← Chapters

ပြိုင်ဘက်ကင်း စွမ်းအား

Vol. 8 Ch. 734

ပြိုင်ဘက်ကင်း စွမ်းအား

Vol. 8 Ch. 734

"သူတို့အားလုံး သေသွားပြီလား ... "

စုပိုင်ရှင်းက အသက်မဲ့စွာဖြင့် ရေရွတ် လိုက်၏။ သူမ၏ မျက်နှာမူကား အံ့အားသင့်ခြင်း မယုံကြည် နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။ သူမသည် ဘဝ တစ်လျှောက်လုံး၌ ထိုကဲ့သို့ ပြင်းထန်သော တိုက်ပွဲအား မကြုံခဲ့ဖူး သလို ထိုကဲ့သို့ အစွမ်းထက်သော လူပုဂ္ဂိုလ်မျိုးကို မတွေ့ခဲ့ဖူးချေ။

တစ်ချိန်တည်း၌ ချီချင်းဝေ့ကား ဆွံ့အ မှင်သက် နေခဲ့၏။ သူမသည် ချန်းဖန် ပြောခဲ့သော …

"ငါက ဒီဂြိုဟ် တစ်ခုလုံးကို အစိုးရတဲ့ ကောင်းကင် အရှင်သခင် လို့ ပြောရင် မင်း ယုံမှာလား ... " ဆိုသည့် စကားပို အထပ်ထပ် ကြားယောင် နေမိသည်။

"သူက သူ့ရဲ့ မောက်မာမှုနဲ့ ညီမျှတဲ့ ပါရမီကို ပိုင်ဆိုင် ထားတာပဲ ... "

သူမက ဖြူရော်စွာဖြင့် ပြုံးလိုက်၏။ ထိုအချိန်၌ ချီရှု့အာမှာမူ အလွန် ပျော်ရွှင် နေခဲ့ပြီ ဖြစ်သည်။ သူမက တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ချန်းဖန်အား ငေးမော ကြည့်နေခဲ့၏။

"ငါက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာကို ရထားတာပဲ ... "

သူမက စိတ်လှုပ်ရှားစွာ တွေးလိုက်မိ၏။ ထိုအတွေးကြောင့် သူမ၏ မျက်နှာလေး ပေါ်မှ အပြုံးမှာ ပိုမို ပီပြင် လာခဲ့သည်။

"ဘုန်း ... "

ထိုအချိန်မှာပင် သတိ ဝင်လာသော အဖြူရောင် နတ်သမီးက ကယောင်ကတမ်း ထွက်ပြေးရန် ကြိုးစား လိုက်သည်။

"ပြန်လာခဲ့ ... "

ချန်းဖန်က လက်အား ဆန့်ထုတ်၍ တစ်စုံတစ်ခုကို ဆုပ်ကိုင်လိုက်သည်။

"ဘုန်း ... "

ကီလိုမီတာ များစွာ အတွင်းမှ ဝိညာဉ်ချီသည် ရုတ်တရက် အေးခဲကာ သံကြိုးကြီးများ အသွင်ဖြင့် အဖြူရောင် နတ်သမီးအား ချည်နှောင်၏။ ချန်းဖန်က လက်ကို ဝှေ့ယမ်းရင်း သံကြိုးများအား ဆွဲယူလိုက်ရာ အဖြူရောင် နတ်သမီးမှာ ရုန်းထွက်နိုင်ခြင်း မရှိပဲ ချန်းဖန်၏ အရှေ့သို့ ရောက်လာခဲ့သည်။

"ငါ့ ...  ငါ့ကို မသတ်ပါနဲ့"

ကြောက်လန့်မှုက အဖြူရောင် နတ်သမီး၏ လှပသော မျက်နှာလေး တစ်ခုလုံးကို သိမ်းကြုံး နေရာယူနေသည်။ တစ်ချိန်တည်းတွင် သူမ၏ နှုတ်ခမ်းလေးများမှာလည်း တဆတ်ဆတ် တုန်ရီ နေခဲ့၏။

"နားငြီးလိုက်တာ ... "

ချန်းဖန်က သင်္ကေတ တစ်ခု ရေးဆွဲ၍ သူမ၏ ဝိညာဉ်အား ချိပ်ပိတ်ကာ ဓားအားဖြည့် ကျောက်မျက်အတွင်း ပစ်ထည့်လိုက်၏။ ထို့နောက် ချန်းဖန်သည် လက်နှစ်ဖက်ကို နောက်ပစ်ရင်း ကောင်းကင်မှ မြေပြင်သို့ ပြန်လည် ဆင်းသက် လာခဲ့သည်။

