန်းဖန်က သက်ပြင်းချရင်း ခေါင်းကို ခါယမ်းလိုက်သည်။

ထိုအရာကား ချန်းဖန်နှင့် ကျင့်ကြံသူတိုင်း သေချာပေါက် ငြင်းပယ်သော အရာလည်း ဖြစ်သည်။

အတိတ်ဘဝ၌ ချန်းဖန်သည် စကြဝဠာကို ဖြတ်သန်းကာ မရေမတွက်နိုင်သော မျိုးနွယ်စု များနှင့် စစ်ပွဲများ ဆင်နွှဲခဲ့သည်။ ထိုစဉ်က သူသည် မိန်းမ အချို့နှင့် ဆုံစည်းဖူးသော်လည်း လက်တွဲဖော် အဖြစ် လက်ထပ် ယူရန်မူ ငြင်းဆန်ခဲ့သည်။

တာအို ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများသည် နှစ်သိန်းချီ နေနိုင်ကြရာ သူတို့နှင့် အဆင့်တူများကိုသာ လက်တွဲဖော် အဖြစ် ရွေးချယ်လေ့ ရှိသည်။ မဟုတ်လျှင် ဘဝ လက်တွဲဖော် ဆိုသော စကားလုံးက အဓိပ္ပာယ် ရှိတော့မည် မဟုတ်ချေ။

လတ်တလော၌ ချန်းဖန်သည် သူ၏ မိဘများ၊ ဖန့်ချုံးနှင့် အန်ရာတို့ မူလ အဆင့်သို့ ဝင်နိုင်ရန် ရတနာ ဆေးဝါးများ စုဆောင်း နေရသည်။

သို့သော်လည်း တာအို ဖွဲ့စည်းခြင်း သို့မဟုတ် အတိဒုက္ခ အဆင့်ကို ရောက်ရှိပြီး နောက်၌ နတ်ဘုရား ဆေးဝါးများပင် အသုံးဝင်တော့မည် မဟုတ်ချေ။ ချန်းဖန် အနေဖြင့် သူတို့ သေသွားသည်ကို ထိုင်ပြီး ကြည့်ရန်သာ တတ်နိုင်လိမ့်မည် ဖြစ်သည်။

"နင် ဘာကိစ္စနဲ့ ဥရောပကို သွားမလို့လဲ ... ဒါနဲ့ နင့်မှာ ကောင်လေးရော ရပြီလား"

ချန်းဖန်က မေးလိုက်သည်။

"ညီလာခံ တစ်ခုရှိလို့ ဆိုပါတော့ဟာ ... ဥရောပမှာလည်း သဘာဝလွန် စွမ်းအားတွေကို စိတ်ဝင်စားတဲ့ လူတွေ အများကြီး ရှိတယ် ... ငါက သဘာဝလွန် စွမ်းအား ဆိုင်ရာ အဖွဲ့အစည်းမှာ အတွင်းရေးမှူးလေ ... ဒါကြောင့် ဥရောပ ဖိုရမ် အချို့က ငါ့ကို ဖိတ်ကြတာ"

"အဲဒီလိုကိုး ..."

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

နာရီပေါင်းများစွာ ခရီးနှင်ပြီးနောက် ချန်းဖန်တို့ စီးနင်းလာသော လေယာဉ်သည် အီတလီ နိုင်ငံ၏ မြို့တော် ရုမ်း(ရောမ) မြို့သို့ ဆိုက်ကပ် လာခဲ့၏။

ကျင်းမြို့တော်မှ ရိုးမေးနီးယားသို့ တိုက်ရိုက် လေယာဉ်များ မရှိချေ။ ထို့အပြင် ချန်းဖန် ကိုယ်တိုင်မှာလည်း သွေးပင်လယ်သို့ ဝင်ရန် အဆင်သင့် မဖြစ်သေးချေ။

