ဒူးထောက်
Vol. 8 Ch. 723
အရှေ့မြစ်ဂိုဏ်း …
အရှေ့မြစ်ဂိုဏ်းသည် မြို့ပေါင်း တစ်ဆယ့် ခုနစ်မြို့ကို အစိုးရသည့် ဂိုဏ်း တစ်ဂိုဏ်း ဖြစ်သည်။
သူတို့သည် ခွန်ရှု့ နယ်မြေတွင် ကျော်ကြားသည့် ဂိုဏ်းတစ်ခု မဟုတ်သော်လည်း ကျင့်ကြံသူ တန်ခိုးရှင်ဂိုဏ်း တစ်ခုဖြစ်၏။ ထို့ကြောင့် မြို့တော် သခင်များမှာ အရှေ့မြစ်ဂိုဏ်း၏ တပည့်ကိုပင် လေးစားရသည်။
“ဟူး ... ဟူး …”
အရှေ့မြစ်ဂိုဏ်း၏ ဂိုဏ်းအကြီးအကဲ သုံးယောက်သည် ခြောက်မီတာခန့် ရှည်လျားသော ကြိုးကြာငှက်များကို စီး၍ ရောက်ရှိလာသည်။
“ချီမူဖန်နဲ့ ဂိုဏ်းကြီး တစ်ခုက လာတယ် ဆိုတဲ့ တစ်ယောက် အပြင်ကို ထွက်လာစမ်း …”
ချီမိသားစု စံအိမ် အရှေ့၌ ဆင်းသက် ပြီးသည်နှင့် အဖွဲ့ ခေါင်းဆောင် ဖြစ်သူက အော်ဟစ်လိုက်၏။
သူကား အသက် ငါးဆယ်ခန့် လူလတ်ပိုင်း တစ်ယောက် ဖြစ်ကာ အရှေ့မြစ်ဂိုဏ်း တံဆိပ် ပါသော အနက်ရောင် ဂိုဏ်း ဝတ်စုံကို ဝတ်ဆင်ထားသည်။
ခန္ဓာကိုယ်မှ ဖြာထွက်နေသော အရှိန်အဝါများအရ ဆိုလျှင် ထိုခေါင်းဆောင်မှာ အနည်းဆုံး ဉာဏ်အလင်း စုဆောင်းခြင်း (အထွတ်အထိပ်) အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။
“သခင်ကြီးတို့ ... သင်တို့ လာမယ် ဆိုတာ ဘာလို့ ကြိုမပြော ထားတာလဲ ... ကျုပ်တို့ မြို့က မကြာသေးခင်ကမှ အခွန် ဆောင်ထားတယ် မလား ... အခု လာတာ ဘာအရေး ကိစ္စ ရှိလို့လဲ”
ချီမူဖန်က မြို့တော် အတွင်းရှိ အခြား အကြီးအကဲများကို ဦးဆောင်ရင်း ခရီးဦးကြို ပြုလိုက်၏။
“ချီမူဖန် ... သင့်ရဲ့ စစ်သူကြီးက ဂိုဏ်းကြီး တစ်ခုကလို့ဆိုတဲ့ လူတစ်ယောက် ရောက်နေတယ် လို့ ကျုပ်တို့ဆီကို အစီရင်ခံလာတယ် ... သူ့ကို ထုတ်ပေးစမ်း”
အသက်လတ် လူကြီး၏ ဘယ်ဘက်ရှိ လူငယ် အကြီးအကဲက အော်ဟစ် လိုက်သည်။
ထို့နောက် ချီမူဖန်သည် ချီတုန်းမှာ ကြိုးကြာ တစ်ကောင်၏ ကျောထက်၌ ရှိနေကြောင်း သတိပြုမိလိုက်၏။ သူက ချီတုန်းအား ကြည့်ရင်း မေးလိုက်သည်။
“ချီတုန်း ... မင်း ဒါ ဘာလုပ်တာလဲ”
“ကျုပ်က သခင်ကြီးကို လူဆိုးတွေ အရူးလုပ်မှာ စိုးရိမ်လို့ပါ”
ချီတုန်းက ပြန်ပြော လိုက်သည်။
“မင်း …”
ချီမူဖန်မှာ ဒေါသထွက် သွား၏။
သူက တစ်ခုခု ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အေးစက်သော အသံတစ်ခုက ထွက်ပေါ် လာသည်။
