← Chapters

အနိုင်ယူခြင်း

Vol. 8 Ch. 733

အနိုင်ယူခြင်း

Vol. 8 Ch. 733

မူလ အဆင့်သို့ ပြန်လည် တက်လှမ်း သွားသည်နှင့် ချန်းဖန်၏ ဦးခေါင်းထက်၌ အလင်းတန်း တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအလင်းတန်းက ကမ္ဘာ၏ အမတေ ချီနှင့် ပူးပေါင်း၍ လမ့်တိုင်တောင် အထက်၌ အကာအရံ တစ်ခုကို ဖွဲ့စည်းသည်။

ထိုအခိုက်အတန့်၌ မရေ မတွက်နိုင်သော ကျင့်ကြံသူများသည် ဆန်းကြယ်သော မြင်ကွင်းကို ကြည့်ကာ မှက်သက် နေကြသည်။

"ဟူး ...  ဟူး ... "

မိုင်ပေါင်းများစွာ အတွင်းမှ အမတေချီများသည် တုန်ခါလာ၍ မြူနှင်း တိမ်များ အသွင် ဖွဲ့စည်းကြ၏။ လေထု၏ အထက်တွင်မူ ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း နတ်ဘုရား တစ်ပါး အလား မတ်တတ်ရပ် နေခဲ့သည်။

"ဘုန်း ... "

အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ အရှိန်အဝါက သာမန် မြေကမ္ဘာ အဆင့်ထက် ကျော်လွန်၍ သွား၏။ ထိုအရှိန်အဝါက အဆက်မပြတ် တိုးပွားကာ မခန့်မှန်း နိုင်သော အဆင့် တစ်ခု အထိ ရောက်ရှိ သွားခဲ့သည်။

"ခွန်အားတွေ ပြန်ရလာတာ တကယ် ခံစားလို့ ကောင်းတာပဲ ... "

ချန်းဖန်က လေထုတွင် ရပ်ရင်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။ ထိုအချိန်၌ လမ့်တိုင် တောင်ထိပ်ရှိ မြေကမ္ဘာ နတ်ဘုရား ခြောက်ယောက်၏ မျက်လုံးများကား ပြူးကျယ် နေခဲ့ပြီ ဖြစ်သည်။ သူတို့သည် မြေကမ္ဘာ အဆင့်များ ဖြစ်သော်လည်း ချန်းဖန် မြေကမ္ဘာ အဆင့်ကို ဝင်ရောက်သည့် မြင်ကွင်းအား တစ်ခါမျှ မတွေ့ဖူးချေ။

"သတ် ... "

ကျင့်ကြံသူ အေးခဲမီးတောက်က အော်ဟစ် လိုက်သည်။

"ဘုန်း ... "

မြေကမ္ဘာ အဆင့် ခြောက်ယောက်လုံးက ကောင်းကင်သို့ ပျံတက်ကာ တစ်ပြိုက်နက်တည်း တိုက်ခိုက် လိုက်ကြပြန်၏။ သူတို့ တိုက်ခိုက်မှုများကား အလွန်ပင် ပြင်းထန်ရာ ကောင်းကင်ပင် တုန်ရီ နေတော့သည်။ သို့သော်လည်း ကံဆိုးသည်ကား ချန်းဖန်မှာ အဆိပ် မရှိသည့် တန်ခိုးရှင် အဆင့် မဟုတ်တော့ချေ။

"ဟ ...  ဟ ... "

ချန်းဖန်က အနည်းငယ် ရယ်ရင်း အင်္ကျီ လက်များကို ခါယမ်း လိုက်သည်။

ထိုခါယမ်းမှု၌ သူသည် မည်သည့် နတ်ဘုရား စွမ်းအား ကျင့်ကြံခြင်း နည်းစနစ်ကိုမျှ မသုံးဘဲ ရိုးရှင်းစွာပင် အစစ်အမှန် အမတေကိုသာ ခါထုတ်လိုက်ခြင်း ဖြစ်သည်။

"ဘုန်း ... "

သို့သော်လည်း ထိုတိုက်ခိုက်မှုက လေထုကိုပင် ကွဲအက်စေ၏။ အနီးအနားရှိ တိမ်တိုက်များမှာလည်း ထက်ရှသော ဓားတစ်ချောင်းဖြင့် လှီးဖြတ် ခံရသည့်အလား ထက်ပိုင်း ပြတ်သည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

