← Chapters

ဝူတန့်ရှန်၏ စိန်ခေါ်မှု

Vol. 8 Ch. 727

ဝူတန့်ရှန်၏ စိန်ခေါ်မှု

Vol. 8 Ch. 727

“ဟူး ... ဟူး …”

ကောင်းကင်ထက်၌ နန်းတော်တစ်ခု ပေါ်ထွက် လာ၏။ ထိုနန်းတော်ထဲတွင်မူ များစွာသော အစေခံ အဝတ်အစားဝတ် လူများ အလုပ်ရှုပ် နေကြသည်။

“ယွင်ထျန်း နန်းတော်က တကယ်ပဲ ခွန်ရှု့ နယ်မြေရဲ့ နံပတ်တစ်ဂိုဏ်း ပီသပါပေတယ် ... သူတို့က လူငယ်မျိုးဆက်ကိုတောင် ဖေးယွင် နန်းတော်ကို အသုံးပြုခွင့် ပေးထားတာပဲ ... အဲဒါက မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် ခုခံနိုင်စွမ်း ရှိတယ် တဲ့”

အချို့က အားကျ လေးစားစွာဖြင့် ပြောဆိုကြ၏။

လီဝမ်ချန်း၊ ကျိထျန်းယု၊ ပိုင်စုရှင်း အားလုံးက နန်းတော် အတွင်းမှ ပုဂ္ဂိုလ်ကို လှမ်းကြည့် နေကြသည်။

ဖေးယွင် နန်းတော်၏ ပလ္လင် အထက်တွင်မူ …

နဂါးကိုးကောင်ဖြင့် ရေးခြယ်ထားသော အင်ပါယာ ဝတ်စုံဝတ် လူငယ်တစ်ယောက် မတ်တတ် ရပ်နေခဲ့၏။ သူ၏ ဦးခေါင်းထက်တွင် ရွှေရောင် သရဖူ တစ်ခုကို ဝတ်ဆင်ထားသည်။

ကောင်းကင်သားတော် …

သူကား ခွန်ရှု့ နယ်မြေ၏ လူငယ် မျိုးဆက် ထိပ်တန်း ကျင့်ကြံသူ ဖြစ်သည်။ ကောလာဟလများ အရဆိုလျှင် လူငယ် မျိုးဆက်၌ သူ၏ ခွန်အား ၈၅ ရာခိုင်နှုန်းကို ထုတ်အောင် ဖိအားပေးနိုင်သူ မရှိ ဟူ၏။

“ဟူး ... ဟူး …”

ဖေးယွင် နန်းတော်သည် မြေပြင်သို့ ဆင်းသက်ခြင်း မပြုဘဲ လမ့်တိုင် တောင်၏ အထက်တွင်သာ တည်သည်။ ထို့နောက် တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာ၏။

“အားလုံးပဲ ... ဒီမှာ လာစုကြပါ”

“ကောင်းပြီလေ ... မင်း တကယ် ပြိုင်ဘက် ကင်းသလား ကြည့်ရသေးတာပေါ့”

ကျိထျန်းယုက အော်ဟစ် ရယ်မော လိုက်သည်။ ထို့နောက် သူ၏ ကျောတွင် မီးအတောင် တစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်သို့ ပျံတက်၍ လမ့်တိုင် တောင်ပေါ်သို့ ဆင်းသက်၏။

“အောမိသောဖော …”

လီဝမ်ချန်းကလည်း ခြေတစ်လှမ်းဖြင့် လမ့်တိုင် တောင်ထက်သို့ လှမ်းတက်သည်။

“ဒီမှာနေခဲ့ ကလေးတို့ ... မကြာခင် ငါ ပြန်လာခဲ့မယ်”

ဝူတန့်ရှန်းက သူ၏ နောက်လိုက်များကို မှားကြား၍ လမ့်တိုင် တောင်ထိပ်သို့ ပျံတက် သွားသည်။

မကြာခင်မှာပင် နာမည်ကြီး လူငယ် တန်ခိုးရှင် အများစုမှာ တောင်ထိပ် ရှိရာသို့ ရောက်ရှိ သွားကြ၏။ ပရိသတ်များမှာမူ တောင်ထိပ်သို့ တက်ခွင့် မရှိချေ။ တောင်အောက်မှသာ စောင့်ကြည့်နိုင်၏။

