ခွန်ရှု့နယ်မြေသို့ ဝင်ရောက်ခြင်း
Vol. 8 Ch. 720
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီသည် ခွန်ရှု့ နယ်မြေတွင်ပင် ထင်ရှားသော ပုံရိပ်တစ်ခု ဖြစ်သည်။
သူသည် မရေမတွက်နိုင်သော တိုက်ပွဲများကို တိုက်ခိုက်ခဲ့ဖူးပြီး မရေမတွက်နိုင်သော လျှို့ဝှက် နည်းစနစ်များကို တတ်ကျွမ်း၏။ ထို့အပြင် သူသည် ပြိုင်ဘက်ကင်း ခန္ဓာနှင့် များစွာသော အကာအကွယ် ဓမ္မ ရတနာများကိုလည်း ပိုင်ဆိုင်ထားသေးသည်။
ထို့ကြောင့် သူ့အား သတ်ဖြတ်ရန် ကြိုးစားခြင်းက အလွန် ခက်ခဲသော အလုပ်တစ်ခု ဖြစ်၏။
“ဟူး ... ဟူး …”
ဟန်ရှီသည် အသံ၏ အမြန်နှုန်းကို ချိုးဖျက်၍ နတ်ဘုရား သင်္ချိုင်း တောင်ကြား တည်ရှိရာ အနောက် အရပ်သို့ အစွမ်းကုန် ပျံသန်းနေ၏။ သူ၏ ရည်ရွယ်ချက်ကား ကောင်းကင် တံခါးမှ တစ်ဆင့် ခွန်ရှု့ နယ်မြေသို့ ပြန်လည် ထွက်ပြေးရန် ဖြစ်သည်။
သို့သော်လည်း ချန်းဖန်သည် ထိုအရာကို ခွင့်မပြု နိုင်ချေ။
အကယ်၍ ဟန်ရှီသာ ခွန်ရှု့ နယ်မြေသို့ ဝင်ပြီး သူ့အကြောင်းအား ဖောက်သည်ချပါက ခွန်ရှု့ နယ်မြေ တစ်ခုလုံးရှိ မြေကမ္ဘာ အဆင့်များ ထွက်လာနိုင်သည်။ ထိုအခါ သူပင် တားနိုင်တော့မည် မဟုတ်ချေ။
“သေစမ်းကွာ …”
ချန်းဖန်သည် နောက်မှ နေ၍ ဟန်ရှီအား ဓမ္မ ရတနာများဖြင့် အကြိမ်ကြိမ် လှမ်း၍ တိုက်ခိုက်၏။
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီသည် သွေးအကြိမ်ကြိမ် အန်နေသည့်တိုင် သူ၏ အရှိန်ကို လျှော့ချရဲခြင်း မရှိချေ။ တိုက်ခိုက်မှု အလုံးစုံကို လျစ်လျူကာ ပျံသန်းလေ၏။
တုန်းဟယ်နယ် ကျောင်းကျိုးနယ် ရှီကန်းနယ် …
သူတို့ နှစ်ယောက်သည် မိုင်ထောင်ချီကို ခဏ အတွင်း ကျော်ဖြတ်ကာ ပျံသန်းနေဆဲ ဖြစ်သည်။
နောက်ဆုံး၌ မြေကမ္ဘာ နတ်ဘုရား ဟန်ရှီသည် နတ်ဘုရား သင်္ချိုင်း အတွင်းထိပင် ရောက်ရှိ လာခဲ့၏။ သို့သော်လည်း ကောင်းကင်တံခါး အနီးသို့ အရောက်တွင်မူ ချန်းဖန်က သူ့အား မီလာခဲ့သည်။
နတ်ဘုရား သင်္ချိုင်း တောင်ကြား …
ကောင်းကင် တံခါးသည် ကျောက်ဖျာပေါ်တွင် တည်ရှိနေဆဲ ဖြစ်သည်။
ကောင်းကင်တံခါးနှင့် မြေကမ္ဘာ နတ်ဘုရား ဟန်ရှီ၏ အကြားတွင် မီတာ တစ်ရာမျှသာ ကွာခြားတော့၏။
သို့သော်လည်း သူ၏ အမူအရာသည် မှုန်ကုပ်နေသည်။ အကြောင်းကား သူတို့ အကြား၌ လူတစ်ယောက် ရှိနေသောကြောင့် ဖြစ်၏။
