← Chapters

ငါ့မှာ အိပ်မက်ရှိတယ်

Vol. 127 Ch. 1641

ငါ့မှာ အိပ်မက်ရှိတယ်

Vol. 127 Ch. 1641

ယွီကျိကောင်းကင်ဘုံတွင်

ချင်မူနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ကောင်းကင်နတ်ဘုံမှ အရေးပါသော အရာရှိမင်း တစ်ရာကျော်နှင့်အတူ ကောင်းကင်ဘုံများအပြင်တွင် ရပ်နေကြ၏။ သူတို့အားလုံး ငုံ့ကြည့်လိုက်ကြသည့်အခါ ယခင်က ငြိမ်းချမ်းသာယာ၀ပြောနေခဲ့သည့် ကောင်းကင်ဘုံများမှာ ယခုတွင် စစ်ပွဲများ ဖြစ်ပွားလျက် ဖရိုဖရဲပြိုကွဲနေကြသည်ကို တွေ့လိုက်ကြရ၏။

ယွီကျိကောင်းကင်ဘုံသည် ကောင်းကင်ဘုံများအကြား ကြွယ်ဝချမ်းသာသော ကောင်းကင်ဘုံဖြစ်သည်ဟု ပြော၍ရနိုင်ပေသည်။ ဤကောင်းကင်ဘုံသည် ယခင်က ကောင်းကင်နတ်ဘုံအတွက် ကောင်းကင်လက်နက်များ သွန်းလုပ်ပံ့ပိုးပေးမှုကြောင့် ကျော်ကြားသည်။ ယွီကျိကောင်းကင်ဘုံ၏ ကောင်းကင်လက်မှုပညာနှင့် ကောင်းကင်လက်နက်များ၏ အနုပညာအောင်မြင်မှုများမှာ အလွန်တရာ မြင့်မား၏။ သို့သော် သူတို့၏ အသုံးဝင်မှုကတော့ အတော်လေး လျော့ကျသွားခဲ့သည်။

ကောင်းကင်နတ်ဘုံ၏ လူကုံထံများသည် ယွီကျိ ကောင်းကင်ဘုံမှ ကောင်းကင်လက်နက်များ ပိုင်ဆိုင်ရသည့်အတွက် ဂုဏ်ယူဝင့်ကြွားလေ့ရှိ၏။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပန်းပဲပညာ တဟုန်ထိုး အောင်မြင်တိုးတက်လာပြီးနောက် ယွီကျိကောင်းကင်ဘုံအား ထမင်းအိုးကွဲစေခဲ့သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်လက်နက်များ၏ စွမ်းအားသည် ပြင်းထန်သလို၊ အနုပညာအောင်မြင်မှုများကလည်း နိမ့်ကျခြင်းအလျဉ်း ရှိမနေပေ။ အထူးသဖြင့် ပန်းချီလမ်းစဉ်သို့ ဝင်ရောက်နိုင်ခဲ့သော ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပန်းချီဆရာကြောင့် ပါသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အမျိုးမျိုးသော တက္ကသိုလ်များနှင့် နန်းဆောင်များတွင် ပန်းချီပညာရပ်က မဖြစ်မနေ သင်ယူရမည့် ဘာသာရပ်တစ်ခုလည်း ဖြစ်၏။

ကောင်းမွန်လှပသည့် ကောင်းကင်လက်နက်များက ဈေးကောင်းကောင်းဖြင့် ရောင်းထွက်သည် မဟုတ်ပါလော။

ပို၍အရေးကြီးသည်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်လက်နက်များက စျေးလည်း ပေါသည်။

ဤသို့ဖြင့် ယွီကျိကောင်းကင်ဘုံရှိ စက်ရုံများမှာ ဆယ်စုနှစ်အနည်းငယ်အတွင်း ချွတ်ခြုံကျခဲ့ရသည်။

ကောင်းကင်နတ်ဘုံ၏ အမျိုးမျိုးသော အင်အားစုများသည် ကောင်းကင်လက်နက်များ သွန်းလုပ်ရာတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုသာ ပထမဦးစားပေးအနေဖြင့် ရွေးချယ်လာကြ၏။ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သာလျှင် အရေးမပါသည့် ကိစ္စအချို့ကို ယွီကျိကောင်းကင်ဘုံသို့ လွှဲပြောင်းပေးတတ်သည်။ ဤသို့ဖြင့် ယွီကျိကောင်းကင်ဘုံ၏ ကျန်ရှိသော စက်ရုံအချို့မှာ အသက်ဆက်ခဲ့ရလေသည်။

သို့သော် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော် ထွက်ပေါ်လာပြီး ရှစ်ချီလော်၏ ကျောက်စိမ်းမြို့တော်တွင် “သေဆုံးသွားခြင်း” ကြောင့် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်မှာ အရှင်သခင် ကင်းမဲ့သွားခဲ့၏၏။ ထို့ကြောင့် ယွီကျိကောင်းကင်ဘုံ၏ တစ်ခုတည်းသော ဝင်ငွေလမ်းကြောင်းမှာလည်း ဖြတ်တောက်ခြင်းခံခဲ့ရသည်။

