← Chapters

မူလ အဆင့်သို့ နောက်တစ်ကြိမ် ပြန်လည် တက်လှမ်းခြင်း

Vol. 8 Ch. 732

မူလ အဆင့်သို့ နောက်တစ်ကြိမ် ပြန်လည် တက်လှမ်းခြင်း

Vol. 8 Ch. 732

ဓားအမတေ ပိုးမျှင် ...

ထိုအရာကား အဆုံးမဲ့သော ကျင့်ကြံခြင်း လောက၏ ပြိုင်ဘက်ကင်း ဓားကျင့်စဉ် တစ်ခု ဖြစ်သည်။

ကောင်းကင် သားတော် မြေကမ္ဘာ နတ်ဘုရား ဖြစ်လျှင်ရော ဘာအရေးနည်း။ သူက နိမ့်ကျသော မြေကမ္ဘာ အဆင့်လေးသာ ဖြစ်သည်။ ဓားအမတေ ပိုးမျှင် အတွက် ၎င်းအား ထက်ဝက် ပိုင်းဖြတ်ရန် က မခက်ခဲလှချေ။

"အား ... "

ကောင်းကင် သားတော်က နာကျင်စွာ အော်ဟစ်ရင်း သူ၏ ခန္ဓာကိုယ် နှစ်ပိုင်းကို ပြန်လည် ဆက်လိုက်သည်။

မြေကမ္ဘာ နတ်ဘုရားများ၏ ခန္ဓာကိုယ်မှာ သေမျိုးများနှင့် လုံးဝ ကွာခြား၏။ သူတို့ အတွက် ခန္ဓာကိုယ် နှစ်ပိုင်းဖြတ် ခံရခြင်းမှာ ပြန်လည် ကုစား၍ ရသော ဒဏ်ရာ တစ်ခုသာ ဖြစ်သည်။

"ချန်းပေ့ရွှမ်း ...  ငါ မင်းကို သတ်မယ်"

အော်ဟစ်သံနှင့် အတူ ကောင်းကင် သားတော်၏ မျက်လုံးများက အဖြူရောင် အသွင် ပြောင်းလဲသွား၏။ ထိုမျက်လုံး၌ ချန်းဖန်၏ အရိပ်သည် ပေါ်လာခဲ့ပြီး ထိုအရိပ်အား သူက ထိန်းချုပ်သည်။

"အဲဒါက အချိန် မျက်လုံးပဲ ...  ကောင်းကင် သားတော်က သူ့ရဲ့ နတ်ဘုရား စွမ်းအားကို ထုတ်သုံးနေပြီ"

ပိုင်စုရှင်း၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ခရက် ... "

ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ်သည် အေးခဲကာ လေးလံ သွား၏။ သူ၏ နံဘေးတွင် စီးဆင်းနေသော အချိန်ကား ဟန့်တား ခံလိုက်ရပုံ ပေါ်သည်။

"ဟမ့် ... "

ကောင်းကင် သားတော်က တစ်ချက် ပြုံးလိုက်၏။ အချိန်မျက်လုံး နတ်ဘုရား စွမ်းအား မည်မျှ အစွမ်းထက်ကြောင်း သူ ကောင်းစွာ သိသည်။ သူသည် ထိုနတ်ဘုရား စွမ်းအားကို သုံး၍ အလွန် အစွမ်းထက်သော မြေကမ္ဘာ နတ်ဘုရား တစ်ယောက်၏ တိုက်ခိုက်မှုကို ဆယ်ကြိမ် အထိ တောင့်ခံ နိုင်ခဲ့သည်။

"ငါ မင်းကို ဘယ်လို သတ်လဲ ဆိုတာ ကြည့်နေလိုက် ... "

ကောင်းကင် သားတော်က နှာခေါင်းရှုံ့ရင်း ထိပ်ဆုံး အဆင့် ဝိညာဉ်လက်နက် ဓားပျံ တစ်ခုကို ထုတ်ယူလိုက်၏။ မြေကမ္ဘာ နတ်ဘုရားများက ခေါင်းများအား ခါယမ်း လိုက်ကြ၏။ ထိုကောင်လေးကား မည်မျှပင် ပါရမီ ပါစေကာမူ သေမည်မှာ ကျိန်းသေနေပြီ မဟုတ်ပါလား။

