← Chapters

နတ်အာရုံ တိုက်ခိုက်ခြင်း နည်းစနစ်၃

Vol. 25 Ch. 349

နတ်အာရုံ တိုက်ခိုက်ခြင်း နည်းစနစ်၃

Vol. 25 Ch. 349

[သင်၏ နတ်အာရုံမှ ဖန်တီးထားသော ဒယ်အိုးငယ်လေးသည် အသေးစား အောင်မြင်မှု ရရှိပြီးနောက်တွင် တိုက်ခိုက်နိုင်စွမ်းတို့သည် ပိုမိုအားကောင်းလာသလို၊ ကာကွယ်နိုင်စွမ်းတို့သည်လည်း အလွန်တိုးတက်လာခဲ့သည်။ ထို့ကြောင့်ပင် တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးလုံးကို ပေါင်းစပ်ပြီး အမှန်တကယ်ပင် အသုံးချနိုင်ခဲ့လေသည်။]

[ဆန္ဒဖြည့်ပုံတော်ကို အသေးစား အောင်မြင်မှု ရရှိပြီးသောအခါ သင်သည် လွတ်မြောက်ခြင်း ပိုင်နက်အတွင်းသို့ ဝင်ရောက်ကာ ထိုနဂါးမိုက်နှင့် တစ်ပွဲတစ်လမ်းနွှဲလိုသော ဆန္ဒရှိခဲ့သည်။]

[သို့သော် စဉ်းစားချင့်ချိန် ပြီးနောက်တွင်မူ ထိုတိုက်ခိုက်ရေး နည်းစနစ်ကို မဟာယာနအဆင့် အထိ လေ့ကျင့်နိုင်မည်လော ဟူသည်ကို ကြည့်ရှုရန် အတွက် တစ်ဖန်ပြန်လည်ကာ စိတ်ချလက်ချနေရန် ဆုံးဖြတ်ခဲ့သည်။]

[ထိုသို့ဖြင့် သင်သည် သင်၏ နတ်အာရုံ တိုက်ခိုက်ခြင်း နည်းစနစ် လေ့ကျင့်ရင်း၊ ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်ကို သုတေသနပြုရင်း သုံးနှစ်တာကာလသည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ရချေသည်။]

[ဆယ့်လေးနှစ်မြောက်နှစ်တွင် သင်သည် ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်ကို ပိုမိုနက်နက်ရှိုင်းရှိုင်း သုတေသနပြုရန် စတင်ခဲ့သည်။]

[နှစ်ပေါင်းများစွာ သုတေသနပြုပြီးနောက်တွင် သင်သည် သင်၏ ဝိညာဉ်စွမ်းအင် တစ်ဝက်နီးပါးကို ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ် အတွင်းသို့ ထည့်သွင်းနိုင်ခဲ့လေပြီ။ အကယ်၍ မိုးကြိုးစွမ်းအားရှိသော ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းမည်ဆိုလျှင် ဒဏ္ဍာရီအဆင့်၏ ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးသည်ပင် သေခြင်းမျိုး မကြုံခဲ့လျှင်သော်မှ အရေပြားတစ်ထပ်တော့ ကွာကျသွားပေလိမ့်မည်။]

[အကယ်၍ သင်သည် ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်ကို မဟာယာနအဆင့်အထိ သုတေသနပြုနိုင်ခဲ့လျှင် ဒဏ္ဍာရီအဆင့်၏ ထိပ်တန်းကျွမ်းကျင်သူများကိုပင် တစ်ခဏအတွင်း သုတ်သင်နိုင်လိမ့်မည်ဟု သင် ကြိုတင် သိရှိနေခဲ့သည်။]

[သို့သော် ဤအချိန်တွင် ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်၏ စွမ်းအားကို သင် သုတေသနပြုရာ၌ အခက်အခဲများနှင့် ရင်ဆိုင်လာခဲ့ရသည်။ ထို့ကြောင့် အချိန်နှင့် ဝိညာဉ်စွမ်းအင်များကို ပိုမိုပေးဆပ်ရန် လိုအပ်လာခဲ့သည်။]