“တန်ခိုးရှင် ဆရာချန်း ... ကျွန်မတို့ ပြန်ကြရအောင်လေ ... ပွဲပြီးတဲ့ အထိ နေရင် ဝူတန့်ရှန်းက ပြဿနာ ရှာလိမ့်မယ်”

ချီရှို့အာက ချန်းဖန်၏ လက်ကို ဆွဲရင်း ပြောလိုက်သည်။

“သွားချင်တယ် ဆိုရင်တောင် သွားလို့ မရတော့ဘူး …”

ချန်းဖန်က ခေါင်းအား ခါလိုက်၏။

“ဘာလို့လဲ …”

ချီရှို့အာက မေးရင်း ဘေးသို့ အကဲခတ် လိုက်ရာ မလှမ်းမကမ်းမှ သူတို့ကို စောင့်ကြည့်နေသော ဝူတန့်ရှန်း၏ လူများအား တွေ့လိုက်ရသည်။

“ဘာမှ မကြောက်နဲ့ ... ဝူတန့်ရှန်းမှာ ငါ့ကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းအား ရှိသလား ဆိုတာ စောင့်ကြည့်လိုက်ဦးမယ်”

ချန်းဖန်က ပြုံးရင်း ချီရှို့အာ၏ လက်အား ကိုင်လိုက်သည်။

“အရူးမလေး ... နင် လမ့်တိုင် ညီလာခံကို ကြည့်ချင်တယ်လို့ ပြောတယ် မလား ... ငါ ခေါ်သွားပေးမယ်”

ထို့နောက် ချန်းဖန်က ချီရှို့အာ၏ လက်ကို ကိုင်ကာ လမ့်တိုင် တောင်ထိပ်သို့ ပျံတက် လိုက်သည်။

ဘေးနားရှိ လူများသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားကြ၏။

သူတို့သည် အလွန် ငယ်ရွယ်သော လူငယ်လေး တစ်ယောက်က တန်ခိုးရှင် အဆင့် ဖြစ်နေမည်ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။ ထိုသို့သော ပါရမီမျိုးက ဂိုဏ်းကြီးများ၏ အဓိက တပည့်များနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ကောင်းကင်မိုးကြိုးဂိုဏ်း၏ တပည့်များ ပင်လျှင် မျက်မှောင်ကြုတ် သွားကြ၏။

“မင်းက တန်ခိုးရှင် တစ်ယောက် ဖြစ်တော့ရော ဘာအရေးလဲ ... အစ်ကိုကြီးဝူက တန်ခိုးရှင် အဆင့်တစ်ယောက် အနိုင်ယူနိုင်တဲ့ ပုဂ္ဂိုလ် မဟုတ်ဘူး”

“သူက ဘယ်သူလဲ …”

တစ်ချိန်တည်းမှာပင် တောင်ပိုင်းနိုင်ငံ၏ မင်းသမီးလေးသည် ချန်းဖန်အား စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့၏။ ချန်းဖန်၏ အလွန် ချောမောသော ရုပ်ရည်က မင်းသမီးလေး၏ သိလိုစိတ်ကို နှိုးဆွခဲ့ပုံ ပေါ်သည်။

“သူက အမတေ ပေါင်းစည်းခြင်း ဂိုဏ်းက ချီချင်းဝေ့နဲ့ အတူ လာတာ ... ငါ ကြားရသလောက်ဆို သူက ဝူတန့်ရှန် နဲ့ ပြဿနာ ဖြစ်ခဲ့သေးတယ်တဲ့”

ကျိထျန်းယုက ဖြေလိုက်သည်။

“နှမြောစရာပဲ ... သူ ဘယ်လောက် ချောချော ဝူတန့်ရှန်က သူ့ကို ချမ်းသာပေးမယ် မထင်ဘူး”

တောင်ပိုင်းနိုင်ငံ၏ မင်းသမီးလေးက သက်ပြင်း တစ်ချက် ချလိုက်သည်။

“ရှို့အာ ... ဒီကိုလာ”

တောင်ထိပ်သို့ ရောက်ရှိလာသော ချန်းဖန်တို့အား တွေ့သည်နှင့် ချီချင်းဝေ့က မျက်မှောင်ကြုတ်ရင်း ခေါ်လိုက်သည်။