"သေလိုက်တော့ ... "

ဓားပျံက ပြင်းစွာသော အဟုန်ဖြင့် ချန်းဖန်ထံ တိုးဝင်လာ၏။

"ခရက် ... "

ရုတ်တရက် ချန်းဖန်၏ လက် တစ်ဖက်က လှုပ်ရှားလာကာ ထိုဓားပျံအား ဖမ်းဆီး လိုက်သည်။

"ဘယ်လို ...  ဖြစ်နိုင်မှာလဲ"

ကောင်းကင် သားတော်၏ မျက်လုံး၌ မယုံကြည်နိုင်ခြင်း များစွာ ဖြတ်ပြေး သွားသည်။

သူက အချိန်၏ ထောင်ချောက် အတွင်း ကျရောက်နေသည် မဟုတ်လော။ မည်ကဲ့သို့ ရုန်းထွက် နိုင်ခဲ့သနည်း။

"ဒီလောက် အကွက်လေးနဲ့ ငါ့ကို နိုင်ချင် နေတာလား ... "

ချန်းဖန်က ဓားအား ချိုးရင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။ ထိုတစ်လှမ်းတွင်ပင် ချန်းဖန်၏ ခန္ဓာကိုယ်က မူလ နေရာမှ ကွယ်ပျောက်ကာ ကောင်းကင် သားတော်၏ အနီးသို့ ရောက်လေ၏။

"ရပ်စမ်း ... "

ကျယ်လောင်သော အော်ဟစ်သံ တစ်ခု ပျံ့လွင့်လာသော်လည်း ချန်းဖန်က ထိုအရာကို ဂရုစိုက်ခြင်း မရှိချေ။

"ဘုန်း ... "

သူက ကောင်းကင် သားတော်၏ ဦးခေါင်းကို ခြေထောက်ဖြင့် နင်း၍ ခြေမွှကာ လွတ်မြောက်ရန် ကြိုးစားနေသော နတ်ဘုရား စိတ်အာရုံကိုပါ ဖျက်ဆီးလိုက်၏။

"ရှင် ...  ကောင်းကင် သားတော်ကို သတ်ပစ်လိုက်တယ်"

ချီချင်းဝေ့က တုန်ရီသော လက်အားများ တည်ငြိမ်အောင် ထိန်းရင်း ချန်းဖန်အား ကြည့်လိုက်သည်။ ပိုင်စုရှင်းနှင့် တောင်ပိုင်းနိုင်ငံ မင်းသမီးလေးမှာလည်း လုံးဝ ဆွံ့အ နေကြ၏။ ထိုအရာကား ကောင်းကင် သားတော် ဖြစ်သည်။ ယွင်ထျန်း နန်းတော်၏ အနာဂတ် ခေါင်းဆောင် ဖြစ်သည်။ ထိုသို့သော အရေးတကြီး ပုဂ္ဂိုလ်ကို များစွာသော မြေကမ္ဘာ အဆင့်များ၏ အရှေ့၌ သတ်ဖြတ်ပစ်ခြင်း ... ထိုအရာကား အမှန်ပင် မောက်မာ ရဲတင်း လွန်းလှ၏။

"ငါ့အဖေတောင် အဲလို မလုပ်ရဲဘူး ... "

တောင်ပိုင်း နိုင်ငံ မင်းသမီးလေးက ဖြူရော်စွာ ပြုံးလိုက်သည်။

"ဘုန်း ... "

ရုတ်ချည်းပင် လမ့်တိုင် တောင်ထိပ် တစ်ခုလုံးသို့ ကြီးမားသော ဖိအားနှင့် အတူ အလင်းတန်း တစ်ခု ကျရောက်လာ၏။

"ငါတို့ ယွင်ထျန်း နန်းတော်ရဲ့ မင်းသားကိုတောင် သတ်ရဲတယ်ပေါ့ ...   ခွေးကာင် ...  မင်း သေရမယ်"

ကျင့်ကြံသူ လမ့်ရှောင်၏ ဒေါသများကား ဒေါသနဂါးမြစ် အတွင်းရှိ မြစ်ရေများ ထက်ပင် ပိုမို၍ ကြီးမား နေခဲ့ပြီ ဖြစ်သည်။ ထိုအရာကား နောင်ရာစုနှစ် ငါးခု အတွင်း ယွင်ထျန်း နန်းတော်ကို အုပ်ချုပ်မည့် ဧကရာဇ် ဖြစ်သည်။ သူ မရှိပဲ ယွင်ထျန်း နန်းတော်က လျှို့ဝှက် အဇူရာ ဂိုဏ်းကို မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်တော့ မည်နည်း။

