← Chapters

မိန်းမ ဒီခွေးကောင်ကို ငါဘယ်လို သတ်လဲ ကြည့်နေ

Vol. 8 Ch. 718

မိန်းမ ဒီခွေးကောင်ကို ငါဘယ်လို သတ်လဲ ကြည့်နေ

Vol. 8 Ch. 718

“ဟုတ်တယ် ... ငါပဲ …”

ယောက်ျားက လေထု၌ လွင့်မြောနေရင်း ဆိုလိုက်၏။ သူ၏ အကြည့်များက တည်ငြိမ်ခြင်းနှင့် ခန့်ညားခြင်းကို ကိုယ်စားပြု နေသည်။

သူကား ကောင်းကင်မိုးကြိုးဂိုဏ်း၏ ဂိုဏ်းချုပ် မြေကမ္ဘာ နတ်ဘုရား ဟန်ရှီပင် ဖြစ်သည်။

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း သူ့အား ကြည့်လိုက်၏။

လတ်တလော၌ ကောင်းကင်တံခါးက ပိတ်နေသည် မဟုတ်လော။ သူက ခွန်ရှု့ နယ်မြေမှ မည်သည့် နည်းလမ်းဖြင့် ထွက်လာခဲ့ သနည်း။

“ငါ နတ်ဘုရား သင်္ချိုင်းကို မနေ့ညတည်းက ရောက်နေခဲ့တာ ... သင့်ကို တစ်ညစာ လောက စည်းစိမ် ခံစားဖို့ ငါခွင့်ပြု ပြီးပြီ ...  အခုက ငါ့ တပည့်တွေအတွက် လက်စားချေဖို့ အချိန် ရောက်ပြီ”

မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက ဆိုရင်း သူ၏ အင်္ကျီလက်ကို ခါယမ်းလိုက်၏။

“ဟူး …”

လေတိုးသံနှင့် အတူ သူ၏ အနောက်၌ လူငယ် နှစ်ယောက် ပေါ်လာ၏။ သူတို့ကား ရေနက်ဂိုဏ်းမှ ရှောင်ဝူနှင့် ကျောင်းရန်တို့ပင် ဖြစ်သည်။

သူတို့ နှစ်ယောက်သည် ချန်းဖန်အား တွေ့သည်နှင့် သွေးရူးသွေးတန်းဖြင့် အော်ဟစ် လိုက်ကြ၏။

“အရှင်ချန်း ... မြန်မြန်ပြေးတော့ ... သူက တန်ခိုးရှင် ရတနာ တစ်ခုကို သုံးပြီး ကောင်းကင် တံခါးကို …”

သို့သော်လည်း စကား မဆုံးခင်မှာပင် မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။

“ဟူး …”

ရုတ်တရက် လေထု၌ သွေးမှုန်များ ကျဲပြန့် သွားသည်။ သနားစရာ လူငယ် နှစ်ယောက်ကား ဤနည်းဖြင့် အသတ်ခံ လိုက်ရပြီ ဖြစ်သည်။

“ရှောင်ဝူ ... ကျောင်းရန် …”

ချန်းဖန်၏ မျက်လုံး၌ အေးစက်ခြင်းများ ဖြတ်ပြေးသွား၏။

သူသည် ထိုအချင်းအရာကို မျှော်လင့်ပြီး ဖြစ်သော်လည်း ဟန်ရှီ၏ လှုပ်ရှားမှုက ယခုလောက် မြန်ဆန်မည်ဟု မထင်ခဲ့မိချေ။ ထို့ကြောင့်ပင် လူငယ်နှစ်ယောက်ကို ကယ်တင်ရန် နောက်ကျသွားခြင်း ဖြစ်သည်။

“ချမ်ရဲ့ရွှယ် ... နင်က နှင်းနတ်ဘုရား နန်းတော်ရဲ့ နတ်ဘုရားမပဲ ... ဒါတောင် နင်က ခုလိုမျိုး သစ္စာဖောက်ရဲတယ် ... ငါ နင့်ကို ခွန်ရှု့နယ်မြေဆီ ပြန်ခေါ်သွားပြီး အပြစ်ပေးမယ်”

မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက ဆိုရင်း သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ် လိုက်သည်။ ထိုလက်က တိမ်တောင်များကို ဖယ်ရှားကာ အစိမ်းရောင် နဂါး အစီအရင်သို့ တိုးဝင်လေ၏။

“ဟူး …”

ငန်းဖြူလေးသည် အစီအရင်၏ စွမ်းအားကို ယူသုံး၍ လက်အား တားဆီးရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူကား မူလ အထွတ်အထိပ် အဆင့် တစ်ယောက်၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။

“ဘုန်း …”

လက်ကြီးသည် အစိမ်းရောင် နဂါး အစီအရင်အား ထိုးဖောက်ကာ ချမ်ရဲ့ရွှယ်၏ အပေါ်သို့ ဆင်းသက်၏။ ထို့နောက် ၎င်းက သူမအား ချုပ်ကိုင်ကာ တိမ်တောင်များ အထက်သို့ ပြန်လည် မြင့်တက် သွားသည်။

“ဘာဖြစ်နေတာလဲ …”

အရှေ့တောင်တွင် ရှိနေဆဲ ဖြစ်သော ဧည့်သည်များမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မှင်တက် သွားကြ၏။

“ပြဿနာပဲ ... ရန်သူက အရမ်း အစွမ်းထက်တယ် ... ငါတို့ အရှင်ချန်းကို ကူညီမှ ဖြစ်မယ်”

ချန်းဟွိုက်အန်းနှင့် ရဲ့ချင်စန်းတို့သည် သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်ရင်း ကောင်းကင်ဆီသို့ ပျံတက်သည်။

ခဏ အတွင်းမှာပင် သူတို့သည် အလင်းတန်း အသွင်ဖြင့် တိမ်တောင်များ အထက်၌ ပြန်လည် ပေါ်လာခဲ့သည်။

ထိုအချိန်၌ ချမ်ရဲ့ရွှယ်၏ မျက်နှာကား ဖြူရော် နေခဲ့ပြီ ဖြစ်လေသည်။ သူမက တုန်ရီစွာဖြင့် မေးလိုက်သည်။

“ဂိုဏ်းချုပ် ဟန်ရှီ ... ခွန်ရှု့ နယ်မြေကနေ သင် ဘယ်လို ထွက်လာတာလဲ ... ကောင်းကင်တံခါးက ပိတ်သွားပြီ မလား”

“မိန်းမယုတ် ... နင့်လို လူမျိုးက ခွန်ရှု့နယ်မြေကို သစ္စာဖောက် လိမ့်မယ်လို့ ငါလုံးဝ မထင်ခဲ့မိဘူး ... လဲ့ရှင်းနဲ့ ထျန်းမင်တို့ သေရတဲ့ ကိစ္စမှာ နင်က အဓိက တာဝန် ရှိတဲ့ လူပဲ ... ဒီနေ့ တရားမျှတမှုကို ငါ ချမှတ်မယ် ... နတ်ဘုရား စီရင်ခြင်းက နင့်ကို စောင့်ကြိုနေတယ်”

မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက ဒေါသတကြီး ပြောရင်း ချမ်ရဲ့ရွှယ်၏ ခန္ဓာပေါ်၌ အစီအရင တစ်ခု ရေးဆွဲလိုက်၏။

ချမ်ရဲ့ရွှယ်၏ မျက်ဝန်း၌ ကြောက်ရွံ့ခြင်းများက ကြီးစိုးလာသည်။ သူမသည် ရုန်းကန် လွတ်မြောက်ရန် ကြိုးစားသော်လည်း ထိုအရာက အသုံး မဝင်ချေ။

“လူသား ကမ္ဘာမှာ သင့်လို ပါရမီရှင် တစ်ယောက်ကို မြင်တွေ့ရတာ ငါ တကယ်ပဲ အံ့အားသင့်မိတယ် ... ဒါပေမဲ့ သင့် အနေနဲ့ ခွန်ရှု့ နယ်မြေကို မစော်ကားခဲ့သင့်ဘူး”

