← Chapters

စစ်ပွဲ

Vol. 8 Ch. 712

စစ်ပွဲ

Vol. 8 Ch. 712

ပိရမစ်သည် မီတာ တစ်ရာမျှသာ ရှည်လျား၏။

သို့သော်လည်း မြေပြင်မှ ပျံတက်သည့် အချိန်တွင်မူ မြေဆီလွှာ အောက်ရှိ ၎င်း၏ ကိုယ်ထည်မှာ ပေါ်လွင်လာသည်။ ထိုကိုယ်ထည်သည် မီတာ ငါးရာခန့် ထုထည် ရှိ၏။

"ဟူး… ဟူး…"

ပိရမစ်သည် လေထုကို ထိုးခွဲ၍ ကောင်းကင်သို့  ပျံတက်၏။

၎င်း၏ ကိုယ်ထည်သည် နက်မှောင်သော သတ္တုဖြင့် ပြုလုပ်ထားကာ "နတ်ဘုရားသတ် ဆူးချွန်" ကဲ့သို့ ရှုပ်ထွေးသော သင်္ကေတများ ရေးထိုးထားသည်။ ထိုသင်္ကေတများ၌ အပြာရောင် အလင်းများက တောက်ပ နေကာ ပြင်းထန်သော စွမ်းအားများကို သယ်ဆောင် နေ၏။

"အိုးမိုင်ဂေါ့…"

ဖရော်ရီဒါရှိ လူများကား ဘုရားကိုပင် တမိကြသည်။ ထို ပျံသန်းနေသော ပိရမစ်ကား "UFO" နှင့်ပင် တူနေသေး၏။

အချို့ လူငယ်များက ထိုမြင်ကွင်းကို ဖုန်း ကင်မရာများဖြင့် ဖမ်းကာ အင်တာနက် ပေါ်သို့ တင်ကြသည်။

ထိုသတင်းက ခဏချင်းပင် ကမ္ဘာ တစ်ဝန်းသို့ တောမီးအလား ပျံ့နှံ့သွား၏။

အင်္ဂလန် နိုင်ငံ BBC ရုပ်မြင်သံကြား ဌာနတွင်…

ချောမောသော သတင်း တင်ဆက်သူ ကက်တယ်လီနာသည် ချန်းဖန်နှင့် ဖန့်ချုံးတို့၏ ကြည်နူးဖွယ် အချစ် ဇာတ်လမ်း အကြောင်းကို တင်ဆက် နေ၏။

ရုတ်တရက် သတင်းထောက် တစ်ယောက် ပို့လာသော သတင်းကြောင့် သူမသည် ကြောင်အကာ ကြားဖြတ်၍ သတင်းအသစ် ကြေညာလိုက်သည်။

"ကြားဖြတ်သတင်းပါရှင်… ဖရော်ရီဒါရဲ့ တောင်ဘက် အစွန်ဆုံး ဒေသမှာ  UFO တစ်စီးကို တွေ့မြင်ရပါတယ်… ကျွန်မတို့ သတင်းထောက်တွေက အဲဒီ နေရာကို ခုချက်ချင်း သွားနေပါပြီ… ဒါကတော့ အင်တာနက် ပေါ်မှာ အခု ပြန့်နေတဲ့ ဗီဒီယိုပါ"

ဗီဒီယိုထဲတွင်…

လျှပ်စီးများ ဝန်းရံနေသည့် အနက်ရောင် ပိရမစ်ကြီး တစ်ခုသည် ကောင်းကင်သို့ ပျံတက် နေ၏။ ထိုအရာကား အဝေးမှ ကြည့်ပါက တောင်ငယ် တစ်လုံး အလား ကြီးမားလှသည်။

"ဘာကြီးလဲဟ…"

"ဂြိုဟ်သားတွေ ကမ္ဘာကို ရောက်လာတာလား"

"ပထမဆုံး နတ်ဘုရားတွေ… အခု ဂြိုဟ်သားတွေ… ငါတို့ ဂြိုဟ်ကြီးမှာ ဘာတွေ ဖြစ်နေတာလဲ"