"ဟူး ...  ဟူး ... "

များစွာသော ကျင့်ကြံသူများက ဦးခေါင်းများကို ညွှတ်ရင်း ချန်းဖန်အား ကြိုဆို လိုက်ကြသည်။ အေးစက်ကာ မာနကြီးသော စုပိုင်ရှင်းပင် သူမ၏ ဦးခေါင်းအား မမော့ရဲခဲ့ချေ။ သို့သော်လည်း ချန်းဖန်က သူတို့ကို ဂရုစိုက်ခြင်း မရှိဘဲ ချီရှို့အာကိုသာ လက်ယပ် ခေါ်လိုက်သည်။ ချီရှု့အာက ချန်းဖန်၏ အနားသို့ အပြေးကလေး ရောက်လာသည်။ သို့သော်လည်း  သူမသည် ချန်းဖန်ကို မကြည့်ရဲသည့် အလား ခေါင်းလေးကို အနည်းငယ် ငုံ့နေခဲ့သည်။

"တန်ခိုးရှင် ဆရာချန်း ... "

"ရှု့အာ ...  ဘာလို့ မျက်နှာက အဲဒီလို ဖြစ်နေရတာလဲ ...  စတွေ့တဲ့ နေ့တုန်းက မွေးရာပါ ဝတ်စုံနဲ့ ငါ့ကိုတောင် နင် ကြည့်ရဲတယ်လေ"

ချန်းဖန်က ထိုချစ်စရာ ကောင်းသော မိန်းကလေးအား စနောက် လိုက်သည်။ ချီရှို့အာ၏ မျက်နှာက ချက်ချင်းပင် ပန်းသီး တစ်လုံး အလား ရဲတက်သွား၏။ သို့သော်လည်း ချန်းဖန်၏ စနောက်မှုက သူမအား ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိစေသည်။ သူမက ချန်းဖန်၏ လက်ကို ဆွဲရင်း လေးစားစွာ ဆိုလိုက်၏။

"တန်ခိုးရှင် ဆရာချန်းက အရမ်း အစွမ်းထက်တာပဲ ...  ကောင်းကင် သားတော်နဲ့ အခြား သူတော်စင်ကြီးတွေကို သတ်နိုင်လိမ့်မယ်လို့ ကျွန်မဖြင့် တစ်ခါမှ မတွေးမိဘူး"

"နင်က သူတို့ကို သူဝောာ်စင်ကြီးတွေလို့ ခေါ်နေတာလား ... "

ချန်းဖန်က လှောင်ပြောင်သလို နှုတ်ခမ်တွန့်၍ ပြုံးလိုက်၏။

"ရှို့အာ ...  တစ်နေ့ကျရင် နင်က အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာလိမ့်မယ် ...  အဲဒီ အခါကျရင် သူတို့တွေက တုံးအောက်က ပိုးကောင်လေးတွေ ဆိုတာ သဘောပေါက် လာမှာပါ"

"အင်း ... "

ချီရှို့အာက ချန်းဖန်၏ စကားကို သိပ် နားမလည်သော်လည်း ခေါင်းကိုသာ ညိတ်လိုက်၏။

"ကျွန်မက နှင်းနတ်ဘုရား နန်းတော်က ပိုင်စုရှင်းပါ ...  အရှင်ချန်းကို နှုတ်ဆက် ပါတယ်"

ထိုအချိန်မှာပင် ပိုင်စုရှင်းက ရှေ့သို့ တိုး၍ ချန်းဖန်အား ဦးညွှတ်ကာ နှုတ်ဆက် လိုက်သည်။

"အကြီးအကဲ အဖြူရောင် နတ်သမီးရဲ့ အပြုအမူတွေ အတွက် ကျွန်မကပဲ တောင်းပန်ပါတယ်ရှင် ...  တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် အဖြူရောင် နတ်သမီးကို လွှတ်ပေးစေချင်ပါတယ်"

ပိုင်စုရှင်းသည် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထား၏။ သို့သော်လည်း ထိုအရာက သူမ၏ အလှအပကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ ချန်းဖန်ပင် သူမ၏ အလှတရားကို ခေါင်းညိတ်ကာ အသိအမှတ် ပြုမိ၏။

"ငါ့မှာ သူ့ကို မေးစရာ မေးခွန်း နည်းနည်း ရှိတယ် ...  ပြီးမှ လွှတ်ပေးဖို့ သင့် မသင့် ငါ ဆုံးဖြတ်ချက် ချမယ်"