“မင်းတို့က ငါ့ အကြောင်း ပြောနေတာလား”
လူတိုင်းက လှည့်ကြည့်လိုက်ရာ ချန်းဖန်နှင့် ချီရှို့အာတို့အား မြင်လိုက်ရသည်။
ချန်းဖန်သည် ချီရှို့အာ လာပေးသော အဇူရာ ဝတ်စုံကို ဝတ်ဆင်ကာ ရှည်လျားသော ဆံပင်များအား ရွှေရောင် ကြိုးဖြင့် စည်းနှောင် ထား၏။ သူ၏ ရုပ်ရည်ကား တန်ခိုးရှင် ကျင့်ကြံသူ တစ်ဦးထက် အပြစ်ကင်း ချောမောသော ကျောင်းတော်သား တစ်ယောက်နှင့်ပင် တူနေသေးသည်။
“သင်က ဂိုဏ်းကြီး တစ်ခုရဲ့ တပည့် ဆိုတဲ့ တစ်ယောက်လား …”
အရှေ့မြစ်ဂိုဏ်း၏ ဂိုဏ်း အကြီးအကဲ သုံးယောက်က ချန်းဖန်အား စူးစမ်း လိုက်ကြသည်။ သို့သော်လည်း ချန်းဖန်ကား သူ၏ စွမ်းအားကို ဖုန်းကွယ်ထားရာ သူတို့ အနေဖြင့် မြင်နိုင်စွမ်း မရှိခဲ့ချေ။
“ကြည့်ရသလောက်တော့ သင်က သေမျိုးပဲ”
တစ်ခဏ အကြာ၌ ခေါင်းဆောင်၏ ညာဘက်ရှိ အကြီးအကဲက ခေါင်းခါလိုက်၏။ ဘယ်ဘက်ရှိ လူငယ် အကြီးအကဲကလည်း နှာခေါင်း ရှုံ့လိုက်၏။
“သင်က သင့်ကိုယ်သင် ဂိုဏ်းကြီး တစ်ခုရဲ့ တပည့်လို့ လိမ်ညာပြီး မြို့တော်သခင်ကို အရူး လုပ်တယ် ... ဒူးထောက်ပြီး အသေခံစမ်း”
“သခင်ကြီးတို့ ... တန်ခိုးရှင် ဆရာချန်းက တကယ်ပဲ ကျင့်ကြံသူ တစ်ယောက်ပါ ခင်ဗျာ ... သူက ဓမ္မစွမ်းအားနဲ့ နတ်ဘုရား စွမ်းအားတွေကို ပိုင်ဆိုင် ထားပါတယ် ... သူသာ ဂိုဏ်းကြီး တစ်ခုက မဟုတ်ရင် အဲဒီ စွမ်းအားမျိုးတွေ ပိုင်ဆိုင်မှာ မဟုတ်ပါဘူး”
ချီမူဖန်က ကြားမှ ဝင်၍ ရှင်းပြရန် ကြိုးစားလိုက်၏။
သို့သော်လည်း လူငယ် အကြီးအကဲက သူ၏ အင်္ကျီလက်ကို ခါယမ်းရင်း အော်ဟစ် လိုက်၏။
“အဲဒါ မင်းကိစ္စ မဟုတ်ဘူး …”
“ဘုန်း …”
တစ်ချိန်တည်းမှာပင် စွမ်းအင်လှိုင်း တစ်ခုက ချီမူဖန်အား လာရောက် ထိမှန်၏။
သူကား အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ရာ ဉာဏ အလင်း စုဆောင်းခြင်း အဆင့်၏ တိုက်ခိုက်မှုကို တောင့်မခံနိုင်လဲ့ချေ။
“ဝေါ့ …”
ချီမူဖန်သည် သွေးတစ်လုတ် အန်ကာ နောက်သို့ ခြောက် မီတာခန့် ဆုတ်လိုက်ရ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်က တုန်ရီစွာဖြင့် မြေပြင်ပေါ် ပစ်ကျသွားသည်။
“သခင်ကြီး …”
ချီမိသားစု အကြီးအကဲ အားလုံး၏ မျက်နှာများမှာ ဖြူရော် သွား၏။ သို့သော်လည်း သူတို့သည် မည်သို့မျှ စောဓက မတက်ဝံ့ကြချေ။