ချမ်ရဲ့ရွှယ်အား ချိပ်ပိတ် ပြီးသည်နှင့် မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက ချန်းဖန်ဘက်သို့ လှည့်လိုက်သည်။ သူ၏ အကြည့်တွင်ပင် လေထုကား ဖိအားအောက်သို့ ရောက်ကာ အနည်းငယ် တုန်ခါလာ၏။

“ရှောင်ဖန် …”

ဖန့်ချုံးက စိတ်ပူစွာဖြင့် ချန်းဖန်အား ကြည့်လိုက်၏။

ချန်းဖန်ကမူ တည်ငြိမ်စွာဖြင့် လေထုကို နင်းကာ ရပ်နေဆဲ ဖြစ်သည်။ တောက်ပသော အဇူရာ အလင်းများကမူ ကြွက်သားထုကို ဖြတ်၍ သူ၏ ခန္ဓာကိုယ် အနှံ့ လင်းလက် နေသည်။

“သုံးကွက်ပဲ ... ငါ့ရဲ့ တိုက်ခိုက်မှု သုံးကွက်ကို ခုခံနိုင်ရင် ... ငါ မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်”

သူက အေးဆေးစွာ ဆိုလိုက်၏။

“သင်က အတော် အရှက်မဲ့တာပဲ …”

မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းက နှာခေါင်းရှုံ့ လိုက်သည်။

“ငါ သင့်ကို အကြိမ်သုံးရာ တိုက်ခိုက်ခွင့် ပေးမယ် ... အဲဒီအတွင်း သင်သာ ငါ့ရဲ့ ဆံပင် တစ်ချောင်းကို ကျွတ်အောက် လုပ်နိုင်ရင် ငါ ဒီကနေ ထွက်သွားပေးမယ်”

“အဘိုး ... ရောင်းရင်းရဲ့ ... မြောက်ပိုင်းချုံး နန်းတော်ကို ကြည့်ထားပေးပါဦး”

ချန်းဖန်က မြေကမ္ဘာ နတ်ဘုရား နှစ်ယောက်ကို ကြည့်ကာ ဆိုလိုက်၏။ ထို့နောက် သူက ဖန့်ချုံးဘက်သို့ လှည့်လိုက်၏။

“မိန်းမ ... ဒီခွေးကောင်ကို ငါ ဘယ်လို သတ်မလဲ ကြည့်နေ”

ထိုအရာကား သူ၏ မင်္ဂလာဦး ဟန်းနီးမွန်းကို လာရောက် ဖျက်ဆီးခြင်း ဖြစ်သည်။ သူ့အနေဖြင့် မည်သို့မျှ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။

“ဘုန်း …”

မကြာခင်မှာပင် ကောင်းကင်၌ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ် လာ၏။

အရှေ့တောင်၌ ရောက်ရှိနေသော ဧည့်သည်များက စိတ်ပူစွာဖြင့် ကောင်းကင်သို့ မော့ကြည့်ကြသည်။ သူတို့ကား နတ်ဘုရား နှစ်ပါး၏ တိုက်ပွဲကြားတွင် မြေစာပင် ဖြစ်မည်ကို တွေးကာ ပူနေကြ၏။

“အားလုံးပဲ စိတ်အေးအေး ထားကြပါ ... ကျုပ် ဆရာက အရမ်း အစွမ်းထက် ပါတယ် ... သူ နိုင်မှာ သေချာတယ်”

ဟွာရန်ဖန်းက အော်ဟစ်ရင်း တုန်လှုပ်နေသော လူများကို ဖျောင်းဖျလိုက်သည်။ သို့သော်လည်း ထိုအချိန်၌ မည်ကဲ့သို့သော သာမန်လူက တည်ငြိမ် နိုင်ပါမည်နည်း။

ထိုအချိန် တိမ်တောင်များ၏ အထက် ကောင်းကင်၌ ...

