သွေး
Vol. 8 Ch. 702
ဟာဝိုင်ယီ…
ဟာဝိုင်ယီသည် ပစိဖိတ် သမုဒ္ဒရာ အတွင်းတွင် တည်ရှိပြီး အနားယူ အပန်းဖြေ နေရာ တစ်ခု အဖြစ် ကျော်ကြားသည်။
တစ်ချိန်တည်းတွင် ဟာဝိုင်ယီကျွန်းသည် အမေရိကန်၏ အကြီးမားဆုံး ကမ်းလွန် ပင်လယ် အခြေစိုက် စစ်စခန်းကြီးလည်း ဖြစ်၏။
ဟာဝိုင်ယီကျွန်း၊ ပုလဲ ဆိပ်ကမ်း၌ အချက်ပေးသံများသည် ဆူညံ ပွက်လောရိုက် နေ၏။
"နားထောင်ကြပါ … စစ်သားအားလုံး ခုချက်ချင်း တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြပါ… ရန်သူက ပုလဲဆိပ်ကမ်းကို တိုက်ခိုက်တော့မယ်… ရန်သူက ပုလဲ ဆိပ်ကမ်းကို တိုက်ခိုက်တော့မယ်"
မြေပြင်တွင် မရေမတွက်နိုင်သော အမေရိကန် စစ်သားများသည် ပြေးလွှား လှုပ်ရှား နေကြသည်။ ဆယ်စုနှစ်များစွာ ကြာပြီးနောက်၌ တစ်စုံတစ်ယောက်က ဟာဝိုင်ယီကို တိုက်ခိုက်ရဲမည်ဟု မည်သူမျှ မထင်မှတ် ထားကြချေ။
ထိုအချိန် အင်ဒို - ပစိဖိတ် မြေအောက် စစ်စခန်းတွင်…
ဗိုလ်ချုပ်ကြီးများသည် ကွန်ပျူတာ စခရင်ကို ဖြူရော်သော မျက်နှာများဖြင့် စူးစိုက် ကြည့်နေကြသည်။
တစ်နာရီမျှ အတောအတွင်းမှာပင် အရှေ့အာရှရှိ အမေရိကန် စစ်စခန်း လေးခု ဖျက်ဆီးခံ ခဲ့ရသည်။ ဂြိုဟ်တုမှ ရသော မှတ်တမ်းများကြောင့်သာ မဟုတ်လျှင် သူတို့ ယုံကြည်မိမည်ပင် မဟုတ်ချေ။
"သူက နတ်ဆိုး… တကယ့်ကို နတ်ဆိုးပဲ… ငါတို့ လူ သုံးသောင်းကျော်နဲ့ လေယာဉ်တင် သင်္ဘော နှစ်စင်း ဖျက်ဆီးခံလိုက်ရပြီ"
လက်ထောက် ဗိုလ်ချုပ်ကြီး ရိုင်ယန်၏ လက်များသည် တဆတ်ဆတ် တုန်ရီနေ၏။
"သူက ကျုပ်တို့ နိုင်ငံကို အတိအလင်း စစ်ကြေညာ လိုက်တာပဲ… ကျုပ်တို့ အဆုံးထိ တိုက်ခိုက်ရမယ်"
သွေးဆူနေသည့် ဗိုလ်ချုပ် တစ်ယောက်က ဒေါသတကြီး ဆိုသည်။
သို့သော် ပစိဖိတ် သမုဒ္ဒရာ ကွန်မန်ဒါချုပ် ဒူကိုက ခေါင်းအား ခါယမ်းလိုက်၏။
"ခုအချိန်က လက်စားချေရမယ့်အချိန် မဟုတ်သေးဘူး … ကျုပ်တို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရမယ်… ချန်းပေ့ရွမ်းရဲ့ နောက်ထပ် လှုပ်ရှားမှုက ဘာဖြစ်မလဲ… သူသာ ဆက်ပြီး တိုက်ခိုက်မယ် ဆိုရင် သူ့ရဲ့ပထမဆုံး ပစ်မှတ်က ဟာဝိုင်ယီ ဖြစ်ဖို့ သေချာတယ်"