အစစ်အမှန် အမတေလှိုင်း၏ ဖြတ်သန်းမှုတွင် မြေကမ္ဘာ အဆင့် ခြောက်ယောက်၏ တိုက်ခိုက်မှု အလုံးစုံ ဖျက်ဆီး ခံရ၏။

"ဘုန်း ... "

သို့တိုင်အောင် အမတေလှိုင်းက ရပ်တန့်ခြင်း မရှိပဲ လမ့်တိုင် တောင်ကြီးကိုပါ အလယ်မှ ထက်ဝက် ပိုင်းဖြတ်သည်။

"သူ ...  သူက လူမှ ဟုတ်သေးရဲ့လား"

ပိုင်စုရှင်းနှင့် အခြားလူများကား အလွန်တရာ ထိတ်လန့် နေကြပြီ ဖြစ်သည်။

"သူက နဂါး တစ်ကောင်လို အရမ်း ကြမ်းတာပဲ ... "

တောင်ပိုင်းနိုင်ငံ မင်းသမီးလေးမှာမူ ချန်းဖန်၏ ရုပ်ရည်ကိုသာ မက ခွန်အားတွင်ပါ ကျရှုံး နေခဲ့ပြီ ဖြစ်လေသည်။ တစ်ချိန်တည်းတွင် ချီချင်းဝေ့မှာမူ အတွေးနက် နေခဲ့၏။ ထိုချန်းပေ့ရွှမ်းက မည်သူနည်း။ သူက အဘယ်ကြောင့် အလွန်အမင်း အစွမ်းထက် နေရ သနည်း။

"တန်ခိုးရှင် ဆရာချန်းက အရမ်း တော်တာပဲ ... "

ချီရှို့အာ တစ်ယောက်မှာမူ စိတ်ရှားမှုဖြင့် အော်ဟစ်ကာ ခုန်ပေါက် နေခဲ့ပြီ ဖြစ်သည်။

"မင်းက ဘယ်သူလဲ ...  ကောင်းကင် သားတော် မြေကမ္ဘာ နတ်ဘုရား ဖြစ်လာတုန်းကတောင် မင်းလောက် အစွမ်း မထက်ခဲ့ဘူး"

ကျင့်ကြံသူ လမ့်ရှောင်က ချန်းဖန်အား အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။

ချန်းဖန် ကဲ့သို့သော လူငယ် ပါရမီရှင်မျိုးမှာ ခွန်ရှု့ နယ်မြေ၌ အလွန် ထင်ရှားသူ ဖြစ်ရမည်။ သူ့ကဲ့သို့ နှစ်သုံးရာ တိုင်တိုင် ရှင်သန်ခဲ့သည့် မြေကမ္ဘာ နတ်ဘုရား တစ်ယောက် အနေဖြင့် မသိစရာ မကြောင်း မရှိချေ။

"ငါက ချန်းပေ့ရွှမ်းလေ ... "

ချန်းဖန်က အေးဆေးစွာပင် ပြန်လည် ဖြေလိုက်သည်။

"မင်းဘာသာမင်း ချန်းပေ့ရွှမ်း ဖြစ်ဖြစ် ချန်းနန်ထင်း ဖြစ်ဖြစ် သောက်ဂရု မစိုက်ဘူးကွာ..  ငါတို့ကို စော်ကားတဲ့ အတွက် မင်းသေကို သေရမယ်"

ကျင့်ကြံသူ ကျေးမုတ်ဆိတ်က အော်ဟစ်ရင်း သူ၏ ခရမ်းရောင် တူအား ပစ်လွှတ် လိုက်၏။

"ဘုန်း ... "

ထိုတူကြီးက တောင်ငယ် တစ်လုံး အရွယ် အစား အထိ ကြီးမားကာ ချန်းဖန်အား ထုနှက်သည်။ ချန်းဖန် ပို၍ အစွမ်းထက်လာသည်နှင့် မြေကမ္ဘာ အဆင့်များ၏ တိုက်ခိုက်မှုများမှာလည်း ပိုမို၍ ကြမ်းတမ်း လာခဲ့သည်။