ရှစ်ချီလော် “သေဆုံးသွားသည့်အချိန်”မှ ယခုအချိန်အထိ နှစ်သုံးဆယ်သာ ကြာသေးသော်လည်း ယွီကျိကောင်းကင်ဘုံမှာ ပြိုလဲခဲ့ရလေပြီ။

ယွီကျိကောင်းကင်ဘုံအနေဖြင့် အစကတည်းက ရှင်သန်နိုင်ရန် မလွယ်ခဲ့ပေ။ ပြည်သူပြည်သားများ၏ ဝမ်းရေးက ခက်လှသလို၊ နတ်ဘုရားမိစ္ဆာများကလည်း နေရာတိုင်းတွင် သောင်းကျန်းခဲ့ကြသည်။ ယွီကျိကောင်းကင်ဘုံ၏ ထောက်တိုင် ပြိုလဲသွားသည်ကို တွေ့မြင်ခဲ့ရပြီးနောက် ယွီကျိကောင်းကင်ဘုံအရှင်သခင်ကို ထောက်ခံပေးခဲ့ကြသော နတ်တပ်မှူးများနှင့် အရာရှိများသည် ပြည်သူပြည်သားများ၏ ဆင်းရဲတွင်းနက်နေမှုအား မရှုစိမ့််နိုင်တော့သောအခါ တွန်းလှန်ပုန်ကန်ခဲ့ကြသည်။ သူတို့သည် အုပ်ချုပ်သူကို သတ်ဖြတ်၍ ပုန်ကန်သည့် အလံကို စိုက်ထူခဲ့ကြ၏။

ကောင်းကင်နတ်ဘုံက ယွီကျိကောင်းကင်ဘုံ၏ အခြေအနေအကြောင်း သိရှိထားခဲ့သည်မှာ ကြာချေပြီ။။ သို့သော် ကောင်းကင်နတ်ဧကရာဇ် နန်းတက်ပြီးနောက် သတင်းကောင်းများကိုသာ အစီရင်ခံခဲ့ကြပြီး သတင်းဆိုးများကိုတော့ ထိမ်ချန်ထားခဲ့ကြ၏။ ယွီကျိကောင်းကင်ဘုံ၏ အခြေအနေအား သတင်းဖျောက်ခံထားခံခဲ့ရပြီး ကောင်းကင်နတ်ဧကရာဇ်ထံသို့ လျှောက်တင်ခံခဲ့ရခြင်း မရှိပေ။

ယွီကျိကောင်းကင်ဘုံ၏ အုပ်ချုပ်သူမှာ ကောင်းကင်မဟာမိတ်အဖွဲ့ဝင်တစ်ယောက် ဖြစ်၏။ သူ အသတ်ခံခဲ့ရသည့်အခါ ဤကိစ္စကို ဖုံးဖိမရတော့ပေ။

ပို၍ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်က ယွီကျိကောင်းကင်ဘုံရှိ ပုန်ကန်မှုများသည် ကမ္ဘာလောကတစ်သောင်း၏ ထော့င်လေးတစ်နေရာတွင် ဖြစ်ပျက်နေခြင်းဟု ဆိုရမည်။ တစ်ချိန်တည်းမှာပင် ရှစ်ရှို့၊ လင်ရှုနှင့် လင်းယွမ်တို့လည်း ကသောင်းကနင်း ပွက်လောရိုက်နေကြ၏။ အခြားကောင်းကင်ဘုံများတွင်လည်း ထိုသို့ဖြစ်ရပ်များ ဖြစ်လာတော့မည့် အရိပ်အယောင်များ ပြသနေသည်။

သူတို့သာ ထိုကိစ္စများကို ဆက်လက် ဖိနှိပ်ဖုံးကွယ်ထားပါက ကောင်းကင်နတ်ဧကရာဇ် သိရှိသွားသည့်အချိန်တွင် ခေါင်းဖြတ်ခံရလိမ့်မည်။ ထို့ကြောင့် ၀န်မင်းများက ကောင်းကင်နတ်ဧကရာဇ်ဆီသို့ အစီအရင်ခံခဲ့ကြခြင်း ဖြစ်ချေသည်။

“ဒီကမ္ဘာလောကက အတိတ်ထက် သာလွန်ပြီး ပြိုင်ဘက်ကင်းတဲ့ ခေတ်တစ်ခေတ်ဖြစ်လာရမှာ… ဒီလို အရိုင်းအစိုင်းကောင်တွေကို ဘယ်လိုလုပ်ရမလဲ…. ဒီလောက်အခက်အခဲလေးကိုတောင် တောင့်ခံနိုင်စိတ် မရှိကြဘူးလား’’