"ဟာဝိုင်ယီမှာ လေယာဉ်တင် သင်္ဘော သုံးစင်း ရှိနေတယ်… သူတို့ကို တတ်နိုင်သမျှ အဲဒီ နေရာက ခွာဖို့ အမိန့်ပေးလိုက်… နောက်ပြီး စစ်သားတွေကို နျူကလိယ အပါအဝင် လက်နက်တွေ ပြင်ဆင်ထားခိုင်းလိုက်… ငါ ကာကွယ်ရေး ဝန်းကြီးဌာနကို နျူကလိယ သုံးဖို့ ခွင့်ပြုချက် တင်ထားတယ်… ဒါပေမဲ့ ခု အရေးကြီးဆုံးက ချန်းပေ့ရွှမ်းရဲ့ နေရာကို သိရဖို့ပဲ"
လူတိုင်းသည် ထောက်လှမ်းရေး အရာရှိကို ကြည့်လိုက်ကြ၏။ ထောက်လှန်းရေး အရာရှိမှာ တစ်ကိုယ်လုံး အိုင်ထွန်းသည် အထိ ချွေးပြန်နေခဲ့သည်။
"ကျွန်တော်တို့ ဂြိုဟ်တုတွေက တစ်ဆင့် ချန်းပေ့ရွှမ်းရဲ့ တည်နေရာကို တောက်လျှောက် ခြေရာခံမိတယ်… ဒါပေမဲ့ အနောက်ပစိဖိတ်ထဲကို ရောက်တာနဲ့ သူက ရုတ်တရက်ကြီး ပျောက်သွားတယ်… သူ့ကို ရှာဖို့ ကျွန်တော်တို့ အတွက် အချိန် လိုတယ်"
"ဒါဆို မကောင်းတော့ဘူး…"
ထောက်လှမ်းရေး အရာရှိ၏ စကားကို ကြားသည်နှင့် ဒူကို၏ မျက်နှာက ပျက်စီး၍ သွားသည်။
"ဘုန်း…"
တစ်ချိန်တည်းတွင် ပုလဲဆိပ်ကမ်း အထက်၌ သွေးရောင် အလင်းတစ်ခု လင်းလက် တောက်ပ၍ လာ၏။ ချန်းဖန်သည် ကီလိုမီတာ ထောင်ချီ ခရီးကို ဖြတ်သန်းကာ ဟာဝိုင်ယီသို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။
"ကလန့်…"
ချန်းဖန်သည် ရောက်ရောက်ချင်းပင် မီတာ တစ်ရာခန့် ရှည်လျားသော ခရမ်းရောင် ဓားအလင်းကို ထုတ်ဖော်ကာ လွှဲခုတ် လိုက်သည်။
"ဘုန်း…"
ဓားအလင်းသည် ကြီးမားသော အားအင်နှင့် ထက်ရှခြင်းကို သယ်ဆောင်ကာ USS နစ်မစ် အပေါ်သို့ ကျသည်။
ထိုခုတ်ချက်တွင်ပင် နျူကလိယ စွန်းအားသုံး လေယာဉ်တင် စစ်သင်္ဘောကြီး ထက်ပိုင်းပြတ်၍ သမုဒ္ဒရာတွင် နစ်မြုပ်၏။
"ဘုန်း… ဘုန်း… ဘုန်း…"
မရေမတွက်နိုင်သော လောင်ချာများက ချန်းဖန်အား ပစ်မှတ်ထားကာ ဝိုင်းဝန်း ပစ်ခတ် ကြသည်။
ဟာဝိုင်ယီ စစ်စခန်း၏ တိုက်ခိုက်မှုသည် Guam နှင့် ယိုကိုဆာကာ စစ်စခန်းများ၏ တိုက်ခိုက်မှုများထက် ပိုမို၍ ပြင်းထန်၏။ သို့သော် ချန်းဖန်သည် ထိုသာမန် တိုက်ခိုက်မှု များကို ဂရုစိုက်ခြင်း မရှိချေ။
"ဟူး… ဟူး…"
သူသည် မီတာ ထောင်ချီ အကွာအဝေးကို လျှပ်တစ်ပြက် အတွင်း ဖြတ်သန်း ရောက်ရှိ သွားသည်။
"ဘုန်း… ဘုန်း…"
တစ်ချိန်တည်းမှာပင် ကောင်းကင်၌ များစွာသော မီးလုံးများ ဖြစ်ပေါ်လာ၏။ ဟာဝိုင်ယီ စစ်စခန်း၏ F-22 တိုက်လေယာဉ် များကား ချန်းဖန်၏ တိုက်ခိုက်မှုကို တစ်ချက်ပင် တောင့်ခံနိုင်စွမ်း မရှိကြချေ။
