အကြံအစည်
Vol. 019 Ch. 1860
ဟန်လင်းသည် ရည်မွန်သောအမူအရာနှင့် အပြုံးတို့ဖြင့် ရှားရှင်းယွန်အားကြည့်ကာ ပြောသည် “မိန်းကလေးရဲ့ဆရာက ကြွယ်ဝမှုနဲ့ ကျော်ကြားမှုကို ဂရုမစိုက်တော့ဘူးဆိုမှတော့ ကျုပ်က မမေးတော့ပါဘူး။ ဒါပေမဲ့ မိန်းကလေးက ပြင်ပဘုံတွေမှာ တန်ခိုးရှင်တွေရဲ့စွမ်းရည်ကို လာရောက်လေ့လာတယ်ဆိုမှတော့ ကျုပ်က မိန်းကလေးအတွက် တစ်ခုခုစီစဉ်ပေးပါ့မယ်”
အဆုံးမဲ့သော ကောင်းကင်ဒေသ၌ မရေမတွက်နိင်သောစွမ်းအားကြီးတန်ခိုးရှင်များရှိကြသည်။ ၄င်းတို့အထဲတွင် နာမည်မကျော်ကြားဘဲ ဇတ်မြှုတ်နေထိုင်သူများလည်း အများအပြားရှိကြပေသည်။ ရှားရှင်းယွန်၏စွမ်းရည်များကိုတွေ့မြင်ပြီးနောက်တွင် သူမ၏ဆရာမှာလည်း သံသယဖြစ်စရာမလိုအောင် ထူးကဲသောစွမ်းရည်ပိုင်ရှင်ဟု အသိအမှတ်ပြုရသည်။
ဟန်လင်းအနေဖြင့် ထိုသို့သော ကျင့်ကြံသူကို ကောင်းမွန်စွာ ဧည့်ခံရန်လိုပေသည်။
“ကောင်းပြီ” ရှားရှင်းယွန်က ခေါင်းညိတ်သည်။ သူမက ရီဖူရှင်း၏လက်ရှိအခြေအနေကို သဘောပေါက်ရာ အစီအစဉ်မရှိဘဲ လာရောက်ကယ်တင်မည် မဟုတ်ပေ။ ဆင့်လောခြံဝင်းသည် အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုဖြစ်ကာ ရက်စက်ကြမ်းကြုတ်သေးသည်။
“ကြွပါ” ဟန်လင်းက ပြုံးလျှက်ပြောသည်။ သူက အနီးမှ လူများကိုကြည့်ကာ အမိန့်ပေးသည် “ဆင့်လောခြံဝင်းမှာရှိတဲ့ အဆင့်နိမ့်ရန်ဟောင်တွေအကုန်လုံးကို ဆင့်လောခန်းမသို့ ခေါ်လိုက်”
“ဟုတ်ကဲ့ သခင်လေး...” လူတချို့က သူ့အမိန့်ကို လက်ခံကာ ထွက်သွားကြသည်။ ဟန်လင်းသည် ရှားရှင်းယွန်အား ဦးဆောင်ကာ ခေါ်သွား၏။
ဆင့်လောခန်းမသည် တောင်တန်းကြီးအပေါ်တွင် တည်ဆောက်ထားကာ အစီအရင်များဖြင့် ကာကွယ်ထားသည်။
ဆင့်လောခန်းမ၌ များစွာသော တန်ခိုးရှင်များ လာရောက်စုရုံးကြသည်။ သူတို့အားလုံးက လှပချောမောသော အမျိုးသမီးရန်ဟောင်အား တွေ့မြင်လိုကြ၏။ သိမ်းငှက်နက်ပေါ်တွင်ရပ်လျှက်ရှိသော သူမကား လူသားကမ္ဘာတို့နှင့်လားလားမျှ မသက်ဆိုင်သော နတ်မိမယ်တစ်ပါးအလား ကျက်သရေမင်္ဂလာတို့ဖြင့် ပြည့်စုံလှသည်။ ယောကျ်ားအဝတ်အစားများက သူမ၏အလှတရားကို ပျက်ပြယ်မသွားစေနိုင်ပေ။