"မင်းက လာဖြစ်နေတာလဲ ...  သူ့လိုပဲ သေချင်လို့လား"

ချန်းဖန်က ကျင့်ကြံသူ လမ့်ရှောင်အား အေးစက်စွာဖြင့် လှမ်းကြည့် လိုက်သည်။ သူ၏ အမူအရာကား အလွန်တရာ နားငြီးနေပုံ ရ၏။

"ငါ ဒီနေ့ မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်ပြီး မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီး ပစ်မယ်"

ကျင့်ကြံသူ လမ့်ရှောင်က သူ၏ အလယ်ဆင့် မြေကမ္ဘာ စွမ်းအားများကို ဆင့်ခေါ် လိုက်သည်။

"ငါ့ကိုလည်း ချန်မထားနဲ့ဦး ... "

အသံနှင့် အတူ ခရမ်းရောင် မီးတောက်များ ဝန်းရံနေသည့် ပုံရိပ်တစ်ခု ကျရောက် လာပြန်၏။ သူကား ဖန်ရှင်းတောင်ကြားမှ မြေကမ္ဘာ နတ်ဘုရား အေးခဲမီးတောက်ပင် ဖြစ်သည်။

"ချန်းပေ့ရွှမ်း ...  မင်း ဒီနေ့ အသက်ရှင်ဖို့ မမျှော်လင့်နဲ့တော့"

ဝှစ် ...  ဝှစ် ...  ဝှစ် ...

ထို့နောက် အခြား မြေကမ္ဘာ အဆင့် လေးယောက်မှာလည်း မဆိုင်းမတွပင် လမ့်တိုင် တောင်ထိပ်သို့ ပျံသန်း ရောက်ရှိ လာသည်။

"ယွင်ထျန်း နန်းတော် ... "

"လျှို့ဝှက် အဇူရာဂိုဏ်း ... "

"မိုးကြိုးတောင် ... "

"တရှီဂိုဏ်း ... "

"ကောင်းကင် မိုးကြိုးဂိုဏ်း ... "

"ဖန်ရှင်းတောင်ကြား ... "

များစွာသော လူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့် သွားမိကြ၏။ ထိုခြောက်ယောက် စလုံးကား အလယ်ဆင့် မြေကမ္ဘာ နတ်ဘုရားများ ဖြစ်ကြသည်။ သူတို့ ပေါင်းစပ်ထားသော အင်အားက ဂိုဏ်းကြီး တစ်ဂိုဏ်းကိုပင် ယှဉ်နိုင်၏။

"သူ့ရဲ့ ပါရမီက နှမြော စရာပဲ ... "

အဖြူရောင် နတ်သမီးက အဝေးမှ ကြည့်ရင်း ခပ်တိုးတိုး ရေရွတ် လိုက်သည်။ အမတေ ရောနှောခြင်း ဂိုဏ်း၏ မြေကမ္ဘာ နတ်ဘုရားကမူ ငြိမ်သက်စွာပင် စောင့်ကြည့် နေခဲ့၏။

"တိုက်ခိုက်ကြမယ် ... "

ကျင့်ကြံသူ လင်းရှောင်က အော်ဟစ်ရင်း စတင် တိုက်ခိုက် လိုက်သည်။

"ဘုန်း ... "

ကြီးမားသည့် နဂါးကြီး တစ်ကောင် ကောင်းကင်၌ ဖြစ်ပေါ်လာကာ ချန်းဖန်အား လက်သည်းဖြင့် ကုတ်ခြစ် လိုက်၏။ ကျင့်ကြံသူ လမ့်တိုင်ကား နှစ်သုံးရာ တိုင်တိုင် ကျင့်ကြံခဲ့သည့် မူလ အလယ်ဆင့် တစ်ယောက် ဖြစ်ရာ သူ၏ တိုက်ခိုက်မှုက ကောင်းကင် သားတော်၏ တိုက်ခိုက်မှုထက် ပိုမို၍ အစွမ်းထက်၏။

"ပျက်စီးစမ်း ... "

ချန်းဖန်က သူ၏ လက်သီးကို ဆုပ်၍ နဂါး လက်သည်း တိုက်ခိုက်မှုကို ရိုက်တိုင်ပင် ထိုးချ လိုက်၏။

"ဘုန်း ..."