"သူက အရမ်းကို အစွမ်းထက်တယ်… သူက အရမ်းကို အစွမ်းထက်တယ်"
မြေပြင်ရှိ အမေရိကန် စစ်သားများကား ကြောက်လန့် နေကြပြီ ဖြစ်လေသည်။ လေယာဉ်ဖျက် သေနတ်၊ စက်သေနတ်၊ အမြောက်များကား ချန်းဖန်နှင့် ရင်ဆိုင်ရာ၌ လုံးဝ အသုံးမဝင်ခဲ့ချေ။
"သူက… တကယ့်ကို နတ်ဆိုး ပြန်ပြီး ဝင်စားတဲ့လူပဲ"
မြေအောက် စစ်စခန်း အတွင်းရှိ ဗိုလ်ချုပ်များကား ကြောက်လန့်မှုကြောင့် တုန်ရီ လာနေခဲ့သည်။
"လျှပ်စစ်သံလိုက် အမြောက်နဲ့ပစ်…"
ဗိုလ်ချုပ်ကြီး ဒူကိုက ကွန်ပျူတာ စခရင်ကို စူးစိုက်ကြည့်ရင်း အမိန့်ပေး လိုက်သည်။
"ဘုန်း…"
USS ဟယ်ရီ S ထရမ်မန် လေယာဉ်တင် သင်္ဘောပေါ်ရှိ အမြောက်အတွင်းမှ သုံးမီတာခန့် ရှည်လျားသော သတ္တုစပ် ဆူးချွန်တစ်ခု ထွက်ပေါ်လာကာ ချန်းဖန်ထံသို့ ပျံသန်းလာသည်။
"ဝှစ်…"
ထိုသတ္တုစပ် ဆူးချွန်သည် အသံထက် နှစ်ဆယ်ဆ မြန်သော နှုန်းဖြင့် ပျံသန်းနေရာ သာမန် မျက်စိဖြင့်ပင် မမြင်နိုင်ချေ။
"ဒါက မင်းတို့ရဲ့ ဝှက်ဖဲလား…"
ချန်းဖန်က အေးစက်စွာဖြင့် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူက အလိုက်သင့်ပင် သတ္တုစပ် ဆူးချွန်ကို ဖမ်းယူလိုက်သည်။
"ဘုန်း…"
ကြောက်မက်ဖွယ် စွမ်းအားများသည် ချန်းဖန်၏ လက်အတွင်း ပေါက်ကွဲထွက်သွား၏။
သတ္တုစပ် ဆူးချွန်သည် လေယာဉ်တင် စစ်သင်္ဘောကိုပင် ဖောက်ထွက်နိုင်သည် အထိ သန်မာ သော်လည်း ချန်းဖန် အတွက်မူ ထိုအရာကို တားရန် လက်တစ်ချောင်းသာ လိုအပ်ခဲ့သည်။
"ဘာလဲ…"
လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အ သွားကြသည်။
"အဲဒါက ဆယ်မီတာ ထူတဲ့ စတီးပြားကိုတောင် ဖောက်နိုင်တဲ့ လျှပ်စစ်သံလိုက် အမြောက်လေ… သူက အဲဒါကို လက်နဲ့ပဲ ဖမ်းလိုက်တာလား"
လက်ထောက် ဗိုလ်ချုက်ကြီး ရိုင်ယန်က ရေရွတ်လိုက်သည်။
"မကောင်းတော့ဘူး… USS ဟယ်ရီ S ထရမ်မန်"
ဗိုလ်ချုပ်ကြီး ဒူကိုက သတိပေးရန် ကြိုးစားလိုက်၏။
သို့သော်လည်း နောက်ကျ သွားခဲ့ပြီ ဖြစ်လေသည်။
ချန်းဖန်သည် ဆူးချွန်ကို ကိုင်၍ ခန္ဓာကိုယ်ကို လေးကိုင်း သဏ္ဌာန် ကိုင်းညွှတ်ကာ ပြန်လည် ပစ်လွှတ် လိုက်သည်။
"ဘုန်း…"
သတ္တုစပ် ဆူးချွန်သည် အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ USS ဟယ်ရီ S ထရမ်မန် ထံသို့ တိုးဝင်လေ၏။