ကောင်းကင်နတ်ဧကရာဇ်သည် ယွီကျိကောင်းကင်ဘုံသို့ ရှေ့ဆုံးမှ ဦးဆောင်၍ ဝင်ရောက်သွားသည်။ ကောင်းကင်ဘုံထဲတွင် ဆာလောင်မွတ်သိပ်နေသည့် ဒုက္ခသည်များက နေရာတိုင်းတွင် ပြည့်နှက်နေ၏။ ယွီကျိကောင်းကင်ဘုံရှိ ပြည်သူပြည်သားအများစုမှာ နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြသော်လည်း ယခုတွင်တော့ အရာအားလုံးမှာ ၀ရုန်းသုန်းကား မထိန်းသိမ်းနိုင်တော့ပေ။

မိစ္ဆာများနှင့် မကောင်းဆိုးဝါးများက နေရာတိုင်းတွင် မင်းမူနေသည်။ မီးလောင်တိုက်သွင်း၍ သတ်ဖြတ်လုယက်နေကြသည်။ တချို့နတ်ဘုရားမိစ္ဆာများကလည်း သူတို့၏ ကောင်းကင်နတ်စွမ်းအားများကို အသုံးပြု၍ မိုင်တစ်သောင်းအကျယ်အဝန်းရှိသော မီးပင်လယ်တစ်စင်းကို ဖန်တီးထား၏။ သူတို့ထဲမှ အချို့က ဧရာမလှိုင်းလုံးကြီးများကို ဖန်တီး၍ ရန်သူ၏ မြို့များကို ဝါးမြိုနေကြသည်။

သူပုန်စစ်တပ်နှစ်တပ်က တိုက်ခိုက်နေကြသည့်အချိန်တွင် ကောင်းကင်ဘုံအလွန်ရှိ ကြယ်တာရာများကိုပင် ဆင့်ခေါ်၍ အချင်းချင်း ဝင်တိုက်နေစေ၏။ မြင်ကွင်းမှာ ကမ္ဘာလောကတစ်ခုလုံး အဆုံးသတ်တော့မည့်အလားပင်။

ယွီကျိကောင်းကင်ဘုံတွင် အားလုံး ငတ်မွတ်နေကြခြင်းမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကြွယ်ဝမှုများကို ပိုင်ဆိုင်ထားသေးသည့် မင်းမျိုးမင်းနွယ်မိသားစုများ ရှိကြသေးသည်။ သို့သော် သူတို့အားလုံးသည် ဤလောက၌ ဖရိုဖရဲစစ်ပွဲ ဖြစ်လာသည့်အခါ ယွီကျိကောင်းကင်ဘုံမှ ထွက်ခွာ၍ အခြားနေရာများတွင် သွားရောက်ခိုလှုံနေကြ၏။

ချင်မူ၊ ကောင်းကင်နတ်ဧကရာဇ်နှင့် အခြားသူများသည် လမ်းတလျှောက်တွင် ထိုသို့ ထွက်ခွာနေကြသည့် သင်္ဘောပေါင်း ဒါဇင်ထက်မနည်း တွေ့ခဲ့ရသည်။ ထိုသင်္ဘောများတွင် ရတနာများဖြင့် ပြည့်နှက်နေပြီး တခြားကောင်းကင်ဘုံများဆီသို့ ရွက်လွှင့်နေကြ၏။ ၎င်းတို့အနောက်မှ လိုက်ဖမ်းနေကြသော သူပုန်များပင် ရှိလေသည်။

သူပုန်များသည် ကောင်းကင်နတ်ဘုံ တိုက်ခိုက်လာမည် စိုးသောကြောင့် စွမ်းအင်အကူးအပြောင်းတံတားကို ဖျက်ဆီးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အာကာပြင်ကျယ်ကို ဖြတ်၍သာ သွားလာနိုင်ကြသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က အေးစက်သော မျက်လုံးများဖြင့် ကြည့်နေသည်။ “ဒီအရိုင်းစိုင်းကောင်တွေက နည်းနည်းလေး စိတ်တိုင်းမကျတာနဲ့ ပုန်ကန်ပြီး ပြဿနာရှာဖို့ပဲ တွေးနေကြတာ… ငါက သူတို့ကို ကောင်းကောင်းမဆက်ဆံဘူး ထင်ကြတယ်ပေါ့လေ… စက်ဆုပ်စရာ ပြစ်မှုပဲ… ဒါတွေအားလုံးကို ဖြစ်စေခဲ့တာ ငါလား… ငါက အခုမှ နန်းတက်ရုံ ရှိသေးတာ နှစ်နည်းနည်းလောက်တောင် ဆက်ပြီး မတောင့်ခံနိုင်ကြတော့ဘူးလား… ဒီကိစ္စတွေအားလုံးက အရင်မင်းဆက်ကြောင့် ဖြစ်ခဲ့တာ… ဒါပေမဲ့ ငါ့အပေါ်ပဲ အပြစ်ပုံချကြတယ်”

