UFO ?
Vol. 8 Ch. 711
စတားဝါး ကော်ပိုရေးရှင်းသည် ယခုနှစ်များ အတွင်း အမေရိကန် ပညာရှိ လူကြီးများ တည်ထောင်ထားခဲ့သော ကုမ္ပဏီ တစ်ခု ဖြစ်သည်။
"ပညာရှိ လူကြီးတွေ ဘယ်နေရာက လာတယ် ဆိုတာ ဘယ်သူမှ မသိကြပါဘူး… လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခုလောက်က သူတို့ မြောက် အမေရိကမှာ ပေါ်လာခဲ့တာပါ"
"သူတို့က အမေရိကန် အစိုးရကို မာယာ ဘုရားကျောင်း တူးဖော်ဖို့ ကူညီ ပေးခဲ့တဲ့ အပြင်… နျူကလိယ လက်နက်တွေ လျှပ်စစ် သံလိုက် အမြောက်တွေ လေဆာ အမြောက်တွေ နတ်ဘုရားသတ် ခံချပ်ကာတွေ… စတဲ့ ခေတ်မီ နည်းပညာမြင့် လက်နက်တွေပါ ဖန်တီးပေးခဲ့တယ်"
"ပညာရှိ လူကြီးတွေနဲ့ လူသားတွေက မျိုးစိတ် မတူပါဘူး… သူတို့ရဲ့ သွေးက အပြာရောင် ဖြစ်ပြီးတော့ သူတို့ အားလုံးက ဝိညာဉ် စွမ်းအားနဲ့ မွေးဖွားလာတာပါ… သူတို့ရဲ့ ခေါင်းဆောင် ဆိုရင် လူ တစ်သောင်းလောက်ကို တစ်ပြိုင်တည်း ထိန်းချုပ် နိုင်ပြီးတော့ နျူကလိယ စစ်သင်္ဘော တစ်စင်းကိုတောင် ဝိညာဉ် စွမ်းအားနဲ့ မနိုင်ပါတယ်"
ချန်းဖန်သည် စီအိုင်အေ အရာရှိများ ပြောသမျှကို မျက်မှောင်ကြုတ်ရင်း နားထောင် နေခဲ့၏။
သူတို့ ပြောသည့်အတိုင်း ဆိုလျှင် အမေရိကန်၏ နည်းပညာ အများစုမှာ ပညာရှိ လူကြီးများ၏ လက်အတွင်း ရှိနေခြင်း ဖြစ်သည်။ ပင်တဂွန်ပင်လျှင် သူတို့အား မထိန်းချုပ်နိုင်ချေ။ ထို့အပြင် သူတို့တွက် မည်သည့် လက်နက်များ ရှိသေးကြောင်းလည်း မည်သူမျှ မသိကြချေ။
"အပြာရောင်သွေး ဝိညာဉ် စွမ်းအား အဆင့်မြင့် နည်းပညာတွေ… ကြည့်ရတာ သူတို့က အဆင့်မြင့် မျိုးစိတ် တစ်ခုရဲ့ မျိုးနွယ်တွေ ဖြစ်ရမယ်"
ချန်းဖန်က နတ်ဘုရားသတ် ဆူးချွန်ကို သတိရ လိုက်မိသည်။
ထိုအနက်ရောင် ဆူးချွန်နှင့် မာကျူရီ ဝတ်စုံ နှစ်ခုစလုံးမှာ အစွမ်းထက်ဆုံး နည်းပညာမြင့် လူ့အဖွဲ့အစည်းမှ လာခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲစွမ်းအား အနေဖြင့် ပြောရလျှင် ထိုလက်နက် နှစ်ခုမှာ ဝိညာဉ် ရတနာနှင့်ပင် ယှဉ်နိုင်သည်။
"သူတို့က စကြဝဠာထဲက ထွက်ပြေးလာတဲ့ ကလန် တစ်ခု ဖြစ်ရမယ်… ဟမ့်… သူတို့က ကိုယ့်ကိုယ်ကို အရာအားလုံးကို ထိန်းချုပ် နိုင်တယ်လို့ ထင်နေတာလား"
ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။
"ဟူး… ဟူး…"
အစစ်အမှန် အမတေကို ထုတ်လွှတ်၍ စီအိုင်အေ၏ လက်ကျန် အကြီးအကဲများကို သတ်ဖြတ် လိုက်ပြီးနောက် ချန်းဖန်သည် တောင်ဘက် အရပ်သို့ ပျံသန်းသွားတော့၏။
သူသည် ပထမဆုံး အမေရိကန်ရှိ ပညာရှိ လူကြီးများ၏ အခြေစိုက် စခန်း အချို့သို့ သွားခဲ့သည်။ ကံမကောင်းစွာပင် ထိုစခန်း အားလုံးမှာ ဗလာများသာ ဖြစ်၏။
"ဟဟ… မင်းတို့က လွတ်မယ် ထင်နေတာလား"
ချန်းဖန်က အနည်းငယ် ပြုံးရင်း မာယာ ဘုရားကျောင်း တည်ရှိရာ အရပ်သို့ ဦးတည် လိုက်၏။
မာယာ ဘုရားကျောင်း…
မာယာ ဘုရားကျောင်းသည် ဖရော်ရီဒါ အပြင်ဘက် အမေရိကန်၏ တောင်ဘက် အကျဆုံး နေရာတွင် တည်ရှိသည်။ ထိုနေရာသည် ကမ္ဘာ၏ စွန့်ပစ်ခံ နယ်မြေ ခုနစ်ခု အနက် တစ်ခုလည်း ဖြစ်သည်။
နာရီဝက်ခန့် အကြာ၌…
ချန်းဖန်၏ အရှေ့၌ မယာ ဘုရားကျောင်း ပေါ်လာခဲ့သည်။
"ရောက်ပြီ…"
ချန်းဖန်က သူ၏ အရှေ့ရှိ မီတာ တစ်ရာခန့် ရှည်လျားသော ပိရမစ်အား ကြည့်လိုက်သည်။ ထိုပိရမစ်သည် လေးထောင့် ပုံသဏ္ဌာန် ရှိပြီး အီဂျစ်ပြည်မှ ပိရမစ်များနှင့် ကွာခြား၏။
ချန်းဖန်သည် သူ၏ ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်၍ ပိရမစ်အား စစ်ဆေးရန် ကြိုးစား လိုက်သည်။ သို့သော်လည်း ရုတ်တရက် စွမ်းအား အကာအရံ တစ်ခုက သူ့အား တားဆီးလိုက်၏။
"ငါ့ရဲ့ တိုက်ခိုက်မှု ဘယ်နှကြိမ်ကို မင်းတို့ တားနိုင်မလဲ ကြည့်ရသေးတာပေါ့"
ချန်းဖန်က သူ၏ လက်ကို ဆန့်ထုတ်ကာ ဝှေ့ယမ်းလိုက်၏။
"ကလန့်…"
ရုတ်တရက် အနက်ရောင် ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ ထိုအရာကား တစ်ဝက် တစ်ပျက် ဝိညာဉ် ရတနာ "ခရမ်းရောင် မိုးကြိုးဓား" ပင် ဖြစ်သည်။
"သွား…"
ချန်းဖန်က ဓားကို ကိုင်လျှင် ကြမ်းတမ်းစွာ လွှဲခုတ် လိုက်၏။
"ဘုန်း…"
ဓားချီ၏ တိုက်ဖျက်မှုတွင် တိမ်များ ပိုင်းဖြတ် ခံရ၍ မိုးသစ်တော့ တစ်ခုလုံးမှာလည်း လျှပ်စီး အရိပ်များ၏ လွှမ်းမိုးမှု အတွင်း ကျရောက် သွားတော့၏။
"ဘုန်း…"
ရုတ်တရက် ဘုရားကျောင်း၏ အထက်၌ အပြာရောင် အလင်း အကာအကွယ် တစ်ခု ပေါ်လာခဲ့သည်။ ထိုအကာအကွယ်သည် အပြာရောင် လျှပ်စီးများဖြင့် ပြည့်နှက်နေ၍ ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင် ထား၏။