ချန်းဖန် …
ထိုလူတစ်ယောက်ကား ချန်းဖန်ပင် ဖြစ်လေသည်။
သူသည် ကောင်းကင်တံခါးကို ကျောခိုင်းကာ မတ်တတ်ရပ်နေ၏။ သူ၏ တောက်ပ စူးရဲသော မျက်လုံး အစုံကား အေးစက်ခြင်းဖြင့် မွမ်းမံထားသည်။
“ရှက်စရာပဲ …”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက သက်ပြင်းတစ်ချက် ချလိုက်၏။ သူ၏ အမူအရာကား နောက်တစ်ဖန် ပြန်လည် တည်ငြိမ် နေခဲ့ပြီ ဖြစ်လေသည်။
“ငါသာ ခွန်ရှု့နယ်မြေမှာ ဆိုရင် ငါ့ ဂိုဏ်းရဲ့ လျှို့ဝှက် ရတနာတွေကို ထုတ်ယူ အသုံးပြုနိုင်မှာ ... အဲဒီ အခါက သင့်ကို သတ်နိုင်မှာ ကျိန်းသေပဲ ... အခုတော့ ငါ့မှာ အချို့ပဲ ပါလာခဲ့တယ်”
ချန်းဖန်က ပြုံးလိုက်သည်။ ထို့နောက် သူက ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်၏။
“မင်းမှာ ဝိညာဉ် ရတနာ တစ်ခု ရှိရင်တောင် ငါ မင်းကို သတ်နိုင်သေးတယ် …”
“သင်က သင့်ကိုယ်သင် အရမ်း အထင်ကြီး နေတာပဲ …”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက အနည်းငယ် ရယ်မောလိုက်သည်။
“ချန်းပေ့ရွှမ်း ... သင်က ပါရမီရှင် တစ်ယောက် ဆိုတာ ငါမြင်နိုင်တယ် ... တစ်နေ့မှာ သင်က ဒဏ္ဍာရီထဲက ကောင်းကင် တန်ခိုးရှင် အဆင့်ကိုတောင် ရောက်နိုင်တယ် ... ဒါပေမဲ့ ဒီကမ္ဘာက သင့်ရဲ့ တက်လမ်းကို ပိတ်ထားပြီးပြီ ... သင် ခုရောက်နေတဲ့ တန်ခိုး အဆင့်က ဒီကမ္ဘာမှာ ရောက်နိုင်တဲ့ အမြင့်ဆုံး အဆင့်ပဲ”
“မင်း ဘာပဲပြောပြော ငါမင်းကို လွှတ်ပေးမှာ မဟုတ်ဘူး …”
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဆိုလိုက်၏။
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီသည် သူ၏ ဟန်းနီးမွန်းကို နှောင့်ယှက်ကာ အရှေ့တောင်အား ဖျက်ဆီးရန် ကြိုးစားခဲ့သည်။ ထိုအချက်ဖြင့်ပင် သူသည် သေရန် လုံလောက်နေပြီ ဖြစ်သည်။
“ဟားဟား ... နောက်သုံးနှစ်အကြာ ကောင်းကင် တံခါး ပွင့်လာရင် ခွန်ရှု့ နယ်မြေက တန်ခိုးရှင်တွေ အကုန် ဝင်လာလိမ့်မယ် ... အဲဒီ အခါကျရင် သင်လည်း သေရမယ် ... လူသား ကမ္ဘာရဲ့ လူတွေလည်း သေရမယ်”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက အော်ဟစ် ရယ်မော လိုက်သည်။
