← Chapters

နတ်မျိုးစေ့ တတိယအဆင့်၊ နတ်ဖြစ်ခြင်း၏ လျှို့ဝှက်ချက်! (၅၀၀၀)

Vol. 25 Ch. 344

နတ်မျိုးစေ့ တတိယအဆင့်၊ နတ်ဖြစ်ခြင်း၏ လျှို့ဝှက်ချက်! (၅၀၀၀)

Vol. 25 Ch. 344

စုရှင်းသည် အနည်းငယ် ခေါင်းညိတ်ပြရုံသာ ညိတ်ပြလိုက်သည်။ ယခုအချိန်တွင် ရိုးရိုး စစ်ဧကရာဇ် တစ်ဦးသည် သူ၏အာရုံကို ဖမ်းစားနိုင်စွမ်း မရှိတော့ပေ။

"အရင်ဆုံး ဘိုင်လီသခင်ကြီးကို အိမ်တော်ဆီ ပြန်ခေါ်သွား... သူ အပြည့်အဝ သတိမရသေးဘူး..."

စုရှင်းသည် ထိုသို့ ပြောလိုက်သည်။

မကြာမီချိန်တွင် လူသုံးဦးစလုံးသည် ဘိုင်လီအိမ်တော်သို့ ပြန်ရောက်လာကြသည်။

ဘိုင်လီမိသားစု၏ အမျိုးမျိုးသော ကုသဆေးများ၏ အကူအညီဖြင့် ဘိုင်လီသခင်သည် မကြာမီ သတိပြန်လည်လာသည်။

သတိရလာသောအခါ ဘိုင်လီသခင်ကြီးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လူအများထဲမှ စုရှင်းကို တွေ့လိုက်သည်။

ဘိုင်လီသခင်ကြီးသည် မကြာမီပင် အခြေအနေကို သဘောပေါက်သွားပြီး စုရှင်းအား ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်သည်-

"အကြီးအကဲ၊ ကျွန်တော့်အသက်ကို ကယ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အသက်ရှင်သရွေ့ ဒီကျေးဇူးကြီးကို ဘယ်တော့မှ မမေ့ပါဘူး..."

စုရှင်းသည် ထိုစကားကိုကြားသော် ခေါင်းကိုသာ အသာလေး ရမ်းပြလိုက်သည်။ ထို့နောက် သူ့လက်ထဲရှိ သိုလှောင်လက်စွပ် နှစ်ကွင်းနှင့် ကစားနေရင်း ပြောလိုက်သည်-

"ဒါက စီးပွားရေးပဲ... မင်းက ပေးတယ်၊ ငါက မင်းရဲ့အသက်ကို ကာကွယ်ပေးတယ်၊ ဒါက ဖြစ်သင့်တာပဲ"

ဘိုင်လီထူသည် ထိုစကားကိုကြားသော် တုန်လှုပ်သွားသည်။ ပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်သည်-

"အကြီးအကဲ၊ ကျွန်တော့်အသက်က ဒီအကျဥ်းခန်းထဲက ပစ္စည်းတွေထက် ပိုတန်ဖိုးရှိပါတယ်..."

"ဒီလိုဆိုရင်၊ ကျွန်တော် အသက်ရှင်သရွေ့ ဘိုင်လီမိသားစုက အကြီးအကဲ အတွက် အကျဉ်းခန်းထဲက ပစ္စည်းတွေကို လစဉ် တစ်သုတ်စီ ပေးပါ့မယ်..."

"ဘိုင်လီမိသားစုမှာက တန်ဖိုးကြီးတဲ့ အရာတွေ သိပ်မရှိနိုင်ပေမယ့်...အနည်းငယ်တော့ ချမ်းသာပါတယ်... ခင်ဗျား လိုအပ်တာ ဘာမဆို ကျွန်တော်တို့ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါ့မယ်!"

စုရှင်းသည် အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်သည်-

"အကယ်၍ အနာဂတ်မှာ တစ်ခုခု လိုအပ်လာရင် မင်းတို့ကို ရှာဖို့ ဘိုင်လီမိသားစုစီကို ငါလာခဲ့မယ်..."

