သူတော်စင်
Vol. 7 Ch. 686
သူတော်စင် ...
ထိုအရာကား အရှေ့တိုင်း၏ မြေကမ္ဘာ နတ်ဘုရား အဆင့်နှင့် တူညီသော တန်ခိုးအဆင့် တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ချန်းဖန်၏ စကားကို ကြားသည်နှင့် လူတိုင်း တိတ်ဆိတ် သွားကြခြင်း ဖြစ်သည်။
သူတို့ သိထားသလောက် ဆိုလျှင် ခရစ်ယာန် ဘုရားကျောင်း၏ နောက်ဆုံး သူတော်စင်မှာ လွန်ခဲ့သည့် နှစ်တစ်ထောင်လောက်က သေဆုံး သွားခဲ့သည့် သူတော်စင် ဩဂတ်စတင်း ဖြစ်သည်။
"သူက ဘယ်သူလဲ ..."
လူတိုင်းက အဘိုးအိုကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်ကြ၏။
အဘိုးအိုသည် ဖြူလွလွ ဆံပင်များကို ပိုင်ဆိုင်ထားပြီး သူ၏ မျက်နှာ တစ်ခုလုံးမှာလည်း အရေးအကြောင်းများဖြင့် ပြည့်နှက်နေ၏။ သူ၏ ပုံစံက အလွန်အမင်း အားနည်းနေကာ အချိန်မရွေး လဲကျတော့မည့်ပုံ ရသည်။
"သူတော်စင် ဖရန်စစ် ... သင် အသက်ရှင် နေသေးတာလား"
အိုမင်းသော ကာဒီနယ် တစ်ယောက်က ရုတ်တရက် မေးလိုက်သည်။ သူ၏ မေးခွန်းက များစွာသော လူများအား တစ်စုံတစ်ရာကို သတိရ သွားစေ၏။
"လေးဆယ့် နှစ်ယောက်မြောက် ပုပ် ရဟန်းမင်း ... သူတော်စင် ဖရန်စစ်လား"
ဖရန်စစ်သည် လွန်ခဲ့သည့် ရာစုနှစ် ငါးခုအတွင်း အထူးချွန်ဆုံးသော ပုပ်ရဟန်းမင်း ဖြစ်သည်။ သူကား ခရစ်ယာန် ဘုရားကျောင်း၏ ရွှေရောင်ခေတ်ကို သယ်ဆောင် လာပေးခဲ့သူလည်း ဖြစ်၏။
သို့သော်လည်း ရာစုနှစ် နှစ်ခုကြာပြီး နောက်၌ ထို ပုပ်ရဟန်းမင်းကြီး အသက်ရှင် နေလိမ့်ဦးမည်ဟု မည်သူမျှ မထင်မိကြချေ။
"ဟုတ်တယ် ... အဲဒါက သူတော်စင် ဖရန်စစ်ပဲ ... ငါ ပုပ်ရဟန်းမင်း ခန်းမထဲမှာ သူ့ ပုံတူကို တွေ့ဖူးတယ်"
အခြား ခရစ်ယာန် ဂိုဏ်းအုပ် တစ်ယောက်က ခိုင်မာစွာ ဆိုသည်။
"ကြီးမြတ်ပြီး လေးစားဖွယ် ကောင်းတဲ့ သူတော်စင် ဖရန်စစ် ခင်ဗျာ ... ကျေးဇူးပြုပြီး ခရစ်ယာန် ဘုရားကျောင်းကို ကာကွယ်ပေးပါ"
လူတိုင်းက ဝမ်းသာ၊ ဝမ်းနည်းဖြင့် မျက်ရည်များ ကျလာကာ မြေပြင်သို့ ဒူးထောက် ချလိုက်ကြတော့၏။
အဘိုးအိုက ဖြည်းညင်းစွာပင် လမ်းလျှောက် လာသည်။
"ကလန့် ..."
