← Chapters

ကောင်းကင်ဒေသ

Vol. 019 Ch. 1858

ကောင်းကင်ဒေသ

Vol. 019 Ch. 1858

ကောင်းကင်ဒေသ၏အရှေ့ဘက်နယ်မြေများသည် လွန်ခဲ့သော နှစ်၃၀၀ခန့်က ကစဉ့်ကလျားခေတ်ကာလကို ဖြတ်သန်းခဲ့ရသည်။ များစွာသော ထူးချွန်ပုဂ္ဂိုလ်များ ထွက်ပေါ်လာခဲ့ကာ နာမည်ကျော်ကြားလာခဲ့ကြ၏။ ဘုံများစွာထဲတွင် ကောင်းကင်ဒေသသည် ထိပ်သီးတန်ခိုးရှင်များ အများဆုံးထွက်ပေါ်ခဲ့၏။

ကောင်ကင်ဒေသ၏အရှေ့ဘက်နယ်မြေများသည် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့ ထင်ပေါ်လာတော့မှ အမှန်တကယ် စုစည်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က ကောင်းကင်ဒေသမှ ဆယ့်ရှစ်ခုသော ပိုင်နက်တို့သည် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့၏လက်အောက်သို့ ခိုလှုံခဲ့ကြရသည်။

တုံ့ဟွားပိုင်နက်သည် ကောင်းကင်ဒေသ၏ဆယ့်ရှစ်ခုသော ပိုင်နက်ထဲမှ တစ်ခုဖြစ်သည်။

လက်ရှိတွင် ရုပ်ခန္ဓာတစ်ခုသည် ကွင်းပြင်ကျယ်ကြီးတစ်ခုအလယ်တွင် ငြိမ်သက်စွာ လဲလျောင်းနေ၏။ သွေးများ အလိမ်းလိမ်းကပ်ကာ သူသည် အနည်းငယ်မျှပင် ရွေ့လျားခြင်းမရှိချေ။ သူ၏မျက်လုံးများက ပွင့်ဟလျှက်ရှိသော်လည်း သူ့အနေဖြင့် ခွန်အားအနည်းငယ်မျှပင် ထုတ်သုံးနိုင်ခြင်းမရှိပေ။ သူလုပ်နိုင်သည်ကား ကောင်းကင်ထက်တွင် မျောလွင့်နေသော တိမ်များကို ငေးကြည့်ခြင်း ဖြစ်သည်။ သည်နေရာမှ လေထုသည် အလွန်လတ်ဆတ်ကာ သဘာဝစွမ်းအင်များမှာလည်း အားကောင်းသန့်စင်သည်။

လက်ရှိတွင် သူသည် သဘာဝစွမ်းအားများကို စုပ်ယူကျင့်ကြံနိုင်ခြင်းမရှိချေ။ သူ့ခန္ဓာကိုယ်အတွင်းမှ သွေးကြောများမှာ အားလုံးပြတ်တောက်နေပြီဖြစ်ကာ သူ့အနေဖြင့် အသက်မျှင်မျှင်မျှသာ ရှုနေရသော အခြေအနေဖြစ်သည်။

သူသည် ကောင်းကင်ဒေသတွင်လား...။

သူ အသက်ရှင်ခဲ့သည်။

မင်းသမီးဒွန်ဟောင်က သူ့အား ထိုနေ့ရက်တွင် ရတနာတစ်ခုလက်ဆောင်ပေးခဲ့၏။ ထိုရတနာသည် သူ့အား လေဟာနယ်ကို ဖောက်ထွင်းစရာမလိုဘဲ ကောင်းကင်ဒေသသို့ သွားရောက်နိုင်သည့် အရာဖြစ်သည်။

ဆိုလိုသည်က သူသည် ထိုရတနာကို ရရှိကတည်းက ထွက်သွားနိုင်ခဲ့သည်။

သို့သော်လည်း သူက ထိုသို့မလုပ်ခဲ့ပေ။ ဘုံကိုးခုမှ ထိပ်သီးအင်အားစုထက်ဝက်ကျော်က သူ့အား သတ်ဖြတ်လိုကြသည်။ မှော်နက်အဖွဲ့နှင့် မကောင်းဆိုးဝါးဘုံကလည်း သူ့ကို အလိုရှိနေ၏။ ထိုအခြေအနေတွင် သူသာ ထွက်သွားပါက ကောင်းကင်အာဏာစက်ကျောင်းတော် မည်သို့ဖြစ်သွားမည်နည်း။