ဆင့်လော်ခြံဝင်းမှ တခြားသော အလယ်အလတ်ရန်ဟောင်များပင် သူတို့၏ကိုယ်ပိုင်အဆောင်များမှနေ၍ လှမ်းကြည့်နေကြသည်။ ဆင့်လာခြံဝင်းကား သည်ဒေသတွင် အင်အားကြီးအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း လူငယ်မျိုးဆက်ထဲတွင် မည်သူမှ အက်ကြောင်းမဲ့ဝင်ရိုးကို မဖွဲ့စည်းနိုင်ခဲ့။ ဟန်လင်း၏နတ်ဝင်ရိုးမှာ သူတန်ခိုးအဆင့်နိမ့်စဉ်က အက်ကြောင်းမဲ့ဖြစ်သော်လည်း အလယ်အလတ်အဆင့်ရန်ဟောင်သို့ တက်လှမ်းသောအခါ ပြစ်ချက်များရှိလာခဲ့သည်။
လူငယ်မျိုးဆက်ဖြစ်စေ၊ တခြားဆင့်လောခြံဝင်းမှ ခေါင်းဆောင်များ၏မျိုးဆက်များဖြစ်စေ၊ မည်သူမှ ၄င်းထက်ပို၍ မစွမ်းဆောင်နိုင်ကြ။ ထို့ကြောင့်ပင် ဟန်လင်းသည် အိမ်တော်သခင်လေးအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။ သူသည် နောက်ထပ် ဆယ်စုနှစ်အတွင်း အိမ်တော်သခင်ကို ဖြတ်ကျော်ကသွားနိုင်ပေသည်။
“နတ်မိမယ်နဲ့ ဘယ်သူစမ်းကြည့်ချင်လဲ” ဟန်လင်းက အနီးမှ လူများကို ကြည့်ကာ မေးသည်။
ဟန်ရန်ဟူခေါ်သောလူတစ်ယောက်က ရှေ့ကိုတက်လာသည်။ သူသည် ဆင့်လောခြံဝင်း၏ထူးချွန်သောလူငယ်တစ်ဦးဖြစ်ကာ ရန်ဟောင်အဆင့်သို့ တက်လှမ်းပြီးဖြစ်သည်။
“ကျုပ်က နတ်မိမယ်ဆီက သင်ယူချင်ပါတယ်” ဟန်ရန်က သူ၏စွမ်းအားများကို ထုတ်လွှတ်၏။ သူသည် နတ်ဝင်ရိုးအဆင့်၁ တွင်ရှိသည်။
“မင်းက ကျုပ်သခင်မနဲ့တိုက်ခိုက်ဖို့ မထိုက်တန်ဘူး” သိမ်းငှက်နက်က အထင်သေးစွာ ပြောသည်။ ဟန်ရန်က သိမ်းငှက်နက်အား ဒေါသတကြီးကြည့်သည်။
မည်သူမဆို ထိုသို့ပြောခံရလျှင် ဒေါသထွက်မည်သာ။ ထို့အပြင် ပြောလိုက်သူကား စီးတော်အဆင့်မျှသာဖြစ်သော သားရဲတစ်ကောင်။
ဟန်လင်းက သိမ်းငှက်နက်အား ကြည့်သည်။ သူ့မျက်နှာပေါ်တွင် ပြုံးနေသော်လည်း စိတ်တွင်းမှကား ကျိန်ဆဲနေသည်။ စိတ်ရှုပ်ဖို့ကောင်းလိုက်တဲ့သားရဲ...။
“ဒါပေါ့... မင်းစိတ်ဝင်စားရင်လည်း ပါဝင်နိုင်တယ်” ဟန်လင်းက ပြုံးလျှက်ပြောသည်။
သိမ်းငှက်နက်၏မျက်လုံးများက အရောင်လက်သွားသည်။ သူက လေထဲကို ပျံတက်သွားလျှင် အနီးတဝိုက် ပြင်းထန်သော မုန်တိုင်းများ ရိုက်ခတ်သွား၏။
ဟူး...
