← Chapters

မြောက်ပိုင်းချုံးကို ဆန့်ကျင်သူတိုင်း သေရမယ်

Vol. 7 Ch. 696

မြောက်ပိုင်းချုံးကို ဆန့်ကျင်သူတိုင်း သေရမယ်

Vol. 7 Ch. 696

"တမန်တော် ...”

ချန်းဟွိုက်အန်းသာ မက လူတိုင်း၏ မျက်လုံးများ ပြူးကျယ် သွားကြသည်။

ဘုရားသားတော်၏ ကျောရှိ အတောင်ပံသည် အမှန်တကယ် ဖြစ်သည်။ ၎င်းတို့သည် နတ်ဘုရား နည်းစနစ်များဖြင့် ဖန်တီးထားခြင်း မဟုတ်ချေ။

"ငါ့နာမက အလန်ပဲ ...”

တမန်တော်က သီးသန့်ဆန်သော လေသံဖြင့် ပြောလိုက်၏။

ထိုအရာသည် ပထမဆုံး အကြိမ်အဖြစ် ကြားရသည့် ဘာသာစကား ဖြစ်သော်လည်း လူတိုင်းမှာ ထိုစကားကို ချက်ချင်းပင် နားလည်ကြ၏။

ဘုရားသားတော် ...

ခရစ်ယာန် ဘုရားကျောင်းကား အမှန်ပင် မယုံကြည် နိုင်စရာ ကောင်းလှ၏။ သူတို့သည် သူတော်စင် တစ်ယောက် အပြင် ကောင်းကင်ဘုံမှ တမန်တော်ကိုပါ ပိုင်ဆိုင် ထားသေးသည်။

"ဘုန်း ...”

အလန်က စတင်ကာ တိုက်ခိုက်၏။

သူသည် အတောင်ပံများကို ဖြန့်ကြက်ကာ ကောင်းကင်သို့ တက်ရင်း တော်ဝင် အလင်းဓားအား ဆင့်ခေါ်သည်။

"ကလန့် ...”

သိမ်မွေ့ညင်သာသော လှုပ်ရှားမှုတွင် ပေဒါဇင်ပေါင်းများစွာ ရှည်လျားသော အလင်းဓား တစ်ချောင်း ထွက်ပေါ်လာ၏။

"တော်ဝင် ဖြတ်ပိုင်းခြင်း နတ်ဘုရား နည်းစနစ် ...”

အဇူရာ နဂါး၏ မျက်နှာကား ဖြူရော် နေချေပြီ ဖြစ်လေသည်။

အလန်ကား ဖရန်စစ်၊ ရဲ့ချင်စန်းတို့ထက် ပို၍ အစွမ်းထက်သည်။ သူ၏ အလင်းဓား တိုက်ခိုက်မှုသည် မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်း၏ တိုက်ခိုက်မှုနှင့်ပင် ယှဉ်နိုင်၏။

ချန်းဟွိုက်အန်းက ရှေ့သို့ တစ်လှမ်းတိုးရင်း အော်ဟစ် လိုက်သည်။

"ကောင်းကင်ရဲ့ နတ်ဘုရား မိုးကြိုး ... ငါ့ အမိန့်ကို နာခံစမ်း"

"ဘုန်း ...”

ကျယ်လောင်သော ထစ်ချုန်းသံများနှင့် အတူ မိုးကြိုး တိမ်တိုက်များသည် ချန်းဟွိုက်အန်း၏ နံဘေး၌ စုဝေး ဖြစ်တည် လာသည်။ မိုးကြိုးအလင်းများကလည်း လှောင်အိမ် သဖွယ် ပြုမူကာ မြောက်ပိုင်းချုံး ဂိုဏ်းသားများကို ကာကွယ်သည်။

"ဘုန်း ...”

တော်ဝင် အလင်းဓားက မိုးကြိုးတိမ်တိုက်နှင့် ထိပ်တိုက်တွေ့ရာ မရေ မတွက်နိုင်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

"ဘုန်း ...”