ထိုအခိုက်တွင် ရီဖူရှင်းသည် မင်းသမီးဒွန်ဟောင်၏သဘောကို နားလည်လိုက်သည်။ သူမက သူ့အား မူလဘုံမှ ပျောက်ကွယ်သွားစေလို၏။

ထို့ကြောင့်ပင် ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်အပြင်ဘက်မှ တိုက်ပွဲအတွက် ပြင်ဆင်စီစဉ်ခဲ့ခြင်းဖြစ်သည်။ သူတို့က အစစ်အမှန်တိုက်ခိုက်ခြင်းမပြုဘဲ ရီဖူရှင်း သေရေးရှင်ရေးအခြေအနေသို့ ရောက်လာသည့်အလား ဖြစ်အောင် ကြံစည်ခဲ့ကြသည်။

ပို၍ စစ်မှန်သောပုံစံဖြစ်စေရန် ရီဖူရှင်းက တစ်ဘက်မှ တိုက်ခိုက်မှု သူ့ကို မကျရောက်မှီခင် အချိန်လေး၌ ရတနာကို အသုံးပြုခဲ့သည်။ ထို့ကြောင့်ပင် ရီဖူရှင်းသည် တိုက်ခိုက်မှုကြောင့် အသတ်ခံခဲ့ရသည်ဟု လူအများက ထင်မြင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ရီဖူရှင်းသည် ကြီးမားသောဒဏ်ရာကို ရရှိခဲ့သည်။ ပြင်းထင်သောရိုက်ချက်က လေဟာနယ်ကို ရှုံ့တွသွာစေကာ သူ၏ခန္ဓာကိုယ်အား ကြီးမားစွာ ထိခိုက်စေခဲ့သည်။

“မူလဘုံ၊ လေဟာနယ်ဘုံဆိုတာ တကယ့်လက်တွေ့မှာ အစစ်အမှန်မဟုတ်တဲ့လောကလား၊ အစစ်အမှန်လား” သူက ရတနာကိုအသုံးပြု၍ ထွက်ခွာလာသည့်ဖြစ်စဉ်ကို တွေးတောကာ ရီဖူရှင်းက သံသယဝင်မိသည်။ သူ့အား လေဟာနယ်ဘုံမှ ခေါ်ထုတ်လာနိုင်သော ရတနာမျိုးအား ပြုလုပ်နိုင်သောသူမှာ မည်မျှ စွမ်းသနည်း။

အရှင်ဒွန်ဟောင်က ထိုရတနာအား မင်းသမီးအတွက် ပြင်ဆင်ပေးခဲ့သည်များလား။

ထိုအရာက ဖြစ်နိုင်ပေသည်။ ထိုနတ်ရတနာကဲ့သို့သော အရာတည်ရှိသည်ကို တခြားမည်သူမှ သိဟန်မတူပေ။

မင်းသမီးဒွန်ဟောင်သည် သူ့အသက်ကိုကယ်တင်ရန် အတော်အားထုတ်ခဲ့ပုံရပေသည်။ မည်သို့ဆိုစေ ရီဖူရှင်းနှင့် မင်းသမီးဒွန်ဟောင်တို့မှာ အနာဂတ်တွင် ရန်သူများပင် ဖြစ်လာဖွယ်ရှိသည် မဟုတ်ပေလော။

အဝေးမှ ခြေသံတချို့ကြားရသည်။ ဒဏ်ရာများပြင်းထန်သော ရီဖူရှင်းသည် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူသည် လက်ရှိအခြေအနေမှ သက်သာကောင်းမွန်ရန် အချိန်အတော်ကြာ အနားယူရန် လိုပေသည်။ သူ့အနေဖြင့် သေဆုံးဟန်ဆောင်ခြင်းက အကောင်းဆုံး ဖြစ်သည်။ သူ့ခန္ဓာကိုယ်က သဘာဝအလျောက် ဒဏ်ရာများကို ကုစားနိုင်ပေသည်။

မည်သို့ဆိုစေ သူသည် မည်သို့သောလူများနှင့် တွေ့ကြုံမည်ကို မသိနိုင်ပေ။

ခြေသံများ ပိုမိုနီးကပ်လာသည်။ ရီဖူရှင်းက သူ့အား လာရောက်စစ်ဆေးခိုင်းသော အမိန့်သံကိုလည်း ကြားရ၏။