ချန်းဖန်က အေးဆေးစွာ ဆိုရင်း ဒေါသနဂါး မြစ်ဘက်သို့ လှည့်လိုက်သည်။

"ဘုန်း ...  ဘုန်း ... "

ဒေါသနဂါးမြစ် အတွင်း၌ ရေများသည် ကြမ်းတမ်း ခက်ထန်စွာ စီးဆင်းနေသည်။ ရေပြင်၏ အထက်တွင်မူ ဆယ်မီတာခန့် ရှည်လျားသော ရေလုံးကြီး တစ်ခု ဖြစ်ပေါ်နေကာ ထိုအရာက ကမ်းခြေဘက်သို့ ကူးခပ်လာ၏။

"အဲဒါက ...  ရေနဂါးဖြူ ဆိုတာလား"

တောင်ပိုင်းနိုင်ငံ မင်းသမီးလေးက မြစ်ဆီသို့ လက်ညိုးထိုးရင်း အော်ဟစ် လိုက်သည်။

များစွာသော လူများကလည်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြ၏။ ရေနဂါးဖြူကား ဒေါသနဂါးမြစ် အတွင်း၌ နှစ်ထောင်ချီ အသက်ရှင် နေထိုင်ခဲ့သော သားရဲ ဖြစ်သည်။ ၎င်းသည် ဆယ်စုနှစ် အနည်းငယ် ကြာတိုင်း ရေပြင်သို့ တစ်ခါ တက်၏။

ရေနဂါးဖြူ၏ ချီစွမ်းအင်မှာ အလွန် အစွမ်းထက်ရာ သာမန် သေမျိုး တစ်ယောက်ကိုပင် မူလအဆင့် ကျင့်ကြံသူ ဖြစ်အောင် ပြောင်းလဲ ပစ်နိုင်သည်။ ထို့ကြောင့် ရေနဂါးဖြူနှင့် တိုက်ခိုက်ခြင်းမှာ လမ့်တိုင် ညီလာခံ၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။

သို့သော်လည်း လွန်ခဲ့သည့် ရာစုနှစ် များစွာ အတွင်း၌ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်နှင့် ဓားတန်ခိုးရှင် ချန်းဟယ်တို့ နှစ်ယောက်သာ ထိုနဂါးအား ၎င်း၏ ချီကို လက်ဆင့်ကမ်းရန် ဖိအားပေး နိုင်ခဲ့သည်။

"ရှို့အာ ...  နင့်မှာ အိမ်မွေး သတ္တဝါ မရှိသေးဘူး မလား ...  ငါ ရေနဂါးဖြူကို ဖမ်းပေးမယ်"

ချန်းဖန်က ဆိုရင်း မြစ်ကမ်းခြေသို့ ဦးတည် လိုက်၏။

"ဘုန်း ... "

ချန်းဖန်က လက်ကို ဝှေ့ယမ်း၍ စွမ်းအင် စီးကြောင်း တစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုစွမ်းအင် စီးကြောင်းက မြစ်အား ဟန့်တားကာ ရေစီးဆင်းမှုကို ရပ်တန့်စေ၏။

"အရမ်း မိုက်တယ် ... "

ချီရှို့အာက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် အားပေးလိုက်သည်။

"ရား ... "

ရုတ်တရက် မြစ်ပြင်အား ကျော်လွန်၍ နဂါး ဟိန်းသံ တစ်ခု ပေါ်ထွက်လာ၏။ ထိုအသံနှင့် အတူ မီတာ သုံးရာ ရှည်လျားသော နဂါးကြီး တစ်ကောင် ပေါ်ထွက်လာ၏။ ထိုနဂါးကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အဖြူရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး ၎င်း၏ ဦးခေါင်းက အိမ်ကြီး တစ်လုံး အရွယ်ခန့် ရှိသည်။

"ရေနဂါးဖြူ ဆိုတာ ဒါလား ... "

ချန်းဖန်က နဂါးကြီးအား သေချာစွာ အကဲခတ် လိုက်သည်။

ထိုရေနဂါးဖြူမှာ နတ်ဘုရား သင်္ချိုင်း တောင်ကြား အတွင်းမှ အဆိပ်နဂါးထက်ပင် ပို၍ အစွမ်းထက်ပုံ ရ၏။

"ဒီကို လာခဲ့စမ်း ... "

ချန်းဖန်က သူ၏ အစစ်အမှန် အမတေနှင့် ခန္ဓာကိုယ် အင်အားကို ပူးပေါင်းကာ တစ်ဆယ် မီတာ ရှည်သော အဇူရာ ဓားကြီး တစ်ချောင်းအား ဖန်တီးလိုက်၏။ ထိုဓားကြီးက ချန်းဖန်၏ ထိန်းချုပ်မှုတွင် နဂါးထံ တိုးဝင်ကာ ပိုင်းဖြတ်သည်။

"ရား ...  ရား ... ."

