← Chapters

မုဆိုးတဲ

Vol. 5 Ch. 74

မုဆိုးတဲ

Vol. 5 Ch. 74

ဒါပေမဲ့ ရှောင်ထျန်းချန်က ဒီစကားကြားတော့ တော်တော်လေး မကျေမနပ်ဖြစ်သွားတယ်၊ ယွီဟွေးဖေးကို မျက်စောင်းထိုးပြီး စိတ်ထဲက ရေရွတ်နေတော့တာပဲ။

‘သောက်ကျိုးနည်းကောင်၊ ငါ့ကိုလိုတုန်းကတော့ အစ်ကိုကြီး၊ သုံးပြီးတော့ မင်းအိမ်က ခွေးတစ်ကောင် ဖြစ်သွားရောလား... သောက်ကျိုးနည်းပဲ...’

ယွီဟွေးဖေးက ဒီလိုလုပ်တာက အဓိကအားဖြင့် ဖိန်ကောတို့ကို ခြိမ်းခြောက်ဖို့ပဲ။ သူက ဖိန်ကောတို့နဲ့ ရန်ငြိုးရှိတယ်ဆိုတာ ကောင်းကောင်းသိတယ်၊ တောနက်ကြီးထဲမှာ သူကိုယ်တိုင်ကလည်း ခဏတာ အားအင်ကုန်ခမ်းနေတာလေ။ ပြဿနာဖြစ်မှာစိုးလို့... ဒါကြောင့် အရင်ဆုံး နှုတ်နဲ့ သတိပေးလိုက်တာ။

ဖိန်ကောက ခြောက်ကပ်ကပ် ရယ်ပြီး ပြောတယ်၊ "သူဌေးယွီစကားကလည်းဗျာ။ ငါတို့ အရင်က ရန်ငြိုးရှိခဲ့ပေမဲ့ ဒီနေ့ ခင်ဗျားက ငါတို့အသက်ကို ကယ်ခဲ့တာ။ ငါတို့ ဘယ်လောက်ပဲ မကောင်းဘူးဆိုဦးတော့၊ ဒီလောက်တော့ နားလည်ပါတယ်။ နောက်ဆို ခင်ဗျားရှိတဲ့နေရာကို ငါတို့ ရှောင်ပါ့မယ်၊ ခင်ဗျားသာ ငါတို့ ညီအစ်ကိုတွေရဲ့ အကူအညီလိုရင် မီးထဲရေထဲ ခုန်ဆင်းရမယ်လို့ မပြောရဲပေမဲ့ အနည်းဆုံးတော့ တတ်နိုင်သလောက် အားကုန်ထုတ်ပြီး ကူညီပါ့မယ်"

ဒီစကားက တော်တော်လေး ရိုးသားတယ်၊ ယွီဟွေးဖေး နားထဲမှာလည်း သာယာသွားတာပေါ့။

ယွီဟွေးဖေးက "ဒါဆို ငါတို့ရဲ့ အရင်က အကြွေးကရော"

ဖိန်ကောက လက်တစ်ချက်ဝှေ့ယမ်းပြီး ရက်ရောစွာနဲ့ "ကျေပြီ"

ယွီဟွေးဖေးက ရယ်နေရင်း ခေါင်းခါပြီး "မင်းရဲ့ အတိုးကြီးကိုပဲ ကျေအေးပေးလိုက်ရင် ရပြီ၊ ပြန်ဆပ်ရမှာကိုတော့ ငါပြန်ဆပ်မှာပါ။ အကြွေးရှိရင် ဆပ်ရမယ်ဆိုတာ ငါနားလည်တယ်၊ ဒီကိစ္စကို ငါမလိမ်ဘူး"

ဒီစကားကြားတော့ ဖိန်ကောက မနေနိုင်ဘဲ လက်မထောင်ပြရင်း "သူဌေးယွီက သဘောထားကြီးတယ်"

ခယ်လီကလည်း စပ်စုပြီး မေးတော့တာပဲ။ "အကြွေးလား... ရှင်တို့ကြားမှာ အကြွေးရှိလို့လား"

ယွီဟွေးဖေး ခေါင်းညိတ်ပြချိန် ဖိန်ကောက "သူ့အဘိုးက ငါတို့ဆီက ပိုက်ဆံအများကြီး ချေးထားတာ၊ နောက်တော့ သူ့အဘိုးက အသက်ကြီးသွားပြီ။ အဘိုးအကြွေးကို မြေးကဆပ်ရတာ ဓမ္မတာပဲ မဟုတ်လား။ ငါတို့က သူ့ကို သွားရှာတာပေါ့။ ဒါပေမဲ့ နင်လည်း မြင်တဲ့အတိုင်းပဲ၊ သူဌေးယွီကလည်း သာမန်လူမဟုတ်ဘူးလေ။ အဲ့တော့ ငါတို့ သူ့ကို မနိုင်ခဲ့ဘူးပေါ့..."