နတ်ဘုရား နှစ်ယောက်သည် မျက်နှာချင်း ဆိုင်ကာ ရပ်နေကြသည်။

သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင် လှိုင်းများကား မုန်တိုင်း ဆိုင်ကလုန်းများ အလား အဖက်ဖက်သို့ ရိုက်ခတ်နေ၏။

ချန်းဟွိုက်အန်းနှင့် ရဲ့ချင်စန်းတို့မှာ ထိုစွမ်းအင်လှိုင်းများကို ဆက်လက် ရင်မဆိုင် နိုင်ကြရာ မြောက်ပိုင်းချုံး နန်းတော် အတွင်းသို့ ရွှေ့ပြောင်းလိုက်ကြရ၏။

မြောက်ပိုင်းချုံး နန်းတော်မှာ ဓမ္မရတနာတစ်ခု ဖြစ်ရာ အပြင်လောကထက် စာလျှင် လုံခြုံသည်ဟု ဆိုနိုင်သည်။ ရဲ့ချင်စန်းသည် ချမ်ရဲ့ရွှယ်ကိုပါ ထိုအတွင်း ဆွဲခေါ် ထားလိုက်၏။

“အရှင်ချန်းကို ဂရုစိုက်ဖို့ ပြောလိုက်ပါ ... သူက အရမ်းကို အစွမ်းထက်တယ် ... လျှို့ဝှက် အဇူရာ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောင် သူ့ကို ကြောက်ရတယ်”

ချမ်ရဲ့ရွှယ်က ဆိုလိုက်သည်။

“အဲဒါက …”

ရဲ့ချင်စန်းက ခေါင်းခါရင်း ဖြူရော်စွာ ပြုံးလိုက်သည်။

သူ့ အနေဖြင့် ချန်းဖန်အား သတိပေး စကား ဆိုရန် မဆိုထားနှင့် အနားသို့ပင် ကပ်နိုင်စွမ်း မရှ်ချေ။

တစ်ချိန်တည်းတွင်ပင် မူလအဆင့် နှစ်ယောက်အကြားမှ ပြင်းထန်သော တိုက်ပွဲကား စတင် တော့မည် ဖြစ်သည်။

“ခရက် …”

ချန်းဖန်က လက်အား ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်ရာ အနက်ရောင် ဓားတစ်စင်း သူ၏ လက်၌ ပေါ်ထွက်လာသည်။

ခရမ်းရောင်စဉ်များ ပြိုးပြိုးပြက်ပြက် လင်းလက်နေသည့် ထိုဓားကား မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်း ကိုင်ခဲ့သော ခရမ်းရောင် မိုးကြိုးဓားပင် ဖြစ်သည်။

“ခရမ်းရောင် မိုးကြိုးဓားက မိုးကြိုး နတ်ဘုရားရဲ့ ခန္ဓာကိုယ်နဲ့ ငါ့ဘိုးဘေး သွန်းလုပ်ခဲ့တဲ့ လက်နက်ပဲ ... သင်က ငါ့လက်နက်နဲ့ ငါ့ကို ပြန်ပြီး သတ်ချင်တာလား”

မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက အော်ဟစ် ရယ်မောလိုက်၏။

ထို့နောက် သူက အင်္ကျီလက်ကို ခါယမ်းရင်း ကြီးမားသော မိုးကြိုးနဂါး တစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ နဂါး၏ မျက်လုံးများသည် လျှပ်စီးဖြင့် တလက်လက် တောက်ပနေ၏။

ကောင်းကင်နတ်ဆိုး မိုးကြိုး …

ထိုအရာကား ကောင်းကင်မိုးကြိုးဂိုဏ်း၏ အစွမ်း အထက်ဆုံး နတ်ဘုရား စွမ်းအား ဖြစ်သည်။

မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းသည် ထိုတိုက်ကွက်ကို ယခင်က အသုံးပြုခဲ့ဖူး သော်လည်း နှိုင်းယှဉ်ရလျှင် ဟန်ရှီ၏ တိုက်ခိုက်မှုက ပိုမို ကြောက်မက်ဖွယ် ကောင်း၏။

“ပထမ တိုက်ကွက် …”