"ဘုန်း…"
ခရမ်းရောင် မိုးကြိုးဓားမှ ဖြစ်ပေါ်လာသော မိုးကြိုးများကို ထိုအပြာရောင် အလင် အကာအကွယ်က တိုက်ရိုက်ပင် စုပ်ယူလိုက်၏။
"ဘာလဲ…"
ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။ ထိုအရာသည် ခရမ်းရောင် မိုးကြိုးဓား၏ တိုက်ခိုက်မှု တားဆီးခံရသည့် ပထမဆုံး အကြိမ် ဖြစ်သည်။
"ဒါက တကယ်ပဲ မာယာ ဘုရားကျောင်းပဲ…"
"နောက်တစ်ခါ…"
ချန်းဖန်က အော်ဟစ်ရင်း သူ၏ အစစ်အမှန် ချီကို ဖြန့်ကြက်လိုက်၏။
ခရမ်းရောင် မိုးကြိုးဓားက ချန်းဖန်၏ ထိန်းချုပ်မှုတွင် နှစ်မီတာမျှ ရှည်လျားလာကာ အလင်း အကွာအကွယ်အား နောက်တစ်ကြိမ် ခုတ်ပိုင်း လိုက်သည်။
"ဘုန်း…"
ရုတ်တရက် ကျယ်လောင်သော မိုးကြိုးသံ တစ်ခု ထွက်ပေါ်လာသည်။
မိုင်ပေါင်းများစွာ ကွာဝေးသော ဖရော်ရီဒါမှ လူများသည် မာယာ ဘုရားကျောင်း ဘက်သို့ လှမ်းကြည့်ကာ နားစွင့်လိုက်မိ၏။ သို့သော် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သူတို့ မခန့်မှန်းနိုင်ကြချေ။
မာယာ ဘုရားကျောင်း အတွင်း…
ငွေရောင် ကိုယ်ကျပ်ဝတ်စုံများ ဝတ်ဆင် ထားသော ပညာရှိ လူကြီးတစ်စုသည် ကြယ်တာရာ မြေပုံကြီးများ၊ အပြာရောင် လျှပ်စီးများ ဝန်းရံနေသည့် အခန်းတစ်ခု အတွင်း ထိုင်နေကြသည်။ သူတို့၏ မျက်လုံးများကမူ အရှေ့ရှိ စခရင်ကို စိုးရိမ်စွာ စူးစိုက် ကြည့်နေကြ၏။
"ချန်းပေ့ရွှမ်း တကယ် ရောက်လာပြီပဲ"
ကတုံး တစ်ယောက်က ဆိုလိုက်သည်။
အကယ်၍ အပြင်လူ တစ်ယောက်ကသာ သူ့အား မြင်တွေ့ပါက အံ့အားသင့် သွားလောက်သည်။ သူကား စတားဝါး ကော်ပိုရေးရှင်း၏ စီအီးအို တစ်ဖြစ်လည်း ပညာရှိ လူကြီးများ အဖွဲ့၏ ခေါင်းဆောင် "ဘရု"ပင် ဖြစ်သည်။
"ခေါင်းဆောင်… ကျုပ်တို့ ချန်းပေ့ရွှမ်းရဲ့ စွမ်းအားကို လျှော့တွက် လိုက်မိတယ်… သူက ကျုပ်တို့ကို သစ္စာဖောက်ဖို့ အမေရိကန်ရဲ့ နိုင်ငံရေး သမားတွေကို ဖိအား ပေးနိုင်ခဲ့ပုံပဲ"
အခြား ပညာရှိ လူကြီး တစ်ယောက်က ပြောလိုက်သည်။
သူ၏ မျက်လုံးများက သမုဒ္ဒရာ အလား နက်နဲသည့် အပြာရောင် လျှပ်စီး အလင်းဖြင့် ပြည့်နှက်နေခဲ့၏။