သို့သော်လည်း သူ၏ ဒဏ်ရာများကား အလုံးစုံ ပြန်လည် ကောင်းမွန်ခြင်း မရှိသေးရာ နောက်သို့သာ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။

"သေလိုက်တော့ ... "

ကျင့်ကြံသူ အေးခဲ မီးတောက်က ထိုအချင်းအရာကို အခွင့်အရေး ယူကာ တိုက်ခိုက်လိုက်၏။

"ဘုန်း ... "

ကောင်းကင်၌ အပြာရောင် မီးငှက် တစ်ကောင် ဖြစ်ပေါ်လာကာ ချန်းဖန်ထံသို့ တိုးဝင်သည်။ ထိုမီးငှက်ထံမှ မည်သည့် အပူချိန်မျှ ထွက်ပေါ်နေခြင်း မရှိသည့်တိုင် ချန်းဖန်၏ အမူအရာက လေးနက် သွား၏။

"မဟုတ်မှ လွဲရော အဲဒါက ဖန်ရှင်း တောင်ကြားရဲ့ အေးခဲ ဝိညာဉ် မီးတောက် ဖြစ်ရမယ် ...  အဲဒီ မီးတောက်က မြေကမ္ဘာ အဆင့်ကိုတောင် ရေခဲတုံး ဖြစ်အောင် ပြောင်းပစ် နိုင်တယ်တဲ့"

ပိုင်စုရှင်းက ထိတ်လန့်တကြား ရေရွတ် လိုက်သည်။

"သွားစမ်း ... "

ချန်းဖန်က လီရွှေရောင် မီးတောက် မျက်လုံးအား အသက်သွင်း လိုက်သည်။ သို့သော်လည်း လီရွှေရောင် မီးတောက်သည် အေးခဲ ဝိညာဉ် မီးတောက်ကို ယှဉ်နိုင်ခြင်း မရှိရာ ချန်းဖန်မှာ နောက်သို့သာ ဆုတ် နေရ၏။

"ငါ့အလှည့် ရောက်ပြီ ... "

ကျင့်ကြံသူ ကျေးမုတ်ဆိတ်က အားတက် သရော ဆိုလိုက်သည်။ သူသည် ထိုအခွင့်အရေးကို အချိန် ကြာမြင့်စွာ စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။ သူက ချက်ချင်းပင် ကြီးမားသော တူကြီး တစ်ခုကို ထုတ်ယူကာ ချန်းဖန်ထံ ပစ်လွှတ် လိုက်၏။

"ဘုန်း ... "

တူကြီးက ခရမ်းရောင် လျှပ်စီး အလင်းများကို ဝန်းရံ၍ ချက်ချင်းပင် အိမ်တစ်လုံး အရွယ်အစားထိ ကြီးမားကာ ချန်းဖန်အား ထုနှက်သည်။

"ခရမ်းရောင် လျှပ်စီးတူ ...  အဆင့်မြင့် ဝိညာဉ် လက်နက် ...  ကျင့်ကြံသူ ကျေးမုတ်ဆိတ်က နည်းနည်းလေးတောင် မညှာတာဘူးပဲ"

ချီချင်းဝေ့က ချန်းဖန် အတွက် စိတ်မကောင်းစွာဖြင့် ရေရွတ် လိုက်သည်။

"ဘုန်း ... "

ချန်းဖန်က သူ၏ ခွန်အား အလုံးစုံကို ညာဘက် လက်သီးတွင် စုကာ ခရမ်းရောင် လျှပ်စီးတူအား ပိတ်ဆို့လိုက်သည်။ သူကား ခန္ဓာကိုယ် အင်အားကိုသာ အသုံးပြု၍ အဆင့်မြင့် ဝိညာဉ် လက်နက်အား ရင်ဆိုင် နေခြင်း ဖြစ်၏။

"ဒေါင် ... "

ခေါင်းလောင်း တီးသံ အလား ကျယ်လောင်သည့် အသံကြီး ထွက်ပေါ် လာသည်။

"ခရက် ... "