ရုတ်တရက် အဘိုးအို၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းများ လင်းလက် တောက်ပ လာ၏။
အလင်းများနှင့် အတူ အဘိုးအို၏ ဖြူလွလွ ဆံပင်များသည် ပြန်၍ နက်မှောင်လာကာ သူ၏ တွန့်ရှုံ့နေသော အရေပြားများသည်လည်း ပြန်လည်၍ ပြည့်တင်းလာ၏။ တစ်ခဏ အတွင်းမှာပင် အဘိုးအို၏ အသွင်က လုံးဝ ကွယ်ပျောက်ကာ အသတ်လူတစ်ဦး အသွင်သို့ ပြောင်းလဲသွား၏။
"မစ္စတာ ချန်းပေ့ရွှမ်း ... သင်က အရှေ့တိုင်းရဲ့ မြေကမ္ဘာ အဆင့် တစ်ယောက်ပဲ ... ဘာလို့ ခရစ်ယာန် ဘုရားကျောင်းကို လာပြီး ဒုက္ခ ပေးရတာလဲ"
သူတော်စင် ဖရန်စစ်က မေးလိုက်သည်။
"ကျုပ် ခင်ဗျားနဲ့ ဒီအတိုင်း တွေ့ချင်လို့ လာခဲ့တာ ... ဒါပေမဲ့ ဘုန်းတော်ကြီး တစ်ပါးက ကျုပ် စကားကို နားမထောင်တဲ့ အပြင် ကျုပ်ကိုတောင် စပြီး တိုက်ခိုက်လိုက် သေးတယ်"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ဆက်ပြောလိုက်သည်။
"ခရစ်ယာန် ဘုရားကျောင်းက တကယ်ပဲ ရိုင်းစိုင်းတာပဲ ... ဒါက ဧည့်သည်တွေကို ခင်ဗျားတို့ ဆက်ဆံတဲ့ ပုံစံလား"
"မစ္စတာ ချန်းပေ့ရွှမ်း ... သင်က ကမ္ဘာပေါ်မှာ အစွမ်း အထက်ဆုံး လူပဲ ... ဘာလို့ သေမျိုးတွေကို အာရုံစိုက် နေရသေးလဲ ... သင့် အနေနဲ့ ဘာအကူအညီလိုလဲ ဆိုတာ ကျုပ်ကို တိုက်ရိုက် ပြောနိုင်ပါတယ်"
"ကောင်းပြီလေ ... ဒါဆိုရင် စွန့်ပစ်ခံ နယ်မြေ ခုနစ်ခု အကြောင်း စာအုပ်တွေနဲ့ မှတ်တမ်းတွေ အကုန်လုံး ကျုပ် လိုချင်တယ်"
ချန်းဖန်က သူလိုချင်သည့် အရာကို တိုက်ရိုက်ပင် ဆိုလိုက်သည်။
ထိုစကားကို ကြားသည်နှင့် ခရစ်ယာန် ဘုရားကျောင်း၏ အဖွဲ့ဝင် အားလုံး ဆွံ့အ သွားကြ၏။
စွန့်ပစ်ခံ နယ်မြေ ခုနစ်ခုကား ကမ္ဘာ၏ အအိုမင်းဆုံး ဒဏ္ဍာရီများ ဖြစ်ပြီး ရှေးဟောင်း နတ်မိစ္ဆာများနှင့် ပတ်သက်နေသည်။ ထိုကြောင့် စွန့်ပစ်ခံ နယ်မြေ တစ်ခုချင်းစီ၏ မှတ်တမ်းတိုင်းက အလွန် အန္တရာယ်များကာ ခရစ်ယာန် ဘုရားကျောင်း အတွက် အလွန်ပင် အရေးကြီးသည်။