သူကား လေ၏လျင်ဖြင့် တိုက်ပွဲစင်မြင့်သို့ ပျံတက်သွားသည်။ စင်မြင့်ကား လက်ရည်စမ်းရန်အတွက်သာ တည်ဆောက်ထားခြင်းဖြစ်ရာ ရန်ဟောင်အဆင့်တိုက်ပွဲများအတွက်တော့ အနည်းငယ် ကျဉ်းမြောင်းသည်။
သိမ်းငှက်နက်ပျံသန်းလာသည်ကိုမြင်လျှင် ဟန်ရန်၏မျက်လုံးများက အေးစက်သွားသည်။ သူမက နတ်ဝင်ရိုးကို ထုတ်လိုက်လျှင် ကြောက်မက်ဖွယ်သေဆုံးခြင်းစွမ်းအားများ စတင်ဖြစ်ပေါ်လာ၏။ သူက လက်ကိုဆန့်ကာ လေထုကို ဖမ်းဆုပ်လိုက်လျှင် ဧရာမသေဆုံးခြင်းအရိပ်တစ်ခုသည် မြင်ကွင်းထဲပေါ်လာ၏။
သိမ်းငှက်နက်ကလည်း သူ၏ရွှေရောင်လက်သည်းများဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။
ဘန်း...
ကောင်းကင်ကို ဖြန်းသန်းသွားသော အလင်းတန်းတစ်ခုသည် သေဆုံးခြင်းပုံရိပ်အား ဖျက်ဆီးသွားကာ တစ်ဘက်လူအား သွားရောက်ထိမှန်သည်။ အရာအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်သွားကာ ဟန်လင်းသည် စင်မြင်ထောင့်စွန်းသို့ မြန်ဆန်စွာ ဆုတ်ခွာသွားသည်။ သူ၏အဝတ်အစားများက အစိတ်စိတ်ကွာထွက်နေကာ သူ့ခန္ဓာကိုယ်၌ ကြောက်မက်ဖွယ်ဒဏ်ရာကြီးတစ်ခုအား မြင်ကြရသည်။
လူအများ၏မျက်နှာအမူအရာများပြောင်းလဲသွား၏။ ဟန်ရန်က သိမ်းငှက်နက်အား ဒေါသတကြီးကြည့်သည်။
“မင်းက အရမ်းပျော့တယ်။ ဘယ်လိုလုပ် ကျုပ်သခင်မနဲ့လက်ရည်စမ်းဖို့ တောင်းဆိုရဲတာလဲ” သိမ်းငှက်နက်က ထိုသို့မှတ်ချက်ချကာ ရှားရှင်းယွန်ဘေးသို့ ပြန်သွား၏။
မည်သို့ဆိုစေ သိမ်းငှက်နက်သည် ရီဖူရှင်းနှင့် စိတ်ချင်းဆက်နွယ်နေရာ ရီဖူရှင်း၏ထိုးထွင်းသိမြင်မှုများအားလုံးကို ဆက်ခံရရှိကာ သူ၏ကိုယ်ပိုင်တိုက်ခိုက်ရေးနည်းစနစ်များကို ဖန်တီးနိုင်ပြီးဖြစ်သည်။
သိမ်းငှက်နက်၏စကားများက ရိုင်းစိုင်းသော်လည်း ထိုအဖြစ်က ရှားရှင်းယွန်အား ပိုမိုထင်ပေါ်စေသည်။
“သိမ်းငှက်လေး...နင်က အရမ်းရိုင်းတာပဲ” ရှားရှင်းယွန်က ပြောသည် “ငါတို့က လက်ရည်စမ်းဖို့ပဲလိုတာ။ ပြိုင်ဘက်ရဲ့ကျင့်ကြံဆင့်က အရေးမကြီးဘူး”
ထို့နောက် သူမက စင်မြင့်ပေါ်သို့ တက်သွားလိုက်သည်။ နတ်အလင်းများရစ်ပတ်လျှက် သူမက လှပသောမျက်လုံးများဖြင့် ကြည့်ကာ ပြောသည် “ဘယ်သူမဆို လာပြီး အကြံပေးနိုင်ပါတယ်”