"ခွန်ရှု့ နယ်မြေကို ငါတို့ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းနဲ့ ဖန်ရှင်း တောင်ကြားက ပိုင်တယ် ...  ဒီနယ်မြေမှာ မင်းကို ရိုင်းစိုင်းခွင့် မပြု နိုင်ဘူး"

အမတေ ရောနှောခြင်း ဂိုဏ်း၏ ချီရှု့ဆာရမ် နှင့် နှင်းနတ်ဘုရား နန်းတော်၏ အဖြူရောင် နတ်သမီးတို့ကလည်း တိုက်ပွဲ အတွင်း ဝင်ပါရန် ဆုံးဖြတ် လိုက်ကြသည်။

"ဟဟ ... "

သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိချေ။ သူသည် လက်ညိုးကို ဆန့်ထုတ်ရင်း တိုးဝင်လာသည့် ခရမ်းရောင် တူအား တားဆီးလိုက်၏။

"ဘုန်း ... "

သို့သော်လည်း ကျင့်ကြံသူ ကျေးမုတ်ဆိတ်၏ မျက်နှာမှာ ဖြူရော် သွားသည်။ သူသည် မည်မျှပင် ကြိုးစားစေကာမူ ချန်းဖန်၏ လက်ညိုး တစ်ချောင်းအား ကျော်ဖြတ် နိုင်ခြင်း မရှိချေ။

"အတူတူ တိုက်ကြ ... "

ကျင့်ကြံသူ ကျေးမုတ်ဆိတ် အရေးနိမ့် နေကြောင်း တွေ့သည်နှင့် ကျင့်ကြံသူ လမ့်ရှောင်က အော်ဟစ် လိုက်သည်။

"ဘုန်း ... "

ယခု တစ်ကြိမ်တွင်မူ မြေကမ္ဘာ နတ်ဘုရား ခြောက်ယောက်သာ မက အဖြူရောင် နတ်သမီးနှင့် ချီရှု့ဆာရမ်တို့ပါ တစ်ပြိုင်နက်တည်း တိုက်ခိုက် လိုက်ကြ၏။ ချက်ချင်းပင် ချန်းဖန် တည်ရှိရာ ကောင်းကင် တစ်ခုလုံးကား အမျိုးမျိုးသော တိုက်ခိုက်မှုများ အကြား၌ နစ်မြုပ် သွားတော့သည်။

"မြေကမ္ဘာ နတ်ဘုရား ရှစ်ယောက်ရဲ့ ပူးပေါင်း တိုက်ခိုက်မှု ...  အဲဒါကို လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်တောင် ကြောက်ရမှာ သေချာတယ်"

ပိုင်စုရှင်းက ဖြူရော်စွာ ပြုံးလိုက်၏။ မြေကမ္ဘာ နတ်ဘုရား ရှစ်ယောက်၏ စွမ်းအားကား အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုအင်အားက ခွန်ရှု့ နယ်မြေတွင် ဂိုဏ်းကြီး ခုနစ်ဂိုဏ်းနှင့် ဖန်ရှင်း တောင်ကြားမှ လွဲ၍ မည်သည့် ဂိုဏ်း အဖွဲ့ကို မဆို ရှင်းပစ်နိုင်သော အင်အား ဖြစ်သည်။

သို့သော်လည်း ချန်းဖန်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိချေ။ သူက ဘယ်ဘက်လက်ကို ညင်သာစွာ မြှောက်၍ လက်သီး တစ်ချက် ထိုးလိုက်၏။

"အစစ်အမှန် သိုင်းနတ်ဘုရား လက်သီး ... "

"ဘုန်း ... "

ရုတ်တရက် ကောင်းကင်တွင် ရွှေရောင် အလင်း တစ်ခုက ဖြစ်ပေါ်လာ၏။ ထိုအလင်းက ပြိုင်ဘက်ကင်းပုံ ရကာ ၎င်း၏ လမ်းကြောင်းရှိ အရာအားဘုံး ဖျက်ဆီး ခံရသည်။ မြေကမ္ဘာ နတ်ဘုရား ရှစ်ယောက်၏ တိုက်ခိုက်မှုများမှာလည်း ချွင်းချက် မဟုတ်ခဲ့ချေ။