နောက်ပိုင်းစကားပြောတော့ ဖိန်ကောက နည်းနည်း ရှက်သွားတယ်။ ခယ်လီက ပုံမှန်ဆို ယောကျ်ားလေးလိုဖြစ်နေပေမဲ့ ခုနက တိုက်ပွဲမှာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့ပေမယ့်လည်း ဒီအချိန်မှာ ငြိမ်သက်သွားတော့ နောက်ကြောင်းပြန်တွေးပြီး ကြောက်လာတယ်၊ ခြေထောက်တွေတောင် တုန်နေပုံအရ တော်တော်လေး လန့်သွားပုံပဲ၊ အချိန်အတော်ကြာထိ သတိမဝင်သေးဘူး။

လျိုရှင်းကတော့ ဖိန်ကောရဲ့ စကားကြောင့် ရယ်နိုင်နေပြီ။ ယွီဟွေးဖေးတောင် မနေနိုင်ဘဲ ဒီကောင်မလေးကို တစ်ချက်ကြည့်လိုက်ရင်း စိတ်ထဲကနေတွေးမိလိုက်သား။

‘ခုနက တောဝက်တစ်ကောင်ကို မျက်နှာချင်းဆိုင်ရင်ဆိုင်ခဲ့ပြီး အခု ရယ်နိုင်နေသေးတယ်၊ ဒါက အာရုံကြော... ထူတာလား၊ မရှိတာများလား’

အဲ့အချိန်မှာ ဖိန်ကောက လျှောက်လာပြီး ပြောတော့တာပဲ။ "သူဌေးယွီရဲ့ခွေးက တော်တော်ကြမ်းတာပဲ။ ဒါပေမဲ့ ဒီတောထဲမှာ တောဝက်အပြင် ဝက်ဝံ၊ ကျားတွေလည်း ရှိသေးတယ်။ ကံဆိုးပြီး အကုန်လုံးနဲ့ မတွေ့နိုင်ပေမဲ့ အမြန်ဆုံး ထွက်သွားတာ ကောင်းမယ်။ ဒါမှမဟုတ် ညတွင်းချင်းပဲ တောင်အောက်ဆင်းကြမလား"

ယွီဟွေးဖေးလည်း ဒါကိုစဉ်းစားမိတယ်။ ဒါပေမဲ့ စုန့်လောင်အာတို့ တစ်ယောက်ချင်းစီက ဒဏ်ရာတွေနဲ့ ပြည့်နေတာကို ကြည့်ပြီး တောင်အောက်ဆင်းဖို့ ခက်မှာ။

"အရင်ဆုံး ပတ်တီးစည်းကြဦးစို့။ မဟုတ်ရင် သူတို့ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ဒီတစ်ကိုယ်လုံး သွေးတွေနဲ့၊ တကယ်လို့သာ ဝံပုလွေအုပ် ဒါမှမဟုတ် တခြားကောင်တွေနဲ့ ထပ်တွေ့ရင် ဒုက္ခရောက်ပြီ"

ခယ်လီက သဘောမပေါက်ဘူး။ "တောဝက်အုပ်ကိုတောင် ငါတို့ မကြောက်ဘူးလေ။ ဘာလို့ ဝံပုလွေအုပ်ကို ကြောက်ရမှာလဲ"

ယွီဟွေးဖေးက ခေါင်းခါပြရင်း "ဒီခွေးက ကြမ်းပေမဲ့ နောက်ဆုံးတော့ ခွေးတစ်ကောင်ပဲ"

ရှောင်ထျန်းချန်က ဒီစကားကြားတော့ မျက်နှာမသာမယာနဲ့ သူ့ကို ကြည့်တယ်။ မင်းတော်လောက်ပြီ၊ ငါ့ကို ထပ်ပြီး မစော်ကားနဲ့တော့လို့ ပြောနေသလိုပဲ။

ယွီဟွေးဖေးက သူ့ကို အရေးလုပ်မနေဘူး။ "တောဝက်က တုံးအတယ်၊ တည့်တည့်ပဲ သွားတာ။ ငါ့ခွေးက သူတို့ရဲ့ ဝက်ဘုရင်ကို နိုင်လိုက်ရင် အခြေခံအားဖြင့် အုပ်စုကွဲသွားမှာပဲ။ ဒါပေမဲ့ ဝံပုလွေအုပ်နဲ့ တွေ့ရင်... ဝံပုလွေအုပ်က ပရိယာယ်များတယ်၊ သူတို့ရဲ့ ဝံပုလွေဘုရင်က ငါ့ခွေးနဲ့ မယှဉ်ပြိုင်ဘူး။ ဝံပုလွေအချို့က ငါ့ခွေးကို ထိန်းထားခိုင်းပြီး တခြားဝံပုလွေတွေက ဒဏ်ရာရနေတဲ့ လူတွေကို အရင်တိုက်ခိုက်မှာပဲ။ အဲ့အချိန်ကျရင် အားလုံး ဒုက္ခရောက်ပြီ"