[နေ့စဉ် သုတေသနပြုနေစဉ် တစ်ရက်တွင် သင်၏ခေါင်းထဲသို့ အတွေးတစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ သစ်သားစွမ်းအားရှိသော စိတ်စွမ်းအင်ကို မီးစွမ်းအားရှိသော လေပွေအတွင်းသို့ ထည့်သွင်းလိုက်လျှင် မည်သည့်အရာ ဖြစ်ပေါ်လာမည်နည်းဟူ၍ ဖြစ်သည်။]

[သင်၏ ယူဆချက်အရ သစ်သားသည် မီးကို အားပေးသည် ဖြစ်သောကြောင့် သစ်သားစွမ်းအား ရှိသော လေပွေသည် မီးစွမ်းအား ရှိသော ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်၏ စွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးသင့်သည်။]

[ဤအတွေးကို စွဲမှတ်ပြီးနောက်တွင် သင်သည် စတင်၍ နက်ရှိုင်းစွာ သုတေသန ပြုခဲ့သည်။]

[သို့သော် သစ်သားစွမ်းအားရှိသော ဝိညာဉ်စွမ်းအင်ကို မီးစွမ်းအားရှိသော လေပွေအတွင်းသို့ ထည့်လိုက်သောအခါ အလွန်ပင် မတည်ငြိမ်သော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့ရှိခဲ့သည်။]

[ဤအခြေအနေကို လုပ်ဆောင်ရန် အတွက် ဝိညာဉ်စွမ်းအင်ကို အလွန်တိကျစွာ ထိန်းချုပ်နိုင်မှုနှင့် မြင့်မားသော ကျွမ်းကျင်မှုအဆင့်ကို လိုအပ်သည်။]

[သတိမမူမိဘဲ တစ်ခုခု မှားသွားခဲ့ပါက ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်၏ ပေါက်ကွဲအားသည် ဟိုက်ဒရိုဂျင်ဗုံး၏ ပေါက်ကွဲအားနှင့် ညီမျှနေမည် ဖြစ်သည်။]

[ဤသို့သော ကြောက်မက်ဖွယ် ကောင်းသည့် သုတေသနမျိုး အတွက် သင်သည် ဝိညာဉ်စိုက်ခင်းဂူ အတွင်း၌ ပြုလုပ်ရန် ရွေးချယ်မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။]

[ထို့ကြောင့် သင်သည် အကောင်းဆုံး စမ်းသပ်စရာ နေရာတစ်ခုကို ရှာဖွေခဲ့သည်။ ထိုနေရာမှာ သားရဲ လေ့ကျင့်ရေး နယ်မြေပင် ဖြစ်သည်။]

[ဆယ့်ငါးနှစ်မြောက်နှစ်တွင် သင်သည် သားရဲလေ့ကျင့်ရေး နယ်မြေ အတွင်းရှိ သတ်ဖြတ်ခြင်း စစ်မြေပြင် အတွင်းသို့ ဝင်ရောက်ခဲ့သည်။]

[ထိုနေရာ၌ သင်သည် တိုက်ခိုက်ရင်းနှင့် ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်ကို သုတေသနပြုခဲ့သည်။]

[ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်မှု မအောင်မြင်ပါက ထိုအရာကို အဝေးသို့ လှမ်းပစ်ချလိုက်သည်။ ဒဏ္ဍာရီအဆင့်ရှိသော နတ်ဆိုးသားရဲ တစ်ကောင်သည်ပင် ထိုပေါက်ကွဲမှု ထိသွားခဲ့လျှင် အသက်ရှင်နိုင်ရန် အခွင့်အရေး နည်းပါးပေလိမ့်မည်။]

[ထိုသို့ သုတေသနပြုနေရင်း နောက်ထပ် သုံးနှစ်တာကာလသည် တဖြည်းဖြည်း ကုန်ဆုံးသွားပြန်သည်။]