ချီရှို့အာသည် အနည်းငယ် တုံ့ဆိုင်း နေသော်လည်း အဆုံး၌ အစ်မဖြစ်သူ၏ စကားကို နားထောင်ခဲ့၏။

ချန်းဖန်က တောင်ထိပ်တွင် ရပ်ရင်း နှင်းနတ်ဘုရား နန်းတော် ရှိရာသို့ လှမ်းကြည့် လိုက်၏။ သို့သော်လည်း လုယန်ရွယ်ကို မတွေ့ရချေ။

ထို့နောက် ချန်းဖန်သည် ထောင့်တစ်နေရာတွင် တင်ပျဉ်ချိတ်ရင်း ထိုင်ချလိုက်သည်။ ညီလာခံ ပြီးသည်နှင့် သူသည် နှင်းနတ်ဘုရား နန်းတော်ထံတွင် လုယန်ရွယ် အကြောင်း စုံစမ်းရန် ဆုံးဖြတ်ထား၏။

“ရှို့အာ ... ဘာလို့ ဒီကို လိုက်လာတာလဲ”

ချီချင်းဝေ့က ချီရှို့အာကို မေးလိုက်သည်။

လမ့်တိုင် ညီလာခံတွင် စည်းမျဉ်းတစ်ခု ရှိ၏။ ထိုစည်းမျဉ်းကား တောင်ထိပ်သို့ ရောက်လာသူတိုင်းကို  ယှဉ်ပြိုင်သူ တစ်ယောက် အဖြစ် သတ်မှတ်ကာ မည်သူ မဆို စိန်ခေါ်ခွင့် ရှိခြင်းပင်။

ထို့ကြောင့်ပင် ချီချင်းဝေ့သည် ချီရှို့အာကို သူမနှင့် အတူ ခေါ်မလာခဲ့ခြင်း ဖြစ်သည်။

“ငါမသိဘူးလေ ... တန်ခိုးရှင် ဆရာချန်းက ငါ့ကို သူနဲ့အတူ ခေါ်လာတာ”

ချီရှို့အာက ပြန်လည် ဖြေလိုက်၏။

“ဟမ့် ... ကောင်စုတ်လေး ... ဝူတန့်ရှန်က စိန်ခေါ်ရင် နင် ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့”

ချီချင်းဝေ့က နှာခေါင်းရှုံ့ရင်း ချီရှို့အာကို သူမ နောက်သို့ ဆွဲပို့ လိုက်သည်။

“ငါ့နောက်မှာနေ ... အဲဒါဆို ရှို့အာကို ဘယ်သူမှ စိန်ခေါ်မှာ မဟုတ်တော့ဘူး”

“အင်း …”

ချီရှို့အာက အမိန့် နာခံစွာဖြင့် ငြိမ်သက်စွာပင် ထိုင်နေလိုက်သည်။

“ဘုန်း ... ဘုန်း ... ဘုန်း …”

ထိုအချိန်မှာပင် လမ့်တိုင် တောင်တန်း၏ တောင်ထိပ် ရှစ်ခုသို့ အလင်းတန်းများ ဆင်းသက်လာ၏။

ထိုအလင်းတန်းများအား မြင်သည်နှင့် တောင်ခြေရှိ ကြည့်နေသူများ အပါအဝင် လူတိုင်း ဆွံ့အ သွားကြ၏။ မည်သူမျှ စကား မပြောရဲကြချေ။

မြေကမ္ဘာ နတ်ဘုရားများ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။

အလင်းများ ပျောက်ကွယ် သွားသည်နှင့် မြင့်မြတ်သော ပုံရိပ် ခုနစ်ခု ပေါ်လာ၏။ သူတို့ကား ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ မြေကမ္ဘာ နတ်ဘုရား ခုနစ်ယောက်နှင့် ဖန်ရှင်း တောင်ကြား ကျိမိသားစုမှ တစ်ယောက်တို့ ဖြစ်သည်။

“လမ့်တိုင် ညီလာခံ စပါပြီ …”

မြေကမ္ဘာ အဆင့်များ ရောက်ရှိ လာပြီးနောက် ကောင်းကင်သားတော်က ထိုင်ရာမှ ထကာ ဆိုလိုက်၏။

“လူတိုင်းပဲ ကိုယ် ကြိုက်နှစ်သက်ရာကို ရွေးပြီး စိန်ခေါ်နိုင်ပါတယ် ... တကယ်လို့ ဆန္ဒ ရှိမယ် ဆိုရင် ကျုပ်ကိုပါ စိန်ခေါ်လို့ ရပါတယ်”