တစ်စုံတစ်ယောက် သူ့အနီးကို ချဉ်းကပ်လာကြောင်း ရီဖူရှင်း သတိထားမိသည်။

လက်တစ်ချောင်းက သူ့ခန္ဓာကိုယ်အား လာရောက်ထိတွေ့သည်။ ထိုလူက သူ့အား သေချာစစ်ဆေးနေဟန်ရသည်။

“ဘယ်လိုလဲ...” တစ်ဘက်လူက ရီဖူရှင်း၏အခြေအနေကို မေးသည်။

ထိုလူက တစ်ဘက်လူအား သွားရောက်ဦးညွှတ်ကာ ပြောသည် “သခင်လေး... သူမကြာခင် သေတော့မယ့် အခြေအနေပါ။ ဒါပေမဲ့ အသက်နည်းနည်းတော့ ရှုနေသေးတယ်။ ကျုပ်တို့ သူ့ကို အရေးစိုက်စရာမလိုဘူး”

ရန်ဟောင်တန်ခိုးရှင်က သူ့အား တင်ပြနေသော အမျိုးသမီးအား ပြုံးလျှက်မေးသည် “သူ့တန်ခိုးအဆင့်...”

“သိပ်မသေချာဘူး” အမျိုးသမီးက ဖြေသည်။

“သွားကြည့်လိုက်...” သူက ဘေးမှ သက်လတ်ပိုင်းလူကြီးတစ်ယောက်ကို မေးသည်။ ထိုလူက ရီဖူရှင်းကို သွားရောက်စစ်ဆေးကာ ပြန်ဖြေသည် “သူက ရန်ဟောင်အဆင့်ပဲ။ တိတိကျကျပြောရရင် ဒုတိယအဆင့်ရန်ဟောင်ပဲ”

“ဒုတိယအဆင့်ရန်ဟောင်...” ရန်ဟောင်တန်ခိုးရှင်က ရေရွက်သည်။ ထို့နောက် သူက အမျိုးသမီးကို အမိန့်ပေးသည် “သူ့ကို ပြန်ခေါ်လာခဲ့...”

“ဟုတ်ကဲ့ သခင်လေး...” အမျိုးသမီးကား ရှန့်ထိုအဆင့်တွင်သာဖြစ်ကာ အမိန့်ကို လက်ခံရန် ဝန်လေးဟန်မရှိပေ။ သူမက ရီဖူရှင်းအနီးသို့ တဖန်ချဉ်းကပ်လာခဲ့ကာ သူ့အား မလျက် သယ်ဆောင်လာခဲ့သည်။

သူတို့သည် ကွင်းပြင်ကြီးအား ဖြတ်သန်းလာခဲ့ပြီးနောက် တောင်တန်းတစ်ခုအား မြင်လာရသည်။ ရှေးဟောင်းရဲတိုက်များသည် တောင်တန်းကြီးပေါ်၌ မြင့်မားစွာ ဆောက်လုပ်ထားကြသည်။

ဆင့်လောအိမ်တော်သည်ကား သည်နေရာတွင် ပင်မအင်အားစုတစ်ခုဖြစ်ကာ တောင်တန်းများကို အုပ်ချုပ်၏။

သူတို့သည် ဆင့်လောအိမ်တော်ဝင်းအထဲသို့ ဝင်လာခဲ့ကြကာ တောင်တန်းများပေါ်မှ ကျင့်ကြံခြင်းဘုံကျောင်းတစ်ခုသို့ ရောက်လာကြသည်။ လူစုခေါင်းဆောင်က ခေါင်းငုံ့ကာ ရီဖူရှင်းအား ကြည့်သည်။ သူက အေးစက်စါာ ပြောသည် “သူ့ကို ယို့အိမ်တော်သို့ ခေါ်သွားလိုက်”

အမျိုးသမီးသည် စက္ကန့်ပိုင်းမျှတုန်ယင်သွားသော်လည်း ပြန်လည်တည်ငြိမ်သွားကာ ခေါင်းညိတ်လိုက်သည်။ သူမသည် ဆင့်လောခြံဝင်းသို့ ရောက်ခဲ့သည်မှာ အချိန်ကြာမြင့်နေပြီးဖြစ်ရာ သည်နေရာနှင့်ပတ်သက်၍ အားလုံးကို သိနားလည်ပေသည်။ သူမက မည်သည့်အချိန်တွင် ပြောဆိုရမည်၊ မည်သည့်အချိန်တွင် ဆိတ်ဆိတ်နေရမည်ကို နားလည်၏။