သူ့မှာ စကားပြောလေလေ ဒေါသထွက်လာလေလေ ဖြစ်နေသည်။ “သူတို့ ဆက်ပြီး မတောင့်ခံနိုင်တာမဟုတ်ဘူး ငါ အခုမှ နန်းတက်စမလို့ အခြေခံမခိုင်သေးဘူးဆိုတာ တွေ့သွားကြပြီး အခွင့်အရေးယူ ခြိမ်းခြောက်ကြတာပဲ…. ဒီသူပုန်တွေအားလုံးက ရည်မှန်းချက်ကြီးတဲ့သူတွေ… ကောင်းကင်နတ်ဘုံကို ဒုက္ခပေးမယ့် အဖျက်ကောင်တွေပဲ… ဒီလိုကိစ္စမျိုးကို သည်းခံလို့မရဘူး… သူတို့ကို ဥပမာအဖြစ် အပြစ်ပေးရမယ်… မဟုတ်ရင် လမ်းတစ်ခု ပွင့်သွားတာနဲ့ တခြားကောင်းကင်ဘုံတွေကလည်း ငါ့ဆီကနေ အကျိုးအမြတ်တွေ လာပြီး ညှစ်ယူကြလိမ့်မယ်… ဒီလောကက သူတို့အပိုင် မဟုတ်ဘဲ ငါ့အပိုင်ဆိုတာ သိစေရမယ်”

သူတို့အရှေ့တွင် နတ်ဘုရားမိစ္ဆာစစ်တပ်ကြီးနှစ်ခုသည် နယ်မြေရယူနိုင်ရေးအတွက် တိုက်ခိုက်နေကြ၏။

နှစ်ဖက်စလုံးက သွေးချင်းနီနေသော မျက်လုံးများဖြင့် တိုက်ခိုက်နေကြသည်။ စစ်မြေပြင်မှာ သွေးပင်လယ်နီးပါး အကျည်းတန်နေတော့သည်။ ဓားသွားနှင့် ဓားများက တဖျတ်ဖျတ်လက်ကာ သွေးတို့က အဆက်မပြတ် စီးဆင်းနေလေသည်။

ထိုအခိုက်အတန့်တွင် တိုက်ခိုက်နေကြသည့် နတ်ဘုရားမိစ္ဆာအားလုံး ရပ်တန့်ကာ တည်ငြိမ်သွားကြသည်။ သူတို့၏ တိုက်ခိုက်နေဆဲ ကိုယ်ဟန်အနေအထားကိုတော့ မပြောင်းလဲပေ။

စစ်မြေပြင်ရှိ နတ်ဘုရားမိစ္ဆာအားလုံး ချက်ချင်းဆိုသလို အသက်ရှူရပ်သွားကြချေပြီ။

တစ်လောကလုံးကား အပ်ကျသံကို ကြားရနိုင်သည့်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။ လေတိုးသံမှ လွဲ၍ မည်သည့်အသံမှ မကြားရနိုင်တော့ပေ။

“ကောင်းကင်နတ်အရှင်ရှု လှုပ်ရှားလိုက်တာပဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်ပြီး ကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်း ပျံတက်သွား၏။ ချင်မူနှင့် ကောင်းကင်နတ်ဘုံ၏ အရေးပါသော အရာရှိတစ်ရာကျော်က သူ့အနောက်မှ လိုက်ပါသွားကြသည်။

ချင်မူလည််း ဟိုဟိုသည်သည် ကြည့်လိုက်ရာ အဝေးရှိ မြို့သည် ယခင်မြင်ကွင်းအတိုင်း ရှိနေသေးကြောင်း တွေ့လိုက်ရ၏။ မြို့တစ်မြို့လုံးမှာတော့ သုသာန်မြို့အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ မြို့ထဲရှိ လူအားလုံးသည် အသက်ရှင်နေတုန်းက ပြုလုပ်ခဲ့ကြသည့် အမူအရာများအတိုင်း ရှိနေသေးကြသော်လည်း အသက်မရှူကြတော့ချေ။

ယွီကျိကောင်းကင်ဘုံရှိ နတ်ဘုရားမိစ္ဆာများအပါအဝင် တိုင်းပြည်အားလုံးသည် တခဏအတွင်း သေဆုံးသွားကြပြီဖြစ်သည်။

ချက်ချင်းဆိုသလို ပန်းပွင့်များနှင့် သစ်ပင်များ ညှိုးခြောက်သွားသည်။ သားရဲများ လဲကျသွားကြပြီး ငှက်များ မြေပေါ်ပြုတ်ကျသွားကြ၏။ ရေအောက်သတ္တဝါများ ဖြစ်သည့် ငါးများ၊ မြစ်ချောင်းများထဲရှိ ပုစွန်များနှင့်၊ ရေကန်၊ ပင်လယ်များ... အရာအားလုံး ထိုတခဏမှာပင် သေဆုံးသွားကြလေပြီ။