ကမ္ဘာတစ်ဝန်းရှိ လူများက တွေးတော ပြောဆို ဆွေးနွေးကြသည်။

သူတို့သည် ပထမ ချန်းဖန်နှင့် နျူကလိယ၏ တိုက်ပွဲကြောင့် အံ့အားသင့်ခဲ့ရသည်။ ယခုလည်း ဂြိုဟ်သားများက ရုတ်တရက် ပေါ်လာပြန်သည်။

၂၀၁၂ က အမှန်တကယ် ကမ္ဘာပျက်မည့်နေ့ ဖြစ်လာမည်လား။

"အဲဒါက မာယာ ဘုရားကျောင်းပဲ… ပညာရှိ လူကြီးတွေက ဒီဂြိုဟ်ကနေ ထွက်တော့မှာ လား"

များစွာသော မြေအောက် အဖွဲ့အစည်းများ၊ မဟာ အင်အားကြီး နိုင်ငံများမှာ ဆွံ့အ နေကြသည်။

ရန်တောင်ရဲ့မိသားစု…

"ကောလာဟလတွေ အရဆို… မာယာ ဘုရားကျောင်းက မာယာ လူမျိုးတွေ ချန်ရစ်ခဲ့တဲ့ သင်္ဘောပျံ တစ်ခုတဲ့… အမေရိကန်က အဲဒီကနေ နည်းပညာတွေ အများကြီး ရရှိခဲ့တယ်… ဒါပေမဲ့ ပညာရှိ လူကြီးတွေက အဲဒါကို အသုံးပြု နိုင်မယ်လို့ ငါ မထင်ထားမိဘူး"

ဒါရိုက်တာ ရှောင်က စိုးရိမ်စွာ ပြောလိုက်သည်။

"သူတို့က လွယ်လွယ်နဲ့တော့ မာယာ ဘုရားကျောင်းကို အသက်သွင်းမှာ မဟုတ်ဘူး… ဖြစ်နိုင်တာက ချန်းပေ့ရွှမ်း အဲဒီကို ရောက်နေတာလား"

အဇူရာ နဂါး၏ မျက်လုံးများက တောက်ပ လင်းလက် နေသည်။

"အရှင်ချန်းက တန်ခိုးရှင် သူတော်စင် တစ်ယောက်ပဲ… ပညာရှိ လူကြီးတွေက သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး… ဒါပေမဲ့ ငါ စိုးရိမ်တာက သင်္ဘောပျံပေါ်မှာ ရှိတဲ့ မာယာ လူမျိုးတွေရဲ့ မဟာ လက်နက်တွေပဲ"

ရဲ့ချင်စန်းက အရှေ့ အရပ်သို့ လှမ်းမျှော် ကြည့်ရင်း မျက်မှောင် ကြုတ်လိုက်သည်။ ပျံလွှားနီလေးနှင့် အခြားလူများကမူ စိတ်ပူစွာဖြင့် ဘေးတွင်သာ ရပ်နေကြ၏။

တစ်ချိန်တည်းတွင်…

ပိရမစ်ဆီမှ သန်မာသော စွမ်းအင်လှိုင်း တစ်ခုက ထွက်ပေါ်လာ၏။

"ချန်းပေ့ရွှမ်း… သင်က နောက် နှစ်ငါးရာကျော် နေရဦးမယ်… သင် အသက်ရှင်ဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်… ငါတို့ဘက်က သင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆန္ဒရှိတယ်… တကယ်လို့ တိုက်ခိုက်ကြမယ်ဆို နှစ်ဖက်လုံး အထိနာ လိမ့်မယ်"

ချန်းဖန်က ပရမစ်ဆီသို့ ပြန်လည် ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။

"မင်းတို့က ဒီ သတ္တု အပိုင်းအစလေး ပိုင်ထားရုံနဲ့ ငါနဲ့ စေ့စပ် ဆွေးနွေးချင်နေတာလား"