“ရှင်တို့ …”
ချီရှို့အာသည် ရှေ့သို့ တစ်လှမ်းတိုး၍ အရှေ့မြစ်ဂိုဏ်း၏ အကြီးအကဲ သုံးယောက်ကို စူးရဲစွာ ကြည့်လိုက်သည်။
“အဖေက ရှင်တို့ကို ဘာအပြစ် ပြုမိလို့ ခုလို လုပ်ရတာလဲ ... အရှေ့မြစ်ဂိုဏ်းက အဲဒီလိုပဲ ရိုင်းစိုင်းတာလား”
“ဟုတ်တယ် ... အရှေ့မြစ် ဂိုဏ်းက ချီရှန်း မြို့ကို ဒုက္ခိတများ ထင်နေတာလား”
ချီမိသားစု၏ လူငယ် များကလည်း သူတို့၏ ဓားများကို ဆွဲထုတ်၍ အရှေ့မြစ်ဂိုဏ်း အကြီးအကဲများအား ချိန်ရွယ် လိုက်ကြသည်။
“ဟမ့် ... မင်းတို့ လုပ်ရဲလား ... ဆက်ပြီး မလေးမစား လုပ်နေမယ် ဆိုရင် အရှေ့မြစ်ဂိုဏ်းက ချီမိသားစု ရှင်းလင်းပြီး မြို့တော်သခင် တစ်ယောက် ပြောင်းပစ်လိုက်မယ်”
အကြီးအကဲ ခေါင်းဆောင်က နှာခေါင်းရှုံ့ လိုက်သည်။
ထိုစကားကို ကြားသည်နှင့် ချီမိသားစုဝင်များမှာ ထိတ်လန့် သွားကြ၏။ အချို့ အကြီးအကဲများက ကြိုးကြား ထက်ရှိ ချီတုန်းအား ကြည့်ရင်း တစ်စုံ တစ်ခုကို နားလည် သွားကြသည်။
ကြည့်ရသည်မှာ အရှေ့မြစ် ဂိုဏ်းသည် သူတို့၏ အမိန့်ကို တစ်သွေမသိမ်း မနာခံသော ချီမူဖန်အား ရှင်းပစ်ရန် အစော ကတည်းက စီစဉ်နေခြင်း ဖြစ်ရမည်။ ချန်းဖန်ကား သူတို့ ပြဿနာ ရှာရန် အကြောင်းပြချက် တစ်ခုသာ ဖြစ်၏။
ထိုအချိန်၌ ချီရှို့အာ၏ မျက်နှာမှာလည်း ဖြူရော်နေခဲ့ပြီ ဖြစ်လေသည်။ သူမက နောက်ဆုံး မျှော်လင့်ချက် ဖြစ်သော ချန်းဖန်အား ကြည့်လိုက်၏။
ယခု အချိန်၌ သူမတို့အား ကယ်နိုင်သူ ဆို၍ တန်ခိုးရှင် ဆရာချန်း တစ်ယောက်သာ ရှိတော့သည် မဟုတ်ပါလား။
ချန်းဖန်ပ တည်ငြိမ်စွာဖြင့် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။
“ကြည့်ရတာ ခွန်ရှု့ နယ်မြေမှာ ငါ စပြီး လူသတ်ရတော့မယ် ထင်တယ် …”
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက အရှေ့မြစ်ဂိုဏ်း အကြီးအကဲ သုံးဦးကို ကြည့်လိုက်သည်။
“ဘာလဲ ... မင်းက အခုမှ တောင်းပန် မလို့လား ... နောက်ကျ သွားပြီကွ ... ဒါပေမဲ့ ဦးသုံးခါ ချပြီး ကန်တော့မယ် ဆိုရင်တော့ မင်း အသက်ကို ချမ်းသာပေးဖို့ ငါ သူတို့ကို တောင်းဆိုပေးမယ်”
ချီတုန်းက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
“မင်း ဆက်ပြီး မောက်မာ နိုင်ဦးမလား ကြည့်ရသေးတာပေါ့ …”