နဂါးကြီးက ကျယ်လောင်စွာ ဟိန်းဟောက် လိုက်၏။ ထိုအသံ၌ နာကျင်မှုက ရူးသွပ်စွာ ပါဝင်နေသည်။ ဒေါသတကြီးပင် ရေနဂါးဖြူက ၎င်း၏ စွမ်းအားကို ထုတ်လွှတ်၍ ဒေါသနဂါး မြစ်နှင့် ချိတ်ဆက်လိုက်သည်။

"ဘုန်း ... "

ဒေါသနဂါးမြစ် အတွင်းရှိ မြစ်ရေများသည် ပွက်ပွက်ဆူလာကာ ကြီးမားသော ရေလှိုင်းကြီးများ အသွင်ဖြင့် ကမ်းခြေအား ရိုက်ခတ်သည်။ တစ်ချိန်တည်းမှာပင် ရေနဂါးဖြူက မြစ်ရေမှ ရုန်းကြွကာ ကောင်းကင်သို့ တက်သည်။

"ရပ်စမ်း ... "

ချန်းဖန်က ရှေ့သို့ တစ်လှမ်းတိုးကာ သူ၏ စွမ်းအားကို ဖြန့်ကျက်လိုက်သည်။

"ဘုန်း ... "

ရုတ်တရက် ကီလိုမီတာ ဆယ်ချီ အကွာအဝေး အတွင်းမှ ချီများသည် စုစည်းကာ ကြီးမားသော လက်ကြီး တစ်ခု အသွင်ကို ယူသည်။ ထိုလက်ကြီးက ရေနဂါးဖြူအား အမြီးမှ ဆုပ်ကိုင်ကာ ခါယမ်း လိုက်သည်။

"ရား ... "

ရေနဂါးဖြူသည် ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ရုန်းထွက်ရန် ကြိုးစားသည်။ သို့သော်လည်း လက်ကြီးကား ကောင်းကင်ဘုံမှ သံညှပ်ကြီး တစ်ခု အလား မြဲမြံလှရာ နောက်ဆုံး၌ ရေနဂါးဖြူမှာ လက်လျှော့ လိုက်ရဝောာ့သည်။

"သွား ... "

ချန်းဖန်က သင်္ကေတ တစ်ချို့ ရေးဆွဲပြီး ပစ်လွှတ်လိုက်ရာ ကြီးမားသော ရေနဂါးဖြူကြီးမှာ မြွေတစ်ကောင်၏ အရွယ်အစား အထိ သေးငယ်သွားသည်။ ထို့နောက် ချန်းဖန်က ထိုနဂါးလေးကို ဖမ်းယူကာ ဓားအားဖြည့် ကျောက်မျက်အတွင်း ပစ်ထည့်လိုက်၏။ လူတိုင်း၏ မျက်လုံးများကား မယုံကြည် နိုင်မှုကြောင့် ပေါက်ထွက် မတတ် ပြူးကျယ် နေခဲ့ပြီ ဖြစ်သည်။

"အဲ ...  အဲဒါက ပြိုင်ဘက်ကင်း ဆိုတာရဲ့ အဓိပ္ပာယ်လား ... "

တောင်ပိုင်းနိုင်ငံ မင်းသမီးလေးက တီးတိုး ရေရွတ် လိုက်တော့၏။

ဆယ့်တစ်လပိုင်း ၁၅ ရက် ...

ချန်းဖန်သည် ခွန်ရှု့နယ်မြေ၊ လမ့်တိုင် တောင်ထိပ်၌ မူလ အဆင့်ကို နောက်တစ်ကြိမ် ပြန်လည် တက်လှမ်းခဲ့သည်။ ထိုနေ့တွင်ပင် သူသည် မြေကမ္ဘာ အဆင့် ရှစ်ယောက်ကို သတ်ဖြတ်ကာ ရေနဂါးဖြူအား ဖမ်းဆီး ခဲ့၏။ ထိုသတင်း ပျံ့နှံ့သွားသည်နှင့် ခွန်ရှု့နယ်မြေ တစ်ခုလုံး ဆွံ့အ သွားကြတော့သည်။

***

All Chapters