ဒီစကားကြားတော့ ဖိန်ကောက ခေါင်းညိတ်ထောက်ခံလိုက်တော့တာပဲ။ "ဟုတ်တယ်... ဝံပုလွေအုပ်ရဲ့ တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းက တောဝက်လောက် မကောင်းပေမဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းက အရမ်းကောင်းသလို အရမ်းလည်း ပရိယာယ်များတယ်။ ငါတို့ ဒီအတိုင်း ထွက်သွားရင် တကယ်အန္တရာယ်ကြားထဲကျသွားမှာ။ ငါက စိတ်လောသွားတာပဲ။ ဒါပေမဲ့ ဒီမှာ နေနေတာလည်း မဟုတ်သေးဘူး၊ ငါတို့ရဲ့တစ်ကိုယ်လုံးမှာရှိတဲ့ သွေးတွေကလည်း ပြသနာပဲ"

ယွီဟွေးဖေးက ခေါင်းတစ်ချက်ညိတ်တယ်။ တစ်ချိန်တည်းမှာပဲ သူက ဒုက္ခဟာဒီတစ်ခုတည်း မဟုတ်ဘူးဆိုတာ နားလည်ပေမယ့် အချိန်သိပ်မရှိတော့ဘူး။ ရှောင်ထျန်းချန်က ဒီမှာ ဆက်နေလို့မရတော့ဘူးလေ။ ခဏနေရင် ပြန်ရတော့မယ်။

ဒီလို သွားလိုက်ပြန်လိုက်နဲ့ဆို ရှောင်ထျန်းချန် အရှိန်နဲ့တွက်ကြည့်ရင် သူတစ်ခေါက်လာရင် နှစ်နာရီနီးပါး ကြာတယ်။ သွားလိုက်ပြန်လိုက်ဆိုရင် လေးနာရီ။ ဆယ့်နှစ်နာရီမတိုင်ခင် သူပြန်ရမယ်၊ ဒါကြောင့် ညဆယ်နာရီမတိုင်ခင် ထွက်ခွာရမယ်။ ယွီဟွေးဖေးက အချိန်ကြည့်လိုက်တော့ ဆယ်နာရီထိုးဖို့ တစ်နာရီကျော်ပဲ လိုတော့တယ်။

"ငါ့ကို ထူကြဦး။ အရင်က မုဆိုးတဲတစ်ခုရှိတာ ငါသိတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ စွန့်ပစ်ထားတော့ အသုံးဝင်သေးလား မသိဘူး။ ဒါပေမဲ့ ဒီနေရာထက်တော့ ကောင်းမှာပါ"

စွန့်ပစ်ထားတဲ့ တဲဆိုတာကြားတော့ ဖိန်ကောရဲ့ မျက်လုံးတွေ တောက်ပလာကော။ "ငါလည်း ကြားဖူးတယ်၊ ဒါပေမဲ့ မသွားဖူးဘူး။ ခင်ဗျား ဘယ်မှာလဲ သိလို့လား"

ယွီဟွေးဖေးက ခေါင်းညိတ်ပြတာပေါ့။ လျိုကျွမ်းက သူရှေ့မှာ အမှားလုပ်မိတော့ ရှက်လို့ထွက်မပြောရဲဘူး။ အခု ယွီဟွေးဖေးက အကူအညီလိုတာ ကြားတော့ ချက်ချင်း ပြေးလာပြီး ယွီဟွေးဖေးကို ကျောပိုးတော့တာပဲ။

သူ့ရဲ့အခြေအနေက သာမန်မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ သူ့ရဲ့ ရှက်ရွံ့နေတဲ့ မျက်နှာကို ကြည့်ပြီး လျိုရှင်းနဲ့ ခယ်လီကိုတောင် မကြည့်ရဲတာ မြင်တော့ ယွီဟွေးဖေးက ရယ်ပါလေရော။