မြောက်ပိုင်း ကောင်းရှင် အရှင်သခင် အနေဖြင့် သူသည် အတိတ်ဘဝ၌ များစွာသော အာကာသ ယာဉ်ပျံများကို တွေ့မြင်ဖူး၏။ ထိုယာဉ်ပျံကြီးများကား ကီလိုမီတာ တစ်ရာခန့် အထိ ကြီးမားကာ သာမန် ဂြိုဟ်တစ်လုံးကိုပင် လွယ်ကူစွာ ဖျက်ဆီး နိုင်ကြသည်။

ထိုသို့သော အာကာသ ယာဉ်ပျံကြီးများနှင့် နှိုင်းယှဉ်ပါက ယခု သူ၏ အရှေ့၌ ရှိသော ယာဉ်ပျံမှာ ကလေး ကစားစရာလောက်သာ ရှိသည်။

"မောက်မာလိုက်တာ…"

စွမ်းအင်လှိုင်း တစ်ခုက သင်္ဘောပျံဆီမှ ပျံ့နှံ့လာ၏။ ကတုံးများကား ဒေါသထွက် နေကြပြီ ဖြစ်လေသည်။

"ခေါင်းဆောင်… ကျုပ်တို့ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ကမ္ဘာဂြိုဟ်ရဲ့ လူသားတွေကို ပြလိုက် ကြရအောင်"

ပညာရှိ လူကြီးတစ်ယောက်က ဦးညွှတ်ရင်း ဆိုလိုက်သည်။ အခြားသော ကတုံးများကလည်း ဘရုအား ကြည့်လိုက် ကြသည်။

ဘရုသည် အမိန့်ပေး စင်တာ၏ အလယ်တွင် နတ်ဘုရား တစ်ပါးအလား ရပ်တည် နေ၏။ သူ၏ မျက်လုံးများသည် အပြာရောင် သန်းနေပြီး သူ၏ ခန္ဓာကိုယ်က ဝိညာဉ် စွမ်းအားဖြင့် ပြည့်နှက်နေသည်။

ထောင့်တစ်ခုတွင် ရပ်နေသော လမ့်မိသားစု၏ ခေါင်းဆောင်က ဒေါသဖြင့် အံတစ်ချက် ကြိတ်လိုက်သည်။

"ချန်းပေ့ရွှမ်း… မင်းက ငါ့မိသားစုဝင်တွေကို အကုန် အပြတ်ရှင်းခဲ့တယ်… အခု မင်းအလှည့် ရောက်ပြီ"

"ဘုန်း…"

တိုက်ပွဲကား စတင်ခဲ့ချေပြီ ဖြစ်သည်။

ပိရမစ်၏ထိပ်မှ ကြီးမားသော အလင်း ဆူးချွန် တစ်ခု ထွက်လာကာ ကမ္ဘာအား ဖြတ်သန်း၍ တောက်ပ၏။

"ဘုန်း…"

အလင်း ဆူးချွန်၏ ဖြတ်သန်းမှု အရှိန်တွင် သစ်ပင်များ ကျိုးကြေကာ၊ တောင်ထား ထက်ပိုင်းပြတ်၏။

ထိုတိုက်ခိုက်မှုကား မူလ ထိပ်ဆုံး အဆင့် ကျင့်ကြံသူ တစ်ယောက်၏ တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ်နိုင်၏။ ချန်းဖန်ပင်လျှင် ထို တိုက်ခိုက်မှုကို ဂရုစိုက်ရန် လိုအပ်သည်။

"နှစ်ထောင်ချီ ကြာပြီးတဲ့ နောက်မှာတောင် ဒီသင်္ဘောပျံက အစွမ်းထက် နေသေးတာပဲ…"

ချန်းဖန်မှာ အနည်းငယ် အံ့ဩသွားသည်။ သို့သော် သူသည် ကြောက်လန့်ခြင်း အလျှင်း မရှိချေ။