လမ့်တိုင် တောင်ကြီး တစ်ခုလုံး တဆတ်ဆတ် တုန်ရီကာ ချန်းဖန်၏ ခန္ဓာကိုယ်မှာလည်း မြေကြီး အတွင်း ကျွံဝင်သွား၏

"တန်ခိုးရှင် ဆရာချန်း ... "

ရှို့အာက စိုးရိမ် တကြီး အော်ဟစ် လိုက်သည်။

သို့သော်လည်း သူမ၏ အသံလေးက ပြင်းထန်သော တိုက်ပွဲမှ ထွက်ပေါ် နေသည့် ပေါက်ကွဲသံများအား ထိုးဖောက်နိုင်ခြင်း မရှိချေ။

"သေစမ်း ... "

ထိုအချိန်မှာပင် မိုးကြိုးတောင်၊ တရှီဂိုဏ်းနှင့် လျှို့ဝှက် အဇူရာ ဂိုဏ်းမှ မြေကမ္ဘာ နတ်ဘုရားများကလည်း တိုက်ခိုက် လိုက်ကြ၏။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

မူလ အလယ်ဆင့် ကျင့်ကြံသူ ခြောက်ယောက်၏ ပူးပေါင်း တိုက်ခိုက်မှုများ အောက်၌ ဝိညာဉ် ပင်လယ် အဆင့်သာ ရှိသေးသေယ ချန်းဖန်ကား အကြိမ်ကြိမ် နောက်ဆုတ် နေရပြီ ဖြစ်သည်။

"ချန်းပေ့ရွှမ်း ရှုံးတော့မယ် ... "

ပိုင်စုရှင်းက သူမ၏ ခေါင်းအား ငုံ့ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုအချိန်၌ ချီရှို့အာ တစ်ယောက်မှာမူ စတင်ကာ ငိုယို နေခဲ့ပြီ ဖြစ်သည်။

"သူက တကယ်ပဲ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပဲ ...  ဒါပေမဲ့ ကံကြမ္မာကိုတော့ လွန်ဆန်လို့ မရဘူး"

ချီချင်းဝေ့က သက်ပြင်းတစ်ချက် ချရင်း ချီရှို့အာ၏ ဦးခေါင်းအား ပွတ်သပ် ပေးလိုက်သည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

ထိုအချိန်၌ စစ်မြေပြင်မှာမူ ဆက်လက် မုန်တိုင်းထန်နေဆဲ ဖြစ်သည်။ မြေကမ္ဘာ နတ်ဘုရား ခြောက်ယောက်မှာ အချိန် ဖြုန်းလိုခြင်း မရှိရာ အတူ တကွ ပူးပေါင်း၍ တိုက်ခိုက်ကြသည်။ ထို့ကြောင့်ပင်  ကောင်းကင် တစ်ခွင်လုံးမှာ ခရမ်းရောင် မိုးကြိုးများ၊ မီးတောက်များ၊ ဓားအလင်းများနှင့်သာ ပြည့်နက်၍ နေတော့၏။

"မင်းတို့က သေချင်နေတော့လည်း ... "

အဆုံးမဲ့ ပြင်းထန်သော တိုက်ခိုက်မှုများ၏ အကြာ၌ ချန်းဖန်က အေးဆေးစွာ ပြုံးလိုက်၏။

"ငါက သတ်ပေးရမှာပေါ့ ..."

"ဘုန်း ... "

ချန်းဖန်၏ ခန္ဓာကိုယ်က စွမ်းအင်လှိုင်း တစ်ခုကို ထုတ်လွှတ်ကာ ကောင်းကင်သို့ ထိုးတက်သွား၏။ တစ်ချိန်တည်းမှာပင် မိုင်ခုနစ်ဆယ် အတွင်းရှိ အမတေ ချီများက မုန်တိုင်း အလား အရူးအမူး သူ့ထံသို့ စီးဆင်းကြသည်။ ခွန်ရှု့ နယ်မြေသို့ ဝင်ရောက်၍ နှစ်လ ကြာပြီးနောက် ချန်းဖန်ကား မူလ အဆင့်ကို နောက်တစ်ကြိမ် ပြန်လည် တက်လှမ်းခဲ့ပြီ ဖြစ်လေသည်။

***

All Chapters