"သွေးဘိုးဘေးက သေသွားပြီ ဆိုပေမဲ့ သွေးပင်လယ်က သွေးမျိုးဆက်တွေ နေခဲ့တဲ့ နေရာပဲ ... အဲဒီ နေရာမှာ မမြင်ရတဲ့ အန္တရာယ်တွေ အများကြီး ရှိနေနိုင်တယ် ... အဲဒီ နေရာမှာ ရွှေအမြုတေ အဆင့် သွေးမျိုးဆက် တစ်ယောက် ရှိနေရင် ငါပဲ ဒုက္ခရောက်မှာ ... ဒီတော့ မသွားခင် မေးမြန်းသွားတာ ကောင်းတယ်"

ယခု ခရီးစဉ် အတွက် ချန်းဖန်၏ ရည်ရွယ်ချက်မှာ နေရာ ကူးပြောင်းခြင်း အစီအရင် ရှာဖွေရန် တစ်ခုတည်း အတွက် မဟုတ်ချေ။ ကမ္ဘာ၏ အင်အားစုများ၊ ဂိုဏ်းများကို ခြောက်လှန့်ရန် အတွက်လည်း ပါဝင်၏။ သို့မှသာ သူ ကမ္ဘာမှ ထွက်ခွာသည့် အချိန်၌ သူ၏ မိသားစု လုံခြုံ ဘေးကင်းစွာ နေနိုင်လိမ့်မည် ဖြစ်သည်။

"ခွန်ရှု့နယ်မြေက လွဲရင် ကမ္ဘာ ပေါ်မှာ အင်အား အားကြီးဆုံး အဖွဲ့တွေက ခရစ်ယာန် ဘုရားကျောင်း၊ အာဖရိကရဲ့ ဘော်ဒွန်၊ ရွှေရောင် ဘုရားကျောင်း နတ်ဘုရား၊ အိန္ဒိယရဲ့ ဘရာမင်နဲ့ ဗုဒ္ဓ တန်ဒြာ ဘုရားကျောင်းတို့ပဲ ... သူတို့ အထဲမှာ အင်အား အကြီးဆုံးက ခရစ်ယာန် ဘုရားကျောင်းပဲ"

ချန်းဖန်က ရုမ်းမြို့၏ အနောက်မြောက်ဘက် ထောင့်ကို လှမ်းကြည့်လိုက်၏။

"အရင်တုန်းက ခရစ်ယာန် ဘုရားကျောင်းမှာ သူတော်စင်တွေနဲ့ တန်ခိုးရှင်တွေ အများကြီး ရှိခဲ့တယ်တဲ့ ... သူတို့တွေက အမှောင်ကမ္ဘာကို လွှမ်းမိုးခဲ့ပြီးတော့ သမန်း ဝံပုလွေတွေနဲ့ သွေးစုပ်ဖုတ်ကောင်တွေကို နှိမ်နင်းခဲ့တယ် ... သွေးဘိုးဘေးတောင် သူတော်စင် ဩဂတ်စတင်း ကြောင့် ဒဏ်ရာ အကြီးအကျယ် ရဖူးတယ်တဲ့ ... ဒါကြောင့် ခရစ်ယာန် ဘုရားကျောင်းကို သွားတာက သွေးပင်လယ်ရဲ့ အချက်အလက်တွေကို ရဖို့ အလွယ်ကူဆုံး နည်းလမ်းပဲ"

ခရစ်ယာန် ဘုရားကျောင်းသည် ရုမ်းမြို့၏ အနောက်မြောက်ဘက် ဗာတီကန်တွင် တည်ရှိ၏။

ဗာတီကန်သည် သေးငယ်သော နိုင်ငံ တစ်ခုဖြစ်ပြီး ဧရိယာ လေးဆယ့်လေး မီတာသာ ကျယ်ဝန်း၏။ သို့သော်လည်း ထိုနေရာကား ကမ္ဘာ့ လူဦးရေ ခြောက်ပုံ တစ်ပုံ၏ ယုံကြည် ကိုးကွယ်မှု ဗဟို အချက်အချာလည်း ဖြစ်သည်။

ချန်းဖန်သည် ကျန်းချုရန်နှင့် ဖုန်းနံပါတ် လဲလှယ်ပြီး နောက်၌ ရုမ်းမြို့၏ လမ်းမများ အတိုင်း လမ်းလျှောက်ကာ ဗာတီကန် ရှိရာသို့ ဦးတည်လိုက်သည်။