"ဘုန်း ... "

တိုက်ခိုက်မှုများအား ချိုးဖျက် ပြီးသည်နှင့် ရွှေရောင် အလင်းက ကျင့်ကြံသူ အေးခဲမီးတောက်ထံ ဆက်လက် တိုးဝင်၏။ အေးခဲမီးတောက်သည် ဝိညာဉ် မီးတောက် တစ်ခုကို ပစ်လွှတ်၍ တားဆီးသော်လည်း ထိုအရာနှင့် အတူ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ပါ ဖျက်ဆီးခံရသည်။

ချန်းဖန်ကား ကျင့်ကြံသူ အေးခဲ မီးတောက်ကို လက်သီးတစ်ချက်ဖြင့် သတ်ဖြတ် လိုက်ပြီ ဖြစ်သည်။

"ပထမ လက်သီး ... "

ချန်းဖန်က အေးဆေးစွာပင် ပြောရင်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ ထိုတစ်လှမ်း တွင်ပင် သူ၏ ခန္ဓာကိုယ်က နဂါး တစ်ကောင် အဖြစ် ပြောင်းလဲ၍ ရန်သူများထံ တိုးဝင်လေသည်။ ကျန်ရှိနေသော မြေကမ္ဘာ နတ်ဘုရား ခုနစ်ယောက်ကား အလွန်တရာ ထိတ်လန့် နေကြပြီ ဖြစ်ရာ သူတို့၏ အစွမ်း အထက်ဆုံး နည်းစနစ်များကို သုံး၍ ပြန်လည် တိုက်ခိုက် လိုက်ကြ၏။

အရပ် ရှစ်မျက်နှာဓား ... "

"ခရမ်းရောင် လျှပ်စီးတူ ... "

"ကောင်းကင်ရေခဲ အလင်း ... "

"... "

များစွာသော နတ်ဘုရား စွမ်းအားများ၊ တိုက်ခိုက်ခြင်း နည်းစနစ်များ၊ ဓမ္မ ရတနာများမှာ အရပ်မျက်နှာ ပေါင်းစုံမှ ချန်းဖန်ထံသို့ တိုးဝင်လာကြ၏။

"ဘုန်း ... "

ချန်းဖန်က ရုတ်ချည်းပင် အသံ၏ ဆယ်ဆကို ချိုးဖျက်ကာ ကျေးမုတ်ဆိတ်၏ အရှေ့သို့ ရောက်သည်။

"သေစမ်း ... "

ကျင့်ကြံသူ ကျေးမုတ်ဆိတ်က ဆယ်ပေခန့် ရှည်သော ခရမ်းရောင် ဓားနှစ်ချောင်းကို ဖန်တီးကာ ချန်းဖန်အား တားဆီးလိုက်သည်။

"ခရမ်းရောင် လျှပ်စီး မိုးကြိုးဓား ... "

"ဒုတိယ လက်သီး ... "

သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိချေ။ သူက အေးဆေးစွာ ရေရွတ်ရင်း လက်သီးအား ထိုးလိုက်သည်။

"ဘုန်း ... "

ခရမ်းရောင် ဓားအလင်းသည် ခဏ အတွင်း ပြိုကွဲ ပျက်စီး၏။ အစစ်အမှန် သိုင်းနတ်ဘုရား လက်သီးကား ပြိုင်ဘက် ကင်းလှသည်။ ထိုအရာက အဆောင်များ၊ အကာအကွယ် အလင်းများ အလုံးစုံကို ဖျက်ဆီးကာ ကျင့်ကြံသူ ကျေးမုတ်ဆိတ်အား ခေါင်းမှ ခြေဖျား အထိ ထုချေ၏။ ဒုတိယ မြေကမ္ဘာ နတ်ဘုရား ကျေးမုတ်ဆိတ်ကား သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခု တစ်ကြိမ်တွင်မူ လက်ကျန် မြေကမ္ဘာ နတ်ဘုရား ခြောက်ယောက်ကား ဆက်လက် တိုက်ခိုက်ရဲခြင်း မရှိတော့ချေ။

"ပြေး ... "