"အခု ဘိုင်လီမိသားစုရဲ့ ခေါင်းဆောင်လည်း သတိပြန်လည်လာပြီဆိုတော့ ငါထွက်သွားဖို့ အချိန်တန်ပြီ"

ဘိုင်လီထူက နေစေချင်သော်လည်း စုရှင်းကမူ ထပ်တိုးဆက်ဆံရေးမျိုးကို စိတ်မဝင်စားဘဲ စီးပွားရေးသက်သက် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလိုသည်။

စုရှင်းသည် ထိုနေရာ၌ပင် ပျောက်ကွယ်သွားပြီး အလင်းတန်းအဖြစ် ပြောင်းလဲကာ ဘိုင်လီအိမ်တော်မှ ထွက်ခွာသွားသည်။

စုရှင်း ထွက်သွားပြီးနောက် ဘိုင်လီထူသည် သက်ပြင်းလေး ချလိုက်သည်-

"ဟာ၊ ဒီအကြီးအကဲက နားမလည်နိုင်အောင် သန်မာလွန်းတာပဲ... ဒါပေမယ့် သူက ငါ့ရဲ့ ဘိုင်လီမိသားစုနဲ့ သိပ်အဆက်အသွယ် မလုပ်ချင်ဘူး ဖြစ်နေတယ်..."

"ကောင်းပါပြီလေ။ အကြီးအကဲနဲ့ အဆက်အသွယ် ရှိနေတာတောင်မှ တော်သေးတာပါပဲ... အကျဉ်းခန်းထဲက ပစ္စည်းတွေကို ဆက်စုနေသရွေ့တော့ နောက်ကျရငခ အကြီးအကဲက ဘိုင်လီအိမ်တော်အပေါ်မှာ သဘောထားကောင်းတွေ ရှိလာမှာပါ"

ထိုအခိုက်အတန့်၌ ဘိုင်လီထူသည် စုရှင်းအား ဒဏ္ဍာရီအဆင့် ပုန်းအောင်း နေထိုင်သူများ အနက် တစ်ဦး ဖြစ်သည်ဟု ယုံကြည်လိုက်ပြီ ဖြစ်သည်။

ဒဏ္ဍာရီအဆင့် ပုဂ္ဂိုလ်များထဲတွင်ပင် အကောင်းဆုံး တစ်ယောက်ပင် ဖြစ်သည်။

ထိုကဲ့သို့‌ သန်မာသော သူများသည် နှစ်ရာချီကြာ ရှင်သန်နေနိုင်ပြီး ကမ္ဘာကြီး၏ အပြောင်းအလဲများကိုလည်း အများကြီး တွေ့ကြုံခဲ့ပြီးသား ဖြစ်နိုင်သည်။

ဘိုင်လီ စီးပွားရေး အသင်းသည် ရှားနိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းများအနက် တစ်ခု ဖြစ်သော်လည်း ဒဏ္ဍာရီအဆင့်ရှိ သန်မာသည့် ပုဂ္ဂိုလ်တစ်ဦး အတွက်မူ လုံးဝ မလုံလောက်သေးပေ။

…

တစ်ချိန်တည်းမှာပင်၊ ဘိုင်လီအိမ်တော်မှ ထွက်ခွာပြီးနောက် စုရှင်းသည် သူ၏ သိုလှောင်လက်စွပ်များကို နတ်အာရုံဖြင့် ထပ်မံ စစ်ဆေးလိုက်သည်။

မျှော်လင့်ထားသည့် အတိုင်းပင်၊ ဤတစ်ကြိမ်တွင် ဘိုင်လီမိသားစု၏ လှည့်စားမှုမျိုး မရှိတော့ချေ။

သို့သော်လည်း စုရှင်းသည် အမြဲတစေ သတိထားတတ်သူဖြစ်ရာ သူ၏ပုံစံကို မပြောင်းလဲမီနှင့် ဝိညာဉ်စိုက်ခင်းဂူသို့ ပြန်မလာမီ တိုကျိုမြို့သို့ ဓားစီးလျက် ပျံသန်းကာ သူ့နောက်လိုက်သူ မရှိသည်ကို သေချာအောင် ပြုလုပ်ခဲ့သည်။

ပထမဆုံးအနေဖြင့် စုရှင်းသည် ဘိုင်လီချီ ပေးလိုက်သည့် သိုလှောင်လက်စွပ် နှစ်ကွင်းအား စွမ်းအင်အဖြစ် ပြောင်းလဲခဲ့သည်။

[ဒင်၊ စွမ်းအင်များ ပါဝင်သည့် ပစ္စည်း အများအပြားကို တွေ့ရှိပါသည်။ စုစုပေါင်း တန်ဖိုးမှာ စွမ်းအင် သန်း ၄၃၀ ရှိပါသည်။ စုပ်ယူလိုပါသလား?]

"စုပ်ယူချင်တယ်!"