[ဆယ့်ရှစ်နှစ်မြောက်နှစ်တွင် အကြိမ်ထောင်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက် ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်နှင့် ပတ်သက်သည့် သင်၏ သုတေသနတို့သည် တဖြည်းဖြည်း ပြီးပြည့်စုံလာပြီး မဟာယာနအဆင့်သို့ ရောက်ရှိလာခဲ့သည်။]

[သင်သည် မီးစွမ်းအားရှိသော စိတ်စွမ်းအင်များကို ဆက်တိုက် ထည့်သွင်းပြီး မီးစွမ်းအားရှိသော လေပွေကို ထိန်းချုပ် ဖန်တီးနိုင်ခဲ့သည်။ ထို့နောက် သစ်သားစွမ်းအား ရှိသော ဝိညာဉ်စွမ်းအင် တစ်မျှင်ကို ထည့်သွင်းနိုင်ခဲ့လေသည်။]

[သစ်သားစွမ်းအား ရှိသော ဝိညာဉ်စွမ်းအင်များ ဝင်ရောက်လာသောကြောင့် မီးစွမ်းအားရှိသော ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်၏ စွမ်းအားသည် နှစ်ဆ တိုးလာခဲ့သည်။]

[ဤဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်ရှိလျှင် ဒဏ္ဍာရီအဆင့်တွင် ရှိသော ရန်သူအားလုံးကို အထင်သေးနိုင်ပြီး၊ ကြီးမြတ်သော ဧကရာဇ်အဆင့်၏ အောက်တွင် မည်သူ့ကိုမျှ မရှုံးနိုင်ဟု ဂုဏ်ယူဝါကြွားနိုင်ခဲ့လေသည်။]

[သို့သော် ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်သည် ကြီးမြတ်သော ဧကရာဇ်အဆင့် ကျွမ်းကျင်သူများကို ခြိမ်းခြောက်နိုင်မည်လော ဟူသည်ကိုမူ အမှန်အတိုင်းပြောရလျှင် သင် မသေချာခဲ့ပေ။]

[အကြောင်းမှာ ကြီးမြတ်သော ဧကရာဇ်အဆင့် ကျွမ်းကျင်သူများသည် ဒဏ္ဍာရီအဆင့်တွင် ရှိသောသူများကို အနိုင်ယူနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် လွတ်မြောက်ခြက်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်နှင့် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် နှစ်ခုလုံး၏ ကြီးမြတ်သော ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိပြီး မြေကြီးဓားကို လေ့လာနိုင်ခဲ့လျှင် သူတို့နှင့် ယှဉ်ပြိုင်နိုင်ဖွယ် ရှိသည်။]

[ဆယ့်ကိုးနှစ်မြောက်နှစ်တွင် ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်ကို ကျွမ်းကျင်ပြီးနောက် သင်သည် နတ်အာရုံ တိုက်ခိုက်ခြင်း နည်းစနစ်ကို လေ့ကျင့်ရန် အတွက် အချိန်ပိုမိုပေးခဲ့သည်။]

[ဆန္ဒဖြည့်ပုံတော်၏ ကောင်းချီးပေးမှုများကြောင့် ဆန္ဒဖြည့်ပုံတော်ကို သင်လေ့ကျင့်မှုသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။]

[သင်သည် သားရဲလေ့ကျင့်ရေး နယ်မြေမှ ထွက်ခွာပြီး ကြယ်ပြာသို့ ပြန်လာခဲ့ကာ ဆန္ဒဖြည့်ပုံတော်၏ လျှို့ဝှက်နည်းလမ်းများကိုသာ အာရုံစိုက်၍ လေ့ကျင့်ခဲ့သည်။]

[ထိုသို့ဖြင့် နောက်ထပ် နှစ်အနည်းငယ်သည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။]

[နှစ်ဆယ့်သုံးနှစ်မြောက်နှစ်တွင် နှစ်ပေါင်းများစွာ မနားမနေ ကြိုးစားအားထုတ်မှုတို့၏ အပြီး၌ ဆန္ဒဖြည့်ပုံတော်ကို လေ့ကျင့်မှုသည် မဟာယာနအဆင့်နှင့် အလွန်နီးစပ်လာခဲ့ပြီး ပြီးပြည့်စုံရန်အတွက် တစ်လှမ်းသာ လိုတော့သည်။]

