မြောက်ပိုင်းချုံး၏ အခက်အခဲများ
Vol. 7 Ch. 695
အမေရိကန်နှင့် ခရစ်ယာန် ဘုရားကျောင်း ပေးထားသည့် သတ်မှတ်ရက်ကား တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။
မြောက်ပိုင်းချုံး လုပ်ငန်းစုနှင့် မြောက်ပိုင်းချုံး ဂိုဏ်းသည် အဆိုးဆုံး အတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
ဂိုဏ်းအကြီးအကဲများ၏ စီမံမှုဖြင့် ကျန်းအန့်ချီ၊ ကျိုးကျင်းရီ၊ လုယန်ဝူတို့ အပါအဝင် များစွာသော မြောက်ပိုင်းချုံး ဂိုဏ်းဝင်များသည် ဓားနန်းတော်သို့ ပြောင်းရွှေ့ကာ နေထိုင်ကြ၏။
ချန်းနဉ်၊ ချန်းအန်၊ ချန်းကောကော စသည့် ချန်းမိသားစုဝင်များ သည်လည်း အလားတူ ဓားနန်းတော်သို့ ပြောင်းရွှေ့ ကြသည်။
ဟွာရန်ဖန်း၊ ယူကီရှီရိုဆာ၊ အားရှို့နှင့် အချို့ သာလျှင် အရှေ့တောင်၌ နေထိုင်ကာ ခရစ်ယာန် ဘုရားကျောင်းနှင့် အခြား တန်ခိုးရှင်များ၏ လာရောက် တိုက်ခိုက်မှုကို စောင့်မျှော်ကြ၏။ သူတို့သည် မြေကမ္ဘာ အဆင့် ချန်းဟွိုက်အန်း အကြောင်း ကမ္ဘာအား အသိပေး မထားချေ။
"ရှောက်ယွင် ... ခင်ဗျားလည်း ဓားနန်းတော်ကို သွားသင့်တယ် ... ကျုပ်တို့ပဲ ဒီကနေ စောင့်နေလိုက်မယ်"
ဟွာရန်ဖန်းက တိုက်တွန်း၏။
သို့သော်လည်း ဝမ်ရှောက်ယွင်က ခေါင်းအား ခါယမ်းလိုက်သည်။
"ရှောင်ဖန်က မြောက်ပိုင်းချုံးဂိုဏ်းနဲ့ မြောက်ပိုင်းချုံး လုပ်ငန်းစုကို လည်ပတ်ဖို့ သူ့ တစ်ဘဝလုံး ကြိုးစားခဲ့တာ ... သူ့ရဲ့ အမေ အနေနဲ့ သူသေသည် ဖြစ်စေ ရှင်သည် ဖြစ်စေ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ တာဝန် ရှိတယ်"
"ရှောက်ယွင် နေပါစေ ... သူက ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို ရောက်နေပြီပဲ ... ငါတို့ အတွက် အကူအညီ ရပါတယ်"
ချန်းဟွိုက်အန်းက ဆိုလိုက်၏။
"ဟုတ်တယ် ... ကျွန်မလည်း နေမယ်"
အန်ရာကလည်း ခေါင်းမာစွာ ပြောသည်။
နောက်ဆုံး၌ အရှေ့တောင် စံအိမ်တွင် ဟွာရန်ဖန်း၊ အားရှို့၊ ချန်းဟွိုက်အန်း၊ ဝမ်ရှောက်ယွင်၊ အန်ရာနှင့် ချမ်ရဲ့ရွှယ်တို့သာ ကျန်ရစ်တော့၏။ အခြားလူများကိုမူ ဘေးကင်းရာသို့ ပို့လိုက်ကြပြီ ဖြစ်လေသည်။
"စိတ်မပူနဲ့ ... ငါတို့မှာ အဘိုးကြီး အပြင် အစိမ်းရောင် နဂါး အစီအရင်လည်း ရှိသေးတယ် ... အခြေအနေ မကောင်းရင် အထဲမှာ ဝင်ပုန်းနေလို့ ရတယ်"
ဟွာရန်ဖန်းက နှာခေါင်းရှုံ့ရင်း ဆိုလိုက်၏။
၂၀၁၂ ဩဂုတ်လ ၁၅ ရက် ...