ရွှေအမြုတေ အဆင့်များ မရောက်လာသရွေ့ ကမ္ဘာပေါ်တွင် သူသည် ပြိုင်ဘက် ကင်း၏။

"ပျက်စီးစမ်း…"

ခရမ်းရောင် လျှပ်စီး အလင်းသည် လင်းလက် တောက်ပစွာ ထွက်ပေါ်လာ၏။

"ဘုန်း… ဘုန်း…"

ရုတ်ခြည်းပင် ပတ်ဝန်းကျင် တစ်ဆယ် ကီလိုမီတာ ကောင်းကင်ကား ပြိုးပြိုးပြက်ပြက် အလင်းများဖြင့် ပြည့်နှက် သွား၏။

ထိုအလင်းများကား အလွန် ထင်ရှားရာ ဖရော်ရီဒါရှိ လူများပင် ရှင်းလင်းစွာ တွေ့မြင် ကြရသည်။

"နေဦး… အဲဒါက ဘယ်သူလဲ ချန်းပေ့ရွမ်းမလား…"

မရေမတွက်နိုင်သော လူများမှာ ကောင်းကင်ရှိ တိုက်ပွဲအား ကြည့်ရင်း တစ်စုံတစ်ခုကို အမှတ်ရ သွား၏။

သူတို့သည် ချန်းဖန်နှင့် အမေရိကန်၏ တိုက်ပွဲကို တွေ့မြင်ကြရရာ ချန်းဖန်၏ ပုံသဏ္ဌာန်ကို မှတ်မိနေကြသည်။

"ဟိုကိုကြည့်စမ်း… ပိရမစ်ရဲ့ ထိပ်မှာ ကြယ် လက်စွပ်လေး တစ်ခု ရှိတယ် တွေ့လား… အဲဒါက စတားဝါး ကော်ပိုရေးရှင်းရဲ့ သင်္ကေတမလား… အဲဒီ UFO က သူတို့ တီထွင်ထားတဲ့ နည်းပညာမြင့် အာကာသ ယာဉ်ပျံ ဖြစ်မယ် ထင်တယ်"

နောက်ဆုံး၌ လူများသည် ချန်းဖန် အဘယ်ကြောင့် စတားဝါး ကော်ပိုရေးရှင်းအား လိုက်ရှာနေသည်ကို နားလည် သွားကြပြီ ဖြစ်လေသည်။

"ဘုန်း… ဘုန်း…"

တစ်ချိန်တည်းတွင် တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေ၏။

ချန်းဖန်၏ ဓားအလင်းများနှင့် ပိရမစ်ဆီမှ အလင်း ဆူးချွန်များသည် ကောင်းကင်တွင် အကြိမ်ကြိမ်တွေ့ကာ ပေါက်ကွဲနေသည်။

"မကောင်းတော့ဘူး…"

ပညာရှိ လူကြီးများသည် ချန်းဖန်အား လွယ်လွယ်ကူကူ မသတ်ဖြတ်နိုင်ကြောင်း သဘောပေါက်သည်နှင့် ယာဉ်ပျံအား မောင်းနှင် ထွက်ပြေးရန် ကြိုးစားကြ၏။

"ဟူး… ဟူး…"

ပိရမစ်သည် လျင်မြန်သော အရှိန်ဖြင့် အတ္တလန္တိတ် သမုဒ္ဒရာဆီသို့ ဦးတည်ကာ ပျံသန်းသည်။

"မင်းတို့ ဘယ်ကို သွားမလို့လဲ…"

ချန်းဖန်သည် သူ၏ အစစ်အမှန်ချီကို ဖြန့်ကြက်၍ ပိရမစ်၏ အပေါ် တည့်တည့်မှ တိုက်ခိုက်လိုက်သည်။

"ဘုန်း…"

အလင်း အကာအကွယ်သည် ကျိုးပျက်ကာ မီတာ ငါးရာ ကြီးမားသော သင်္ဘောပျံကြီး မှာလည်း အောက်သို့ နိမ့်ကျ၏။

"ဂျစ်…ဂျစ်…"