[သင်သည် အစောပိုင်း၌ပင် မဟာယာနအဆင့်သို့ ထိုးဖောက်နိုင်ရန် အတွက် ဆက်လက်၍ တစ်ကိုယ်တည်းနေရန် ဆုံးဖြတ်ခဲ့သည်။]

[နှစ်ဆယ့်လေးနှစ်မြောက်နှစ်တွင် ကောင်းကင်ဘုံသည် သင်၏ ခက်ခဲသော ကြိုးစားအားထုတ်မှုတို့ကို ဆုချခဲ့သည်။ သင်၏ ဆန္ဒဖြည့်ပုံတော် လေ့ကျင့်မှုသည် မဟာယာနအဆင့်သို့ ရောက်ရှိခဲ့လေသည်။]

[မဟာယာနအဆင့်၏ ဆန္ဒဖြည့်ပုံတော်တွင် တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်ခုလုံး ပေါင်းစပ်ပါဝင်ပြီး၊ သိပ်သည်းခိုင်မာမှုသည် အရင်ကထက် နောက်ထပ် အဆင့်တစ်ဆင့် တိုးလာခဲ့သည်။]

[လက်ထဲတွင် နတ်အာရုံ တိုက်ခိုက်ခြင်း နည်းစနစ် ရှိသောကြောင့် နဂါးကို အနိုင်မရခဲ့လျှင်သော်မှ အများကြီး နစ်နာစရာတော့ မရှိနိုင်ဟု သင်သည် ယုံကြည်မှု ရှိနေခဲ့သည်။]

[အကြောင်းမှာ နဂါး၏ နတ်အာရုံ စွမ်းအားသည်လည်း ထူးခြားစွာ ကြောက်မက်ဖွယ် ကောင်းသောကြောင့် ဖြစ်သည်။ လွတ်မြောက်ခြင်း ပိုင်နက် အတွင်း၌ နှစ်ပေါင်းတစ်ထောင်ခန့် လေ့ကျင့်ခဲ့သည့် ရလဒ်အနေဖြင့် ပေပေါင်းခြောက်သောင်းကျော် အထိ ကျယ်ပြန့်လောက်သည်ဟုလည်း ခန့်မှန်းရပေသည်။]

စုရှင်းသည် ဤအခြေအနေကို မြင်သောအခါ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။

"နောက်ဆုံးတော့ ဒီသရုပ်ပြခြင်းထဲက ရည်မှန်းချက်တွေ အားလုံးကို ငါပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ပြီ...ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်နဲ့ နတ်အာရုံ တိုက်ခိုက်ခြင်း နည်းစနစ် နှစ်ခုစလုံး ရရှိလာတဲ့အခါ ငါ့ရဲ့ တိုးတက်မှုအဆင့်က မတိုးလာပေမဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကတော့ အများကြီး တိုးတက်လာခဲ့ပြီ!"

"ဒါ့အပြင် ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်နဲ့ နတ်အာရုံ တိုက်ခိုက်ခြင်း နည်းစနစ်တွေကို ကျွမ်းကျင်ပြီးနောက် ငါ့မှာ ရွေးချယ်စရာနှစ်ခု ရှိလာခဲ့ပြီ..."