တိုက်ပွဲ၏ အရှိန်ကြောင့် ချန်းဟွိုက်အန်းသည် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရ၏။ သူ၏ မျက်နှာကား နီရဲ နေချေပြီ ဖြစ်လေသည်။

သူသည် အစစ်အမှန် တန်ခိုးရှင် ကျင့်စဉ်ကို လေ့ကျင့်သည့်တိုင် မူလ အဆင့်သို့ ဝင်ရောက်ပြီးသည်မှာ မကြာသေးချေ။

အခြား တစ်ဖက်၌ ဘုရားသားတော်မှာမူ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီး အဆုံးမဲ့ စွမ်းအားများကို ပိုင်ဆိုင်ထား၏။

"မြောက်ပိုင်းချုံး အနေနဲ့ မင်းတို့ ဂိုဏ်းရဲ့ ကျင့်စဉ်တွေ အကုန်လုံးကို လွှဲပြောင်းပေးပြီး ဗာတီကန်မှာ ဆယ်နှစ် အပြစ်ဒဏ် ခံမယ်ဆိုရင် ငါ သင်တို့ရဲ့ အသက်တွေကို ချမ်းသာပေးမယ်"

သူတော်စင် ဖရန်စစ်က ဆိုလိုက်သည်။

"စိတ်ကူးယဉ် မနေနဲ့ ...”

ချန်းဟွိုက်အန်းက အော်ဟစ်ရင်း လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သည်။

"ဘုန်း ...”

ကောင်းကင်၌ မရေမတွက်နိုင်သော မိုးကြိုး လျှပ်စီးများ စီးဆင်း စုဝေးလာကာ လျှပ်စီး ပင်လယ်သဖွယ် ဖြစ်ပေါ်လာသည်။ ထိုလျှပ်စီး ပင်လယ် အတွင်း၌ မိုးကြိုးနဂါးများပင် ပျံသန်းနေ၏။

"ဘုန်း ...”

လျှပ်စီးပင်လယ်က လျှပ်စီး လှောင်အိမ် အသွင်သို့ ပြောင်းလဲကာ အလန်အား ထိန်းချုပ်ရန် ကြိုးစားသည်။

သို့သော်လည်း အလန်ကား တည်ငြိမ်လျက် ရှိနေဆဲ ဖြစ်လေသည်။ သူက အလင်းဓားကို ဆုပ်ကိုင်ရင်း အဆက်မပြတ် ခုတ်ပိုင်းလိုက်၏။

"ဘုန်း ...”

ချန်းဟွိုက်အန်း၏ လျှပ်စီး လှောင်အိမ်ကား အလန်၏ တိုက်ခိုက်မှုများကို အလုံးစုံ တောင့်ခံနိုင်ခြင်း မရှိချေ။

သုံးဆယ် စက္ကန့်မျှ အကြာ၌ ချန်းဟွိုက်အန်း၏ လျှပ်စီး လှောင်အိမ် ပျက်စီးရသလို လူကိုင်တိုင်မှာလည်း သွေးအန်ကာ အရှေ့တောင်သို့ ပြုတ်ကျရသည်။

"အဖေ ...”

"အဘိုး ...”

ဝမ်ရှောက်ယွင်နှင့် အခြားလူများသည် စိုးရိမ် သွားကြ၏။

"ငါ အဆင်ပြေတယ် ...”

ချန်းဟွိုက်အန်းသည် လဲကျနေရာမှ ထရင်း ပါးစပ်မှ သွေးများကို သုတ်လိုက်သည်။ သူ၏ ပုခုံးတွင်မူ ကြီးမားသော ဒဏ်ရာကြီး တစ်ခု ဖြစ်ပေါ်နေ၏။

သိသာစွာပင် ချန်းဟွိုက်အန်းသည် အလန်၏ ပြိုင်ဘက် မဟုတ်ချေ။

"သင်တို့ ဘယ်လို သဘောရလဲ ... သင်တို့သာ လိုက်လျောဖို့ ဆန္ဒ ရှိရင် ငါ မြောက်ပိုင်းချုံးကို ချမ်းသာပေးမယ်"

ဖရန်စစ်က နောက်တစ်ကြိမ် ပြောလိုက်သည်။

"မြောက်ပိုင်းချုံးက ဘယ်တော့မှ အရှုံး မပေးဘူး ...”

အားရှို့က ရှေ့သို့ ခြေတစ်လှမ်း တိုးရင်း ဆိုလိုက်သည်။

ဟွာရန်ဖန်း၊ ဝမ်ရှောက်ယွင်၊ ယူကီရှီရိုဆာနှင့် အန်ရာတို့၏ မျက်လုံးများ၌ ဆုံးဖြတ်ချက် ပြတ်သားခြင်းများက ပေါ်လွင်နေသည်။ ထိုမြင်ကွင်းကို တွေ့သည်နှင့် ချမ်ရဲ့ရွှယ်သည် သက်ပြင်းတစ်ချက် ချကာ သူတို့နှင့် အတူ ရပ်တည်ရန် ဆုံးဖြတ် လိုက်သည်။

"ခေါင်းမာလိုက်တဲ့ ဟာတွေ ...”