တစ်ချိန်တည်းမှာပင် ပိရမစ် အတွင်းပိုင်းမှ တုန်ခါသော အသံများ ထွက်ပေါ် လာသည်။

"သောက်ချီးပဲ…"

ဘရုကား အကြီးအကျယ် ဒေါသထွက် နေခဲ့ပြီ ဖြစ်လေသည်။

"သောရ် လက်နက် အသုံးမဝင်ရင် နတ်ဘုရားသတ် အမြောက်နဲ့ပစ်ကြကွာ… ငါတို့ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ချန်းပေ့ရွှမ်း မြင်အောင် ပြလိုက်"

"ခရက်… ခရက်…"

ပိရမစ်ကြီး၏ ကိုယ်ထည်မှ ထောင်ချီ များပြားသော အမြောက် ပြောင်းများ ထွက်ပေါ် လာ၏။ ထိုအမြောက်များကား နတ်ဘုရား သတ်ဖြတ်ရေး အဖွဲ့မှ လျှပ်စစ်သံလိုက် အမြောက်များနှင့် တူညီမှု ရှိသည်။

"ဖိုင်းယား…"

အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် အမြောက်များက တစ်ပြိုင်နက်တည်း ပစ်ခတ် လိုက်သည်။

"ဘုန်း…"

ချက်ချင်းပင် ကောင်းကင် တစ်ခွင်လုံးကား အပြာရောင် အလင်းများနှင့် ပြည့်နှက် သွား၏။

ထိုအလင်း တစ်ခုချင်းစီက အသံ၏ နှစ်ဆယ်ဆသော အမြန်နှုန်းကို ချိုးဖျက်ကာ ချန်းဖန်ထံသို့ ဦးတည် တိုးဝင် လာကြသည်။

ထိုမြင်ကွင်းအား ကြည့်ရင်း ချန်းဖန်ပင် အနည်းငယ် စိတ်ပူ သွား၏။

"သွား…"

လေထဲ၌ အနက်ရောင် လေဝဲတစ်ခု ဖြစ်ပေါ်လာကာ ချန်းဖန်အား ကာကွယ်၏။ တစ်ချိန်တည်းတွင်ပင် ရွှေရောင် ဝတ်စုံက ချန်းဖန်၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားသည်။

အလွန် အစွမ်းထက်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရာ၌ ချန်းဖန်သည် အနည်းငယ်မျှပင် သတိ လက်လွတ် မနေရဲချေ။

"ဘုန်း… ဘုန်း… ဘုန်း…"

ရာပေါင်းများစွာသော အလင်းများက တစ်ပြိုင်နက်တည်း ချန်းဖန် အပေါ် ကျရောက် ကြ၏။

"ဘုန်း…"

အလင်းများ၏ အဆက်မပြတ် ကျရောက်မှုတွင် အနက်ရောင် လေဝဲသည် တုန်ခါလာကာ ပေါက်ကွဲ၏။

သို့သော်လည်း အလင်းများသည် ရပ်တန့်ခြင်း မရှိပဲ ချန်းဖန်ထံသို့ ဆက်လက် တိုးဝင် ဖျက်ဆီးသည်။

"ဘုန်း…"

ချန်းဖန်၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်စဉ်ကာ ခုနစ် ကီလိုမီတာ အကွာမှ ဖရော်ရီဒါသို့ ကျရောက်၏။ သူကား အဆောက်အဦများစွာကို ဖောက်ထွက် ပြီးမှ အရှိန်ကို သတ်လိုက်နိုင်သည်။

"ဘာလဲ…"

လူများသည် ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အသွားကြ၏။

"ချန်းချန်းရွှမ်း ရှုံးသွားတာလား…"

TV မှ တစ်ဆင့် ကြည့်နေသော ဖန့်ချုံး၊ ရှု့ယုံဖေးနှင့် မြောက်ပိုင်းချုံး ဂိုဏ်းသားများပင် တိတ်ဆိတ် သွားကြသည်။

***

All Chapters