ခရစ်ယာန် ဘုရားကျောင်း၏ ပုပ်ရဟန်း မင်းကြီးဟောင်း သူတော်စင် ဖရန်စစ်သည် တန်ခိုးရှင် အဆင့် ဂိုဏ်းအုပ် ကိုးယောက်နှင့် အခြား ဂိုဏ်းဝင်များကို စုစည်းကာ အရှေ့တောင်သို့ ချီတက်လာ၏။
ခရစ်ယာန် ဘုရားကျောင်း၏ သူတော်စင် မရောက်ခင်မှာပင် အမှောင် ကမ္ဘာ၏ မရေမတွက်နိုင်သော အရှင်သခင်များသည် အရှေ့တောင် အနား တစ်ဝိုက်၌ စုစည်းခဲ့ကြပြီး ဖြစ်သည်။
"နည်းတာ မဟုတ်တဲ့ လူတွေပါလား ... ချန်းပေ့ရွှမ်းမှာ ဒီလောက် ရန်သူတွေ များမယ်လို့ ငါ မတွေးမိဘူး"
ကျားဖြူက ပြောသည်။
"ဒီအနားတစ်ဝိုက်က ပြည်သူတွေကို မင်း ရွှေ့ပြောင်းခိုင်း ပြီးပြီလား"
အဇူရာ နဂါးက မေးလိုက်သည်။
"စိတ်မပူပါနဲ့ ... စစ်ရေး လေ့ကျင့်မှု တစ်ခု ရှိတယ်လို့ ပြောပြီး သူတို့ကို ပြောင်းခိုင်း ထားပါတယ်"
ပျံလွှားနီလေးက ဝင်၍ ပြောလိုက်သည်။
"မြောက်ပိုင်းချုံးမှာ အရမ်းကို အစွမ်းထက်တဲ့ လူတွေ ရှိပါတယ် ... ဒါပေမဲ့ ခရစ်ယာန် ဘုရားကျောင်းဘက်မှာ သူတော်စင် တစ်ယောက် ရှိနေတယ် ... သူတို့ ဘယ်လိုလုပ်ပြီး နိုင်မှာလဲ"
လိပ်နက်က မျက်မှောင်ကြုတ်ရင်း ပြောသည်။
"ချန်းပေ့ရွှမ်းက အမြဲတမ်း အစီအစဉ်ကို ကြိုပြီး ချတတ်တယ်လို့ အဖေက ငါ့ကို ပြောဖူးတယ် ... သူ တစ်ခုခုတော့ ချန်ထားခဲ့မှာပါ"
ရဲ့နန်ထင်းက ဆိုလိုက်သည်။
"ဘုန်း ...”
မကြာခင်မှာပင် မိုးကုပ်စက်ဝိုင်း၌ အလင်းတစ်ခု ပေါ်လာကာ အရှေ့တောင်သို့ ဆင်းသက်၏။ ထိုအလင်းက မြေပြသို့ ဆင်းသက်သည်နှင့် ပိန်လှီသော ခေါင်းတုံး တစ်ယောက် အသွင် ပြောင်းလဲသည်။
"အဲဒါက အိန္ဒိယ ဘရာမင်က ဂုရုကြီး ဂုဂျာ မလား ... ချန်းပေ့ရွှမ်းက သူ့ညီ ဂုရုကြီး ရာမကို သတ်ခဲ့တာ ဆိုတော့ သူက လက်စား လာပြန်ချေတာလား"
ပျံလွှားနီလေးက ရေရွတ်လိုက်၏။
အခြား လူများကမူ မည်သည့် မှတ်ချက်မျှ မပေးဘဲ တိတ်ဆိတ် နေကြသည်။
မကြာခင်မှာပင် အရပ်မျက်နှာ ပေါင်းစုံမှ တန်ခိုးရှင် အဆင့်များ ပို၍ ရောက်ရှိ လာသည်။
"မိုးသစ်တောမှ ရွှေရောင် ဘုန်းတော်ကြီး ...”
"အိုင်းမဟာ ဘုရားကျောင်းမှ ကောင်းကင် သခင်"
"ရုရှား စစ်ဝံပုလွေ အကြီးအကဲ ...”
" ...“
လူများသည် တစ်ယောက်ပြီး တစ်ယောက် ရောက်လာသော တန်ခိုးရှင်များကို ကြည့်ကာ ဆွံ့အ သွားကြ၏။
သူတို့သည် ကမ္ဘာပေါ်၌ တန်ခိုးရှင် အဆင့် များများစားစား မကျန်တော့ဟု တွေးခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင်မူ တန်ခိုးရှင် တစ်ဒါဇင်ခန့်က ရုတ်ခြည်း ပေါ်လာ၏။
"ဘုန်း ...”