သူတော်စင် ဖရန်စစ်က နှာခေါင်းရှုံ့ရင်း လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်၏။

"ဘုန်း ...”

ကောင်းကင်၌ ကြီးမားသော လက်ကြီး တစ်ခု ပေါ်လာကာ မြောက်ပိုင်းချုံး ဂိုဏ်းဝင်များ အပေါ် ပြိုကျလာသည်။ ချန်းဟွိုက်အန်းသည် ထိုလက်ကြီးကို တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း အလန်က သူ့အား တားဆီးလိုက်၏။

"ဂရား ...”

ကျယ်လောင်သော ဟိန်းသံနှင့် အတူ တိမ်များ အကြားမှ အဖြူရောင် နဂါးတစ်ကောင် ပျံသန်း ထွက်ပေါ်လာပြီး သူတော်စင် ဖရန်စစ်ကို သူ၏ လက်သည်းများဖြင့် တားဆီးလိုက်သည်။

"ဒါက အစိမ်းရောင် နဂါး အစီအရင်ရဲ့ ဝိညာဉ် မဟုတ်လား ... ဒီအတွက် ငါ ကြိုတင် ပြင်ဆင် ထားပြီးသား"

သူတော်စင် ဖရန်စစ်က ရယ်မောရင်း ရုပ်တု တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုရုပ်တုသည် အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခု ဖြစ်ကာ အဆုံးမဲ့ အလင်း စွမ်းအားကို သယ်ဆောင်ထား၏။

ငန်းဖြူလေးသည် မူလ အဆင့်သို့ မရောက်ရှိ သေးချေ။ သို့သော်လည်း သူသည် အစီအရင် တစ်ခုလုံး၏ စွမ်းအားကို ထုတ်ယူ အသုံးပြုနေရာ သူတော်စင် ဖရန်စစ်နှင့် ယှဉ်၍ တိုက်ခိုက် နိုင်၏။

"ဘုန်း ... ဘုန်း ... ဘုန်း ...”

မူလအဆင့် လေးယောက်သည် ကောင်းကင်၌ ပြင်းထန်စွာ တိုက်ခိုက်နေသည်။ ကောင်းကင် တစ်ခုလုံးသည် မိုးကြိုးများ၊ အလင်း စွမ်းအားများဖြင့် ပြည့်နှက်နေ၏။

သို့သော်လည်း ငန်းဖြူလေးနှင့် ချန်းဟွိုက်အန်း တို့ကား သူတော်စင် ဖရန်စစ်နှင့် အလန်တို့ကား ကြာရှည် ယှဉ်နိုင်ခြင်း မရှိချေ။ အချိန် ကြာလာသည်နှင့် အမျှ ဆိုးရွားစွာ အရေးနိမ့် လာတော့သည်။

"ဘုန်း ...”

သူတော်စင် ဖရန်စစ်၏ ရုပ်တု တိုက်ခိုက်မှုတွင် မီတာ တစ်ရာခန့် ရှည်လျားသည့် ငန်းဖြူလေး၏ ခန္ဓာကိုယ်သည် ကွဲအက်ကာ ပေါက်ကွဲ သွားတော့၏။

ငန်းဖြူလေး၏ ဝိညာဉ်က ချက်ချင်းပင် အစိမ်းရောင် နဂါး အစီအရင်အတွင်း ပြန်လည် တိုးဝင်ကာ နောက်ဆုတ်သွားသည်။ သူကား အချိန်တိုအတွင်း ပြန်လည် ကောင်းမွန်မည် မဟုတ်တော့ချေ။

သိပ်မကြာခင်မှာပင် ချန်းဟွိုက်အန်းသည်လည်း အလန်၏ တိုက်ခိုက်မှုဖြင့် မြေပြင်သို့ ပြုတ်ကျ သွားပြန်တော့၏။ ယခုတစ်ကြိမ်တွင်မူ သူကား ပြန်လည် ထနိုင်စွမ်း မရှိတော့ချေ။

မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် မြောက်ပိုင်းချုံးကား ရှုံးနိမ့် သွားခဲ့ရပြီ ဖြစ်လေသည်။

"သူ ရှုံးသွားပြီ ...”