ယွီကျိကောင်းကင်ဘုံတစ်ခုလုံးမှာ တခဏအတွင်း သေဆုံးခဲ့ရချေပြီ။ ချင်မူ၊ ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် တခြားသူများမှလွဲ၍ မည်သည့်သတ္တဝါမှ မရှိကြတော့ပေ။

အားလုံး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မိစ္ဆာချီများ ကျူးကျော်လာသည်ကို တွေ့လိုက်ရသည်။ ယွီကျိကောင်းကင်ဘုံ၏ မြေထုမှာ ချက်ချင်း‌ မည်းမှောင်သွားပြီး အမှောင်ထုဖုံးလွှမ်းနေသော နယ်မြေအဖြစ် ပြောင်းလဲသွား၏။ တောင်တန်းများ၏ အရောင်များ ပျောက်ကွယ်သွားပြီး မြစ်ချောင်းများ၊ ရေကန်များနှင့် ပင်လယ်တို့မှာလည်း ချက်ချင်း အနက်ရောင်သမ်းသွားကြသည်။ မိစ္ဆာချီတို့က လေထဲတွင် အပြည့်အဝ နေရာယူသွားတော့သည်။

သူတို့ ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ရှိ ကြယ်တာရာများလည်း အလျင်အမြန် မှိန်ကျလာနေသည်ကို တွေ့လိုက်ကြရသည်။ လမင်းမှာ အလင်းရောင် ဆုံးရှုံးလိုက်ရပြီး နေမင်းမှာလည်း ဧရာမအမှောင်ထုကြီးဖြင့် ကျူးကျော်ခံရပြီး တဖြည်းဖြည်း ဝါးမြိုခံနေရ၏။

ယွီကျိကောင်းကင်ဘုံမှာ လုံးလုံးလျားလျား သေဆုံးသွားခဲ့လေပြီ။

ချင်မူ၏ ခြေဖျားလက်ဖျားများ အေးစက်နေ၏။

ယွီကျိကောင်းကင်ဘုံ ဤသို့ အဆုံးသတ်ရလိမ့်မည်ဟု သူ အစကတည်းက မျှော်လင့်ထားပြီး ဖြစ်သော်လည်း မျက်ဝါးထင်ထင် မြင်တွေ့ရသည့်အခါတွင်တော့ အလွန်တရာ အံ့ဩကာ ထိတ်လန့်တုန်လှုပ်မိလေသည်။

ခိုင်ဧကရာဇ် သေဆုံးခဲ့ရတုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ယိုတုအတွက် ကောင်းကင်နတ်ဘုံနှင့် ဆက်လက်မယှဥ်ပြိုင်နိုင်မှန်း သိခဲ့ရသည်။ ဆက်လက်တိုက်ခိုက်ခဲ့ပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း တူညီသော အဆုံးသတ်နှင့် တွေ့ဆုံရပေလိမ့်မည်။

ထို့ကြောင့် သူ၏တာအိုနှလုံးသား ပြိုလဲခဲ့ရကာ ပြန်လည် မသက်သာနိုင်ခဲ့ခြင်းဖြစ်၏။ တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မာ့ဗုဒ္ဓတို့မှာ ဖရိုဖရဲနေရာဟင်းလင်းပြင်သတင်းကို ယူမလာခဲ့ပါက ချင်မူမှာ တာအိုနှလုံးသားပြိုလဲမှုမှ ပြန်ထလာနိုင်လိမ့်မည် မဟုတ်ပေ။

ယွီကျိကောင်းကင်ဘုံ၏ အဆုံးသတ်ကို မြင်တွေ့ရခြင်းက ထိုအချက်ကို သေချာစေခဲ့သည်။

“မြေအောက်ဘုံအရှင်သခင်ရဲ့ စွမ်းအားက တကယ်ကို ပြိုင်ဘက်ကင်းတာပဲ…. ဒီလိုအဟန့်အတားမျိုးနဲ့ဆိုရင် ဘယ်သူကများ ပုန်ကန်ရဲတော့မှာလဲ… ၀န်မင်းမူ၊ ဒါက ပုန်ကန်ခဲ့တဲ့ ယွီကျိ ကောင်းကင်ဘုံအတွက် ကံကြမ္မာ... ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက်လည်း ဒီလိုပဲ ဖြစ်လိမ့်မယ်”