လူအများ အံ့ဩ၍ မဆုံးခင်မှာပင် အရှေ့တောင် ရှိရာသို့ သန့်စင်သော အလင်းတစ်ခု ပျံသန်း လာပြန်၏။
"ခရစ်ယာန် ဘုရားကျောင်း ရောက်လာပြီ"
တန်ခိုးရှင် အဆင့်များ အပါအဝင် များစွာသော လူများက ထိုင်ရာမှ ထ၍ ထိုအလင်းကို ကြည့်လိုက်ကြသည်။ တဖြည်းဖြည်း နီးကပ် လာသည်နှင့် ထိုအလင်းမှာ သစ်သား သင်္ဘောတစ်စင်းသာ ဖြစ်ကြောင်း လူတိုင်း တွေ့ရလိုက်သည်။
"အဲဒါက သင်္ဘောပျံပဲ ... အတိတ်မှာတုန်းက ခရစ်ယာန် ဘုရားကျောင်းရဲ့ သူတော်စင်တွေဟာ ကမ္ဘာကို ပတ်ဖို့ အဲဒီ သင်္ဘောပျံကို သုံးခဲ့ကြတယ်တဲ့ ... သူတို့ အဲဒီ သင်္ဘောပျံကို ယူလာ လိမ့်မယ်လို့ ငါ မထင်မိဘူး"
တစ်ယောက်က အော်ကြီးဟစ်ကျယ် ဆိုလိုက်၏။
"သင်္ဘောပျံ ...”
အခြားလူများသည် ဆွံ့အသွား၏။ သူတို့သည် ခေတ်မှီ လူ့အဖွဲ့အစည်း၌ ထိုကဲ့သို့သော ဓမ္မ ရတနာကို မတွေ့ မမြင်ဖူးကြချေ။
"ဘုန်း ...”
သင်္ဘောပျံ မြေပြင်သို့ ဆင်းသက် ပြီးနောက် ခရစ်ယာန် ဂိုဏ်းချုပ် ကိုးယောက် ထွက်ပေါ် လာသည်။
"တန်ခိုးရှင် အဆင့် ကိုးယောက် ...”
လူတိုင်းက ပင့်သက် ရှိုက်လိုက်ကြသည်။
ခရစ်ယာန် ဂိုဏ်းအုပ်များ ထွက်ပေါ်လာပြီး နောက်တွင် လူဖြူ စီရင်သူ တစ်ယောက်၏ တွဲပိုးမှုဖြင့် အဘိုးအို တစ်ယောက် ထွက်လာ ပြန်သည်။
ထိုအဘိုအိုသည် သေဆုံးတော့မည် သစ်ပင်အို တစ်ပင်အလား ဆွေးမြည့်အားနည်း နေသော်လည်း လူတိုင်းသည် သူ့အား သိကြ၏။
"လေးဆယ့်နှစ်ယောက်မြောက် ပုပ်ရဟန်းမင်း ဖရန်စစ် ...”
"အာမင် ...”
အဘိုးအိုက ချောင်းဆိုးရင်း စကားစတင် ပြောလိုက်သည်။
"ချန်းပေ့ရွှမ်းဟာ ဗာတီကန်ကို လာပြီး ခရစ်ယာန် ဘုရားကျောင်းရဲ့ အထွတ်အမြတ် ရတနာတွေနဲ့ လျှို့ဝှက် စာအုပ်တွေကို ယူဆောင် သွားခဲ့တယ် ... ကျေးဇူးပြုပြီး အဲဒါတွေကို ကျုပ်တို့ဆီ ပြန်ပေးပါ"
"ဟမ့် ... ငါတို့ ဆရာက ဘာ အထွတ်အမြတ် ရတနာကိုမှ မလိုဘူး ... အဘိုးကြီး ရှင်က လိမ်နေတာပဲ"
အားရှို့က ဆိုလိုက်သည်။
ထိုအချိန်မှာပင် ဂုရုကြီး ဂုဂျာက ရှေ့သို့ တစ်လှမ်းတိုးကာ ပြော၏။
"ဒါပေမဲ့ ချန်းပေ့ရွှမ်း ငါ့ညီ ရာမကို သတ်ခဲ့တယ် ဆိုတာကတော့ လူတိုင်း သိတဲ့ ကိစ္စပဲ"
"ဟုတ်တယ် ... နောက်ပြီး ချန်းပေ့ရွှမ်းက လက်နက်လုပ်ဖို့ နတ်ဆိုးသခင် ငါးယောက်ကို ဖမ်းဆီးသွားခဲ့တယ် ... ငါတို့ နိုင်ငံရဲ့ အထွတ်အမြတ် ဘုရားကျောင်း ခြောက်ခုမှာ ငါ့ရဲ့ အိုင်းမဟာ ဘုရားကျောင်းပဲ ကျန်တော့တယ် ... မြောက်ပိုင်းချုံးက ချန်းပေ့ရွှမ်း လုပ်ခဲ့တာ အတွက် ပြန်ပြီး ပေးဆပ် ရမယ်"