“ဟားဟား ... မင်းက ပြိုင်ဘက်ကင်းပဲ ... ဘယ်သူက မင်းကို စိန်ခေါ်ရဲမှာလဲ”

ကျောင်းယုလုံက ရယ်မောရင်း ဆိုလိုက်သည်။

အားလုံးက ခေါင်းညိတ် လိုက်ကြ၏။ လမ့်တိုင် ညီလာခံ၌ အစွမ်း အထက်ဆုံး လူမှာ နောက်ဆုံးမှ စိန်ခေါ်ခံရတတ်သည်။

“ငါ အရင် သွားလိုက်မယ် …”

တောင်ပိုင်းနိုင်ငံ မင်းသမီးလေးက ထိုင်ရာမှ ထကာ နှင်းနတ်ဘုရား နန်းတော်ဘက်သို့ ကြည့်လိုက်၏။

“ငါ နှင်းနတ်ဘုရား နန်းတော်ရဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေကို လေ့လာချင်ပါတယ်”

ပိုင်စုရှင်းက ဘာမှ ပြန်မပြောပဲ ထိုင်ရာမှ ထကာ စင်မြင့်ပေါ်သို့ တက်လိုက်သည်။

သူတို့ နှစ်ယောက် စလုံးကား အလွန် လှပသော မိန်းကလေးများ ဖြစ်သည့်အပြင် ပါရမီမှာလည်း ပြိုင်စံရှား ကြ၏။ ထို့ကြောင့် ပထမဆုံး တိုက်ပွဲမှာ လူအများကို အာရုံကို ဖမ်းစားသွား၏။

“ဘုန်း ... ဘုန်း …”

တိုက်ပွဲကား စတင်ခဲ့ပြီ ဖြစ်သည်။

တောင်ပိုင်းနိုင်င်ငံ၏ မင်းသမီးလေးသည် အလယ်ဆင့် ဝိညာဉ်လက်နက် ဖြစ်သော ရွှေရောင် ကွင်းလက်နက် တစ်စုံကို အသုံးပြုကာ တိုက်ခိုက်၏။ အခြား တစ်ဖက်၌ ပိုင်စုရှင်းကမူ ကောင်းကင် ရေခဲ အလင်းကို အသုံးပြုသည်။

“ဘုန်း …”

ထိုတိုက်ပွဲ၌ ပိုင်စုရှင်းက တောင်ပိုင်းနိုင်ငံ မင်းသမီးလေး၏ ရွှေရောင် ကွင်းလက်နက်ကို လွင့်စဉ်အောင် ပြုလုပ်ကာ အနိုင်ယူ နိုင်ခဲ့သည်။

ထို့နောက် အခြား လူငယ်များက ဆက်လက် စိန်ခေါ်ကာ တိုက်ခိုက်ကြ၏။ ထိုတိုက်ပွဲများ၌ လီဝမ်ချန်း၊ ချီချင်းဝေ့၊ ကျောင်းယုလုံတို့သည် သူတို့၏ ပြိုင်ဘက်များကို သုံးလေးကွက် အတွင်းပင် အနိုင်ယူပြခဲ့၏။

မြေကမ္ဘာ အဆင့်များသည် တိတ်တဆိတ်ပင် လူငယ်များ၏ တိုက်ပွဲကို ကြည့်နေကြသည်။ မြေကမ္ဘာ အဆင့် တစ်ယောက်က ဆိုလိုက်၏။

“ခွန်ရှု့နယ်မြေမှာ ပါရမီရှင်တွေ အများကြီး ရှိတယ် ဆိုပေမဲ့ ... ဂိုဏ်းကြီး ခုနစ်ဂိုဏ်းနဲ့ ဖန်ရှင်း တောင်ကြားက လူတွေကိုတော့ ဘယ်သူမှ မယှဉ်နိုင်ကြဘူးပဲ”