ချန်းဖန်က အေးစက်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက လက်ချောင်းများအား ချီတုန်းဘက်သို့ ဆန့်တန်းကာ ဖျစ်ညှစ် လိုက်၏။
“ဘုန်း …”
ရုတ်တရက် ချီတုန်း၏ ခန္ဓာကိုယ် သွေးမြူများအဖြစ် ပေါက်ကွဲကာ နတ်ဘုရား စိတ်ဝိညာဉ်ပါ ဖျက်ဆီးခံရ၏။
“ဘာဖြစ်သွားတာလဲ …”
လူတိုင်းကား ဆွံ့အ သွားကြသည်။
အရှေ့မြစ်ဂိုဏ်း၏ အကြီးအကဲများပင် ချန်းဖန်အား အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ သူတို့သည် ချီတုန်း မည်မျှ အစွမ်းထက်ကြောင်း သိရှိကြသည်။
သူတို့ အထဲက အစွမ်း အထက်ဆုံး သူပင်လျှင် ချီတုန်းအား တိုက်ခိုက်ရာ၌ ရုန်းကန် ရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ချန်းဖန်သည် ချီတုန်းအား ကြက်ပေါက်လေး တစ်ကောင်ကဲ့သို့ သတ်ဖြတ် ပစ်ခဲ့သည်။ ထိုအရာက သူ မည်မျှ အစွမ်းထက်ကြောင်း ဖော်ပြနေ၏။
“မိတ်ဆွေ ... သင့်ရဲ့ အပြအမူက တစ်ဆိတ် လွန်လွန်နေပြီ ... ချီတုန်းက ငါ့တို့ရဲ့ လူ တစ်ယောက်ပဲ”
အကြီးအကဲ ခေါင်းဆောင်က မျက်မှောင်ကြုတ်ရင်း ချန်းဖန်အား ပြောလိုက်သည်။ သူ၏ အသုံးအနှုန်းများကား ရုတ်ခြည်းပင် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။
သို့သော်လည်း ချန်းဖန်က ထိုအရာကို ဂရုမစိုက်ချေ။ သူက လက်နှစ်ဖက်ကို နောက်ပစ်ရင်း ထူးမခြားနားစွာ ဆိုလိုက်၏။
“ဒူးထောက်ပြီး သခင်ကြီးချီနဲ့ ရှို့အာတို့ကို တောင်းပန် ... အဲဒါဆို ငါ မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးမယ်”
“ရဲတင်းလိုက်တာ …”
လူငယ် အကြီးအကဲ၏ မျက်နှာက ဒေါသဖြင့် ဖုံးလွှမ်းသွား၏။ အကြီးအကဲ ခေါင်းဆောင်ကလည်း ချန်းဖန်အား စူးရဲစွာ ကြည့်လိုက်သည်။
“မိတ်ဆွေ ... သင်က တကယ်ပဲ အစွမ်းထက် ပါတယ် ... ဒါပေမဲ့ အရှေ့မြစ် ဂိုဏ်းကိုတော့ စိန်ခေါ်နိုင်မယ်လို့ မထင်နဲ့ ... အရှေ့မြစ် ဂိုဏ်းမှာ မြေကမ္ဘာ နတ်ဘုရား တစ်ယောက် တန်ခိုးရှင် အဆင့် ခြောက်ယောက် ရှိတယ် ... သင် သူတို့တွေကို ရင်ဆိုင်နိုင်လို့လား”
“မြေကမ္ဘာ နတ်ဘုရား …”
ထိုစကားအား ကြားသည်နှင့် ချီမူဖန်၊ ရှို့အာတို့ အပါအဝင် လူတိုင်း ဆွံ့အသွားကြ၏။ မြေကမ္ဘာ နတ်ဘုရားများကား ခွန်ရှု့ နယ်မြေ၏ အမြင့်ဆုံး အဆင့်အတန်းများ ဖြစ်သည်။ အစစ်အမှန် အရှင်သခင်များ ဖြစ်သည်။ သူတို့ အုပ်ချုပ်သော ဂိုဏ်းအား ရန်စခြင်းက သေဒဏ်ချမှတ် ခံရခြင်းနှင့် အတူတူပင်။