"ဘုန်း…"
ဆူးချွန်၏ ထိုးစိုက်မှုတွင် လေယာဉ်တင် စစ်သင်္ဘောကြီး၏ ဝမ်း၌ ဆယ်မီတာခန့် ရှည်လျားသော ထုတ်ချင်းပေါက် အပေါ်ကြီး တစ်ပေါက် ဖြစ်ပေါ်လာသည်။
"ဘုန်း…"
စတုတ္ထမြောက် စစ်သင်္ဘော USS ဟယ်ရီ S ထရမ်မန်၏ ကိုယ်ထည်သည် ပေါက်ကွဲကာ သမုဒ္ဒရာ အတွင်း နစ်၏။
"ဘုန်း…"
ဆယ်မိနစ်မျှ အကြာ၌ ပဉ္စမမြောက် လေယာဉ်တင် စစ်သင်္ဘော ဖြစ်သည့် USS သီယိုဒေါ ရိုဆက်ဗက်သည် ချန်းဖန်၏ ထက်ဝက် ပိုင်းဖြတ်မှုဖြင့် ရေသို့ နစ်မြုပ်ပြန်၏။
မြေအောက် အခြေစိုက် စစ်စခန်း အတွင်း၌ တိတ်ဆိတ်မှုသည် စိုးမိုးနေ၏။
ဗိုလ်ချုပ်များသည် အပျက်အစီး မြင်ကွင်းနှင့် ပြည့်နှက်နေသော ကွန်ပျူတာ စခရင်ကိုသာ စူးစိုက် ကြည့်နေကြသည်။
"ပုလဲဆိပ်ကမ်းက လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် ဂျပန်တွေ လာပြီး တိုက်ခိုက်ခဲ့တုန်းကထက် အခြေအနေ ပိုဆိုးရွားနေပါလား"
လက်ထောက် ဗိုလ်ချုပ်ကြီး ရိုင်ယန်က ရေရွတ်လိုက်၏။
ဗိုလ်ချုပ်ကြီး ဒူကိုက လက်သီးအား တင်းတင်း ဆုပ်လိုက်သည်။ ထို့နောက် သူက ဘေးရှိ သူ၏ လက်ထောက်ဘက်သို့ လှည့်ကာ ဆိုလိုက်သည်။
"ကာကွယ်ရေး ဝန်းကြီးဌာနကို မက်ဆေ့ချ်ပို့လိုက် … ငါတို့ နျူကလိယ လက်နက် အသုံးပြုဖို့ လိုနေပြီ… အမြန်ဆုံး ခွင့်ပြုပါလို့"
ဟာဝိုင်ယီကျွန်းတွင် အမေရိကန်တို့ သိုလှောင်ထားသော နျူကလိယ လက်နက် ရာချီ ရှိသည်။ သို့သော် ထိုလက်နက်များကို အသုံးပြုရန်က ကာကွယ်ရေး ဝန်ကြီးနှင့် အိမ်ဖြူတော်တို့၏ ခွင့်ပြုချက် လိုအပ်သည်။ ဗိုလ်ချုပ်ကြီး ဒူကိုသည် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် မလုပ်ရဲချေ။
"ကောင်းပါပြီ… ဆရာ"
လက်ထောက်က ချက်ချင်းပင် မက်ဆေ့ချ်ကို ရိုက်နှိပ်၍ ပို့၏။
သူတို့ အတွက် ယခု အရေးကြီးဆုံးမှာ နျူကလိယ လက်နက် အသုံးပြုခွင့် ရရေး ဖြစ်သည်။ ကောင်းကင်ရှိ နတ်ဆိုးကို တိုက်ခိုက်ရာ၌ နျူကလိယမှ လွဲ၍ အခြား အရာများ အသုံးမဝင်ချေ။
"ဘုန်း…"
ရုတ်တရက် အခြေစိုက် စခန်း တစ်ခုလုံး တုန်ရီ သွား၏။
"ဘာဖြစ်တာလဲ…"
ဗိုလ်ချုပ်များသည် ကြောက်လန့်၍ သွားကြသည်။
"ဆရာ… တစ်စုံတစ်ယောက်က အခြေစိုက် စခန်းကို တိုက်ခိုက်နေပြီ"