ချင်မူမှာ သွေးဆုတ်ဖြူလျော့နေပြီး ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမှ မပြောနိုင်ပေ။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ သူ၏မျက်နှာအမူအရာကို ကြည့်ရင်း စိတ်ဓာတ်တက်ကြွသွား၏။ သူက ကြည်လင်ပြတ်သားသော အသံဖြင့် ပြောသည်။ “၀န်မင်းမူ၊ ဒီမြင်ကွင်းက မင်းကို သတိဝင်သွားစေပြီလား.. ငါက နန်းစွန့်ဧကရာဇ်လို ခပ်တုံးတုံး ဧကရာဇ်တစ်ပါး မဟုတ်ဘူး… သူက သင့်မြတ်ချင်ယောင်ဆောင်ပြီး ရာထူးအရှိန်အဝါတွေ ပေးလိမ့်မယ်… ငါကတော့ အဲ့လိုမဟုတ်ဘူး… ကဲ ရှစ်ရှို့ကောင်းကင်ဘုံဆီ သွားကြစို့”

ရှစ်ရှို့ကောင်းကင်ဘုံတွင် …

အသံတိတ်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း။

တိုတောင်းသော အချိန်တခဏအတွင်း သူပုန်များဖြစ်စေ၊ သာမန်ပြည်သူများဖြစ်စေ၊ ငှက်များဖြစ်စေ၊ သားရဲများဖြစ်စေ၊ ပိုးမွှားများဖြစ်စေ၊ ငါးများဖြစ်စေ အရာအားလုံး သေဆုံးသွားရသည်။

ကြယ်တာရာများ မှေးမှိန်ကာ နေမင်းလည်း သေဆုံးရသည်။ လမင်းမှာလည်း အမှောင်ဖုံးလွှမ်းပြီး တစ်လောကလုံးမှာ အေးခဲငြိမ်သက်သွား၏။

ကောင်းကင်နတ်ဘုံသည် စစ်တပ်၏ အင်အားဖြင့် ဟန့်တားနိုင်သည်သာမက ဆက်တိုက်သတ်ဖြတ်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားသည်။

“အရှင်မင်းကြီး၊ ဒီကောင်းကင်ဘုံနှစ်ဘုံကို ဖျက်စီးလိုက်တာက ကျန်တဲ့ ကမ္ဘာလောကတွေကို ခြောက်လှန့်ဖို့ လုံလောက်ပါတယ်… အရိုင်းအစိုင်းကောင်တွေ ပုန်ကန်ရဲတော့မှာ မဟုတ်ပါဘူး”

မုန့်ယွင်ကွေ့က ဤတစ်ကြိမ်တွင် ကောင်းကင်နတ်ဧကရာဇ်ဘေးသို့ ရောက်လာပြီး ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်သည်။ “ကောင်းကင်နတ်ဘုံက ကြင်နာသနားတတ်ပြီး ညှာတာပါတယ်… ဆက်ပြီး သတ်ဖြတ်စရာ မလိုတော့ပါဘူး… ကျွန်တော်ကိုယ်တိုင် လင်ရှုနဲ့ လင်းယွမ်ကောင်းကင်ဘုံတွေဆီ သွားပြီး အဲဒီက သူပုန်တွေကို အညံ့ခံခိုင်းလို့ ကောင်းကင်နတ်ဘုံမှာ ပြစ်ဒဏ်ခံယူခိုင်းပါမယ်”

“အဓိပ္ပါယ် မရှိတာ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် မျက်နှာပျက်သွားပြီး အေးစက်စွာ မေးခွန်းပြန်ထုတ်၏။ “ငါ ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းစရာ အကြောင်းမရှိဘူး… အဲ့ဒီသူပုန်တွေက အကြိမ်တစ်သောင်းလောက် သေဖို့ ထိုက်တန်တယ် … အညံ့ခံလက်နက်ချလိုက်တာနဲ့ သူတို့ရဲ့ ပြစ်မှုတွေကို မေ့သွားမယ် ထင်နေတာလား”

မုန့်ယွင်ကွေ့မှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သည်မှ ဆက်မပြောတော့ပေ။

လင်ရှုကောင်းကင်ဘုံ သေဆုံးခဲ့သည်။

လင်းယွမ်ကောင်းကင်ဘုံ သေဆုံးခဲ့သည်။

ကောင်းကင်ဘုံလေးဘုံ၏ ပုန်ကန်မှုကား ဤသို့ဖြင့် ချုပ်ငြိမ်းသွားတော့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ချင်မူ့ကို တစ်ချက် လှမ်းကြည့်သည်။ “၀န်မင်းမူ၊ မင်း ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် မင်းရဲ့ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း ဒီကောင်းကင်ဘုံလေးခုလို ဖြစ်သွားလိမ့်မယ်… မင်းအတွက် အချိန်သိပ်ပေးမှာ မဟုတ်ဘူး… ကောင်းကင်နတ်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကြားက စာချုပ်က ငါ့နန်းဆောင်ထဲမှာ ရှိတယ်… မင်း ပြန်လာပြီး လက်မှတ်ထိုးတာကို စောင့်နေမယ်” သူက လက်တစ်ချက် ခါ၍ အားလုံးကို ဦးဆောင်ကာ ထွက်ခွာသွားတော့သည်။