အိုင်းမဟာ ဘုရားကျောင်း၏ ကောင်းကင် သခင်ကလည်း အော်ဟစ် ပြောဆိုလိုက်သည်။
"ချန်းပေ့ရွှမ်း လုပ်ခဲ့တာတွေ အတွက် မြောက်ပိုင်းချုံးမှာ တာဝန် ရှိတယ်"
အခြားသော တန်ခိုးရှင် များကလည်း မြောက်ပိုင်းချုံး၏ ဆန့်ကျင်ဘက်၌ ရပ်တည်ကြ၏။
စစ်ဝံပုလွေ အကြီးအကဲ သာလျှင် ဘာမှ ဝင်မပြောဘဲ တိတ်ဆိတ် နေခဲ့သည်။
"မင်းတို့ မြောက်ပိုင်းချုံးကို ဖျက်ဆီးချင်ရင် ငါတို့ကို အရင် သတ်မှ ရလိမ့်မယ်"
ဟွာရန်ဖန်းက ရှေ့ဆုံးမှ ဦးဆောင်ကာ တိုက်ခိုက်ရန် အသင့်ပြင်၏။ သူကား တန်ခိုးရှင် အလယ်ဆင့်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
"လာကြစမ်း ...”
ယူကီရှီရိုဆာ၊ အားရှို့၊ ဝမ်ရှောက်ယွင်နှင့် ချမ်ရဲ့ရွှယ် တို့ကလည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်လေသည်။ သူတို့၏ ဘေးတွင်မူ ထုံရှန်းသည် ဘာမှ ဝင်မပြောဘဲ တိတ်ဆိတ်စွာ ရပ်နေခဲ့၏။
ကျား နတ်ဆိုး ဝင်စားသည့် လူတစ်ယောက်အလား နတ်ဆိုး အရှိန်အဝါများ ထုတ်လွှတ်နေသည့် ထုံရှန်းကို မြင်သည်နှင့် တန်ခိုးရှင် အချို့သည် ထိတ်လန့် သွားကြ၏။
"တန်ခိုးရှင် အဆင့် သုံးယောက် ... မြောက်ပိုင်းချုံးက တကယ့်ကို အင်အားကြီးတာပဲ"
များစွာသော လူများက တီးတိုးရေရွတ် လိုက်ကြသည်။
"ဟူး ...”
အဘိုးအိုသည် သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်း တိုးကာ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်သည်။
"ထာဝရ ဘုရားသခင်ဟာ လူသားတွေ အပေါ် အမြဲ ကြင်နာတယ် ... ဒါပေမဲ့ လူသားတွေက မောက်မာပြီး ရိုသေမှု မရှိဘူး"
"ဘုန်း ...”
အဆုံးမဲ့ အလင်း စွမ်းအားများသည် အဘိုးအို၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာကာ ကြီးမားသော လက်ကြီး တစ်ခုအသွင် ဖွဲ့စည်း၏။
"အဲဒါက သူတော်စင် တစ်ယောက်ရဲ့ စွမ်းအားပဲ ... မြောက်ပိုင်းချုံးရဲ့ တန်ခိုးရှင် အဆင့်တွေ ဘယ်လောက်ပဲ အစွမ်းထက်ထက် သူတော်စင် တစ်ယောက်ကို နိုင်မှာမဟုတ်ဘူး"
မရေမတွက်နိုင်သော လူများသည် ကြောက်လန့်၍ သွားကြ၏။ သူတို့က နောက်သို့ ဆုတ်ရင်း တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ကြသည်။
"ရား ...”
ထုံရှန်းသည် အော်ဟစ်ရင်း ကျားနတ်ဆိုး၏ အသွင်သို့ ပြောင်းလဲကာ လက်ဝါးကြီးအား တားဆီးသည်။ သို့သော်လည်း သူသာလျှင် ပြိုလဲကာ နောက်သို့ လွင့်စဉ် ရလေသည်။
"ဘုန်း ...”