ထောက်လှမ်းရေး အရာရှိက ဖြူရော်သော မျက်နှာဖြင့် တင်ပြလာသည်။
လူတိုင်းသည် ကွန်ပျူတာ စခရင်သို့ အလောတကြီး ကြည့်လိုက်ရာ ကောင်းကင်၌ ရပ်ရင်း တောင်ကို မိုးကြိုးဓားဖြင့် ပိုင်းနေသည့် ချန်းဖန်အား တွေ့ကြရ၏။
အမေရိကန် အင်ဒို - ပစိဖိတ် စစ်စခန်းသည် ဟာဝိုင်ယီ ကျွန်းစု အလယ်ရှိ မီးတောင်သေ တစ်ခု၏ အောက်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုစခန်းကား ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံမှ ပြေးလွတ်ခြင်း မရှိချေ။
"ဘုန်း… ဘုန်း…"
ချန်းဖန်၏ အဆက်မပြတ် တိုက်ခိုက်မှုများ အောက်၌ စစ်စခန်းအတွင်းရှိ လူများသည် ငလျင်လှုပ် သကဲ့သို့ တုန်ခါမှုကို ခံစား နေကြရသည်။
"သူက ရူးနေတာလား… ဒီမီးတောင် တစ်ခုလုံးကို ဖျက်ဆီးပစ်ချင် နေတာလား"
လက်ထောက် ဗိုလ်ချုပ်ကြီး ရိုင်ယန်က ရေရွတ် လိုက်သည်။
"သွား…"
ချန်းဖန်သည် သူ၏ အစစ်အမှန်ချီများကို ထပ်မံ တိုးမြှင့်လိုက်၏။ တစ်ချိန်တည်းတွင် ခရမ်းရောင် မိုးကြိုးဓားသည် မီတာ သုံးရာခန့် ကြီးမားသော ဓားကြီးအသွင်သို့ ပြောင်းလဲသည်။
"ခရက်…"
ဓားကြီးသည် ကောင်းကင်ကို ဖြတ်သန်းကာ မီးတောင်သေအား ထက်ပိုင်း ပိုင်းဖြတ် လိုက်သည်။
ဓားအလင်း၏ ဖြတ်သန်းမှုတွင် စစ်စခန်း တစ်ခုလုံး ပျက်စီး၍ ဗိုလ်ချုပ်ကြီး ဒူကိုပါ ကျဆုံးသွားရတော့၏။
ဓားတစ်ချက်…
ဓားတစ်ချက် အတွင်းမှာပင် အမေရိကန် အင်ဒို - ပစိဖိတ် မြေအောင် စစ်စခန်းကား လုံးဝ ပျက်စီး သွားခဲ့ရပြီ ဖြစ်လေသည်။
"ဘာဖြစ်နေတာလဲ…"
ဟာဝိုင်ယီ ကျွန်းစုများသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံတကာမှ များစွာသော ခရီးသွားများသည် လေထဲရှိ သွေးရောင် အလင်းကို ငေးမောကြည့် နေမိကြသည်။
ထိုအလင်းတန်းသည် ပုလဲဆိပ်ကမ်းရှိ စစ်အခြေစိုက် စခန်းကို ဖျက်ဆီးကာ နောက်ထပ် တောင် တစ်လုံးကို ထက်ပိုင်းပိုင်း ပစ်ခဲ့သည်။
ထိုအရာက မည်သည်နည်း။
စကြဝဠာ အတွင်းရှိ အခြားဂြိုဟ် တစ်ခုမှ ရောက်ရှိ လာသည့် အာကာသယာဉ်ပျံ တစ်စင်းများလား။
"တစ်ခုခု ဖြစ်တော့မယ်… တစ်ခုခု… တကယ် ကြီးမားတဲ့ တစ်ခုခု"
လူအိုကြီး တစ်ယောက်က တီးတိုး ရေရွတ်လိုက်၏။
ချန်းဖန်ကမူ သွေးရောင် အလင်းတန်း အသွင်ဖြင့် အမေရိကန်သို့ ဆက်လက် ဦးတည် နေခဲ့ပြီ ဖြစ်လေသည်။
***