သို့သော်လည်း ထိုအရာကား လျှပ်စီး စွမ်းအား မဟုတ်ချေ။ ဝိညာဉ် စွမ်းအားသာလျှင် ဖြစ်သည်။
"ဘုန်း…"
ဘုရားကျောင်းသည် နောက်တစ်ကြိမ် တုန်လှုပ်ကာ ကြယ်တာရာ မြေပုံများပင် လှုပ်ခါသွား၏။
"အပြာရောင် အလင်းလုံး" ကို ထိန်းချုပ် နေသော ပညာရှိ လူကြီး တစ်ယောက်က လှည့်ကာ အော်ဟစ် လိုက်သည်။
"ဆရာ… အလင်း အကာအကွယ်ရဲ့ ခံနိုင်ရည်အားက ၈၀ ရာနှုန်း အထိ လျော့ကျ သွားပြီ… နောက် တိုက်ခိုက်မှု ခုနစ်ခါ ဆိုလျှင် ပျက်စီး သွားတော့မယ်"
ထိုစကားအား ကြားသည်နှင့် ဘရုအပါအဝင် လူတိုင်း၏ မျက်နှာများသည် ဖြူရော် သွား၏။
ထိုအလင်းအကာအကွယ် မည်မျှ အစွမ်းထက်ကြောင်း သူတို့သာလျှင် ကောင်းစွာ သိသည်။ သို့သော်လည်း ထိုအရာသည် ခုတ်ချက် အနည်းငယ် အတွင်း ပျက်စီးလိမ့်မည်ဟု တစ်ခါမျှ သူတို့ ထင်မထားခဲ့ချေ။
"ခေါင်းဆောင်...ကျုပ်တို့ ဘာလုပ်ကြမလဲ"
အခြား ကတုံးများက ဘရုအား ကြည့်လိုက် ကြ၏။
"ငါတို့ရဲ့ စွမ်းအင် လက်နက်တွေကို သုံးပြီး ချန်းပေ့ရွှမ်းကို မာယာ လူမျိုးတွေ ဘယ်လောက် အစွမ်းထက်ကြောင်း ပြကြတာပေါ့"
ဘရုက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ သူ၏ မျက်လုံးတွင်မူ အပြာရောင် အလင်းများက တလက်လက် တောက်ပ နေသည်။
"ခရက်…"
ရုတ်တရက် ပိရမစ်၏ ထိပ်၌ ထူထဲသော လျှပ်စစ် စီးကြောင်း တစ်ခု စီးထွက် ဖြစ်ပေါ်လာသည်။ ထိုစီးကြောင်းက လေထဲတွင် လျှပ်စီး အလုံးအသွင် ဖွဲ့စည်း၏။
"ခရက်…"
ပထမ၌ လျှပ်စီးလုံးသည် ဘောလုံး တစ်လုံး အရွယ်အစားသာ ရှိသော်လည်း ခဏ အတွင်းမှာပင် အိမ်တစ်လုံး အရွယ်အစား အထိ ကြီးမားလာသည်။
"ဒါက…"
ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။
"ဘုန်း…"
ရုတ်ခြည်းပင် အပြာရောင် လျှပ်စီး အလုံးမှ စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ် လာ၏။ ထိုစွမ်းအင်များက လျှပ်စီး၏ အမြန်နှုန်းဖြင့် ချန်းဖန်ထံသို့ တိုးဝင်သည်။
"တားဆီးစမ်း…"
ချန်းဖန်သည် ခရမ်းရောင် မိုးကြိုးဓားကို ကိုင်၍ ရင်ဘတ်၏ အရှေ့တည့်တည့်မှ မိုးကုပ်စက်ဝိုင်း သဖွယ် ကာဆီးလိုက်၏။
"ဘုန်း…"
သူ၏ ခန္ဓာကိုယ်သည် နောက်သို့ ကီလိုမီတာ အနည်းငယ် လွင့်စဉ်သွားကာ မိုးသစ်တော အတွင်း ကျရောက်၏။