သို့သော်လည်း ချန်းဖန်ကမူ မည်သို့မျှ ထူးခြားပုံ မရချေ။ သူက အေးစက်စွာပင် ဆက်၍ အမိန့်ပေးလိုက်သည်။
“ဒူးထောက်စမ်း …”
“ဟူး …”
အသံနှင့်အတူ ကြီးမားသည့် ဖိအား တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။
ထိုဖိအား၏ ဖိနှိပ်မှုအောက်တွင် အကြီးအကဲ သုံးယောက်စလုံး ကြိုးကြာပေါ်မှ ကျကာ မြေပြင်၌ ဒူးထောက် ရလေ၏။
“တန်ခိုးရှင် အဆင့် ... သင်က တကယ် တန်ခိုးရှင် အဆင့်ပဲ”
အကြီးအကဲ ခေါင်းဆောင်ကား တုန်လှုပ်နေခဲ့ပြီ ဖြစ်လေသည်။
ငယ်ရွယ်သော အသက်ဖြင့် တန်ခိုးရှင် အဆင့်သို့ ရောက်နေခြင်း …
ထိုအရာကား ဂိုဏ်းကြီးများ၏ ပါရမီရှင် တပည့်များသာ စွမ်းဆောင်နိုင်သောအရာ ဖြစ်လေသည်။
တစ်စုံတစ်ခုကို သဘောပေါက် ပြီးနောက် အရှေ့မြစ်ဂိုဏ်း၏ အကြီးအကဲ သုံးယောက်မှာ ချန်းဖန်၏ အမိန့်ကို မလွန်ဆန် ရဲကြတော့ချေ။
သူတိုက ချီမိသားစုဝင်များ၏ အရှေ့၌ ချီမူဖန်အား လေးစားစွာ တောင်းပန် စကားဆို၏။
အကြီးအကဲ ခေါင်းဆောင် ဆိုလျှင် ချီရှို့အာအား တောင်းပန်သည့် အနေဖြင့် ဝိညာဉ်ဆေး တစ်ပုလင်းပင် လက်ဆောင် ပေးခဲ့သေးသည်။
ချီရှို့အာ၏ မျက်လုံးများကား ပေါက်ထွက်မတတ် ပြူးကျယ်နေခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချန်းဖန် အပေါ် သူမ၏ လေးစားမှုများမှာ တိုးသထက် တိုးလာခဲ့တော့၏။
“ဒါက ဂိုဏ်းကြီးတွေက တန်ခိုးရှင် တစ်ပါးရဲ့ အစစ်အမှန် စွမ်းအားများလား ... ငါတို့ တကယ့်ကို ကံကောင်းတာပဲ”
ချီမူဖန်က တွေးလိုက်မိ၏။
အရှေ့မြစ်ဂိုဏ်း၏ အကြီးအကဲများကား သူတို့ အတွက် နှိုင်းယှဉ်၍ မရနိုင်သော သူတော်စင်များ ဖြစ်သည်။ သို့သော်လည်း တန်ခိုးရှင် ဆရာချန်းကမူ လက်တစ်ဖက်ပင် မလှုပ်ဘဲ ထိုလူများကို ဒူးထောက် စေခဲ့သည်။
တစ်ချိန်တည်းမှာပင် အရှေ့မြစ်ဂိုဏ်း၏ အကြီးအကဲ သုံးယောက်မှာ ချန်းဖန်အား အစွမ်းကုန် ပြုံးပြရင်း မျက်နှာချိုသွေး နေကြ၏။
“တန်ခိုးရှင် ခင်ဗျာ ... တောင်းပန်လို့လည်း ပြီးပြီ ဆိုတော့ ကျုပ်တို့ သွားလို့ ရပြီလား မသိဘူး”
“ဟမ့် …”
ချန်းဖန်က နှာခေါင်းရှုံ့လိုက်၏။
“မင်းတို့ကို အသက် ချမ်းသာပေးမယ်ပဲ ပြောတာ ... မင်းတို့ကို သွားခွင့်ပေးမယ်လို့ ငါ ပြောမိလို့လား”
***