အဇူရာ နဂါးက သက်ပြင်း ချလိုက်၏။

"ခရစ်ယာန် ဘုရားကျောင်းက အရမ်းကို အစွမ်းထက်တယ် ... သူတို့မှာ သူတော်စင် တစ်ယောက် အပြင် ကောင်းကင် တမန်တော် တစ်ယောက်ပါ ရှိနေတာ ... ချန်းပေ့ရွှမ်းတောင် သူတို့နဲ့ ရင်ဆိုင်ရရင် ခက်ခဲမှာ သေချာတယ်"

ကျားဖြူကလည်း ခေါင်းအား ခါယမ်းလိုက်သည်။

အမှောင်ကမ္ဘာ၏ အရှင်သခင် များမှာမူ အောင်ပွဲခံ နေကြပြီ ဖြစ်လေသည်။ ခရစ်ယာန် ဘုရားကျောင်းသည် မြောက်ပိုင်းချုံးကို အနိုင်ယူခဲ့သည်။ ထိုအရာက အနောက်တိုင်းသည် အရှေ့တိုင်းကို နိုင်ခဲ့ခြင်းလည်း မည်၏။

"ဒီနေ့က စပြီး မြောက်ပိုင်းချုံး ဂိုဏ်းဆိုတာ မရှိတော့ဘူး ...”

အိုင်းမဟာ ဘုရားကျောင်း၏ သူတော်စင်က အော်ဟစ် ရယ်မောလိုက်သည်။

"ငါတို့ဟာ ချန်းပေ့ရွှမ်းကိုတင် မဟုတ်ဘူး ... သူ့ရဲ့ ဂိုဏ်းကိုပါ ဖျက်ဆီးနိုင်ပြီ"

ဟောင်းဂိုဏ်း ဘိုးဘေးကလည်း ပြုံးရင်း ဆိုလိုက်၏။

သူသည် ခန္ဓာကိုယ် ပြောင်းခဲ့သည့်တိုင် တန်ခိုးရှင် အစောပိုင်း အဆင့်သို့ ပြန်လည် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ချန်းဖန်သာ မသေဆုံးလျှင် သူ ပြန်လည် ထွက်ပေါ်လာမည် မဟုတ်ချေ။

"သတ်ကြဟေ့ ...”

ဂုရုကြီး ဂုဂျာ ရှေ့သို့ တစ်လှမ်းတိုးရင်း အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းတွင် တန်ခိုးရှင် အဆင့် ခရစ်ယာန် ဂိုဏ်းအုပ် ကိုးယောက်သည်လည်း တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ဘုန်း ...”

ရုတ်တရက် ရွှေရောင် ဓားအလင်း တစ်ခုသည် အဝေးမှ မြင့်မားသော အမြန်နှုန်းဖြင့် ရောက်ရှိ လာ၏။

ဓားအလင်းသည် ဂုရုကြီး ဂျာ၏ အပေါ်သို့ ကျရောက်ကာ ခန္ဓာကိုယ်နှင့် နတ်ဘုရား စိတ်ဝိညာဉ်တို့ကို တစ်ခါတည်း ထက်ပိုင်း ပိုင်းလိုက်၏။

"ဘယ်သူလဲ ...”

လူတိုင်းသည် ဆွံ့အ သွားကြသည်။

သူတော်စင် ဖရန်စစ်ပင်လျှင် အံ့ဩမှုဖြင့် ငေးကြောင် သွားသည်။

"ဘုန်း ... ဘုန်း ... ဘုန်း ...”

မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် များစွာသော အမှောင်ကမ္ဘာ အရှင်သခင်များသည် တံစဉ်ဖြင့် ရိတ်သိမ်း ခံရသည့် ဂျုံများအလား လဲပြိုကျ သွားတော့၏။

ရုတ်တရက် ကောင်းကင်၌ လက်နှစ်ဖက်ကို နောက်ပစ်ထားသော လူရိပ် တစ်ခု ပေါ်လာသည်။ သူသည် အနက်ရောင် ဆံပင်ကို ပိုင်ဆိုင်ကာ သူ၏ အနက်ရောင် မျက်လုံးများ၌ အနီရောင် မီးတောက်က အလျှံ တညီးညီး တောက်ပနေသည်။

"ချန်းပေ့ရွှမ်း ...”

ထိုလူရိပ်အား မြင်သည်နှင့် လူတိုင်းကား ဆွံ့အ သွားကြတော့သည်။ ချန်းဖန်သည် ကျော်ကြားသော လူတစ်ယောက် ဖြစ်ရာ အမှောင် ကမ္ဘာရှိ လူတိုင်းသည် သူ့အား မြင်ဖူးကြသည်။

"အဲဒါက တကယ်ကြီး ချန်းပေ့ရွှမ်းပဲ"

ပျံလွှားနီလေးက ဝမ်းသာအားရ ရေရွတ် လိုက်သည်။

"ဆရာ ပြန်လာပြီ ...”

အားရှို့က အော်ဟစ် လိုက်သည်။

"ဆရာ ...”

"ရှောင်ဖန် ...”