စုရှင်းသည် ပြတ်ပြတ်သားသား ပြောလိုက်သည်။

ဤစွမ်းအင်များ အပါအဝင် စုရှင်း၏ စွမ်းအင်သည် သန်း ၆၉၀ အထိ ထပ်မံတိုးလာသည်။

စုရှင်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"မဆိုးဘူး၊ တောင်ပိုင်း ကုန်သည် အသင်းခေါင်းဆောင် ဖြစ်တဲ့ ဘိုင်လီစီးပွားရေး အသင်းက လအနည်းငယ်အတွင်း အကျဉ်းခန်းထဲက ပစ္စည်းတန်ဖိုး သန်းလေးထောင်ကျော် စုဆောင်းနိုင်တာပဲ..."

"ဒီလို စီးပွားရေး အတိုင်းအတာနဲ့ စွမ်းဆောင်ရည်က ရှေ့ဖြစ်ဟော အဖွဲ့အစည်းထက် အများကြီး သာလွန်နေသေးတယ်..."

နှစ်လတစ်ကြိမ် ရရှိသည့် ပျမ်းမျှ စွမ်းအင် လေးဘီလီယံသည် စုရှင်းအတွက် အတော်လေး ကောင်းမွန်သော ဝင်ငွေဖြစ်သည်။

"ဒီတစ်ကြိမ် အကျဉ်းခန်းမှာ ငါတွေ့ခဲ့တဲ့ ထူးခြားသတ္တုတွေလည်း ရှိသေးတယ်၊ သန့်စင်ပြီးရင် ၁၆ ဘီလီယံ တန်မှာ..."

"ဒီလိုဆိုရင် တစ်နေ့တည်းမှာပဲ စွမ်းအင် ဘီလီယံနှစ်ဆယ်ကျော် ရရှိသွားတာပဲ!"

စုရှင်းသည် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ထို့နောက် သူသည် သူ၏ အိပ်ဆောင်သို့ ပြန်လာပြီး ကျင်းချုံးရွှယ်ထံ ဖုန်းခေါ်လိုက်သည်။

ကျင်းချုံးရွှယ် တိုကျိုမြို့တွင် ရှိနေသေးကြောင်း အတည်ပြုပြီးနောက် စုရှင်းသည် ထူးခြားသတ္တုရိုင်းများကို ပို့ပေးလိုက်သည်။

ထူးခြားသတ္တုရိုင်း ကုဗမီတာ ၅၀၀ ကို နှစ်ပတ်အတွင်း သန့်စင်ပြီးစီးမည် ဖြစ်သည်။

ထိုအချိန်တွင် စုရှင်းသည် တစ်ကြိမ်တည်းနှင့် သရုပ်ပြခြင်းစွမ်းအင် ၁၆ ဘီလီယံ ရရှိနိုင်မည် ဖြစ်သည်။

"ဟူး... စုရှင်း၊ မင်း စိတ်မလွတ်သွားစေနဲ့! အနာဂတ်မှာ စွမ်းအင်တွေကို အများကြီး သုံးရဦးမှာ..."

"စွမ်းအင်ဆိုတာ များလေ ကောင်းလေပဲ"

စုရှင်းသည် သူ့ကိုယ်သူ သတိပေးလိုက်သည်။

နောက်ရက်အနည်းငယ်တွင် စုရှင်းသည် ဝိညာဉ်စိုက်ခင်းဂူထဲတွင် ဆက်လက် နေထိုင်ကာ ဆေးဝါးများ ချက်လုပ်ခြင်း၊ ဝိညာဉ်အစီအရင်များ တည်ဆောက်ခြင်းတို့ အပြင် ကျင့်ကြံသူကျုံး ကျန်ခဲ့သည့် ဒိုင်ယာရီကိုပင် အချိန်ယူ ဖတ်ရှုခဲ့သည်။

အောက်တိုဘာ ၂၈ ရက်နေ့တွင် ဝိညာဉ်စိုက်ခင်းဂူရှိ ဝိညာဉ်စွမ်းအင်သည် အလွန်အမင်း ကြွယ်ဝလာသည်။

၎င်းသည် အရည်အသွေးနိမ့်ဂူမှ အရည်အသွေး အလယ်အလတ်ရှိသည့် ဂူအဖြစ်သို့ အပြည့်အဝ တိုးတက်လာသည်။

ယခုမှစ၍ စုရှင်းသည် တစ်ပတ်လျှင် ဝိညာဉ်အရည်အစက်ပေါင်း သုံးထောင်ကို အလိုအလျောက် စုဆောင်းနိုင်မည် ဖြစ်သည်။