ချင်မူက ပျက်စီးနေသော လင်းယွမ်ကောင်းကင်ဘုံကို ကြည့်ပြီးနောက် ကောင်းကင်နတ်ဘုံသို့ ပြန်သွားရန် ချာခနဲ လှည့်လိုက်၏။

မုန့်ယွင်ကွေ့က နောက်သို့ ဆုတ်လာကာ သူနှင့် ဘေးချင်း ယှဥ်လျှောက်သည်။ သူက ခပ်တိုးတိုး မေး၏။ “ကောင်းကင်နတ်အရှင်မူ၊ ဒီလိုနေ့ရက်မျိုး ရောက်လာလိမ့်မယ်လို့ မင်း ထင်ထားခဲ့လား”

ချင်မူက အံ့ဩစွာဖြင့် ပြန်မေးခွန်းထုတ်၏။ “ကောင်းကင်ဆရာသခင်မုန့်က ဘာလို့ အဲဒီလိုမေးရတာလဲ”

မုန့်ယွင်ကွေ့က နှာတစ်ချက်မှုတ်၍ အသံကို နှိမ့်ကာ ဖြေသည်။ “အရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးတုန်းက မင်းဟာ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ပန်းပဲပညာကို အခြေပြုတဲ့ တိုင်းပြည်တည်ထောင်ဖို့ အစီအစဉ်ကြီး ရေးဆွဲခဲ့တယ်… ပန်းပဲပညာလို့ ခေါ်ပေမယ့် တကယ်ကတော့ ကောင်းကင်ဒင်္ဂါးကို ဖြတ်တောက်ပစ်ဖို့ အစီအစဉ်တစ်ခုပဲ…. တခြားသူတွေဆီကနေ ဖုံးကွယ်ထားလို့ ရနိုင်ပေမယ့် ငါ့ဆီကနေတော့ ဖုံးကွယ်ထားလို့ မရဘူး… ငါက မင်းရဲ့ အကြံအစည်ကို ကြိုသိနေခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ တိုးတက်ဖွံ့ဖြိုးလို့ အခြားကောင်းကင်ဘုံတွေ အင်အားလျော့ကျလာမယ်ဆိုတာကို မြင်ခဲ့တယ်… အဲဒီအချိန်တုန်းက ပန်းပဲပညာကြောင့် တိုးတက်သွားခဲ့တဲ့ ကောင်းကင်နတ်ဘုံတွေအားလုံးဟာ မင်းကြောင့်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာကြောင့် ထာဝရဒုက္ခတွင်းထဲ ဆွဲခေါ်ခံခဲ့ရတာပဲ”

ချင်မူက ခြေလှမ်းများ ရပ်တန့်လိုက်ပြီး အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “သဘာဝကိုက အားကြီးသူသာ အောင်နိုင်စမြဲပဲ မဟုတ်လား… တခြားကောင်းကင်ဘုံတွေက စည်းမျဉ်းအဟောင်းတွေကိုပဲ လိုက်နာနေခဲ့လို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မယှဥ်နိုင်ခဲ့တာလေ… ဒါကို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအပေါ် အပြစ်ပုံချတာလား… တခြားကောင်းကင်ဘုံတွေပါ သူတို့ရဲ့ နည်းလမ်းတွေကို ပြောင်းလဲခဲ့မယ်ဆိုရင် ဒီလိုအခြေအနေအထိ ရောက်ကြမယ် ထင်လို့လား”

“ပြောင်းလဲရမယ်တဲ့လား”

မုန့်ယွင်ကွေ့က နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်ဘုံက ပြောင်းလဲဖို့ ခွင့်မပြုဘူး… ပြောင်းလဲရင် သေရမယ်”

“မပြောင်းလဲရင် ရှင်သန်ရတာက သေရတာထက်တောင် ဆိုးသေးတယ်”

ချင်မူက အနိမ့်အမြင့်မရှိသော လေသံဖြင့် ဆက်ပြောသည်။ “ကောင်းကင်ဆရာသခင် ၊ ခင်ဗျားက လူသားတစ်ယောက်မဟုတ်လား… လူသားတစ်ယောက်အနေနဲ့ လူသားမျိုးနွယ်အတွက် တွေးမပေးဘဲ ဘာလို့ နတ်ဘုရားတစ်ပိုင်းတွေအစား ပြောပေးနေရတာလဲ…. လွန်ခဲ့တဲ့ နှစ်တစ်သန်းမှာ လူသားမျိုးနွယ် ဘယ်လောက်တောင် ဆင်းရဲဒုက္ခရောက်ခဲ့သလဲဆိုတာ ခင်ဗျား မတွေ့ခဲ့ရတာလည်း မဟုတ်ဘူး… ကျွန်တော်တို့တွေ တိုးတက်လာပြီးတော့ ကောင်းကောင်းမွန်မွန် နေနိုင်တာ သိပ်မကြာသေးဘူး… ကျွန်တော်တို့က ဇိမ်ခံပြီး နေချင်ကြတာ မဟုတ်ဘူးလေ နတ်ဘုရားတစ်ပိုင်းတွေနဲ့ တန်းတူဖြစ်ချင်ရုံလေးပဲ… ဒီလိုနိမ့်ကျတဲ့ ဆန္ဒလေးတစ်ခုကိုတောင် အောင်မြင်အောင် လုပ်ခွင့် မရှိတော့ဘူးလား”