သို့သော်လည်း ယခုတွင် အရှေ့တိုင်း၏ တန်ခိုးရှင်က ထိုမှတ်တမ်းများကို ရယူလိုသည်ဟု ဆိုသည်။ ထိုတောင်းဆိုမှုကား အမှန်ပင် လွန်လွန်း၏။
"မစ္စတာ ချန်းပေ့ရွှမ်း ... အဲဒီ မှတ်တမ်းတွေက ခရစ်ယာန် ဘုရားကျောင်းမှာတောင် တားမြစ်ထားတဲ့ အရာတွေ ဖြစ်ပါတယ် ... ကျွန်တော်တို့ ဘက်က သင့်ကို ငှားပေးလို့ မရပါဘူး ... ကျေးဇူးပြုပြီး ခရစ်ယာန် ဘုရားကျောင်းက ထွက်သွားပေးပါ"
သူတော်စင် ဖရန်စစ်နှင့် အတူ ပါလာသည့် လူဖြူက ချန်းဖန်အား လေးနက်စွာ ဆိုလိုက်သည်။
"မင်း နားလည်မှု လွဲနေတယ် ... ငါ ပြောတာက အဲဒီ မှတ်တမ်းတွေကို ငှားမှာ မဟုတ်ဘူး ... ယူသွားမှာ"
ချန်းဖန်က ခေါင်းခါရင်း ပြောလိုက်သည်။
"မင်း လုပ်ရဲလား ..."
ခရစ်ယာန် ဂိုဏ်းအုပ်များက ချန်းဖန်အား ဒေါသတကြီး ကြည့်ကြသည်။
ချန်းဖန်၏ စကားလုံး တစ်ခုချင်းစီက ခရစ်ယာန် ဘုရားကျောင်း၏ ဂုဏ်သိက္ခာကို ထိပါးနေရာ မည်သူက ဒေါသ မထွက်ဘဲ နေမည်နည်း။
"သခင်ကြီး ဖရန်စစ် ... ဒီ ကျူးကျော်သူ အပြစ်သားကို တိုက်ခိုက်ဖို့ အမိန့်ပေးပေးပါ ... ခရစ်ယာန် ဘုရားကျောင်းကို စော်ကားမှု အတွက် ဒီလူကို သတ်ပြီး လက်စားချေဖို့ ကျွန်တော်တို့ကို ခွင့်ပြုပေးပါ"
ခရစ်ယာန် ဂိုဏ်းအုပ် တစ်ယောက်က ဒူးထောက်ရင်း အော်ဟစ်လိုက်၏။ အခြားသော ခရစ်ယာန် ဘုရားကျောင်း၏ အဖွဲဝင်များကလည်း တောင်းဆို ကြသည်။
ချန်းဖန်က ဘာမှ ပြန်မပြောပဲ သူတော်စင် ဖရန်စစ်ကိုသာ ကြည့်လိုက်သည်။ အကယ်၍ သူ၏ တောင်းဆိုမှုကို ဖရန်စစ်ကပါ ငြင်းပါက သူ့အနေဖြင့် တိုက်ခိုက်ရန် ဝန်လေးနေမည် မဟုတ်ချေ။
အားလုံး၏ အကြည့်များ အောက်တွင်ပင် သူတော်စင် ဖရန်စစ်က သက်ပြင်း တစ်ချက် ချရင်း ခေါင်းအား ငုံ့လိုက်၏။
"ခရစ်ယာန် ဘုရားကျောင်းက သင့်ရဲ့ အမိန့်ကို နာခံပါ့မယ်"
"သခင်ကြီး ..."