“သုံးနှစ်ဆိုတာက ငါတို့လို မြေကမ္ဘာ နတ်ဘုရားတွေအတွက် မျက်လုံး တစ်မှိတ်စာပဲ ရှိတယ် ... သုံးနှစ် ကြာပြီးတဲ့ နောက်မှာ လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ ဂိုဏ်းချုပ် နှင်းနတ်ဘုရား နန်းတော် သခင်မ ဆင်နတ်ဘုရားနဲ့ တိမ်ကောင်းကင် နတ်ဘုရား တို့လို ပုဂ္ဂိုလ်ကြီးတွေ ဝင်လာလိမ့်မယ် ... သင် ငါ့ကို သတ်နိုင်ရင်တောင် ခွန်ရှု့ နယ်မြေရဲ့ တန်ခိုးရှင် အားလုံးကို သတ်နိုင်မှာလား”
“ဟဟ ... မင်းခြောက်တိုင်း ကြောက်မဲ့ အထဲမှာ ငါမပါဘူး”
ချန်းဖန်၏ ပုံစံက အနည်းငယ်ပင် စိုးရိမ် ပူပန်ဟန် မရချေ။
သူက ဟန်ရှီထံသို့ ဖြည်းညင်းစွာ လျှောက်လာ၏။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်၌ ရွှေရောင် ချပ်ဝပ်က ပေါ်ပေါက်လာကာ နတ်ဘုရား အသွင်သို့ ယူဆောင်သည်။
“ဘုန်း …”
နောက်ဆုံး တိုက်ပွဲကား စတင်ချေပြီ ဖြစ်လေ၏။
ယခု တစ်ကြိမ်တွင်မူ မြေကမ္ဘာ နတ်ဘုရား ဟန်ရှီသည် မည်သည့် အရာကိုမျှ လျှို့ဝှက် မနေတော့ချေ။ သူ တတ်ထားသမျှ အရာ အားလုံးကို သုံး၍ အစွမ်းကုန် တိုက်ခိုက် တော့၏။
သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိချေ။ သူက လက်သီးများကိုသာ အဆက်မပြတ်ထိုး၍ ဟန်ရှီ စွမ်းအား အလုံးစုံကို ချေမှုန်း၏။
“အမတေ ပေါင်းစည်းခြင်း ကောင်းကင် မိုးကြိုး …”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက သွေးတချို့ကို ထွေးထုတ်လိုက်သည်။ သူ၏ ငွေဘော်ရောင် ဆံပင်များသည် လေနှင့် အတူ ပြန့်ကြဲနေ၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
တစ်ချိန်တည်းမှာပင် များစွာသော ကောင်းကင် မိုးကြိုးများက သူ၏ လက်တွင် ထွက်ပေါ်လာသည်။
“အနက်ရောင် ကောင်းကင် မိုးကြိုး …”
“အဇူရာ ကောင်းကင် မိုးကြိုး …”
“ခရမ်းရောင် ကောင်းကင် မိုးကြို …”
“ယင်ယန် ကောင်းကင် မိုးကြိုး …”
“…”
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ကောင်းကင် မိုးကြိုး ကိုးခုက လေထုကို တိုက်စားကာ ရောင်စုံ မိုးကြိုးလုံးအဖြစ် ပေါင်းစည်း၏။ ထိုအရာက ကြောက်မက်ဖွယ်သော လျှပ်စီး စွမ်းအားကို သယ်ဆောင်ကာ ထစ်ချုန်းသံများကို ထုတ်လွှတ်လေသည်။
“ပေါက်ကွဲစမ်း …”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက အော်ဟစ်ရင်း မိုးကြိုးလုံးကို ပစ်လွှတ်လိုက်၏။
“ဘုန်း …”
မိုးကြိုးလုံးသည် ပေါက်ကွဲသည်နှင့် ထိုဧရိယာ တစ်ခုလုံးကား လျှပ်စီးများဖြင့် လွှမ်းခြုံသွားသည်။ မိုးကြိုးလျှပ်စီး၏ မုန်တိုင်းအလား တိုက်စားမှုတွင် ကောင်းကင်တံခါး တည်ရှိရာ ကျောက်ဖျာ တစ်ဝက်ပင် ဖျက်ဆီးခံရ၏။