စုရှင်းသည် မျက်လုံးများကို မှေးလိုက်သည်။ သူရှိနေသော သရုပ်ပြခြင်း အတွင်း၌ နောက်ထပ် ကြိုးစားမှုများ ပြုလုပ်ရန် တစ်နှစ်တာကာလခန့် အချိန် ရှိနေသေးသည်။

ပထမဆုံးသော ကြိုးစားမှုအနေဖြင့် လွတ်မြောက်ခြင်း ပိုင်နက် အတွင်းသို့ ဝင်ရောက်ကာ ဆက်လက်စူးစမ်းခြင်း ဖြစ်သည်။ အန္တရာယ်အချို့ ရှိနေသော်လည်း ပြဿနာ ကြီးကြီးမားမားတော့ ဖြစ်လာမည် မဟုတ်ပေ။

ဒုတိယတစ်ခုမှာမူ ရှန်းဝူခေတ်၏ ကျဆင်းနေသောခေတ်မှ ပုံတူကူးယူထားသည့် နေရာများဆီသို့ သွားရောက်ကာ ဒြပ်စင်ငါးပါးတောင်၏ အကြွင်းအကျန်များကို စူးစမ်းရှာဖွေခြင်း ဖြစ်သည်။

ခဏမျှ တုံ့ဆိုင်းပြီးနောက် စုရှင်းသည် ဒြပ်စင်ငါးပါးတောင်၏ အကြွင်းအကျန်များစီ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။

"လွတ်မြောက်ခြင်း ပိုင်နက်က အဓိကအားဖြင့် နတ်အာရုံကို မြှင့်တင်ပေးတယ်... ဒီသရုပ်ပြခြင်းမှာ ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်နဲ့ နတ်အာရုံ တိုက်ခိုက်ခြင်း နည်းစနစ်တွေကို ထုတ်ယူဖို့ ဆုံးဖြတ်ပြီးသား ဆိုတော့ ငါ နတ်အာရုံကို မြှင့်တင်လည်း အသုံးဝင်တော့မှာ မဟုတ်ဘူး..."

"ဒါပေမယ့် ဒြပ်စင်ငါးပါးတောင်မှာ ရှိတဲ့ ရှန်းဝူခေတ်ရဲ့ အကြွင်းအကျန်တွေထဲမှာ ဒြပ်စင်ငါးပါး ပိုင်ရှင်က လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း နယ်ပယ်ရဲ့ ကြီးမြတ်သော ပြီးပြည့်စုံခြင်း အဆင့်နဲ့ လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ရဲ့ မဟာယာနအဆင့် နှစ်ခုလုံးကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ရမယ်..."

"သူ့ရဲ့ တိုးတက်မှုအဆင့်က ငါ့ထက် သိသိသာသာ မြင့်မားနေပေမယ့် ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်နဲ့ ကာကွယ်ရေးဂန်ချီတို့ရှိရင် ငါလည်း နိုင်ချင်နိုင်မှာပေါ့..."

ခဏမျှ ရပ်နားပြီး စုရှင်းသည် တီးတိုး ရေရွတ်လိုက်သည်။

"ဟုတ်တယ်။ အရေးအကြီးဆုံး အချက်က ဒြပ်စင်ငါးပါးတောင်ရဲ့ အကြွင်းအကျန်တွေထဲမှာ ဒြပ်စင်ငါးပါး စွမ်းအား ပေါင်းစပ်ခြင်း နည်းစနစ်ကို ရှာဖွေတွေ့ရှိဖို့ အခွင့်အရေး အလွန် များတယ် ဆိုတာဘဲ!"

ထိုသို့တွေးပြီးနောက် စုရှင်း၏ မျက်လုံးထဲတွင် ဆန္ဒတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဒြပ်စင်ငါးပါး စွမ်းအားပေါင်းစပ်ခြင်း နည်းပညာကိုသာ သူကျွမ်းကျင်ခဲ့မည်ဆိုလျှင် သူ၏ တိုးတက်မှုနှုန်းနှင့် ဝိညာဉ်ပေါက်ကွဲခြင်း နည်းစနစ်၏ စွမ်းအားနှစ်ခုလုံးကို သိသိသာသာ တိုးမြှင့်ပေးနိုင်ဖွယ် ရှိသည်။

"ဆိုတော့ နောက်ဆုံးနှစ်ကို ရောက်ရင် ငါ ဒြပ်စင်ငါးပါးတောင်ရဲ့ အကြွင်းအကျန်တွေစီ သွားကို သွားရမယ်!”

…

All Chapters