ခရစ်ယာန် ဂိုဏ်းအုပ်များက အော်ဟစ် တားဆီးကြသည်။ သို့သော်လည်း သူတော်စင် ဖရန်စစ်က တည်ငြိမ်စွာပင် လက်ကို ဝှေ့ယမ်းလိုက်၏။
"သွားကြစမ်း ... စွန့်ပစ်ခံ နယ်မြေ ခုနစ်ခုအကြောင်း မှတ်တမ်းတွေ အားလုံး ထုတ်လာပြီး မစ္စတာ ချန်းပေ့ရွှမ်းကို ပေးလိုက်ကြ"
သူကား ပုပ်ရဟန်းမင်းကြီးဟောင်း ဖြစ်သည့် အပြင် သူတော်စင် တစ်ပါးလည်း ဖြစ်လေရာ ခရစ်ယာန် ဘုရားကျောင်း အတွင်းရှိ မည်သူကမျှ သူ့အား မတားဝံ့ကြချေ။
မကြာခင်မှာပင် မှတ်တမ်းများ အားလုံး စုစည်း ပြီးစီးသွား၏။
"ကောင်းပြီလေ ..."
ချန်းဖန်က ထိုမှတ်တမ်းများကို စစ်ဆေးကာ ဓားအားဖြည့် ကျောက်မျက် အတွင်း ထည့်သွင်းလိုက်၏။ ထို့နောက် သူတော်စင် ဖရန်စစ်နှင့် ခံပြင်းနေသော ခရစ်ယာန် ဂိုဏ်းအုပ်များကို ကျောခိုင်းက ဗာတီကန်မှ ထွက်ခွာသွားတော့သည်။
ချန်းဖန် ပျောက်ကွယ် သွားသည်နှင့် ခရစ်ယာန် ဂိုဏ်းအုပ်များစွာက သူတော်စင် ဖရန်စစ်အား မကျေမနပ် မေးကြသည်။
"သခင်ကြီး ... သူ့ကို ဘာလို့ အလျှော့ပေး လိုက်ရတာလဲ ... ကျွန်တော်တို့ ခရစ်ယာန် ဘုရားကျောင်းက လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကတည်းက ဗာတီကန်မှာ အခြေစိုက်ပြီး နေလာခဲ့တာ ... ဒီနေရာမှာ ရှေးခေတ် သူတော်စင်တွေ ချန်ထားခဲ့တဲ့ အစီအရင်တွေ ရတနာတွေ အများကြီး ရှိတယ် ... သခင်ကြီးရဲ့ စွမ်းအားပါ ပေါင်းထည့်လိုက်ရင် နျူကလိယတောင်မှ ဗာတီကန်ကို မဖျက်ဆီးနိုင်ဘူး ... ချန်းပေ့ရွှမ်းနဲ့ တိုက်ခိုက်ရမယ် ဆိုရင်လည်း ကျုပ်တို့ဘက်က အသာစီးရမှာ သေချာတယ်"
"မင်းတို့တွေ သူ့ရဲ့ စွမ်းအားကို သေချာ နားမလည်ပါဘူး ..."
သူတော်စင် ဖရန်စစ်က သက်ပြင်းချရင်း ခေါင်းအား ခါယမ်းလိုက်၏။
"ငါ့လို သူတော်စင် ဆယ်ယောက် ပေါင်းရင်တောင် သူ့ကိုနိုင်မှာ မဟုတ်ဘူး ... နောက်ပြီး ငါတို့ သခင်ကြီးကလည်း သူ့ကို ဘယ်လိုနည်းနဲ့မှ ရန်မစဖို့ မှာထားတယ်"
"မင်း တကယ့်ကို ကောင်းကောင်းခဲ့တာပဲ"
ရုတ်တရက် သိမ်မွေ့သော အသံတစ်ခုနှင့် အတူ အဖြူရောင် ဝတ်စုံ ဝတ်ထားသည့် လူငယ် တစ်ဦး ထိုနေရာသို့ ရောက်ရှိလာသည်။ ထိုလူငယ်သည် ချောမွေ့သော အသားအရေနှင့် အပြာရောင် မျက်လုံးများကို ပိုင်ဆိုင်ထား၏။
"သခင်ကြီး ..."