ကျင့်ကြံသူ လမ့်ရှောင်က အော်ဟစ် လိုက်သည်။ ချန်းဖန်သည် သူတို့၏ အစွမ်း အထက်ဆုံး တိုက်ခိုက်မှုများမှ လွတ်မြောက်ခဲ့သည့် အပြင် သူတို့ အထဲမှ နှစ်ယောက်ကိုပင် အလွယ်တကူ သတ်ဖြတ် နိုင်ခဲ့သည်။ ထိုအရာက ချန်းဖန်၏ စွမ်းအားမှာ သူတို့ထက် အလွန်တရာ မြင့်မားသော အဆင့်တွင် ရောက်ရှိနေကြောင်း ဖော်ပြနေ၏။

"တတိယ လက်သီး ... "

ချန်းဖန်က သူ၏ လက်အား ဖြည်းညင်းစွာ မြောက်လိုက်ပြန်သည်။

"ဘုန်း ... "

ရုတ်တရက် ရွှေရောင်ကွင်းတစ်ခု သူ၏ အနောက်၌ ပေါ်လာ၏။

ထိုကွင်းက အလွန် ကြီးမားကာ နေ အသေးစား တစ်ခု အလား ကောင်းကင်တွင် ထွန်းလင်းသည်။

"ဘုန်း ... "

ချန်းဖန်က လက်သီးအား ထိုးလိုက်ရာ ရွှေရောင် အလင်းကွင်းက ထောင်ပေါင်း များစွာသော မီတာများကို ဖြတ်သန်းရင်း ကောင်းကင်သို့ ပျံတက်၏။ ရွှေရောင် အလင်းကွင်း၏ ပျံသန်းမှုအား ဓမ္မရတနာ၊ ဓား ကျင့်စဉ်၊ အာဟက် ခန္ဓာ မည်သည့် အရာမျှ တားဆီးနိုင်ခြင်း မရှိချေ။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

ချီရှု့ဆာရမ်ကား ရွှေရောင် အလင်းကွင်း၏ ထိုးနှက်မှုတွင် ပထမဆုံး ပေါက်ကွဲသည်။ ထိုပေါက်ကွဲမှု၌ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့် ခန္ဓာပါ ပျက်စီးရ၏။

"ဘုန်း ... "

ထို့နောက် ရွှေရောင် အလင်းကွင်းက ထွက်ပြေးနေသော လျှို့ဝှက် အဇူရာဂိုဏ်း၏ ဓားတန်ခိုးရှင်၊  မိုးကြိုးတောင်၏ အရှင် စုမီ နှင့် အခြား မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ကိုပါ သူတို့၏ ဓမ္မ ရတနာနှင့် အတူ ဖျက်ဆီး ပစ်လိုက်ပြန်သည်။

"ဘုန်း ... "

ကျင့်ကြံသူ လမ့်ရှောင်က အဆင့် ဝိညာဉ် လက်နက် သုံးခုကို ထုတ်ယူကာ တားဆီးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အစစ်အမှန် သိုင်းနတ်ဘုရား လက်သီး၏  ရှေ့မှောက်၌ ထိုအရာများကား အသုံး မဝင်ချေ။

"ဘုန်း ... "

လမ့်ရှောက်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲ သွားပြန်၏။ အဖြူရောင် နတ်သမီး တစ်ယောက်သာ ကောင်းကင်တွင် ကျန်ရစ်၏။ သူမသည် နေရာတွင်ပင် အသက်မဲ့ သကဲ့သို့ ရပ်နေခဲ့သည်။ သူမ၏ စိတ်အတွင်းတွင်မူ နားမလည် နိုင်ခြင်းက ကြီးစိုးနေသည်။

ချန်းပေ့ရွှမ်း ဆိုသော ကောင်လေးကား အစွမ်းထက် ကျင့်ကြံသူ ငါးယောက်ကို လက်သီး တစ်ချက်အတွင်း သတ်ဖြတ် ပစ်လိုက်ပြီ ဖြစ်သည်။ ပထမ သေသွားသည့် နှစ်ယောက်ပါ ထည့်ပေါင်းပါက မြေကမ္ဘာ နတ်ဘုရား ခုနစ်ယောက် သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ လူတိုင်းကား တိတ်ဆိတ် ဆွံ့အနေကြ၏။

***

All Chapters