သူသည် တိုးရစ် တစ်ယောက် အလား ဟိုဟိုဒီဒီ ငေးမောရင်း တစ်ခါတစ်ရံ လမ်းဘေး အီတလီ အစားအစာများကို မြည်းစမ်း ကြည့်နေသေးသည်။

လမ်း၌ လူတချို့က ချန်းဖန်အား သူတို့အတွက် ဓာတ်ပုံ ရိုက်ပေးရန် အကူအညီ တောင်းကြသည်။ ချန်းဖန်ကလည်း မငြင်းဘဲ အလွယ်တကူပင် ကူညီပေးခဲ့၏။

သုံးနာရီခန့် လမ်းလျှောက်ပြီးနောက် ချန်းဖန်သည် ဗာတီကန် ရှိရာသို့ ရောက်လာခဲ့၏။

"ကောင်းကင်ကို ဖန်ဆင်းတော် မူတော် အဖ ဘုရားသခင် ..."

ထိုနေရာ၌ များစွာသော ယုံကြည် သက်ဝင်သူ များနှင့် ကမ္ဘာ တစ်ဝန်းမှ တိုးရစ်များကို တွေ့ရ၏။ နတ်ဘုရား စိတ်အာရုံ၏ အကူအညီ မပါလျှင်ပင် ထိုနေရာ၌ ရှိနေသည့် ကျင့်ကြံသူများကို ချန်းဖန် အာရုံခံမိနေ၏။

"ဘာအကူအညီ လိုလို့လဲ ကလေး ..."

ဘုရားကျောင်း တစ်ခု၏ ရှေ့သို့ အရောက်၌ အနက်ရောင်ဝတ် ဘုန်းတော်ကြီး တစ်ယောက်က ချန်းဖန်အား တားဆီးလိုက်၏။

ထိုဘုန်းတော်ကြီး၏ အပြုအမူက အလွန်ပင် သိမ်မွေ့ကာ ယဉ်ကျေးသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ် အတွင်း စီးဆင်းနေသော အလင်းစွမ်းအား အရိပ်အငွေ့က ချန်းဖန်၏ အာရုံမှ ပြေးမလွတ်ချေ။

ချန်းဖန်၏ ခန့်မှန်းချက် အရဆိုလျှင် သူကား ခရစ်ယာန် ဘုရားကျောင်း၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်မည်မှာ သေချာသည်။

"ကျုပ် ခင်ဗျားတို့ရဲ့ လူနဲ့ တွေ့ချင်လို့"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"သင်က ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ချင်တာလား ... စိတ်မကောင်းပါဘူး ... သူက အခု ဒီမှာ ရှိမနေဘူး ... ဒါပေမဲ့ လအနည်းငယ် ကြာတိုင်း သူ ပြန်လာလေ့ ရှိပါတယ် ... အဲဒီ အခါကျ လာတွေ့လို့ ရပါတယ်"

အနက်ရောင်ဝတ် ဘုန်းတော်ကြီးက ရှင်းပြလိုက်၏။

"ကျုပ် တွေ့ချင်တာက ရုပ်သေးရုပ် မဟုတ်ဘူး ... ခရစ်ယာန် ဘုရားကျောင်းရဲ့ အဓိက တာဝန်ရှိတဲ့လူကို တွေ့ချင်တာ"

ချန်းဖန်က ပြောလိုက်သည်။

"သင်က ဘယ်သူလဲ ..."

အနက်ရောင်ဝတ် ဘုန်းတော်ကြီးက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

"ခင်ဗျား ကိစ္စ မပါဘူး ... အဓိက လူကိုပဲ ထွက်လာခိုင်းလိုက်"

ချန်းဖန်က တည်ငြိမ်စွာပင် ရပ်ရင်းဆိုသည်။

"သင်က ခရစ်ယာန် ဘုရားကျောင်းကို လာပြီး ရန်စရဲတယ်ပေါ့ ... ရဲတင်းလိုက်တဲ့ အပြစ်သား"

အနက်ရောင်ဝတ် ဘုန်းတော်ကြီးက ဟိန်းဟောက်ရင်း အလင်း တစ်ခုကို ဆင့်ခေါ် လိုက်သည်။ ထိုအလင်းက ဓားအသွင်ဖြင့် လေထု၌ ဖြစ်တည်လာ၏။

"ကလန့် ..."