အလင်း လက်ဝါးက ရပ်တန့်ခြင်း မရှိဘဲ ရှေ့သို့ ဆက်လက်တိုး၏။ ထိုဖိအား၏ အောက်၌ မြောက်ပိုင်းချုံး ဂိုဏ်းဝင်များ ပိပြားတော့မည့် ဆဲဆဲတွင်ပင် ...
ရုတ်တရက် ကြီးမားသော အခြား လက်ဝါးကြီး တစ်ခု ပေါ်လာကာ အလင်း လက်ဝါးကို တွန်းဖယ်လိုက်သည်။
"သင်က ဧည့်သည်ပဲ ... ဧည့်သည်က အိမ်ရှင်ကို ခုလို ကျူးလွန်တာ မရိုင်းစိုင်းဘူးလား"
လူအိုတစ်ယောက်၏ အသံက ထွက်ပေါ် လာသည်။
"ဘယ်သူလဲ ...”
သူတော်စင် ဖရန်စစ် အပါအဝင် လူတိုင်းက အသံ လာရာသို့ ကြည့်လိုက်ကြရာ သာမန် ဆန်ကာ ရိုးရှင်းသော အဘိုးအို တစ်ယောက်ကို တွေ့ကြရသည်။
ထိုအဘိုးအိုသည် လူအုပ်ကြားမှ တဖြည်းဖြည်း ထွက်ပေါ်လာကာ လေနှင့်အတူ ကောင်းကင်သို့ ညင်သာစွာ တက်လေ၏။
"နောက်ထပ် မြေကမ္ဘာ အဆင့် တစ်ယောက် ...”
လူတိုင်းသည် ဆွံ့အ သွားကြသည်။
မြောက်ပိုင်းချုံး၌ ချန်းပေ့ရွှမ်း အပြင် အခြား မြေကမ္ဘာ အဆင့် တစ်ယောက် ရှိနေသေးသည်လား။
ထိုအရာကား မည်သူမျှ ထင်မှတ် မထားသော အရာပင် ဖြစ်သည်။
"အဲဒါက အဘိုးကြီး ချန်းဟွိုက်အန်း မလား ... သူက ဘယ်လို မြေကမ္ဘာ အဆင့်ကို ရောက်လာတာလဲ"
ပျံလွှားနီလေး၏ မျက်လုံးများသည် ပေါက်ထွက်တော့ မတတ် ပြူးကျယ်နေ၏။
"ဒါက ဗိုလ်ချုပ် ပြောလိုက်တဲ့ ဝှက်ဖဲပေါ့ ... ချန်းပေ့ရွှမ်းက တကယ့်ကို ခန့်မှန်းလို့ မရဘူးပဲ"
အဇူရာ နဂါးက ခေါင်းကို ခါယမ်းရင်း ဆိုလိုက်သည်။
လူတိုင်းက ခရစ်ယာန် ဘုရားကျောင်း၏ သင်္ဘောပျံ ရှိရာသို့ စိတ်ဝင်တစား ကြည့်လိုက်ကြသည်။
မြောက်ပိုင်းချုံး၏ မြေကမ္ဘာ အဆင့် တစ်ယောက် ထုတ်ပြအပြီးတွင် ခရစ်ယာန် ဘုရားကျောင်းက မည်ကဲ့သို့ တုံ့ပြန်မည်နည်း။
"မြောက်ပိုင်းချုံးမှာ အခြား မြေကမ္ဘာ အဆင့် တစ်ယောက် ရှိနေမယ်လို့ မထင်ခဲ့မိဘူး ... ငါ ချန်းပေ့ရွှမ်းကို လျှော့တွက မိတာပဲ"
အဘိုးအိုက သက်ပြင်း တစ်ချက် ချလိုက်သည်။ ထို့နောက် သူက ရုတ်တရက် ပြုံးလိုက်၏။
"ကံကောင်းတာက ဒီအတွက် ငါ ကြိုတင်ပြင်ဆင် ထားတာပဲ ... သခင်ကြီး ... သင် တောက်ပဖို့ အချိန်ရောက်ပြီ"
"ဟူး ...”
မျက်လုံးပြာပြာနှင့် ခြေပြောင် လူငယ်သည် ထွက်ပေါ်လာ၏။ သူက သန့်စင်သော အလင်း စွမ်းအားများကို ထုတ်လွှတ်ကာ ဖြူလွလွ တောင်ပံကို ဖြန့်ကြက်လိုက်သည်။
"ဒါက ...”
ချန်းဟွိုက်အန်းသည် လေးနက် သွား၏။
"တမန်တော်လား ...”
***