“ကျုပ်က နတ်မိမယ်နဲ့နည်းနည်း လက်ရည်စမ်းချင်ပါတယ်” လူကြီးတစ်ဦးက လေထဲခုန်တက်လာကာ ပြောသည် “သတိထားပါ မိန်းကလေး”
သူ့အသံမဆုံးမှီတွင်ပင် သူက လက်ဟန်တစ်ခုပြုလုပ်လိုက်သည်။ ချက်ချင်းပင် များစွာသော သေဆုံးခြင်းတံဆိပ်များသည် အရပ်မျက်နှာမျိုးစုံ၌ ဖြစ်ပေါ်လာကာ ရှားရှင်းယွန်ထံသို့ ဦးတည်သွားကြ၏။
ရှားရှင်းယွန်က သူမ၏နတ်ဝင်ရိုးကို အသက်သွင်းလိုက်သည်။ လင်းလက်သော နှစ်ရောင်စုံကြာပန်းသည် သူမအား ရစ်ပတ်ဖြစ်ပေါ်လာခဲ့ကာ ကြာပန်းလွှာများသည် တစ်ဘက်မှ သေဆုံးခြင်းတံဆိပ်များထံသို့ ပျံ့လွင့်သွားကြ၏။
ရှားရှင်းယွန်သည် ကြာပန်းအတွင်း၌ရပ်နေကာ သေဆုံးခြင်းတံဆိပ်သည် သူမထံသို့ တိုးမပေါက်ချေ။
စုံတွဲအရောင်နှစ်ခုသည် ရှားရှင်းယွန်၏အနီးတွင်လှည့်ပတ်နေကာ သူမအား ပိုမို၍ ကျက်သရေရှိစေသည်။ ဆင့်လောခြံဝင်းမှ တန်ခိုးရှင်များအားလုံးမှာ အက်ကြောင်းမဲ့ဝင်ရိုး၏ဆန်းကြယ်မှုကို မင်တက်ငေးမောကြရ၏။
တစ်ပွင့်...နှစ်ပွင့်...သုံးပွင့်...
ပိုမိုများပြားသော ကြာပန်းများ ဖူပွင့်လာကာ သေဆုံးခြင်းတံဆိပ်များအား ဝါးမျိုသွားကြသည်။ ထို့နောက် သူတို့သည် သေဆုံးခြင်းအလင်းတန်းများအဖြစ် ပြောင်းလဲကာ တစ်ဘက်လူထံသို့ ပြန်လည်တိုးဝင်သွားကြ၏။
နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ရရှိခဲ့သော ရတနာကြာပန်းသည် ရှားရှင်းယွန်၏သက်စောင့်ဝိညာဉ်နှင့် ပေါင်းစပ်သွားခဲ့ကာ သူမအား ပိုမိုသန်မာလာခဲ့စေသည်။ သူမသည် ရီဖူရှင်းနှင့် အမြဲတမ်းအားဖြင့် အတူတူလေ့ကျင့်နေခဲ့ကာ မူလုံတိုက်ပွဲ၌ မပါဝင်ခဲ့သော်လည်း သူမ၏တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်မြင့်မားပေသည်။
ကြာပန်းများသည် ဖျက်ဆီးခြင်းအလင်းများ ဖြာထွက်လာခဲ့၏။ ပြိုင်ဘက်သည် သူ၏ဒုတိယအဆင့်နတ်ဝင်ရိုးဖြင့် ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ မကြာခင် နောက်ဆုတ်သွားရတော့သည်။