လူငယ်အား တွေ့သည်နှင့် သူတော်စင် ဖရန်စစ်က ဒူးထောက်လိုက်သည်။ အခြား လူများက သူတော်စင် ဖရန်စစ်၏ အပြုအမူကို နားမလည်သော်လည်း လိုက်လံ ဒူးထောက်လိုက်ကြ၏။
"ငါတို့ ခရစ်ယာန် ဘုရားကျောင်းက ကမ္ဘာကြီးမှာ ပြန်ပေါ်ထွက်ဖို့ အဆင်သင့် မဖြစ်သေးဘူး ... ချန်းပေ့ရွှမ်းက ငါတို့ရဲ့ အဓိက ရည်ရွယ်ချက် မဟုတ်ဘူး ... သူ စွန့်ပစ်ခံ နယ်မြေ ခုနစ်ခုရဲ့ အချက် အလက်တွေကို တောင်းရတဲ့ အကြောင်းရင်းကလည်း သွေးပင်လယ်ကို သွားမှာမလို့ပဲ ... အဲဒါက ငါတို့အတွက် အရှုံး မရှိဘူး"
လူငယ်က ခဏမျှ ရပ်နားရင်း လေးနက်သော အမူအရာဖြင့် ဆက်ပြောလိုက်၏။
"နောက်ပြီး ချန်းပေ့ရွှမ်းက ငါ့ရဲ့ တည်ရှိမှုကို သတိထားမိတယ်လို့ ငါ ခံစားရတယ်"
"ဘယ်လို ..."
သူတော်စင် ဖရန်စစ်ပင်လျှင် အနည်းငယ် အံ့အားသင့် သွား၏။
ဤနေရာ၌ လူငယ်၏ အစစ်အမှန် အဆင့်အတန်းကို သိသူ ဟူ၍ သူ တစ်ယောက်သာ ရှိသည်။ လူငယ်သည် ခရစ်ယာန် ဘုရားကျောင်း၏ အလျှို့ဝှက်ဆုံး နေရာ၌ ပုန်းကွယ်နေခြင်း ဖြစ်ပြီး ထိုနေရာ၌ ကာကွယ်ထားသော အစွမ်းထက် အစီအရင်များစွာ ရှိသည်။
သို့တိုင်အောင် ချန်းပေ့ရွှမ်းက ထိုတည်ရှိမှုကို အာရုံခံမိသည်ဟု ဆိုသည်။ သူက မည်မျှ အထိ အစွမ်းထက် နေရသနည်း။
***
"ခရစ်ယာန် ဘုရားကျောင်းက တကယ် အင်အားကြီးတာပဲ ... ဗာတီကန်ရဲ့ အတွင်းပိုင်းမှာ အရမ်းကို သန့်စင်တဲ့ အလင်း စွမ်းအား တစ်ခုကို ငါ အာရုံခံမိတယ် ... အဲဒီ စွမ်းအားက ဒီကမ္ဘာရဲ့ သေမျိုးတွေ ကျင့်ကြံတဲ့ စွမ်းအားနဲ့ လုံးဝ ကွာခြားတယ် ... အကြမ်းဖျင်း ခန့်မှန်း ရသလောက်ဆိုရင် အဲဒါက စကြဝဠာထဲက အလင်း မျိုးနွယ်နဲ့ ဆင်တူတယ်"
ထိုအချိန်၌ ချန်းဖန်သည် ဗာတီကန်မှ ပြန်လည် ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။ သူက မေးစေ့အား ပွတ်သပ်ရင်း စဉ်းစားလိုက်၏။
အလင်းမျိုးနွယ်သည် စကြဝဠာ အတွင်း၌ ထင်ရှားသော မျိုးနွယ်တစ်ခု ဖြစ်ပြီး သွေးမျိုးဆက်၊ အမှောင် ဝံပုလွေ စသည့် မျိုးနွယ်များထက် ပို၍ ယဉ်ကျေးမှုနှင့် အဆင့်အတန်း မြင့်မားသည်။