သူမက ရီဖူရှင်းအား ကြည့်ကာ သက်ပြင်းချသည်။ သည်လူကား အလွန်ကံဆိုး၏။

ယို့အိမ်တော်ကား ဆင့်လောခြံဝင်းတွင် အလောင်းကောင်များကို သန့်စင်သောနေရာဖြစ်သည်။ ဆင့်လောခြံဝင်း၏သခင်လေးသည် ရီဖူရှင်းအား သူထိန်းချုပ်လိုသော အလောင်းကောင်အဖြစ် ဖန်တီးလိုသည်။

အမျိုးသမီးက ရီဖူရှင်းအား ယို့အိမ်တော်သို့ ခေါ်ဆောင်လာသည်။ သူမက ယို့အိမ်တော်သခင်နှင့်တွေ့လျှင် ပြောသည် “သခင်လေးက သူ့ကို အဆောင်သို့ ပို့လိုက်တယ်”

ယို့အိမ်တော်သခင်သည်ကား အန္တရာယ်ရှိသော သွေးနံ့များ ထွက်ပေါ်နေသည်။ သူက ရီဖူရှင်းအား တစ်ချက်ကြည့်သည်။ ရီဖူရှင်းသည် ပါရမီမြင့်သော လူငယ်တစ်ဦးဖြစ်ဟန်ရသည်။

ထိုအဖြစ်က သူ့အား ပိုမိုစိတ်ဝင်စားစေသည်။

“ကောင်းပြီ” ယို့အိမ်တော်သခင်က ခေါင်းညိတ်ကာ ပြောသည် “မင်းပဲ တာဝန်ယူလိုက်ပါ။ သူ့ကို အစီအရင်ထဲကို ပို့လိုက်”

“ဟုတ်ကဲ့...” အမျိုးသမီးက ဦးညွှတ်ကာ အမိန့်ကို လက်ခံသည်။ ကြည့်ရသည်မှာ သူမသည် ဆင့်လောအိမ်တော်၌ အဆင့်နိမ့်သူဖြစ်ဟန်ရသည်။ မည်သို့ဆိုစေ ဆင့်လောအိမ်တော်သည် ဒေသအတွင်း၌ ဂုဏ်သတင်းကြီးမားကာ အိမ်တော်သခင်သည် အဆင့်မြင့်ရန်ဟောင်တစ်ဦးဖြစ်၏။ ရှန့်ထိုအဆင့်မျှဖြင့် အိမ်တော်တွင် ကောင်းမွန်သော အဆင့်အတန်းမရနိုင်။

သူမက ရီဖူရှင်းအား အစောင့်များ စောင့်ကြပ်နေသော လှိုက်ဂူအဆောင်တစ်ခုသို့ ခေါ်လာသည်။ တောင်ကုန်းကား အတွင်း၌ အခေါင်းပေါက်ဖြစ်သည်။ အတွင်း၌ ပြင်းထန်သော သေဆုံးခြင်းအငွေ့အသက်များ လွှမ်းမိုးနေသည်။ တောင်အတွင်းပိုင်း၌ ကြောက်မက်ဖွယ် သေဆုံးခြင်းအစီအရင်တစ်ခုရှိသည်။ အနက်ရောင်စီးကြောင်းများ လှည့်ပတ်နေသာ မရေမတွက်နိုင်သော ချိန်းကြိုးများသည် လူအများအပြားအား ချုပ်နှောင်ထား၏။ ထိုလူများအားလုံးမှာ အသက်ရှိတော့ဟန်မတူတော့သော်လည်း လှုပ်ရှားနိုင်စွမ်းရှိကြ၏။ သူတို့အားလုံးမှာ သန့်စင်ပြီး အလောင်းကောင်များဖြစ်ကြသည်။

အမျိုးသမီးက ရီဖူရှင်းအား ကြည့်ကာ ပြောသည် “ရှင် ဘယ်လောက်အထိ ဟန်ဆောင်ဦးမှာလဲ”

ရီဖူရှင်းက မျက်လုံးဖွင့်ကာ သူ့ရှေ့မှ အမျိုးသမီးအား ကြည့်သည်။ သူမသည် အနည်းငယ်ကျားလျားသော ကိုယ်ခန္ဓာရှိပြီး အနက်ရောင် စူးရှရှမျက်လုံးများရှိသည်။ သူမ၏မျက်နှာကား လှပချောမွေ့၏။