မရေမတွက်နိုင်သော နတ်ဘုရား သင်္ချိုင်း၏ သားရဲများကား တုန်ရီစွာဖြင့် ထောင်များတွင် ပုန်းအောင်းကြသည်။ သူတို့သည် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိရာ အနည်းငယ်ပင် မဆင်မခြင် မပြုမူရဲ ကြချေ။
“ကောင်းကင် တန်ခိုးရှင် တစ်ယောက်တောင် အမတေ ရောနှောခြင်း ကောင်းကင် မိုးကြိုးကို မခုခံနိုင်ဘူး ... ချန်းပေ့ရွှမ်း ... သင်က အရမ်း အားနည်းပါသေးတယ်”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက ကျေနပ်စွာဖြင့် ပြုံးလိုက်၏။
ထို့နောက် သူက ဖြည်းညင်းစွာပင် ကောင်းကင် တံခါး ရှိရာသို့ လျှောက်လာခဲ့သည်။ သူသည် ပြင်းထန်သော တိုက်ခိုက်မှုကို ထုတ်ဖော်ပြီးနောက် အလွန်ပင် အားနည်း နေခဲ့ပြီ ဖြစ်၏။
“ဟုတ်လား …”
ရုတ်တရက် လျှပ်စီး မုန်တိုင်း အကြားမှ ရှင်းလင်း ကြည်လင်သော အသံတစ်ခု ပေါ်ထွက် လာသည်။ ထိုအသံနှင့်အတူ အဇူရာ အလင်းများ ဝန်းရံနေသည့် ခွန်ပန် တစ်ကောင်က ဖြည်းညင်းစွာ လမ်းလျှောက်ရင်း ဟန်ရှီ၏ အရှေ့၌ ပေါ်လာခဲ့၏။
“သင်က အသက်ရှင် နေသေးတာလား …”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီမှာ သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
“ဘယ်မြေကမ္ဘာ အဆင့်ကမှ ငါ့ရဲ့ အမတေ ရောနှောခြင်း ကောင်းကင် မိုးကြိုးကို မခုခံ နိုင်ဘူး ... ဧကန္တ သင်က ကောင်းကင် တန်ခိုးရှင်ရဲ့ ခန္ဓာကို ပိုင်ဆိုင်ထားတာလား ... မဖြစ်နိုင်ဘူး ... သင်က အခုမှ မြေကမ္ဘာ အစောပိုင်း အဆင့်မှာပဲ ရှိသေးတာလေ”
ကောင်းကင် တန်ခိုးရှင် …
ကောင်းကင် တန်ခိုးရှင်များကား ရှေးခေတ်၏ ဒဏ္ဍာရီများ ဖြစ်ကြသည်။ အစစ်အမှန် နတ်ဘုရားများ ဖြစ်ကြသည်။
သို့သော်လည်း ကမ္ဘာ၏ ဝိညာဉ်ချီ ခန်းခြောက်လာမှု နောက်တွင် သူတို့သည် ဤဂြိုဟ်ကို စွန့်ခွာ သွားခဲ့ကြသည်။ ခွန်ရှု့ နယ်မြေတွင်ပင် ကောင်းကင် တန်ခိုးရှင် မရှိသည်မှာ နှစ်ထောင်ချီ ကြာခဲ့ပြီ ဖြစ်လေသည်။
“ရွှေအမြုတေ ခန္ဓာလား ... ငါ မရောက် သေးပါဘူး ... ဒါပေမဲ့ နီးကပ်နေပြီ ဆိုပါတော့”
ခွန်ပန်က ပြောရင်း ဟန်ရှီ၏ အနားသို့ တဖြည်းဖြည်း ချည်းကပ် လာခဲ့၏။