မုန့်ယွင်ကွေ့က ပါးစပ်ဟလိုက်သော်လည်း ချင်မူသည် သူ့ကို တုံ့ပြန်ချေပခွင့်မပေးပေ။ “ဒါ့အပြင် ကျွန်တော်တို့က နတ်ဘုရားတစ်ပိုင်းတွေ ပေးကမ်းစွန့်ကြဲတာတွေကို အားကိုးခဲ့တာ မဟုတ်ဘူး… ကိုယ့်အားကိုယ် ကိုးခဲ့တာ… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြည်သူပြည်သားတွေက သွေးချွေးတွေကို ရင်းနှီးပြီး ဒီအဆင့်အထိ ရောက်နိုင်ခဲ့ကြတာ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပိုင်ဆိုင်တဲ့ တစ်ပြားတစ်ချပ်တိုင်းက သမာသမတ်ကျကျ ကုန်သွယ်ရောင်းချပြီးမှ ရလာခဲ့တာပဲ… ကျွန်တော်တို့ ဒီလောက်အထိ လျှောက်လာခဲ့ပြီးပြီ”

သူက မုန့်ယွင်ကွေ့ကို ကြည့်၍ ညင်သာစွာ ပြောသည်။ “ကောင်းကင်ဆရာသခင်မုန့်၊ ကျွန်တော်တို့ ဒီအထိ ရောက်လာခဲ့ပြီ… ပြန်ပြီး ဒူးထောက်မနေနိုင်တော့ဘူး”

မုန့်ယွင်ကွေ့၏ ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ရီနေပြီး သူ၏အသံက အက်ကွဲ‌နေသည်။ “မင်း ပုန်ကန်ချင်တာလား… ကောင်းကင်ဘုံလေးဘုံရဲ့ ကံကြမ္မာကို မတွေ့ခဲ့ရဘူးလား… မင်းလက်ထဲမှာ လူသားမျိုးနွယ် လုံးဝ မျိုးသုဉ်းပျက်စီးသွားလိမ့်မယ်”

ချင်မူက သူ့ပခုံးကို ပုတ်၍ ဖြတ်လျှောက်သွားသည်။ “ကျွန်တော် ငယ်ငယ်တုန်းက မဟာမြို့ပျက်ကနေ ထွက်လာခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်ခဲ့တယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၊ ဧကရာဇ်ယန်ဖုန်းနဲ့ ရိုးရှင်းပေမယ့် ရည်မှန်းချက်ကြီးမားသူတွေ အများကြီး တွေ့ခဲ့ရတယ်… အဲဒီအချိန်ကစပြီး ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိခဲ့တယ်… အဲဒီအိပ်မက်က တန်ခိုးရှင်တွေရဲ့ လမ်းစဉ်နဲ့ သာမန်လူတွေရဲ့ နေ့စဉ်ဘဝ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ပဲ… လူတိုင်း ကြိုးစားရင် ပိုကောင်းမွန်တဲ့ဘဝနဲ့ ပိုတောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ခွင့် ရှိရမယ်”

“အနာဂတ်မှာ လူသားတွေအနေနဲ့ အသက်ရှင်နိုင်မလား မရှင်နိုင်ဘူးလားဆိုတာ စိုးရိမ်နေရမှာမျိုး မလိုစေချင်ဘူး… သူတို့ရဲ့ ပါရမီတွေ၊ စိတ်ဝင်စားတဲ့အရာတွေကို ငယ်ငယ်ကတည်းက ရှာတွေ့ပြီး အိပ်မက်တွေ အောင်မြင်အောင် မဆုတ်မနစ် ကြိုးစားနိုင်ကြဖို့ မျှော်လင့်တယ်”

ချင်မူက သူ့အား ပြုံးလျက် ပြန်လှည့်ကြည့်လာသည်။ “ခင်ဗျားရော အဲဒီလိုအိပ်မက်မျိုး ရှိခဲ့ဖူးလား”

မုန့်ယွင်ကွေ့၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ၀ိုင်းလာသည်။ သူက အတင်းအကြပ် မြိုသိပ်ပြီးနောက် ချင်မူ့ဘေးမှ ဖြတ်လျှောက်သွား၍ အေးစက်စွာ ပြောလိုက်၏။ “မင်း အောင်မြင်မှာမဟုတ်ဘူး”

All Chapters