အလင်းဓားမှ ပျံ့လွင့်နေသော စွမ်းအား အငွေ့အသက်များ အရ ထိုဘုန်းတော်ကြီးမှာ အဆင့်လွန် အရှင်သခင် (အထွတ်အထိပ်နှင့် အဆင့်တူ) တစ်ယောက် ဖြစ်ကြောင်း ချန်းဖန် ချက်ချင်းပင် သတိထား မိလိုက်သည်။

"ဝှစ် ..."

အနက်ရောင်ဝတ် ဘုန်းတော်ကြီးက ဓားကို ဆွဲကိုင်၍ ချန်းဖန်အား ခုတ်ပိုင်းလိုက်သည်။

"ကလန့် ..."

သို့သော်လည်း ချန်းဖန်က ထိုအလင်းဓားအား ရှောင်ဖယ်ခြင်း မပြုချေ။ သူက လက်ညှိုးကို ဆန့်ထုတ်၍ ဓားအား တောက်ချလိုက်၏။

"ဝေါ့ ..."

ထို တောက်ချက်တွင်ပင် ... အလင်းဓား ကျိုးပျက်ကာ ပျောက်ကွယ် ရသလို အနက်ရောင်ဝတ် ဘုန်းတော်ကြီး သည်လည်း သွေးတစ်လုတ်အန်ကာ နောက်သို့ ဆုတ်လိုက်ရ၏။

ဘုန်းတော်ကြီးက ချက်ချင်းပင် ပြေးထွက်ကာ သူ၏ ဘုရားကျောင်း အတွင်း ပြေးဝင်သွား၏။ မကြာခင်မှာပင် ဗာတီကန် တစ်ခုလုံး အချက်ပေးသံများ ဆူညံ သွားတော့သည်။

ချန်းဖန်သည် လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဗာတီကန်၏ ဗဟိုရှိရာသို့ ဆက်လက် လျှောက်လာခဲ့သည်။

လမ်း၌ များစွာသော ပညာရှင်များ တွေ့သော်လည်း ထိုလူများက သူ့အား တားဆီးခြင်း မပြုကြချေ။ ထိုလူများက ခပ်လှမ်းလှမ်းမှ နေ၍ မသိမသာ ဝိုင်းပတ်ရင်း သူ့အား အကဲခတ် နေခဲ့၏။

"မစ္စတာ ချန်းပေ့ရွှမ်း ... ကျွန်တော်တို့ ဘာအပြစ်ပြုမိလို့ ခရစ်ယာန် ဘုရားကျောင်းကို လာရတာပါလဲ"

ရုတ်တရက် ခန့်ညားသော အသံနှင့် အတူ အလွန်ပင် အိုမင်းရင့်ရော် နေသော အဘိုးအို တစ်ဦး ချန်းဖန်၏ အရှေ့၌ ပေါ်လာ၏။ ထို အကြီးအကဲအား လူဖြူ တစ်ယောက်က တွဲပိုးထားသည်။

"နောက်ဆုံးတော့ ငါ့ကို မှတ်မိတဲ့ တစ်ယောက် ရှိနေတာပဲ ..."

ချန်းဖန်က ပြုံးရင်း အဘိုးအိုအား ကြည့်လိုက်သည်။

"ခင်ဗျားက ခရစ်ယာန် ဘုရားကျောင်းရဲ့ အဓိက တာဝန်ရှိတဲ့ လူ ဖြစ်ရမယ် ... ခရစ်ယာန် ဘုရားကျောင်းမှာ ခုထိ သူတော်စင် တစ်ယောက် ရှိနေမယ်လို့ ကျုပ် တစ်ခါမှ မတွေးဖူးဘူး ... ခင်ဗျားက ကောင်းကောင်း ပုန်းနေခဲ့တာပဲ"

ချန်းဖန်၏ စကားကို ကြားသည်နှင့် လူတိုင်း တိတ်ဆိတ် သွားကြတော့၏။

***

All Chapters