အကယ်၍ တစ်စုံတစ်ယောက်သာ ကောင်းကင်မှ ကြည့်ပါက…
မိုးသစ်တောတစ်ခုလုံးမှာ မာယာ ဘုရားကျောင်းမှ နေ၍ ထက်ဝက် ပိုင်းဖြတ် ခံထားရသလို တွေ့မြင် နိုင်သည်။ ချန်းဖန် လွင့်စဉ် သွားရာ လမ်းကြောင်းသည် မီတာ အနည်းငယ် ကျယ်ဝန်း၍ တစ်ဆယ် ကီလိုမီတာ အထိ ရှည်လျား၏။
"ဘုန်း…"
လျှပ်စီး စွမ်းအားသည် ထိုမျှဖြင့် ရပ်တန့်ခြင်း မရှိချေ။
ချန်းဖန်၏ နောက်သို့ အရိပ်သဖွယ် ကပ်လိုက်၍ မိုင်းများကဲ့သို့ အထပ်ထပ် ပေါက်ကွဲ၏။ ထိုပေါက်ကွဲမှု တစ်ခုချင်းစီကား မြေကမ္ဘာ အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုနှင့် ညီမျှသည်။
သို့သော်လည်း သူတို့ တိုက်ခိုက်နေရသော ရန်သူကား ချန်းဖန် ဖြစ်သည်။
သူသည် ကောင်းကင်ခန္ဓာ စဉီးအောင်မြင်ခြင်း အဆင့်ကို အောင်မြင်ခဲ့ပြီး ဖြစ်သလို အခြား နတ်ဘုရား စွမ်းအားများ၊ ဝတ်စုံများကို ပိုင်ဆိုင်ထားသေး၏။ သူ့အား ထိုလျှပ်စီး စွမ်းအား မပြောနှင့် နျူကလိယ လက်နက်ပင် မဖျက်ဆီးနိုင်ချေ။
"ဘုန်း…"
ချန်းဖန်သည် ကောင်းကင်သို့ ပျံတက်၍ အလင်း တစ်ခုအလား ဖြတ်သန်း သွား၏။
"ဖျက်ဆီး…"
သူ၏ ခန္ဓာကိုယ်က ပိရမစ်၏ အထက်၌ ပြန်ပေါ်လာကာ ဓားဖြင့် ခုတ်ချ လိုက်သည်။
"ဘုန်း…"
မီတာ သုံးရာရှည်သော ဓားကြီးသည် အလင်း အကာအကွယ် ပေါ်သို့ ကျ၏။
"သတိပေးချက် သတိပေးချက် အကာအကွယ် စွမ်းအားက ၃၀ ရာခိုင်နှုန်းအောက်ကို ရောက်နေပြီ… အရမ်း အန္တရာယ် ရှိနေပြီ"
ပိရမစ်သည် ပြင်းထန်စွာ လှုပ်ခါ နေသကဲ့သို့ ဘရုအပါအဝင် ကတုံးများကား အလွန်တရာ ကြောက်လန့် နေကြပြီ ဖြစ်သည်။
"ခေါင်းဆောင်… ကျုပ်တို့ ဘာလုပ်ကြမလဲ"
လူတိုင်းက ဘရုအား စိုးရိမ်စွာ ကြည့်လိုက်ကြသည်။
"ဘုန်း… ဘုန်း… ဘုန်း…"
တစ်ချိန်တည်းတွင် ချန်းဖန်သည် အပြင်မှနေ၍ အလင်း အကာအကွယ်အား အဆက်မပြတ် ခုတ်ပိုင်း နေ၏။
ရုတ်တရက် မြေပြင်သည် တုန်ခါလာကာ မြေဆီလွှာသည် ကွဲအက်လာ၏။ ပိရပစ်သည် UFO တစ်စင်း အလား ကောင်းကင်သို့ ပျံတက်သည်။
"ဒါက…"
ချန်းဖန်က ခရမ်းရောင် မိုးကြိုးဓားကို ကိုင်ရင်း မျက်မှောင်ကြုတ် လိုက်၏။
များစွာသော ဖရော်ရီဒါမှ လူများမှာ ထိုအရပ်သို့ လှမ်းကြည့်ရင်း ဆွံ့အ သွားကြသည်။
"UFO အာကာသ ယာဉ်ပျံ…"
***