ထိုနေ့တွင် သူ၏ ဆေးဝါးများ ချက်လုပ်ပြီးနောက် စုရှင်းသည် သူ၏ ပုံသဏ္ဌာန်ကို ပြောင်းလဲကာ ကျင်းချုံးရွှယ်ကို သွားတွေ့ခဲ့သည်။

ယနေ့တွင် ကျင်းချုံးရွှယ်သည် အဖြူရောင် ပန်းပွင့်ပုံစံ ဂါဝန်ကို ဝတ်ဆင်ထားကာ အရွယ်မရောက်သေးသော မိန်းကလေးတစ်ဦးကဲ့သို့ နုနယ်လှပနေသည်။

နှစ်ယောက်သား အတူတူ စားသောက်ရင်း ပေါ့ပေါ့ပါးပါး စကားပြောကြသည်။

စုရှင်းသည် တစ်ပတ်အတွင်း ချက်လုပ်ထားသည့် ဆေးဝါးများကို ကျင်းချုံးရွှယ်ထံ ပေးလိုက်သည်။

ထို့နောက် ဆေးပုလင်း နှစ်ပုလင်းကို ထပ်ထုတ်ကာ ပေးပြီး ပြောလိုက်သည်-

"အစ်မရွှယ်၊ ဒီပုလင်းနှစ်ပုလင်းမှာ ဝိညာဉ်ဆေးလုံး အလုံးနှစ်ဆယ် ပါတယ်..."

"ဝိညာဉ်ဆေးလုံးက မင်းရဲ့ ခွန်အားတိုးတက်မှု အတွက် အများကြီး အထောက်အကူ ပြုလိမ့်မယ်... ဒီဆေးလုံးက အလွန်တန်ဖိုးရှိလို့ မင်းကိုယ်တိုင်ပဲ သောက်သင့်တယ်၊ တခြားသူတွေကို မသိစေနဲ့..."

စုရှင်း၏ လေးနက်သော အမူအရာကို မြင်သဖြင့် ကျင်းချုံးရွှယ်သည် ခေါင်းညိတ်ကာ ဆေးများကို သိမ်းဆည်းလိုက်သည်။

နောက်ပိုင်းတွင် ကျင်းချုံးရွှယ်သည်လည်း တစ်ပတ်အတွင်း သူမ ပြင်ဆင်ထားသည့် ပစ္စည်းများကို ထုတ်ပေးကာ ပြောလိုက်သည်-

"ရှင့်ရဲ့ တောင်းဆိုချက်အရ၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ရှင်ပို့လိုက်တဲ့ ထူးခြားသတ္တုရိုင်းတွေကို တစ်စိတ်တစ်ပိုင်းတော့ သန့်စင်ပြီးပြီ... ဒါတွေအားလုံးကို ရှင့်ကို လွှဲပြောင်းပေးပါ့မယ်!"

စုရှင်းသည် သိုလှောင်လက်စွပ်ကို ယူပြီး ပေါ့ပေါ့ပါးပါးပင် စကားအချို့ ထပ်ပြောလိုက်သည်။ ပြီးနောက် သူ၏ နတ်အာရုံဖြင့် ကျွမ်းကျင်စွာ စစ်ဆေးကာ ဝိညာဉ်စိုက်ခင်းဂူသို့ ဘေးကင်းစွာ ပြန်လာခဲ့သည်။

သူသည် တစ်ပတ်စာ ပစ္စည်းများကို သရုပ်ပြခြင်း စွမ်းအင်အဖြစ် ပြောင်းလဲလိုက်သည်။

စုရှင်း၏ သရုပ်ပြခြင်း စွမ်းအင်သည် ချက်ချင်းဆိုသလို ဘီလီယံ ခုနစ်ထောင်ကျော် တိုးလာသည်။

သူ့တွင် ကျန်ရှိနေသည့် စွမ်းအင်များ အပါအဝင် စုရှင်း၏ သရုပ်ပြခြင်း စွမ်းအင်သည် စုစုပေါင်း ဘီလီယံတစ်သောင်း လေးထောင်အထိ ရောက်ရှိသွားသည်။

"ဟူး~ လက်ထဲမှာ ပိုက်ဆံရှိတာက စိတ်ကို တကယ် တည်ငြိမ်စေတာဘဲ!"

စုရှင်းသည် ဖန်သားပြင်ပေါ်ရှိ ရှည်လျားသော ကိန်းဂဏန်းများကို ကြည့်ကာ သူ့နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ်သို့ မလွှဲမရှောင်သာ ကွေးညွတ်သွားသည်။

…

All Chapters