လျှို့ဝှက် အဇူရာဂိုဏ်းမှ မြေကမ္ဘာ အဆင့်က ခေါင်းညိတ်လိုက်သည်။

“ဘယ်လောက်ပဲ ပါရမီရှိရှိ ဂိုဏ်းကြီးတွေကပဲ တပည့်တွေကို လျှို့ဝှက် ကျင့်စဉ်တွေ ဓမ္မရတနာတွေ ပေးကမ်းနိုင်တာလေ ... ရွှမ်လော့ ထျန်းမင်ကျီနဲ့ ချမ်ရဲ့ရွှယ်တို့ သေမျိုး ကမ္ဘာမှာ သေသွားတာ နှမြောစရာပဲ ... မဟုတ်ရင် သူတို့က ကောင်းကင်သားတော်ကို ခက်ခဲစေမှာ သေချာတယ် ... လီဝမ်ချန်းတို့က သူတို့နဲ့ ယှဉ်ရင် ကလေး သာသာပဲ ရှိတာ”

တရှီဂိုဏ်း၏ မြေကမ္ဘာ နတ်ဘုရားက ရုတ်ရက် မေးလိုက်၏။

“ဒါနဲ့ ... အဖြူရောင် နတ်သမီး ... နှင်းနတ်ဘုရား နန်းတော်က သေမျိုး ကမ္ဘာကနေ မိန်းကလေး တစ်ယောက် ခေါ်လာသေးတယ်ဆို ... အဲဒါ အမှန်ပဲလား”

“ဟုတ်တယ် …”

အဖြူရောင် နတ်သမီးက ခေါင်းညိတ် လိုက်သည်။

ယွင်ထျန်း နန်းတော်မှ မြေကမ္ဘာ နတ်ဘုရားက သက်ပြင်းချရင်း ဝင်ရောက် ပြောလိုက်၏။

“သေမျိုး ကမ္ဘာက အန္တရာယ်များပြီး မခန့်မှန်းနိုင်တဲ့ နေရာပဲ ... မြေကမ္ဘာ နတ်ဘုရား ဟန်ရှီတောင် အဲဒီမှာ သေသွားပြီ ... အခုဆိုရင် ဂိုဏ်းခေါင်းဆောင် ခုနစ်ယောက်က လျှို့ဝှက် ရတနာ တစ်ခု သုံးပြီး တစ်စုံတစ်ယောက်ကို သေမျိုး ကမ္ဘာဆီ လွှတ်ဖို့ ဆုံးဖြတ် ပြီးပြီ ... နောက်ပြီး သေမျိုးကမ္ဘာ အကြောင်း နားလည်ဖို့ ဆိုရင် နှင်းနတ်ဘုရား နန်းတော်က လူသားရဲ့ ဝိညာဉ်ကို ရှာဖွေဖို့ လိုလိမ့်မယ်”

“အင်း …”

အဖြူရောင် နတ်သမီးက ခေါင်းညိတ်လိုက်၏။

ခွန်ရှု့နယ်မြေ၏ လုံခြုံရေးနှင့် ယှဉ်ပါက လုယန်ရွယ်မှာ ဘာမှ မဟုတ်ချေ။

ဝိညာဉ် ရှာဖွေခြင်း၏ အကျိုးဆက်များကို တွေးပြီးနောက် အဖြူရောင် နတ်သမီးမှာ မိန်းကလေးအတွက် အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိ၏။

“ဘုန်း ... ဘုန်း ... ဘုန်း …”

တစ်ချိန်တည်းမှာပင် လမ့်တိုင် တောင်ထိပ်၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၏။

ကောင်းကင်သားတော်သည် ဆိတ်ငြိမ်စွာပင် တိုက်ပွဲကို ကြည့်နေခဲ့သည်။ သူသည် ယခုအထိ တိုက်ပွဲ တစ်ပွဲမျှ မတိုက်ရသေးချေ။

သို့သော်လည်း သူ့အပြင် တိုက်ပွဲ တစ်ပွဲမျှ မတိုက်ရသေးသည့် လူနှစ်ယောက် ရှိ၏။ သူတို့ကား ချန်းဖန်နှင့် ချီရှို့အာတို့ပင်။

အဆုံး၌ ဝူတန့်ရှန်းသည် မျက်မှောင်ကြုတ်ရင်း ထောင့် တစ်နေရာ၌ ငြိမ်သက်စွာ မျက်လုံးမှိတ် ထိုင်နေသော ချန်းဖန်အား ကြည့်လိုက်သည်။

“ချန်းပေ့ရွှမ်း ... ငါ မင်းကို စိန်ခေါ်တယ်”

***

All Chapters