“ချန်းပေ့ရွှမ်း ... သင် ငါ့ကို သတ်ရင် တစ်နေ့မှာ သင်လည်း ပြန် အသတ်ခံရလိမ့်မယ် ... ခွန်ရှု့ နယ်မြေရဲ့ အခြားလူတွေက ငါ့အတွက် ပြန်ပြီး လက်စားချေပေးလိမ့်မယ် ... သူတို့တွေ လူသား ကမ္ဘာကို လာမယ့် အချိန်ကို စောင့်နေ ... ဟီးဟီး …”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက အော်ဟစ် ရယ်မောလိုက်၏။ သူကား ပြင်းထန်သော ဒဏ်ရာများကြောင့် အနည်းငယ် တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။
“တကယ်လား ... ဒါပေမဲ့ သေချာတာကတော့ မင်း ဒီနေ့ ဆက်ပြီး အသက် မရှင်တော့ဘူး”
ခွန်ပန်က ပြောရင်း မြေကမ္ဘာ နတ်ဘုရား ဟန်ရှီ၏ ဦးခေါင်းကို ညက်ညက်ကြေသည် အထိ တက်နင်းလိုက်သည်။
“ဘုန်း …”
ထိုနင်းချက်တွင်ပင် မြေကမ္ဘာ နတ်ဘုရား ဟန်ရှီ၏ ခန္ဓာကိုယ် ပျက်စီးကာ နတ်ဘုရား စိတ်ညာဉ်သည်လည်း ခန်းခြောက် ပြိုကွဲလေ၏။
ဟန်ရှီအား သတ်ဖြတ်ပြီးသည်နှင့် ချန်းဖန်သည် ကောင်းကင်တံခါး ရှိရာသို့ လျှောက်လာခဲ့သည်။
ထိုအချိန်မှာပင် ရဲ့ချင်စန်းနှင့် ချန်းဟွိုက်အန်းတို့သည် အလင်းတန်း အသွင်ဖြင့် နတ်ဘုရား သင်္ချိုင်းသို့ ရောက်ရှိ လာခဲ့၏။
“မြောက်ပိုင်းချုံးကို စောင့်ရှောက်ပြီး ကျုပ် ပြန်လာမဲ့ အချိန်ကို စောင့်နေကြ …”
ခွန်ပန်က နောက်သို့ လှည့်မကြည့်ပဲ မှာကြားလိုက်သည်။
“စိတ်ချပါ …”
ရဲ့ချင်စန်းနှင့် ချန်းဟွိုက်အန်းတို့က ခေါင်းညိတ် လိုက်ကြသည်။
“ဟူး ... ဟူး …”
ထို့နောက် ခွန်ပန်က သူ၏ အတောင်များကို ဖြန့်ကာ ကောင်းကင် တံခါး အတွင်း တိုးဝင် သွားတော့၏။
***
ခွန်ရှု့နယ်မြေ၊ ကောင်းကင် မိုးကြိုး ဂိုဏ်း၊ ဘိုးဘေးခန်းမ အတွင်း …
လျှပ်စီးများသည် တိမ်နှင့်အတူ တဖျပ်ဖျပ် လင်းလက် နေ၏။ တစ်ချက် တစ်ချက်တွင် ကျယ်လောင် စူးရှသော မိုးကြိုး ပေါက်ကွဲသံ အချို့ကလည်း ပျံ့လွင့်နေသည်။
“ဟူး ... ဟူး …”
နေရာ၌ ကောင်းကင် မိုးကြိုးဂိုဏ်း၏ အကြီးအကဲများသည် တိတ်ဆိတ်စွာပင် တင်ပျဉ်ချိတ်ကာ ထင်နေကြသည်။
“ခရက် …”
ရုတ်တရက် အမြင့်ဆုံး နေရာရှိ ကျောက်စိမ်း အဆောင် တစ်ခုသည် ပေါက်ကွဲသွား၏။ အကြီးအကဲ အားလုံးက မျက်လုံး ဖွင့်၍ ပူဆွေးစွာဖြင့် အလင်း အမှုန်အမွှားများ အသွင် ပြောင်းလဲသွားသော ကျောက်စိမ်း အဆောင်ကို ကြည့်လိုက်ကြသည်။
“ဂိုဏ်းချုပ် လူသား ကမ္ဘာမှာ ကျဆုံး သွားခဲ့ရပြီ …”
အကြီးအကဲ တစ်ယောက်က တုန်ရီစွာဖြင့် ရေရွတ်လိုက်သည်။
***