ချန်းဖန်က ရေရွတ်လိုက်၏။

တစ်ချိန်တည်းတွင်ပင် သူ၏ အစစ်အမှန် ချီများက ဓားနှင့် ဆက်သွယ်သည်။

“ဟူး ... ဟူး …”

ဓား၏ အလင်းသည် တဖြည်းဖြည်း ကြီးလာ၏။

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ထိုအရာသည် မီတာတစ်ရာ အကွာအဝေး တိုင်အောင် မြင့်မားကာ ကောင်းကင်အား လွှမ်းမိုးသည်။ ဓားချီ၏ ပိုင်းဖြတ်မှုတွင် တိမ်တောင်များသည် တိကျစွာဖြင့် အပိုင်းပိုင်း ပြတ်တောက်၏။

“သူက အခုမှ မြေကမ္ဘာ အဆင့်ကို ရောက်တာမလား ... ဘာလို့ ငါ့ထက်တောင် ပိုပြီး အစွမ်းထက် နေရတာလဲ”

ချန်းဖန်၏ တိုက်ခိုက်မှုကို မြင်တွေ့သည်နှင့် မြေကမ္ဘာ နတ်ဘုရား ဟန်ရှီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“ပျက်စီးစမ်း …”

မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက သူ၏ အင်္ကျီလက်ကို ခါယမ်းရင်း အော်ဟစ် လိုက်၏။

“ဂါး …”

ရွှေရောင် နဂါးက ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ချန်းဖန်၏ ဓားအလင်းထံ တိုးဝင်သည်။

“ဘုန်း …”

ဓားအလင်းနှင့် ရွှေရောင် နဂါးတို့ ထိပ်တိုက် တွေ့ရာ ကောင်းကင်တွင် မိုးကြိုးမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာ၏။

“ဘုန်း …”

သို့သော်လည်း ခဏ အတွင်းမှာပင် ဓားအလင်း၏ ပိုင်းဖြတ်မှု၌ ရွှေရောင် နဂါး ပျက်စီးရသည်။

ရွှေရောင် နဂါးကို ဖျက်ဆီးပြီးနောက် မီတာ တစ်ရာရှည်သော ဓားအလင်းသည် ရပ်တန့်ခြင်း မရှိဘဲ ရှေ့သို့ ဆက်လက်တိုး၏။ ဟန်ရှီသည် အကာအကွယ် အဆောင်များကို ဆက်တိုက် ပစ်လွှတ်လိုက်သော်လည်း ဓားအလင်းအား ဟန့်တားနိုင်စွမ်း မရှိခဲ့ချေ။

“ဘုန်း …”

ရုတ်တရက် ဟန်ရှီ၏ နောက်ကျော၌ အတောင်တစ်စုံ ပေါ်ထွက်လာ၏။ တစ်ဆက်တည်းပင် သူသည် ထိုအတောင်ပံကို လျှက်ကာ ဓာအလင်းအား ကာလိုက်သည်။

“ဘုန်း …”

ဟန်ရှီ၏ ခန္ဓာကိုယ်သည် နောက်သို့ မီတာများစွာတိုင်အောင် လွင့်စဉ် သွား၏။ ခန္ဓာကိုယ် ဟန်ချက် ပြန်လည် မထိန်းနိုင်မီတွင် ချန်းဖန်၏ အေးစက်သော အသံက သူ၏ နားစည်သို့ နောက်တစ်ဖန် ရိုက်ခတ် လာခဲ့သည်။

“ဒုတိယ တိုက်ကွက် …”

“ခရက် …”

ကောင်းကင်သည် အက်ကွဲကာ ခရမ်းရောင် မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာ၏။ ထိုမုန်တိုင်းက လျှပ်စီးစွမ်းအားဖြင့် ဓားတစ်ချောင်း အသွင် သိပ်သည်းသည်။ ထိုဓားကား ပထမဓား ထက်ပင် ပိုမို၍ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နေ၏။

ထိုဓားအား မြင်သည်နှင့် ဟန်ရှီ၏ မျက်နှာက ဖြူရော်ကျ သွားတော့သည်။

***

All Chapters