ယူကီရှီရိုဆာနှင့် အန်ရာတို့ကလည်း ပျော်ရွှင်စွာဖြင့် အော်ဟစ် ကြ၏။

ချန်းဟွိုက်အန်းက တစ်ချက် ပြုံး၍ ချောင်းဆိုးရင်း သွေးများကို အန်ထုတ် လိုက်သည်။

"ငါ့မြေးက ဘယ်တော့မှ လွယ်လွယ် မသေဘူး ဆိုတာ ငါသိပြီးသားပဲ"

အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က စတင်ကာ လှုပ်ရှား၏။

ခြေလှမ်း တစ်လှမ်းတိုင်းတွင် တစ်ဒါဇင်ခန့် ရှိသော လူများ သေဆုံးကာ သူ၏ ရွှေရောင် ဓားပျံကလည်း ကောင်းကင်ရှိ တန်ခိုးရှင် အဆင့် တစ်ယောက်ကို ခုတ်ပိုင်း၏။

"ခရက် ...”

တစ်ခဏ အတွင်းမှာပင် ချန်းဖန်သည် ခြေလှမ်း ဆယ့်ခုနစ်လှမ်း တိတိ လှမ်းလိုက်သည်။

ထိုအတောအတွင်း တန်ခိုးရှင် အဆင့် ဆယ့်ခုနစ်ယောက် သေဆုံးကာ ရာပေါင်း များစွာသော အမှောင် လောကသားများ သေဆုံး သွားတော့သည်။

ဆယ့်ရှစ်လှမ်း ...

ချန်းဖန်၏ အရှေ့တောင်ပေါ်သို့ ရောက်ရှိ လာ၏။

သူ၏ အနားရှိ အမှောင်ကမ္ဘာ အရှင်သခင် တစ်ရာခန့် သွေးမြူအဖြစ် ပြောင်းလဲ၏။ တစ်ချိန်တည်းတွင် ကောင်းကင်၌ ရပ်နေသော ခရစ်ယာန် ဘုရားကျောင်း၏ တန်ခိုးရှင် အဆင့် သုံးယောက် ထက်ပိုင်း ပြတ်လေသည်။

"ချန်းပေ့ရွှမ်း ...”

မမျှော်လင့် ထားသော အဖြစ်အပျက်ကြောင့် ဖရစ်စစ်၏ မျက်နှာကား ဖြူရော်နေခဲ့ပြီ ဖြစ်လေသည်။ အလန်ပင်လျှင် မျက်မှောင်ကြုတ် နေခဲ့၏။

"အဘိုး အမေ ... အဆင်ပြေကြရဲ့လား"

ချန်းဖန်က အလန်နှင့် ဖရန်စစ်ကို လျစ်လျူရှုကာ မြောက်ပိုင်းချုံး အဖွဲ့ဝင်များကို ကြည့်လိုက်သည်။

"စိတ်မပူပါနဲ့ ... ငါ အဆင်ပြေတယ်"

ချန်းဟွိုက်အန်းက သွေးတစ်လုတ် အန်ရာ ချောင်းဆိုးရင်း ရယ်မောလိုက်သည်။ သူ၏ မျက်နှာတွင်မူ ပျော်ရွှင်ခြင်းများက နေရာ ယူနေ၏။

"မင်းအဘိုးက ရာစုနှစ်တွေ အများကြီး ကြာအောင် နေနိုင်ပါသေးတယ်"

ဝမ်ရှောက်ယွင်နှင့် အန်ရာတို့ကလည်း မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ချန်းဖန်အား ပြုံးပြကြသည်။

"ကောင်းပြီလေ ...”

ချန်းဖန်က အားလုံးကို ခေါင်းညိတ် ပြပြီးနောက် အလန် ရှိရာဘက်သို့ လှည့်လိုက်သည်။

"ဗာတီကန်မှာတုန်းက ငါမင်းကို အလွတ်ပေး ခဲ့တယ် ... ဒါကို ငါ မင်းကို ကြောက်လို့လို့ မင်းက ယူဆနေတာလား"

"ကလန့် ...”

ခရမ်းရောင် မိုးကြိုးဓားက ခရမ်းရောင် အလင်းများကို ထုတ်လွှတ်ရင်း သူ၏ လက်တွင် ဖြစ်ပေါ်လာ၏။

"ဒီနေ့ တမန်တော် တစ်ယောက်ရဲ့ သွေးနဲ့ ကမ္ဘာကြီးကို ငါ သတိပေးမယ်"

"မြောက်ပိုင်းချုံးကို ဆန့်ကျင်တဲ့ သူတိုင်း သေရမယ်"

***

All Chapters