နောက်ထပ်ရန်ဟောင်တစ်ဦး စင်မြင့်ထက်ကို တက်လာခဲ့သည်။ တစ်ဝုန်းဝုန်းမြည်သံနှင့်အတူ သေဆုံးခြင်းစွမ်းအားများသည် ကောင်းကင်၌ ဖြစ်ပေါ်လာ၏။ ထို့နောက်တွင် သေမင်းပုံရိပ်တစ်ခုဖြစ်ပေါ်လာကာ ရှားရှင်းယွန်အား အလင်းတန်းဖြင့် တိုက်ခိုက်သည်။ ထိုအခိုက်တွင် ကောင်းကင်မှ အလင်းတန်းသည် ရှားရှင်းယွန်အား လာထိ၏။
ထိုလူကား တတိယအဆင့်နတ်ဝင်ရိုးပိုင်ရှင်ဖြစ်သည်။
ရှာရှင်းယွန်၏နတ်ကြာပန်းများ လင်းလက်လာသည်။ မရေမတွက်နိုင်သော ကြာပန်းပုံရိပ်များသည် သူမအား လှည့်ပတ်နေသာ မုန်တိုင်းတစ်ခုအလား ဖြစ်ပေါ်လာပြီး တစ်ဘက်လူထံသို့ တိုးဝင်သွား၏။
မကြာခင် မရေမတွက်နိုင်သော ကြာပန်းများသည် တစ်ဘက်လူ၏စွမ်းအားများကို ဝါးမျိုသွားရာ ထိုလူသည် မည်သို့မှ မတတ်နိုင်ဘဲ အရှုံးပေးလိုက်ရတော့သည်။
မည်သည့်အဆင့်နိမ့်ရန်ဟောင်မှ သူမအား မယှဉ်နိုင်ကြပေ။ သူတို့အားလုံး ရှားရှင်းယွန်၏အထက်စီးမှ အနိုင်ယူခြင်းကို ခံကြရသည်။
မကြာခင် တိုက်ပွဲများအား ရပ်တန့်လိုက်ရသည်။ စင်မြင့်ထက်တွင် ရှားရှင်းယွန်သည် နတ်အလင်းများဖြင့် တင့်တယ်စွာ ရပ်နေ၏။
ရှားရှင်းယွန်က အက်ကြောင်းမဲ့နတ်ဝင်ရိုးဖြင့် ဆင့်လောခြံဝင်းအား အနိုင်ယူကာ တစ်ဘက်လူများအား နိမ့်ကျသည့်ခံစားချက်များအား ပေးထားခဲ့သည်။
“အရမ်းကောင်းတယ်” ဟန်လင်းက ရှားရှင်းယွန်ကို ပြောသည် “ခင်ဗျားက တကယ်ပဲ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင် ပြိုင်စံရှားမိန်းကလေးပဲ။ ဆင့်လောခြံဝင်းက ဘယ်သူမှ ခင်ဗျားကို မယှဉ်နိုင်ဘူး”
ဟန်လင်းကား ယခင်က အမျိုးသမီးများကို သိပ်စိတ်ဝင်စားခြင်းမရှိခဲ့ချေ။ အများအားဖြင့် သူသည် အမျိုးသမီးများကို ကျင့်ကြံခြင်းများအတွက်သာ အသုံးချလေ့ရှိသည်။
ယခု သူ၏စိတ်ကူးထဲကို အတွေးတစ်ခုဝင်လာသည်။ သူ့အနေဖြင့် ကျင့်ကြံခြင်း၌ တာအိုလက်တွဲဖော်အဖြစ် သူမအား ရွေးလိုက်လျှင် မကောင်းပေဘူးလား။
ရှားရှင်းယွန်က နောက်ပြန်ဆုတ်သွားကာ မူလနေရာသို့ ရောက်သွား၏။
“ကျေးဇူးတင်ပါတယ်” ရှားရှင်းယွန်က ဟန်လင်းကို ဆိုသည်။
“ရပါတယ်” ဟန်လင်းက ပြုံးလျှက်ပြောသည်။
“ဒီနေ့ ရှင်တို့ကို အနှောင့်အယှက်ပေးမိတာ စိတ်မကောင်းပါဘူး။ ကျွန်မ သွားတော့မယ်” ရှားရှင်းယွန်က ဟန်လင်းကို ပြောသည်။