သူမက ရီဖူရှင်းအား ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ကြည့်သည်။

ရီဖူရှင်းကား အလွန်ကံဆိုးနေမည်ဟု မထင်ထားပေ။ သူသည် သတိမေ့နေဟန်ဆောင်ခဲ့သော်လည်း သူ့အား ခေါ်ဆောင်လာခြင်းခံရသည်။ ထို့အပြင် သူ့အား ခေါ်လာသူများမှာ မကောင်းသော ရည်ရွယ်ချက်များရှိ၏။

သူက သူမ၏မျက်လုံးများကိုကြည့်သည်။ အမျိုးသမီးက ချက်ချင်းပင် သူ၏အကြည့်များကို ရှောင်ဖယ်သွား၏။

ရီဖူရှင်းက ဟန်ဆောင်နေခြင်းဖြစ်ကြောင်းသိသော်လည်း ထုတ်ပြောခဲ့ခြင်းမရှိပေ။ ဆိုလိုသည်က သူမသည် အမှန်တကယ် ဆန္ဒမပါဘဲ လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိသာစေသည်။

“မင်း ဘာလုပ်နေတာလဲ” ရီဖူရှင်းက သူမအား မေးသည်။

“ဒီနေရာက ဆင့်လောအိမ်တော်ရဲ့ အလောင်းကောင်သန့်စင်တဲ့နေရာပဲ။ ရှေ့က အစီအရင်ဟာ ရှင့်ကို အလောင်းကောင်အဖြစ် သန့်စင်ပေးလိမ့်မယ်။ ရှင့်မှာ နောက်ဆုံးပြောချင်တဲ့စကားရှိလား” သူမက သူ့အား မေးသည်။

“မင်း ငါ့ကို အသက်ရှင်ခွင့်ပေးလို့ရမလား”

အမျိုးသမီးက ခေါင်းယမ်းသည် “ကျွန်မမှာ ရွေးချယ်ခွင့်မရှိဘူး”

သူမက အမိန့်အား မလွန်ဆန်ရဲပေ။ မဟုတ်လျှင် သူမ အသတ်ခံရပေမည်။

သူမက ရီဖူရှင်းအား အစီအရင်အတွင်းသို့ ခေါ်ဆောင်လာသည်။ ရီဖူရှင်းက ပြန်လည်တွန်းလှန်ခြင်းမပြုပေ။

“ကျွန်မ စိတ်မကောင်းပါဘူး” အမျိုးသမီးက ရီဖူရှင်းကို ပြောသည်။ သူမ၏အသံမဆုံးခင်ပင် ရီဖူရှင်းသည် အစီအရင်ထဲကို ဝင်ရောက်သွားခဲ့သည်။

အစီအရင်သည် ချက်ချင်း အသက်ဝင်လာခဲ့ဟန်ရကာ သူ့အား သေဆုံးခြင်းအငွေ့အသက်များ ရစ်ပတ်လာခဲ့သည်။

ကောင်းကင်ဒေသသို့ ရောက်လာပြီး ပထမဆုံးတွေ့ကြုံရသည်က သူ့အား အလောင်းကောင်အဖြစ် သန့်စင်ခြင်းဟု ရီဖူရှင်း မထင်ထားပေ။

သူက မျက်လုံးများကို မှိတ်လိုက်ကာ သေဆုံးခြင်းအငွေ့အသက်များသူ့ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာသည်ကို ခွင့်ပြုလိုက်သည်။ ထိုစွမ်းအားများသည် သူ့သက်စောင့်ဟော်နန်းသို့အထိ ဝင်လာကာ သူနှင့်တသားတည်းဖြစ်လာ၏။ ရီဖူရှင်းသည် ထိုနေရာတွင်ပင် ငြိမ်သက်စွာ လဲလျောင်းနေသည်။

အမျိုးသမီးက ရီဖူရှင်းအား လှမ်းကြည့်ကာ သက်ပြင်းချသည်။ သူမလုပ်ဆောင်နေသည်က မကောင်းမှုမှန်းသိသော်လည်း သူမတွင် ငြင်းပယ်ခွင့်မရှိချေ။

သူမရှေ့မှ ရန်ဟောင်သည် ချောမောခန့်ညား၏။ သူသည် အသက်ရှင်စဉ်က ထူးခြားသောသူဖြစ်ရပေမည်။ သို့တိုင်အောင် သူသည် ကံဆိုးမှုကို မရှောင်လွှားနိုင်ခဲ့။

***

All Chapters