အလင်း မျိုးနွယ်ဝင် တစ်ယောက် ချင်းစီသည် မူလအဆင့်ဖြင့် မွေးဖွားလာသူများ ဖြစ်ကာ အလွန်ပင် အစွမ်းထက်ကြသည်။
"ကမ္ဘာပေါ်မှာ အလင်း မျိုးနွယ်ရဲ့ သန့်စင်တဲ့ သွေးကို ပိုင်ဆိုင်ထားတဲ့ သူတွေ ရှိနေတာလား ... သူတို့က သွေးဘိုးဘေးထက် ပိုပြီး အစွမ်းထက်မှာတော့ သေချာတယ် ... ငါသာ သူတို့ကို ဖမ်းမိရင် ရတနာ ဆေးတွေ ဖော်နိုင်မှာ သေချာတယ်"
ချန်းဖန်က ထိုအတွေးကို ခေါင်းခါရင်း ဖယ်ထုတ်လိုက်သည်။
သူနှင့် ခရစ်ယာန် ဘုရားကျောင်း အကြား၌ တိုက်ခိုက်ရန် အထိ တင်းမာသော ပြဿနာများ မရှိချေ။ ထို့အပြင် သူသည် တစ်စုံတစ်ယောက်ကို အကြောင်းပြချက် မရှိဘဲ ဆေးလုံး လုပ်ပစ်မည် မဟုတ်ချေ။
"ခရစ်ယာန် ဘုရားကျောင်းရဲ့ မှတ်တမ်းတွေမှာ ဘာတွေ ရေးထားမလဲ ကြည့်ရအောင်"
ချန်းဖန်က ကော်ဖီဆိုင် တစ်ခု အတွင်းသို့ ဝင်ထိုင်ရင်း ခရစ်ယာန် ဘုရားကျောင်းမှ ပေးလိုက်သည့် မှတ်တမ်းများကို စတင် ဖတ်ရှုလိုက်၏။
ထိုအထဲ၌ ရေးထားသည့် စာများမှာ လွန်ခဲ့သည့် နှစ်ထောင်ချီက အသုံးပြုခဲ့သော ဟေဗြဲစာများ ဖြစ်သည်။ သို့သော်လည်း ထိုအရာက ချန်းဖန် အတွက် ပြဿနာ တစ်ခု မဟုတ်ချေ။ သူသည် အနောက်တိုင်းသို့ ခရီးမနှင်ခင် ကမ္ဘာပေါ်ရှိ ရှိသမျှ ဘာသာစကား အားလုံးကို လေ့လာခဲ့ပြီး ဖြစ်၏။
"ကမ္ဘာဂြိုဟ်၏ နတ်ဘုရားများ ..."
"ကမ္ဘာဂြိုဟ်၏ ဖောက်ပြန်မှု ..."
"နတ်ဘုရား စစ်ပွဲ ..."
"ဂြိုဟ်သား ကျူးကျော်မှုများ ..."
"ရန်သူများကို အနိုင်ယူခြင်း ..."
"ကမ္ဘာဂြိုဟ်အား ချန်ရစ်ခြင်း ..."
ချန်းဖန်သည် နေရာတွင်ပင် နာရီပေါင်း များစွာ ထိုရင်း ရှေးခေတ်၏ လျှို့ဝှက်ချက်များကို စိတ်ဝင်တစား ဖတ်နေခဲ့၏။ ခရစ်ယာန် ဘုရားကျောင်း၏ အချက်အလက်များမှာ ခွန်းလွန်နှင့် ဓားနန်းတော်မှ မှတ်တမ်းများထက် ပို၍ စုံလင်လှသည်။
ရုတ်တရက် စကားလုံး တစ်ခုကို တွေ့သည်နှင့် ချန်းဖန်၏ မျက်လုံးများ ကျဉ်းမြောင်း သွားတော့၏။
"ရှေးဟောင်း တံခါးပေါက် ..."
***