“မိန်းကလေးက ဘယ်ကိုသွားမလို့ အစီအစဉ်ရှိလဲ” ဟန်လင်းက မေးသည်။
“ကျွန်မက အင်အားစုတွေရဲ့ ကွဲပြားခြားနားတဲ့ ပညာရပ်တွေကို လေ့လာဖို့ ထွက်လာခဲ့တာ။ ကျွန်မမှာ ဦးတည်ချက် အတိအကျမရှိဘူး” ရှားရှင်းယွန်က ပြောသည်။
“ဒီလိုဆိုရင်လည်း မိန်းကလေးအနေနဲ့ ဆင့်လောခြံဝင်းမှာ ရက်နည်းနည်းပိုနေပါလား။ ကျုပ်တို့မှာ ကျင့်ကြံခြင်းနည်းစနစ်တွေ အများကြီးရှိတယ်။ ပြီးတော့ မကြာခင် ကျုပ်လည်း ခရီးတစ်ခုသွားစရာရှိတယ်။ လမ်းမှာ ကျုပ်က မိန်းကလေးကို လမ်းညွှန်ပေးလို့ရတာပေါ့။ ဘယ်လိုလဲ” ဟန်လင်းက မေးသည်။
ရှားရှင်းယွန်က တခဏမျှတွေးတောကာ ခေါင်းညိတ်လိုက်သည် “ရှင့်ရဲ့ကြင်နာမှုကို မငြင်းတော့ပါဘူး”
“အရမ်းကောင်းတယ်” ဟန်လင်းက နောက်လှည့်ကာ အမိန့်ပေးသည် “နတ်မိမယ်အတွက် နေစရာတစ်ခု မြန်မြန်စီစဉ်ပေးလိုက်ကြစမ်း”
ရှားရှင်းယွန်သည် တစ်ချိန်လုံး အေးစက်စွာ ပြုမူသည်။ အင်ပါယာရှား၏မင်းသမီးတစ်ပါးအနေဖြင့် သူမ၏အမူအကျင့်အားဖြင့်ဖြစ်စေ၊ အရှိန်အဝါအားဖြင့်ဖြစ်စေ အဆင့်အတန်းမြင့်သော အငွေ့အသက်များက ရှိနေပြီးသားဖြစ်သည်။
ယင်ချင်းက ဘေးမှ အရာအားလုံးကို ငြိမ်သက်စွာ ကြည့်နေသည်။ သူမက ရီဖူရှင်းကို ကူညီနေခဲ့သော်လည်း လုံးဝ ဆုံးဖြတ်လိုက်သည်တော့ မဟုတ်ပေ။ ယခု သူမ၏စွမ်းရည်ကိုမြင်တွေ့လိုက်ရခြင်းက သူမအား စိတ်ဝင်စားလာစေသည်။
ယင်ချင်းသည် ခန်းမမှ တိတ်တဆိတ်ထွက်ခွာသွားကာ ယို့အိမ်တော်သို့ ရောက်သွားသည်။ သူမသည် ဂူထဲကိုရောက်လာကာ အစီအရင်ထဲ၌ လဲလျောင်းနေသော ရီဖူရှင်းအား ကြည့်သည်။
ရီဖူရှင်းကား မျက်လုံးမှိတ်ထားသော်လည်း ပြင်ဘက်တွင်ဖြစ်ပျက်နေသည်များအားလုံးကို သိပေသည်။ အမှန်တကယ်အားဖြင့် သူနှင့်သိမ်းငှက်နက်တို့ အချင်းချင်းဆက်သွယ်ကာ အစီအစဉ်များချမှတ်နေခြင်းဖြစ်သည်။
“ရှင့်ညီမ မျိုးရိုးနာမည်က ‘ရှား’ လား” ယင်ချင်းက ရီဖူရှင်းကို မေးသည်။
ရီဖူရှင်းက မျက်လုံးများကိုဖွင့်ကာ ပြောသည် “အခု ကျုပ်ပြောတာ ယုံပြီလား”
ယင်ချင်းက သူ၏မျက်လုံးများကိုကြည့်ကာ အတန်ကြာတွန့်ဆုတ်နေပြီးမှ အသေအချာ ခေါင်းညိတ်လိုက်တော့သည်။
***