"မင်းကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့၊ ခုနကလို အခြေအနေမှာ ဘယ်သူဖြစ်ဖြစ် ကြောင်သွားမှာပဲ။ ဒီလိုအဖြစ်အပျက်မျိုး မကြုံဖူးရင် ဦးနှောက်က တုံ့ပြန်နိုင်မှာ မဟုတ်ဘူး။ တကယ်တော့ မင်းက တော်တော်လေး သတ္တိရှိပြီးသားပါ။ အနည်းဆုံးတော့ အခု ငါ့ကို ကျောပိုးပြီး လျှောက်နိုင်သေးတယ်။ ငါ့ကိုကြည့်စမ်း... သောက်ကျိုးနည်း... ကြောက်ပြီး ခြေထောက်တွေတောင် ပျော့ခွေနေပြီလေ"

ဒီစကားကြားတော့ လူတွေက ဖွီးဆိုပြီး ရယ်လိုက်ကြတော့ကော။ လျိုကျွမ်းက ယွီဟွေးဖေးကို ကျေးဇူးတင်တဲ့ မျက်လုံးနဲ့ ကြည့်ပြီး စကားစတော့တာပေါ့။

"ငါ... ငါအရင်က ကိုယ့်ကိုယ်ကို တော်တော် ယောကျ်ားပီသတယ်လို့ ထင်ခဲ့တာ၊ ဒီနေ့ ဒီလိုအဖြစ်အပျက်မျိုး ကြုံမှပဲ ပုံမှန် အားကစားခန်းမမှာ ဒမ်ဘယ်လေး နည်းနည်းမ၊ ခရီးသွားတောင်လေး နည်းနည်းတက်တာက ဘာမှ အစွမ်းအစ မဟုတ်ဘူးဆိုတာ နားလည်သွားတယ်။ ဒီတစ်ခေါက်သာ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး အတင်းလာခိုင်းမိတာ။ မဟုတ်ရင် အားလုံးကို ဒုက္ခမပေးမိလောက်ဘူး"

"အားလုံးကို တောင်းပန်ပါတယ်။ ဒီတစ်ခေါက် ငါမဆင်မခြင် လုပ်မိတာပါ"

ခယ်လီက ခေါင်းခါပြီး "ထားလိုက်ပါတော့၊ ငါတို့က သူငယ်ချင်းတွေပဲလေ"

"မလိုပါဘူး၊ ငါတို့ ဘာမှမဖြစ်ဘူး မဟုတ်လား။ နောက်ဆို ဒီလို မစွန့်စားရင် ရပြီ"

ဖိန်ကောက ခြောက်ကပ်ကပ် ရယ်ရင်း "ငါကတော့ မင်းကို ထိုးချင်တာ၊ ဒါပေမဲ့ ကိုယ့်အကျင့်ကို ပြန်စဉ်းစားကြည့်တော့။ ငါသာ ပိုက်ဆံမက်ပြီး မျက်စိမှိတ်မနေရင် မင်းတို့ကို တောင်ထဲ ခေါ်မလာလောက်ဘူး။ အရင်ကသာ ငါက မင်းတို့ကို မလိမ်ခဲ့ရင် မင်းတို့လည်း ဝင်လာမှာ မဟုတ်ဘူးထင်တယ်"

လူတိုင်းက ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နေကြတယ်၊ နောက်ဆုံးတော့ ရယ်လိုက်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးက ချက်ချင်းပဲ ပိုပြီး ရင်းနှီးသွားကြတာပေါ့။

"ရှင် ချွေးထွက်နေတယ်"

လျိုရှင်းက ယွီဟွေးဖေးရဲ့ နဖူးပေါ်က ချွေးကို ကြည့်ပြီး တစ်ရှူးတစ်ရွက်ထုတ်ပြီး ယွီဟွေးဖေးကို သုတ်ပေးလိုက်တယ်။ ယွီဟွေးဖေးက နှုတ်ခမ်းမဲ့ပြုံးပြီး ကျေးဇူးတင်စကား ပြောပြီးနောက် မျက်လုံးမှိတ်ရင်း ပုစဉ်းခွံကိုးလွှာ အသက်ရှုနည်းကို အမြန် လေ့ကျင့်လိုက်တယ်။ ဒီအသက်ရှုနည်းက ယွီဟွေးဖေးကို မိုးပျံ၊ မြေလျှိုးနိုင်အောင် မလုပ်နိုင်ပေမဲ့ ကိုယ့်ကိုယ်ကို ထိန်းညှိဖို့အတွက်တော့ အလွန်အကျိုးရှိတယ်လေ။

အထူးသဖြင့် ဒီတောနက်ကြီးထဲမှာ ဝိညာဉ်စွမ်းအင်က တော်တော်လေး များပြားတာ။ နာရီဝက်လောက်ကြာတော့ လူတွေက အဲ့ဒီ ပျက်စီးယိုယွင်းနေတဲ့ မုဆိုးတဲဆီ ရောက်တဲ့အချိန်မှာ ယွီဟွေးဖေးက နည်းနည်းလှုပ်ရှားနိုင်နေပြီ။

All Chapters